Pages - Menu

Friday, March 21, 2014

အထဲမှာ မောင်းသူမဲ့လေယာဉ်ပါတဲ့ ဘောလုံးပျံ ကို ဂျပန်နိုင်ငံသား တီထွင်




ဟယ်ရီပေါ်တာချစ်သူများရဲ့ အိပ်မက်လို့ ဆိုရတော့မှာပဲ။ ဟယ်ရီပေါ်တာရဲ့ မှော်တက္ကသိုလ်ကြီးမှာ ယှဉ်ပြိုင်ကြတဲ့ Quidditch ကစားနည်းထဲက ဘောလုံးပျံရဲ့ လက်တွေ့ဗားရှင်း တစ်မျိုးပေါ့လေ။

ဒီဂိမ်းကို လက်တွေ့ကစားနိုင်ဖို့အတွက် ဂျပန်နိုင်ငံသား တီထွင်ပညာရှင်တစ်ဦးက အထဲမှာ မောင်းသူမဲ့လေယာဉ်ပါတဲ့ ဘောလုံးပျံကို တီထွင်လိုက်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ကစားနိုင်ဖို့ ဒီဘောလုံးပျံကို အရှိန်လျှော့နိုင်ပါသေးတယ်။ အားကစားပြိုင်ပွဲတစ်ခုမှာ မမျှမတ ကစားချင်ရင် သတ်မှတ်ထားတဲ့ ကစားသမားကို ဘောလုံးပျံကရှောင်သွားဖို့အတွက် ပရိုဂရမ် ရေးထားလို့လည်း ရပါသေးတယ်။

ဘောလုံးပျံနဲ့ ကစားမယ်ဆိုရင် တိကျတဲ့ လှုပ်ရှားမှုဆိုင်ရာ နည်းစနစ်တွေရှိပါတယ်။ ပစ်လွှတ်တာ၊ ရိုက်ပုတ်တာ၊ ပတ်ချာလည် လှည့်တာ၊ ကန်တာ စတဲ့ လှုပ်ရှားမှုတစ်ခုစီကို ဘောလုံးပျံကလိုက်နာတဲ့ တိတိကျ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေရှိတယ်လို့ သိရပါတယ်။

ဒီဘောလုံးပျံကြောင့် အားကစားနည်းသစ်တမျိုး ဖြစ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

No comments:

Post a Comment