Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Friday, July 25, 2014

ပထမရွှေကျင်ဆရာတော်ကြီး၏ ဆုံးမသြဝါဒ


-----------------(၁)ရေကန်၌မှော်ကိုဖယ်၍ သောက်ရေကိုခပ်ရ၏---။ (၂)မသူတော်၌အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းကိုရှာရသည်--။

(၃)တုံးတံတားကို လျှောက်စဉ်အရပ်တစ်ပါးကို မကြည့်နဲ့ ချောက်သို့ကျလိမ့်မည်--။ (၄)သံသရာတံတားကိုလျှောက်စဉ် သူတစ်ပါးအပြစ်ကို မကြည့်နဲ့ သံသရာချောက်ကမ်းပါးကို ကျလိမ့်မည်-
(၅)ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်--။ (၆)ကျင့်ဝတ်မချွတ်လျှင် တပည့်ပင် ဆရာကိုနိုင်၏--။

(၇)မြင်းနိုင်လို ဇက်ကိုဆွဲ၊
လှေကိုနိုင်လိုတက်ကိုဆွဲ ၊ ဆရာကိုနိုင်လို ကျင့်ဝတ်မြဲ---။

(၈)ပန်းပဲဆရာ အထုမခံရသော
သံတုံးသည်လက်နက်မဖြစ်--။ (၉)ကျောက်ဆစ်ဆရာ အဆုံးအဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်---။

(၁၀)ဆရာအဆုံးအမ မခံရသော တပည့် သူကောင်းမဖြစ်---။

(၁၁)သစ်ပင်ကြီးတို့သည်ခုတ်လှဲသူတို့အားမလှဲမချင်း အရိပ်ဖြင့် အေးစေ၏---။ (၁၂)နံ့သာတုံးတို့သည် မီးရှို့သူတို့အားမကျွမ်းမချင်းအနံ့ဖြင့် မွှေးစေ၏---။ (၁၃)သူတော်ကောင်းသည် ညှဉ်းဆဲသူတို့အားမသေမချင်း အကျိုးဆောင်၏---။

(၁၄)ဗဟုသုတရှိလျက်သီလမရှိလျှင် ရေမတည်သောကန်နှင့်တူ၏---။ (၁၅)ပညာရှိလျှက်သီလမရှိလျှင်အသီးမချိုသော သစ်ပင်နှင့်တူ၏---။ (၁၆)ကျမ်းဂန်တတ်လျှက်သီလမရှိလျှင်အဆိပ်သီးနှင့်တူ၏---။

(၁၇)ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည်ရွံဖွယ်တည်း--။ (၁၈)စာတက်လျှက်မိမိကိုယ်ကို မဆုံးမလျှင်ထိုစာသည် ငရဲရိက္ခာနှင့်တူ၏--။

Monday, February 10, 2014

ပြိတ္တာများ တရားထူး ရနိုင် မရနိုင် နှင့် အသုရကာယ် ဟူသည်






(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်)
တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(အရှင်သုမန-ပြည်မြို့)

(ဖြေ)
ပြိတ္တာမျိုးတို့တွင် ၀ိနိပါတိက အသုရာ နှင့် ဝေမာနိကပြိတ္တာ ဟူ၍ခေါ်သော စတုမဟာရာဇ် နတ်မျိုးဝင် ပြိတ္တာများသည် အချို့မှာ အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ မဂ်ဖိုလ်ရနိုင်ခွင့်ရှိသော ဉာဏ်နှင့်ယှဉ်သော တိဟိတ်ပဋိသန္ဓေစိတ်မျိုးဖြင့် ပဋိသန္ဓေနေကြပါသည်။



အပါယ်ပဋိသန္ဓေစိတ်နှင့် ဉာဏ်နှင့်မယှဉ်သော ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိက ပြိတ္တာတို့မှာ မဂ်ဖိုလ်တရားထူးများ မရရှိနိုင်ပါ။ ဉာဏ်နှင့်ယှဉ်သော တိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိကပြိတ္တာ တို့မှာမူ တရားနာကြားခွင့်၊ တရားနှလုံးသွင်းခွင့်များ ရခဲ့လျှင် မဂ်ဖိုလ်တရားထူးများ ရရှိနိုင်ပါသည်။

ဥပမာအားဖြင့်-ဓမ္မပဒ၌ လာသော ဝေမာနိကမျိုးဝင် ကာလယက္ခိနီ ဘီလူးမသည် ကလေးမွေးတိုင်း မွေးတိုင်း စားနေသည်။ ထို့နောက် ဘုရားရှင်၏တရား နာရ၍ သောတာပန် တည်လေ၏။ ယက္ခသံယုတ်၌လာသော အာဠာဝက ဘီလူး၊ ပိယင်္ကရမာတာ၊ ပုနပ္ဗသု ဘီလူးများသည်လည်း တရားနာရ၍ မဂ်ဖိုလ်တရားထူးများ ရကြပါသည်။
********************************************************************************

(မေး) (အသုရကာယ် ဟူသည်)
အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။
(ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ)

(ဖြေ)
အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတ၀တ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တ၀ါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။

ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ၀င်သော အသုရာ၊ ပြိတ္တာမျိုး၌၀င်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။

(အသုရာ ၅-မျိုး ရှိသည်)
၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ)
မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။

၎င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏။ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။

၂။ ၀ိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ)
သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ၀ိနိပါတိကအသုရာဟု ခေါ်ကြ၏။ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏။

၃။ ဝေမာနိက အသုရာ
ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တ၀ိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏။ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏။ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏။)

၎။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ)
စကြ၀ဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏။ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တ၀ါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏။ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏။ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တ၀ါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏။ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏။ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓ၀င် အဋ္ဌကထာ၌ လာရှိသည်။

၅။ ပြိတ္တာ အသုရာ
ခန္ဓ၀ိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။

ကာလကဉ္စိက အသုရာတယောက်သည် ညဥ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏။ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မ၀င်ဟု သိရသည်။

အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။
(ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။

Thursday, December 5, 2013

ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း





တနင်္ဂနွေသား သမီး ။ ။ မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။ ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့် ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။
ယတြာ ။ ။ တာအိုးတစ်လုံး အတွင်းရေထည့် ရွက်လှ ၁၇ ရွက်ထည့်၍မွေးနံဘုရား ထောင့်တွင်လှုပေးပါ ။
တနင်္လာသားသမီး ။ ။ စက်နှင့် ပတ်သပ်သောလုပ်ငန်းလုပ်သူများ အထူးသတိထားပါ ။ ရောင်းမှား ၀ယ်မှားဖြစ်ခြင်း ။ လူလိမ်ခံရခြင်းများ ကြုံတွေ့ ရလိမ့်မည်။ အိမ်ထောင်ရှင်မိန်းကလေးများခင်ပွန်းနှင့် စကားများပြီး အိမ်ထောင်ကွဲ သည်အထိဖြစ် တတ်သည် ။ရွှေအထားမှားပြီး ပျောက်တတ်သည် ။ သတိထားပါ ။ငယ်ရွယ်သူမိန်းကလေးများ ကြားစကားကိုယုံမိ၍ ချစ်သူနှင့်အဆင်မပြေဖြစ်လိမ့်မည် ။ တနင်္လာအစ ဗုဒ္မဟူးနံအဆုံးနာမည် ရှင်များ အထူးသတိထားပါ ။ ထိခိုက်ဒဏ်ရာ ရတတ်သည် ။ လိမ်လည်ပြီး ငွေချေးသူကြောင့် စိတ်ညစ်ရလိမ့်မည် ။ ယတြာ ။ ။ အင်္ဂါ နေ့  ညနေပိုင်းတွင် လမ်းဆုံလမ်းခွမှ ခွေးများကိုအစာကြွေးပေးပါ ။
အင်္ဂါ သားသမီး ။ ။ ခြံ ကား ကွန်ပျူ တာ စက်ပစ္စည်း ရောင်းဝယ်သူများ အထစ်အငေါ့ ဖြစ်မည် ။ မမျှော်လင့်ပဲ ခရီးသွားခွင့် ကြုံ ခဲ့လျှင် ရေလမ်းခရီးကိုရှောင်ပါ အသက်အန္တရယ် ထိခိုက်တတ် ပါသည် ။ အိမ်ထောင်ရှင်များဇနီး မယား ကျမ္မာရေးအတွက် ငွေကုန်လိမ့်မည်။ဝန်ထမ်းများ စာရင်းဇယားနှင့်ပတ် သက်ပြီး အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည်။ ငယ်ရွယ်သူချစ် သူများ စကားပြောမှားပြီ အထင်လွဲကာစကားများ လိမ့်မည် ။ ဦးခေါင်း ခါးတို့ တွင် ထိခိုက်ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။ နီးစပ်ရာ တရားစခန်းများမှ ယောဂီများအား ဆေးဝါးလှုါးန်းပေးပါ ။
ဗုဒ္မဟူးသားသမီး ။ ။ အိမ် အဆောက်အဦး ခြံ ကား ကျောက်ရောင်းဝယ်သော လုပ်ငန်းများ စိတ်ဝမ်းကွဲပြီး အဆင်မပြေဖြစ်မည် ။ ၀န်ထမ်းများ အထက်လူကြီးနှင့် စကားများပြီး အလုပ်မှရပ်စဲခံ ရတတ်သည် ။ ငွေဝင်သော်လည်း ၀င်သလောက်ပြန် ထွက်နေမည် ။ဆေးမှား အစားမှားပြီး ဆေးရုံ ဆေးခန်း ရောက်တတ်သည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း သော်လည်း စိတ်တိုင်းကျသောချစ်သူမျိုးမတွေ့ နိုင်သေးပါ ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူမျိုး နှင့်သာ ဖူးစာဆုံနေမည် ။ ယတြာ ။ ။ မိမိမွေးနံ ဘုရား။ထောင့်တွင် အုန်း (၆) ညွန့်နှင့် အစိမ်းရောင်ယပ် ( ၄) ချောင်း လှုပေးပါ။
ကြာသပတေး သားသမီး ။ မည်သည့်လုပ်ငန်း လုပ်လုပ် အကျိုးပေးသောလဖြစ်သည်။ မိတ်ဆွေ ကောင်းများ၏ ကူညီမှုကြောင့် လုပ်ငန်းများအောင်မြင်မည်။ မမျှော်လင့်ပဲ ဘုရားဖူးခရီးသွားရလိမ့်မည် ။ အမွေရသကဲ့သို့  ထီပေါက်သကဲ့သို့  ငွေ ၀င်မည် ။ ၅ ၄ ၃ ၁ ဂဏန်းများဖြင့် ထီကံစမ်းပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းနေမည်။ စိတ်အလိုလိုက်ပါက အိမ်ထောင်ကျ သွား နိုင်ပါသည် ။ မိဘ ဘိုးဘွား များကို ငွေကြေးဖြင့်ကန်တော့ပါ ။ စာမေးပွဲ ဖြေထားသူများ ကောင်းသတင်းကြား ရလိမ့်မည်။
ယတြာ ။ ။ မိမိ အိမ်နားမှ ချို့တဲ့သော ကျောင်းသားများအား ဗလာစာအုပ် လှုပေးပါ။
သောကြာသားသမီး ။ ။ ခရီးသွားလုပ်ငန်း ဟိုတယ်လုပ်ငန်း သံ သဲ သွပ် ရောင်းဝယ်သော လုပ်ငန်းများ အဆင်မပြေဖြစ်မည် ။အိမ်ထောင်ရှင်များ ဇနီးကျမ္မာရေး ကြောင့် ငွေကုန်မည် ။ အိမ်တွင်းရေးအဆင်မပြေပဲ တစ်ဦးဦးနှင့် စကားအကြီးအကျယ် များမည် ။ခရီးသွားလျှင် စိတ်ညစ်ရမည်။ ကားနှင့်ပတ်သက်၍ စိတ်ညစ်ရမည် ။ မိမိအိမ် သူခိုးခိုးခံရကိန်းရှိသည်။ သတိထားပါငွေကြေးအရှုပ်အရှ င်းတခု ဖြေရှင်းရတတ်သည် ။ ငယ်ရွယ်သူများ ချစ်သူ ၂ယောက်တပြိုင်နက် ထားခြင်းကြောင့် စိတ်ညစ်ရမည်။
ယတြာ ။ ။မွေးနံ ဘု ရားထောင့်တွင် သီဟို ( ၂၁) ခက်လှုပေးပါ။
စနေသားသမီး ။ ။ လုပ်ငန်းအသစ်များ မချဲ့ ပါနှင့် ။ ယခုလအတွင်း အဆင်မပြေနိုင်သေးပါ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာ အုပ် စာပေ လုပ်ငန်းများ အဆင်ပြေမည် ။ မြေကိစ္စ အမွေ ကိစ္စကြောင့် စိတ်ညစ်ရလိမ့်မည် ။ခရီး ယာယီသွားရလိမ့် မည် ။ မိန်းမတစ်ယောက်ကြောင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်သည် ငွေဟောင်း ကြွေးဟောင်းများ မမျှော်လင့်ပဲ ပြန်ဝင်မည် ။ငယ်ရွယ်သူများ ချစ်သူ၏ဆိုးနွဲ့ မှု ကြောင့် စိတ်အနည်းငယ်ညစ် ရတတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ထီးအနီတစ်လက် အုန်း ( ၆ ) ရွက်ကိုလှုပေးပါ ။

