ချစ်ခင်လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးရှင့်။
ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊ လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊ အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊ အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး တမျိုးအကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း ဒီနေ့ ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း အသိပေးပြောကြားလို ပါသည်ရှင့်။ Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်၊ ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊
လေးစားစွာဖြင့်။
လှနုထွန်း
National Director
Miss Globe Myanmar
+-+Copy.jpg)
No comments:
Post a Comment