Monday, October 14, 2013

သွေးကျဲဆေးအကြောင်း သိကောင်းစရာ

သွေးကျဲဆေး (blood thinner) လို့ အလွယ်ခေါ်ကြပေမယ့် သွေးကျဲသွားအောင်လုပ်ပေးတာ မဟုတ် ပါဘူး။ Warfarin ဆိုတဲ့ဆေးဟာ သွေးခဲဖြစ်စေတတ်တဲ့ ဗိုက်တာမင် K ကို အဓိကတားဆီးပြီး သွေးကြောတွေထဲ သွေးခဲပိတ်ဆို့ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေး ကျဲဆေးပေးရတဲ့ အဓိကရည်ရွယ်ချက်ကလည်း အရေးကြီးသွေးကြော ထဲမှာ သွေးခဲမပိတ်အောင်ဖြစ်ပါတယ်။သွေးကျဲဆေး၏ဘေးထွက်ဆိုးကျိုးကတော့ သွေးထွက်လွန်ခြင်းဖြစ်ပါတယ်။ ဒဏ်ရာရပြီးတော်တော်နှင့် သွေးမတိတ်တာ၊ ဆီးအရောင်နီခြင်း၊ ညိုခြင်းဖြစ်တဲ့အခါ၊ ကတ္တရာစေးလို...

အများသုံးကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ

ရုံးတွင်ဖြစ်စေ၊ အင်တာနက်ဆိုင်တွင်ဖြစ်စေ ကွန်ပျူတာသုံး ပြီးပါက မိမိ၏လက်များကို ရေရိုးရိုးနှင့်မဟုတ်ဘဲ ဆပ်ပြာနှင့် သေချာစင်ကြယ်အောင် ဆေးဖို့လို သည်။ လက်ကို မဆေးဘဲ မျက်နှာကို ထိခြင်းမပြုလုပ်ရပါ။ ကွန်ပျူတာခလုတ်မှ တစ်ဆင့် ရောဂါပိုးမွှားများသည် ပါးစပ်၊နှာခေါင်း၊ မျက်လုံးများကို ကူးစက်နိုင်သည်။ကွန်ပျူတာလက်ကွက်ခလုတ်များ၊ Mouse တို့သည် အမျိုးမျိုးသောရောဂါပိုးမွှားများ ကိန်းအောင်းရာ ပူနွေးသည့်အိပ်ယာများ ဖြစ်သည်ဟု ဆိုထားသည်။ အကယ်၍ ခလုတ်များနှင့် mouse တို့ကို...

ဦးနှောက်၏ဉာဏ်ရည်စွမ်းအားကို တိုးမြှင့်ပေးသောအစားအစာများ

(၁) ဂျုံနှင့်လုပ်သောအစာများယင်းတွင် ပါဝင်သော Low -GI က ဂလူးကို့စ်ကို သွေးတွင်းသို့ ဖြည်းညှင်းစွာ စီးဆင်းစေပြီး တစ်နေ့တာ စိတ်ပိုင်းဆိုင်ရာနိုးကြားမှုကို ဖြစ်ပေါ်စေသည်။(၂)ငါးအဆီသဘာဝအရ မရှိမဖြစ် လိုအပ်သောအိုမီဂါ ၃သည် ငါးအဆီ တွင် EPA နှင့် DHA အဖြစ် ရှိနေ သည်။ ပဲပိစပ်ဆီ၊ ဖရုံစေ့၊ ပဲပိစပ်၊ သစ်ကြားဆီတို့တွင်လည်း အလားတူ ဦးနှောက်လုပ်ငန်းစဉ်၊ နှလုံး၊ အဆစ်အမြစ် အတွက်ကောင်းစေသည်။ ဥပမာ ဆယ်လ်မွန်ငါး၊ ငါးသား လောက်ယောက်ဖ၊ ငါးကွန်းရှပ်၊ ငါး သေတ္တာငါးဆီများသည် အယ်လ်ဇိုင်း...

အခွံကို မလွှင့်ပစ်ဘဲ စားသုံးနိုင်သည့် ဆေးဘက်ဝင်အသီးများ

(၁)ကီဝီသီး – အမွှေးနုကလေးများ နှင့် ကီဝီသီးတွင် အင်တီအောက်ဆီးဒင့်မြင့်မားစွာပါဝင်ပြီး အစာအဆိပ် ဖြစ်တတ်သော Staphylococcus နှင့် E-coli စသည့်ရောဂါပိုးမွှားများ ကို တိုက်ထုတ်နိုင်သည်။(၂) နာနတ်သီး – ယင်း၏အခွံတွင် အမျှင်ဓာတ်နှင့်ဗီတာမင် C တို့ပါဝင် ပြီး ယင်းရှိ broinelain အင်ဇိုင်းသည် အစာချေဖျက်မှုအတွက် ကောင်းမွန်သည်။ နာနတ်သီးတွင် မာကြောသောအပြင်ပန်းရှိသော် လည်း အခွံအောက်အတွင်းသားက နူးညံ့သည်။စားသုံးပုံ -အူတိုင်ကို ညှစ်ပြီး အဖတ်များဖြစ်အောင် လုပ်၍ဖျော်ရည်တွင်...

ကလေးများ၏ စိတ်ဓာတ်ကို ညှို့ယူစေသောအရောင်

ကလေးထိန်းမူကြို၊ ကလေးများ၏အိပ်ခန်း စသည်တို့တွင် အရောင်စုံနံရံကပ်စတစ်ကာ သို့မဟုတ် အရောင်စုံအခန်းခြယ်သမှုများသည် ကလေးများ၏စိတ် ကို ဆွဲဆောင်စေကြောင်း သိပံ္ပနည်းကျစမ်းသပ်မှုများအရ သိရှိ နိုင် သည်။အနီရောင် -ကလေးများ၏စိတ်ကို ကျန်းမာကြံ့ခိုင်ဖျတ်လတ်စေသည်။ပန်းရောင် -ကလေးများအား မျှဝေခံစားသောစိတ်၊ အေးဆေးတည် ငြိမ်သော စိတ်ကို ဖြစ်စေသည်။အ၀ါရောင် – ပျော်ရွှင်တက်ကြွသော စိတ်၊ အစာချေဖျက်မှုကောင်းခြင်း၊ မှတ်ဉာဏ်အားကောင်းခြင်းတို့အား ဖြစ်စေသည်။လိမ္မော်ရောင် -လူအများနှင့်ပေါင်းသင်းဆက်ဆံလိုစိတ်၊...

ဆံပင်ကျွတ်ခြင်းကို ကုသပေးမယ့် လေဆာဦးထုပ်

အနီရောင်လေဆာကို ဦးရေပြားအပေါ်တွင်ပစ်ပြီး ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်မယ့် Laser-firing Helmet ကို တီထွင်နိုင်ခဲ့တယ် လို့ အင်္ဂလန်နိုင်ငံမှာမိတ်ဆက်ခဲ့ပါ တယ်။ အဲဒီဦးထုပ်ကို i Grow Hair Growth System လို့ခေါ်ဆိုပြီး ဆံပင်ပြန်ပေါက်နှုန်းကို ၃၅%ကနေ ၄၀%ထိ မြှင့်တင်ပေးနိုင်မယ်လို့ တီထွင်သူတွေက ပြောကြားထားပါ တယ်။ဒီလေဆာဦးထုပ်ဟာ ကျန်းမာတဲ့ဆံပင်တွေကိုလည်း ထိန်းသိမ်းထားနိုင်ပြီး ရှိရင်းစွဲ ဆံပင်တွေရဲ့ဆံလုံးကိုထူစေခြင်း၊ ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်းစတဲ့...

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ

- ထိုင်ခြင်းသည် မတ်တတ်ရပ်ခြင်းထက် ခါးဆစ်ရိုးပေါ် (၄၀) ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်သည်။ ထို့ ကြောင့် နာရီဝက်တိုင်း မတ်တတ်ရပ်ပါ။ အညောင်းဆန့်ပါ။- လေ့ကျင့်ခန်းပြုလုပ်သူများ၏ (၄၀) ရာခိုင်နှုန်းသည် ခါးနာသည့်အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းရပ်ဆိုင်းတတ်ကြသည်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ယောဂလေ့ကျင့်ခြင်းဖြင့် ခါးနာရောဂါကို အမြန်သက်သာစေသည်။- လေးလံသည့်အိတ်များလွယ်ခြင်း၊ ဆွဲခြင်းသည် ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေသောကြောင့် ခါးဆစ်ရိုးစောင်းစေသည်။ ဘေးကင်းစွာလွယ်နိုင်၊...

စိတ်ကျရောဂါပျောက်ဆေးနှင့် အမျိုးအစား(၂)ဆီးချိုရောဂါ ဆက်စပ်နေ

University of Southam-pton မှာရှိတဲ့ လေ့လာသူအဖွဲ့တစ်ခုက စိတ်ကျရောဂါသက်သာစေသည့် ဆေးများနှင့်အမျိုးအစား(၂) ဆီးချို ရောဂါဆက်စပ်ပုံအကြောင်းကို တွေ့ ရှိခဲ့ပါသည်။ လေ့လာသူတွေက ယခင်လေ့လာမှုပေါင်း (၂၂)ခု၊ လူဦးရေ(၁)သန်းခန့်နှင့် စိတ်ကျရောဂါ ပျောက်ဆေးအမျိုးမျိုးတို့ကို ပြန်လည် အသေးစိတ်စိစစ်ခဲ့ပြီးမှ ယခုရလဒ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရလဒ်များအရ စိတ်ကျရောဂါပျောက်ဆေး သောက်သုံးခဲ့ရသူ အတော်များများတွင် အမျိုးအစား(၂) ဆီးချိုဖြစ်ပွားကြောင်း တွေ့ခဲ့ရသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ...

ရင်သားကင်ဆာကို ကာကွယ်နိုင်တဲ့ မြေပဲထောပတ်

မြေပဲထောပတ် (peanut butter)ဟာ ရင်သားကင်ဆာကို ကာကွယ်နိုင်တယ်လို့ သုတေသနတစ်ရပ်မှာဖော်ပြထားပါတယ်။ဒီလေ့လာမှုကိုဝါရှင်တန်တက္ကသိုလ်နဲ့ ဟားဗတ်ဆေးတက္ကသိုလ်တို့ ပူးပေါင်းသုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ်မှ၂၀၀၁ခုနှစ်အတွင်းမှာ အမေရိကန်မိန်းကလေး ၉၀၃၉ဦးရဲ့ ကျန်းမာရေးစစ်တမ်းတွေကို အခြေခံပြုလုပ်ထားတဲ့ သုတေသနဖြစ်ပါတယ်။လေ့လာမှုမှာ ပါဝင်တဲ့ မိန်းကလေးတွေဟာ အသက်၉နှစ်ကနေ၁၅နှစ်အတွင်း အသီးသီးရှိသူများဖြစ်ကြပါတယ်။ ဒါ့ကြောင့် အဲဒီမိန်းကလေးတွေ ၂၀၀၅ခုနှစ်ကနေ ၂၀၁၀ခုနှစ် မှာ...

*** ဗုံး.............သတိ ***

================• မိုင်းလို့ယူဆရတာနှင့် လုံးဝမထိပါနှင့်• ဘေးတွင် သဲအိပ် ရေဖြည့် ပလတ်စတစ်ပုံး များဖြင့်ဝန်းရံပါဖြေး ညှင်းစွာ လုပ်ပါ • အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။• ဓါတ်ပုံမရိုက်ပါနှင့် အလင်းကြောင့်ကွဲအောင် လုပ်လို့ရပါသည်။• အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။ • စပ်စုသူများအနားမနေပါစေနှင့်• အယောင်ပြပြထားပြီး လူများမှ ရှင်းမည့်သူလာမှ အဝေးထိန်းခွဲနိုင်ပါသည် ။ • မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန်ဖြစ်ပါသည်• မိုင်းကွဲကွဲခြင်း...

ညွှန်မှူးယောက်ဖကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့

MONDAY, OCTOBER 14, 2013 မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ရေးထားပါတယ်။(ဓာတ်ပုံများ - ဇော်ရဲထက်)ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက ညွှန်ကြားရေးမှူးအဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံမြို့ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေးထားပါတယ်။ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီးမှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို...

မိန်းကလေးများအတွက် သားအိမ်အလုံးအန္တရာယ်

...................အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံး တွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊ သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည်လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာ ရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ သားသမီး...

ရေကန်ထဲကဆား

အရမ်းကောင်းတဲ့ ဥပမာ လေးပါ ...ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဆီကို တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ရောက်လာပါတယ်..ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို...

