Friday, December 6, 2013

● ငြိမ်းချမ်းရေး ကားပါမစ် ပြသနာ ရှင်းရှင်းလင်းလင်း သိချင်လိုသူတွေအတွက်●

[ငြိမ်းချမ်းရေးကားပါမစ်ကိစ္စကို အခြေအနေမှန်ကို ဗဟိုပြုပြီး အပြုသဘော ဝေဖန် ရေးသားထားတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်ပါ-အချို့ကိုသာ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပြီး အကျယ်ဖတ်လိုပါက အောက်တွင် ဖော်ပြထားသော ကိုစည်သူအောင်မြင့်ဝေါလ်သို့ ဖတ်ရှုနိုင်ပါသည်။]လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်ပိုင်းအတွက် ချပေးတဲ့ ကားလိုင်စင် အရည်အတွက် တစ်ချို့ကို အစိုးရက လုံးဝ အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် အဲဒီ ပါမစ်တွေကိုင်ပြီး တန်ဘိုးအလွန်မြင့်တဲ့ ကားတွေကို လိုင်စင်ဝင်၊ ဈေးကွက်ထဲ...

ကမ္ဘာ့အချောဆုံး အမျိုးသမီး ဟက်ကာ (၅)ဦး

Adenna Cookeပလေးဘွိုင်း မဂ္ဂဇင်းရဲ့ မော်ဒယ် ဖြစ်ပြီး ကွန်ပြူတာ ဟက်ကာ တစ်ဦး ဖြစ်ကြောင်းတော့ လူသိနည်းပါတယ်။ အိပ်ယာပေါ်မှာ သူမ ဓာတ်ပုံတွေကို တင်လိုက်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို တစ်ညအတွင်း ဟက်နိုင်ခဲ့ ပါတယ်။ ပြီးတော့ သူမရဲ့  ဓာတ်ပုံကို အသုံးပြုပြီး ဝင်ငွေရှာနေတဲ့ ဝဘ်ဆိုဒ်တစ်ခုကိုလည်း သက်ဆိုင်ရာက အရေးမယူ ရသေးခင် သူမ ကိုယ်တိုင် Remove လုပ်နိုင်ခဲ့ ပါတယ်။Anna Chapmanရုရှား စပိုင်လို့ လူသိများပြီး အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့ မှာနေထိုင်တဲ့ ဟက်ကာ ဖြစ်ပါတယ်။...

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး

မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။Enervon-Cထဲမှာ vitamin...

အ၀တ်စားအသစ်များကို ရေမလျှော်ဘဲ လုံးဝ လုံးဝ မ၀တ်နဲ့နော်

6.12.2013ခုဆိုရင် အထည်ချုပ်တွေတော်တော်များများက တရုတ်ပြည်ဘက်မှာ တော်တော်များများ ရပ်တည်လာကြတာပါတယ်။ ရှန်ဟိုင်းက အမျိုးသမီးငယ်တစ်ဦး ဖက်ရှင်ဆိုင်တစ်ခုမှ ဂျင်းဘောင်းဘီ ၀ယ်လာပြီး ရေမလျှော်ဘဲ ၀တ်ဆင်မိတဲ့အတွက် ၄င်းဂျင်းဘောင်းဘီ ဆိုးဆေးကြောင့်ဖြစ်လာတဲ့ ဓါတ်သဘာဝနဲ့ မတည့်တဲ့အတွက် အလာဂျီလ်တွေ ထလာပြီး အ၀တ်မကပ်နိုင်အောင် ဖြစ်ပြီး ဆေးရုံတောင်တက်ယူလိုက်ရပါတယ်။ ဘာပဲပြောပြော သူ့အရေပြားဟာ Sensitive ဖြစ်လို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မနုဿ အားလုံးကိုပြောချင်တာက...

