Sunday, March 23, 2014

အကျိတ်အရွယ်အစားကို ဆရာဝန်တွေက ပိုတွက်မိလို့ မလိုအပ်ဘဲ သားမြတ်ဖြတ်ထုတ်ခံရသူ ၁နှစ် အယောက် ၁၀၀ခန့်ရှိ




ရင်သားထဲက အကျိတ်အရွယ်အစားကို ဆရာဝန်တွေက ပိုတွက်မိတာကြောင့် မလိုအပ်ဘဲ သားမြတ်ဖြတ်ထုတ်ခံရသူ အရေအတွက်ဟာ ၁နှစ်မှာ အယောက် ၁၀၀ခန့်ရှိပါတယ်။

ဒီအမျိုးသမီးတွေဟာ သားမြတ်ကို ဖြတ်ထုတ်ခံရမယ့်အစား ကုသမှုခံရ သင့်တယ်လို့ သုတေသနရပ်က သက်သေပြပါတယ်။

တချို့သော ဆေးရုံတွေမှာ သားမြတ်ဖြတ်ထုတ်တဲ့ ကိစ္စတွေထဲက ၆၀ရာခိုင်နှုန်းဟာ ၂၀ မီလီမီတာ (သုည ဒဿမ ၈ လက်မ) သာ အကျယ်ရှိပြီး အလွန်သေးငယ်တ့ အကျိတ်ဖုပဲဖြစ်ပါတယ်။

ဒီသုတေသန ရလဒ်ကို မတ်လ ၂၁ရက်နေ့မှာပဲ လူထုကြားချပြခဲ့ပါတယ်။ ductal carcinoma in situ (DCIS) (ထိုးဖောက်ပျံ့နှံ့မှုမရှိဘဲ အန္တရယ်ရှိတယ်လို့ထင်ရတဲ့ ပုံမှန်မဟုတ် ဆဲလ်တွေ သားမြတ်ထဲရှိနေခြင်း) ကို အရင်ကထက် ပိုပြီး ဂရုတစိုက်ကုသဖို့ လိုတယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO အခုတော့ ၀န်ခံခဲ့ပြီ...




လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံခဲ့ပါပြီ။

လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်ပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် ('tonnes of mangosteens') မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားတယ်ဆိုတဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လေယာဉ်ပျက်ကျမှုပေါင်း ၁၄၀ ကျော် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ လက်ပ်တော့မှာ သုံးတဲ့ ဘက်ထရီနဲ့ အမျိုးအစား တူကြောင်းလည်း သိရပါတယ်။

အခု MH370 လေယာဉ်ဟာ cargo ခန်းထဲက ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာက ဆက်သွယ်ရေး ကိရိယာတွေ ပျက်သွား ပိတ်သွားခဲ့တာလား ဆိုတာ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ဂြိုလ်တုကနေ အပိုင်းအစ ၂ ခု တွေ့ပါတယ် ဆိုတဲ့ သြစတေးလျ နိုင်ငံ အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက လေယာဉ်ပျက်လို့ ယူဆရတဲ့နေရာမှာလည်း ရှာဖွေရေး အဖွဲ့တွေရှာတာ ၂ ရက်ရှိပြီ ဖြစ်ပေမယ့် မတွေ့သေးပါဘူး။ တရုတ်ပြည်က ရှာဖွေရေး အတွက် ဆိုပြီး စစ်သင်္ဘာ ၈ စင်း အထိဝင်ခွင့်တောင်းထားကြောင်းလည်း မလေးရှား အာဏာပိုင်တွေက အတည်ပြုပါတယ်။...

ခရီးသည် ၂၂၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် MH370 ပျောက်ဆုံးသွားတာ အခုဆိုရင် ၂ ပတ်ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။

ရင်သားကြီးအောင်လို့ Vaseline အဆီထိုးထည့်ပြီးနောက် အဆုတ်ထဲသွေးခဲပြီး သေဆုံးသွားခဲ့သူ




အာဂျင်တီးနားနိုင်ငံက အသက် ၃၉ နှစ်အရွယ် အပျော်တမ်းအားကစားသမား ဆိုနီယာ ပီရက်ဇ် ဆိုသူဟာ လွန်ခဲ့တဲ့ တစ်လက ဆေးရုံကို အသက်ရှုရခက်ခဲတဲ့ပြဿနာကြောင့် ရောက်ရှိလာခဲ့တာပါ။ ပထမတော့ သူမဟာ ဆရာဝန်တွေရဲ့ မေးမြန်းချက်တွေကို အကုန်ငြင်းဆန်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရင်သားကြီး အောင်လို့ Vaseline အဆီကို ရင်သားထဲ မိမိဘာသာထိုးထည့်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

အခုတော့ သူမဟာ အဆုတ်ထဲမှာသွေးခဲတဲ့ဝေဒနာကို ခံစားရပြီးနောက် ဆေးရုံမှာပဲသေဆုံးသွားခဲ့ပါပြီ။ ဗြူနိုအေးရိစ် မြို့ အနောက်တောင်ဘက် မိုင် ၃၅၀ အကွာ၊ ဆန်တာရော့ဆာ မြို့ ဆေးရုံရဲ့ ခွဲစိတ်ဌာနမှူး ဂျူလီယို ပလာ က

“ အခုသေဆုံးသွားတဲ့ အမျိုးသမီး ဆေးရုံရောက်လာတော့ သူမရင်သားမှာ အနာတွေဖြစ်နေပါပြီ။ ပထမတော့ သူက မေးသမျှအကုန်ငြင်းသေးတယ်။နောက်မှ သူ ရင်သားကြီးချင်လို့ Vaseline ကို ရင်သားထဲ ထိုးထည့်ခဲ့တယ်ဆိုတာကို ၀န်ခံခဲ့တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။

“ ဒီလို အဖြစ်မျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး။ လူ့ ခန္ဓာကိုယ်က တော်ရုံ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို အသာတိုက်ထုတ်နိုင်တဲ့ ခုခံအားတွေရှိတယ်။ ဒီ Vaseline လို ထုတ်ကုန်ဟာမျိုးကိုတော့ ခုခံနိုင်မယ့် ဖွဲ့ စည်းပုံမရှိဘူး။”

“ Vaseline ကို သုံးနေတဲ့ တခြားလူတွေလည်း ခင်ဗျားတို့ ကိုယ့်သေတွင်းကိုယ်တူးနေတယ်ဆိုတာ သိထားဖို့  လိုတယ်” လို့ ဆရာဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

မကြာသေးမီကလည်း လိင်အင်္ဂါကြီးအောင်လို့ Vaseline ထိုးထည့်ကြတဲ့ ယောင်္ကျားအရေအတွက် များပြားလာမှု အပေါ် ဆရာဝန်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ရေနံစိမ်းပါဝင်တယ်ဆိုတဲ့ Vaseline အဆီကြောင့် တစ်သျူးပျက်စီးတာနဲ့ ပန်းသေးပန်းညှိုးရောဂါတွေ ကြုံတွေ့ နိုင်ပြီး အသက်အန္တရာယ်ပါ ဆုံးရှုံး နိုင်ကြောင်း သိရှိရပါတယ်။

Ref: Mirror.co.uk

သင်္ကြန် သီချင်းသံတွေကြားရင် ပျော်တယ်လို့ဆိုတဲ့ သွန်းသစ္စာဇော်



Photo Model တွေထဲမှာ ခုနာမည်တော်တော်လေး ရလာတဲ့ မော်ဒယ် သွန်းသစ္စာဇော်နဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ မေးကြည့်တဲ့အခါ ‘ညီမ လတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ MTV ရိုက်ဖြစ်တယ်။ ညီမက Photo Model ဆိုတော့ မဂ္ဂဇင်းသီးသန့်ပဲ ရိုက်ဖြစ်တယ်ပေါ့နော်။’ လို့ သူမက ပြောပါတယ်။

မကြာခင် ကျရောက်တော့မယ် အတာသင်္ကြန်အတွက် သူမရဲ့ စိတ်ခံစားချက်နဲ့ ဖက်ရှင် အကြောင်းကိုလည်း သူမက ‘သင်္ကြန်ရောက်ရင် ပျော်တယ်။ သင်္ကြန်သီချင်းတွေကြားရင် ပျော်တယ်။ သင်္ကြန်မကျခင်ကတည်းက နှစ်တိုင်း၊ နှစ်တိုင်းသင်္ကြန်မှာ ပျော်ခဲ့တာတွေကို ပြန်တွေးပြီး ကြည်နူးမိတယ်။ ဒီနှစ်လည်း ကိုယ်ဘယ်လိုပျော်ရမလဲဆိုတာပါ စဉ်းစားမိတာပေါ့။ သင်္ကြန်အတွက် ဖက်ရှင်ကတော့ အရောင်စုံတာလေးတွေဝတ်မယ်ပေါ့နော်။ ဘောင်းဘီတိုတော့ မဝတ်ဘူး။ အသားမည်းမှာစိုးလို့ပါ။ တီရှပ်ကာလာ ဆန်းဆန်းလေးတွေ ဝတ်မယ်လို့ စိတ်ကူးထားပါတယ်။ ဒီနှစ်သင်္ကြန် Blizzard မဏ္ဍပ်မှာ ထိုင်မယ်။ သင်္ကြန်မှာ မဏ္ဍပ်ထိုင်ရတာကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဏ္ဍပ်က အရိပ်လည်းရှိတယ်။ သီချင်းတွေကအစ လူငယ်အကြိုက်ပေါ့။ ရေပက်ခံထွက်တာလည်း ပျော်ဖို့တော့ ကောင်းပါတယ်။ ငယ်ငယ်ကတော့ ရေပက်ခံထွက်ဖူးပါတယ်။ အဲဒီ့နောက်ပိုင်းထဲက ရေပက်ခံထွက်တာကိုမကြိုက်တော့တာပေါ့’တဲ့။

သူနဲ့ စေ့စပ်ပြီးတဲ့အခါ သင်ကိုယ်တိုင် ပြောင်းလဲသွားနိုင်တဲ့ အချက်များ



လူတစ်ယောက်ဟာ အိမ်ထောင်မပြုသေးခင် စေ့စပ်လိုက်ပြီဆိုကတည်းက အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ အဲ့ဒီလို ပြောင်းလဲသွားတဲ့အရာတွေထဲက တစ်ချို့ကို ထုတ်နုတ်ကြည့်ရရင်

၁။ကိုယ်စိတ်ကူးထားတဲ့အရာတွေကို လက်တွေ့စတင်လုပ်ဆောင်တော့တာပဲ။ အိမ်ထောင်မပြုရသေးပေမယ့် အိမ်ထောင်ကျသွားသလိုကို ကလေးဘယ်နှစ်ယောက်ယူမယ်၊ ငွေကို ဘယ်လိုစုမှ ဖြစ်မယ် စသဖြင့် တွေးတောလာကြပြီမို့ ပြုမူနေကျ အမူအကျင့်တွေကို ပြောင်းလိုက်ကြပါတယ်။

၂။အရင်က သီးခြားနေတတ်တဲ့ ကိုယ့်ချစ်သူရဲ့ မိသားစုနဲ့ ရောရောနှောနှော နေရပါပြီ။ ဟိုဘက်က ကိုယ့်ချစ်သူရဲ့ မိဘတွေကိုတောင် မေမေ၊ ဖေဖေလို့ တရားဝင် ခေါ်ဝေါ်လာကြတဲ့အထိပါပဲ။


၃။ကိုယ့်သူငယ်ချင်းက သူ့သူငယ်ချင်း၊ သူ့သူငယ်ချင်းတွေနဲ့လည်း အရင်ထက်ပိုရင်းနှီးလာပါတယ်။ ညဘက် ဘီယာဆိုင်သွားထိုင်ရင်တောင် ကိုယ်ကဘေးနားကပ်ပါတတ်နေပြီလေ။

၎။အလုပ်တွေ ပိုရှုပ်လာသလို ခံစားလာရမယ်။ အစက တစ်ယောက်တည်းမို့ တစ်ကိုယ်စာပဲ တွေးတတ်ခဲ့ပေမယ့် ခုတော့ သူ့အတွက်၊ သူ့မိသားစုကိစ္စတွေပါ ခေါင်းထဲထည့်ထားရတော့မယ်။

၅။ငွေရေးကြေးရေးမှာလည်း နှစ်ယောက်သား အရင်ထက်ပိုပြီး မျှမျှတတသုံးစွဲတတ်လာမယ်။

၆။မင်္ဂလာဆောင်အတွက် ခေါင်းခြောက်ရတာတွေကြောင့် စိတ်ဖိစီးမှုတောင် ဖြစ်နိုင်ခြေ ရှိလာပါတယ်။

၇။အသိုင်းအ၀ိုင်းက ကျယ်ပြန့်လာပြီဆိုတော့ ကိုယ့်လူဘက်က သူငယ်ချင်းတွေရဲ့ပွဲတွေ၊ ဒင်နာ၊ ပါတီတိုင်း ကိုယ်လိုက်ရပြီသာမှတ်။

၈။အရင်လို နှစ်ယောက်သား ကြည်ကြည်နူးနူး ဒင်နာထွက်စားတာမျိုး၊ ညဘက် night out လုပ်တာမျိုး၊ ရှော့ပင်သွားတာမျိုးတွေ လျှော့ချလာရပြီလေ။ ပိုက်ဆံစုရတော့မှာကိုး။

၉။စေ့စပ်ပြီးတဲ့သူတွေဟာ လက်ထပ်လိုက်သူတွေလိုလည်း စိတ်ဒုန်းဒုန်းမကျနိုင်သေးဘဲ ကိုယ့်ရင်ထဲမှာလည်း ငါဟာ ခုဆို အရင်လို မဟုတ်တော့ဘူး။ စေ့စပ်လိုက်ပြီဆိုတဲ့ အတွေးနဲ့ နည်းနည်း စိတ်ကစဉ့်ကလျား ဖြစ်နေတတ်ပါတယ်။ နားထောင်တဲ့ သီချင်းတွေတောင် ပြောင်းလဲသွားတဲ့ အထိပါပဲတဲ့။

၁၀။ကိုယ့်ချစ်သူကို ကိုယ့်ယောင်္ကျားလို ကိုင်တွယ်ဖို့အတွက် ဘာတွေပြောင်းလဲပစ်ရမလဲဆိုတဲ့ အချက်တွေကိုလည်း မကြာခဏ စဉ်းစားနေပြီလေ။

Ref:cosmopolitan.com 

လက်တွေ့မှာ စီးဖို့ အဆင်မပြေတဲ့ ထူးဆန်းတဲ့ ဖိနပ်ဒီဇိုင်းများ




နိုင်ငံတကာမှာ ကျင်းပပြုလုပ်တဲ့ တစ်ချို့ဖက်ရှင်ရှိုးတွေကြည့်မိရင် ကိုယ့်စိတ်ထဲမှာ သူတို့ဒါတွေကို အပြင်မှာ ဘယ်လိုများဝတ်မှာလဲဆိုတဲ့ မေးခွန်းမျိုး ခဏခဏ ပေါ်လာဖူးမှာပါ။ တစ်ခါတစ်လေ အံ့သြမှင်သက်ရတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ နောက်နှစ်ပေါင်းများစွာမှာ ခေတ်စားလာဖွယ်ရှိတယ်လို့ ဆိုပေမယ့် ခုချိန်ကတည်းက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခေါင်းခါမိတဲ့ ဒီဇိုင်းတွေလည်း အများကြီးရှိပါတယ်။ ခုလည်း လက်တွေ့မှာ တကယ်စီးရမလွယ်တဲ့ ဖိနပ်ဒီဇိုင်းတွေ ပေါ်ပေါက်လာခဲ့ပါပြီ။ အဲ့ဒီ ဒီဇိုင်းတွေထဲ တစ်ချို့ကို ထုတ်နုတ်ပြလိုက်ပါတယ်။

၁။ အရောင်လေးတော့ လှပါရဲ့။ ဒါပေမယ့် အလှပဲ ကြည့်နေရမယ့် ဒီဇိုင်းမျိုးပါ။



၂။ကြည့်ရတာနဲ့တင် အသည်းယားစရာ ကောင်းနေပါပြီ။ ကိုယ်စီးလိုက်ရင်ပဲ အားလုံးဟာ ပြိုကျသွားတော့မလိုလိုနဲ့လေ။



၃။ဒီလို ဖိနပ်စီးထားရင် အသက်ရှုလို့တောင် ရပါ့မလားဘဲ။



၎။ဒီဖိနပ်မျိုးစီးပြီး လမ်းလျှောက်ဖို့တော့ ဖြစ်နိုင်မယ်မထင်ဘူးနော်။



၅။လက်တွေ့ဘ၀နဲ့ လုံးဝမဆင်မပြေနိုင်တဲ့ ဖိနပ်ပါပဲ။



Ref:cosmopolitan.com

Saturday, March 22, 2014

ကြွက်ကောင်ရေ သောင်းနဲ့ချီ ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဘုရားကျောင်း





အိနိ္ဒယ နိုင်ငံ၊ ရာဂျက် သန် ပြည်နယ် မှာ ရှိတဲ့ ဘုရား ရှိခိုး ကျောင်း တစ် ကျောင်း မှာ ကြွက် တွေ အ များ အပြား ပြေးလွှား လျက် ရှိ ကြ ပါတယ်။ ဒီ ဘုရား ရှိခိုး ကျောင်း ကို ကာနီမာ တာ လို့ အမည် ပေးထား ပြီး ကျောင်း အတွင်း မှာရှိ တဲ့ ကြွက် တွေကို ဒေသခံ တွေ က ယုံကြည် စွာ ကိုး ကွယ် မှုတွေ ပြုလုပ် နေကြ တယ် လို့ သိ ရပါ တယ်။ ဒီကျောင်းမှာရှိတဲ့ ကြွက်တွေကို အစား အစာ ကျွေးမွေးပြီး ကာကွယ်စောင့် ရှောက်မှုတွေ ပြု လုပ် ထားကြပါတယ်။ နောက် ပြီး ကျောင်းအတွင်းမှာရှိတဲ့ ကြွက် တွေကို အန္တရာယ်မဖြစ်စေဖို့ ကာကွယ် စောင့် ရှောက် မှု တွေ ပေးလေ့ရှိကြပါတယ်။

ဒီဘုရားကျောင်းကို လာရောက် တဲ့ ဧည့် သည် တစ်ဦး ဖြစ်တဲ့ ရှာမာက ပထမဆုံး အကြိမ် လာရောက် ဖူး ခြင်း ဖြစ်ပါတယ်။ ဒီ အနီးအနား တစ်ဝိုက် မှာ ပလိပ်ရောဂါဖြစ်ခဲ့တယ် လို့ ကြားခဲ့ဖူးခြင်း မရှိပါဘူး။ လူတွေက ဘုရား ကျောင်းမှာရှိနေတဲ့ ကြွက်တွေကို ကျွေးမွေး ဖို့ အစားအစာတွေ ယူဆောင်လာလေ့ရှိတယ် လို့ ပြောကြား ခဲ့ပါ တယ်။ ကြွက်တွေဟာ ကြီး မားလှတဲ့ ခွက်တွေမှာ ထည့်ထားတဲ့ အစား အစာနဲ့ နို့တွေကို အလုအယက် စား သောက် လေ့ရှိပါတယ်။

ကလေးငယ်တွေကလည်း ကြွက်တွေနဲ့အတူ ဆော့ကစားတတ်ကြပါ တယ်။ ဒီနေရာကို ပထမဆုံး ရောက်လာတဲ့သူ တွေအတွက် ကတော့ တကယ့် ကို အထူး အဆန်း သဖွယ် ဖြစ်နေပါတယ်။ ဘုရား ကျောင်း ကို ရောက်လာသူတွေဟာ ကြွက်ဖြူကို တွေ့ ခဲ့ပါက ကံကောင်းခြင်းတွေ ရတတ်တယ်လို့ အယူ အဆ ရှိ ထားပါတယ်။ ကြွက်တွေကို ဘုရားကျောင်းက တာဝန်ရှိသူတွေက ထိန်း သိမ်းစောင့်ရှောက်ထားပြီး တကယ် လို့ ကိုယ့် ကြောင့် ကြွက်တစ်ကောင် သေဆုံးသွားပါက အစားသဘော ပြန်လျော်တဲ့အနေနဲ့ ဘုရား ကျောင်းက ရောင်းချတဲ့ ရွှေ (သို့) ငွေနဲ့ ပြု လုပ်ထားတဲ့ ကြွက် ရုပ်တု တွေကို ၀ယ်ယူ ရမယ် လို့ စည်းကမ်းချက် ထုတ်ပြန် ထား ပါတယ်။ ဒီဘုရားကျောင်းကို ကမ္ဘာ လှည့်ခရီး သည်တွေ လည်း စိတ်ဝင် တစား လာရောက်လေ့လာကြ တယ် လို့ သိရပါတယ်။ ဧည့်သည်တစ်ဦးဖြစ် တဲ့ ဆာဗီတာက ဘုရားကျောင်းအတွင်း သတိ ကြီးစွာ သွားလာ ခဲ့ ကြောင်း၊ ကြွက်တွေ ခြေ ထောက်နားက ဖြတ်သွားချိန်မှာ ကြောက်လန့် စွာ အော်ဟစ်ခဲ့မိကြောင်း ပြောကြား ခဲ့ ပါ တယ်။

လောကမှာ သင်လုံးဝမသိနိုင်သေးတဲ့ အချက် ၁၅ ချက်





၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့....

.၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)ရက်
အသက်ရှင်နိုင်တယ်တဲ့.. ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့ သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့  အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ်တဲ့

ကလေးများရှေ့မှာ မိဘများရန်ဖြစ်ပြပါက ကလေးများ၏ ဦးနှောက်အပေါ် ဆိုးကျိုးများရှိနိုင်





ကလေးများ ရှေ့တွင် မိဘ လုပ်သူများ ရန်ဖြစ် ငြင်းခုံခြင်းသည် ကလေးများ၏ ဦးနှောက် ဖွံ့ဖြိုးမှု အပေါ် ဆိုးကျိုး သက်ရောက် မှုများ ရှိစေနိုင် ကြောင်း သိရသည်။

ဦးနှောက် ကို သံလိုက် လှိုင်းသုံး ပုံရိပ်ဖော် လေ့လာမှုများ အရ အသက် ဆယ့်တစ်နှစ် အထိ မိသားစု ပြဿနာ များကို အနည်းနှင့် အများကြုံတွေ့ ခဲ့ရသည့် ကလေးများ သည် ဦးနှောက် ဖွံ့ဖြိုးမှု နှေးကွေးပြီး စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ ပြဿနာများ တွင် မိဘများ အကြား ဆက်ဆံရေး တင်းမာ မှုများ၊ ကိုယ်ထိ လက်ရောက် သို့မ ဟုတ် စိတ် ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ၊ ချစ်ခင် နွေးထွေးမှု မရှိခြင်း သို့မဟုတ် မိသားစု ၀င်များအကြား ဆက်ဆံရေး အေးစက်ခြင်း စသည် တို့ ပါဝင်သည်။

ကလေးငယ်များ အပေါ် မသိ ကျိုးကျွံပြုမူခြင်း၊ နှိပ်စက်ညှင်း ပန်းခြင်း တို့၏ အကျိုးဆက် များကို အဓိက ထား လေ့လာ ခဲ့ကြခြင်းဖြစ် သည်။မိသားစု ပြဿနာများနှင့် ကြုံ တွေ့ရသည့် ဆယ်ကျော် သက်လေး များသည် စိတ်ပိုင်း ဆိုင်ရာ ပြဿနာ များရှိနေ သည့် မိဘများ သို့မဟုတ် မိသားစု အပေါ် အကောင်းမမြင် တတ်သည့် လူမျိုးများ ဖြစ်လာနိုင် သည်ဟု လည်း သိရသည်။

လေ့လာမှု စစ်တမ်းကို Neuro Image: Clinical ဂျာနယ်တွင် ထည့် သွင်း ဖော်ပြ ထားခြင်းဖြစ်သည်။

၁၃ နှစ် ကျောင်းသူနဲ့ဗီဒီယို ရိုက်ပြီး အွန်လိုင်း တင်တဲ့ ကျောင်းသား ( ၂ )


၁၃ နှစ်အရွယ် ကျောင်းတက်ဖော်ကောင်မလေး မသိအောင် အတူနေ ဗီဒီယိုရိုက်ပြီး အွန်လိုင်း တင်ခဲ့ သည့် ကျောင်း သားအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ အွန် လိုင်းပေါ် တင်ခဲ့တဲ့ အကြောင်းကေ တာ့ ကောင်လေး က ကောင်မလေးကို ဗီဒီယိုထဲက ကဲ့သို့ နည်းလမ်းများဖြင့် လုပ်ပေး ရန် တောင်းဆိုခဲ့ တာကို ကောင်မလေးက ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။

( HE HAD sex with his 13-year-old schoolmate who was also his girlfriend, forced her to perform oral sex on him, then filmed and posted the video online without her knowledge.)




ယခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖစ်ြတဲ့ အဆိုပါ ပိုလီကျောင်းသားဟာ ပထမ လေးလ မှာ သတ်မှတ် အီလက် ထရောနစ် ပစ္စည်းများသာ အသုံးပြုခွင့်ရှိမှာဖြစ်ပြီး နောင် ၁၇ လမှာတော့ ကြီးကြပ်မှုအောက်မှာပဲ အီလက် ထရောနစ် ပစ္စည်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ အခန်းထဲမှာ နေရမည်ဖြစ်ပြီး လူမှုရေးလုပ်ငန်း ၁၅၀ နာရီ လုပ်ကိုင်ရအုံးမှာ ဖြစ်ပါတယ်။သူ၏ မိဘများဟာ သူ့ကို ကောင်းမွန်စေပါ့မယ်ဆိုပြီး ဒေါ်လာ ၈၀၀၀ တန် အာမခံထိုးထားရသည့် အပြင် သူ့ရဲ့ အင်တာနက် အသုံးပြုမှုကိုလည်း ကြပ်မတ်သွား ရမှာ ဖြစ် ပါ တယ်။

သူ၏ အမေကတော့ ဒီဖြစ်စဉ် ပြီးကတည်းက သူတော်တော် လိမ်မာနေပါပြီ။ သူ စာကြိုးစားနေပြီး သူ့အ မှတ်တွေလဲ ပိုကောင်းလာတယ်လို့ ဖြေခဲ့ပါတယ်။ အမှုတွေဖြစ်ပေမယ့် သူဟာ ကျွန်မတို့ရဲ့ သားပါပဲ ဆိုပြီး မိဘ တစ်ယောက်ရဲ့ မေတ္တာကိုလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက စင်္ကာပူမှ စင်္ကာပူဆိုပြီး သားသမီး ငယ်များကို နိုင်ငံခြား ပို့ထားတဲ့ မိဘများနဲ့ ပြည်တွင်းက အင် တာ နက်ကို စိတ်တိုင်းကျ သုံးခွင့်ပေးထားတဲ့ မိဘများ သတိထားစရာပါပဲ။ လူငယ် တော်တော် များများရဲ့ လက်ကိုင်ဖုန်းထဲမှာ မိုးဟေကို၊ သဇင်တို့ ရှိနေကြသလို ဖြစ်စဉ်တွေဟာလည်း မကြားချင်မှ အ ဆုံး ကြားေ နရပါတယ်။

ကလေးဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ တစ်ခုခုဆို အဆုံးအရှုံးကြီးမားကြောင်း သတိပေးဖော်ပြ လိုက် ပါ တယ်။
သတင်း အပြည့်အစုံကတော့ ဒီမှာ ပါ။

ဧပြီ ၁ ရက်ကစပြီး ၀န်ထမ်းလစာ ကျပ် ၂ သောင်း တပြေးညီတိုးမည်


လာမယ့် ဧပြီလ ၁ ရက်ကစပြီး အစိုးရ၀န်ထမ်းလစာတွေ ကျပ် ၂ သောင်းစီ တပြေးညီ တိုးပေးမယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၄ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လာရောက် ရှင်းလင်းတင်ပြရင်း လစာတိုးပေးမယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့တာလို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။



“နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ GDP တိုးတက်မှု အခြေအနေ၊ စီးပွားရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုး တိုးတက်လာမှု အလားအလာ၊ ငွေဖောင်းပွမှု အခြေအနေ၊ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ ရရှိမှု သုံးစွဲမှု အခြေအနေ ပေါ်ပေါက်လာနိုင်သည့် အကျိုးသက်ရောက်မှုကို ချင့်ချိန်ပြီး နိုင်ငံတော်ရဲ့ တာဝန်များကို ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ခေတ်ကာလ အခြေအနေနှင့် လျော် ညီစွာ တိုးမြှင့်ရည်ရွယ်ထားရှိသည့်အတိုင်း ယခု ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၄ ခု ဧပြီလ ၁ ရက်နေ့မှ စပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ကျပ် ၂ သောင်းစီ တိုးမြှင့်ပေးရန်နဲ့ ပင်စာလစာနဲ့ ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်းရာထားကြောင်း တင်ပြအပ်ပါသည်ဟု အဲဒီအဖြေလွှာမှာ ဖော်ပြထားပါတယ်။”

လစာတိုးပေးမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတိုင်း အခြေခံစားကုန်ဈေးနှုန်းကအစ ဈေးတက် လာလေ့ရှိတာမို့ အစိုးရအနေနဲ့ ဒီကိစ္စ ဘယ်လို ဖြေရှင်းပေးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဘော ဂဗေဒပညာရှင် ဦးလှမောင်ကို မေးမြန်းရာမှာ ၀န်ထမ်း လစာတိုးပေးတာမျိုးထက် တခြား နည်းလမ်း ရှာဖွေ လုပ်ဆောင်သင့်တယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

“၀န်ထမ်းတွေ စားဝတ်နေရေးဖူလုံအောင်၊ လောက်အောင် ၀င်ငွေနဲ့ ထွက်ငွေ မျှအောင် အခြား နည်းလမ်းတွေ ရှာပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို နည်းလမ်းတွေ မရှာပဲနဲ့ ထစ်ခနဲဆို လစာတိုးပေး၊ တိုးပေးတဲ့ လစာက ဟိုငွေထဲကနေ ဖြည့်ထည့်၊ ဒီငွေထဲကနေ ဖြည့်ထည့် အခုလည်း လျှပ်စစ် ဓာတ် အားခတွေ တိုးလိုက်ပြီလေ။ အဲဒီလို လုပ်နေရင်တော့ လျှပ်စစ်ဓာတ်အားနဲ့ စွမ်းအင် လောင်စာဆီ စက် သုံးဆီတွေကို သွားပြီး တိုးမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အလားအလာက တော်တော့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်တယ်။”

၂၀၁၃ ခုနှစ်တုန်းကလို အလားတူ ၀န်ထမ်းလစာ ကျပ် ၂ သောင်း တိုးပေးခဲ့ပြီး အခြေခံစားကုန်ဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့တယ်လို့ သိရပါတယ်။


ဗိုက်ခွဲမွေးခဲ့ရပြီး အဆုတ်ရောင်ရောဂါပါလာတဲ့ ချစ်စရာ့ ဂေါ်ရီလာ မျောက်ဝံမလေး




ရှားရှားပါးပါး ဗိုက်ခွဲမွေးခဲ့ရပြီး အဆုတ်ရောင်ရောဂါပါလာတဲ့ ဂေါ်ရီလာမျောက်ဝံလေးတစ်ကောင်ဟာ ကယ်လီဖိုးနီးယားပြည်နယ် San Diego တိရိစ္ဆာန်ရုံမှာ မွေးဖွားလာပါတယ်။ ခုတော့ နို့ဗူးလုံလုံလောက်လောက် သောက်နိုင်ပြီး သူကိုယ်တိုင် အသက်ရှူနေနိုင်ပြီလို့ သိရပါတယ်။

ဂေါ်ရီလာ မျောက်ဝံမလေးကို အသက် ၁၈နှစ်ရှိပြီဖြစ်တဲ့ မျောက်ဝံမကြီး Imani က မတ်လ ၁၃ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

‘ခင်ဗျားဟာ ဂေါ်ရီလာ မျောက်ဝံတွေအကြောင်း သေသေချာချာ လေ့လာဖူးတယ်ဆိုရင် ခု မျောက်ဝံမလေးမှာ ဆံပင်တွေပိုရှည်နေတာကို သတိပြုမိမှာပါ။ နို့ဗူး သောက်ရတာ သူမနဲ့ အစဉ်ပြေတယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ သူမ ကယ်လိုရီတွေ အများကြီးရလာပါပြီ။ သူမရဲ့ ပြောင်းလဲတိုးတက်မှုတွေကို နေ့တိုင်းမြင်တွေ့ရမှာပါ။ ခပ်မြန်မြန်ကို ပကတိအတိုင်း တိုးတက်ကောင်းမွန်လာတာ။’ လို့ တိရစ္ဆာန်ရုံမှာ တာဝန်ယူထားတဲ့ တိမွေးကုဆရာဝန်အဖွဲ့ တွဲဖက်အကြီးအကဲ Nadine Lamberski ကပြောခဲ့ပါတယ်။

ဒါဟာ ကယ်လီဖိုးနီးယား တောင်ပိုင်း တိရိစ္ဆာန်ရုံကနေ မွေးဖွားပေးခဲ့တဲ့ ၁၇ယောက်မြောက် ဂေါ်ရီလာမျောက်ဝံလေးပါပဲ။ မတ်လ ၁၈ရက်နေ့ မတိုင်ခင်ထိ ဂေါ်ရီလာ မျောက်ဝံမလေးကို အဆုတ်ရောင်ရောဂါအတွက် ပဋိဇီဝဆေးတွေနဲ့ ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။



Ref:dailymail.co.uk

စာချုပ်နဲ့ လုပ်ရတာက ပိုပြီးတော့ အဆင်ပြေတယ်လို့ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်




၂၀၁၁ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်ဖူးပွင့်သခင်ကို Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ လက်ရှိမှာ စာချုပ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်ပြီး အနုပညာ အလုပ်လုပ်ကိုင်ရတဲ့ အပေါ်မှာ သူမရဲ့စိတ်ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ ‘ ညီမ Lucky Boss နဲ့စာချုပ်ချုပ်ထားတာ ပြည့်သွားပြီ။ ဒါပေမဲ့ 5-NetWork နဲ့ စာချုပ်ချုပ်ထားတာက ကျန်သေးတယ်။ တခြား ထုတ်လုပ်ရေးတွေကနေ ကမ်းလှမ်းလာရင် ညီမသတ်မှတ်ထားတဲ့ အရာတွေနဲ့ ကိုက်ညီပြီး လွတ်လပ်ခွင့်ပေးထားမယ်၊ အခြားကုမ္မဏီတွေနဲ့လည်း ရိုက်ခွင့်ပေးမယ်ဆိုရင် စာချုပ်ချုပ်ပြီး ရိုက်ကူးသွားမယ်။ အခု ညီမချုပ်ခဲ့တဲ့ ချုပ်ထားတဲ့ ကုမ္မဏီတွေကလည်း ချုပ်နှောင်မထားဘူး။ အပြင် ကုမ္မဏီတွေနဲ့ ရိုက်ခွင့်ပေးထားတယ်။ သူတို့ကလည်း နားလည်ပေးတယ်။ တစ်လတစ်ကား ပုံမှန်ရိုက်ပေးဖြစ်သလို အားရင်လည်း အားသလို ၂ကား၃ကား ရိုက်ပေးဖြစ်တယ်လေ။ အဲဒီ့လို အပြန်အလှန် နားလည်ပေးတော့ ပြဿနာမရှိဘူး။ အသစ်တစ်ယောက်အနေနဲ့တော့ စာချုပ်နဲ့ ရိုက်ရတာ ပိုကောင်းပါတယ်။ ကားရိုက်ဖို့က အရေးကြီးပါတယ်။ ဒါမှ ကိုယ်ရိုက်ထားတဲ့ ကားလေးတွေ ထွက်လာရင် ပရိသတ်က ကိုယ့်ကို သိကြမှာလေ။ လခစားနဲ့ နေ့စား သမားတွေလိုပေါ့။ ကိုယ့်မှာ စာချုပ်ချုပ်ထားတာရှိတော့ တစ်လ ဘယ်နှစ်ကား ရိုက်ရမလဲဆိုတာ ရှိတယ်လေ။ အဆက်အသွယ် မပြတ်သွားဘူး။ ကိုယ့်ကို ခေါ်မှရိုက်ရမှာထက် ကိုယ်ရိုက်ဖို့ ကုမ္မဏီရှိတော့ အဆင်ပြေတာပေါ့။ မကြိုက်တဲ့ ကာရိုက်တာတွေ ရှိရင်လည်း သူတို့နဲ့ညှိုလို့ရတယ်။ ဒါကြောင့် ညီမအတွက် စာချုပ်နဲ့လုပ်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါကလည်း တစ်ချို့က မတူဘူးပေါ့။ ညီမကတော့ စာချုပ်ရှိပေမဲ့ လွတ်လွတ်လပ်လပ်နဲ့ အနုပညာအလုပ်တွေလုပ်ရတော့ အဆင်ပြေပါတယ်’လို့ သူမက ဆိုပါတယ်။

သင်္ကြန်အားလပ်ရက်တွေကို ဘယ်လိုကုန်ဆုံးရင် ကောင်းမလဲ




သင်္ကြန်ကာလအတွင်း သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်ဖို့လည်း အစီအစဉ်မရှိ၊ ကားနဲ့လည်ဖို့လည်း စိတ်မကူးထားသူတွေအတွက် အိမ်မှာပဲ ကိုယ့်ရဲ့ အားလက်ရက်လေးတွေကို အပန်းလည်းပြေ၊ ပျော်စရာလည်းကောင်းအောင် ဘယ်လိုဖန်တီးသင့်တယ် ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးဆိုပေမယ့် အားလုံးအတွက် ခြုံငုံပြီး သင်္ကြန်ရက်အတွင်း အပျင်းပြေစေမယ့် နည်းလမ်းကောင်းလေးတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ

၁။မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေ ဖတ်ဖြစ်အောင်ဖတ်ပါ။



ခါတိုင်းချိန်တွေမှာဆို အလုပ်ကလည်း မအား၊ စာအုပ်ဖတ်ဖို့တောင် အချိန်မပေးနိုင် ဖြစ်နေတဲ့သူတွေအတွက် ကိုယ်ကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ အစရှိတာတွေကို စိတ်ကြိုက်ဖတ်နိုင်မယ့် အချိန်ကာလပါပဲ။ အဲ့ဒီလို စာတွေဖတ်ရင်း အားလပ်ရက်ကို ကျော်ဖြတ်မယ်ဆိုရင်တော့ ခုကတည်းက စာအုပ်တွေ စုထားဖို့ လိုပြီနော်။

၂။မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။



သူလည်းအလုပ်မအား၊ ကိုယ်ကလည်း အချိန်တိုင်း အလုပ်တွေ ရှုပ်နေတာမို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရှိရင် သူတို့နဲ့ သင်္ကြန်အားလပ်ရက်တွေထဲက တစ်ရက်လောက် အချိန်ပေးတွေ့ဆုံပါ။ ကိုယ့်အိမ်မှာဖြစ်ဖြစ်၊ သူ့အိမ်မှာဖြစ်ဖြစ် တခြားသူငယ်ချင်းတွေပါ ခေါ်ပြီး ချက်ပြုတ်စားသောက်ရင်း အားလပ်ရက် ကုန်ဆုံးတာမျိုးကလည်း ပျော်စရာ ကောင်းတာပါပဲ။

၃။ယောဂကျင့်ပါ။



အားလပ်ရက်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခိုင်းတာ၊ ယောဂကျင့်ခိုင်းတာ နည်းနည်းတော့ စားတဲ့အလုပ်ပါ။ ဒါပေမယ့် ဒီလို အားလပ်ရက်များများရတဲ့အချိန် ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးတာဟာလည်း ကောင်းတဲ့အရာပဲလေ။

၎။ခရီးထွက်ပါ။



သင်္ကြန်အားလပ်ရက်အတွင်းမှာ ခရီးထွက်ဖို့ဆိုတာ နည်းနည်းတော့ အာရုံနောက်စရာပါ။ ဒါပေမယ့် သင်္ကြန်မတိုင်ခင် တစ်ရက်၊ နှစ်ရက်လောက်ကတည်းက အေးအေးချမ်းချမ်း အချိန်ဖြုန်းနိုင်မယ့် နေရာ အကောင်းစားလေးဆီ အရောက်သွားနိုင်မယ်ဆိုရင်တော့ တကယ့်ကို ကောင်းတဲ့ အိုင်ဒီယာပါပဲ။ ခရီးထွက်တာဟာ ငြီးငွေ့ထိုင်းမှိုင်းနေတဲ့ စိတ်တွေကို တဖန်ပြန်လည်လန်းဆန်းစေနိုင်တာကြောင့်ပါ။

၅။မထိတွေ့တာကြာတဲ့ တူရိယာတွေအတွက် ပြန်လည်အချိန်ပေးပါ။



ကိုယ်ဝါသနာပါတဲ့ တူရိယာတစ်မျိုးမျိုးရှိရင် သူ့အတွက် အချိန်ပေးလိုက်ပါ။ မထိတွေ့တာကြာလို့ ကိုယ့်skill တွေကျနေရင်တောင် ပြန်အဖတ်ဆယ်ဖို့ အကောင်းဆုံးအချိန်ဟာ သင်္ကြန်အားလပ်ရက်ပဲပေါ့။

၆။မိသားစုနဲ့အတူ မုန့်လုပ်စားပါ။



သင်္ကြန်အားလပ်ရက်တွေအတွင်း အိမ်က ဖေဖေ၊ မေမေ၊ မောင်နှမတွေနဲ့အတူ တစ်နေ့တစ်မျိုး မရိုးရအောင် မုန့်တွေလုပ်စားရင်း ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရတယ်နော်။ မုန့်လုံးရေပေါ်၊ သာကူ၊ ရွှေရင်အေး သင်္ကြန်ထမင်း အစရှိတာတွေကို အတူတူချက်ပြုတ်စားသောက်ရင်း သာယာတဲ့အချိန်လေးတွေကို ဖန်တီးကြည့်လိုက်ပါ။

၇။ရုပ်ရှင်ကြည့်ပါ။



အိမ်မှာ မကြည့်ဖြစ်သေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေ တောင်လိုပုံနေပြီ မဟုတ်လား။ သင်္ကြန်အားလပ်ရက်မှာ သူတို့ကို အချိန်ပေးဖို့အတွက် အကောင်းဆုံးအချိန်ပဲနော်။ အားလပ်ရက်ပြီးလို့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အချိန်ဆို ကိုယ်ကြည့်ခဲ့တဲ့ကားတွေအကြောင်း ပြန်ကြွယ်လို့ရပြီလေ။

၈။ကိုယ်ဝါသနာပါတဲ့ အိမ်တွင်းမှုအလုပ်တွေအတွက် အချိန်ပေးပါ။



ကိုယ်က သိုးမွှေးထိုးရတာ ၀ါသနာပါတယ်။ ကိုယ့်အ၀တ်အစား ကိုယ်ချုပ်ဝတ်တတ်တယ်။ ဇာထိုး၊ ပန်းထိုးလေးတွေလည်း လုပ်တတ်တယ်ဆိုရင် သင်္ကြန်အားလပ်ရက်အတွင်း ဒါလေးတွေလုပ်ရင်း အချိန်ကုန်ဆုံးလိုက်ပေါ့။

၉။ကိုယ့်အခန်း၊ ကိုယ့်အိမ်ကို သန့်ရှင်းရေးလုပ်ပါ။



မရှင်းတာကြာလို့ အခန်းထဲက အ၀တ်အစားတွေက တို့လို့တွဲလောင်းတွေ ဖြစ်နေမယ်၊ စာအုပ်စင်ပေါ်မှာလည်း ဖုန်အလိမ်းလိမ်းတက်နေမယ်။ အားလုံးဟာ နေသားတကျမဖြစ်တော့ပဲ ရှုပ်နေတဲ့ ကိုယ့်အခန်း၊ ကိုယ့်အိမ်ကို ရှင်းလင်းရေးလုပ်ဖို့ အချိန်ပါပဲ။

၁၀။တရားထိုင်ပါ။



အားလပ်ရက်အတွင်း တရားစခန်း မ၀င်နိုင်ရင်တောင် ကိုယ့်အိမ်မှာ တရားထိုင်ပြီး ကိုယ့်ရဲ့ စိတ်အေးချမ်းတည်ငြိမ်ဖို့အတွက် အချိန်ပေးပါ။ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် တရားထိုင်ပေးပါ။

Facebook မှာ ရုတ်တရက် အုတ်အော်သောင်းနင်းဖြစ်လာတဲ့ Sellotape Selfie အရူးထမှု



ဒီ အရူးထမှုကို စလိုက်သူကတော့ Brighton တက္ကသိုလ်က အသက် ၂၁ နှစ်အရွယ် ကျောင်းသူ လစ်ဇီ ဒါလေး ပါ။ ‘Yes Man’ ဒရာမာ ကားထဲက ဂျင်ကာရေးရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကနေ အိုင်ဒီယာရပြီး ဒီ အစီအစဉ်ကို စခဲ့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“ အဲဒီနေ့ တုန်းက ကျွန်မတော်တော် စိတ်ညစ်နေတုန်း Yes Man ကားထဲက အဲဒီ့အခန်းကို သွားသတိရတော့ တော်တော်ရယ်ချင်သွားမိတယ်၊ လူတွေလည်း ‘Selfie’ တွေကို မြင်နေရတာ၊ရိုက်နေကြတာ တော်တော် ရိုးအီ နေမှာပဲဆိုတော့ ဒီအကြံကို ချက်ချင်းအကောင်အထည်ဖော်လိုက်တာ၊ ကျွန်မ သူငယ်ချင်းတွေဆီ ဒါကို စတင်လိုက်တော့ သူတို့ ပြန်မျှဝေတာနဲ့ ဒါက တဖြည်းဖြည်းကြီးထွားသွားတာလို့ ” သူမ က ပြန်ပြောင်းပြောပါတယ်။

သူမဟာ Sellotape Selfie ဆိုတဲ့ Facebook စာမျက်နှာကို စထောင်လိုက်ပြီး ဒီ အရူးထမှုကို လူတွေ အကုန်ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လူတိုင်းဟာ မျက်နှာကို ဆယ်လိုတိပ်တွေနဲ့ ပတ်ပြီး ရိုက်ကူးထားတဲ့ Selfie ပုံတွေကို သူမဆီပေးပို့ ကြပြီး ၊ သူတို့ ရဲ့ မိတ်ဆွေတွေကို အတူပါဝင်ဖို့ ဖိတ်ခေါ်ကြပါတယ်။ ဒီလိုနဲ့  Sellotape Selfie ဆိုတဲ့ စာမျက်နှာဟာ ဗုဒ္ဓဟူးနေ့ က စထောင်ပြီးပြီးချင်း ငါးနာရီအကြာမှာပဲ Like လုပ်သူ ပေါင်း ၁၈၀၀၀ ကနေ ညနေမတိုင်ခင် ငါးသောင်းဖြစ်သွားပါတယ်။ အခုဆိုရင် Like လုပ်သူပေါင်း သိန်းကျော်ရှိနေပြီဖြစ်ပြီး အောင်မြင်တဲ့အရူးထမှုတစ်ခု အဖြစ် နာမည်ကျော်လာပါပြီ။ လူတိုင်းဟာ သူတို့ ရဲ့ မျက်နှာကို ဆယ်လိုတိပ်တွေနဲ့ ပုံပျက်ပန်းပျက်ဖြစ်အောင် ရစ်ပတ်ကာ Selfie တွေ ရိုက်ကူးနေကြပါပြီ။