အစစအဆင်ပြေကြပါစေ
ကိုမောင်မောင် ( ဆန်း သုတေသီ )

Friday, November 22, 2013

ရေနဲငါး


Friday, November 22, 2013

အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။

အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။

အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။

မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။

သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။

အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။

မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။

နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။

မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။

မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...

တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။

ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )

( ရတနာ အလင်းရောင် )
မိဘမဲ့ ပရဟိတကျောင်း
၅၈လမ်း/စက်မှု(၂ )လမ်းတောင်ဘက်
ပြည်ကြီးတခွန်၊မန္တလေးမြို့။

၀၉/၉၁၀၃၃၂၁၉
၀၉/၂၀၀၀၃၈၃
၀၉/၂၄၆၀၉၆၀။ သို့
ဆက်သွယ်လှူတန်းနိုင်ပါသည်။

နေ့ဆွမ်း။---။၁၂၀၀၀၀/ကျပ်။
ညနေစာ။---။၇၀၀၀၀/ကျပ်။

နို့တိုက်အရွယ်----(၄)ယောက်။
မူကြိုအရွယ်-----(၃၂)ယောက်။
စုစုပေါင်း--------(၂၈၃)ယောက်။.
အဆင့်ဆင့် share ပေးကြပါဗျာ။
(Ko soe moe ထံမှ မျှဝေပါသည်)

နှလုံးသားအာဟာရ

Thursday, November 14, 2013

မိဘရဲ့  စည်းစိမ်တွေနဲ့  နေပြီး အစေခံ ကျွန်တစ်ယောက်လို ပစ်မထားပါနဲ့ 



သားသမီးတွေဟာ မိဘနှစ်ပါးသေးသွားမှ ရည်စူးပြီး ကောင်းမှု့ ကုသိုလ်ပြုတာ
တွေထက် ယခုပစ္စပ္ပန် အချိန် ကျွေးတာက ပိုပြီးတန်ဖိုးရှိပါတယ် ။

အမျှဝေလို့ရတဲ့ ဘုံဟာ သုံးဆယ့်တစ်ဘုံမှာ တစ်ဘုံဘဲရှိတယ် ။

ကိုယ့်မိဘဟာ ဒီဘုံကို ရောက်လိမ့်မယ်လို့  ဘယ်သူမှ တပ်အပ်သေချာ
ပြောလို့ မရပါဘူး ၊ စိတ်မချရပါဘူး ၊ ဒါကြောင့်မသေချာတဲ့ အလုပ်ကိုမလုပ်
ဘဲ သေချာတဲ့ အလုပ်ကို လုပ်ပါ ၊ သေချာတဲ့ အလုပ်နဲ့ ပဲ ကျေးဇူးဆပ်ကြပါ ။

စာရေးသူရဲ့ ရပ်ကွက်ထဲမှာရှိပါတယ် ။ မိဘနှစ်ပါးက အသက် ( ၆၀ ၊ ရ၀ ) အ
ရွယ်ရောက်လာပြီဆိုတော့ သားသမီး မြေးမြစ်တွေက အဘိုးကြီး အဘွားကြီး
တွေနှင့် ထမင်းအတူစားရတာ ရွံစရာကောင်းတယ်ဆိုပြီး အတူတူမစားကြပါဘူး ၊
ဒါကြောင့် မိအိုဖအိုနှစ်ပါးကို ထမင်းလေးတွေ ပန်းကန်ထဲထည့် ဟင်းလေးတွေပုံ
ပြီး အရင်ကျွေးထားနှင့်ပါတယ် ။

မသိရင်တော့ ဦးဦးဖျားဖျားကျွေးတာပေါ့ အမှန်တော့ ထိုသို့မဟုတ်ပါ ၊
ကဲ ....... စဉ်းစားကြည့်ကြပါ ၊ကောင်းကြသေးရဲ့လား နောက်ပြီး မိဘနှစ်ပါးဟာ
သားသမီးတွေရဲ့ ထားရာနေ စေရာသွားရတဲ့ဘဝ အသက်အရွယ်ကလည်း ကြီးလာပြီ
ဆိုတော့ အလုပ်ကလည်း မယ်မယ်ရရမလုပ်နိုင် ၊ ဒီသားသမီးတွေကိုဘဲ မှီခိုပြီး မိမိတို့
ဘဝအသက်ရှင်ရေးအတွက် ကြိုးစားနေထိုင်ကြရပါတယ် ။

ဟို တစ်ချိန်တုန်းက ဒီစီးပွားဥစ္စာ စည်းစိမ်တွေကို ကိုယ်ရှာဖွေခဲ့တာ မှန်ပါသော်လည်း
ယခုအချိန်မှာတော့ သားသမီးတွေကို လွန်ဆန်လို့ မရတဲ့ အခြေအနေကို ဆိုက်ရောက်
ခဲ့ရပြီဆိုတော့ သူတို့သဘော အတိုင်းပဲ နေထိုင်ပေးကြရပါတော့တယ် ။

ဒါကြောင့် ရှေးယခင်တုန်းက ပိုး ၊ ဖဲ ၊ ကတ္တီပါတွေဖြင့် နှစ်ခြိုက်စွာအိပ်ခဲ့ရသော်လည်း ယခုအချိန်အခါမှာ နောက်ဖေးချောင်က အခန်းကျဉ်းလေးထဲမှာ စောင်စုတ် ပုဆိုးစုတ်တို့  အထပ်ထပ်ခင်းပြီး ကျင်ကြီး ကျင်ငယ်သွားလည်း ဒီနေရာ ၊ စားလဲ
ဒီနေရာ ၊ အိပ်လဲဒီနေရာ ၊ ဝင်လေထွက်လေကမကောင်းတော့ အနံအသက်တွေနဲ့ 
ညစ်ပတ်နံစော်နေတော့တာပေါ့ ။

သားသမီးများသည် အသက်အရွယ် အိုမင်းရင့်ရော်နေသော မိဘများအား မသေရုံတမယ် ကျွေးထားကြပေသည် ။

တချို့ ဆိုလျှင် ထားစရာနေရာမရှိသဖြင့် ဘိုဘွားရိပ်သာကို မျက်နှာလွှဲခဲပစ်
ပို့ထားလိုက်ကြပြန်တော့တယ် ။

တစ်ချို့ ဆိုလျှင် ဘေးပတ်ဝန်းကျင် ပြောမှာစိုးသည့်အတွက်ကြောင့် မဖြစ်သာလို့ အိမ်ပေါ်ခေါ်တင်ထား ကြရတာပါ ။

သားသမီးဖြစ်သူက အမေအဖေကို တစ်လကြာလို့ တစ်ခါဝင်မကြည့် စကားမပြောဖြစ်
မိမိသားကဒီလိုနေမှတော့ ချွေးမကလည်း ဘယ်ပြောကောင်းတော့မလဲ ကျွေးမွေးတာကအစ အကျန်မကျွေးယုံတမယ် ဆက်ဆံတာကလည်း အိမ်ဖော်မတစ်ယောက်လို အိမ်ပေါ်မှာနေလို့ဆိုပြီး ကျွန်တစ်ယောက်လို ပန်းကန်ခွက်ယောက် ဆေးကြောခိုင်း ၊ ဒီလိုနဲ့ ကျေးဇူးဆပ်တယ်ဆိုပြီး အိမ်ပေါ်ခေါ်ထားတာလား ၊ ကိုယ့်ဟာကိုယ်စဉ်းစား
ကြည့်ကြပါ ၊ ဒီအဖြစ်မျိုးက ဘယ်လိုမှ မထားကောင်းပါဘူးးး

သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့  ...........

( သားသမီးနှင့် မိဘ ဖြစ်ရပ်မှန်စာအုပ်မှ )


Hla Sabai

Monday, November 4, 2013

“မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”


=================================

ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၁)သီလရှင်စာသင်တိုက် ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။ ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း (၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့ ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။ ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။ ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန် ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက် အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း ဖုန်း -0973031875 မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း ၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ ဖုန်း 09421075045 မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင် ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင် န၀မတန်းမှ ဒသမတန်းအထိ ပြင်ပ သင် ကျောင်းသားကျောင်း သူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း) ဖုန်း 0954022180 မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့ ဖုန်း 095060663 မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း ၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065 မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင် ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင် မိဘမဲ့ကလေး (၁၅)ဦး ကျောင်းသား ကျောင်း သူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း ဖုန်း 0943082166 ၊ 01-581023 သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀) ဦး နှင့် ကျောင်းအောက် ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း မြောက်ဥက္ကလာပမြို့နယ် ဖုန်း 095680582 ၊ 056-22609 မိဘမဲ့ကလေး (၄၈၀) ဦး ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ် ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက် ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်ဘဒ္ဒန္တပညာဝရ ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း) ဖုန်း 098612292 မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ) ဖောင်ကြီး ဥက္ကဌဖုန်း - 01-629758 / 0945525840 ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500 ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့ ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက် ကွမ်းခြံကုန်းမြို့ ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း ၀မ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး

-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေရ ရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်း များစွာနဲ့ ကူညီသူမဲ့ဖြစ်နေရ ရှာပါတယ်။ ကျွန်တော်တို့  နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုး နေကြဆဲပါ၊ အမိအဖမဲ့  ရင်သွေးငယ်များ အတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာ လိုအပ်နေကြ ပါတယ်။ ကမ္ဘာကြီးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက် မည့် မျိုးဆက်သစ် လူသား အရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာ လက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့ အနာဂတ်များ ထွန်းလင်း တောက်ပစေအောင် လုပ်ဆောင် ကျပါစို့ဗျာ..။

Saturday, November 2, 2013

" သူတော်ကောင်းအလှူ ငါးမျိုး - "




••••••••••••••••••••••••••••••••••
အလှူဒါနအမျိုးမျိုး-

သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

(၂) သက္ကစ္စဒါန
-------------------
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။

[လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။]

(၃) ကာလဒါန
-----------------
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။

[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။]

(၄) အနုဂ္ဂဟိတဒါန
----------------------
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။

[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]

(၅) အနုပဟစ္စဒါန
---------------------
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]

(ဆောင်ပုဒ် - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊
ချီးမြှောက်ဘိလျက်၊မထိမပါး၊ ပေးလှူငြား၊
ငါးပါး သပ္ပုရိသ မြတ်ဒါန။)

Dhamma Danã Source ►

Friday, October 18, 2013

ငါးပါးသီလ တည်ကြပါစေလို။




•••••••••••••••••••••••••
၁။ သူ့အသက်ကို သိလျက်သားနဲ့, ဒေါသစိတ်ထား သတ်ဖြတ်လို၊
လုံ့လပြုကာ သေအောင်သတ်က, မုချမှတ်တော့ အကုသိုလ်၊
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ရောဂါစွဲ, ဆင်းရဲ အသက်တို၊
အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။

၂။ သူ့ဥစ္စာကို သိလျက်သားနဲ့, လောဘစိတ်ထား ခိုးယူလို၊
လုံ့လပြုကာ ခိုးယူမိက, မုချမှတ်တော့ အကုသိုလ်၊
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ဥစ္စာမွဲ, ဆင်းရဲ ဖြစ်တိုင်းကို၊
အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။

၃။ သူ့သားမယားကို သိလျက်သားနဲ့, ရာဂစိတ်ထား ဖောက်ပြားလို၊
လုံ့လပြုကာ ဖောက်ပြန်မိက, မုချမှတ်တော့ အကုသိုလ်၊
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ နပုန်းပဲ, ဖြစ်မြဲ မိန်းမကိုယ်၊
အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။

၎။ မဟုတ်မှန်းကို သိလျက်သားနဲ့, မကောင်းစိတ်ထား မုသားဆို၊
လုံ့လပြုကာ ပြောဆိုမိက, မုချမှတ်တော့ အကုသိုလ်၊
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ပုပ်ညှီစွဲ, သွားကြဲ နှုတ်ခမ်းတို၊
အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။

၅။ အရက်မှန်းကို သိလျက်သားနဲ့, မူးယစ်စိတ်ထား သောက်စားလို၊
လုံ့လပြုကာ သောက်စားမိက, မုချမှတ်တော့ အကုသိုလ်၊
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ မူးမေ့မြဲ, ဖောက်လွဲ အရူးကိုယ်၊
အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။

_/|\_

Thursday, October 10, 2013

နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ မန်ရှန်းဗုဒ္ဓ ရုပ်ပွားတော်



တရုတ်ပြည် ရှန်ဇီနယ်က မန်ရှန်းဗုဒ္ဓ ရုပ်ပွားတော်ကြီးဟာ တရုတ်ပြည်ရဲ့ သက်တမ်းအရှည်ကြာ ဆုံးကျောက်ထွင်းရုပ်ထုဖြစ်ပါတယ်။
အပေါ်ကဓာတ်ပုံထဲမှာ နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိတဲ့ဗုဒ္ဓ္ဒရုပ်ပွားတော်ရဲ့  ကိုယ်တော်က ကွဲအက်နေတဲ့အစိတ်အပိုင်းတွေ ကို ကာကွယ်ဖို့ ပေါင်၉၀၀အလေးချိန်ရှိတဲ့ေ ရွှ သင်္ကန်းကပ်လှူ ထားတာကိုတွေ့ ရမှာဖြစ်ပါတယ်။ မနှစ်က ဥာဏ်တော် ၂၀၆ပေမြင့် တဲ့ဒီရုပ်ပွားတော်ကြီးရဲ့ ယိုယွင်းနေ တဲ့အခြေအနေကိုပြုပြင် ထိန်းသိမ်းဖို့  တရုတ်အစိုးရ က ဒေါ်လာ ၆.၆သန်းအကုန်ခံပြီး ပြုပြင် ခဲ့ပါတယ်။ဒါပေမယ့် ဒီငွေကမလုံလောက်ဘူးလို့ ဆိုပါတယ်။

ရုပ်ပွားတော်ရှိတဲ့အရပ်မှာယခင်က ကျောက်မီးသွေးတွင်းတွေရှိပါတယ်။ ရုပ်ပွားတော်ကြီးကို ရှာဖွေတွေ့ ရှိပြီးတဲ့နောက် မိုင်းဒဏ်ကြောင့်သဘာ၀၀န်းကျင်ပျက်စီးပြီးရုပ်ပွားတော်ပြိုကျမယ့်ဘေးက ကာကွယ်ဖို့ ကျောက်မီးသွေးမိုင်း ၇ ခုကို ၂၀၀၇မှာပိတ်ပစ်လိုက်ပါတယ်။


၂၀၀၅ ခုနှစ်အထိ ဒီရုပ်ပွားတော်ကြီးတည်ရှိနေတာကိုဘယ်သူမှမသိခဲ့ကြပါ ဘူး။ဒီရုပ်ပွားတော် ကိုပထမဆုံးတွေ့ ရှိခဲ့သူတွေ ကလယ်သမားတွေဖြစ်ပြီး မန်ရှန်းတောင်နားမှာမို့ မန်ရှန်းဗုဒ္ဓ လို့ ခေါ်ဝေါ်ကြပါတယ်။ တရုတ်ပြည်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းမင်းဆက်ကာလဖြစ်တဲ့ ၅၅၁ ခုနှစ်လောက်မှာတည်ထားခဲ့တဲ့မန်ရှန်း ဗုဒ္ဓ ရုပ်ပွားတော်ဟာစီချွမ်ပြည်နယ်က ကမ္ဘာ့အကြီးဆုံးဗုဒ္ဓ ရုပ်ပွားတော်ဖြစ်တဲ့ လီရှန်းဗုဒ္ဓ ရုပ်ပွားထက် အနှစ် ၁၆၀လောက်စောပါတယ်။








credit>>>the melting pot 4 u

Tuesday, October 8, 2013

ဘုရားစင်ကိုးကွယ်ထားရှိခြင်း၏ အကျိုးကျေးဇူး (၉) မျိုး





မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။


(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။

(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
ပို၍ ယုံကြည်မှု လေးနက်လာသည်။

(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု
ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ
ရှိလာသည်။

(၄) ကုသိုလ်တရားများ တိုးပွားလာသည်။

(၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားစင် ဘုရားရှင် ရှေ့ တော်သို့ 
သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်
အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။
အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး
စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။

(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏
အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ့  နေနိုင်ပါသည်။

(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း
သုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊
လူ့ ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

(၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း
နေရသကဲ့သို့  ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။

(ဗုဒ္ဓဘာသာကောင်း တစ်ယောက် မှ)

Credit To : အနှိုင်းမဲ့စာတိုပေစများ

မှတ်ချက် - နံပါတ် (၉) အချက်ကို ကျွန်တော် သင့်လျော်သလို စာသားပြင်ထားပါသည်။ မူရင်း စာရေးသူ၏ အရေးအသားမှာတော့ " ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း
နေရသကဲ့သို့  ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။ " လို့ ပါရှိပါတယ်။
...................




