Friday, January 24, 2014

နာမည်ကြီးဈေးဝယ်စင်တာများ ဖြစ်သည့် စိန်ဂေဟာနှင့် တော်ဝင်စင်တာမှာ ဖမ်းမိခဲ့တဲ့ ကာမစိတ်ကြွဆေးဝါးများ ကိစ္စ ပြည်ထဲရေး ဒုဝန်ကြီးရှင်း


ရန်ကုန်မြို့ရှိ နာမည်ကြီး ဈေးဝယ်စင်တာများဖြစ်သည့် စိန်ဂေဟာနှင့် တော်ဝင်စင်တာတို့တွင် ဖမ်းဆီးရမိ သော ကာမစိတ်ကြွဆေးများကို ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာများက ရောင်းချခိုင်းခြင်း မဟုတ်ဟု ပြည်ထဲ ရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်န၀ါရီလ ၂၃ ရက် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ပြောဆိုလိုက်သည်။

ရဲတပ်ဖွဲ့က ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့အား စစ်ဆေးချက်အရ “အဲဒီပစ္စည်းမျိုးကို ရောင်းချရန် နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ညွှန်ကြားထားခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ပြည်ထဲရေးဒုဝန်ကြီးက ပြော သည်။

တရားဝင်ရောင်းချခွင့် မပြုထားသည့် ကာမစိတ်ကြွဆေးများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စီမံချက်ဖြင့် ဖမ်း ဆီးခဲ့ရာမှ ဒဂုံမြို့နယ်ရှိ စိန်ဂေဟာနှင့် တော်ဝင်စင်တာ ဆေးဆိုင်များတွင် ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလ ၁၆ ရက်က ဖမ်းမိခဲ့ပြီး တာဝန်ကျ အရောင်းဝန်ထမ်း အမျိုးသမီးနှစ်ဦးကို အရေးယူခဲ့သည့်ဖြစ်စဉ်အပေါ် ဒု-၀န် ကြီးက ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် တာဝန်ကျအရောင်း ၀န်ထမ်း အမျိုးသမီးနှစ်ဦးကိုသာ ဒဂုံမြိုနယ်ရဲစခန်း၌ ချုပ်နှောင်ဖမ်း ဆီးခဲ့သည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏ တိုင် ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားထားသည်နှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌ ဦးမြငြိမ်းက မေးမြန်းစဉ် ဒု-၀န် ကြီးက အထက်ပါအတိုင်း ပြန်ဖြေခဲ့သည်။

ယင်းအမှုတွင် ဆိုင်ရှင်မျာက ရောင်းချရန် ညွှန်ကြားထားမှုမရှိသလို ဆေးအရောင်းဝန်ထမ်းများတွင်လည်း အပြစ်မရှိ ဟု ဒု-၀န်ကြီးက ပြောသည်။ ၎င်းတို့ကို စစ်ဆေးချက်အရ အ၀ယ်တော်များတွင်သာ တာဝန်ရှိ သည့်အတွက် အ၀ယ်တော် နှစ်ဦးဖြစ်သည့် စိန်ဂေဟာမှ မျိုးဝင်းနှင့် တော်ဝင်စင်တာမှ အောင်မြတ်သူ တို့ကို “အမျိုးသား ဆေးဝါးဥပဒေအရ ထောင်ဒဏ်တစ်လနှင့်ငွေဒဏ် ငါးသောင်းချမှတ်ခဲ့ပြီးဖြစ်သည်ဟု ဒု-၀န်ကြီးက ဆိုသည်။

သို့သော် ကော်မတီ၏ စိစစ်တွေ့ရှိချက်အရ စူပါမားကက်ကြီးများတွင် တာဝန်ရှိသူတို့၏ စီမံခန့်ခွဲမှုအောက် တွင်သာ အုပ်ချုပ်မှုအဆင့်ဆင့် ၀န်ထမ်းများ တာဝန်ထမ်းဆောင်နေကြရသည့်အတွက် “အပြစ်မရှိသော ပြည်သူများ နစ်နာမှုမရှိရန်နှင့် အပြစ်ရှိသောသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရန်” ဟု ဦးမြ ငြိမ်းက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ဒု-၀န်ကြီး၏ ဖြေကြားချက်အရပင် အရောင်းဝန်ထမ်း နှစ်ဦးကို ဖေဖော်ဝါရီလ ၁၆ရက် (စတင်ဖမ်းဆီးမိ သည့်နေ့)က စတင်ဖမ်းဆီးပြီး မတ်လ ၁၂ ရက်မှ ခံဝန်ချုပ်များဖြင့် ပြန်လွှတ်ခဲ့သည့်အတွက် တစ်လနီးပါး ဖမ်းဆီးစစ်ဆေးခဲ့သည့် သဘောဖြစ်သည်။

ကမ္ဘာ့နာမည်ကြီး ဖိနပ်ကုမ္ပဏီ ICON Shoes ရဲ့ အငြင်းပွားဖွယ်ဒီဇိုင်းသစ်




အမေရိကန်အခြေစိုက် နာမည်ကြီးဖိနပ်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Icon Shoes ဟာ ဗုဒ္ဓဘုရားရဲ့ ရုပ်ပုံတော်တွေနဲ့ ကနုတ်ပန်းဒီဇိုင်းတွေကို အသုံးပြုပြီးတော့ သစ်သားဖိနပ် အနိမ့် ၊ အမြင့်ဒီဇိုင်းမျိုးစုံကို ထုတ်လုပ်လိုက်ပါတယ်။ ဒီရှူးဖိနပ်ဒီဇိုင်းတွေကိုတော့ www.iconshoes.comမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဗုဒ္ဓရဲ့ရုပ်ပုံတော်ဟာ ကမ္ဘာနဲ့အ၀ှမ်း လူအများသက်ဝင်ယုံကြည်တဲ့ ပုံရိပ်တစ်ခုဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်သူများစွာရှိနေပါတယ်။ ဗုဒ္ဓရဲ့ရုပ်ပုံ ၊ ဗုဒ္ဓနဲ့ဆက်စပ်နေတဲ့ မည်သည့်အရာမဆို ဖိနပ်မှာတန်ဆာဆင်ခြင်းဟာ ဗုဒ္ဓဘာသာဝင်များ အတွက်တော့ လုံးလုံးလျားလျား သင့်တော်မှုမရှိတဲ့ ကိစ္စဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ ရိုင်းစိုင်းမှုကို ဖော်ပြတာ၊ အရိုအသေတန်တာဖြစ်ပါတယ်။ ဗုဒ္ဓသာသနာနဲ့ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးကို ရိုင်းပြစွာစော်ကားတာ ဖြစ်တယ်ပါတယ်။

Icon အနေနဲ့ ကမ္ဘာနဲ့အ၀ှမ်းအသုံးပြုနေတဲ့ သူ့ရဲ့ တံဆိပ်အပေါ် ကွဲပြားတဲ့ဘာသာဝင်တွေ အနေနဲ့ ဘာသာအရေးရှုထောင့်အရ ဘယ်လိုအမြင်ရှိကြမယ်ဆိုတာကို လုံးဝလျစ်လျူရှုပြီး ထုတ်လုပ်လိုက်တာပါ။



ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ ကမ္ဘာအရပ်ရပ်က လူပေါင်း ၃၂၁၉ ယောက်က အမေရိကန် ဖိနပ်နဲ့ အခြားဆက်စပ်အသုံးအဆောင်ပစ္စည်း အဖွဲ့ (American Apparel & Footwear Association) ကို ကန့်ကွက်လွှာတွေ တင်သွင်းထားကြပြီး ဖြစ်ပါတယ်။

ကန့်ကွက်လွှာကတော့ - ကျွန်ုပ်တို့အနေနဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာရဲ့ ရုပ်ပုံတွေကို Icon Shoes မှာ အသုံးပြုခြင်းအား ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။

(၁) ဗုဒ္ဓဘာသာ ရုပ်ပုံနဲ့ဆက်နွယ်နေတဲ့ မည်သည့် ဖိနပ်အသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်းများကိုမဆို ယခုချက်ချင်း ဖယ်ရှားပေးရပါမယ်။

(၂) ICON Shoes အနေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လူသိရှင်ကြား တရားဝင် တောင်းပန်မှု ပြန်လည်ပြုလုပ်ပေးရပါမယ်။

(၃) လူထုရဲ့ဆန္ဒဖော်ပြချက်ရဲ့ ရလဒ် ၊ အကျိုးကျေးဇူးကို ထုတ်ပြန်ကြေငြာပေးရမယ် လို့ စသဖြင့်ပါရှိပါတယ်။

