Pages - Menu

Monday, October 7, 2013

ချစ်သူစွဲမက်စေမဲ့ မနံတော့တဲ့ ပျိုမေဖြစ်ဖို့




ချွေးတိတ်ဆေး (antiperspirants)
ချွေးနံ့ပျောက်ဆေး (deodorants) များဟာ ချွေးနံ့နည်းစေဖို့သာ အဓိကလုပ်ဆောင်နိုင်တာကြောင့် ချွေးထွက်နည်းစေလိုတဲ့အခါ ချွေး တိတ်ဆေး ( antiperspirants) တွေ သုံးဖို့လိုပါတယ်။ ချွေးထွက်စေတဲ့ ပြွန်ငယ်တွေကို ပိတ်ဆို့ခြင်းဖြင့် ချွေး အထွက်နည်းစေတဲ့ လိမ်းဆေးတွေကို အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။


အ၀တ်အထည်
ချည်ထည်၊သိုးမွေးထည်၊ လျှော်၊ ပိုးထည် စသည့် သဘာဝအထည်များ ကို ဦးစားပေးဝတ်ဆင်ပါ။ သဘာဝမ ဟုတ်ဘဲ ဖန်တီးထားသည့် အထည် များသည် လေ၀င်လေထွက်ကောင်းမွန်ခြင်းမရှိဘဲ ချွေးပိုထွက်စေသည်။ ရေချိုးအပြီး ဆံပင်အခြောက်ခံစက် (dryer) သုံးပါက လေအေးကိုသာ အသုံးပြုပါ။


အစားအစာ
ရေနွေးနှင့်ပူပြင်းသည့် အစား အစာများ သည် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေသည့်အတွက် ချွေးထွက် လွန်သူများရှောင်သင့်သည်။ ကဖင်း ဓါတ်ပါသည့် ကော်ဖီ၊ ချောကလက် များ၊ ပူစပ်သည့် ငရုတ်သီး၊ ငရုတ် ကောင်း စသည်တို့သည်လည်း ချွေး ထွက်လွန်စေသည်။ ရေဆာသည် နှင့် ရေသောက်ဖြစ်အောင် ဂရုစိုက် ပါ။ ရေဓါတ်ပြည့်ဝနေခြင်းသည် လည်း ခန္ဓာကိုယ်အပူချိန်ကို အေးမြ စေရန်ထိန်းထားနိုင်သည်။


ခွဲစိတ်ခြင်း
ဘ၀အရည်အသွေး (Quality of Life) ထိခိုက်စေလောက်အောင် ချွေးထွက်လွန်သူများကို ခွဲစိတ် ကုသနိုင်ပြီး ခွဲစိတ်ထားသည့်နေရာ များတွင် တစ်သက်လုံး ချွေးမထွက် နိုင်တော့ပေ။ ခွဲစိတ်မှုပြုလုပ်လေ့ရှိသည့်နေရာများမှာ ချိုင်းကြား၊ လည် ကုတ်နှင့် တင်ပါးဆုံတို့ဖြစ်ကြသည်။ ရင်ခေါင်းတွင်း မှန်ပြောင်းအသုံး ပြုခွဲစိတ်ခြင်း ( Endoscopic Thoracic Surgery – ETS) ဖြင့် ချွေး ထွက်ခြင်းကို ထိန်းချုပ်ထားသော ရင်ခေါင်းတွင်းရှိ နဗ်ကြောများကို ဖြတ်တောက်ကုသနိုင်သည်။
သီဟ
Source:RD
By Health Updates

No comments:

Post a Comment