Sunday, January 19, 2014

အိမ်ထောင်ရှင်များ သိထားရမည့် လင်နှင့် မယားဆက်ဆံရေးမေးခွန်းများ


မေး။ ။ ဆရာရှင့် ကျွန်မရဲ့ စိတ်အကြောင်း မေးချင်လို့ပါ။ ကျွန်မနဲ့ ကျွန်မ အမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျားက ပြောပါတယ်။ ကျွန်မကို ကျောက်ရုပ်ကြီး ကျနေတာပဲတဲ့။ သူ့ကို စိတ်ပါသေးရဲ့လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့ အဲဒီ့လို ဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့ အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေမယ့် ကျွန်မ ရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါ ဘာဖြစ်လို့ ပါလည်းရှင်။ သူ့အပေါ် တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

ဖြေ။ ။မေးတဲ့သူဟာ အခုလို မေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာ အတော်ကြီး ကောင်းပါတယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်” ဆိုသလိုရှိတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက်တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ ရှက်နေစရာမလိုဘူး”။ ဒါဖြင့်ရင် “အရှက်ကို မရှိရတော့မှာလား” ဆိုတာတော့ မဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေး ကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့ အထိပါ။
ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချောပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင် လင်မယားမဖြစ်သေးလဲ အဲလို နေကြတာက ထုံးစံပါ၏။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေ ကလဲ ရှောင်လို့ မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ဒီလိုပါဘဲ” လို့။
မြန်မာ အရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစား သူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောက် ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။
ဒီလို အတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျမှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင် လုပ်ရတာလို့ ဆိုပါတယ်။
နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင်လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်တော့ မှန်ပါမယ်။ ဖေါက်ပြားချင်သူဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျားခင်ပွန်းဘက်က ပြောစရာ မလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။
လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေသင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီးခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျားလုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက်တတ်တယ်။
လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုးဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင်လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။
လိင်မှုကိစ္စဟာ တခြား အရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မြည်တဲ့ လက်ခုပ်သံက မပီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက်ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။
စိတ်မပျက်ပါနဲ့။ အားငယ်စရာ မဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ်လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။
ဒေါက်တာတင့်ဆွေ

မြန်မာစလွယ် တစ်ခုထဲကြာင့် ပြီးစလွယ် အားမပေးသင့်





သြော် ... လူတွေ လူတွေ

ရေးသားသူ။ မျိုးချစ်မြန်မာ

သိပ်ရိုးသားတဲ့ ငါတို့ မြန်မာတွေဟာ ကိုယ့်လူမျိုး အချင်းချင်းတောင် နည်းမျိုးစုံ လှည့်စား အသုံးချ ခံနေကြရပါလား။:)

ကိုယ့် နိုင်ငံသားလဲ မဟုတ် ..

ကိုယ့်နိုင်ငံကို အရွယ်မရောက်ခင်ကထဲက စွန့်ခွာခဲ့လို့ ကိုယ့်ဘာသာစကားတောင် ကောင်းကောင်း မရေး ၊ မဖတ် ၊ မပြောတတ် ..

ကိုယ့် အမျိုးသားယဉ်ကျေးမှုဆိုတာ နဲ့ လုံးဝ ကင်းကွာတဲ့ ယဉ်ကျေးမှု နဲ့ ကြီးပြင်းလာခဲ့တဲ့ မိန်းမ တစ်ယောက် က သူ့ဘဝရှေ့ရေးအတွက် ..

သူလက်ရှိနေနေတဲ့ တခြားနိုင်ငံတစ်ခုကနေ သူ့ဘာသာ ဝင်ပြိုင်တဲ့ ပွဲတစ်ခုမှာ

ကိုယ့်တိုင်းပြည် နာမည် ကို စလွယ်လေးပေါ်မှာဘဲ ရေးပြီး အသုံးချခံနေရတာကို

တိုင်းပြည်အတွက် နာတတ်ရကောင်းမှန်းလဲ မသိတဲ့ အပြင်


" မြန်မာ စလွယ်လွယ်ထားရင် Prostitute (ပြည့်တန်ဆာ) ဖြစ်နေရင်တောင် မျက်စေ့မှိတ်ထောက်ခံမယ် " ဆိုတဲ့ စကားမျိုးတွေ

စုံလုံးကန်း အတွေးအခေါ် နဲ့ ခပ်ချာချာ သီအိုရီ တွေ ကို ဖိအားပေး ရှေ့တန်းတင်ရင်း

ရိုးသားပြီး အယုံလွယ် သနားလွယ် ကူညီလွယ်တဲ့ မြန်မာတွေကို ရှေ့ဖုံး နောက်ပေါ် ဥာဏ်နီဥာဏ်နက်တွေနဲ့ Brain Wash လုပ်နေတာတွေဟာ

ကို့ယို့ကားယား နဲ့ ရီစရာကောင်းသလို ဘာကြောင့်လဲဆိုတဲ့ သံသယဖြစ်စရာ တွေးစရာတွေ အများကြီးရှိလာပါတယ်။


တစ်ကယ်တမ်းကတော့ နဒီတေလာ ဆိုတဲ့ အမျိုးသမီး မော်ဒယ် ဟာ မြန်မာတွေ အတွက် ဝင်ပြိုင်နေတာ မဟုတ်ပါဘူး။
အဲ့ဒါကို မြန်မာ တစ်ပြည်လုံး ဝိုင်း မဲပေးလို့ ဆုတစ်ခုခု ရသွားခဲ့ရင်တောင်

အဲ့ဒိ ဆုဟာ နန်းခင်ဇေယျာရခဲ့တဲ့ဆုလို မြန်မာပြည်ကို ပြန်အသယ်ခံလာရမယ့် ဆုတံဆိပ်တစ်ခုလဲ မဟုတ်ပါဘူး။

အမေရိကားက ဧည့်ခန်းတစ်ခုထဲမှာ အထီးကျန်ဆန်စွာ ဖုံတက်သွားမယ့် ဆုတစ်ဆုဘဲဖြစ်လာမှာပါ။
ဒီတော့ အမေရိကားမှာ ဖေါ်ချွတ်ခြင်း အတတ်ပညာ နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ မိန်းမ တစ်ယောက် ..သူ့ အနာဂါတ် အတွက် အလုပ်လျှောက်တဲ့အခါ Resume' မှာ ထည့်ပြဖို့ နဲ့ ..

အမေရိကားက သူ့ အိမ်ရှေ့ ဧည့်ခန်းထဲမှာ မြန်မာ့ယဉ်ကျေးမှုဆိုတာကို ဘာမှ တန်ဖိုးမထားတတ်တဲ့ လူမျိုးခြား ဘာသာခြားတွေ ကို Show Off လုပ်ဖို့ ..

ဒီဆုတံဆိပ်တစ်ခု ရရှိဖို့အရေးကို ဘာကိစ္စ မြန်မာ လူမျိုးတွေက မဆီမဆိုင် အရေးတထား ထောက်ခံအားပေးရမှာလဲ ဆိုတာ ကျွန်တော့်အတွက်တော့ သိပ်စဉ်းစားနေစရာတောင်မလိုတဲ့ မေးခွန်းတစ်ခုပါဘဲ။

ဘာလို့အားပေးရမှာလဲ ???


(၁) သူမ ဟာ မြန်မာပြည်မှာ မွေးလာတာ ဆိုတဲ့ တစ်ချက်ထဲကြောင့်လား ?

ဒါဆိုရင် ကျွန်တော်တို့ ရခိုင်မှာ လူသတ်ဆိုးသွမ်း သောင်းကျန်းနေတဲ့ ဘင်္ဂါလီ တွေကိုလဲ မြန်မာအဖြစ် မျက်စေ့မှိတ်လက်ခံပြီး ထောက်ခံအားပေးမှသာ တရားပါလိမ့်မယ်။ဘာလို့လဲ ဆိုတော့ သူတို့ တော်တော်များများဟာလဲ မြန်မာပြည်မှာ မွေးလာတာတွေပါ။

(၂) သူမ လွယ်ထားတဲ့ မြန်မာ ဆိုတဲ့ စလွယ်တံဆိပ် တစ်ခုကြောင့်လား ?

ဒါဆိုရင် မြန်မာနိုင်ငံသား လူမျိုးစုတွေပါလို့ သူတို့ ဆန္ဒအလျောက် ကြွေးကျော် ၊ အတင်းကြီး မြန်မာ စလွယ် သိုင်းပြနေကြတဲ့ ဘင်္ဂါလီ တွေကိုလဲ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အဖြစ် အသိအမှတ်ပြုပေးမှသာ တရားပါလိမ့်မယ်။

သူမလွယ်ထားတဲ့ စလွယ် ပေါ်က မြန်မာ ဆိုတဲ့ အမည်ဟာလဲ သူမ ဘာသာ ဆန္ဒအလျောက် ရွေးချယ် ကိုယ်စားပြုခဲ့တာဖြစ်ပါတယ်။

ဘယ် မြန်မာနိုင်ငံသားတွေ ရဲ့ တူညီဆန္ဒ နဲ့မှ ရွေးချယ်တင်မြှောက်ခဲ့ကြတာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ ဘယ်မြန်မာ မှ ဒီပွဲတွေ မတိုင်ခင် နန်းခင်ဇေယျာ နာမည်မကြီးခင်အထိ သူမ ကို မကြားခဲ့ကြဖူးပါဘူး။

(၃) သူမ ဟာ အစကထဲက မြန်မာပြည်အတွက် တစ်ကယ် ကျိုးစားဆောင်ရွက်နေခဲ့တဲ့ မြန်မာ မော်ဒယ် တစ်ယောက်ဆိုရင် ဘာလို့ နန်းခင်ဇေယျာ နာမည်ကြီးမှ ဘွားကနဲ လိုက်ပေါ်လာတာပါလဲ ?

အဖြေက ရှင်းရှင်းလေးပါ။

နန်းခင်ဇေယျာ ကိစ္စမှာ မြန်မာတွေရဲ့ နှစ်ပေါင်းများစွာ မျိုသိပ် ဖုံးကွယ်ထားတဲ့ မျိုးချစ်စိတ်ဓါတ်ကြောင့် သွေးစည်းညီညွတ်မှု အတိုင်းအတာဟာ ဘွားကနဲပေါ်လာတဲ့အခါ ..

စီးပွားရေးသမား ကိုယ်ကျိုးရှာ အခွင့်အရေးသမား တွေအတွက်လဲ မြန်မာတွေ အပေါ် အင်မတန် ထိရောက်စွာ အသုံးပြု သိမ်းသွင်းနိုင်တဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာ အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီတော့ မြန်မာတွေဟာ ငြှိုးမှိန်နေတဲ့ တိုင်းပြည်ရဲ့ နာမတော်ပြန်လည် လင်းလက်တောက်ပလာဖို့ကို ရာစုနှစ် တစ်ခု နီးပါး စောင့်နေခဲ့ရတဲ့အခါ ...

အမှောင်ထုထဲမှာ မျှော်လင့်ချက် အလင်းရောင်လေးတွေ ဖျော့တော့တော့ ဝိုးတစ်ဝါး မြင်လိုက်ရရင်ကို

အမိမြေအတွက် အဆုံးစွန်းအထိ သွေးနီးတတ်ကြတယ် တက်ညီလက်ညီ စည်းလုံးတတ်ကြတယ် ဆိုတဲ့ အချက်ကို ပါးနပ်နားလည်စွာ အသုံးချလိုက်ခြင်းဘဲ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဒီစာဟာ ဒီမနက် ရလာတဲ့ သူငယ်ချင်းတွေ FAN တွေ ရဲ့ အသိပေးစာ ပို့စာ တိုင်စာ :D တွေ အပေါ် တုံ့ပြန်ရေးသားပေးခြင်းဖြစ်ပါတယ်။

Personally, နဒီတေလာ ဟာ ကျွန်တော့် အတွက် နိုင်ငံခြားမှာနေတဲ့ မြန်မာမတစ်ယောက် ထက် ဘာမှ မပိုပါဘူး။

ပိုခွင့်လဲ ဘယ်တော့မှ ပေးနိုင်မှာမဟုတ်ပါဘူး။

မှတ်ချက်။ ။ ဒီစာဟာ ဒီမနက် ရလာတဲ့ သူငယ်ချင်းတွေ FAN တွေ ရဲ့ အသိပေးစာ ပို့စာ တိုင်စာ :D တွေ အပေါ် တုံ့ပြန်ရေးသားပေးခြင်းဖြစ်ပါတယ်။

Personally, နဒီတေလာ ဟာ ကျွန်တော့် အတွက် နိုင်ငံခြားမှာနေတဲ့ မြန်မာမတစ်ယောက် ထက် ဘာမှ မပိုပါဘူး။

ပိုခွင့်လဲ ဘယ်တော့မှ ပေးနိုင်မှာမဟုတ်ပါဘူး။

ဒီတော့ သူငယ်ချင်းတွေအားလုံး မေးထားတဲ့ အဓိက မေးခွန်းကို ဦးတည်ပြီး နောက်ဆုံးဖြေချင်ပါတယ်။

" နဒီတေလာ ဟာ Prostitute (ပြည့်တန်ဆာ) တစ်ယောက်ဖြစ်နေရင်တောင် မြန်မာ ဆိုတဲ့ စလွယ်ကြောင့် အားပေးသင့်သလား ? " ဆိုတာကိုပေါ့။

အဖြေကရှင်းပါတယ်။

တကယ်လို့ နဒီတေလာ ဟာ နန်းခင်ဇေယျာလို မြန်မာပြည်တွင်းကနေ ရွေးချယ်တင်မြှောက်ခံရလို့ အမိမြေကို ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်နေတာဆိုရင်တော့ ..

သူဟာ မော်ဒယ်မကလို့ ကိုယ်လုံးတီး ပုံတွေ အပြာကားတွေ ဘဲ ရိုက်နေတဲ့ ကြေးအကြီးစား Pro Prostitute ဘဲ ဖြစ်နေခဲ့ပါစေ ..

ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ WEBSITE တွေ FaceBook Fan Page တွေ အားလုံးမှာ

" We Proudly Support Our Miss Prostitute Of Myanmar 2012 " ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။

သူဟာ မြန်မာ့ မြေကနေ မြန်မာတွေအတွက် လာရောက်ယှဉ်ပြိုင်သူဆိုတာ တစ်ချက်ထည်းနဲ့တင် သူဘာလုပ်နေတယ်ဆိုတာကို ကျွန်တော်တို့ လုံးဝ မေ့ထားပေးလို့ရပါတယ်။ဒါပေမယ့် အခုက အဲ့ဒိလို လုံးဝ မဟုတ်တာကို ကွဲပြားစွာ နားလည်ထားဖို့ သိပ်အရေးကြီးပါတယ်။


(မှတ်ချက်။ ။ Prostitute ဆိုတာကို ခုလို သုံးနှုန်းရတာဟာ တိုက်ရိုက် နှိုင်းယှဉ်လာတာတွေ ရှိလို့ ဒီတိုင်း ပြန်အသုံးပြုရခြင်းဖြစ်ပါတယ်။

နဒီတေလာ ကိုရော တကယ်ဘဲ Prostitute လုပ်နေတဲ့/မလုပ်နေတဲ့ ဘယ်မြန်မာအမျိုးသမီးကိုမှ စော်ကားလိုစိတ်မရှိပါဘူး။

အများသိပြီးတဲ့ အတိုင်း ကျွန်တော်တို့ မြန်မာပြည်မှာ ဆင်းရဲလွန်းရှာလို့ မိဘအတွက် မောင်နှမတွေအတွက် ခန္တာကိုယ်ကို ရောင်းချနေရတဲ့ ကံဆိုးရှာသူ မြန်မာ အမျိုးသမီးလေးများစွာ ယနေ့ခေတ်မှာ ရှေးယ္ခင်ကထက် များစွာ တိုးပွားလာနေပါတယ်။

သူတို့ကို ကျွန်တော်တို့ အားလုံး အဲ့ဒိဘဝတွေကနေ လွတ်မြောက်အောင် ကယ်တင်ဖို့ ဆိုတဲ့ အမျိုးသားရေး တာဝန်လဲရှိပါတယ်။

မချိုးနှိမ်သင့်ပါဘူး။

တိုင်းပြည်အခြေအနေ နဲ့ ဘဝပေး ကုသိုလ် ကံမကောင်းအကြောင်းမလှလို့ Prostitute ဖြစ်နေကြရတာ ကာယကံရှင်တွေရဲ့ ဆန္ဒအလျောက် ရွေးချယ်မှု မဟုတ်တဲ့အတွက် ကျွန်တော်ခုလိုဘဲ ဝမ်းနည်းစွာ သုံးစွဲလိုက်ရတယ်ဆိုတာ အသိပေးတောင်းပန်လိုက်ပါတယ်။)

ဒီတော့ အားလုံးဘဲ မိမိအခွင့်အရေး ကို ကောင်းမွန် ပါးနပ်စွာ အသုံးချပါ။

နဒီတေလာကို ထောက်ခံပါ မထောက်ခံပါ နဲ့ ကျွန်တော်တို့ ခုထိ ဘယ်သူ့ကိုမှ လုံးဝ မတိုက်တွန်းပါဘူး။

