Pages - Menu

Saturday, March 8, 2014

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ အပြင်အဆင်တွေ



ဖက်ရှင်ရေစီးကြောင်းဆိုတာ တစ်ပတ်လည်လာနိုင်တယ်လို့ ဆိုလေ့ရှိကြပေမယ့် အလှအပရေးရာ ပြင်ဆင်ခြယ်သမှုအပိုင်းတွေလည်း ဒီအတိုင်းပဲလို့ ထည့်သွင်းပြောဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဟိုးအရင် ၁၉၉၀ပြည့်နှစ်က ခေတ်စားခဲ့တဲ့ ဆံပင်ပုံစံတွေ၊ မိတ်ကပ် အပြင်အဆင်တွေ ခုတစ်ဖန်ပြန်လည်ခေတ်စားဖွယ် ရှိနေတာကြောင့်ပါပဲ။ ဒါ့ကြောင့် အဲ့ဒီအချိန်တွေတုန်းက အနုပညာရှင်တွေရဲ့ သူတို့ရဲ့ ပြင်ဆင်ခြယ်သမှုတွေကို ခုလို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Kristen Dunst ရဲ့ ဆံပင်ပြင်ဆင်မှုအပိုင်းဟာ အဲ့ဒီအချိန်ကာလနဲ့ယှဉ်ကြည့်ရင် သိပ်မိုက်ပါတယ်။ ဆန်းလည်းဆန်းတယ်လို့ ပြောရမှာပါ။ ဒီလိုဆံပင်ပြင်ဆင်မှုမျိုးတွေ ဖြစ်လာနိုင်ခြေရှိနိုင်ပါတယ်။



၂။Reese Witherspoon ဟာ ဒီပုံမှာ မိတ်ကပ်ပြင်ဆင်မှုကို အသားမပေးထားပဲ နှုတ်ခမ်းတစ်စုံနဲ့ ဆွဲဆောင်ထားတာ တွေ့မြင်နိုင်ပါတယ်။ ဆံပင်ကိုလည်း သာမာန်ဆံပင်ပုံစံတွေနဲ့ ကွဲထွက်နေအောင် ပြင်ဆင်ထားပါသေးတယ်။



၃။အကြေကောက်တွေ ပြန်ခေတ်စားမလာဘူးလို့ ဘယ်သူပြောရဲပါသလဲ။ Jennifer Love Hewitt ရဲ့ ချစ်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်ပေါ့။



၎။Cameron Diaz ရဲ့ မျက်လုံးခြယ်သမှုက အားလုံးကို ငေးသွားစေတယ်လေ။ မျက်နှာမှာ အထင်ရှားဆုံး ခြယ်သမှုဖြစ်တာကြောင့် သူမရဲ့အဲ့ဒီခြယ်သမှုစတိုင်လ်ကို သဘောကျခဲ့တဲ့သူတွေ အများအပြားရှိခဲ့တာပေါ့။



၅။Drew Barrymore ရဲ့ အမိုက်စားစတိုင်လ်ပါ။ ဆံပင်ကာလာ၊ ထင်ရှားပြီး သေးငယ်တဲ့ မျက်ခုံးနဲ့ နှုတ်ခမ်းနီအရောင်တွေကြောင့် သူမကလည်း နာမည်တစ်ခုနဲ့ကို ကျော်ကြားခဲ့တာပါ။



Ref:cosmopolitan.com

No comments:

Post a Comment