အကယ်၍များ သင်တို့လည်းကန့်ကွက်လွှာတင်သွင်းချင်တယ်ဆိုရင် www.gopetition.com မှာ သွားရောက်တင်သွင်းနိုင်ပါတယ်။



Ref:gopetition.com

အာလာဒင် ကော်ဇော်ပျံ အပါအ၀င် ပရိဘောဂ ဒီဇိုင်းဆန်းများထွက်ရှိ



ကော်ဇောပျံ နှစ်ဆလောက်ရှိတဲ့ ကော်ဖီစားပွဲတစ်လုံးကို လန်ဒန်အခြေစိုက် ဒီဇိုင်နာတစ်ယောက်က ရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။ ဒီဇိုင်နာရဲ့ နာမည်ကတော့ Chris Duffy ဖြစ်ပြီး သူ့ငယ်ဘ၀ကို လွှမ်းမိုးခဲ့တဲ့ နတ်သမီးပုံပြင်တွေကို အခြေခံကာ အမြင်ပိုင်းေ၀၀ါးသွားစေမယ့် ပရိဘောဂတွေ ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။

အမြင်ေ၀၀ါးသွားစေမယ့် စတာလင်ပေါင် ၁၄၉၅တန် မှော်ကော်ဇောပျံကြီး။



စားပွဲရဲ့အလယ်တည့်တည့်က ဖျောက်ထားတဲ့ ၅စင်တီမီတာအကျယ်ရှိ ခြေထောက်ကိုသုံးပြီး အောက်ခြေပုံရိပ်ယောင်ကို ထုတ်ပေးပါတယ်။ အောက်ခြေ အရိပ်ကို အမဲရောင်ထုတ်ပေးတဲ့အတွက် စားပွဲဟာ လေပေါ်မှာ ဗောလော ပေါ်နေသယောင် ထင်ရစေမှာပါ။



Brothers Grimm နတ်သမီးပုံပြင်ထဲက သစ်ခုတ်သမားရဲ့ စိတ်ကူးယဉ် ပရိဘောဂတစ်ခုပါ။ “သစ်ခုတ်သမား ပုဆိန် စားပွဲ” လို့ခေါ်ပြီး စတာလင်ပေါင် ၂၄၉၅ တန်ပါတယ်။



ဒါလဲ ကော်ဖီစားပွဲပျံပါပဲ။ ကမ္ဘာ့ဆွဲငင်အားကို ကစားပြထားတာပေါ့။ “ဗူပေါင်းတွေက ပင့်တင်ထားလိုက်ပုံများ အံ့အားသင့်လွန်းလို့ တုံ့တောင် တုံ့သွားမယ့် ဖန်တီးမှုမျိုးပါ။” လို့ Brighton တက္ကသိုလ် ဘွဲ့ရဖြစ်တဲ့ Chris Duffy ကပြောပါတယ်။



ထိုင်ခုံ ၈လုံးကို ကြိုးနဲ့ဆိုင်းထားပြီး လွှဲရမ်းဆော့လို့ရမယ့် စားပွဲပုံစံမျိုးကိုလည်း တီထွင်ဖန်တီးထားပါတယ်။



Arthur C. Clarke ရေးသားတဲ့ The Sentinel စာအုပ်ထဲက အတွေးအမြင်ပါတဲ့ ကျောက်စားပွဲကြီးပါ။

Ref:dailymail

ရှန်ဟိုင်း spring summer 2014 ရဲ့ တရုတ်နှစ်သစ်ကူးဖက်ရှင်

တရုတ်နှစ်သစ်ကူး နီးလာတာနဲ့ သူအများ လေးစားအထင်ကြီးလောက်အောင် ၀တ်ဆင်ပြီး ပွဲတက်ချင်မယ်ဆိုတာ သိပါတယ်။ တရုတ်အမျိုးသမီးတွေရဲ့ ရိုးရာအ၀တ်အစားကို ပြန်လည်ဆန်းသစ် ထားတဲ့ ဒီဇိုင်းတွေက နှစ်သစ်ကူးမှာသာမက တစ်နှစ်တာလုံးဝတ်ဆင်နိုင်ပါတယ်။

ဒီတော့ Shanghai Tang’s Spring Summer 2014 စတိုင်ကို လေ့လာကြည့်ပြီးတော့ သင့်ဗီရိုအဟောင်းထဲ မွှေနှောက်ရှာဖွေလို့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။



Shanghai Tang လို့အမည်ပေးထားတဲ့ ဒီဝတ်စုံတွေကို လေ့လာကြည့်မယ်ဆိုရင် ပုခုံးနားကနေ ပိတ်စအတွန့်လေးတွေက ပေါ့ပါးပြီး လူငယ်ဆန်တဲ့အသွင်ကိုပေးပါတယ်။ မန်ဒရင်းရိုးရာ ရှေးယခင်စတိုင် ကော်လံပုံစံကတော့ မပါမဖြစ်ပေါ့။ မီနီစကတ်က အရမ်းမရိုးသလို အရမ်းလဲမဆန်းတဲ့အတွက် အရှေ့တိုင်း ပွဲလမ်းသဘင် တော်တော်များများနဲ့ ၀င်ဆံ့ပါတယ်။



နောက်တစ်နည်းကတော့ အရောင်ဗြောင်တွေကို ဆန့်ကျင်ဘက်တွဲဖက်ဝတ်ဆင်တာပါ။ အဖြူရောင် ရှပ်တစ်ထည်ရွေးချယ်လိုက်တာက ဘယ်တော့မှ မမှားပါဘူး။ ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ကြယ်သီးလေးတွေ ကြောင့် ပိုလို့တောင် ချစ်ဖို့ကောင်းနေမှာပါ။ ဒီဖက်ရှင်တွေကို စတိုးတွေမှာ တင်နေပြီဖြစ်ပြီး နေရာအပြည့်အစုံ ကိုhttp://www.herworldplus.com/shopping/where-shop/shopping-where-shop-shanghai-tang မှာ ၀င်ရောက်ရှာဖွေနိုင်ပါတယ်။

Ref:herworldplus

ဆံပင်ရွှေရောင်နဲ့လိုက်တဲ့ ကိုရီးယားစတားတွေ

K-Pop စတားတွေ ဆံပင်ဖြူဖျော့ဖျော့နဲ့ ရွှေအိုရောင် ဆိုးကြတာ အများအပြားတွေ့ဖူးကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် စတားလေးတွေလောက် ရွှေရောင်နဲ့လိုက်တဲ့သူမျိုးကို မတွေ့ဖူးသေးပါဘူး။



Sandara က “Falling In Love” ထဲမှာ ဆံပင်ရွှေရောင်ပြောင်းလိုက်တဲ့အခါ အားလုံးကလည်းပဲ fell in love ဖြစ်သွားရပါတယ်။ သူမဟာ နတ်ဘုရားမတပါးအသွင်ပါပဲ။ သူမဟာ တကယ့်ကို ရွှေရောင်ကောင်မလေးလို့ ခေါ်ဆိုနိုင်သူပါ။



အနီ ၊ အညို ၊ အနက် ဘယ်အရောင်ပဲပြောင်းပြောင်း Gyuri ဟာ ရွှေရောင်လောက် သူမနဲ့ လိုက်ဖက်တဲ့ အရောင်မရှိပါဘူး။ ရွှေရောင်နဲ့သူမဟာ ပိုပြီးအမျိုးသမီးဆန်လို့ ပြေပြစ်ပါတယ်။



Luna ကို အများအားဖြင့် အနက်ရောင်နဲ့သာ တွေ့ရလေ့ရှိပြီး အနက်ရောင်ဟာ သူမရဲ့အသက်တွေကို ထပ်ပေါင်းထည့်နေသလိုပါပဲ။ ရွှေရောင်နဲ့သူမကို တွေ့လိုက်ရတဲ့အခါမှာတော့ တဖန်ပြန်လည် မွေးဖွားလာသလိုပါပဲ။



Girl’s Generation ထဲက Hyoyeon ဟာ အနည်းငယ်ယောက်ျားဆန်တဲ့သွင်အပြင်နဲ့ ကောင်မလေးပါ။ သူမရဲ့ အနက်ရောင်ဆံပင်နဲ့ သူမဟာ ရင့်ကျက်တဲ့အသွင်ပေါက်ပါတယ်။ သူမရွှေရောင်ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ ။ သူမဟာ ဒီအရောင်နဲ့ပိုပြီး တောက်ပသွားသလို ပိုပြီးတော့လည်း ငယ်သွားပါတယ်။



Nana ရွှေရောင်ပြောင်းလိုက်တဲ့အခါ သူမဟာ ဒီအရောင်နဲ့မွေးဖွားခဲ့သင့်တာ လို့ပဲ ပြောချင်ပါတယ်။ သူမကို ကြည့်ရတာ အလွန်ပဲ classic ဆန်သွားပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကမှ သူမဆံပင်တွေကို အရောင်ချွတ်ထားတာပါ။



ရွှေရောင်က HyunA ကို တကယ်ကလေးလေးတစ်ဦးလိုမျိုး အသွင်ပြောင်းပေးလိုက်နိုင်ပါတယ်။ သူမကို ဒီဆံပင်က အလွန်လတ်ဆတ်သွားစေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။



Jiyeon ကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ သူမဟာ အစောကတည်းက ဒီလိုဆုံးဖြတ်ခဲ့သင့်တာ လို့တောင် ပြောမိမတတ်ပါပဲ။ အရောင်ချွတ်ထားတဲ့ သူမရဲ့ဆံပင်က သူမကို အလွန်ပဲ sexy ကျစေပါတယ်။

Ref:kpopstarz.com

Sneaker ဖိနပ် အမိုက်စားတွေကို ဘယ်လိုအ၀တ်အစားဒီဇိုင်းတွေနဲ့ တွဲစီးသင့်သလဲ



ဖိနပ်ဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ အရာတွေထဲက တစ်ခုပါ။ အပေါ်က ၀တ်ထားတာ ဘယ်လောက်မိုက်မိုက် ကိုယ်စီးထားတဲ့ ဖိနပ်နဲ့ မလိုက်ဖက်ဘူးဆိုရင် ဘယ်လိုမှ ဖက်ရှင်ကျမှာ မဟုတ်ပါဘူး။ မိန်းကလေးဆန်ဆန် ၀တ်ဆင်ပြီး ဒေါက်မြင့်ဖိနပ် စီးလိုက်တာမျိုးက သိပ်ခေါင်းစားစရာမလိုပေမယ့် shoe ၊ sneaker တွေကို ဘယ်လိုဝတ်ရင် အထာကျမလဲဆိုတဲ့ အချက်ကတော့ နည်းနည်းအရေးကြီးသွားပါပြီ။ ဒါ့ကြောင့် ဘယ်လိုဘောင်းဘီဒီဇိုင်း မျိုးဆိုရင် ဘယ်လို ဖိနပ်မျိုးနဲ့ တွဲဝတ်သင့်တယ်ဆိုတဲ့ အချက်လေးတွေကို ခု ပြောပြပေးလိုက်တယ်နော်။

၁။High-top sneakers



လူကြားထဲ ထင်းခနဲဖြစ်စေတဲ့ ဖိနပ်မျိုးကတော့ အမိုက်စား sneaker ဖိနပ်တွေပါပဲ။ သူ့ကို skinny ဂျင်းနဲ့ တွဲဝတ်ရင်ဝတ် ဒါမှမဟုတ်လည်း ခြေမျက်စိ မရောက်တစ်ရောက် cropped ဂျင်း တွေနဲ့ တွဲဝတ်ပစ်လိုက်ပါ။

၂။Supergas



ပုံမှာပြထားသလို ဘောင်းဘီတိုတွေနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ခြေမျက်စိထိ မရှည်တဲ့ skinny ဘောင်းဘီ၊ မိန်းမအရမ်းမဆန်တဲ့ dress မျိုးတွေနဲ့ ၀တ်ဆင်နိုင်ပါတယ်။

၃။Straight-up sporty sneakers



အားကစားလုပ်ရင်း စီးဖို့ ၀ယ်ထားတဲ့ sneaker တွေရှိရင် ကိုယ့်ဆီမှာရှိတဲ့ dress အမိုက်စားတွေနဲ့ တွဲဝတ်ပစ်လို့ရတယ်နော်။ ပုံမှာပြထားသလို pencil စကတ်နဲ့ဖြစ်ဖြစ်၊ ပိုးသား၊ ဖဲသားနဲ့ ချုပ်ထားတဲ့ ၀တ်စုံမျိုးဆိုရင်တောင် sporty sneaker တွေနဲ့ တွဲဝတ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၎။Slip-on sneakers



ခဲရာခဲဆစ် စီးစရာမလိုဘဲ ဒီအတိုင်းထိုးသွင်းပြီး လွယ်လွယ်ကူကူ စီးနိုင်တဲ့ Slip-on sneakers တွေနဲ့ဆိုရင်တော့ သိပ်မကျပ်၊ သိပ်မချောင်တဲ့ ဂျင်းဘောင်းဘီမျိုးတွေ၊ Boyfriend ဂျင်းတွေ၊ ဒူးခေါင်းသာသာလောက်ရှိတဲ့ တစ်ဆက်တည်း ဂါဝန်၊ dress မျိုးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

၅။Converse Chuck Taylors



Converse All Stars ကတော့ ၀တ်ဆင်ရတဲ့အထဲမှာ အမိုက်ဆုံးနဲ့ ဘာမှစဉ်းစားစရာမလိုတဲ့ ဖိနပ်အမျိုးအစားပါပ။ဲ ကိုယ်ဝတ်ချင်တဲ့ အ၀တ်အစားအားလုံးနဲ့ တွဲဝတ်လို့ရပါတယ်။ မိန်းကလေးဆန်ဆန်ပဲ ၀တ်မလား၊ ယောင်္ကျားလေးပုံစံဝတ်မလား၊ ကြိုက်သလိုသာ ၀တ်ပစ်လိုက်ပါ။

၆။Statement sneakers



အားလုံးရဲ့ အကြည့်တွေကို ဖမ်းစားနိုင်မယ့် ဖိနပ်ဒီဇိုင်းမို့ ကိုယ်ဝတ်မယ့် အ၀တ်အစားဒီဇိုင်းက နောက်ဆုံးပေါ် ဖြစ်မနေရင်တောင် နည်းနည်းရှုပ်ရှုပ်ခတ်ခတ်လေးတွေနဲ့မှ ပိုလိုက်ဖက်ပါတယ်။



Ref:luckymag.com

တရားမ၀င် သေနတ်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ ရပ်ပ်ပါ Soulja Boy




ရပ်ပ်ပါ Soulja Boy ဟာ တရားမ၀င် သေနတ်ကိုင်ဆောင်မှုနဲ့ ဇန်န၀ါရီလ ၂၂ရက်နေ့ နံနက်အစောပိုင်းမှာ အဖမ်းခံလိုက်ရပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာပါ။

Soulja Boy လိုက်ပါစီးနင်းလာတဲ့ကားဟာ San Fernando တောင်ကြားဒေသအရောက် ရဲကတားခဲ့ပါတယ်။ အစကတော့ ယာဉ်စည်းကမ်း အသေးစား ချိုးဖောက်မှုနဲ့ပါပဲ။ ဒါပေမဲ့ တရားမ၀င် သေနတ်ကိုင်ဆောင် ထားတာကို တွေ့ရတဲ့အတွက် ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ TMZ သတင်းဝဘ်ဆိုဒ်အရ သိရပါတယ်။

Soulja Boy ကို ပြည်နယ်ထောင် ပို့ဖို့ လုပ်ထားပါတယ်။

မနှစ်က ဇန်န၀ါရီလကလည်း သူ့ဘော်ဒါ Abrahim Mustafaဟာ သူရဲ့တန်ဖိုးကြီး Bentley ကားကို မောင်းသွားပြီး ဆိုင်ကယ်တစ်စီးနဲ့တိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Soulja Boyဟာ ယာဉ်တိုက်မောင်းပြေးမှုနဲ့ တရားဆွဲခံခဲ့ရပါသေးတယ်။

Soulja Boyဟာ “Crank That” သီချင်းနဲ့ ၂၀၀၇ခုနှစ်မှာ ပေါက်ခဲ့ပြီး အသက်၁၆နှစ်အရွယ်နဲ့ အောင်မြင်ကျော်ကြားလာခဲ့သူပါ။ Billboard hot 100ရဲ့ နံပါတ် (၁) ချိတ်တဲ့သီချင်းတွေထဲကမှ တေးရေး၊ တေးဆို၊ အသံသွင်းအင်ဂျင်နီယာ အဖြစ်တာဝန်ယူခဲ့ပြီး နံပါတ် (၁)ချိတ်လာခဲ့သူဟာလည်း သူ ပထမဆုံးပါပဲ။ “Crank That” သီချင်းနဲ့ ဂရမ်မီဆု လျာထားခြင်းခံခဲ့ရပါသေးတယ်။