Monday, October 7, 2013

“ဆရာတင်မှား အပါယ်လား”




ခုခေတ်မှာ အများဆုံးမြင်တွေ့လာတာက ဓမ္မကို အဓမ္မလို့ ဟောကြားလာတာ၊
အဓမ္မကို ဓမ္မဆိုပြီးဟောကြားလာတာ များစွာတွေ့လာရတယ်။ ဓမ္မရဲ့ သဘော
က သန္တရသ - ငြိမ်းအေးခြင်းသဘောရှိတယ်။ အပါယ်လေးပါးကို မကျရောက်
အောင် ဆောင်ထားနိုင်တဲ့ သတ္တိကြောင့် ဓမ္မလို့လည်းခေါ်တယ်။

ဒါပေမဲ့ ခုခေတ်မှာ ဓမ္မလို့ အမည်ခံပြီး ဓမ္မနဲ့ မညီတဲ့သဘောတရားတွေကို များ
စွာဟောပြောလာတာတွေ့ရတယ်။ တရားကိုဟောကြားသူ၊ နာကြားသူဆိုတာ
မဖြစ်သေးတဲ့ ကိလေသာတွေ မဖြစ်ပေါ်အောင်၊ ဖြစ်ပေါ်နေတဲ့ ပူလောင်မှုတွေ
ကို ငြိမ်းအေးချမ်းသာအောင် ကျင့်ကြံကြတာ၊ အားထုတ်ကြတာပါ။

ဆရာအတင်မှားလို့ ဒုက္ခပင်လယ်ဝေသွားတဲ့ လူတွေများစွာ ရှိပါတယ်။ နောင်
လည်း ရှိနေအုံးမှာပဲ။ အရင်ကလည်း ရှိခဲ့တယ်။ ရှိဖူးတယ်။ ဒါကြောင့် ဆရာအ
တင် မမှားဖို့တော့လိုတယ်။ ဆရာအတင်မှားရင် တသံသရာလုံးလည်း သွားပြီ။

ကဿပဘုရားရှင်လက်ထက်က ကပိလမည်တဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးတယ်။ က
ပိလမှာ သာဓိနီဆိုတဲ့အမေ၊ သာဂတဆိုတဲ့ အကို၊ တာပနာဆိုတဲ့ ညီမတစ်ဦးရှိ
တယ်။ မိသားစုအားလုံး သာသနာ့ဘောင်ရောက်လာကြတယ်။ မိသားစုတစ်စု
တည်းပင်ဖြစ်သော်လည်း ခံယူချက်တွေ ကွဲသွားတော့ လားရာဂတိတွေလည်း
ကွဲသွားတယ်။

အကိုကြီးဖြစ်တဲ့ သာဂတက ရဟန်းတရားအားထုတ်လို့ ရဟန္တာဖြစ်သွားတယ်။
ညီဖြစ်တဲ့ ကပိလကတော့ ပိဋကတ်သုံးပုံသင်ယူလို့ တတ်မြောက်၊ နောက်တော့
တရားဟော၊ တရားဟောတော့ အခြံအရံတွေ ပေါများ၊ အခြံအရံတွေ ပေါတော့
လာဘ်လာဘတွေ ဖောဖောသီသီဖြစ်လာတယ်။ နောက်တော့ မာန်တွေတက်၊
မာန်တွေတက်လာတော့ ဓမ္မကို အဓမ္မလို့ဟော၊ အဓမ္မကို ဓမ္မလို့ဟောလာတယ်။

ဒါကို အခြားရဟန်းတော်တွေက လမ်းကြောင်းမှန်ကို တည့်ပေးတယ်။ သွန်သင်
ညွန်ပြ ဆုံးမတယ်။ ဒါပေမဲ့ မရဘူး။ ရဟန်းတော်တွေကို မထီလေးစား၊ မောက်
မောက်မာမာဆက်ဆံလာတယ်။ ဂရုစိုက်စရာမလိုဘူး။ ငါ့ပရိတ်သတ်၊ အခြံအ
ရံရှိတယ်။ ငါ့အား ငါကိုးနိုင်တယ်ဆိုတဲ့ စိတ်တွေ ဖြစ်လာတယ်။ မာန်မာနတွေအ
အရမ်းများလာတယ်။ ဒါကိုပဲ အမေနဲ့ နှမလုပ်တဲ့သူက ဂုဏ်ယူတယ်။ အားပေး တယ်။ မြှောက်ပင့်တယ်။

ဒီလိုနဲ့ ကဿပဘုရားရှင်ရဲ့ သာသနာတော်ကြီး ဆုတ်ယုတ်လာတယ်။ ကပိလ
အပါဝင် အမေနဲ့ နှမလည်း သေတော့ အ၀ိစီငရဲရောက်ကုန်တယ်။ ဒါဟာ သေ
ချာ တွေးကြည့်ရင် ဆရာအတင်မှားတာပါ။ မှားနေတာ မှားနေမှန်း သိရက်နဲ့ မ
ပြင်တာ၊ မာနကြားခံလာတော့ “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်”၊ ငါ့လှေ
ငါထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ စိတ်ဖြစ်သွားတယ်။

လောကမှာ ဒါမျိုးတွေအများကြီးရှိတယ်။ ဒီလိုအချိန်မှာ အမုန်းခံပြီး လမ်းကြောင်း
မှန်ကို တည့်ပေးနိုင်မဲ့ မိတ်ဆွေကောင်းတွေ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ
ကပိလရဲ့ အမေနဲ့ နှမလို အားပေးမြှောက်ပင့်လုပ်ရင်တော့ “ဆရာလည်း သေ ငရဲ
ပြည်၊ တပည့်လည်း သွား ငရဲသား” ဖြစ်ကုန်မှာတော့ အဆန်းမဟုတ်ပါဘူး။

ဒါကြောင့် လောကီပဲဖြစ်ဖြစ်၊ လောကုတ္တရာပဲ ဖြစ်ဖြစ် ဆရာအတင်မမှားဖို့လိုတယ်။
ဆရာအတင်မှားရင် ခုလောကီလည်း သူများထက် အောက်ကျ၊ နောက်ကျ နေ
ရမယ်။ လောကုတ္တရာမှာလည်း အကျိုးမပီး အချည်းနှီးသာ ဖြစ်ပါလိမ့်မယ်။ မျက်စိ
ကို ဖွင့်၊ နားကို စွင့်လို့ လမ်းကြောင်းမှန်ကို တည့်ပေးနိုင်မည့် ဆရာကောင်း၊ သ
မားကောင်းနဲ့ တွေ့ကြပါစေ။ “ ဆရာအတင်မှား အပါယ်လား” အဖြစ်မျိုးနဲ့ မကြုံ
ကြပါစေနဲ့လို့ ဆန္ဒပြုပါတယ်။

-“ဌေး”သာမဏေကျော်ဆရာတော်

“၀ဋ်ကြွေးများကျေအောင် ဘယ်လိုပေးဆပ်ရပါမလဲ? ဆိုတဲ့ မေးခွန်း”




★★★★★★★★★★★★★★★★★★★★★★★★★★★★★★★

မေး။ ။ ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကိုအကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရ

ား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )

ဖြေ။ ။ ၀ဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သောမကောင်းမှုများမှ ငရဲစသော ပဋိသန္ဓေကျိုးပေးပြီးနောက် အကျိုးဆက်အနေဖြင့် ကျန်ရှိနေသော ကံကြွင်းဖြစ်သည်။ ထိုကံကြွင်းကြောင့် ဤဘ၀ပ၀တ္တိအခါတွင် ခံစားရသော ဘေးဒုက္ခများပင် ဖြစ်သည်၊

ဥပမာ- သူတဦးတယောက်ကို ဓားဖြင့်ခုတ်သတ်ခဲ့၍ ငရဲ၌ ကျရောက်ခံစားရသည်၊ ငရဲမှလွတ်ကာ တိရစ္ဆာန်စသည်ဖြစ်ရာ ဓားခုတ်ခံရ၍ သေခြင်း၊ လူ့ဘ၀ရောက်သည့်တိုင်အောင် ဓားလက်နက်ဖြင့် ထိပါး၍ သေရခြင်းစသည်ဖြင့် ၀ဋ်ကြွေးများကို ခံစားရတတ်ပါသည်။

သူ့အသက်ကိုသတ်ရာ၌ အသတ်ခံရသူ မသေ၍ ကမ္မပထ ကံ မမြောက်သဖြင့် ငရဲ၌ မခံရသည့်တိုင်အောင် သေလောက်သည့်လက်နက် တမျိုးမျိုး ထိခိုက်ရှနာခြင်း-စသော ၀ဋ်ကြွေးများလည်း ရှိတတ်ပါသည်။ ယင်းဝဋ်ကြွေးအန္တရာယ်မှ ကင်းလွတ်ရန် သို့မဟုတ် သက်သာရန် မြတ်စွာဘုရားထံ၌ ပေးဆပ်ရန်မလို၊ ကုသိုလ်ကောင်းမှုများကို အဆက်မပြတ် ပြုလုပ်ရန်သာလိုပါသည်။

အကုသိုလ်အန္တရာယ်များ ကြားဖြတ်မ၀င်နိုင်ရန် သရဏဂုံ နှင့် သီလကို မပျက်အောင် ကျိုးပေါက်ပြောက်ကျားမရှိအောင် အထူးစောင့်စည်းခြင်း၊ စောင့်ရှောက်ထိန်းသိမ်းခြင်း၊ အမြဲတမ်း ဘုရားရှိခိုး၍ ပရိတ်မေတ္တာ ဘာဝနာတို့ကို ပွားများ၍နေခြင်း၊ သမထ-၀ိပဿနာတို့ကို သင့်လျော်သလို အားထုတ်ခြင်း၊ ဒါနကုသိုလ်ကို သင့်လျော်သလို ပြုလုပ်ခြင်း… စသည်ဖြင့် ကုသိုလ်တရားဖြင့် ထုံမွမ်းနိုင်ရန်၊ ကုသိုလ်ကံ စေတနာ အားသေးမသွားရန် အရေးကြီးပါသည်။

***အဘယ့်ကြောင့်ဆိုသော် ၀ဋ်ကြွေးအန္တရာယ်တို့မှာ ကုသိုလ်ကံ အားနည်းအားပျော့နေချိန်တွင် ၀င်ရောက်တတ်သောကြောင့်ပင် ဖြစ်ပါသည်။***

ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း) ဆရာတော်ဖြေကြားသည်။
Buddhism Beams(myanmar) (http://www.buddhismbeams.com/2013/09/blog-post_8624.html မှယူပါသည်)

