Pages - Menu

Thursday, March 20, 2014

အီဂျစ်ပါမောက္ခတစ်ဦး စာမေးပွဲ မေးခွန်း နှင့် လိင်ကိစ္စ အပေးအယူလုပ်၍ ကျောင်းသူ ၈၅ ဦး နှင့် အိပ်စက်ခဲ့





အီဂျစ်ပါမောက္ခတစ်ဦး နှင့် ၎င်း၏လက်ထောက်တို့သည် ကျောင်းသူ ၈၅ ဦးအား စာမေးပွဲအောင်မြင်ရေးအတွက် အကူအညီပေးခဲ့ကာ အပြန်အလှန်အနေဖြင့် သူမတို့နှင့် လိင်ကိစ္စရယူအိပ်စက်ခဲ့သည့်အတွက် တာဝန်ရှိသူများက ၎င်းတို့အား ဖမ်းဆီးလိုက်သည်။


အီဂျစ်မြို့တော်၊ ကိုင်ရိုရှိ ၎င်းပါမောက္ခ၏ အခန်းထဲ၌ ပါမောက္ခနှင့် လက်ထပ်ပြီးသော ကျောင်းသူတစ်ဦးတို့၏ အဖြစ်အပျက်ကို ရဲများက လျှို့ဝှက်ကင်မရာ တစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့သည်။

သတင်းစာမှ ဖော်ပြချက်အရ Aim Sham တက္ကသိုလ်အတွင်း၌ ၎င်းပါမောက္ခမှ ကျောင်းသူများအား ခြိမ်းခြောက်အကြပ်ကိုင်မှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ရဲများက ပါမောက္ခ၏ အခန်းတွင်း၌ ထိုသို့ လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခမှ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ကျောင်းသူအချို့ကမူ ပါမောက္ခနှင့် လိင်ကိစ္စ အပေးအယူလုပ်၍ စာမေးပွဲမေးခွန်းများကို ရယူခဲ့ကြောင်း ဝန်ခံခဲ့သည်။

 Ref::: http://www.emirates247.com/crime/region/professor-slept-with-85-students-for-exams-answers-2014-03-16-1.541870

No comments:

Post a Comment