Ref: www.starpulse.com

အနုပညာခြေလှမ်းတွေ ပိုစိပ်လာတဲ့ နန်းမြတ်ဖြိုးသင်း



ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်အပြင်၊ ဂီတအနုပညာကို ရွေးချယ်လုပ်ကိုင်ခဲ့တဲ့အတွက် ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ရသူလေးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းနဲ့တွေ့ဆုံခိုက်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်တဲ့အခါ သူမက ‘နန်းမြတ် မနေ့ကမှ ချောင်းသာက ပြန်ရောက်ပါတယ။် ဦးညီညီထွန်းလွင်တို့နဲ့ ဇာတ်လမ်းတွဲ သွားရိုက်တာပါ။ အဲဒီမတိုင်ခင်က ကိုပြေတီနဲ့ဗီဒီယို တစ်ကားရိုက် ဖြစ်ပါတယ်။ နန်းမြတ် မနက်ဖြန် စင်ကာပူမှာ သွားရိုက်ခဲ့တဲ့ကားလေးကို လက်ကျန်ဖြတ်မယ်။ ပြီးတော့ မီးသတ်တပ်ဖွဲ့အတွက် ဂုဏ်ပြုကားလေး ရိုက်ရမယ။် ချောင်းသာမှာ သွားရိုက်ခဲ့တဲ့ကားက ၀ါစိမ်းနီကမ္ဘာသိမ်းမည်တဲ့။ ဇာတ်လမ်းတွဲလေးပေါ့။ ဦးညီညီထွန်းလွင်ရိုက်တာပါ။ နန်းမြတ်က မင်းသမီးရူးပေါ့။ နန်းမြတ် အဲဒီထဲမှာ ရိုက်ကူးရေးခန်းတွေလဲ ပါတယ်။ အဲဒါလေးတွေကို ပီပီပြင်ပြင်ဖြစ်အောင် ပြင်ဆင်ပါတယ်။ ရပ်ကွက်ထဲမှာ ဖြစ်ပျက်နေတာလေးတွေကို ရိုက်ပြထားတာဆိုတော့ သဘာဝကျအောင်ပဲ သရုပ်ဆောင်ထားပါတယ်’ တဲ့။

သီချင်းဆိုတဲ့အပိုင်းကို မေးကြည့်တဲ့အခါမှာလည်း ‘ရှိုးပွဲမှာလဲပရိသတ်ကို ထူးခြားတဲ့ တင်ပြပုံတွေနဲ့ ဖန်တီးပြဖို့ စီစဉ်ထားပါတယ်။ နန်းမြတ်တို့ရဲ့ သူငယ်ချင်း အမ်တီဗီအခွေလေးကလဲ အကောင်အထည် စဖော်နေပါပြီ။ မရိုက်တော့ မရိုက်ရသေးဘူး။ အခုလဲ အမ်တီဗီလေး ထွက်ပြီးသွားရင်နန်းမြတ်ရဲ့တစ်ကိုယ်တော်အခွေအတွက် အားစိုက်ဖြစ်မှာပါ။ တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ စစုနေပါပြီ။ ထူးထူးခြားခြား အနေနဲ့က နန်းမြတ်ရဲ့ အနုပညာလှုပ်ရှားမှုတွေ ပိုပြီးစိပ်လာတယ်။ ပြီးတော့၂၀၁၄ မှာ အမ်တီဗီအခွေလေးကို ထွက်နိုင်အောင်ကြိုးစားမယ်။’လို့ သူမက ပြောပါတယ်။

နန်းမြတ် ကိုယ်တိုင်အနုပညာအလုပ်ကို ရွေးချယ်ဖြစ်တဲ့အတွက် နောင်တရလားလို့ မေးကြည့်တော့ သူမက ‘နောင်တမရပါဘူး။ ကျောင်းတက်တုန်းကလဲ နန်းမြတ်ကျောင်းကိုပဲ ဦးစားပေးခဲ့ပါတယ်။ အခုကျောင်းပြီးသွားတော့ အနုပညာအလုပ်ကို ဦးစားပေးလုပ်ကိုင်ခဲ့တဲ့အတွက် နောင်တရစရာမရှိပါဘူး’တဲ့။

ချစ်သူနဲ့ ခန္ဓာကိုယ်ချင်း လဲကြည့်မလား။ အမြင်စစ်ကိရိယာသစ်ဟာ စုံတွဲတွေကို မျက်လုံးတွေကတဆင့် ကြည့်မြင် ခံစားခွင့် ပေးပါတယ်



သင့်ချစ်သူရဲ့ မျက်လုံးကတဆင့် ကမ္ဘာကြီးကို ကြည့်မြင်ချင်ဖူးလား။

Oculus Rift ခေါင်းတပ်ကိရိယာတွေကို သုံးပြီး ခန္ဓာလွှဲပြောင်းမှုကို စမ်းသပ်ရာမှာ တပ်ဆင်ထားသူတွေဟာ တစ်ယောက်မျက်လုံးကတဆင့် တစ်ယောက် ကမ္ဘာကြီးကို ရှုမြင်ခံစားခွင့်ရကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တစ်သားတည်းကျထားစေပြီး ခေါင်းမှာတပ်ထားတဲ့ display တွေကတဆင့် ကြည့်မြင်ပုံ၊ ခံစားပုံတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ BeAnotherLabရဲ့ Machine To Be Another (MTBA) စနစ်ကို အသုံးပြုထားပါတယ်။



တစ်ဖက်က ကိရိယာဝတ်ဆင်ထားသူဟာ ပိန်သည်၊ ၀သည်၊ အရပ်ရှည်သည်၊ ပုသည် ဘယ်လိုပဲဖြစ်ဖြစ် ပိန်ရင်ပိန်သလို၊ ပုရင်ပုသလို ဘယ်လို ခံစားရှုမြင်ရတယ်ဆိုတာကို ပြသပေးနိုင်ပါတယ်။ ဦးနှောက်သိပ္ပံ နည်းပညာတစ်ရပ်ကို အသုံးပြုထားတဲ့အတွက် ကိုယ့်ကိုကိုယ် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွား သလိုကို ခံစားရစေမှာပါ။

ချစ်သူစုံတွဲတွေသာ ဒီစက်ကိရိယာတွေကို သုံးကြည့်လိုက်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြား မျှဝေခံစားမှု၊ စာနာတတ်မှုတွေ မြင့်တက်လာမယ်လို့ ယုံကြည်ရပါတယ်။ သူနဲ့ ကိုယ့်ကြားက ခြားနားချက်တွေကို နားလည်တတ်မှုလည်း တိုးတက်လာမှာပါ။



Ref: www.dailymail.co.uk

Big Bang G-Dragon’s ရဲ့ “Crooked” သီချင်းကို MTV Iggy ရဲ့ တစ်နှစ်တာအကောင်းဆုံးသီချင်းအဖြစ် ရွေးချယ်



Big Bang အဖွဲ့ဝင်တစ်ဦးဖြစ်သူ G-Dragon ရဲ့ “Crooked” ဆိုတဲ့သီချင်းဟာ ၂၀၁၃ရဲ့တစ်နှစ်တာ အကောင်းဆုံး MTV Iggy အဖြစ် ရွေးချယ်ခံရပါတယ်။

ဒီရွေးချယ်ပွဲကိုတော့ ၂၀၁၃ ဒီဇင်ဘာ ၁၃ကနေ ၂၀ရက်အတွင်း အွန်လိုင်းကနေ vote လုပ်သူအရေအတွက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး G-Dragon က ၄၇.၇ ရာခိုင်နှုန်းနဲ့ ပထမနေရာကိုယူခဲ့ပါတယ်။

“Big Bang G-Dragon ရဲ့ ဆိုလိုအယ်လ်ဘမ်ဟာ K-Pop ကို မုန်တိုင်းတစ်ခုအဖြစ် သယ်ဆောင်လာခဲ့ ပါတယ်။ သူ့ရဲ့သီချင်း “Crooked” ဟာ အမြဲတမ်း ပြန်နားထောင်ဖြစ်နေမယ့် သီချင်းတစ်ပုဒ်ပါ။ သူဟာ ၂၀၁၂ တုန်းကလိုမျိုး တခါပြန်လာခဲ့ပြီဆိုတာ ကျွန်ုပ်တို့အားလုံးသိကြပါတယ်” လို့ MTV IGGY က အခုလို မှတ်ချက်ပေးသွားပါတယ်။

ဆိုလိုတာကတော့ ဒီအတောအတွင်းမှာ Big Bang G-Dragon အနေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေခြင်းပါပဲ။ ဇန်န၀ါရီ ၂၄ကနေ ၂၆ အတွင်းမှာလည်း “BIGBANG + a IN SEOUL” ဆိုတဲ့ ပွဲကြီးကို ကျင်းပဦးမှာပါ။