ပုဂ္ဂိုလ်စောင့်၊သိုက်စောင့်ဟူသည်




ဓမ္မမိတ်ဆွေတစ်ဦးမေးလာသည့် မေးခွန်းတစ်ခုမှာ အချို့သောသူသည် သိုက်ဆက်နီးလွန်းအားကြီးသဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များကြုံဖူးကြားဖူးသည်ဟု ဆိုသည်။ မှန်မမှန်နှင့် ဘုရားဟောမည်သို့ရှိသည်နှင့် ဖြေရှင်းပေးရမည့် မေးခွန်းဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန်ပစ္စည်းများ ထာပနာသိမ်းဆည်းများ ထားသိုရာနေရာတစ်ခုဟု စာရေးသူသိထားပါ သည်။ သို့သော် သိုက်ဟုဆိုလိုက်လျှင် အဖိုးတန်ပစ္စည်းများသာမက လျှို့ဝှက်ဆန်းကျယ်သော မှော်ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။ သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသားချည်းဖြစ်ချေသည်။

အချို့က သိုက်ဖွားဟုဆိုပြီး လျှို့ဝှက်ဆန်းကျယ်မှုနှင့်ကြုံသည်။ ကူညီစောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီစောင့်ရှောက်သနည်း။ ကြားဖူးသည့် ဖြစ်ရပ်တစ်ခုအရ သိုက်အတူတူ စောင့်ခဲ့သူ တစ်ဦးသေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံစောင့်ရှောက်သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန်လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။ သိုက်၊နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှုမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့်ဖြစ်ပြီး သူ့ဘုံတွင် အမြဲတည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ ၍ အောက်မှ အထပ်အထိ ရှိသည်။ စတုမဟာရာဇ်နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေးမစုံ၊ ဘုန်းကံမမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီးရှစ်ထပ်၌ ငရဲသားများအဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက်ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျသွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆိုရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ်ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာဘုံဌာနဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေသည်။

(ဤတွင်စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာများလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူတင်ပြသော ၃၁ ဘုံမှာ အမှန်တကယ်တည်ရှိသော ဌာနများဖြစ်သည်ဟု မြတ်စွာဘုရား မှ ဟောကြားခဲ့ချေသည်။ ထိုဘုံအလိုက်အထိုက်တွင်လည်း ပွင့်ဖူးခဲ့သော ဘုရားအဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြဆုံးမခဲ့သည်ဟုလည်း သိရသည်။ အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။ ကျေးဇူးဆပ်ပုံမှာ အဘိဓမ္မာတရားအကျယ်ဟောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအဘိဓမ္မတရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည်ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံအမှန်တကယ်ရှိသည်ဟုလည်း ထောက်ပြနိုင်သည်။)

သိုက်အကြောင်းကိစ္စပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင်စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူယုံကြည်သည်။ သိုက်စောင့်နတ်အမျိုးမျိုး အထွေထွေ အားလုံး သည် ဘုရားထာပနာဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရားထာပနာစောင့်ကြပ်ရသော မြွေ၊ နဂါးစသည်ဖြင့် အမျိုးမျိုးရှိချေသေး သည်။

တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီးအချိန်) လောဘဇောတက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်းဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်းဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ်မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော်လည်းကောင်း၊ အသူရကာယ်သော်လည်းကောင်း ဖြစ်ကြရသည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေးတို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟုဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်းဥစ္စာကိုအစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့စောင့်ကြပ်သော ပစ္စည်းဥစ္စာအပေါ် နှောက်ယှက်လိုသူတို့နှင့် ကြုံတွေ့ရသော် နည်းလမ်းအမျိုးမျိုးဖြင့် ခြောက်လှန့်မောင်းထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု၊စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓကတစ်ခုအရ အမျိုးသားတစ်ဦးသည် သူချစ်သော အမျိုးသမီးကို စွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာဘုံဘဝသို့မရောက်နိုင်ပဲ လောဘစိတ်အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ရောက်ရသည်။ ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင်ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူတစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံနှောင့်ယှက်ခြင်းများ ပြုတတ်ချေသည်။

ဤတွင် အကြောင်းမဲ့ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက်နှောင့်ယှက် (သို့မဟုတ်) ကူညီဖေးမမှုကိုခံရသည်။ (ဥပမာနောက်တစ်ခုအရ။ ။ သေသောကလေး (ကလေးခြောက်)က ဘုံဘဝစွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်းပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့်လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကျွေးကြောင့် လည်း မိမိလုပ်ဆောင်ချက်များကို တားဆီးပိတ်ပင်မှုခံရသည်။ ဥပမာတစ်ခုအရ ဘုရားဟောဇာတ်တော် တစ်ခုတွင် အမျိုးသမီးတစ်ဦးသည် အရိယာတစ်ဦးကို နှုတ်ရေးဖြင့် ဆဲရေးတိုင်းထွာပြုမိသောကြောင့် သူဆဲခဲ့ဖူးသည် ပြည့်တန်ဆာမ ဟူသော စကားလုံးအတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင်သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည်ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက်ဖြစ်မည်ကို ဘုရင်က ကြောက်လှန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံဘုရင်၊ အိမ်ရှေ့မင်းသား များအတွက် ပြည့်တန်ဆာသဘောမျိုးသာ ပျော်တော်ဆက်ဖြစ်စေခဲ့သည်။ (နောက်ဆုံး ဘဝတစ်ခုတွင် ထိုအမျိုးသမီးလည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရချေသည်။) (ဘုရားဟောဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝတစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူးတစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကျွေးဆပ်ရခြင်းမျိုးဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝဆက်တိုင်းအကျိုး ပေးကောင်းရခြင်း မျိုးလည်းရှိသည်။ အိမ်ထောင်ရေးအမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့်သော်လည်းကောင်း၊ မိမိရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက်ကျူးလွန် သည့် အကုသိုလ်ကံတစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။ (ဥပမာ- သူတော်ကောင်းတို့ မဂ်လာကိစ္စခမ်းနားကို ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေးတစ်ခုတွင်သာမဟုတ် သက်ဆိုင်ရာသက်ဆိုင်ရာ အကြောင်းအရာကိစ္စရပ်တိုင်းတွင် ရှေးဘဝအကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခုသဖွယ် ဆက်တိုက်ခံရခြင်းဖြစ်သည်။ ဥပမာ- ချမ်းသာရန် အခွင့်အမြဲကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်းအမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲချမ်းသာရခြင်း စသည်ခြင်းမျိုးဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော် ပုဂ္ဂိုလ်သိုက် စောင့်စောင့်၊ ကံဝဋ်ကျွေးမည်မျှပင် ကျန်ကျန် မိမိလုပ်ဆောင်ရမည်ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံအားထုတ်ရမည်ဖြစ်သော မဂ်ဖိုလ်တရားများကို အစဉ်တစ်ဆိုက်ပွားများကျင့်ကြံအားထုတ်ရချေမည်။

ဘဝများရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှုရှိသလို၊ မကောင်းမှုရှိသဖြင့် ဘုံအထွေထွေတွင် ကြင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကြွတ်လွတ်အောင်၊ အကုသိုလ်ကံ အကျိုးများ အဟော သိကံဖြစ်အောင် နိဗ္ဗာန်ဝင်နိုင်ရန် ပွားများကြင့်ကြံရချေမည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန်ဝင်ခါနီးအထိတွင်ပင် ဆပ်ရမည်ဖြစ်ကြောင်းကို ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပင် သာဓကအဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။

သို့သော် နိဗ္ဗာန်သို့ရောက်လျှင် ထိုကြောင်းကျိုးများလွတ်ကင်းရချေသည်။ သင်ကြားလေ့လာခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုးလွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)

Tuesday, October 1, 2013

ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ





ဘုန်းကြီးက ကိုယ်ကျိုးလေး ကြည့်တဲ့သူကို မကြည်ညိုဘူး၊ ပရဟိတ အများအကျိုးကို ဆောင်ရွက်မှ ကြည်ညိုတယ်၊ သံဃာတွေ နားလည်ထားကြပါ။ အခုရင်းနှီးတယ်၊ နောင်ဘဝတွေ ထပ်တွေ့ရလိမ့်ဦးမယ်။ အညံ့စား မဖြစ်စေနဲ့၊ ဒီဘဝ ပရဟိတဆောင်လို့ သီလလုံလို့ ဒါမှကောင်းမယ်။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ)

တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ စိတ်မငြိမ်မသက် ဖြစ်နေတဲ့အခါ သေသေချာချာ ဆန်းစစ်ကြည့်ကြ၊ ကိုယ့်စိတ် မငြိမ်မသက် ဖြစ်နေရင် တခုခုကို မှီထားမိလို့ပဲဆိုတာ ပေါ်ကြပါလား၊
ဥပမာ-သစ်တုံးကို မှီထားရင် သစ်တုံးလှုပ်ရင် ကိုယ်ပါလှုပ်မယ်၊ သစ်တုံးလှုပ်တာနဲ့ မှီတဲ့သူပါ လှုပ်တာ။ အဲဒါ မှီထားလို့သာ လှုပ်တာ။ တခြားစီနေရင် မလှုပ်ပါဘူး။ သဘောပေါက်ကြပလား။ ဒီဥပမာအတိုင်းပဲ။ တို့ဒကာတွေ စိတ်မချမ်းမသာ ကိုယ်မချမ်းမသာ ဖြစ်နေရင် ရှိနေရင် တခုခုကို မှီနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ။
(မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ)

ဒါကြောင့် လူ့ဘဝ၊ နတ်ဘဝ ရရှိရေးအတွက်လည်း ကိုယ်ကျင့်တရားတွေ၊ သီလတွေ ဖြူစင်ဖို့ မလိုဘူးလား၊ လိုအပ်တယ်၊ နိဗ္ဗာန်ကို ရရှိရေးအတွက်ရော ကိုယ်ကျင့်သီလတွေ ဖြူစင်ဖို့ မလိုဘူးလား၊ ပိုပြီးလိုအပ်ပါတယ်။
(ဖားအောက်တောရ ဆရာတော်)

