Pages - Menu

Thursday, July 31, 2014

ဖိလစ်ပိုင်တွင် မြေမြှုပ်ခါနီး ဆဲဆဲ အသက်ပြန် ရှင်လာသည့်ကလေး နောက်ပိုင်းတွင် သေဆုံးသွားခဲ့



ဖိလစ်ပိုင်မှ ကလေးငယ်တစ်ဦး အသုဘချမည့် ဆဲဆဲတွင် ပြန်လည်အသက်ရှင် လာ၊ နောက်ပိုင်း တွင် သေဆုံးသွားခဲ့





- သေဆုံးသည်ဟု ယူဆခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်တော့မည့် သမီးငယ်တစ်ဦးမှာ ပြန်လည်အသက်ရှင်လာသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖိလစ်ပိုင်နိုင်ငံ Zamboanga del Sur ပြည်နယ် Aurora မြို့မှ အသက် ၃ နှစ်အရွယ် သမီးငယ်တစ်ဦးမှာ သောကြာနေ့နံနက် ၉ နာရီအချိန်က သေဆုံးသွားခဲ့ပြီဟု အတည်ပြုခဲ့ပြီးနောက် မိဘများက စနေနေ့နေလည် ၁ နာရီအချိန်တွင် မြေမြှုပ်သင်္ဂြိုဟ်ရန်သတ်မှတ်ခဲ့သည်။

သို့သော်လည်း ထိုကလေးငယ်အတွက် ၀တ်ပြုဆုတောင်းရန် ခရစ်ယာန်ဘုန်းတော်ကြီးက စီစဉ်နေစဉ် ထိုသမီးငယ်မှာ လှုပ်ရှားလာကာ ရုတ်တရက်မျက်လုံးဖွင့်လာခဲ့သည်။ ထိုအံ့အားသင့်ဖွယ်ဖြစ်ရပ်အား မိဘဆွေမျိုးများက ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့ပြီး သမီးငယ်ကိုလည်း အခေါင်းအတွင်းမှ ပြန်လည် ထုတ်ယူခဲ့သည်။


ထိုဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သော်လည်း စမ်းသပ်စစ်ဆေးမှုများအရ အဆိုပါ သမီးငယ်မှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်ဟု Aurora မြို့ ကျန်မာရေး ဌာန အကြီးအကဲ ဒေါက်တာ မေရီ ဆိုင်လင်း အက်ဆာ ကာဘာဟဂ်က အတည်ပြုပြောဆိုခဲ့သည်။ ထို့ပြင် ထိုကလေးငယ်ဆီမှ ရောဂါများ ပြန်ပွားမသွားစေရန်အတွက် အလောင်းအား အမြန်မြှုပ်နှံရန် ဒေါက်တာ ကာဘာဟဂ်က မိဘများအား အကြံပြုခဲ့သည်ဟု ဆိုရှယ်မီဒီယာများတွင် ဖော်ပြမှုအရ သိရသည်။

Metro

ရုပ်သံ ကြည့်ရန် http://youtu.be/01jlRChW_uM

No comments:

Post a Comment