Pages - Menu

Monday, April 7, 2014

အမေ့ခြေရာ အမှီလိုက်တဲ့သမီး





မအေတူသမီးလေး

အနောက်နိုင်ငံတွေမှာ တိုးတက်မှုတွေနဲ့ အတူ လူတွေလည်း
စောစောစီးစီးအရွယ်ရောက်လာကြတယ်ထင်ပါရဲ့။ ဒီပုံမှာ ပါတာ ညီအစ်မ
မဟုတ်ပါဘူး မသိတဲ့ လူတွေကို သူတို့နှစ်ယောက်ကို ညီအစ်မလို့ပဲ မှတ်ထင်မိမှာပါ၊ သူတို့နှစ်ယောက်က သားအမိဖြစ်ပါတယ်။ မိခင်ဖြစ်သူ
Kathleen က ၁၂ နှစ်အရွယ်မှာ သူတို့အသိုင်းအဝိုင်းထဲက ၁၄ နှစ်အရွယ်
ကောင်လေးတစ်ယောက်နဲ့ မှားယွင်းခဲ့တာကြောင့် သမီးဖြစ်သူ Georgia Mossကို မွေးဖွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်နဲ့ ကလေးမွေးခဲ့တာကြောင့် ၁၉၈၈ ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အခုတော့ သမီးဖြစ်သူ Georgia Moss ကလည်း အမေခြေရာကို အမှီလိုက်ပြီး အသက် ၁၂နှစ် မှာ ခလေးမွေးခဲ့ပြီဖြစ်ပါတယ်။ ဘမျိုးဘိုးတူပြောမလား မိမျိုးဖွား တူပြောကြမလား....ဒါမှမဟုတ် လူမှာအမျိုး ကြက်မှာအရိုးပေါ့။ ကျန်ခဲ့တဲ့နှစ်တွေတုန်းကလည်း အသက် ၁၂ နှစ်နဲ့ ဗြိတိန်နိုင်ငံရဲ့ အငယ်ဆုံးဖခင် တစ်ယောက် ဖြစ်သွားတာလဲရှိခဲ့ဘူးပါတယ်။



အမေဖြစ်တဲ့သူ ၁၂ နှစ် အရွယ်တုန်းက

No comments:

Post a Comment