
အဆိုတော် IU ဟာ သူမနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကောလဟာလတွေအကြောင်း အနည်းငယ် ရှင်းပြခဲ့ပါတယ်။ သူမဟာ ဂျပန်ရဲ့ ပေါ်ပြူလာဖြစ်တဲ့ ဒရမ်မာဇာတ်ကား “Nodame Cantabile” မှာ ခေါင်းဆောင်မင်းသမီး နေရာက သရုပ်ဆောင်ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။
IU ရဲ့ အေဂျင်စီက “ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးမယ့် ဒရမ်မာဇာတ်ကားကို သူမအနေနဲ့ အခုထိတော့ လက်မခံရသေးဘူး” လို့ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့က ပြောသွားပါတယ်။ အခုဇာတ်ကား အတွက် သူမကိုကမ်းလှမ်းထားတဲ့ production ဟာ အရင်ကလည်း သူမနဲ့တွဲပြီး ဇာတ်ကားအတော်များများ ရိုက်ဖူးပါတယ်။
နီးစပ်သူ အတော်များများကလည်း IU သာ ဒီဇာတ်ကားကို လက်ခံလိုက်ပြီး အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ အခွင့်အရေး အတော်များများရနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ အခုကတော့ အေဂျင်စီရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြတုန်းပဲ ဖြစ်ပါတယ်။
Ref:kpopstarz.com
No comments:
Post a Comment