Saturday, August 24, 2013

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား

ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။ အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြ တဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေအုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ်ဖန်တီးတဲ့ ထူးခြားချက်လေးတွေကို...

ကျန်းမာရေးအတွက် ပဲပင်ပေါက်

ပဲရဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အညှောက်ပေါက်သွားတဲ့အခါမှာ အမြင့်ဆုံးဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ အမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့...

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။အသည်းရဲ့  လုပ်ငန်းဆောင်တာ တွေကို ဟန်ချက်ညီစေပါတယ်ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊...

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။ Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။...

"ကင်ဆာနှင့် ဒူးရင်း သြဇာ"

ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော ကင်ဆာ ဆိုတာနဲ့လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့်...

မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်နားလိုက်ရ

တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း တည်ဆောက်တော့မည် မဟုတ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ခုနှစ်အတွင်း ယင်းစီမံကိန်းကို ရပ်နားလိုက်ခြင်းသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် မြေဈေးနှုန်းမြင့်မားမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက သြဂုတ် ၂၃ရက်နေ့က ပြုလုပ်သည့် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။“စီမံကိန်းတစ်ခုလုပ်တော့မယ်ဆိုရင် ...

ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်

နေပြည်တော်၊ သြဂုတ် ၂၃အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တ...စ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ...

ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံကြီးများတွင် သမိုင်းအချက် အလက်များ ကမ္ပည်း ရေးထိုးမည်

ရန်ကုန် သြဂုတ် ၂၃ နိုင်ငံတကာမှ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ လှည့်ပတ်ကြည့်ရှုလေ့ ရှိတတ်သော ရန်ကုန်မြို့ မြို့လယ်ပိုင်းရှိ ဆူးလေဘုရားအနီး တစ်ဝိုက်တွင် တည်ရှိသည့် ရှေးဟောင်း အဆောက်အအုံကြီးများတွင် ၎င်းတို့နှင့် သက်ဆိုင်သည့် သမိုင်းမှတ်တမ်း အချက်အလက် များအား ကမ္ပည်းရေးထိုးခြင်းတို့ကို လာမည့် စက်တင်ဘာလ ဆန်းပိုင်းလောက်မှ စတင် ဆောင်ရွက်သွားရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ...

ဗြိတိန်တော်ဝင် လေတပ်တွင် ပထမဆုံး အမျိုးသမီး လေတပ် ဗိုလ်ချုပ်ခန့်အပ်

လန်ဒန် သြဂုတ် ၂၃ ဗြိတိန်တော်ဝင် လေတပ် (RAF) သည် ကြယ်နှစ်ပွင့် အဆင့်ရှိ ပထမဆုံး အမျိုးသမီး လေတပ်ဗိုလ်ချုပ် အဖြစ် Elaine West ကို ခန့်အပ်ခဲ့ပြီး အဆိုပါ ခန့်အပ်မှုသည် ဗြိတိန် တပ်မတော်တွင် အမျိုးသမီး အရာရှိများကို ရာထူး နေရာ ခန့်ထားရာ၌ ကန့်သတ်ထားခြင်း မရှိသည်ကို ဖော်ပြ လိုက်ခြင်းဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်းမွန်းက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ Elaine West သည် RAF တွင် ၃၄...

တိုက်လေယာဉ် အစင်း ၆ဝ ဝယ်ယူမည့် တောင်ကိုရီးယား၏ ကန်ထရိုက် စာချုပ် ရရှိရန် အတွက် လော့ဟိဒ်မာတင် ကုမ္ပဏီ ဆက်လက်ကြိုးပမ်း

ဝါရှင်တန် သြဂုတ် ၂၃ တောင်ကိုရီးယား နိုင်ငံသည် ဘိုးရင်း ကုမ္ပဏီနှင့် F-15 Silent Eagle ဂျက်တိုက် လေယာဉ် အစင်း ၆ဝ ဝယ်ယူရေး ကန်ထရိုက် စာချုပ်ချုပ်ဆိုမည့် အနေအထားတွင် ရှိနေသော်လည်း လော့ဟိဒ် မာတင် ကုမ္ပဏီက အဆိုပါ ကန်ထရိုက် ရရှိရေး အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ် ၂၃ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အမေရိကန် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အဆိုပါ ကန်ထရိုက် အတွက် ကုမ္ပဏီတစ်ခု သာလျှင် အရည်အသွေး ပြည့်မီကြောင်း...