ခင်ဗျားတို့ လည်း ဒီ ရူးသွပ်မှုအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ မျက်နှာတစ်ခုလုံးကို ဘီလူးသဘက်ပုံစံ ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ပြီး Selfie ဓာတ်ပုံရိုက်ကူးကာ Facebook မှာ တင်လိုက်ရုံပါပဲ။ ဘော်ဒါတွေကို လည်း ဒီစိန်ခေါ်မှုမှာ ပါဝင်အောင် ဖိတ်ခေါ်ဖို့ မမေ့နဲ့ အုန်းနော်။

လစ်ဇီဒါလေး ပထမဆုံး ထူထောင်လိုက်တဲ့ Sellotape Selfie စာမျက်နှာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။





Ref: Mirror

ကိုယ့်ကိုကိုယ်သေကြောင်းကြံတာဖြစ်ကြောင်းအတည်ပြုလိုက်တဲ့ ဖက်ရှင်ဒီဇိုင်နာ L’Wren Scoctt ရဲ့သေဆုံးမှု




နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ L’Wren Scott ရဲ့သေဆုံးမှုဟာ သူမရဲ့ Manhattan ကတိုက်ခန်းမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချပြီးသက်သေတာဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။

၄၇ နှစ်အရွယ် L’Wren ရဲ့သေဆုံးမှုဟာ ဖက်ရှင်လောက၊ ဆွေမျိုးနီးစပ်တွေနဲ့ သူမရဲ့ကာလရှည်ကြာတွဲလာတဲ့ ချစ်သူ (Rolling Stones ၀ိုင်းရဲ့အဆိုတော်) Mick Jagger တို့ကို ဆက်ပြီးပဟေဠိတွေတိုးပွားစေပါတယ်။

“ကျွန်တော့ရဲ့ချစ်သူလည်းဖြစ်အကောင်းဆုံးသူငယ်ချင်းလဲဖြစ်တဲ့သူက သူမရဲ့ဘ၀ကို ဒီလိုဝမ်းနည်းစရာကောင်းတဲ့နည်းလမ်းနဲ့အဆုံးသတ်ခဲ့ရတာကို နားလည်ပေးဖို့ကြိုးစားနေရဆဲပါ” လို့ Mick Jagger ကပြောပါတယ်။

L'Wren ရဲ့သူငယ်ချင်းအရင်းဖြစ်ပြီး New York Times ရဲ့ဖက်ရှင်ဝေဖန်ရေးတစ်ယောက်ဖြစ်ခဲ့တဲ့ Cathy Horyn က Times မှာ L’Wren ကိုဂုဏ်ပြုရေးသားခဲ့ပါတယ်။ အဲဒီ့အထဲမှာတော့ L’Wren ရဲ့ ဖက်ရှင်အမှတ်တံဆိပ်ဟာ ငွေကြေးပြသနာများစွာရှိနေပြီး သူမက ဗုဒ္ဓဟူးနေ့မှာ အဲဒီ့အမှတ်တံဆိပ်ကို ရပ်တန့်ကြောင်းကြေငြာဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ အဲဒီ့အမှတ်တံဆိပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ငြင်းဆန်သွားပါတယ်။

Ref:luckymag.com

အမျိုးသား အယောက် ၃၀၀နဲ့ အိပ်ခဲ့ပြီး တစ်နေ့ကို အနည်းဆုံး လိင်ဆက်ဆံမှု ၅ကြိမ်ပြီးမြောက်မှ ကျေနပ်တဲ့ အမျိုးသမီး




အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာကမ်းခြေ ဒေသမှာ နေထိုင်ပါတယ်။ သူမအတွက် ပထမဦးဆုံး အကြိမ်ကတော့ အသက် ၁၆နှစ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီ့ကတည်းကစပြီး လူ ၃၀၀နဲ့ အိပ်ခဲ့ပြီးပါပြီ။

စူပါမားကစ်တွေမှာ လူစိမ်းတွေနဲ့ဆိုရင်တော့ ပရောပရည်လုပ်ပြီး အိမ်ခေါ် လိင်ဆက်ဆံတာပေါ့။ အာသာပြင်းပြနေတာတွေ ပြေလျော့ဖို့ အစားထိုးအတုတွေ သုံးတာလည်းရှိပါတယ်။ ဒါပေမဲ့ သူမဟာ ကျန်းမာနေတဲ့ လူကောင်းတစ်ယောက်ပါလို့ လူတွေကို နားလည်စေတယ်လို့ သိရပါတယ်။

Friday, March 21, 2014

အထဲမှာ မောင်းသူမဲ့လေယာဉ်ပါတဲ့ ဘောလုံးပျံ ကို ဂျပန်နိုင်ငံသား တီထွင်




ဟယ်ရီပေါ်တာချစ်သူများရဲ့ အိပ်မက်လို့ ဆိုရတော့မှာပဲ။ ဟယ်ရီပေါ်တာရဲ့ မှော်တက္ကသိုလ်ကြီးမှာ ယှဉ်ပြိုင်ကြတဲ့ Quidditch ကစားနည်းထဲက ဘောလုံးပျံရဲ့ လက်တွေ့ဗားရှင်း တစ်မျိုးပေါ့လေ။

ဒီဂိမ်းကို လက်တွေ့ကစားနိုင်ဖို့အတွက် ဂျပန်နိုင်ငံသား တီထွင်ပညာရှင်တစ်ဦးက အထဲမှာ မောင်းသူမဲ့လေယာဉ်ပါတဲ့ ဘောလုံးပျံကို တီထွင်လိုက်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ကစားနိုင်ဖို့ ဒီဘောလုံးပျံကို အရှိန်လျှော့နိုင်ပါသေးတယ်။ အားကစားပြိုင်ပွဲတစ်ခုမှာ မမျှမတ ကစားချင်ရင် သတ်မှတ်ထားတဲ့ ကစားသမားကို ဘောလုံးပျံကရှောင်သွားဖို့အတွက် ပရိုဂရမ် ရေးထားလို့လည်း ရပါသေးတယ်။

ဘောလုံးပျံနဲ့ ကစားမယ်ဆိုရင် တိကျတဲ့ လှုပ်ရှားမှုဆိုင်ရာ နည်းစနစ်တွေရှိပါတယ်။ ပစ်လွှတ်တာ၊ ရိုက်ပုတ်တာ၊ ပတ်ချာလည် လှည့်တာ၊ ကန်တာ စတဲ့ လှုပ်ရှားမှုတစ်ခုစီကို ဘောလုံးပျံကလိုက်နာတဲ့ တိတိကျ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေရှိတယ်လို့ သိရပါတယ်။

ဒီဘောလုံးပျံကြောင့် အားကစားနည်းသစ်တမျိုး ဖြစ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပူပြင်းတဲ့နွေရာသီမှာ ရှောင်ရှားသင့်တဲ့ အစားအစာများ




ပူပြင်းခြောက်သွေ့တဲ့နွေရာသီကိုတော့ ရောက်လို့လာပါပြီ။ အားလုံးကအေးချမ်းတဲ့နေရာမှာနေ၊ အနားယူပြီး အစားအသောက်ကောင်းကောင်းကို သုံးဆောင်ချင်ကြမှာပါပဲ။ ဒါပေမယ့် Food Republic ရဲ့အဆိုအရ အချို့အစားအသောက်တွေဟာ အပူချိန်ကြောင့်ဖြစ်တဲ့ပြသနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ရှောင်ရှားဖို့နဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ချိန်ဆကြည့်ဖို့ သူတို့ရဲ့အဲဒီ့အစားအသောက်စာရင်းကို လေ့လာကြည့်ပါ။

၁။ အနံ့အရသာပြင်းတဲ့ အစားအသောက်များ

အနံ့အရာသာပြင်းတဲ့ အစားအသောက်တွေမှာတွေ့ရတဲ့ capsaicin ဓာတ်ကိုစားသုံးမှုဟာ ခဏတာခန္ဓာကိုယ်အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ပြင်ပမှာအရမ်းပူနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းကအပူချိန်ကို လျော့နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင်တော့ ပူစပ်တဲ့အချည်ရည်တွေကို အလွန်အကျွံစားသုံးနေတာက ရပ်တန့်ဖို့ဖြစ်ပါတယ်။

၂။ ဆီးရွှင်စေတဲ့အစားအသောက်များ

အမြဲရေဓာတ်နဲ့ပြည့်ဝနေတာကို သင်လိုချင်မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပစ်မယ့် အစားအသောက်တွေကို ရှောင်ဖို့ အကြံပြုပါရစေ။ အဲဒီ့အစားအသောက်တွေမှာတော့ သင့်ခန္ဓာကိုယ်ကို အလားတူသက်ရောက်မှုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ သရက်သီး၊ စမုန်နက်၊ အာတီချုပ် နဲ့ ကညွတ်ရွက်တွေပါဝင်ပါတယ်။

၃။ ပရိုတိန်းပါဝင်မှုများသော အစားအသောက်များ

ပရိုတိန်းကိုအစားခြေဖျက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာအလုပ်အများကြီးလုပ်ဖို့လိုအပ်ပြီး thermogenesis လို့အမည်ရတဲ့ဖြစ်စဉ်မှာ အပူကိုဖြစ်ပေါ်စေပါတယ်။ သစ်သီးဝလံတွေလိုမျိုး ကာဗွန်ဟိုက်ဒရိတ်နည်းနည်းသာပါတဲ့အပြင် thermogenesis ဖြစ်စဉ်မှာ စွမ်းအင်နည်းနည်းသာသုံးပြီး အပူထုတ်မှုနည်းတဲ့ အစားအစာတွေကိုစားပါ။ Food Republic ရဲ့အဆိုအရ ကာဗွန်ဟိုက်ဒရိတ်နဲ့ယှဉ်ရင် ပရိုတိန်းကိုချေဖျက်ဖို့အတွက် စွမ်းအင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိပိုကုန်ပါတယ်။ ဒီတစ်ခုကရတဲ့သင်ခန်းစာကတော့ “အသားကို လျှော့စားပါ”။

