Pages - Menu

Sunday, February 9, 2014

နေအိမ်များ အဖျက်ခံရသည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသူရွာသားမျာအား Eleven Media Group က သွားရောက်လှူဒါန်း


အောင်ဇော်ထွန်း၊ အောင်ထက်ခိုင်
ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ ရွာသားများအား Eleven Media Group က သွားရောက်လှူဒါန်းခဲ့စဉ်


နေအိမ်များ အဖျက်ခံရသည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသူရွာသားများအား Eleven Media Group က ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် ဆန် ၃၀ အိတ်၊ ဆီပိဿာ ၁၀၀ အပါအ၀င် စောင်၊ ခြင်ထောင်၊ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ စုစုပေါင်းကျပ် ၁၅ သိန်းဖိုးအား သွားရောက် လှူဒါန်းခဲ့သည်။

နေအိမ်များ ဖျက်ခံရသည့် ရွာသူရွာသားများအနက် အိမ်ထောင်စု ၁၅၀ ကျော်မှ လူ ဦးရေ ၅၀၀ ကျော်တို့သည် ပဲခူးတိုင်းအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းအတွင်း ယာယီတဲများထိုး၍ နေထိုင်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက် တွင် ပဲခူးတိုင်းအတွင်းမှ ထွက်ခွာရန် လာရောက်သတိပေးမှုများ ပြုလုပ်ခဲ့ရာ ရွာသူရွာသားများက ကလေးငယ်များ၏ စာသင်နှစ်ကုန်ဆုံးချိန်အထိ ယာယီနေထိုင်ခွင့်ပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

“အဘွားတို့ အိမ်တွေဖျက်ခံရတဲ့အတွက် ဒီဘုန်းကြီးကျောင်းမှာလာနေတာ။ ဒါကို ဖယ်ပေးဖို့ပြောတော့ အဘွားတို့မှာက သွားစရာမရှိဘူး။ အဘွားငယ်ငယ်လေးကတည်းက သမီးကလေးကျေးရွာမှာ နေလာတာ။ အတင်းဖယ်ခိုင်းမယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းဘေးက
ဆည်ထဲကို ခုန်ချဖို့ပဲရှိတော့တယ်” ဟု အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် အသက် ၆၆ နှစ်အရွယ် အဘွားအိုဒေါ်ရွှေက ပြောပြပါသည်။

လက်ရှိတွင် ရွာသူရွာသားများသည် နေအိမ်အဖျက်ခံရသည့်အပြင် ၎င်းတို့ နေထိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment