
ဝေဘုန်းလူဟိုတယ်တစ်ခုတွင်သူငယ်ချင်းနှင့်အတူ မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံထားရသည့် လိဒ်အသင်းလူငယ်ကစားသမား ဆိုင်မွန်လန်နစ်ဟမ်သည် ယင်းကျူးလွန်မှုအား ဖုန်းကင်မရာဖြင့် ဗွီဒီယိုရိုက်၍ပင်မှတ်တမ်းတင်ခဲ့ကြောင်း အမှုကိုစစ်ဆေးနေသည့်တရားရုံးမှ တရားသူကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။အသက် ၁၉ နှစ်အရွယ်ရှိ ဆိုင်မွန်သည် အဆိုပါပြစ်မှုကို သူငယ်ချင်းဖြစ်သူ နသန်ကမ်းဘဲလ်နှင့်အတူ ၂၀၁၂ သြဂုတ်လက လိဒ်မြို့ရှိ အီတက်ဟိုတယ်တွင်ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခြင်းခံထားရသူဖြစ်သည်။တရားလို...