ပြန်ကြားရေးဦးဆောင် ဖွဲ့စည်းသည့် ရုပ်ရှင်အစည်းအရုံးကို ဖျက်သိမ်းပြီးနောက် ပထမဆုံး ကိုယ့်သဘောနှင့်ကိုယ် ရွေးချယ်သည့် ရုပ်ရှင်အစည်းအရုံး ဆန္ဒပြခံရ (ဓာတ်ပုံ) - ၁၅ ပုံ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား ၂၀၁၂၊ ဧပြီလတွင် အများဆန္ဒအရ ရွေးချယ်ခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ရုပ်ရှင်၊ ဗီဒီယိုလောကအတွက် တိုးတက်ကောင်းမွန်လာခြင်း မရှိဘဲ အကျိုးများ ပိုမိုယုတ်လျော့လာခြင်းကြောင့် ယခုကဲသို့ စုပေါင်းဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့က ရည်ရွယ်ချက် အနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုလောကသားများဟာ စနစ်သစ်မှာ ထူးထူးရှားရှားပြောင်းလဲမှုမရှိခဲ့ဘူး။ အများနည်းတူ ပြောင်းလဲစေချင်တယ်။ အခုဆိုရင် ရုပ်ရှင်နှင့်ဗီဒီယိုက အများကြီးနောက်ကျကျန်နေတာတွေ့ရတယ်။...

လွှတ်တော်ကိုယ်စားလှယ် လုပ်ပိုင်ခွင့်အလွဲသုံး ပြည်သူများကို ကြိမ်းမောင်း ပြောဆို

ရန်ကုန်၊ သြဂုတ် ၂၂ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ်သည် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ ရပ်ကွက်တွင်း လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်၍ ကြိမ်းမောင်း ပြောဆို နေမှုများ အပေါ် ကာယကံရှင်များက သြဂုတ်လ၂၂ ရက်တွင် ဗဟန်း ရဲစခန်းသို့ တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူရန် ပြောကြား၍ အမှုဖွင့်ရန် ငြင်းဆန်ခဲ့သည်။အမှုဖွင့်ခြင်းနှင့် စပ်လျဉ်း၍ ကာယကံရှင် ဦးမင်းကျော်သူသည် သြဂုတ်လ ၂၁ရက် ည(၉)နာရီ အချိန်တွင် ဇနီးဖြစ်သူ မိဘများ နေထိုင်ရာ ကျိုက္ကဆံ ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာရာ ဥဿဖယား လမ်းထိပ်သို့ အရောက်...

ဝန်းကျင် အပြောင်းအလဲကြောင့် တိရိစ္ဆာန်တို့ ဦးနှောက်ကြီးထွား

အမေရိကန်ပြည်ထောင်စုကသိပ္ပံဓာတ်ခွဲခန်းတခု။ လူ့ယဉ်ကျေးမှုအတွင်း ဆင့်ကဲပြောင်းလဲမှု (Evolution) ဖြစ်စဉ် ဆက်လက်ဖြစ်ပေါ်နေတာကို နို့တိုက်သတ္တ၀ါငယ်တွေရဲ့ ဦးခေါင်းခွံကနေ တိုင်းတာလို့ ရနိုင်ပြီဖြစ်တဲ့ အကြောင်း လေ့လာချက် အသစ်တခု က တွေ့ရှိခဲ့ပါတယ်။ လူသားတွေက နေထိုင်ရာ ၀န်းကျင်ကို ပြောင်းလဲ လာကြတာနဲ့...