*သာသနာပြုလုပ်ငန်းဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ လုပ်ငန်းတခုပါ။
* သာသနာပြုချင်ရင် ဝိနည်းနားလည်အောင် လုပ်ရမယ်။
* သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတာ မိမိက သာသနာ့ဝန်ကို ထမ်းဆောင်ရမယ်၊ သာသနာတော်က မိမိရဲ့တာဝန်ကို မထမ်းဆောင်စေရဘူး။
* သည်းခံမှ ကိုယ့်ဂုဏ်သိက္ခာ တက်တယ်။
* ဂုဏ်နောက်ကို လူမလိုက်ရဘူး၊ ဂုဏ်ကသာ လူ့နောက်ကို လိုက်ပါစေရမယ်။
* ရဟန်းတွေဆိုတာ အနေရိုးသားရမယ်၊ အသိဉာဏ်ဘက်ကျတော့ ဆန်းကြယ်စေရမယ်၊ လူများနဲ့ ရောရော နှောနှောလည်း မနေရဘူး၊ ကင်းနိုင်သမျှ ကင်းအောင်နေရမယ်။
(ရွှေကျင် သာသနာပိုင် မြောင်းမြဆရာတော်ကြီး)

၁။ တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏၊ သစ်ရွက်စိုကို မတတ်နိုင်။
၂။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏၊ မေတ္တာဖျန်းသူကို မတတ်နိုင်။
၃။ မသူတော်ကိုမှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။
၎။ ဒါနပြုသူနှင့် ညှဉ်းဆဲသော မသူတော်ကို အတူမေတ္တာပို့ရသည်။
၅။ သမုဒ္ဒရာရေ မီးကြောင့်မကျွမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊
ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
(ပထမရွှေကျင်ဆရာတော်ကြီး)

အကြင်အိမ်မှာ မိန်းမများတယ်၊ ယောက်ျားနည်းတယ်ဆိုရင် အဲဒီအိမ်ကို သူခိုးတွေ၊ ဓားပြတွေက နှိပ်စက်နိုင်သလို
အကြင်ပုဂ္ဂိုလ်တွေမှာ မေတ္တာမများဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေကို နတ်ဘီလူးတွေက နှိပ်စက်နိုင်တယ်။

အကြင်အိမ်မှာ ယောက်ျားများတယ်၊ မိန်းမနည်းတယ်ဆိုရင် သူခိုး၊ ဓားပြတွေက ရုတ်တရက် မတိုက်နိုင်၊ မခိုက်နိုင်ဘူး။
ထို့အတူပဲ မေတ္တာပွားများတဲ့ အိမ်ဆိုရင် နတ်ဘီလူးတွေက မနှိပ်စက်နိုင်ဘူး။ နတ်ဘီလူးတွေက မနှိပ်စက်နိုင်ဘူးဆိုရင် နတ်ဘီလူးတွေလို တန်ခိုးကြီးတဲ့လူသားတွေ ဒီပြင်ပုဂ္ဂိုလ်တွေက ဘယ်သွားနှိပ်စက်နိုင်မတုန်း၊ ဒါကြောင့် မေတ္တာခြုံရင် လုံတယ်တဲ့။ ဘယ်အန္တရာယ်မှ မရောက်ဘူး၊ ဘယ်ဘေးမှ မရောက်ဘူး။
(သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ)

ပြဿနာတစုံတခု ရင်ဆိုင်ဖို့ ကြုံတွေ့လာလျှင် စိတ်လှုပ်ရှားလွန်းပြီး ဗျာမများစေရ၊ စိတ်အာရုံတွေးဆချက် ခေါင်ပြီး အကျိုးမပြီးရာဘက် ချော်မသွားစေရ၊ အမြင်မှန်ရောက်အောင် ကြည့်တတ်ရမည်။ စကားနှုတ်ထွက် မကောင်းသူ၊ စိတ်ပျက်ဖွယ်ရာပြောတတ်သူ၊ အရေးထဲတွင် ပြောင်လှောင်နေတတ်သူ၊ မင်္ဂလာမရှိသော နိမိတ်မကောင်း ပြောတတ်သူများကို ရှောင်ရှားရမည်၊ ရှောင်၍ နေတတ်ရမည်။
(တောင်တန်းသာသနာပြု ဦးဥတ္တမသာရ)

*ပြောမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိသူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
* ပြောဆဲမှာလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိသူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
* ပြောပြီးပြန်လည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိသူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
(ချမ်းမြေ့ရိပ်သာ ဆရာတော်)

လူဆိုတာ အလုပ် လုပ်ရတယ်၊ လူတိုင်း လူတိုင်းဟာ အလုပ်လုပ်တာချည်းပါပဲ။ တို့ဒီဘုံလောကကြီးက အလုပ်လုပ်ရတဲ့ ဘုံကြီးပဲ၊ အလုပ်မလုပ်တဲ့သူဟာ အောက်ကျနောက်ကျ ဖြစ်သွားတယ်။ မိခင်ဝမ်းကကျွတ်လာတဲ့ မွေးကင်းစ ကလေးသူငယ်ဟာ သူ ဝမ်းဝဖို့အတွက် မိခင်နို့ စို့ရတယ်။ ဒါလည်း အလုပ်ပဲပေါ့။ စို့ယူရတဲ့ အလုပ်ပေါ့။ အူဝဲ--အူဝဲ ငိုနေရုံနဲ့ မပြီးသေးဘူး။ စို့ယူရတဲ့အလုပ်ကို လုပ်မှ ဝမ်းဝပြီး အဆာပြေမယ်။ ဒါကြောင့် ကြီးပွားလိုသူတိုင်း နေ့စဉ် အလုပ်လုပ်ကြပါ။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ)

စိတ်အလိုမကျသူအပေါ်၌ အပြစ်များစွာဖို့ပြီး မုန်းစိတ်တွေ မွေးမြူနေမိလျှင် မိမိသာလျှင် ဦးစွာအမှားပြုသူ ဖြစ်၏။ အခြားသူများ၏ရှေ့တွင် မလိုသူ၏အပြစ်ကို ထပ်ပြန်တလဲလဲ မပြောအပ်ပါ။
(တောင်တန်းသာသနာပြု ဦးဥတ္တမသာရ)

ရဟန်းဆိုတာ ဒကာ ဒကာမတွေကို ဆေးပေးရမှာ မဟုတ်ဘူး၊ ယတြာချေမပေးရဘူး၊ ဗေဒင်ဟောပေးရမှာ မဟုတ်ဘူး၊ သူတို့ကို အသိဉာဏ်ပွားအောင် မေတ္တာဓာတ်လွှမ်းခြုံပြီး တရားဟောပေးရမှာ၊ မေတ္တာပို့ပေးရမှာ။
ရဟန်းရဲ့ အရှိန်အစော်ဟာ သီလပဲ၊ သီလမရှိတဲ့ရဟန်း အရှိန်အစော် မရှိဘူး။ သမာဓိ-ပညာ ဆပ်ပြာတိုက်မှ ကိလေသာ အညစ်အကြေး ကင်းဝေးပြီး သီလစင်ကြယ်မယ်။ ရဟန်းဘဝဆိုတာ တယောက်တည်း ချမ်းသာအောင် နေရတယ်။ တယောက်တည်း နေရတဲ့အထဲမှာ ရဟန်းဘဝဟာ အချမ်းသာဆုံးပဲ။
(တိပိဋကဓရ ယော-ဆရာတော် ဦးသိရိန္ဒာဘိဝံသ)

လိမ်လည်မှု၊ အဆန်း၊ အပွေ၊ အရှုပ်တို့ဖြင့် ပစ္စည်းဥစ္စာဘောဂ ကြွယ်ဝအောင်ပြုလုပ်၍ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းတို့ကို ပြုလုပ်ကာ အသက်တရာရှည်အောင် နေသည်ထက် တရားနှင့်အညီ အသက်မွေးမှုကိုပြု၍ တမနက်သာ အသက်ရှင်သူက လူကြည်ညို၊ နတ်ကြည်ညို၊ ထိုသူသာ ပိုအမြတ်ဆုံး ဖြစ်၏။
(လယ်ီဆရာတော်ကြီး)

အေး--ချမ်းသာချင်ရင် မိမိကိုလည်း မချစ်နဲ့၊ သူတပါးကိုလည်း မချစ်နဲ့၊ ချစ်လျှင် ဒုက္ခရောက်တတ်တယ်။ ချစ်ခြင်းသမုဒယဟာ ဒုက္ခကိုသာ အကျိုးပေးတယ်။
အဲ--ချစ်တယ်ဆိုတာ မသိလို့ချစ်တာ၊ သိလျှင် မချစ်ဘူး၊ အဲဒါကြောင့် မသိလို့ လိုချင်၊ လိုချင်လို့ စွဲလမ်း၊ စွဲလမ်းတော့ ပြုလုပ်၊ ပြုလုပ်တော့ ရရှိ၊ ရရှိတော့ ခံရ၊ ခံကြပေတော့။
(စွန်းလွန်းဆရာတော်ကြီး၊ မြင်းခြံ)

ဝတ်ချတာတွေ့လို့ ဘာလုပ်တာလဲမေးရင် ပြန်ပြောတတ်ရမယ်၊
တို့က သစ်သားဆင်းတုကြီးကို ရှိခိုးနေတာ မဟုတ်ဘူး၊ သစ်သားဆင်းတုကြီးကို ကိုယ်စားပြုထားတဲ့ မြတ်စွာဘုရားကို ရှိခိုးတာ၊ အဲဒါ ပြောပြတတ်ရမယ်၊
သစ်သားဆင်းတုကို ရှိခိုးတာ ဒါ အရုပ်ပဲ---ဘာထူးလဲ၊
အမှန်အတိုင်းပြောရင် ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ဘုရားကိုကြည်ညိုနေလို့သာ အမြတ်တနိုး ကိုးကွယ်နေတာ။ အပြင်လူတယောက်အနေနဲ့ ပြောမယ်ဆိုရင် ဘာထူးခြားလဲ။ တခြားအရုပ်တခုနဲ့ သစ်သားထုထားတာ ဟုတ်တယ်မဟုတ်လား၊ ဒါ့ကြောင့် တို့က သစ်သားရုပ်တင် ရပ်နေတာ မဟုတ်ဘူး၊ သစ်သားဆင်းတုတော် ကိုယ်စားပြုထားတဲ့ မြတ်စွာဘုရားဆီကို စိတ်ကရောက်ပြီးတော့ အဲဒီမြတ်စွာဘုရားကို စိတ်ကရောက်ပြီးတော့ အဲဒီမြတ်စွာဘုရားကို ရှိခိုးတာ အရိုအသေပေးတာပဲ။
(အရှင်သီလာနန္ဒာဘိဝံသ၊ ဓမ္မာနန္ဒကျောင်း၊ ဟတ်မွန်းဘေးမြို့ အမေရိကန်)