အသက် ၈ နှစ်ရှိ ယီမင်နိုင်ငံသူကလေးတစ်ဦး အသက် ၄၀ ရှိ အမျိုးသားနှင့်လက်ထပ်ပြီး မင်္ဂလာဦးညတွင်သေဆုံး

ယီမင်နိုင်ငံ၌ အသက် ၈ နှစ်ရှိ သတိုးသမီးတစ်ဦးသည် မင်္ဂလာဦးညတွင် လိင်ဆက်ဆံမှုကြောင့် အတွင်းဒဏ်ရာရရှိသွားပြီးနောက် သေဆုံးသွားသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ၎င်းအမျိုးသမီးငယ်၏ လင်ယောက်ျားကို ဖမ်းဆီးပေးဖို့တောင်းဆိုလိုက်ပြီး၊ ၎င်းအမျိုးသားသည် သူ့ဘဝတွင် ငါးကြိမ်မြာက်ကျူးလွန်မှုလည်းဖြစ်သည်။၎င်းသေဆုံးမှုဟာ ဆိုဒီအာရေဗီယား(Saudi Arabia) နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်လျက်ရှိသော ယီမင် (Yemen) နိုင်ငံ၏ အနောက်မြောက်ဒေသရှိ လူမျိုးစုများနေထိုင်သော ဟာ့ဒ် (Hardh) ဒေသတွင်ဖြစ်ပွားခဲ့ကြောင်း လစ်ဗနွင် (Lebanon) နိုင်ငံမှ အာနဟာ (Al Nahar) က ပို့ပေးထားသည်။ ဒီဖြစ်စဉ်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်...

အလုပ်မှာ ပျော်စေရန် နည်းလမ်း

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ 1. Surround yourself with people who love their work တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း...

ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် ဆေးရုံတက်

ကျန်းမာရေးဒေါင်ဒေါင်မည်ဟု မိသားစုဆရာဝန်မှ ဝါဒဖြန့်ထားသော်လည်း ဒေါ်အောင် ဆန်းစုကြည်သည် အာရှတော်ဝင် အထူးကုဆေးရုံ၌ ဒီဇင်ဘာ၅ရက် တွင် အရေးပေါ် ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပမှ ထောက်ပံ့သော အားဆေးပေါင်းစုံ၊ အသားအရေလှပစေးအပါအဝင် ခေတ်မှီ တန်ဖိုးကြီးဆေးဝါးပေါင်းစုံ သုံးစွဲနေသော်လည်း အခြေအနေမကောင်းသဖြင့် ဆေးရုံသို့ သွားရခြင်းဖြစ်ကြောင်း NLD သတင်းရပ်ကွက်မှ သိရသည်။NLD ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကတော့ ထုံးစံအတိုင်း အမှန်တရားကို ဖုံးကွယ်ကာ...

ဒီမိုကရေစီသို့လား….ရာဇ၀တ်မှုသို့လား

December 6, 2013မြန်မာဒီမိုကရေစီသက်တမ်းသည်၃နှစ်လွန်မြောက်ခဲ့ပြီဆိုသော်လည်း ကျော်လွှားဖြတ်သန်း ခဲ့ရသည့် အခြေအနေ၊ပြုပြင်ပြောင်းလဲခဲ့ရသည့်ကာလအရ မီးတွင်းမှထွက်ခါစ သွေးနုသားနုအခြေနေဟု ဆိုရပေမည်။ဤသို့သော အခြေနေအတွင်း မထိတ်သာ၊မလန့်သာ ဖြစ်ရပ်များဖြင့်ကြုံခဲ့ရပြီး ခန္ဓာကိုယ်တွင်း ပဋိဇီဝဖြစ်စဉ် ပြုပြင်ပြောင်းလဲမှုမျိုးနှင့် တိုးခဲ့ရသည်။ဒီမိုကရေစီဆိုသောစကားလုံးကို လိုရာသုံးကာ တစ်ချို့သော မီဒီယာများမှလည်းကောင်း၊ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှလည်းကောင်း၊တိုင်းရင်းသား...

