
ထီးချိုင့်၊ ဇူလိုင် ၂၇ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကြက်တကောင်းကျေးရွာနေ ဒေါ်အေးဆိုင်၏ ခြံဝင်းအတွင်းရှိ သန့်စင်ခန်းအတွင်း၌ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေသည့် အတွက် ကြက်တကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဖြိုး ဆိုသူမှ ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ် အောင်ထံသို့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၁၀ နာရီအချိန်က ဖုန်းဖြင့်ဆက်သွယ်အကြောင်းခဲ့သည်ဟု သိရ သည်။ထို့ကြောင့် ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူး...