
ရန်ကုန်၊ ဇူလိုင် ၂၈
လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နေအိမ်မှအပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ၎င်း၏လက်ကိုင်ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့လာရောက်ရန်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူတည်းခိုခဲ့ကြောင်းသိရှိရပြီး ၎င်းအားမတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံ နေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ရှိနေ သည်ကိုတွေ့ရှိရ သဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံမေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ထွက်ခွာသွားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ညီဖြစ်သူအား လိုက်လံ စုံစမ်းရှာဖွေခဲ့ပါသည်။
ထိုသို့စုံစမ်းရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ပါသည်။
၂၃.၇.၂၀၁၄ ရက်နေ့ ၁၈၂၅ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်ရှိ စိမ်းလန်းစိုပြေဥယျာဉ်၊ အင်းယားကန်အတွင်း၌ အမျိုးသားတစ်ဦးသေဆုံးနေသည် ကိုတွေ့ရှိခဲ့၍ မရမ်းကုန်းမြို့မရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက် ခဲ့ရာမှ အလောင်းတွင် ၀မ်းဗိုက်နှင့် လည်ပင်းတို့၌ ထိုးသွင်းဒဏ်ရာ များရရှိထား သည်ကိုတွေ့ရှိခဲ့ရပြီး သေဆုံးသူအမျိုးသားမှာ ကြည့်မြင်တိုင်မြို့နယ်၊ စိတ်ကူးသစ် တည်းခိုခန်းတွင် တည်းခိုနေထိုင်သွားခဲ့သူ ကိုကျော်မျိုးထွန်းဖြစ်ကြောင်း သိရှိရ ပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်မှ စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၅၀၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့အား မသင်္ကာဖွယ်စိစစ်တွေ့ရှိရ သဖြင့် ၎င်းတို့အား စစ်ဆေးခဲ့ပါသည်။
စစ်ဆေးချက်များအရ သေဆုံးသူ ကိုကျော်မျိုးထွန်းသည် ၂၀.၇.၂၀၁၄ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင် အခင်းဖြစ်တည်းခိုခန်းသို့ရောက်ရှိတည်းခိုခဲ့သဖြင့် အခန်း အမှတ်(၁၀၅)တွင် နေရာချထားပေးခဲ့ကြောင်း၊ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်က သေဆုံးသူ၏အခန်းမှ တံခါးအားထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာ ဦးမောင်မောင်မှအခန်းအတွင်း ၀င်ရောက်၍ပြောဆိုတားမြစ်စဉ် စကားများပြီး အပြန်အလှန်ထိုးကြိတ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် ကုတင်ခြေရင်း တွင်တွေ့ရှိသည့် စတီးဓါးဖြင့် ဦးမောင်မောင်မှ ကိုကျော်မျိုးထွန်း၏၀မ်းဗိုက်နှင့် လည်ပင်းတို့အားထိုးခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးမောင်မောင်ပါ(၅)ဦးတို့မှ အလောင်းအား အင်းလျားကန်အတွင်း ပစ်ချကာဖျောက်ဖျက်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ပြီး အလောင်းဖျောက်ဖျက်ကြသူများကို အမှုဖြင့်ဖမ်းဆီးအရေးယူကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police



အမြန်လမ်းတွင် မီးလောင်မှုဖြစ်သည့် ပြည့်ဖြိုးအောင် ခရီးသည်တင်ကား 


















