Pages - Menu

Monday, February 3, 2014

ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးနေရာမှာ တည်ရှိတဲ့ဘောလုံးကွင်းကြောင့် အိမ်ကွင်းလက်ခံကစားဖို့  ပိတ်ပင်ခံခဲ့ ရတဲ့ ဘိုလီးဗီးယားအသင်း





ဘိုလီဗီးယားနိုင်ငံ၊ လာပက်ဇ် မြို့ မှာ တည်ရှိတဲ့ နိုင်ငံအသင်းအိမ်ကွင်း Estadio Hernando Siles မှာ ကစားခဲ့တဲ့ပွဲစဉ်တိုင်းနီးပါးကို ဘိုလီးဗီးယားအသင်းက အနိုင်ရရှိခဲ့ပါတယ်။ အမြင့်ပေ ၁၁ ၉၃၂ ပေ မှာ တည်ရှိတဲ့ ဘောလုံးကွင်းဟာ အောက်စီဂျင်ဓာတ်နည်းပါးမှုကြောင့် လာရောက်ကစားရတဲ့ အသင်းတိုင်းက ကစားသမားတွေဟာ အောက်စီဂျင်မ၀၊အသက်ရှူမ၀ဖြစ်ပြီး ကွင်းထဲမူးမေ့လဲ၊ မကစားနိုင်တဲ့ အခြေအနေကို အမြဲ ကြုံတွေ့ နေရပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၈၀ ကျော်နေတဲ့ နိုင်ငံဘောလုံးအသင်းဟာ ၁၉၉၄ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကမ္ဘာ့အဆင့်တစ် ဘရာဇီးအသင်းကို ဒီကွင်းမှာ ၂ -၀ နဲ့ အနိုင်ယူခဲ့ပြီး ဘရာဇီးအသင်းရဲ့ နှစ် ၄၀အတွင်း ခြေစစ်ပွဲအဆင့်မှာ ပထမဆုံးရှုံးနိမ့်မှုစံချိန်ကို ရရှိစေခဲ့ပါတယ်။ ဒါတင်မကသေးဘူး ဧပြီ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်သုံး အာဂျင်တီးနားအသင်းကို ဒီကွင်းမှာပဲ ၆ -၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ကာ အာဂျင်တီးနားအသင်း ရဲ့ နှစ် ခြောက်ဆယ် သက်တမ်းအတွင်း အဆိုးရွားဆုံးရှုံးနိမ့်မှုစံချိန်ကို ရရှိစေခဲ့ပြန်ပါတယ်။
ဒီ လာပက်ဇ်မြို့ ကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်သောင်းကျော်မှာ တည်ရှိတဲ့အတွက် လာရောက် ယှဉ်ပြိုင်ရတဲ့အသင်းတွေဟာ ဒီလေဖိအားနဲ့ ကျင့်သားမရကြဘဲ အမြဲလိုလို ကွင်းထဲ မူးမေ့လဲတတ်ကြပါတယ်။ အောက်စီဂျင်ဓာတ်ကောင်းကောင်းမရတဲ့အတွက် ဘောလုံးပွဲကို အားစိုက်မကစားနိုင်ဘဲ ဒီပတ်ဝန်းကျင်နဲ့  ကျင့်သားရနေတဲ့ ဘိုလီဗီးယားသားတွေ အကြိုက်ဖြစ်ခဲ့ပါတယ်။
အခုတော့ ဘိုလီဗီးယားအသင်းကို နိုင်ငံပွဲစဉ်တွေ ဒီကွင်းမှာ လက်ခံကစားဖို့ ပိတ်ပင်လိုက်ရပြီး အမြင့်ပေ ၈၂၀၀ ကျော်တဲ့ ကွင်းတွေမှာ လက်ခံမကစားရဘူးဆိုတဲ့ စည်းမျဉ်းကိုပါ ထုတ်ပြန်ခဲ့ရပါတယ်။
Ref: wikipedia

No comments:

Post a Comment