ယောင်္ကျားတွေက ဒီလိုပဲလား..ဒါလား ယောင်္ကျား(စုံတွဲများဖတ်သင့်သည်)

ဝုန်း...ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။ နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို...

အပျိုကြီး အပျိုလေးများ သိစေရန်

၁. သတ်မှတ်ချက်(က) အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။(ရှိပါက ဆုပ်လည်း ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် .. အော် … လက်ပြောပါတယ်..) ယခင်က experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက် အခြေအနေကိုသာဆိုလို သည်။ သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစားထိုးခြင်း ပြုလုပ်ပါက ပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမည်ဖြစ်သည်။ ၂. သတ်မှတ်ချက်(ခ) လက်ရှိရည်းစားရှိသော်လည်း...

နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ

မိန်းကလေးများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ ၁. သဘောထား သေးသိမ်သော ယောင်္ကျားများ ၂. ခေတ်ရေစီးကြောင်းကို အလွန်အကျွံ လိုက်စားတတ်သော ယောင်္ကျားများ ၃. အားနွဲ့ဟန်၊ သိမ်မွေ့ဟန် ဆောင်တတ်သော ယောင်္ကျားများ ၄. ကတ်စီး အရမ်းနည်းတတ်သော ယောင်္ကျားများ ၅. သူတပါးအတွက် စဉ်းစားပေးလေ့ မရှိဘဲ ကိုယ့်အကြောင်းကိုဘဲ ကြည့်တတ်သော တကိုယ်ကောင်းဆန်သော ယောင်္ကျားများ ၆. ရည်းစားဘ၀မှာ ကိုယ့်ရဲ့ ချစ်သူကို event တစ်ခုတစ်လေတောင် လုပ်မပေးတတ်သော ယောင်္ကျားများ ၇....

ကျင့်ဝတ်မဲ့စွာ ရေးသားခြင်းအပေါ် ထောက်ပြသည့် ဆောင်းပါးရှင် စည်သူအောင်မြင့်အား ELEVEN မီဒီယာမှ တရားစွဲ

Posted by ရွှေသတင်းသစ် , ရန်ကုန်တိုင်းမ်သတင်းစာတွင် စက်တင်ဘာလအတွင်း ဖေါ်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ပါရှိသော အချက်အလက်မှာ ELEVEN မီဒီယာ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ ဆောင်းပါးရှင်နှင့် ဖေါ်ပြခဲ့သည့် သတင်းစာကိုပါ ELEVEN မီဒီယာက တရားစွဲဆိုထားသည်ဟု ထိုမီဒီယာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက မဇ္ဈိမကို ပြောသည်။"ကျွန်တော်တို့နဲ့ ပတ်သက်လို့ ရေးသားဖေါ်ပြတဲ့သူနဲ့ ဖေါ်ပြတဲ့သတင်းစာကို တရားစွဲထားတာပါ။ ရေးသားထားတာတွေက ကျွန်တော်တို့ကို ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက် တရားစွဲတာပေါ့နော်။...

ဒေသခံ ပြည်သူများအား ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ နေရာချထားပေး…

နေပြည်တော် အောက်တိုဘာ ၁၄ ပြည်ခရိုင် ရွှေတောင်မြို့နယ် ယင်းမူကုန်း ကျေးရွာတွင် ဧရာဝတီ မြစ်ရေတိုက် စားမှုများကြောင့် မြစ်ကမ်းပါးပေ ၅ဝခန့် ပြိုကျသဖြင့် ကျေးရွာတွင် နေထိုင်သော အိမ်ထောင်စု ၃ဝ စု၊ စုစုပေါင်း လူဦးရေ ၁၉၁ ဦးအား ရေဘေးလွတ်ရာနေရာ များသို့ အောက်တိုဘာ ၁ဝရက်က တပ်မတော် သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ကူညီရွှေ့ပြောင်း ပေးပြီး နယ်လှည့် ဆေးကုသရေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း...