Ref:kpoptarz.com

အသက် အငယ် ဆုံး ဘီလျှံနာ အမျိုး သမီး




အခုတော့ Facebook ကုမ္ပဏီ မှာ ဆောင်ရွက် မှု ဆိုင်ရာ အရာရှိ ချုပ် အဖြစ်တာ ၀န် ထမ်း
ဆောင်နေတဲ့ Sheryl Sandberg ကို အသက် အငယ် ဆုံး ဘီလျှံနာ အမျိုး သမီး အဖြစ်
Bloomberg စီးပွားရေး မဂ္ဂဇင်းကြီး က ရွေးချယ် လိုက် ပါတယ်။
ကမ္ဘာ အချမ်း သာ ဆုံး အယောက် ၂၀၀ ထဲ မှာ အမျိုးသမီး ၁၇ ယောက် ပဲ ပါဝင် ပြီး
တစ်ကမ္ဘာ လုံးမှာ တော့ ဘီလျှံနာ အမျိုး သမီး ၁၃၈ ယောက် ရှိ ပါတယ်။ အရင် က Starbuck
၊ Google နဲ့  အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန ၀န်ထမ်းရေးရာ အရာ ရှိ ချုပ် လုပ်ခဲ့
ဖူးတဲ့ ရှယ်ရီ ဆန်းဘဂ်ဟာ စတော့ ဈေးကွက် မှာ ရှယ်ယာ ၁၂.၃ သန်း ကျော် ဖိုးပိုင် ဆိုင်ပြီး
သူ့  ရှယ် ယာ တွေ ရဲ့  စတော့ တန်ဖိုးဟာ ဒေါ်လာ သန်း ၇၂၀ ဈေးပေါက် ပါတယ်။
Facebook မှာ လည်း ၄.၇ သန်း ကျော် ဖိုး ရှယ်ယာ ပါဝင် ပြီး ဝေါလ်ဒစ္စနေ ရဲ့  ဒါရိုက်တာ
အဖွဲ့  ၀င် အဖြစ် လစာ နဲ့  ခံစားခွင့် တွေ ပေါင်း ရင် သူ ဟာ ၁.၇ ဘီလျှံ ကျော် ချမ်းသာ
တယ် လို့  ဆို ပါတယ်။
ရှယ်ရီ ဆန်းဘဂ် ဟာ “Lean In ဆိုတဲ့ သူ့  ဘ၀ အတွေ့ အကြုံ ကိုစာ အုပ်ရေးသား ခဲ့ ရာ
မှာ လည်း လူကြိုက်များ တဲ့ အမျိုးသမီး စွမ်းဆောင် မှု စာ အုပ် အဖြစ် ရောင်းအား ကောင်း
ခဲ့ ပါတယ်။
၂၀၀၈ ခုနှစ် မှာ Facebook တည် ထောင် သူ Mark Zuckerberg နဲ့  တွေ့ ပြီး Google ကနေ
Facebook ကို ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။
အသက် ၄၄ နှစ် အရွယ် ဟားဗတ် တက္ကသိုလ် ဘွဲ့  ရ ကျောင်းသူ ဆန်းဘဂ် ဟာ သူ့  ပါမေက္ခနဲ့  နောက်
တော့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဖြစ်ခဲ့သူ လယ်ရီ ဆမ်း မား ကြောင့် အခုလို အောင်မြင်တဲ့
ဘ၀ ကို ရောက်တာ လို့  သူ့  စာ အုပ် မှာ ရေးသားထား ပါတယ်။

ရွှေ့လျားစာသင်ကျောင်းနဲ့ လက်ဘက်ရည်ဆိုင်က ကလေးလုပ်သားတွေကို ပညာအလှူပြု






My ME ပရဟိတအဖွဲ့က စာသင်ခုံတွေ တပ်ဆင်ထားတဲ့ ရွှေ့လျားကားတစီးနဲ့ ရန်ကုန်မြို့ရှိ လက်ဘက်ရည်ဆိုင်က ကလေးတွေကို စာလိုက်သင်ပေးနေပါတယ်၊

Myanmar Mobile Education (My ME) လို့ခေါ်တဲ့ မြန်မာရွှေ့လျားပညာဒါန ပရဟိတအဖွဲ့ဟာ ၁ လအတွင်းမှာပဲ လက်ဖက်ရည်ဆိုင်တွေက ပညာသင်ချင်တဲ့ ဆရာမ ၄ ဦးနဲ့ စသင်နေတာ ဖြစ်ပါတယ်။

စာသင်ခုံ ၂၀ ဆံ့တဲ့ ဘီအမ်ကားတစီးနဲ့ လက်ဘက်ရည်ဆိုင် လုပ်သားတွေရဲ့ လုပ်ငန်းခွင်ထိ သွားရောက်ပြီး ကားပေါ်မှာ သင်ကြားကြပါတယ်။ ကားပေါ်မှာ ဆိုလာမီးပေး စနစ်ကို တပ်ဆင်ထားပါတယ်။
ဒီအစီအစဉ်ကြောင့် လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေကြတဲ့ ကလေးငယ် ၁၂၀ လောက်ကို အလုပ်ပြီးချိန် ညနေပိုင်းမှာ စတင်သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

၁ ရက်ကို ၂ နာရီနဲ့ ၁ ပတ် ၆ ရက် ၆ လ သင်ရိုးနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

၃ ခုခွဲ သင်ကြားပေးနေတယ်လို့ My ME ရဲ့ ဒါရိုက်တာ တင်မောင်မောင်အေးက ဒီ ၆ လ သင်တန်းပြီးတဲ့အခါ လက်ဘက်ရည်ဆိုင်တွေ သာမကဘဲ စားသောက်ဆိုင်တွေက ကလေးတွေ ကိုပါ တိုးချဲ့သင်ကြားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ပညာရေးသုတေသနက research စမ်းသပ်ထားတဲ့သင်ရိုးတွေနဲ့ နိုင်ငံခြားကျောင်းတွေက သင်ရိုးညွန်းတမ်းတွေ ၂ ခုကို ပေါင်းပြီး ကျောင်းသားတွေရဲ့ လက်ရှိ အခြေအနေနဲ့ အဆင်ပြေ ဆုံး ဖြစ်အောင် ပြန်ပြင်ပြီး သင်ကြားပေးနေတာ ဖြစ်ပါတယ်။

အငယ်ဆုံး ၁၃ နှစ်ကနေ အကြီးဆုံး ၂၁ အရွယ်ရှိ ကျောင်းသားတွေ လာရောက် သင်ကြားပါတယ်။

My ME အဖွဲ့ကတော့ ကလေးတွေ စာသင်ခန်းဆီ မလာနိုင်ရင် ကလေးတွေဆီ စာသင်ခန်းက သွားမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ လှုပ်ရှားနေကြတာ ဖြစ်ပြီး ဒီလို လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကိုလည်း တင်မောင်မောင်အေးက ခုလို ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်မှာ နေ့စဉ် နာရီပေါင်းများစွာ အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေကို အခြေခံ ပညာပေးနိုင်မယ်ဆိုရင် သူတို့အနေနဲ့ လက်ရှိ ဘ၀လေးတွေ တိုးတက် သာယာလာနိုင်မယ်။ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်သက်တာတွေ အထွေထွေ ဗဟုသုတလေး တွေ ပါလာနိုင်မယ်ဆိုရင် ဒီကလေးတွေ အလုပ်လုပ်နေတဲ့ လက်ဖက်ရည်ဆိုင်တွေမှာလည်း ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်နေတာပါ။ အခုလောလောဆယ် ဆိုင် ၂ ဆိုင်နဲ့ တပတ်ကို ၆ ရက် သင်နေပါတယ်။ နောက်အပတ်ကစတင်ပြီး တောင်ဥက္ကလာမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် ၅ ဆိုင်လောက်နဲ့ သဘောတူညီချက်ရထားပြီးပါပြီ။”

လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေရတဲ့ ကလေးတွေဟာ မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် စာသင်ကျောင်းကို စွန်ခွာပြီး အလုပ်ခွင်ဝင်လာရသူတွေလဲ ဖြစ်ပါတယ်။

သူတို့ ရရှိတဲ့လစာတွေကို နေအိမ်က မိဘတွေနဲ့ မောင်နှမတွေကို့ ပြန်ထောက်ပံ့ ပေးနေကြရတာ ဖြစ်ပါတယ်။

စာသင်ကြားဖို့ လက်ဖက်ရည်ဆိုင်တွေကို သွားတဲ့အခါ ကလေးအများစုက ကျောင်းပြန်တက်လိုကြတယ်လို့ ဆိုပြီး တချို့ဆို သိမ်းထားတဲ့ ကျောင်းစိမ်းဝတ်စုံလေးတွေပါ ၀တ်ဆင်ပြီး လာတက်ကြတယ်လို့ သူက ဆိုပါတယ်။