Dell မှ ထုတ်လုပ်လိုက်တဲ့ ရုပ်ထွက်အမြင့်မားဆုံး 4K(Ultra HD) မော်နီတာ

ကမ္ဘာကျော် ကွန်ပျူတာ ကုမ္ပဏီကြီး Dell ကတော့ ၃၂ လက်မ၊ ၂၄လက်မ 4K (Ultra HD) ရုပ်ထွက်အမြင့်စား မော်နီတာတွေကို မိတ်ဆက်ပြသ လိုက်ပါတယ်။ 4K ဆိုတာက လက်ရှိမှာ ရုပ်ထွက်အမြင့်မားဆုံး စနစ်တစ်ခု ဖြစ်ပါတယ်။ ရုပ်ပုံတွေကို HD (High Definition) စနစ်နဲ့ တိုးတက်လာပြီးတဲ့နောက် Full HD, Ultra HD စသဖြင့် ပိုမိုအဆင့်မြင့်ကာ ကြည်လင်ပြတ်သားတဲ့ နည်းပညာတွေလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ရှိလာခဲ့ပါတယ်။ Dell မှ ယခုထုတ်လုပ်ပြသ လိုက်တဲ့ မော်နီတာတွေဟာ Resolution 3840×2160 Pixels ဖြစ်ပြီးတော့...

ကျည်ကာအင်္ကျီ ဝတ်သွားဖို့လိုမယ့် အာဖန်ဂန်နစ္စတန်မှ တရားမဝင် Apple အရောင်းဆိုင် အတု

ကမ္ဘာပေါ်မှာ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများကို ဘယ်လောက် လူကြိုက်များသလဲ သိပါသလား။ မေးကြည့်တာထက် ပြေးကြည့်တာက ပိုမြန်ပါလိမ့်မယ်။ ဘယ်ကိုပြေးကြည့် ရမလဲဆိုတော့ အာဖဂန်နစ္စတန်နိုင်ငံပါ။ မပူပါနဲ့။ ကိုယ်တိုင် သွားကြည့်စရာ မလိုအောင် ဒီသတင်းကို ဖော်ပြပေးထားတာပေါ့။ ကဲ ဒီ Apple အရောင်းဆိုင် အတုအကြောင်း လေ့လာကြည့်ရအောင်။ Apple Store Afghanistan ကို မြို့တော် ကဘူးလ်ရှိ နိုင်ငံရဲ့ အကြီးဆုံး ရှော့ပင်းစင်တာကြီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။...

ကမ္ဘာတစ်ဝန်းမှာ iPhone 5S အတွက် Consumer တွေ ဘယ်လောက်ပေးရသလဲ

Apple ရဲ့ iPhone ဆိုတာနဲ့ အခြားသော စမတ်ဖုန်းတွေထက် ဈေးပိုများမယ်ဆိုတာ လူတိုင်းလက်ခံထားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ နိုင်ငံတကာ ဈေးကွက်တွေမှာ iPhone 5S ကို ဘယ်ဈေးတွေနဲ့ ရောင်နေလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။ Mobile Unlocked အင်တာနက် စာမျက်နှာရဲ့ စစ်တမ်းအရတော့ အချို့သော နိုင်ငံများမှာ iPhone 5S ရဲ့ ဈေးနှုန်းဟာ သိသိသာသာကို ပိုများနေတာကို တွေ့ခဲ့ရပါတယ်။ ယူအက်စ်မှာ ရောင်းတဲ့ဈေးထက် ၂၂ ရာခိုင်နှုန်း ပိုများနေတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲ...

First Look: မျက်နှာပြင် ၂ ဖက်ပါတဲ့ ရုရှားထုတ် YotaPhone

ပုံမှာတွေ့ရတာ ကတော့ ‘YotaPhone’ အသစ် ဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့ ဒီနာမည်က စိမ်းနေပါလိမ့်မယ်။ ရုရှားနိုင်ငံမှ စမတ်ဖုန်းထုတ်လုပ်သူ Yota ကုမ္ပဏီမှ အသစ် ထုတ်လုပ်လိုက်တဲ့ ‘Dual-Screen’ ဖုန်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ သြစတြေးလျ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ စတဲ့ ဥရောပ နိုင်ငံတွေမှာတော့ ဈေးနှုန်း ဒေါ်လာ ၆၀၀-၇၀၀ နဲ့ ယနေ့ကစပြီး ကြိုတင်ဝယ်ယူနိုင်ပါပြီ။ အခြားဒေသတွေမှာလည်း အဆိုပါ ‘Dual-Screen’ ဖုန်းကို မကြာခင် ရောင်းချဖြန့်ချိ သွားမှာပါ။ ဖုန်းမျက်နှာပြင်ဟာ သာမန်စမတ်ဖုန်းတွေလို...