ဒကာ ဒကာမတွေကလည်း မိမိတို့ ကိုးကွယ်နေတဲ့ ရဟန်းကို ကုသိုလ်မျိုးစေ့ စိုက်ပျိုးရာ လယ်မြေသဖွယ် နှလုံးသွင်းပြီး လှူဒါန်းဖို့၊ ကိုးကွယ်ဆည်းကပ်ဖို့ လိုပါတယ်၊ စိုက်ပျိုးရာမှာ မြေသြဇာ ကောင်းတဲ့လယ်မြေက အရေးကြီးပါတယ်၊ အဲဒီလိုပဲ အလှူခံရဟန်းမှာလည်း သီလစသော မြေသြဇာကောင်းများနဲ့ ပြည့်စုံဖို့လိုပါတယ်။
(မဟာစည်ဆရာတော်)

သုစရိုက်တရား ကျင့်သူတို့အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း---အားလုံးအကောင်းချည်းဖြစ်၍ မကောင်းသော နက္ခတ်၊ မင်္ဂလာ၊ အခါမရှိ၊ သူတော်ကောင်းတရား ကျင့်ရန်သာလိုသည်။
(သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ)


* စိတ်ဆိုးတဲ့သူ၊ ခွေးနဲ့တူ၊
ခွေးဟူတုံက၊ လှမလှ
သွားဖြဲပြ၍ ဟိန်းတော့သည်...
အေး--ဒေါသဆိုတာ ကိုယ့်ကို ဦးစွာဖျက်ဆီးပြီး သူတပါးကိုလည်း ဖျက်ဆီးပါတယ်။
ဒေါသကို မေတ္တာက နိုင်ပါတယ်။ ဒေါသကြီးသူဟာ မေတ္တာဘာဝနာ ပွားရပါတယ်။
မေတ္တာဘဝနာ မပွားရင် ဒေါသဟာ ကြီးသည်ထက် ကြီးလာပါတယ်။
(ဓမ္မဒူတ အရှင်ပညာဇောတ)


စိတ်ကို အလိုမလိုက်ရဘူး၊ ကြီးပွားချင်တဲ့လူဟာ စိတ်ခိုင်တိုင်း လိုက်မလုပ်ရဘူး၊ ကိုယ့်စိတ်ကို ကိုယ်ထိန်းသိမ်းနိုင်ရတယ်။
ဟယ်...စိတ် နင်ခေါ်ရာ ငါမလိုက်နိုင်ဘူး၊ နင်ခိုင်တိုင်း ငါ မလုပ်နိုင်ဘူး၊ နင်ထားရာ ငါ မနေနိုင်ဘူး”
အဲဒီလို သတ္တိမျိုးရှိရတယ်။ ဒါမှ ကြီးပွားတယ်၊ ချမ်းသာတယ်၊ စိတ်ကိုနိုင် သေတိုင် မဆင်းရဲတဲ့။
ကိစ္စတခုဟာ ပြီးသွားတာကောင်းတယ်၊ ပြီးတာချင်း တူရင် ပြည့်စုံတာ ကောင်းတယ်၊ ပြည့်စုံတာချင်းတူရင် အချိန်တိုတာ ကောင်းတယ်။

(ပဲခူး ကြခတ်ဝိုင်း ဆရတော်)


မအေးလှ/ နဘား စုဆောင်းသည်
(ဂမ္ဘီရ ၂၀၀၆-၁၁)
မင်္ဂလာသတင်းစဉ်

"မင်္ဂလာရှိသော နေအိမ်"



မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။

(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။

(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
ပို၍ ယုံကြည်မှု လေးနက်လာသည်။

(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု
ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ
ရှိလာသည်။

(၄) ကုသိုလ်တရားများ တိုးပွားလာသည်။

(၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားစင် ဘုရားရှင် ရှေ့ တော်သို့ 
သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်
အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။
အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး
စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။

(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏
အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ့  နေနိုင်ပါသည်။

(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း
သုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊
လူ့ ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

(၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း
နေရသကဲ့သို့  ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။

(ဗုဒ္ဓဘာသာကောင်း တစ်ယောက် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Sunday, September 29, 2013

“ ဧရာဝတီမြစ်လယ်မှာ ထူးခြားတင့်တယ်စွာ တည်နေတော်မူသော အညာသီဟတောရေလယ်စေတီတော်


 ” Facebook ပေါ်မှ ဓမ္မမိတ်ဆွေများဖူးမြင်နိုင်ရန် .. Young Buddhist's Association ဓမ္မဒါန။ တည်နေရာ - သပိတ်ကျင်းမြို့နယ်(တဖက်ကမ်း)၊ မန္တလေးတိုင်းဒေသကြီး။ Annya Thiha Taw Ye Lai Pagoda on

an  island at the first defile of the Ayeyarwaddy River opposite Thabeik Kyin town in Mandalay Division.


 Young Buddhist's Association

Wednesday, September 25, 2013

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏


အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊


နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ၊

ဒါကို ကြိုတင်ဖြေရှင်းထားမှ သူတို့ဘ၀ အနာဂါတ် မှာသာယာပြီး ချမ်းမြေ့နိုင်ပါမယ်၊ တပည့်တော် သိချင်တာက အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေ ကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူမှု့ရေး အရ လူကြီးတယောက်အနေနဲ့ ကူညီပေးမိပါတယ်၊ အဲဒီလို ကူညီတာဟာ ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား --
သိလိုသူ - ဒကာမတစ်ဦး

မေးသင့်တဲ့ မေးခွန်း၊ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ သိပ္ပံပညာ နည်းပညာတွေ ထွန်းကားပြီး ရုပ်ဝါဒ ဆန်လာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ သိမ်မွေ့နူညံ့ပြီး စဉ်းစားရခက်စေတဲ့ မေးခွန်းမျိုးပေါ့၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတာ ဒါမျိုး အခြေအနေ ထင်ပါရဲ့၊ နားလည်လွယ်အောင် ဘုရားဟော တရားတော်တွေကို ထောက်ဆ ဖြေပေး၇ရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ပဲ အတိုချုပ် မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်တော့တာပါပဲ၊

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။
ယခုခေတ်အခါ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဘယ်လိုပုံစံ လုပ်ရင်ဖြင့် ကိုယ်ဝန်ကျစေနိုင်တယ် စသဖြင့် မိမိပါးစပ်က နည်းလမ်းပြကာ ပြောဆိုနေစဉ်ပင် စိတ်ကလဲ ကိုယ်ဝန်ကျစေ ( တနည်းအားဖြင့် သေစေလိုတဲ့ စေတနာက ပြဋ္ဌာန်းနေတဲ့အတွက် ) ကိုယ်တိုင် သတ်သလိုပါပဲ၊ ဒါကြောင့် အကုသိုလ် မဖြစ်လိုလျင် ဝေေ၀းရှောင်နိုင်လေ အကုသိုလ်ကင်းလေ လို့ပင် ဆိုရပါလိမ့်မည်၊

နောက်ရှောင်လွှဲနိုင်တဲ့ တနည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် ( ၇ ) ရက်ကျော်လွန်လျင် ကလလရေကြည်တည်တယ် လို ဆိုပါတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ၇ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့်
ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ ယခုခေတ် ဆေးဆရာဝန်များကတော့သန္ဓေသား ၄ လ ပြည့်မှ
အသက်ဝိဥာဉ် ရှိတယ်၊ ဥပမာ နှလုံးခုန်လာတယ် အသက်ရှုလာတယ် လို့ ဆိုပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဘုရားဟောသည့်အတိုင်းကြိုတင်ကာကွယ်တာက အသေချာ
ဆုံးလို့ ယုံကြည်ပါတယ်၊
ဒါကြောင့်လဲ ၇ဟန်းတော်များရဲ့ပါရာဇိက ၄ ပါး အပြစ်ကြီး အာပတ်ကြီးထဲမှာ လူတယောက် အသက်ကို ဘယ်လိုအကြောင်းကြောင့်မှ မသတ်ရဘူး၊ နောက်ဆုံး ပါးစပ်နဲ့ သတ်ခိုင်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူရဲ့ အနားမှာ ကတ်ကြေး ဒါး သံချွန် စသည် ထားပေးတာပဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူး၊ သေမည့်သူကို အားပေးအားမြှောက်လဲ မပြောရဘူး၊ ရဟန်းတော်များဟာ ကိုယ်ဝန်ဆောင်မိခင်သည်ကိုလဲ ဘယ်ဆေးကို သောက်လိုက်၊ ဘယ်လို လုပ်လိုက်ရင် ကိုယ်ဝန်ကျစေရမယ် စသည်ဖြင့် ယောင်လို့တောင် ပါးစပ်နဲ့ မပြောကောင်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း သန္ဓေလောင်းကလေး သေလို့ကတော့ ရဟန်းဘ၀ ဆုံးရှုံးတော့ပါတာပါပဲ။ ဒါကြောင့် ပါဏာတိပါတအပြစ်ဟာ ထင်ရှားသိသာတယ် လို့ ထင်ရပေမယ့် သိပ်ပြီး နူညံ့တဲ့ အကုသိုလ်ဆိုလဲ မမှားပါဘူး၊
လူမှု့ရေးတခုကိုသာ ကြည့်ရင် ခွင့်လွှတ်နိုင်စရာ လို့ ထင်ရပေမယ့် အပြစ်ဟာ အပြစ်ပါပဲ၊ ဒီနေရာမှာ ကိုယ်တိုင်သတ်ပုံ ၊ သေစေပုံ နည်းလမ်းတွေကို ဗဟုဿုတအဖြစ် ရှာဖွေထုတ်နှုတ်တင်ပြလိုက်
ပါတယ်။

ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊

(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။
ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊

အထက်ပါအချက်အလက်တို့ကိုထောက်ရှု့သောအားဖြင့်ယခုခေတ်တွင်မရှူ့မလှဝေဒနာခံစားနေရ
သော လူနာအား ထိုးဆေးထိုးကာ အနားပေးစေခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ခွင့်ပြုမိန့်စသည်ရယူကာ ဖျက်ချစေခြင်း၊ လူမှုရေး ပရဟိတ လုပ်နေသူတိုင်း မကင်းနိုင်သော NGO အဖွဲ့အစည်း၊ UniCef စသောအဖွဲ့အစည်းများလဲ သတိထားသင့်တယ် လို့ စာရေးသူကတော့ သတိပေးလိုပါတယ်၊
ဥပမာ - တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊

 ဒါကြောင့် နုးညံ့သိမ်မွေ့တဲ့ ပါဏာတိပါတတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ လူမှု့ဒုက္ခတွေကို ဖြေရှင်းနိုင်ကြပါစေ လို့ မေတ္တာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

 အရှင်သုနန္ဒာလင်္ကာရ
 ..............................
 http://www.dhammayaungchi.com/2010/06/blog-post_07.html
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ

၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

သာသနာတော်သုံးရပ်

၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး

၁။ ဘုရား
၂။ တရား
၃။ သံဃာ


ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်

သံဝေဇနိယ လေးဌာန

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

သတ္တဌာန ခုနှစ်ပါး

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော်ကိုးပါး

၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး

၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး

၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

အနှစ်သုံးပါး

၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ

ပစ္စည်းလေးပါး

၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း


ဆွမ်းအကျိုး ငါးပါး

၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး

၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး

၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး

၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး

၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး

၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။

အပယ်လေးပါး

၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်

ကပ်သုံးပါး

၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

ရပ်ပြစ်ရှစ်ပါး

၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး

၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား လေးပါး

၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရား ငါးပါး

၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

ကိလေသာ သုံးပါး

၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

ကာလ သုံးပါး

၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

အဂတိတရား လေးပါး

၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး

၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး

၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း

ကံသုံးပါး

၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ

၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

ပိဋကတ် သုံးပုံ

၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ

စေတနာ သုံးတန်

၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ


လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )

ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

လောက သုံးပါး

၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက

ဗြဟ္မစိုရ်တရား လေးပါး

၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား

သမ္ပတ္တိတရား လေးပါး

၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။

သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

ခန္ဓာ ငါးပါး

၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ

သစ္စာ လေးပါး

၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၎။ မဂ္ဂသစ္စာ

စေတီ လေးမျိုး

၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၎။ ပရိဘောဂစေတီ

ဥပါယ်တံမျဉ် လေးမျိုး

၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

Monday, September 23, 2013

ငရဲဟူသည် အဘယ်နည်း



ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။
ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလိုက်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။

စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။
ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။

မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေး ဆပ်ခဲ့ ရခြင်းကြောင့် ယင်း အလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီက တည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။

ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရော ရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁ အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက် သည် လူတို့နှစ် ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့် ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏ အကျဉ်းချုပ်ကိုသာဖော်ပြမည်။

သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ

ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ

သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ

ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ

မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ

တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ

မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ

မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ

ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။ ထို့ပြင် ငရဲကြီး တစ်ထပ် တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။

အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေး ငယ်နေချေသေးသည်။ တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊ သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့ ကြိမ်းသေရောက်ရသည်။

ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။
ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။ အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။

ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင် ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။ အားလုံး အမှား ကိုယ်စီရှိကြချေ သည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။ အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများ အားဖြင့်) ငရဲ ဘုံနှင့် အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။

မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့် နည်း။ မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ မိမိကိုယ်တိုင်သာ ဖန်တီး သည်။ မည်သည့် တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွား မည်ဘုံ ကိုယ်တိုင်သာ ဖန်တီးသည်။

ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။ မိမိ ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင် မှာ သေခါနီး (စုတိခါနီး) မိမိထားသော စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည် စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန် ဒုက္ခတိ ဘုံများ သို့ရောက် ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။

သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင် ပြုဖူးသည့် ကုသိုလ်ကံ တစ်ခု ထင်ခြင်းကြောင့် လည်း သုခတိဘုံများသို့ ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါ နီးဖြစ်ပေါ်သော စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး ပါမည်။)

ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည် နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။ ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။

ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကု သိုလ် မည်သည်တို့က အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ သုံး သပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင် များပြားလှသည်။ ဒုက္ခ များ အင်မတန် ထူပြောလှသည်ဟုပင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲ မကြောက်။ အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ် မဟောကြား ပဲထား ထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့် ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။

ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည် ပူများသာ ရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံ ဟူသည် ထိုဘုံ ဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။

ထောက်ပြစရာအချက်ကျန်သေးသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။

မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ် မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံး အမ ကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။ သို့သော် မြင်နိုင်ကြလော။ အာရုံ၏ အမှန် ကိုမြင်နိုင်ကြလော။ မှားမှန်း သိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု သိပေသော်ငြား လည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။ အနီးစပ်ဆုံး မိမိရုပ်၊ နာမ် တွင်ဖြစ် တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊ ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင် ရန် ဝေး လှချေသေး၏။ အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။

နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။ သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသား အရေ အတွက် မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း ၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။

မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ် တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။ ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့် ကိစ္စရပ် တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ် ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့် မိမိ ရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး တရားပွားများကြင့်ကျံကာ သံသရာလော ကမှ လွတ်မြောက်စေရန် လမ်းညွန်ဟောကြားခဲ့ချေသည်။

စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။

ကိုးကား - အဘိဓမ္မာ
အောင်ခမ်း (ရိုးရာလေး)
BY ရိုးရာလေး

Saturday, September 21, 2013

"... သေရမှာမကြောက်သူ (၄) ဦး ..."



၁။ ငါးဖြာအာရုံကာမဂုဏ်တို့၌ တွယ်တာမှု့ကင်းနေသူဖြစ်၏။
လက္ခဏာရေးသုံးပါးတင်၍မြင် ထားသူဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့
သန္တာန်သို့  ရောဂါဝေဒနာ ရောက်လာသော်လည်း ထိုပုဂ္ဂိုလ်တို့က
သေရမှာ မကြောက်။ အဘယ် ကြောင့်ဆိုသော် သုဂတိ (ဝါ)
နိဗ္ဗာန်ကို မြင်ထားသောကြောင့် ဖြစ်သည်။


၂။ ခန္ဓာကိုယ်ပေါ်၌တွယ်တာမှု့ ကင်းနေသူဖြစ်၏။ လက္ခဏာရေး
သုံးပါးတင်၍မြင်ထားသူဖြစ် သည်။ ထိုပုဂ္ဂိုလ်မျိုး၏ သန္တာန်သို့
ရောဂါ ဝေဒနာရောက် လာသော်လည်း ထိုပုဂ္ဂိုလ်တို့ကသေရမှာ
မကြောက်၊။ အဘယ်ကြောင့် ဆိုသော် သုဂတိ(ဝါ)နိဗ္ဗာန်ကိုမြင်ထား
သောကြောင့်ဖြစ်သည်။


၃။ အကုသိုလ်တွေနည်းပါး၍ ကုသိုလ်တရားများသူဖြစ်သည်။
လက္ခဏာရေးတင်၍ ဝိပဿနာ ဖြင့်နေသူလည်းဖြစ်၏။ ထိုပုဂ္ဂိုလ်
မျိုးတို့ သန္တာန်သို့ရောဂါဝေဒနာ ရောက်လာသော်လည်းထိုပုဂ္ဂိုလ်
တို့ကသေရမှာမကြောက်။၊ အဘယ်ကြောင့် ဆိုသော်သုဂတိ(ဝါ)နိဗ္ဗာန်
ကိုမြင်ထားသောကြောင့်ဖြစ်သည်။


၎။ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး ဖြစ်ပုံကို သဘောပေါက်ထား၍
သံသယဝိစိကိစ္ဆာမရှိ၊။ ဝိပဿနာဖြင့် နေသူလည်းဖြစ်၏။ ထိုပုဂ္ဂိုလ်
မျိုးတို့သန္တာန်သို့ရောဂါဝေဒနာ ရောက်လာသော်လည်း ထိုပုဂ္ဂိုလ်
တို့ကသေရမှာမကြောက်။၊ အဘယ်ကြောင့် ဆိုသော်သုဂတိ (ဝါ) နိဗ္ဗာန် ကိုမြင်ထားသောကြောင့်ဖြစ်သည်၊။


သေရမှာကြောက်သူ (၄) ဦးကား ဖော်ပြခဲ့ပြီးသည့်ပြောင်းပြန်မှတ်ရုံ
သာတည်း။

-

"... သေရမှာကြောက်သူ(၄)ဦး ..."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-


၁။ ငါးဖြာအာရုံကာမဂုဏ်တို့ကိုမစွန့်နိုင်သူတစ်ဦး။

၂။ မိမိခန္ဓာကိုခင်တွယ်သည့်ပုဂ္ဂိုလ်တစ်ဦး။

၃။အကုသိုလ်တွေများလွန်သူတစ်ဦး။

၎။ ပဋိစ္စသမုပ္ပါဒ်အရအကြောင်း ဖြစ်လို့အကျိုးဖြစ်၊ အကြောင်းချုပ်
လို့အကျိုးချုပ်တယ်ဆိုတာကို မသိ၍ ဝိစိကိစ္ဆာ ရှိနေသူတစ်ဦးတို့
ဖြစ်ကြပါသည်။

• အသေမကြောက် လူလေးယောက် ထဲတွင် ကျွန်ူပ်တို့ ပါဝင်နိုင်အောင်
ကြိုးစားဖြည့်ဆည်း ကျင့်ကြံပွား များအားထုတ်ကြပါစို့။

{ကျေးဇူးတော်ရှင်မိုးကုတ်ဆရာ တော်ဘုရားကြီး၏တစ်ဘဝသာသ
နာစာအုပ်မှကောက်နှုတ်တင်ပြပါသည်}

သေခြင်းကင်းရာပြည်နိဗ္ဗာန်သို့ ရရာ ရကြောင်း ရောက်ရာ ရောက်
ကြောင်း အကျင့်ကောင်းတရားတို့ ကိုကြိုးစားပွားများအားထုတ်နိုင်ကြ
ပါစေလို့ဆုတောင်းမေတ္တာများပို့သပါတယ်။

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။


— ဓမ္မဒါနအဖြစ် Jame Long မှကူးယူဖော်ပြပေးပါသည်
သူတော်ကောင်းတို့ လျှောက်သောလမ်း

Related Posts Plugin for WordPress, Blogger...