သင်္ကြန်ဆိုရင် မရောက်ခင်ကတည်းက ရင်ခုန်နေပြီလို့ ပြောတဲ့ ၀တ်မှုန်ရွှေရည်


သင်္ကြန်နီးပြီဆိုတော့ ပရိသတ်တွေအနေနဲ့ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ သင်္ကြန်ရင်ခုန်သံလေးတွေကို သိချင်ကြပြီပေါ့နော်။ အဲ့ဒါကြောင့် ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သင်္ကြန်ရင်ခုန်သံကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ခုရိုက်နေတဲ့ ကားလေးရဲ့ ဒါရိုက်တာက မကြည်ဖြူသျှင်ပါ။ မင်းသားက ကောင်းပြည့်ပေါ့။ အချစ်ဖန်စီကားလေးပေါ့။ ဒီကားလေးကို စရိုက်တဲ့အချိန်မှာ ကစ်ကိုယ့်ကိုကိုယ်ပြန်ငယ်သွားသလိုတောင် ခံစားရတယ်။ တကယ့် ကျောင်းအစစ်ပြန်တက်နေရသလို ခံစားရတဲ့အတွက် ကစ်ပရိသတ်တွေလဲ ဒီကားလေးကိုကြည့်တဲ့အခါ ကစ်နဲ့ စိတ်ခံစားချက်ချင်း နီးစပ်မယ်လို့ ထင်မိပါတယ်။ ဒီကားပြီးရင်တော့ ဗီဒီယိုကားတွေပဲ ဆက်ရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။



သင်္ကြန်နဲ့ပတ်သတ်တဲ့စိတ်ခံစားမှုကိုတော့ ‘ဒီနှစ်ကတော့ ကစ်ဘယ်မှာရှိမှန်း မသိသေးဘူး။ သင်္ကြန်ဆိုရင်တော့ မရောက်ခင် ကတည်းကကို ကစ်ရင်ခုန်တယ်။ ပျော်တယ်။ ကိုယ့်မြန်မာတွေရဲ့ နှစ်ကူးပွဲတော်တစ်ခုလဲ ဖြစ်သလို မြန်မာ့ပွဲတော်တွေထဲမှာ သင်္ကြန်ဆိုတာ အစည်ဆုံးပေါ့နော်။ ရှုတင်ရှိရင်တော့ ရှုတင်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ ခုနောက်ပိုင်းသင်္ကြန်ကတော့ တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်တာ များပါတယ်။ ချစ်သူရှိတဲ့သူတွေကတော့ ကောင်းတာပေါ့နော်။ ကစ်ကတော့ ဒီနှစ်လဲ တစ်ယောက်တည်းပါပဲ။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ကားရိုက်မရှိရင် ဘုရားသွားပြီး ကောင်းမှုကုသိုလ်လေးတော့ လုပ်ချင်တယ်။ ခုလာမဲ့၂၀၁၄ သင်္ကြန်မှာလဲ ကစ်ရဲ့ပရိသတ်ကြီး အားလုံးကျန်းမာပျော်ရွှင်ပြီး ဘေးကင်းနိုင်ကြပါစေ’လို့လည်း သူမက ဆုတောင်းပေးလိုက်ပါသေးတယ်။

ကိုယ်အလေးချိန် လျှော့နေသူတွေအတွက် သတင်းဆိုး၊ ရေသောက်တိုင်း ၀ိတ်မကျဟုဆို




ကိုယ်အလေးချိန် လျှော့ချနေသူ တော်တော်များများမှာ ရေပိုသောက်ရင် ကိုယ်အလေးချိန် ပိုကျမယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ ပိန်ဖို့အတွက် ရေသောက်တာဟာ ယုံတမ်းသက်သက်ပဲလို့ အာဟာရ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Beth Kitchinက ဆိုပါတယ်။

Alabama တက္ကသိုလ်က ဒေါက်တာ Beth Kitchinရဲ့ ဖော်ပြချက်အရ ရေသောက်ခြင်းဟာ ကိုယ်အလေးချိန်ကျဖို့အတွက် ပဉ္စလက်နည်းတစ်ရပ် မဟုတ်ဘူးလို့ သိရပါတယ်။

“ရေသောက်လို့ ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ သက်သေက သိပ်နည်းပါတယ်။ ကိုယ့်ဘာသာကိုယ် လက်ခံထားတဲ့ ယုံတမ်းတွေထဲက တစ်ခုပါ။ ရေသောက်တာ မကောင်းဘူးလို့ ကျွန်မ မပြောပါဘူး။ ရေများများ သောက်တာဟာ ကယ်လိုရီအပို နည်းနည်းကိုပဲ လောင်ကျွမ်းပေးတာပါ။ တစ်နေ့လုံးနေမှ ၂ ကယ်လိုရီလောက်ပါ။ လူဆိုတာ အရည်တစ်ခုခုသောက်ဖို့ လိုတာပေါ့။ ဒါပေမဲ့ ရေချည်းသောက်နေလို့ မရဘူး။ ကော်ဖီသောက်တာ ဘာမှမဟုတ်ဘူးလို့ လူတွေက ထင်ကြတယ်။ မဟုတ်ဘူး။ ကော်ဖီသောက်ရင် တကယ်ထူးတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ် အများကြီးရှိတယ်။ အထူးသဖြင့် ကဖိန်းဓာတ်ပါတဲ့ အရည်သောက်ကျင့်ရှိသူတွေဟာ ကိုယ်အလေးချိန်လျော့တာကို တွေ့ရတယ်။” လို့ ဒေါက်တာ Beth Kitchin ကပြောခဲ့ပါတယ်။

ဆွီဒင်‌လူမျိုး‌တွေရဲ့ ပြင်‌မရ‌နောင်‌တ မြန်‌မာမြန်‌မာနိုင်‌ငံအအတွက်‌ ဖြစ်‌လာနိုင်‌သလား?



ဆွီဒင်လူမျိုးတွေ ပြင်မရတော့တဲ့ အကြီးဆုံး နောင်တကတော့ မူဆလင်တွေကို မိမိနိုင်ငံတွင်းမှာ
နေထိုင်ခွင့် ပေးလိုက်တာပါပဲ။


ဥရောပမှာ ဆွီဒင်က အင်မတန် ငြိမ်းချမ်းတဲ့ နိုင်ငံ။ စီးပွားရေးလည်း ကောင်းတယ်။ ဆွီဒင်လူမျိုးတွေက သနားတတ်တယ်။ အာဖရိကမှာ၊ အရှေ့ဥရောပမှာ မူဆလင်တွေ အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခရောက်တာ မြင်ရတော့ သနားမိတာနှင့် နိုင်ငံထဲမှာ ခိုလှုံခွင့် ပေးမိတယ်။ လူနည်းနည်းပဲ ရှိတုန်းကတော့ မုတ်ဆိတ်တွေက သနားစရာမျက်နှာလေးတွေနဲ့။ ဆွီဒင်တွေက ဒါကိုကြည့်ပြီး သနားပြန်တာနှင့် ကျန်ခဲ့တဲ့ မူဆလင်ဆွေမျိုး၊ မိတ်ဆွေတွေကိုပါ နေထိုင်ခွင့် ပေးလိုက်ကြတယ်။

မာမူတွေလဲ အင်အားစုမိသွားရော။ ဖြစ်လိုက်တဲ့ မူဆလင် အကြမ်းဖက်မှု။ စတော့ဟုမ်းမြို့တော်ကြီးတောင် မီးဟုန်းဟုန်းတောက်သွားတယ်။ ဖြစ်လိုက်တဲ့ မူဆလင်မုဒိမ်းမှု။ အရင် အေးချမ်းလှပါတယ်ဆိုတဲ့ ဆွီဒင်နိုင်ငံက ဥရောပမှာ မုဒိမ်းမှုအမြင့်ဆုံး နိုင်ငံဖြစ်သွားတယ်။

ဟိုအရင် ဒုက္ခရောက်နေစဉ်က ပလီပလာ တစာစာနှင့် မုတ်ဆိတ်တွေ။ ဆွီဒင်မှာ မူဆလင်အင်အားစုလည်း ဖြစ်လာရော လေသံက တစ်မျိုးပြောင်းသွားတယ်။

သူတို့ကို ကယ်တင်တာ အလ္လာဟ်အရှင်မြတ်သာ ဖြစ်ပါသတဲ့။ သူတို့ ဒုက္ခရောက်နေတာ မမြင်ရက်လို့ ခုလို ကယ်တင်လိုက်ခြင်းသာ ဖြစ်ပါသတဲ့။ ဆွီဒင်တွေဟာ ကာဖိရ်တွေဖြစ်လို့ ဆွီဒင်မတွေကို မုဒိမ်းကျင့်တာ ကုသိုလ်တောင် ဖြစ်ပါသတဲ့။မိုဟာမက်တပည့်တွေက မိုဟာမက်လိုပဲ မိုက်ရိုင်း၊ စော်ကား၊ ကျေးဇူးကန်း
ချက်က ကမ်းကုန်တယ်။

ဒီလိုနဲ့ပဲ မူဆလင်တွေက အခါအခွင့်သင့်ရင် သင့်သလို နိုင်ငံတွင်း အကြမ်းဖက်၊ ဆွီဒင်မိန်းမပျိုတွေကို မုဒိမ်းကျင့်၊ ဒါမျိုးတွေကျူးလွန်နေတာ ခုဆိုရင် ဆွီဒင်အမျိုးသမီးတွေရဲ့ ဘဝတွေ မလုံမခြုံဖြစ်နေပြီး အိမ်ထဲက အိမ်ပြင် မထွက်ဝံလောက်အောင်တောင် ဖြစ်နေပြီ။