နဒီတေလာကို ဘာဖြစ်ဖြစ် ထောက်ခံမယ်ဆိုသူတွေကိုလဲ လွတ်လပ်စွာ ကွဲလွဲခွင့် အရ နားလည်ပါတယ်။မဆုံးဖြတ်ရသေးတဲ့သူတွေ မမြင်ဖူးသေးတဲ့သူတွေ အတွက် လဲ သူမရဲ့ ပုံတစ်ချို့ ကို အောက်မှာ ပူးတွဲတင်ပြပေးထားပါတယ်ခင်ဗျာ။


Nadi Taylor ၏ အင်တာနက်တွင် ရေပန်းစားနေသော ပုံများ




-----တစ်ကယ်ပိန်ချင်သူများအတွက်-------


ဟောဒီမှာ တကယ်ပိန်ချင်သူများအတွက် ဆေးဝါးအကူမလိုဘဲ၊ မိမိဖာသာ အစားအသောက်ဖြင့် ၀ိတ်ချလို့ ရတဲ့ နည်းလမ်း ကောင်းရှိပါတယ်။ ဒီနည်းက ရက်သတတ္တ (၁)ပတ်အတွင်း ကိုယ်အလေးချိန် ၆ မှ ၈ ကီလိုထိ ကျစေတဲ့ နည်းလမ်းဖြစ်တယ်လို့   ဖော်ပြထားခဲ့ပါတယ်။ သို့ သော် (၇)ရက်တိတိ သူ့ အညွှန်းအတိုင်း လိုက်နာနိုင်မှသာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေမှာဖြစ်လို့ ၊ တကယ်ပိန်ချင်လိုစိတ်ပြင်းပြ သူများ ကြိုးစားအားထုတ်ကြည့်စေလိုပါတယ်။


ပထမနေ့ ။

တသက်တာလုံးစားသောက်လာခဲ့သမျှ ခန္ဒာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးရမှာဖြစ်လို့  ပထမနေ့ က အရေးကြီးဆုံးပါဘဲ။ ဒါကြောင့် ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံများဖြစ်ကြတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ်ဇီးသီးကြီး စသည့် အဆင်ပြေရာ သစ်သီးတို့ ကို ဗိုက် ဆာတဲ့အခါတိုင်း ထမင်းလွတ်စားပေးရမှာဖြစ်ပါတယ်။ သောက်ရေကိုတော့ အနည်းဆုံး ဖန်ခွက် ၆-ခွက်မှ ၈-ခွက်အထိ သောက် ပေးပါ။ (ပထမနေ့ မှာ ဌက်ပျောသီး စားခွင့်မရှိပါဘူးရှင်)

ဒုတိယနေ့ ။

ဒီနေ့ မှာတော့ ပန်းဂေါ်ဖီစိမ်း(ခေါ်)ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီးအမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်(သို့ မဟုတ်)ပြုတ်၍(သို့ မဟုတ်)အပူပေးကာ ဟင်းချို/စွပ်ပြုတ်ဖြစ်ဖြစ် နှစ်သက်သလို စားနိုင်ပါတယ်။ သို့ သော် ဆီ (လုံးဝ) မထဲ့ပါနဲ့ ။ ဒုတိယရက်မှာ အာလူးကို ရှောင်နိုင်လေကောင်းလေးပါ။ အကယ်၍ အားလူးစားချင်စိတ်ရှိပါက ပြုတ်၍ နံက် စာအဖြစ်သာစားပါ။ (ပထမနေ့ အတိုင်း ရေသောက်ဖို့ မမေ့ပါနဲ့ )

တတိယနေ့ ။

ဒီနေ့ အတွက် သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေကို တလှည့်စီစားလို့ ရပါပြီ။ ဒါပေမယ့် အာလူးတော့ မစားပါနဲ့ ဦး။ နံက်စာ ကို သစ်သီးဝလံစားပါ။ နေ့ လည်စာကို ဟင်းသီးဟင်းရွက်စားပါ။ ညနေပိုင်း အဆာပြေ သစ်သီးထပ်စားပြီးနောက်၊ ညစာကိုတော့ ဟင်းသီးဟင်းရွက်တွေရော သစ်သီးဝလံများပါ ၂-မျိုးရောစားနိုင်ပါတယ်။ (ပထမနေ့ အတိုင်း ရေသောက်ဖို့ မမေ့ပါနဲ့ )

စတုတ္ထနေ့ ။

ဒီနေ့ ကတော့ ပျော်စရာနေ့ လေးပါဘဲ။ တနေ့ တာလုံးအတွက် ဌက်ပျောဌက်ပျောသီး ၈-လုံးအထိစားလို့ ရပြီး၊ နွားနို့ ၃-ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ့ လည်စာနဲ့  ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ့ ၊ နွားနို့  ၁-ခွက် စီသောက်ပေးပါ။ ညနေစာကိုတော့ အဆာပြေ ဌက်ပျော်သီး ၂လုံးလောက်စားပေးနိုင်ပါတယ်။ (ပထမနေ့ အတိုင်း ရေသောက်ဖို့ မမေ့ပါနဲ့ )

ပဉ္စမနေ့ ။

ဒီနေ့ မှာတော့ ခရမ်းချဉ်သီးမှည့်(အလုံးကြီးကြီး) ၁၀-လုံးနဲ့  ထမင်း ပန်းကန်လုံးသေး ၁-ခွက် စားလို့ ရပါတယ်။ ထမင်း ပန်းကန် လုံးသေး ၁-ခွက်ကို နေ့ လည်စာအဖြစ် စားပြီး၊ နံက်/နေ့ လည်/ညစာတွေအတွက် ခရမ်းချဉ်သီး ၁၀-လုံးကို အဆင်ပြေသလို စား နိုင်ပါတယ်။ ပဉ္စမနေ့ က ရေတိုးသောက်ပေးရမယ့် နေ့ ဖြစ်လို့  ယခင်သောက်ရေ ဖန်ခွက် ၈-ခွက်မှ ယခု ၁၂-ခွက်အထိ သောက် ပေးရပါမယ်။

ဆဌမနေ့ ။

ဒီနေ့ မှာလည်း နေ့ လည်စာကို ထမင်းပန်းကန်လုံးသေး ၁-ခွက် စားလို့ ရပါတယ်။ သို့ သော် သစ်သီးဝလံတို့ စားခွင့်မရှိပါဘူး။ ဒုတိယနေ့ ကအတိုင်း ဟင်းသီးဟင်းရွက်တွေကိုတော့ အလုံအလောက်စားပေးနိုင်ပါတယ်။ (ပဉ္စမနေ့ ပမာဏအတိုင်း ရေများများ တိုးသောက်ဖို့ မမေ့ပါနဲ့ )

သတ္တမနေ့ ။

(အားတင်းထားနော် နောက်နေ့ ကစလို့ ကိုယ်ကြိုက်တာ အစားစုံ စားလို့ ရပြီလေ) ပျော်စရာနေ့ ကြီးပါ။ ဒီနေ့ မှာတော့ ထမင်း ပန်းကန်လုံးသေး ၁-ခွက်စာ အပြင်၊ ဟင်းသီးဟင်းရွက်တွေနဲ့  သစ်သီးဝလံတွေပါ စားခွင့်ရှိပါတယ်။ မှန်ကြည့်လိုက်ပါဦး သင့် မျက်နှာအသားအရေပိုကောင်းလာပြီး ယခင်ကထက် ပိုမိုဝင်းပနေတာကိုတွေ့ ရပါလိမ့်မယ်။ ကိုယ်အလေးချိန် ချိန်ကြည့်တဲ့အခါ မှာလည်း အနည်းဆုံး ၆-ကီလိုလောက် ကျသွားတာမို့  ဒါဟာ သင့်ရဲ့  မဆုတ်မနစ် ဇွဲရှိရှိဖြင့် ကြိုးစားအားထုတ်မှု ရလာဘ်တွေ ဖြစ်ပါတယ်။

မောင်တောအကြမ်းဖက်မှု မွတ်စလင်ရွာသား ၈၄ ဦးကို ဖမ်းဆီးစစ်ဆေး




ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာက မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက်က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။

"အဲဒီအမှုနဲ့ ပတ်သက်ပြီး အဲဒီရွာမှာရှိတဲ့ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ လူငယ် စုစုပေါင်း ၈၄ ယောက်ကို ခေါ်ယူပြီးတော့ စစ်ဆေးနေတုန်းပဲရှိသေးတယ်၊ ဖမ်းထားတာမရှိသေးဘူး၊ ဒီ ၈၄ ဦးထဲမှာလည်း ပါဝင်ပတ်သက်မှုမရှိရင်တော့ ပြန်လွှတ်ပေးမှာပေါ့၊ ပါဝင်ပတ်သက်မှုရှိတယ် ပြစ်မှုကျူးလွန်တယ်ဆိုရင်လည်း သူတို့ဆက်ပြီးအရေးယူဖို့ ဆောင်ရွက်ပါလိမ့်မယ်"