ဖြူးမြို့တွင် ဦးခေါင်းပြတ် သေဆုံးနေသော ဂေါ်ရခါး လူမျိုး တစ်ဦး အပါအ၀င် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား

ဖြူးမြို့တွင် ဦးခေါင်းပြတ်လျက် ဂေါ်ရခါး လူမျိုး တစ်ဦး အပါအ၀င် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း ဖြူးမြို့ ရဲစခန်းမှ သတင်း ရရှိပါသည်။ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီ အချိန်ခန့်တွင် ခင်တန်းကြီးကျေး ရွာအုပ်စု၊ ကျွဲကူး ကျေးရွာနေ ဦးဇော်နိုင်ဦးမှ ၎င်း၏ အိမ်တွင်း တည်းခိုနေထိုင်ပြီး၊ သစ်မာ(ပျဉ်းကတိုး) စိုက်ခင်းတွင် စိုက်ခင်း စောင့် လုပ်ကိုင်နေ ကြသောဂေါ်ရခါး လူမျိုး ဦးဇော်မင်း ၅၉ နှစ်နှင့် ဇနီး ဖြစ်သူ ဒေါ်တင်ရွှေတို့သည် စိုက်ခင်း မှ ပြန်လည်...

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၃)

နိုင်ငံရေးနှင့် ဘာသာရေးသည် အတူတူမဟုတ်သောကြောင့်ပင်။ ကျွန်တော်တို့ဘာသာရေးကို နိုင်ငံရေး နှင့် ရောထွေးပစ်ပါလျှင် ဘာသာရေးကိုပင် ဆန့်ကျင်ရာရောက်သည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာ ရေး ဆိုသည်မှာ တမလွန်ဘ၀အကျိုးအတွက် သည်ပိုးဆောင်ရွက်ခြင်းသာဖြစ်၍ နိုင်ငံရေးအသိုင်းအဝိုင်း ဖြစ်သော မျက်မှောက်ဘဝအရေးတို့နှင့် သာမန်အားဖြင့် မသက်ဆိုင်။ နိုင်ငံရေးဆိုသည်မှာကား ပုထုဇဉ် တို့၏သိပ္ပံပညာရပ်ဖြစ်သည်။လက်တွေ့အားဖြင့် ကျွန်တော်မြင်သလောက်မှာ လူမှုရေးဗေဒသည် ဘာသာရေးနှင့် အငြင်းပွားမှုရှိစရာ...

အင်အားပြင်း PhaiLin မုန်တိုင်း အများဆုံး တစ်နာရီ ၁၆၇ မိုင်နှုန်း အထိဟု ခန့်မှန်း

Monday, October 14, 2013အောက်တိုဘာ ၁၂ရက် စနေနေ့ နေ့လည်ပိုင်းက အိန္ဒိယ အရှေ့ပိုင်းသို့ အရှိန်ပြင်းပြင်းနှင့် ၀င်ရောက် တိုက်ခတ်ခဲ့သော ဖိုင်လင်အမည်ရှိ အင်အားပြင်း ဆိုက်ကလုန်းမုန်ုတိုင်းသည် အမြင့်ဆုံး တစ်နာရီ ၁၆၇ မိုင်အထိ ဖြစ်သွားနိုင်ကြောင်း အမေရိကန်ရေတပ်၏ တိုင်ဖွန်းသတိပေးစင်တာမှ ကြေညာထားသည်။ပြီးခဲ့သောနေ့က တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေနှင့် အန္ဒြာပရာဒက်ခ်ျပြည်နယ်တွင် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး...

မျက်စိညောင်း ခြင်းကို ကုသနည်းများ

Monday, October 14, 2013ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း...

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံ

 Created on Monday, 14 October 2013 ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောက်တိုဘာ ၁၂ ရက်က တရုတ်စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံစဉ် တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူးလေဆိပ်သို့...

ပဲခူးတိုင်းဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ န၀ဒေး တံတားအောက် လူသတ် ပစ္စည်း လုယူမှု၊ ဗုံးပေါက်ကွဲမှုနှင့် ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကိုးလအတွင်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး

Monday, October 14, 2013 ပဲခူးတိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်) ၂၀၁၃ ခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်၊ န၀ဒေး တံတားအနီး လူသတ် ပစ္စည်းလုခဲ့သည့် ဖြစ်စဉ်၊ ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ဗုံးပေါက်ကွဲမှု စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ယခုထိ ဖော်ထုတ်နိုင်သေးခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းချက်များအရ...

Related Posts Plugin for WordPress, Blogger...