ဆီးရီးယားအဆိပ်ငွေ့လက်နက် စုံစမ်းရေး ရုရှားနဲ့တရုတ်ပါဝင်တောင်းဆို

ဆီးရီးယားနိုင်ငံမြို့တော်ရဲ့ ဆင်ခြေဖုံးတခုမှာ အစိုးရက အဆိပ်ဓာတ်ငွေ့တွေ သုံးပြီး တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ နိုင်ငံတကာက တောင်းဆိုနေတာမှာ အခုအခါ ရုရှားနဲ့ တရုတ်နိုင်ငံတွေကလည်း ပါဝင်လာပြီဖြစ်ပါတယ်။ အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့...

လူသားတွေကို အမြဲခြိမ်းခြောက်နေတဲ့ ကိုလက်စထရော

လူသားတွေကို အမြဲခြိမ်းခြောက်နေတဲ့ ကိုလက်စထရော (ကျန်းမာရေး ဆောင်းပါး) (ဧကရာဇ် ဇော်မြင့်) ကိုလက်စထရော (Cholestrol) အလွန်မြင့်မားမှု၊ ကိုလက်စထရော များပြားမှု သည် ခန္ဓာကိုယ်တွင်း အစာချေ ဖျက်မှု သို့မဟုတ် ဓာတ်ပြောင်း လဲမှုဖြစ်စဉ် မူမမှန်ခြင်းဖြစ် ပါတယ်။ ၄င်းသည်လူကြီး ပိုင်း ၃ဝ ရာခိုင်နှုန်းလောက်ကို ဒုက္ခပေး ပါတယ်။  ခန္ဓာကိုယ် အစိတ် အပိုင်းများ မှ သွေးများကို နှလုံးအိမ်ဆီသို့ သယ် ဆောင်ပေးတဲ့ သွေးကြောကို ရောဂါဖြစ် စေတဲ့အဓိက အန္တရာယ်ပြုတဲ့ အကြောင်း...

ဝနေလို့  ပိန်ချင်သူတွေ အတွက် အကောင်းဆုံး နံနက်စာ

(၁) ဂျုံကြမ်းဖြင့် ပြုလုပ် ထားသော ပေါင်မုန့် ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင် ဓာတ်များစွာ ပါဝင်တဲ့ အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေ သနပြု သူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ်စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့်စား သူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင် တယ်လို့ ဆိုပါတယ်။ (၂) နွားနို့ အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ်...

ကမ္ဘာမှ အသိအမှတ်ပြု ခဲ့သော မြန်မာ့ ပထမဆုံး သိပ္ပံပညာရှင်

ယခု တစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိ အမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံး သိပ္ပံပညာရှင် အကြောင်း တင်ပြချင်ပါသည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည် ထင်ပါသည်။ ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အားသင့်ကြပေ လိမ့်မည်။ ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။ ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ  ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။ ရှေးဦးမြန်မာ့သိပ္ပံပညာရှင်...

တပ်မတော် နှုတ်ထွက်ပြီ

တပ်က တာဝန်ယူတဲ့ အချိန်မှာ…တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တယ်……သူတို့ အမြဲပြောခဲ့တဲ့ စကားက ....ကျုပ်တို့ က စစ်အစိုးရ…..အပစ်အခတ်ပဲ ရပ်လို့ ရတယ်….နိုင်ငံရေးဆွေးနွေးလို့ တရားမ၀င်ဘူး…..ကျုပ်တို့ ဆွေးနွေးရင်လဲ …..နောက်တက်မယ့် အစိုးရက လက်ခံမှာမဟုတ်ဘူး….အခုက အပစ်အခတ် အရင်ရပ်ထား …ကိုယ့်ဒေသကိုယ် ဖွံ့ ဖြိုးအောင်လုပ် …..နောက်တက်လာမယ့် …ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ....အစိုးရတွေ လက်ထက်ကျရင်….ခင်ဗျားတို့ နိုင်ငံရေးအရ ဆွေးနွေးပြီး…..ထာဝရ ငြိမ်းချမ်းရေးရအောင်...