My ME အဖွဲ့အနေနဲ့ လက်ရှိမှာ စာသင်ကြားတဲ့ ကား ၁ စီးသာ ရှိသေးပြီး ၄ စီးအထိ တိုးချဲ့သွားဖို့လဲ ရှိနေပါတယ်။

ရှေ့ပြေးအစီအစဉ်အဖြစ် ၆ လ ဆွဲထားတာဖြစ်ပြီး တခြားတိုင်းရင်းသားနယ်ပယ်တွေမှာ အလားတူ ဆောင်ရွက်ချင်ရင် ကူညီမယ်လို့ ဦးတင်မောင်မောင်အေးက ကမ်းလှမ်းလိုက်ပါတယ်။

ဆရာများသမဂ္ဂအဖွဲ့က လက်ထောက်ကထိက ဦးအာကာမိုးသူကတော့ ဒီလို လုပ်ဆောင်ချက်တွေဟာ ကလေးလုပ်သားတွေရဲ့ ဘ၀တဆစ်ချိုး ပြောင်းသွားနိုင်သလို အများအပြား ရှိသင့်တဲ့အရာမျိုးပါလို့ ပြောဆိုလိုက်ပြီး ဆရာများသမဂ္ဂအနေနဲ့လဲ ပညာရေး တိုးတက်ဖို့ ဒီလိုအဖွဲ့တွေနဲ့ ဆွေးနွေးလိုတယ်လို့ ဖိတ်ခေါ်ပါတယ်။
ဆရာများသမဂ္ဂအဖွဲ့က လက်ထောက်ကထိက ဦးအာကာမိုးသူ က “ပညာရေးတွေ မူဝါဒတွေကို ဒီလိုအဖွဲ့တွေက လုပ်ဆောင်ချက်တွေ အခက်အခဲတွေကို လာတင်ပြမယ်ဆိုရင် တော်တော်ထိရောက်မယ် ဟာမျိုးလို့ မြင်တယ်။ ကျနော်တို့လည်း အဲဒီလို အဖွဲ့တွေနဲ့ အများကြီးတွေ့ချင်တယ်။ ကျနော်တို့လည်း သူတို့ မူဝါဒတွေကို ရမယ်။ မူဝါဒတွေကို အပြန်အလှန် ဖလှယ်လို့ရမယ်။ ပြည်သူလူထုရဲ့ကောင်းကျိုးတွေကို အပြန်အလှန် ဆောင်ရွက်လို့ရတဲ့ အနေအထားတခုရမလာမယ်။ ကျနော်လက်ခံတယ် အဲဒီအမြင်ကို။ အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ ဖိနှိပ်ခံနေရတဲ့ အလုပ်သမားဘ၀ကနေ ရုန်းထွက်သွားစေနိုင်တဲ့ အစီအစဉ်ပါ”လို့ ပြောပါတယ်။

မြန်မာပြည်မှာ ပညာသင်ကြားခွင့် မရရှိတဲ့ကလေးလုပ်သား များစွာရှိပြီး ကမ္ဘာတဝှမ်းတွင် အရွယ် မရောက်သေးသည့် ယောက်ျားလေး ၁၂၇ သန်းနဲ့ မိန်းကလေး ၈၈ သန်းတို့ ကလေး လုပ်သား ခိုင်းစေခြင်းခံနေရဆဲ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

သူနာပြုတက္ကသိုလ် ကျောင်းသူကို ဓားဖြင့်ထိုးကာ တိမ်းရှောင်နေသူကို မဖမ်းမိသေး





လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်းလှေကားတွင် လွန်ခဲ့သော တစ်ပတ်ခန့် ဇန်နဝါရီလ ၁၄ က ချစ်သူနှင့် ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသူကို ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူဟု တိုင်ကြားခံရသည့် ၎င်း၏ချစ်သူကို တစ်ပတ်အကြာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မမိသေးကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ချစ်သူ Heavy Machine ကုမ္ပဏီမှ အင်ဂျင်နီယာ ကိုမင်းဆန်းနှင့် အဆောင်အောက် လှေကား၌ စကားပြောနေရာမှ ကိုမင်းဆန်းက ဓားမြှောင်ဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့မှုနှင့် ပတ်သက်၍ ကိုမင်းဆန်းကို ဖမ်းမိနိုင်ရေးအတွက် ခရိုင်နှင့် တိုင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ စုံစမ်းလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

“ဓားနဲ့ထိုးပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ အမျိုးသားစခန်းမှာ လာအဖမ်းခံတယ်ဆိုတဲ့ အပြင်မှာ ပြောနေကြတဲ့ စကားက အမှန်မဟုတ်ပါဘူး။ လက်ရှိ ဖမ်းမိဖို့အတွက် စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသည်ဟု တိုင်ကြားခံရသူ ကိုမင်းဆန်းသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက် မင်းတပ်လမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် ၎င်းနှင့် ပတ်သက်သည့် အမှုကွင်းဆက်များကို စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဓားဖြင့်ထိုးခံရသူသည် ဧရာဝတီတိုင်း၊ ဒေသကြီး ပုသိမ်မြို့နယ် ရာမညရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊ ဓားထိုးခံရစဉ်က အဆိုပါ ကျောင်းသူ၏ အော်သံကြောင့် ၎င်း၏ မိခင်ဖြစ်သူက အခန်းအပြင် ထွက်ကြည့်ရာမှ တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ စိုးရိမ်ဖွယ် အခြေအနေ မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအတွက် တိုင်ကြားခံရသူ ကိုမင်းဆန်းကို လမ်းမတော်မြို့မ ရဲစခန်းက (ပ)၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။

Google က malware များ ပို့လွှတ်သော extensions များကို ပိတ်ပင်ခဲ့






Google သည် ၎င်း၏ Chrome web browser မှ extensions နှစ်ခုကို ဖယ်ရှားခဲ့သည်။ ၎င်းတို့သည် အသုံးပြုသူများထံသို့ malware များ ပို့လွှတ်ပေးခဲ့သောကြောင့် ဖြစ်သည်။ ထို malicious ads များသည် ၎င်း extensions များကို မူလ developers များထံမှ လွှဲပြောင်းဝယ်ယူခံရပြီး စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ် သည်။

Google Chrome အသုံးပြုသူများသည် ၎င်းတို့၏web အတွေ့အကြုံများကိုextension များဖြင့် ပြုပြင် မွမ်းမံတိုးချဲ့နိုင်ကြ ခြင်းဖြစ်သည်။ ၎င်းတို့သည်web browsers များအတွက်applsများသာဖြစ်ကြ သည်။

မကြာသေးမီက တားမြစ်ပိတ်ပင်ခဲ့သောextension နှစ်ခုမှာ Add to Feedly နှင့် Tweet This Pageတို့ဖြစ်ကြပြီး ၎င်းတို့သည် တစ်ခုချင်းစီ၌ အသုံးပြုသူလေးငါးထောင်ခန့်ရှိကြသည်။၎င်းextensionများကို မူလ developers များထံမှ မကြာသေးမီကမှ လွှဲပြောင်းဝယ်ယူခံခဲ့ရခြင်းဖြစ်ပြီး ပိုင်ရှင်အသစ်များ သည် Chrome ၏ feature တစ်ခုဖြစ်သော အသုံးပြုသူများကို အသိပေးစရာမလိုဘဲ developers များ က ၎င်းတို့၏ extensions များကို update ပြုလုပ်နိုင်သော ယင်း feature ကို အခွင့်ကောင်းယူ အသုံးချ ခဲ့ကြခြင်းဖြစ်သည်။ ၎င်း update များဖြင့် ထို extensions များထံသို့ malware ads များ ထည့်သွင်းပေး လိုက်ခြင်းဖြစ်သည်။

၎င်းတို့သည် web စာမျက်နှာပေါ်တွင် တွေ့မြင်နေကျ banner ads ရိုးရိုးမျှသာမဟုတ်ဘဲ ၎င်းတို့သည် နောက်ခံများမှ မမြင်ရနိုင်ဘဲ အလုပ်လုပ်သော ads များ ဖြစ်ကြသည်။ ထိုသို့ဖြင့် သင်သွားရောက်လည်ပတ်သောနေရာတွင် ၎င်းနှင့်အပေါင်းအပါ links များကို အစားထိုးပေးလိုက်ခြင်းဖြစ်သည်ဟု Add to Feedly ၏ မူလ developer Amit Agarwal က ပြောကြားသည်။ ရှင်းလင်းစွားပြောရရင်မူ ထို exten- sion ကို active လုပ်လိုက်သည်နှင့် web စာမျက်နှာအားလုံးသို့ adware များ ပို့လွှတ်လိုက်မည်ဖြစ် သည်။