ဘယ်လောက်ထိ မူဆလင်တွေကို ဆွီဒင်အမျိုးသမီးတွေ ကြောက်လန့်နေရတယ်ဆိုတာကို ဆွီဒင် သတင်း website မှာ ဖော်ပြထားတာတစ်ချို့ကို highlight လုပ် ဖော်ပြပေးလိုက်ပါတယ်။

"ဆွီဒင်အမျိုးသမီးလေးယောက်တွင် တစ်ယောက်မှာ ၎င်းတို့ နေထိုင်ရမှုသည် လုံခြုံခြင်းမရှိဟု ခံစားနေရပြီး ဆယ်ဦးတွင် တစ်ဦးမှာ ညအချိန် တစ်ယောက်တည်း အပြင်မထွက်ရဲဟု ဆွီဒင်အမျိုးသား မှုခင်းတားဆီးရေးကောင်စီမှ ၎င်းတို့၏ အမျိုးသားလုံခြုံရေးလေ့လာမှု၌ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားသည်။"

မူဆလင်တွေက သနားစရာပါ၊ နိုင်ငံသား ဖြစ်ခွင့်ပေးသင့်တယ် ဆိုသူတွေ ဆွီဒင်ကို နမူနာကြည့်
ထားကြလို့ပဲ ပြောလိုက်ပါရစေ။

Credit to: Myo Min ThantCredit.

ရှန်ဟိုင်းတွင် ဇနီးမယားအဖြစ် ရောင်းစားခံရသူ မိခင်ထံ ဖုန်းဆက် အကူအညီတောင်း





ရှမ်းပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် လစာကျပ်နှစ်သိန်းရသော အလုပ်သွင်း ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မြို့တော်ရှိ မိခင်ထံ ဖုန်းဆက်ပြီး ၎င်းကို ပြန်ခေါ်ရန် မတ်လ ၁၆ ရက်နေ့က အကူအညီ တောင်းခံ ခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေသူ အမျိုးသမီး၏ နေအိမ်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က အမှတ် (၁၈) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် နေသူ မစိုးစိုး ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ဆေး ဝါးဖြန့်ဖြူးရေး စက်ရုံတွင် လစာ ကျပ်နှစ်သိန်းရသော အလုပ် သွင်းပေးမည်ဟု ဆိုသောကြောင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိသားစုဖြင့် အဆက်အသွယ် မရတော့ဘဲ မတ်လ ၁၆ ရက်နေ့က မိခင်ဖြစ်သူထံ တရုတ်မယားအဖြစ် ရောင်းစားခံရကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခဲ့သည်ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှန်ဟိုင်းမြို့မှာ တရုတ်မယားအဖြစ် ရောင်းစားခဲ့လို့ အခုကလေး တစ်ယောက်ရနေပြီ ပြောတယ်။ သူ့အမေဆီ ဖုန်းဆက်ပြီး မြန်မာပြည် ပြန်ခေါ်ပေးဖို့ အကူအညီ တောင်းခဲ့တာ။ လတ်တလော တရုတ်နိုင်ငံက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး စုံစမ်းပေးဖို့ အကူအညီ တောင်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လစာ သိန်းချီရသော အလုပ်သွင်းပေးမည်ဟုဆိုကာ ရောင်းစားခဲ့သူဟု တိုင်ကြားခံရသည့် မစိုးစိုး ကို ရွှေပြည် သာ မြို့မရဲစခန်းမှ (ပ) ၁၇၄/၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ်လ ၁၈ ရက်နေ့က အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

တရုတ်(တိုင်ပေ) လွှတ်တော်ကို ဆန္ဒပြသမားများသိမ်းပိုက်



ပါလီမန်ရှေ့ မှာတွေ့ ရတဲ့တရုတ်ဆန့် ကျင်ရေးဆန္ဒပြသမားတွေ။


တရုတ်ပြည်မကြီးနှင့် ချုပ်ဆိုမည့် ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်ကို အစိုးရအဖွဲ့က အတည် မပြုနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ် (တိုင်ပေ) ကျောင်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးတို့က တရုတ်(တိုင်ပေ) ပါလီမန် လွှတ်တော်တွင်းသို့ မတ် ၁၉ ရက်တွင် ၀င်ရောက် သောင်း ကျန်းခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ရင်ဆိုင်မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြသမားများသည် လွှတ်တော်လုံခြုံရေး အတားအဆီးများကို မမျှော်လင့်သည့်အချိန်တွင် ချိုးဖျက် ၀င်ရောက် ၍ လွှတ်တော်ပင်မခန်းမ ဆောင်ကြီးအား သိမ်းပိုက်ခဲ့ရာ တရုတ် (တိုင်ပေ)ကျွန်း သက်တမ်း တစ်လျှာက် ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်အဆောက် အအုံ သိမ်းယူ ခံခဲ့ရ ခြင်း ဖြစ်သည်။

ကျောင်းသားလူငယ်အများစု ပါဝင်သော ဆန္ဒပြသမားများသည် လွှတ်တော် အဆောက်အအုံဝင်ပေါက်ကို ပိတ်ဆို့ထားကြရာ လွှတ်တော် သိမ်းယူခံရမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေသော ရဲတပ်ဖွဲ့ဝင်များနှင့်
ပဋိပက္ခ ဖြစ်ပွားခဲ့ရသည်။

တရုတ်နိုင်ငံနှင့် ချုပ်ဆိုမည့် ကုန်သွယ်ရေးစာချုပ်ကို လက်ရှိ အာဏာရ ကူမင်တန်ပါတီက အတည်ပြုရန် ကြိုးပမ်းမှုမှာ တရားမ၀င်ကြောင်း ဆန္ဒပြသမားများက စွပ်စွဲထားပြီး စာချုပ်ပါ ပြဋ္ဌာန်းချက် တစ်ပိုဒ် ချင်းစီကို ပြန်လည်သုံးသပ်ရန် တရုတ် (တိုင်ပေ) အစိုးရအဖွဲ့အား တောင်းဆိုခဲ့သည်။

အဆိုပါ ကုန်သွယ်ရေးစာချုပ်ကြောင့် တရုတ် (တိုင်ပေ) စီးပွားရေး လုပ်ငန်းငယ်များ နစ်နာမှုရှိလာနိုင်ပြီး စီးပွားရေးကိုလည်း ထိခိုက်လာ မည့်အရေး အစိုးရ အတိုက်အခံများက စိုးရိမ်လျက်ရှိသည်။


ပြည်မကြီး၌ ကွန်မြူနစ်ပါတီ အာဏာရရှိပြီးနောက်ပိုင်း (၆၅) နှစ်ကြာမျှ သီးခြားစီ ရပ်တည်ခဲ့ကြသော တရုတ်နိုင်ငံနှင့် တရုတ် (တိုင်ပေ) ကျွန်းတို့သည် ၂၀၀၈ ခုနှစ် နောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးကို သိသိသာသာ တိုးမြှင့်လာခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


သင်္ကြန်ဆိုရင် အပြင် ထွက်လည်ရမှာ ကြောက်တဲ့ ခင်ဝင့်ဝါ





လတ်တလောမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ် ကလေးကို ကျွန်တော်ပြန် မပေးပါ” ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ ခင်ဝင့်ဝါက ဒီဇာတ်လမ်းလေး က ထူးဆန်းပြီး ပရိသတ်တွေ မထင် ထားတာ မျိုးတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လည်း အကောင်း ဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ လည်း ဆက်တိုက်ရိုက်ကူးဖို့ရှိသလို ကြော်ငြာတွေ လည်း ရိုက်ကူးဖို့ ရှိကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။

သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင် သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ် ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့ သိရပါတယ်။

သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက “အနုပညာ သမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့ ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင် လျှောက်လည် တယ်။ အဒေါ်တွေနဲ့ မုန့်တွေ လုပ်တယ်။ စတုဒိသာကျွေးတယ်။ ဆယ်တန်း ဖြေပြီးပြီးချင်းမှာ မယ်သီလရှင် ဝတ်တယ်။ အဲ ဒီနောက် ပိုင်း သင်္ကြန်နဲ့ ထိတွေ့တာ နည်း လာတယ်။ သင်္ကြန်ဆိုရင် အိမ်မှာနေ တာ များ တယ်။ အပြင် သိပ်မထွက်ဖြစ် ဘူး။ နောက် ပိုင်းတော့ သင်္ကြန် ဆိုတာ ဒီအတိုင်းပဲ။ ခါတိုင်း ရက်တွေလိုပဲ ဖြစ် လာတယ်။ သင်္ကြန်မှာ ရေပက်တာတော့ ကြိုက်ပါတယ်။ အိမ်မှာနေတဲ့ အခါကျရင် Sky Net ကနေ Live တွေ လာတယ်။ အဲဒါတွေ ကြည့်ပြီး ကိုယ်လည်း ရေစိုချင်တယ်။ အပြင် ထွက်ရမှာ လည်း ကြောက်တယ်။ သင်္ကြန် ကတော့ ပျော်ပါ တယ်။ မြန်မာနိုင် ငံမှာ ရှိတဲ့ ဆယ့်နှစ်လ ရာသီပွဲထဲက တစ်ပွဲပဲလေ။ ဒါပေမဲ့ သင်္ကြန် က ညီမ အတွက် သိပ်ပြီး မထူးဆန်းဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

Popular Journal

ဓာတ်ပုံ- အောင်ဇော်မင်း


Related Posts Plugin for WordPress, Blogger...