လောလောဆယ် ဒုချီးရာတန်ရွာခံတွေကို စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ရှာဖွေရာမှာ ဂေါ်ဒူသာရချောင်းကမ်းစပ်နဲ့ ဒုချီးရာတန် အီစလန်အမည်ရ ဗလီအနီးတစ်ဝိုက်မှာ ရဲတပ်ကြပ်ကြီးရဲ့ ယူနီဖောင်းတန်ဆာအချို့ကို သဲလွန်စအဖြစ် ရှာဖွေသိမ်းဆည်းရမိပေမယ့် လက်နက်နဲ့အတူ ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးကိုတော့ ဒီကနေ့အချိန်အထိ ရှာဖွေမတွေ့ရှိရသေးကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

မောင်တောခရိုင် ခရေမြိုင်ရဲကင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ညက် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ လုံခြုံရေးကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရကာ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ လွဲချော်နေသလို မွတ်စလင်တွေ အများအပြား အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ကိစ္စရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက မနေ့ကရက်စွဲနဲ့ ပူးတွဲကြေငြာချက် ထုတ်ပြန်တဲ့ကိစ္စဟာလည်း သတင်းအခြေအမြစ်မရှိတဲ့ ထုတ်ပြန်ချက်သာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

လမ်းကြုံလိုက်သောယာဉ်ပေါ်မှ သိန်းတစ်ရာကျော် ခိုးယူခဲ့သူ မိန်းမလျာနှစ်ဦးကို ဖမ်းမိ





ရန်ကုန်-ညောင်တုန်းလမ်း ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာကွေ့၌ မိန်းမလျာသုံးဦး ပူးပေါင်းကာ လမ်းကြုံလိုက်သော ကုန်တင်ယာဉ်ပေါ်မှ ကျပ်သိန်း ၁၀၀ ကျော် ခိုးယူမှုနှင့် ပတ်သက်၍ မိန်းမလျာနှစ်ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်များတွင် ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီခန့်က ဘုရင့်နောင်ပွဲရုံမှ ကုန်စည်များ ပို့ဆောင်ခဲ့ပြီး ဓနုဖြူမြို့နယ်ရှိ ပွဲရုံသို့ ပြန်လာစဉ် လမ်းကြုံလိုက်လိုကြောင်း မိန်းမလျာနှစ်ဦးက အကူအညီ တောင်းခံသဖြင့် ယာဉ်ပေါ် တင်ဆောင်ခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်လာသူ နှစ်ဦးအနက် တစ်ဦးက ကုန်တင်ယာဉ် နောက်ခန်း ထိုင်ခုံတွင် ငွေကျပ် ၇၂၉ သိန်းကျော် ထည့်ထားသော ပီနံအိတ် နှစ်လုံးကိုခွဲကာ ငွေကျပ် ၁၀၇ သိန်းကို ခိုးယူသွားကြောင်း ထန်းတပင်မြို့နယ် တက်သစ် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အခုဖမ်းမိတဲ့ နှစ်ဦးက လှိုင်သာယာက သမကုန်းအဝိုင်းနားမှာ အဝေးပြေး ကုန်တင်ကားတွေ နောက်လိုက်ပြီး ပြည့်တန်ဆာ အလုပ် လုပ်နေတဲ့သူတွေ။ သူတို့က အဖွဲ့နဲ့ လှုပ်ရှားကြတာ။ ပြည့်တန်ဆာလုပ်ရင်း လစ်ရင်လစ်သလို ပစ္စည်းပါခိုးတာ။ အဲဒီညက ပွဲရုံကားပေါ် ပါသွားတဲ့အချိန် အသင့်ပါလာတဲ့ ဓားမြှောင်နဲ့ ပီနံအိတ်ကို ခွဲကြည့်တော့ အထဲမှာ ငွေတွေတွေ့တာနဲ့ ခိုးယူခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိသော မိန်းမလျာ နှစ်ဦးမှာ လှိုင်သာယာမြို့နယ် (၁၄) ရပ်ကွက်တွင် နေထိုင်သူ ယွန်းငယ် (ခ) အောင်စိုးနှင့် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် နေထိုင်သူ ရတနာပုံ (ခ) ကျော်မိုးနိုင်တို့ နှစ်ဦးဖြစ်ပြီး ခိုးမှု ကျူးလွန်ခဲ့သောညက မနှဲလေး (ခ) နန်းဝေဦးနှင့်အတူ ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာ အနီးတွင် ပြည့်တန်ဆာကိစ္စ လုပ်ကိုင်ရန် အဝေးပြေး ကုန်တင်ယာဉ်များကို စောင့်ဆိုင်းနေခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် အဆိုပါ ပွဲရုံပိုင် ကုန်တင်ယာဉ်ကို တွေ့ရှိရာမှ မယွန်းငယ် (ခ) အောင်စိုးက ယာဉ်ဦးခေါင်း ရှေ့ခန်းနှင့် မနှဲလေး (ခ) နန်းဝေဦးက ယာဉ်ဦးခေါင်းရှိ နောက်တန်းထိုင်ခုံတွင် လိုက်ပါခဲ့ပြီး မရတနာပုံ (ခ) ကျော်မိုးနိုင်က ဆိုင်ကယ်ဖြင့် ကုန်တင်ယာဉ်နောက်မှ လိုက်ပါလာခဲ့ကြောင်း၊ ယာဉ်နောက်ခန်းမှ လိုက်ပါခဲ့သူ မနှဲလေး (ခ) နန်းဝေဦးက ယာဉ်ပေါ်မှာ ပိုက်ဆံများ ခိုးယူခဲ့ပြီးနောက် ထန်းတပင်မြို့နယ် ပန်းတိုင်ကျေးရွာ အလွန်တွင် ယာဉ်ပေါ်မှဆင်းကာ လိုက်ပါလာခဲ့သော ရတနာပုံ (ခ) ကျော်မိုးနိုင်၏ ဆိုင်ကယ်ဖြင့် လှိုင်သာယာမြို့နယ်သို့ ပြန်ခဲ့ကြောင်း ဖမ်းမိထားသူများ၏ စစ်ဆေး ပေါ်ပေါက်ချက်များကို ကိုးကား၍ ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

ယင်းနောက် လှိုင်သာယာတွင်နေသူ ယွန်းငယ် (ခ) အောင်စိုး၏ အိမ်သို့ ပြန်လာပြီးနောက် ခိုးယူလာသော ငွေများကို သုံးဦးခွဲဝေ ယူဆောင်ခဲ့ကြောင်း၊ လတ်တလောတွင် ၎င်းတို့ထံမှ ငွေသားအချို့နှင့် ဝယ်ယူသုံးစွဲထားသော အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းအချို့ကို သိမ်းဆည်းထားကြောင်း တက်သစ် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ သိန်း ၁၀၀ ကျော် ခိုးယူမှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၁ ရက်နေ့က တက်သစ် နယ်မြေရဲစခန်းမှ (ပ) ၈၅/၁၃၊ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိရာမှ ယွန်းငယ် (ခ) အောင်စိုးနှင့် ရတနာပုံ (ခ) ကျော်မိုးနိုင်တို့ နှစ်ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဖမ်းမိခဲ့ပြီး မနှဲလေး (ခ) နန်းဝေဦးကို ရှာဖွေစုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ရွှေနန်းတော်ကျောင်းကို အမေရိကန်ပညာရှင်များ ဖေဖော်ဝါရီတွင် စတင် ထိန်းသိမ်းမည်






မန္တလေးတောင်ခြေ အတုမရှိ ကျောင်းတော်ကြီး အနီးရှိ သီပေါမင်း ကုသိုလ်တော် ရွှေနန်းတော်ကျောင်းကို World Momuments Fund က အမေရိကန်ဒေါ်လာ ငါးသိန်းကျော် အကုန်အကျခံ၍ ထိန်းသိမ်းမည့် အစီအစဉ်ကို အမေရိကန်ပညာရှင်များက ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။