Agarwal သည် သူ့အား ငွေကြေးကိန်းဂဏန်းလေးလုံးခန့်ပမာဏကို လာပေးသောအခါ သူ၏ ထို software ကို ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ရောင်းချအပြီး တစ်လခန့်အကြာတွင် Add to Feedly မှာ malware များ စတင်ထုတ်လွှတ်လာခြင်းဖြစ်သည်။

“Chrome ၏ add-on များကို ရောင်းချရတာ သိပ်အဆင်မပြေတဲ့အလုပ်ပါ။ သင်ဟာ အခုလက်ရှိ အသုံး ပြုသူဖြစ်နေတယ်ဆိုရင် ကျွန်တော် စိတ်မကောင်းပါဘူး”ဟု သူက ဆိုသည်။

Add to Feedly နှင့် Tweet This Page တို့သည် malware များ ထုတ်လွှင့်ရန် မူလပိုင်ရှင်များထံမှ ၀ယ်ယူခံရသော တစ်ခုတည်းသော Chrome extension များ မဟုတ်နိုင်ပေ။ တခြား Chrome extension တစ်ခုဖြစ်သော Honey ၏ developer များသည်လည်း ထိုသို့သောရည်ရွယ်ချက်ဖြင့် ၎င်းတို့ လည်း ချဉ်းကပ်ခံရဖူးကြောင်း ပြောသည်။

Honey ၏ developer များက ပြောကြားရာတွင် ပြီးခဲ့သောနှစ်အတွင်းတွင် ၎င်းတို့၏ extension ကို ၀ယ်ယူရန် ကြိုးပမ်းသော malware ကုမ္ပဏီများ၊ အသုံးပြုသူများ၏အချက်အလက်များကို ၀ယ်ယူရန် ကြိုးပမ်းသည့် data collection ကုမ္ပဏီများ၊ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် adware ကုမ္ပဏီ များ၏ ချဉ်းကပ်မှုများကို များစွာတွေ့ကြုံခံရကြောင်း ပြောကြားသည်။

Google ၏ ထိုextension နှစ်ခုကို ဖယ်ရှားသည့်ကိစ္စရပ်သည် Google ၎င်း၏Chrome web Store policies ကို ဒီဇင်ဘာလအတွင်uးpdate ပြုလုပ်အပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုသို့ပိတ်ပင်တားမြစ်မှုသည် နည်းပညာကုမ္ပဏီကြီးဖြစ်သော Googleက ၎င်း၏user များ အခွင့် ကောင်းယူအသုံးချမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု အဓိပ္ပာယ်သက်ရောက် သည်။

ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲမှာ Myanmar Model Star Awardဆုကို ရရှိခဲ့တဲ့ မော်ဒယ်အွန်ဆိုင်း




ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇန်နဝါရီ၁၅ရက်နေ့နှင့်၁၆ရက်နေ့တွေက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲကို အွန်ဆိုင်းနဲ့ တွေ့ဆုံခိုက် ပွဲအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ရော ပြိုင်ပွဲမှာ၂၀၁၄ Asia Model Festival Award က ချီးမြှင့်တဲ့ Myanmar Model Star Award ဆုကိုရရှိခဲ့တဲ့အကြောင်းတွေကို မေးမြန်းကြည့်တဲ့အခါ

‘အဲဒီပွဲမှာ အာရှမှာရှိတဲ့ မျက်နှာသစ် မော်ဒယ်တွေ၊ နိုင်ငံတကာက မော်ဒယ်တွေကို တွေ့ခဲ့ရပါတယ်။ သူတို့တွေနဲ့ ခင်မင်ရင်းနှီး ကျွမ်းဝင်ခွင့်တွေ ရရှိခဲ့သလို အတွေ့အကြုံကောင်းတွေ ရခဲ့ရပါတယ်။ ပြီးတော့ ကိုရီးယား Celebrityတွေနဲ့လည်း အနီးကပ် တွေ့ခွင့်လည်း ရခဲ့တယ်။ နိုင်ငံတကာက လာကြတဲ့ မော်ဒယ်လ်တွေနဲ့အတူ သွားလာခင်မင်ခွင့်ရှိခဲ့သလို အွန်ဆိုင်းအတွက် မိတ်ဆွေသစ်တွေလည်း တိုးခဲ့ပါတယ်။ ဒီခရီးစဉ်က အွန်ဆိုင်းရဲ့ ဒုတိယအကြိမ်ဖြစ်ပြီး ဒီပွဲဟာ အွန်ဆိုင်း ထင်ထားတာ ထက်တောင် ပိုပြီးကြီးကျယ်ခမ်းနားတာကို တွေ့ရတယ်။အွန်ဆိုင်းတို့က ဒီလောက်မထင်ထားပေမဲ့ ဟိုရောက်တော့ ပွဲအရမ်းကြီးတော့ အများကြီး ဂုဏ်ယူမိပါတယ်။ တစ်နိုင်ငံကို နှစ်ယောက်စီ တက်ရောက်ခွင့် ရခဲ့ကြတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ်စားပြု တက်ရောက်ခဲ့တာကတော့ ကောင်းပြည့်နဲ့ အွန်ဆိုင်းပါ။ နောက်ပြီး မလေးရှားကလာတဲ့ Miss မလေးရှားဆိုရင် Miss World ပြိုင်ထားတဲ့သူ၊ ဖိလစ်ပိုင်က ဆိုရင်လည်း နာမည်ကြီးCelebrityတွေ တက်ရောက်လာကြတာပါ။ ခုလို ဒီလိုနိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဒီလိုဆုမျိုးကို ရရှိတဲ့အတွက် အွန်ဆိုင်း ဂုဏ်လည်းယူတယ်။ အရမ်းလည်းပျော်ပါတယ်။’လို့

သူမက ပြောပြသွားပါတယ်။

ငုံးဖောက်စက်ဝင်ရိုးတွင် ဦးထုပ်ကြိုး ရစ်ပတ်ပါသွား ခဲ့သဖြင့် လည်ပင်းအား ညှစ်မိကာ သေဆုံး




၂၂.၁.၂၀၁၄ ရက်နေ့ ၁၀၄၅အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းမှူးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွှေနံ့သာစံပြကျေးရွာတွင် အမျိုးသမီးတစ်ဦး ငုံးဖေါက်စက်နှင့် ဦးထုပ်ကြိုးတို့ ငြိကာလည်ပင်းအား ရစ်ပတ်မိပြီး သေဆုံးသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငုံးဖေါက်စက်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးစန်းဖြစ်ပြီး ၎င်းတွင် နဖူးယာဘက်ဖူးရောင်ဒဏ်ရာဖြင့်လျှာထွက် လျက်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ငုံးဖေါက်စက်မော်တာ လည်ပတ်နေချိန် ငုံးဖောက်စက်အတွင်းသို့ဝင်ရောက်ခဲ့စဉ် ဦးခေါင်း၌ဆောင်းထားသော နီညိုရောင်သိုးမွှေးဦးထုပ်၏ အရှည်(၃)ပေခွဲခန့်ရှိ မေးသိုင်းကြိုးမှာ ယင်းစက်၏ရှပ်တန်းဝင်ရိုးအစွန်းတွင် ရစ်ပတ်ကာပါသွားသဖြင့် လည်ပင်းအားညှစ်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးရခြင်းနှင့် ပတ်သက်၍ ထောက်ကြန့်နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

အာဆတ်အစိုးရ ရက်ရက်စက်စက်ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံများထွက်ပေါ်လာ






အာဆတ်အစိုးရရဲ့ ဆီးရီးယားအကျဉ်းထောင်တွေထဲမှာ စနစ်တကျသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေဒီနေ့ ထပ်ထွက်လာပါတယ်။
ဒီဓာတ်ပုံတွေက ၂၀၁၁ နဲ့ ၂၀၁၃ကာလအတွင်းမှာရိုက်ယူခဲ့တဲ့ပုံပေါင်း ၅၅၀၀ထဲက တချို့ ဖြစ်ပါတယ်။ခုထွက်ပေါ်လာတဲ့ပုံတွေကဒုတိယအကြိမ်ဖြစ်ပါတယ်။
ဓာတ်ပုံတွေကိုရိုက်ကူးခဲ့တဲ့ရဲအရာရှိက နှစ်နှစ်လောက်ဒီပုံတွေကိုသိမ်းဆည်း ထားခဲ့ပြီး ခုအတိုက်အခံကိုလက်လွှဲလိုက်တာဖြစ်ပါတယ်။ ဒီပုံတွေက အာဆတ်အစိုးရဟာ စစ်ရာဇ၀တ်မှုကျူးလွန်တယ်ဆိုတာကိုထင်ထင်ရှားရှားဖော်ပြ နေတဲ့သက်သေခံ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

