Pages - Menu

Monday, October 7, 2013

ရင်ခေါင်းပူခြင်းကို ပျောက်စေသော လွယ်ကူသည့် နည်းလမ်းများ



(၁) ပီကေ၀ါးပါ
ပီကေ (chewing gum) ကို အစာစားပြီးသောအချိန်တွင် မိနစ် (၃၀)ခန့် ၀ါးပေးပါ။ အူတွင် အက်ဆစ်စုဆောင်းမှုကို လျင်မြန်စွာ ဖြေရှင်းပေးနိုင်သည်။
(၂) ရှားစောင်းလက်ပတ်
အစာမစားမီ ရှားစောင်းလက်ပတ် လက်ဖက်ရည်ခွက် တစ်ဝက်ကို သောက်ပေးပါ။ ရှားစောင်းဖျော်ရည် က အစာအိမ်ကိုအပြင် အစာပြွန်ရောင်ရမ်းခြင်းကို သက်သာစေမည်။
(၃) နွယ်ချို
အစာအိမ်ရောဂါများကို သက်သာစေသော သဘာဝဆေးဘက်ဝင် ပစ္စည်းတစ်ခုဖြစ်သည်။ နွယ်ချိုကို အစာမစားမီဝါးပေးပါက အစာအိမ်ကြောင့် ဖြစ်တတ်သော ဝေဒနာများ ကို သက်သာစေသည်။ နွယ်ချိုတွင် ဥပါဒ်ပေးစေတတ်သော glycyrrhi zic အက်ဆစ်မပါဝင်သော်လည်း သွေးတိုးစေနိုင်သဖြင့် အလွန်အမင်း မစားသင့်ပေ။
ဒေါန
Health Updates Journal

No comments:

Post a Comment