ယင်းရွှေနန်းတော်ကျောင်းကို အမေရိကန် ပညာရှင်များက နည်းပညာနှင့် ဆက်စပ်သည့် အထောက်အကူ ပစ္စည်းများ အသုံးပြုမှု အနေအထား၊ ရွှေနန်းတော်ကျောင်းနှင့် ပတ်သက်သည့် ရှေး အထောက်အထားများ၊ ဌာန၏ အစဉ်အဆက် မှတ်တမ်းများ၊ လက်ရှိ ထိန်းသိမ်းမှု အနေအထား မှတ်တမ်းများကို ဆက်စပ် လေ့လာပြီးမှ ထိန်းသိမ်းမည့် အစီအစဉ်ဖြစ်သည့် ပုံဆွဲ မှတ်တမ်း ပြုလုပ်ခြင်း၊ ဓာတ်ပုံမှတ်တမ်း တင်ခြင်း၊ လေဆာ Scan ရိုက်ပြီး လေ့လာခြင်းတို့ကို ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ လေ့လာမှုများ ပြီးစီးသွားမှသာ ထိန်းသိမ်းခြင်း လုပ်ငန်းများကို စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများ မစတင်မီ မန္တလေး ရှေးဟောင်း သုတေသနဌာနခွဲရှိ ပုံဆွဲ ကျွမ်းကျင်သူများက ရွှေနန်းတော်ကျောင်း ဇာတ်ကြီးဆယ်ဘွဲ့ကို ကြည့်ရှုပြီး ပုံများ စတင်ရေးဆွဲနေပြီး ဇာတ်ကြီးဆယ်ဘွဲ့ရှိ ပုံဆယ်ပုံအနက် ဇာတ်တော်ပုံ နှစ်ပုံကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အမေရိကန်ပညာရှင်တွေ လုပ်ငန်း မစမီ ရှေးဟောင်းက ပုံဆွဲ လုပ်ငန်းတွေကို စနေပြီ” ဟု ၎င်းကဆိုသည်။

ရွှေနန်းတော်ကျောင်း လုပ်ငန်း စတင်ချိန်တွင် 3D ဓာတ်ပုံဖြင့် ရွှေနန်းတော် ကျောင်းအတွင်း အပြင်ကို မန္တလေး စက်မှုတက္ကသိုလ်နှင့် ပူးပေါင်း မှတ်တမ်းတင်ခြင်း၊ ရွှေနန်းတော်ကျောင်းရှိ အဆောင်များ မီးဘေးကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ထားမှု၊ ကျောင်းအတွင်းသို့ မိုးရွာချချိန်တွင် မိုးရေများကို ရေမြောင်းများ ဖောက်၍ ထုတ်ခြင်း အစီအစဉ်များနှင့် ရှေးဟောင်း သစ်သားများနှင့် ပတ်သက်၍ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် အထိ အပိုင်းလိုက်၊ ကဏ္ဍအလိုက် ခွဲ၍ ပြုပြင် သွားမည် ဖြစ်ကြောင်း၊ ယင်းအစီအစဉ်များ ကို World Momuments Fund မှ အမေရိကန် ပညာရှင်များနှင့် ဆွေးနွေးထားကြောင်း ရွှေနန်းတော်ကျောင်း ထိန်းသိမ်း မွမ်းမံမည့် အစီအစဉ်တွင် ပါဝင်ရန်ရှိသော ပညာရှင်များက ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ရှေးဟောင်း ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် မှတ်တမ်းယူခြင်း လုပ်ငန်းများသည် အလွန် အရေးကြီးကြောင်း မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။

ရွှေနန်းတော်ကျောင်းသည် သာသနာပိုင် မြေပေါ်တွင် တည်ရှိသည့်အတွက် ပြုပြင်ခြင်း လုပ်ငန်းများထက် ရှေးမူမပျက် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုသာ လုပ်ဆောင်စေလိုပြီး ဖြစ်နိုင်ပါက ယင်းရွှေနန်းတော်ကျောင်းသည် ၁၉ ရာစု လက်ရာဖြစ်သဖြင့် လေ၊ မိုး၊ ရေဒဏ်တို့ကို ခံနိုင်ရန် ရွှေနန်းတော်ကျောင်း တစ်ခုလုံးကို အပေါ်မှ အုပ်မိုးပြီး ထိန်းသိမ်းမှု လုပ်ငန်းများ ပြုလုပ်စေ လိုကြောင်း ရွှေနန်းတော်ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ဓမ္မစကြာကျောင်း ဆရာတော် သက်တော် (၆၅) နှစ်ရှိ ဦးဝိဇယ က မိန့်ကြားသည်။

ရွှေနန်းတော်ကျောင်းသည် မြနန်းစံကျော် နန်းတော်ရှိ မင်းတုန်းမင်းကြီး နတ်ရွာစံသော အဆောင်တော်ကို ဖျက်၍ သားတော် သီပေါမင်းက ပြန်လည် ဆောက်လုပ် လှူဒါန်းသည့် ကျောင်းဖြစ်ပြီး ယင်းကျောင်းတွင် သီပေါမင်း လက်ထက်မှစ၍ တပ်မတော် အစိုးရလက်ထက်ထိ ဆရာတော်လေးပါး ကျောင်းထိုင်ခဲ့ကာ ၁၉၉၄ ခုနှစ်မှစ၍ မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနသို့ လွှဲပြောင်း ပေးခဲ့ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်း သိရှိရသည်။


သက်မွန်မြင့်ရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးအရံ လုပ်ပေးမဲ့ သရုပ်ဆောင် ခင်လေးနွယ်




သရုပ်ဆောင် ခင်လေးနွယ်ကို သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ သူမရဲ့ တစ်ကိုယ်တော်အခွေအကြောင်းကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ခင်လေး အနုပညာလှုပ်ရှားမှုတွေ သိပ်ပြီး မလုပ်ဖြစ်တော့ပါဘူး။ လက်ရှိမှာ ရိုက်ကူးရေးတွေကို နားလိုက်ပြီ။ ခင်လေးရဲ့ တစ်ကိုယ်တော် အခွေအတွက် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ အသံသွင်းဖြစ်နေပါတယ်။ ခင်လေးရဲ့ တစ်ကိုယ်တော် အခွေအတွက် စိုးရိမ်စိတ်တွေတော့ ဖြစ်မိပါတယ်။ အခွေထွက်လာတဲ့အခါမှာလည်း သူများတွေ ကိုယ့်ကို ဘယ်လိုများဝေဖန်ကြမလဲ ဆိုပြီးတော့ စိတ်ပူမိတယ်။ ခင်လေးဘက်ကတော့ ဒီအခွေလေးနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင်လို့ တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ ခင်လေးက အဆိုလိုင်းဘက်က မဟုတ်တဲ့အတွက် အရင်တုန်းကတော့ စီးရီးထုတ်ရင် ကောင်းပါ့မလားလို့ တွေဝေမိသေးတယ်။ အခုလောလောဆယ်မှာ သရုပ်ဆောင်အလုပ်တွေကို နားလိုက်ပေမဲ့ နောင်တရတဲ့စိတ်မျိုးတော့ မဖြစ်ပါဘူး။ ကိုယ့်အတွက် နစ်နာသွားတယ်ဆိုပြီးလည်း မခံစားရပါဘူး။ သရုပ်ဆောင်ပြန်လုပ်ဖို့ အစီအစဉ်လောလောဆယ် မရှိသေးပေမဲ့ အခြေအနေတွေက ဘယ်လိုပြောင်းလဲလာမလဲဆိုတာ မသိသေးတဲ့အတွက် ပြောလို့တော့မရသေးပါဘူး။ ခင်လေးရဲ့ တစ်ကိုယ်တော် အခွေကို ပရိသတ်ရှေ့ချပြဖို့ကတော့ လိုပါသေးတယ်။ ကြာဦးမှာပါ။ ဒီအခွေလေးနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ မပြောချင်သေးပါဘူး။ နီးမှပဲ ပြောတာကောင်းမယ်လို့ ထင်ပါတယ်။ ခင်လေး သက်မွန်မြင့်ရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးအရံလုပ်ပေးဖို့ရှိမယ်။

၂၀၁၄မှာ မြင်နေကျ မဟုတ်တဲ့ ဇာတ်ရုပ်မျိုးတွေ ရွေးချယ် ရိုက်ကူးတော့မယ့် ၀တ်မှုန်ရွှေရည်