အလောင်းတွေရဲ့ ကိုယ်ခန္ဓာတွေမှာ ရောင်ကိုင်းနေတာ၊လှီးဖြတ်ထားတဲ့ဒဏ်ရာတွေ၊ ကျင်စက် နဲ့ တို့ ထားတဲ့ဒဏ်ရာတွေကမသေခင် အလွန်အကျွံနှိပ်စက်ခံခဲ့ရတယ် ဆိုတဲ့ အချက်ကိုဖော်ပြနေပါတယ်။
တချို့ အကျဉ်းသားတွေဟာ မျက်စိဖောက်ထုတ်ခံထားရတွေ့ ရပါတယ်။
ဒီဓာတ်ပုံတွေကိုရိုက်ကူးခဲ့သူက စစ်တပ်မှာ၁၃နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး
သူ့ တာဝန်ကပြည်တွင်းစစ်ကာလမှာဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့စစ်ဆေးရုံကို ယူဆောင်လာတဲ့ သေဆုံးသူတွေကိုဓာတ်ပုံရိုက်မှတ်တမ်းတင်ရ တာဖြစ်ပါတယ်။
ဓာတ်ပုံထဲကသူတွေအကုန်လုံးဟာ သူပုန်အုပ်စုကဖြစ်ပြီး အဖမ်းဆီးခံရစဉ်မှာ ငတ်ပြတ်ပြီး နှိပ်စက်ခံရ တဲ့ဒဏ်တွေနဲ့ သေဆုံးခဲ့ကြတယ်။ဆီးရီးယား နိုင်ငံသားလေးပုံတစ် ပုံလောက်ဟာ ပြည်
တွင်းစစ်ပွဲထဲ ကို တွန်းပို့ ခြင်းခံခဲ့ကြရပြီး မှာ လူတစ်သိန်း သုံးသောင်းလောက်အသတ်ခံခဲ့ရပါတယ်။
အောက်မှာ နှိပ်စက်ခံရပြီးသေဆုံးသွားခဲ့ကြတဲ့ သူတွေရဲ့ ဓာတ်ပုံတွေကိုဖော်ပြထားပါတယ်။ အနိဌာရုံမြင်ကွင်းများဖြစ်တာကြောင့် နှလုံးရောဂါရှိသူများမကြည့်ရှုကြရန်သတိပေးပါတယ်။






















Hot pot ပောာ့ပေါ့ ရဲ့အဆိပ်ဖြေဆေး က ကျွဲကောသီး




Hot pot ပောာ့ပေါ့ ရဲ့အဆိပ်ဖြေဆေး က ကျွဲကောသီးဖြစ်ပါတယ် ။

အလွယ်တကု အပုကြီးသူများအတွက် (သို့) ခံတွင်း၌ အပုဖုပေါက် သူများအတွက် အဖြေအနေပိုဆိုး သွားတတ်ပါတယ် ။ မကြခဏ ကောင်းသွားလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ် ။ အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာကို တိုက်တွန်းနိင်ပါတယ် ။ ပောာ့ပေါ့က အပုကြီးတတ်တဲ့အပြင် ဂေါက်နာရောဂါ ကိုပါ ဖြစ်စေနိင်ပါတယ် ။ *** ဆားဓာတ်အများဆုံးပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေများများသောက်ပါ ။ ကျောက်ကပ်အတွက် တာဝန်ပိုသွားတတ်ပါတယ် ။
အဆီအစိမ့် အစပ် (မာလာပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက် ကျွဲကောသီးကိုစားခြင်းဖြင့် အပုကျ ၊ အဆီအစိမ့်အစပ်တွေကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက်အထောက်အကူပြုပါတယ်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ စည်ပင်လိုင်းခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား၍ ကလေးငယ်နှစ်ဦး အပြင်းအထန် ဒဏ်ရာရ


အောင်မျိုးသန့်၊ ဝေလင်းအောင်

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လိုင်ခန်းနေရာအား စီအိုင်ဒီရဲတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ဇကရာဇ်ရပ်ကွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၀န်ထမ်းများ လိုင်းခန်းတွင် ဇန်န၀ါရီ ၂၃ ရက် နံနက် ၇ နာရီက ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲဖြစ်ပွားခဲ့သည့် လိုင်းခန်းမှာ ၁၀ ပေပတ်လည် ဓနိမိုး၊ ၀ါးကာ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ နေထိုင်သည့် နေရာတွင်ဖြစ်ပြီး ယင်းပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် အိမ်၌ ကလေးငယ်နှစ်ဦးနှင့် အမေ ဖြစ်သူတို့သာ ရှိကြောင်းသိရသည်။

“ကျွန်မတို့က နောက်ဘက်အိမ်မှာနေတာပါ။ စဖြစ်တော့ ၀ုန်းဆိုတဲ့အသံကို ကြားလိုက်ရတယ်။ ဒါပေမဲ့ နံနက်အစောပိုင်းဆိုတော့ ကားဘီးပေါက်တယ်ပဲ ထင်တာ။ နောက်တော့ ကလေးငယ်နှစ်ဦးရဲ့ အမေက ကယ်ကြပါဦးအော်တော့ လိုင်းခန်းကလူတွေ အားလုံး သူရဲ့အိမ်ကို သွားကြတော့။ ကလေးငယ်နှစ်ဦးရဲ့လက်တွေမှာ ကွဲနေပြီး သွေးတွေထွက်နေတာ တွေ့ရတယ်။ အဲဒီတော့ လိုင်းခန်းကလူတွေ ရုံးကတာဝန်ခံတွေကိုခေါ်ပြီး နီးစပ်ရာဆေးရုံကို ကားငှားပြီးပို့လိုက်တယ်။ဘယ်လိုပေါက်ကွဲခဲ့လဲ ဆိုတာကိုတော့ ကျွန်မ တို့လည်း မတွေ့လိုက်ပါဘူး” ဟု ၀န်ထမ်းလိုင်းခန်းတွင် နေထိုင်သူ မစံပယ်က ပြောပြသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာကို တပ်မတော်အင်ဂျင်နီယာတပ်ရင်းနှင့် စီအိုင်ဒီမှုခင်းရဲတပ်ဖွဲ့တို့ လာရောက်စစ်ဆး ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ပေါက်ကွဲရခြင်း အကြောင်းရင်းနှင့် ပေါက်ကွဲခဲ့သည့် ပစ္စည်းအမျိုးအစားကို ရှာဖွေစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စီအိုင်ဒီရဲတပ်ဖွဲ့မှ ရဲမှူးဇော်သန်းက “အခု ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အိမ်ကို စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အစအနကို ရှာဖွေလို့မရသေးဘူး။ အဲဒီပစ္စည်း တစ်စုံတစ်ရာတွေ့မှပဲ ဘာပေါက်ကွဲမှုလဲဆိုတာကို ကောက်ချက်ချလို့ရမယ်။ ကလေးတွေရဲ့ ဒဏ်ရာကိုကြည့်ပြီးမှလည်း သုံးသပ်လို့ရနိုင်မယ်။ ကလေးတွေကိုတော့ မတွေ့ရသေးပါဘူး။ ပျက်စီးခဲ့တဲ့ နေရာကလည်း ၀ါးကြမ်းကျွံသွားတာပဲဖြစ်လို့ အသေးစား ပေါက်ကွဲမှုပဲဖြစ်ပါတယ်” ဟု ဇန်န၀ါရီ ၂၃ ရက် အခင်းဖြစ်ပွားနေရာတွင် ပြောကြားသည်။

ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့ပြီး ကလေးငယ်နှစ်ဦးမှ အိမ်ရှေ့ဝင်ပေါက်နေရာ၌ ပစ္စည်းဟောင်းတစ်ခု (စိစစ်ဆဲ) ကို လက်ဖြင့် ထုရိုက်ကစားစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် အသက် ရှစ်နှစ်အရွယ် မောင်မျိုးကို ၏ မျက်နှာ၊ လက်၊ ၀မ်းဗိုက်တို့တွင် အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ပြီး အသက် ၁၀ လ အရွယ် မခိုင်သဇင်ဝင်း၏ လက်နှင့်ဝမ်းဗိုက်တို့လည်း အပြင်းအထန်ဒဏ်ရာများရရှိကာ ရန်ကင်းဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) ဖြင့် ကုသနေကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...