Pages - Menu

Sunday, February 23, 2014

အရပ် နှစ်ပေရှစ်လက်မသာ ရှိသော ဗြိတိန်နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် မိန်းကလေး




အင်္ဂလန်နိုင်ငံ ချီရှိုင်းယားဒေသ တွင် နေထိုင်သော အသက် ၁၅ နှစ် အရွယ် ဂျော်ဂျီယာရီကန် ဆိုသူ ဆယ် ကျော်သက် အမျိုးသမီးငယ်လေး သည် အရပ်နှစ်ပေ ရှစ်လက်မ သာ ရှိပြီး ဗြိတိန် နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် ဖြစ်ကြောင်း သိရသည်။

”ကျွန်မကိုယ်ကျွန်မ သေးတယ် ဆိုတာကို မေ့သွားတယ်။ သူများတွေ နဲ့ တန်းတူလို့ပဲ ခံစားရတယ်။ ကျောင်းစ တက်ကတည်းက ကျွန်မမှာ ပြောင်းလဲ တာ မရှိဘူး။ အသက်တော့ နည်းနည်း ကြီးလာတယ်” ဟု 4င်းက ဆိုသည်။

ဂျော်ဂျီယာသည် အရိုးအဆစ် ကြီးထွားမှု ရပ်တန့်သော ရောဂါကို ခံစားနေ ရပြီး ဆရာဝန် aပါင်းများ စွာနှင့် ကုသခဲ့ဖူးသော်လည်း ထူးခြားမလာ ခဲ့ပေ။ ၄င်းသည် အောက် တိုဘာ လက နောက်ဆုံး အကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ ရပြီး ယင်းခွဲစိတ် ကုသမှုမှာ ငါးနာရီ ကြာမြင့်ခဲ့သည်။

၎င်း၏ ခြေဖဝါး အရွယ်အစားမှာ လည်း ခုနစ်နှစ်အရွယ် ကလေးငယ် တစ် ဦး၏ ခြေဖဝါးမျှသာ ရှိပြီး အကူအညီ မပါဘဲ မတ်တတ် မရပ်နိုင်သဖြင့် မိဘ များက စတာ လင်ပေါင် ၁၈ဝဝဝ တန် ဝှီးချဲ တစ်ခု ဝယ်ပေးထားရကြောင်း သိရ သည်။

TW

Ref: Daily Mail

No comments:

Post a Comment