ဆယ်ကျော်သက်တွေသည်းသည်းလှုပ် အားပေးကြသလို သူမရဲ့သရုပ်ဆောင်ပုံ၊ သူမရဲ့ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ စိတ်ဓာတ်တွေကြောင့် အနုပညာအသိုင်းအ၀ိုင်းမှာ လူချစ်လူခင်များတဲ့ သူကတော့ ကစ်ကစ်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ပါ။ သူမရဲ့ လတ်တလော လှုပ်ရှားမှုကို ပထမဆုံး မေးကြည့်လိုက်တဲ့အခါ သူမက ‘အခုလောလောဆယ်တော့ ကစ်ကြော်ငြာလေးတွေ ရိုက်ဖြစ်နေတယ်။ ပြီးတော့ ဖုန်းနဲ့ပတ်သတ်ပြီးတော့Huawei တစ်ခုပဲ။ Ambassador အဖြစ် ၂ နှစ်ချုပ်ထားတယ်။ ကျန်တာတွေက ပြောထားတာတွေတော့ရှိတယ်။ မသေချာသေးဘူး။ စာချုပ်ချုပ်ထားတော့ ကိုယ့်ဖက်က မြင်တာလေးတွေကို ညှိနှိုင်းတာမျိုးလေး တွေရှိတယ်။ သူတို့ကို အကြံပေးတာမျိုးလေးတွေ ရှိတယ်။ သူတို့အနေနဲ့ကျတော့လဲ ကိုယ်နဲ့က ပထမဆုံး စာချုပ်ချုပ်တာ၊ သံအမတ်ခန့်တာဆိုတော့ လိုအပ်တာလေးတွေ ကစ်မြင်တာလေးတွေကို အကြံပေးဖြစ်တယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ဖြစ်တယ်။ ကစ်ကြော်ငြာတွေ ရိုက်တဲ့အခါမှာ ပရိသတ်အတွက် မရိုးရအောင် အမြဲစဉ်းစားဖြစ်တယ်။ အမြဲလဲ ကြိုးစားဖြစ်ပါတယ်’တဲ့။
ကားရိုက်အကြောင်းတွေကိုလည်း ‘၂၃ရက်နေ့ကျရင် ကောင်းပြည့်နဲ့ ဒါရိုက်တာ မကြည်ဖြူသျှင်နဲ့ လူငယ် ကျောင်းသားကားလေး ရိုက်ပါမယ်။ ရုံတင်ကားတွေအနေနဲ့က ပြောထားတာတော့ရှိတယ်။ သေချာရင် ပြောပါမယ်။ ဒီ၂၀၁၄ ထဲမှာ ကစ်စဉ်းစားထားတာလေးတွေ ရှိပါတယ်။ ၂၀၁၃ နဲ့မတူတဲ့ ရသအသစ်၊ အနုပညာဖန်တီးမှုအသစ်တွေ ပရိသတ်အတွက် ချပြဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။
ရှေ့မှာထွက်ထားတဲ့နှင်းဆီဇာတ်ကားနဲ့ပတ်သတ်ပြီး မေးကြည့်ဖြစ်တဲ့ အခါမှာတော့ ‘အဲဒီပရိသတ်က နှစ်မျိုးနှစ်စားရှိတယ်။ ဘာလို့လဲဆိုတော့ ချစ်၊ကြိုက်၊ကွဲ၊ညားတွေကို မြင်နေကြပရိသတ်တွေက အဲဒီကားလေးကို ကြိုက်တယ်။ တချို့ကျတော့လဲ အက်ရှင်ကားဖြစ်တဲ့အတွက် တစ်မျိုးပေါ့။ အဲလိုကားမျိုးလေးတွေကို အမြဲမဟုတ်သလို တစ်ခါတစ်လေတော့ရိုက်ဖြစ်ပါမယ။် ကစ်အခု နောက်ပိုင်းဆိုရင် မြင်နေကျမဟုတ်တဲ့ ဇာတ်ရုပ်ပုံစံတွေကို ရွေးပြီးရိုက်ပါမယ်။ အရင် ကစ်ရိုက်ထားတာတွေက အလှချစ်စရာလေးတွေ များတယ်။ ခုနောက်ပိုင်းမှာတော့ ကာရိုက်တာကို ဦးစားပေးပြီးတော့ရိုက်ထားတာလေး တွေရှိပါတယ်။ ပညာပေး ကားရိုက်တယ်ဆိုတာက ပရိသတ်အတွက်ရော၊ ကိုယ့်အတွက်ရော ရိုက်ရကျိုးနပ်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်တာပါ။ အဲလိုကားတွေက ဇာတ်ရှားတယ်။ ဇာတ်အိမ်ကလဲ ခိုင်မှဆိုတော့ နောက်တစ်ကား ရိုက်ဖို့အတွက်ကစ်တို့စီစဉ်နေပါတယ်။ ရိုက်ဖို့လဲရှိပါတယ်။ ပြီးတော့ အခုခေတ်ပရိသတ်က အရင်ကလိုမဟုတ်ဘူး။ နားလည်နေကြပြီ။ ဒါကရုပ်ရှင်ပေါ့။ ရုပ်ရှင်ဆိုတာအပြင်မှာ ရှိရင်လဲရှိမယ်။ မရှိရင်လဲမှရှိဘူး။ ပရိသတ်က ခေတ်မှီတယ်။ နားလည်တဲ့အတွက် ဘယ်လောက်ပဲ ရုပ်ရှင်ထဲမှာ ဆိုးပြနေပါစေ။ နားလည်တဲ့အတွက် အိုက်တင်ကောင်းတယ်လို့ပဲ သတ်မှတ်ကြတဲ့အတွက် ကစ်ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။’ လို့ သူမက ပြောပါတယ်။

စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားသစ်တစ်စင်းကို ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းအနီးတွင် စတင်ဆောက်လုပ်ရန် စီစဉ်

Sunday, January 19, 2013


ကျော်ထင်
ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းရှေ့ ကမ်းနားလမ်းဟောင်းပေါ်ရှိ လူကူးမျဉ်းကျားတွင် လမ်းကူးနေသူများအားတွေ့ရစဉ်(အောင်မျိုးသန့်)


စက်လှေကားထည့်သွင်း တည်ဆောက်မည့် ပထမဆုံးလူကူးခုံးကျော်တံတား တစ်စင်းကို ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းအနီးတွင် စတင်ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ လူကူးခုံးကျော်တံတားကို ကမ်းနားလမ်း(လမ်းဟောင်း)နှင့် ကွန်တိန်နာနှင့် အခြားယာဉ်များပါသွားလာနေသည့် ကမ်းနားလမ်းသစ်တို့ကို ဖြတ်ကျော်၍ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိပြီး အဆိုပါနေရာမှာ ယာဉ် ကြောများ ရှုပ်ထွေးသောကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ တည်ဆောက်ပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

“စက်လှေကားပါတဲ့ လူကူးခုံးကျော်တံတား ဆောက်ဖို့တော့ရှိတယ်။ ဘယ်အချိန် စလုပ်ဖြစ်မယ်တော့ မသိရသေးဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားသစ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ ပူးပေါင်း၍ ဆောက်လုပ်သွားမည်ဟု ကနဦးသတင်းများအရသိရပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်နှင့် ပူးပေါင်းဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများက တံတားဆောက်လုပ်မည့် မြေနေရာအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီး ဖြစ်ကြောင်းနှင့် တံတားအတွက် ဒီဇိုင်းပုံစံများမှာမူ မထွက်ရှိသေးကြောင်း သိရှိရပါသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာငွေအသုံးစရိတ်လျာထားချက်တွင် ပန်းဆိုးတန်း၌ လူကူးခုံးကျော်တံတား တည်ဆောက်ရေးအတွက် ငွေကျပ်သန်း ၄၅၀ သုံးစွဲမည်ဟု လျာထားချက်ရှိနေပြီး ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်ရှေ့တွင် လူကူးခုံးကျော်တံတား တည်ဆောက်ရေးအတွက် ငွေကျပ်သန်း ၃၀၀၊ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းတွင် လူကူးတံတားတည်ဆောက်ခြင်းအတွက် ငွေကျပ်သန်း ၂၇၀ နှင့် အင်းစိန် လမ်းမကြီး လှည်းတန်း မီးပွိုင့်အနီး လူကူးတံတား တည်ဆောက်ခြင်း အတွက် ငွေကျပ်သန်း ၈၀ တို့ကိုလည်း လျာထားကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်သူ ၇၀၀၀ ခန့် ဖမ်းဆီးရမိပြီး စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိမှု အများဆုံးဖြစ်


Sunday, January 19, 2013



မျိုးမင်းထက်
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ်တစ်ခုကို တွေ့ရစဉ်


၂၀၁၃ ခုနှစ်အတွင်းတွင် မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ကျူးလွန်သူ ၇၀၀၀ ခန့် ဖမ်းဆီးရမိပြီး စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းမိမှုမှာ အများဆုံးဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၅၀၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရပြီး ၂၀၁၂ ခုနှစ်ထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့နှစ်မှာ ၇၀၀၀ လောက်ဖမ်းဆီးရမိတယ်။ အမှုအရေအတွက်အနေနဲ့ဆိုရင်တော့ ၅၀၀၀ လောက်ရှိတယ်။ ဖမ်းဆီးရမိတဲ့သူတွေအထဲမှာတော့ အသက် ၃၀ နဲ့ ၄၀ တွေများတယ်" ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။