လက်ဘနွန်နိုင်ငံ ထရစ်ပိုလီ ပေါက်ကွဲမှု လူ ၄ဝ ကျော်သေဆုံး

လက်ဘနွန်နိုင်ငံမြောက်ပိုင်းက ထရစ်ပိုလီဆိပ်ပမ်းမြို့ ရဲ့ ဗလီတွေအနီးနားမှာပေါက်ကွဲမှုကြီး၂ခုဖြစ်ပွားခဲ့ပြီး လူ၄၀ကျော် သေဆုံးပြီးအမြောက်အမြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရပါတယ်။ ထရစ်ပိုလီမြို့ပေါ်တွင် လည်း မီးခိုးလုံးများမည်းတက်လာသည်ကိုလဲ ရုပ်သံသတင်းဌာနများတွင်ဖော်ပြထားပါတယ်။သောကြာနေ့ က ဗလီများတွင် ၀တ်ပြုဆုတောင်းနေချိန် ပစ်မှတ်အဖြစ် ဆန်နီမွတ်ဆလင် ဘာသာရေးခေါင်းဆောင် တစ်ဦးကို လုပ်ကြံဖို့ ပစ်မှတ်ထားဖောက်ခွဲတာဖြစ်တယ်လို့ လည်းသိရပါတယ်။ပြီးခဲ့တဲ့...

ကလေးယူမည့်ဖခင်များ ဆေးလိပ်ဖြတ်ရမည်

ကလေးယူရန် ကြိုးစားမည့် မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက် သည်။ ဖခင်လောင်းများ ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက် ပျက်စီးစေသောကြောင့် ကလေးသန္ဒေတည်ချိန် ၌ပျက်စီးနေသော ဖခင်ဘက်မှ ဒီအန်အေကြောင့် ကလေးတွင် ကင်ဆာရောဂွ ဖြစ်ပွားနိုင်ခြေ...

ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်မှုရှိ-မရှိ FDA မှ စစ်ဆေးရန် လတ်တလော အစီအစဉ် မရှိသေး

ရန်ကုန် ၊ ၂၄-၈-၂၀၁၃ ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်မှု ရှိ- မရှိကို စစ်ဆေးရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ဗဟို အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန ( FDA ) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော် က ပြောကြား ကြောင်း သိရသည်။ စားသုံးသူ ကာကွယ်ရေး အသင်း က ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်ကြောင်း စစ်ဆေး တွေ့ရှိ ထားသည်ဟု ဆိုသော်လည်း FDA အနေဖြင့် သတင်း အတိအကျ ရရှိခြင်း မရှိသေးဟု ဒေါက်တာ ထွန်းဇော် က ပြောသည်။ ယခုလ ၁၉ ရက်နေ့က ရန်ကုန်မြို့...

ရွှေတိဂုံသွား လက်သမား အချုပ်ထဲရောက်

မွေးနေ့ကို ဘုရား သွားရောက် ဖူးမြော်ရာ ဘုရားမရောက်ဘဲ အချုပ်ခန်းထဲ ရောက်ရသည်ဟု ဒလ မြို့နယ် ရဲချောင်းဝ ကျေးရွာနေ ဒေါ်သန်းမြင့်က အောက်ပါ အတိုင်း ပြောကြားသည်။၎င်းက ““ကျွန်မရဲ့ သားအငယ်ဆုံး မောင်အောင်ကျော်သိန်းက လက်သမား လုပ်လာတာ လေးနှစ်ရှိပါပြီ။ သူ့အစ်ကိုက စီးပွားရေးတက္ကသိုလ် တက်နေပါတယ်။ သူရတဲ့ ငွေနဲ့ သူ့အစ်ကို အတွက် ထောက်ပံ့ နေတာပါ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်၊ ဘောလုံးပွဲတော့ ကြိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က သူ့မွေးနေ့ ဖြစ်တယ်။ ရွှေတိဂုံဘုရား လိုက်ပို့ခိုင်းတာ...

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး အတွင်းခံဝတ် ပြပွဲကြီးမှ ဓါတ်ပုံ

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး အတွင်းခံဝတ် ပြပွဲကြီးမှ ဓါတ်ပုံများ   ...

အောက်ပါ ရောဂါရှိသူ မိမိချစ်သူကို ကိုယ်ဝန် တားဆေး မတိုက်ပါနှင့်

ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည်...

Related Posts Plugin for WordPress, Blogger...