ပြီးခဲ့တဲ့နှစ်မှာ ၇၀၀၀ လောက်ဖမ်းဆီးရမိတယ်။ အမှုအရေအတွက်အနေနဲ့ဆိုရင်တော့ ၅၀၀၀ လောက်ရှိတယ်။ ဖမ်းဆီးရမိတဲ့သူတွေအထဲမှာတော့ အသက် ၃၀ နဲ့ ၄၀ တွေများတယ်" ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြားများမှာ တရုတ်နယ်စပ်မှ အများဆုံးဝင်ခဲ့ကြောင်း သိရှိရပြီး နိုဝင်ဘာလအထိ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၉ ဒသမ ၇ သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"၂၀၁၃ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကျူးလွန်သူ ၇၀၀၀ လောက် ဖမ်းဆီးရမိတယ်။ အဲဒီအထဲမှာက စိတ်ကြွရူးသွပ်ဆေးပြားနဲ့ပတ်သက်ပြီး အများဆုံးဖမ်းမိတယ်။ စိတ်ကြွဆေးက သုံးစွဲမှု၊ ဖြန့်ဖြူးမှုတွေများလာလို့ ပိုပြီးဖမ်းဆီးရမိတယ်လို့ သုံးသပ်လို့ရတယ်။ ဘိန်းလည်း ဖမ်းမိတာတွေရှိတယ်။ နောက်စိတ်ကြွဆေးပြား ထုတ်လုပ်ရာမှ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ တော်တော်များများဖမ်းမိတယ်" ဟု မူးယစ်(ဗဟို)မှ ရဲအရာရှိကြီးတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၀၈ မှစ၍ ၂၀၁၃ ခုနှစ်အထိ ဆူဒိုအက်ဖီဒရင်းပါဝင်သော အအေးမိပျောက်ဆေးပြား စုစုပေါင်း ၉၃ ဒသမ ၆ သန်းဖမ်းဆိရမိခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယနယ်စပ်မှ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စိတ်ကြွရူးသွပ်ဆေးပြားချက်ရာတွင် လိုအပ်သော ဓါတုပစ္စည်းများမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ အများဆုံးဝင်ရောက်လျက်ပြီး ပြည်သူလုထုအား ခြိမ်းခြောက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းက မြန်မာ-အိန္ဒိယမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန်အတွက် မူးယစ်ရဲတပ်ဖွဲ့များအား တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။

နှစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာတွင် အခန်းအလိုက် ပြင်ဆင်သင့်သည့်ပုဒ်မများကို မည်သည့်အတွက်ကြောင့် ပြင်ဆင်သင့်သည်ဆိုသည့် ကျိုးကြောင်းဖော်ပြချက်များ ပါဝင်မည်



Sunday, January 19, 2013


ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း
ဇန်န၀ါရီ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအစည်းအဝေး


နှစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာတွင် အခန်းအလိုက်ပြင်ဆင်သင့်သည့် ပုဒ်မများကို မည်သည့်အတွက်ကြောင့် ပြင်ဆင်သင့်သည်ဆိုသည့် ကျိုးကြောင်းဖော်ပြချက်များပါဝင်မည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးအေးမောက်က ပြောကြားသည်။

"အန်ကယ်တို့အကြမ်းဖျင်း ဆုံးဖြတ်ထားတာကတော့ ပြည်သူတွေထံက ရောက်ရှိလာတဲ့ အကြံပြုချက်တွေမှာ တချို့က တူတဲ့အကြံပြုချက်တွေရှိတယ်။ အကြံပြုချက် သုံးသိန်းကျော်မှာ တချို့ကဒီအဓိပ္ပာယ်ပဲ။ ဒါတွေကို အန်ကယ်တို့ စုစည်းနေတယ်။ ကော်မတီမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အခန်းလိုက်တာဝန်ခွဲပြီး လေ့လာနေတယ်။ တူတာတွေစုစည်းမယ်။ အဲဒီအထဲမှာ တူတာတွေမှာ အခန်းအလိုက်၊ ပုဒ်မအလိုက် ဘယ်ပုဒ်မတွေကတော့ ပြင်ဆင်သင့်တယ်။ ဘယ်ပုဒ်မကတော့ ပယ်ဖျက်သင့်တယ်။ ဘယ်ပုဒ်မက ဖြည့်စွက်သင့်တယ်။ တချို့ကျတော့ စဉ်းစားသင့်တယ်လို့လာတယ်။ ဘာတွေစဉ်းစားမလဲ။ ဘယ်လိုစဉ်းစားမလဲ။ ကျိုးကြောင်းဖော်ပြချက်လေးတွေပါမယ်။ ဒီဟာတွေအပေါ်မူတည်ပြီး အန်ကယ်တို့က တစ်ခန်းချင်းသွားမယ်။ ဥပမာ အခန်း ၄ ပုဒ်မ ၇၅ ကို အကြံပြုတဲ့သူတွေက ပြင်ဆင်ဖို့ ဘယ်နှဦးရှိပါတယ်။ ဖြည့်စွက်ဖို့က ဘာတွေရှိပါတယ်။ ပယ်ဖျက်မယ်ဆိုရင် ပယ်ဖျက်ဖို့က ဘာတွေရှိပါတယ်။ အဲဒီလို ပုဒ်မတစ်ခုချင်းအလိုက် အကြံပြုတဲ့သူအလိုက်သွားမယ်။ အခန်းလိုက်စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာအဖြစ် ဆက်တင်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ဆိုတာ ဥပဒေကြမ်းအဖြစ်တင်မှ ပြင်လို့ရတာ။ ဒီဥပဒေကြမ်းတင်ဖို့ ဒီကော်မတီအဖွဲ့က ပြင်ဆင်ပေးတဲ့သဘောပဲ"ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

ကော်မတီကို အဖွဲ့ငါးဖွဲ့ခွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာထားမှုအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း၊ ပြည်သူများထံမှ ရောက်ရှိလာသည့် အကြံပြုချက်များတွင် တူသည့်အချက်များရှိကြောင်း၊ အကြံပြုစာ သုံးသိန်းကျော်တွင် တူသည်များရှိကြောင်း၊ အဓိပ္ပာယ်တူသည်များရှိကြောင်း၊ ထို့ကြောင့် ကော်မတီအဖွဲ့အလိုက် တာဝန်ကျသူများက တူသည်များကိုစုကာ အစီရင်ခံစာတင်သွင်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်းအလိုက် ပုဒ်မအလိုက် မည်သည့်အချက်များကို ပယ်ဖျက်သင့်သည် မည်သည့်အချက်များကို ပြင်ဆင်သင့်သည် စသည့်အကြံပြုချက်များ၊ အခန်းအလိုက်ပယ်ဖျက်ရန် အကြံပြုသူ မည်မျှရှိသည်၊ ပြင်ဆင်ရန် အကြံပြုသူမည်မျှရှိသည် စသည်ဖြင့် အစီရင်ခံစာတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ကော်မတီ၏ အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ တင်သွင်းမည်ဖြစ်ပြီး ကော်မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် NGO များထံမှ အကြံပြုချက်များအသီးသီး ရောက်ရှိနေကြောင်း သိရသည်။

ရရှိခဲ့သည့် အကြံပြုချက်စောင်ရေ ၂၈၂၄၇ အား အခန်းလိုက်အကြံပြုချက်အဖြစ် ပြန်လည်စိစစ်သုံးသပ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁ ပါ နိုင်ငံတော်၏ အခြေခံမူများကိုပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း သိရသည်။


EMG

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော်အထိရှိလာပြီး ယခင်နှစ်ထက် ငါးဘီလျံကျော် ပိုမိုရရှိနေ

Sunday, January 19, 2013


မင်းသီဟဇော်
ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆောင်ရွက်နေသည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ ဇန်န၀ါရီ ၁၀ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူတင်ပို့မှုထက် အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇန်န၀ါရီ ၁၀ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၃၂၉ ဒသမ ၅၄၂ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ ဧပြီ ၁ ရက်မှ ဇန်န၀ါရီ ၁၀ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀၅၀ ဒသမ ၂၂၁ သန်းသာ ရှိခဲ့သောကြောင့် ယခုနှစ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၅၂၇၉ ဒသမ ၃၂၁ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နို့နှင့်နို့ထွက်ပစ္စည်း၊ စားအုန်းဆီ၊ ဆေးဝါးများ၊ ဘိလပ်မြေ၊ လုပ်ငန်းသုံးဓာတုပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စက်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ စက္ကူများ၊ ပလတ်စတစ်ထုတ်ကုန်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံးပစ္စည်းများကို တရုတ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်နိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှုပြုနိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် နှစ်လကျော်သာလိုတော့သည့်အချိန်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၂၉၀ ဒသမ ၈၅၉ သန်းသာရှိနေပြီး လျာထားချက်ပြည့်မီရန် အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လိုနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန်အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်စသည်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေပြီး ဦးစားပေးအကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး အကောင်အထည်ဖော်မည့် ကဏ္ဍများ၊ အထောက်အကူပြုမည့်ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများတွင် ပါဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှ မီးလောင်ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ်၂၉၇ သန်း အများဆုံးပေးလျော်



Sunday, January 19, 2013


သက်ထား၊ အေးမြတ်မွန်
မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လျော်ကြေးငွေပေးအပ်စဉ်


၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှ မီးလောင်ဆုံးရှုံးမှုအတွက် အများဆုံးအဖြစ် လျော်ကြေးငွေကျပ် ၂၉၇ သန်းကို ပေးလျော်ခဲ့ရကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ယင်းသို့ ပေးလျော်ရမှုမှာ ပွင့်ဦးပရိဘောဂသိုလှောင်ရုံ အဆောက်အအုံ မီးလောင်ဆုံးရှုံးမှုအတွက် ငွေကျပ်သန်း ၂၉၇ သန်း (ကျပ်သိန်း ၂၉၇၆၀၀၀၀၀) ပေးလျော်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

ပွင့်ဦးပရိဘောဂသိုလှောင်ရုံ အဆောက်အအုံကို အာမခံထားငွေစုစုပေါင်း ကျပ် ၃၁၁ ဒသမ ၄၅ သန်းဖြင့် ၂၀၁၀ ပြည့်နှစ်မှစကာ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိခဲ့ပြီး ပေးသွင်းခဲ့သည့် ပရီမီယံအနေဖြင့် ကျပ် ၇ သန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါသိုလှောင်ရုံသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးပေးလျော်ရန်အတွက် စိစစ်ခဲ့ရာ ဇန်န၀ါရီ ၁၇ ရက်တွင် ကျပ်သန်း ၂၉၇ သန်း ပေးလျော်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အင်းလေးကန်နောက်ဘက် ညောင်ရွှေမြို့ရှိ ဟူပင်ဟိုတယ်ပေါ်သို့ မီးပုံးပျံကျရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် အဆိုပါရေပေါ်ဟိုတယ်အတွက် လျော်ကြေးငွေ ကျပ် ၁၂ သန်းကိုလည်း ပေးလျော် ခဲ့သည်။

အဆိုပါ ရေပေါ်ဟိုတယ်သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှစကာ မြန်မာ့အာမခံလုပ်ငန်းတွင် အဆောက်အအုံ ၄၉ လုံးအတွက် ကျပ် ၆၅၅ သန်းဖြင့် အာမခံထားရှိခဲ့ပြီး ပေးသွင်းခဲ့သည့် ပရီမီယံမှာ ကျပ်ခြောက်သန်းရှိကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစား ၄၆ မျိုး လုပ်ကိုင်လျက်ရှိပြီး ယင်းအာမခံအမျိုးအစားများအနက်မှ မီးအာမခံထားရှိမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

EMG

ကလေးစစ်သား ၉၆ ဦးကို တပ်မတော်အတွင်းမှ နုတ်ထွက်ခွင့်ပြုမှု အမှတ်(၁)စစ်ကြောရေး၌ပြုလုပ်ခဲ့ပြီး ကလေးစစ်သားစုဆောင်းရာတွင် ပါဝင်ခဲ့သော အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းဖြင့် အရေးယူခဲ့ကြောင်းသိရ


Sunday, January 19, 2013


ကြည်နိုင်
စစ်တပ်မှ နုတ်ထွက်ခွင့်ရသည့် ကလေးစစ်သားတစ်ဦးအား ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက အမှတ်(၁) စစ်ကြောရေးစခန်းအတွင်း တွေ့ရစဉ်


အရွယ်မရောက်သေးသော ကလေးစစ်သား ၉၆ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပေးပြီး မိဘများထံ ပြန်လည်အပ်နှံမှုကို ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ခ) ဘုရင့်နောင်စစ်ကြောရေး၌ ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထို့ပြင် ကလေးစစ်သားစုဆောင်းရာတွင် ပါဝင်ခဲ့သော အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့ပြီးဖြစ်ကြောင်း အဆိုပါအခမ်းအနား၏ သတင်းထုတ်ပြန်ချက်အရသိရပြီး ကလေးစစ်သားတစ်ဦး မိဘဖြစ်သူ ဒေါ်အေးအေးမြိုင်က "ကျွန်မရဲ့သားက ဆယ်တန်းဖြေပြီးကျလို့ နောက်တစ်နှစ်ပြန်ဖြေဖို့ ဖောင်တင်ထားတုန်း စစ်ထဲကိုရောက်သွားတာပါ။ ပင်လောင်လေ့ကျင့်ရေး ၄ ကိုပါသွားပြီး ကလေးစစ်သားတွေ ပြန်လွှတ်ပေးမယ်ဆိုလို့ နေပြည်တော်ကို လေးခေါက်လောက်သွားပြီးမှ အခုလိုမိသားစု ပြန်ဆုံစည်းခွင့်ရတာ အင်မတန်ပျော်ပါတယ်။ တပ်ထဲကဗိုလ်ကြီးတွေက အခုတစ်ပတ်အတွင်း အိမ်ကိုလာပြီး စစ်ဆေးဦးမယ်လို့တော့ ပြောတယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်က လုပ်ငန်းစီမံချက်ကို ကုလသမဂ္ဂ၏ လက်နက်ကိုင်ပဋိပက္ခများ၌ ကလေးအခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်အစီရင်ခံရေး နိုင်ငံအထူးလုပ်ငန်းအဖွဲ့ (UN CTFMR) နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၁၈ လအတွင်း တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သားများ လုံးဝမကျန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရမည်းသင်းလေ့ကျင့်ရေးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အမည်မဖော်လိုသူ ကလေးစစ်သားတစ်ဦးက "ကျွန်တော်တို့အပြင်ရောက်ရင် ဘာအလုပ်လုပ်မှာလဲလို့ တပ်ထဲကဆရာကြီးတွေကမေးတယ်။ ကျွန်တော်တို့က မိရိုးဖလာကိုင်းလုပ်တယ်လေ။ ဒါပဲပြန်လုပ်မှာပါ။ စစ်တပ်ထဲက ပြန်ထွက်ရမယ်ဆိုတာ အခြေခံစစ်သင်တန်းတက်ကတည်းက ပြောသံကြားရတယ်။ ကရင်ပြည်နယ်ဘက်က ရှေ့တန်းကို နှစ်ပတ်ပါဖူးတယ်။ ၁၄ နှစ်ကတည်း စစ်တပ်ထဲရောက်ပါတယ်။ အခုဦးလေးလာကြိုတယ်။ အပြင်လောကကို ပြန်ထွက်ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ အခုမွေးရပ်မကွေးက ရွာကိုပြန်မယ်"ဟု ၎င်း၏ စစ်ရောင်ကျောပိုးအိတ်ကို ပိုက်ထားရင်းဆိုသည်။

ဆက်လက်ပြီး နုတ်ထွက်ခွင့်ပြုသည့် ကလေးစစ်သား ၉၆ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့်အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ကလေးစစ်သားများထံပေးအပ်ခဲ့သည်။

တပ်မတော်မှ စစ်မှုထမ်းပြီး အသက်မပြည့်သဖြင့် နုတ်ထွက်ခွင့်ပြုခဲ့သော ကလေးစစ်သားများ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများသင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းအခမ်းအနား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

"အပြင်ရောက်ရင် ကျောင်းပြန်တက်မယ်။ ဆယ်တန်းကျပြီး အိမ်ကိုမပြန်ရဲလို့ ဒလဘက်ကနေ သင်္ဘောနဲ့ကူးလာတုန်း ပန်းဆိုးတန်းကိုရောက်တော့ လူတစ်ယောက်က အလုပ်လုပ်မလားလို့ မေးတယ်။ ကျွန်တော်လည်း ရတဲ့အလုပ်လုပ်မယ်ဆိုပြီး သူခေါ်တဲ့နောက်လိုက်သွားရင်း မန္တလေးကတပ်ရင်းတစ်ခုရောက်သွားတယ်။ တပ်ထဲမှာ တစ်နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်"ဟု လှိုင်သာယာ ၁၅ ရပ်ကွက်မှ ကလေးစစ်သားတစ်ဦးက ပြောကြားသည်။

ကလေးစစ်သားများကို မိဘများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ၂၀၁၂ စက်တင် ဘာ ၃ ရက်က ပထမအကြိမ်အဖြစ် ၄၂ ဦး၊ ၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက်က ဒုတိယအကြိမ်အဖြစ် ၂၄ ဦး၊ ဇူလိုင် ၇ ရက်က တတိယအကြိမ်အဖြစ် ၄၂ဦး၊ သြဂုတ် ၈ရက်က စတုတ္ထအကြိမ်အဖြစ် ၆၈ ဦး၊ ယခုပဉ္စမအကြိမ်အဖြစ် ၉၆ ဦး စုစုပေါင်း ကလေးစစ်သား ၂၇၂ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးစစ်သားများကို မိဘများထံသို့ လွှဲပြောင်းပေးအပ်မှုအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်သန်းစိုးနှင့် တပ်မတော်အရာရှိများ၊ UN CTFMR မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ -

EMG

Related Posts Plugin for WordPress, Blogger...