မိကျောင်းကန်သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ သက်ဆိုင်ရာမှ ဖြေရှင်းပေးခြင်း မရှိသေး

 Friday, 06 December 2013 မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြနေသူများကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) မိချောင်းကန် သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ အစိုးရမှ တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်းပေးမှု မရှိသေးသည့်အပြင် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ဆန္ဒပြဧရိယာအနီး လုံခြုံရေး ရယူမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက သပိတ်စခန်း အနီးရှိ မြစာရံအေးစေတီ၏ ၀င်ပေါက်ထွက်ပေါက်များကို ကာရံရန် ဘိလပ်မြေအိတ် ၃၀ နှင့် သဲအိတ်များ လာရောက်ချထားခဲ့သည်။...

ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်

ဒီနှစ်အတွက်တော့ Ultra Violet light လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကိုပါ ရောပြီးခံရနိုင်တာမို့ ဒီအန္တရာယ်နဲ့ ပါတ်သက်ပြီး သိသင့်တာတွေကို ဒီတပါတ်မှာ ပြောပြပါရစေ။ အမေရိကန်နိုင်ငံက WSI နိုင်ငံတကာ မိုးလေ၀ဿအဖွဲ့ရဲ့ intellicast website စာမျက်နှာမှာ ဒီသင်္ကြန်တွင်း မြန်မာနိုင်ငံမှာ ရှိမယ့် အပူချိန်ကို ကြည့်ရင် နေ့အခါမှာ အပူချိန်၁၀၀ ဒီကရီ ကနေ ၁၀၂ ဒီဂရီ ဖါရင်ဟိုက်အထိ ရှိနေမယ်လို့ ခန့်မှန်းထားတာတွေ့ရပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်တဲ့ အညွှန်းကိန်းကတော့...

တရုတ်ဇုံအသစ် သတ်မှတ်မှု စိုးရိမ်အောင် ဖန်တီးတဲ့ လုပ်ရပ်လို့ ကန် သတ်မှတ်

အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က လေကြောင်းကာကွယ်ရေးဇုံအသစ် ချမှတ်ခဲ့တာဟာ ဒေသတွင်းမှာ စိုးရိမ်ပူပန်မှုတွေ ကြီးမားအောင် ဖန်တီးတာလို့ အမေရိကန် ဒုသမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဒီကိစ္စကိုတဲ့တိုးပဲပြောကြားခဲ့တယ်လို့ ဘေဂျင်းမှာ ကြာသပတေးနေ့ အမေရိကန်စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် မစ္စတာဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။အခုလို တရုတ် အမေရိကန် ၂ နိုင်ငံကြား တခါတရံ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ဆက်ဆံရေး...

မြန်မာပြည်က နိုင်ငံခြား ဘဏ်ခွဲတွေ ၂၀၁၄ မှာ လုပ်ငန်း စခွင့်ပြုမည်

06.12.2013 ပြည်ပက ဘဏ်တွေ မြန်မာနိုင်ငံထဲမှာ လာရောက် ရင်းနှီးမြုပ်နှံဖို့ အစိုးရက ရှေ့နှစ်ထဲမှာ ခွင့်ပြုတော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားပိုင် ဘဏ်တွေ အတွက် အဆင်ပြေအောင် ဗဟိုဘဏ်က စီမံပေးဖို့ လိုတယ်လို့ ပြည်တွင်း ဘဏ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်း က ပြောပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ပြည်ပက ဘဏ်တွေ ကို ဖက်စပ် ဖွင့်ခွင့်ပေးတဲ့ ပုံစံမျိုးပေးလုပ်တာထက် ၁၀၀ ရာခိုင်နှုန်း လာရောက် လာကိုင်ခွင့်ကို ရှေ့လာမယ့် ၂၀၁၃ နှစ်ဆန်းပိုင်း မှာ ပြည်ပနိုင်ငံခြား ဘဏ်ကြီးတွေ...

ထိုင်းဘုရင့် လွတ်ငြိမ်း ချမ်းသာခွင့် နိုင်ငံရေး ရှုပ်ထွေးမှုကြောင့်နှောင့်နှေး

ဒီကနေ့ကျရောက်တဲ့ ၈၆နှစ်မြောက် ထိုင်းဘုရင်မင်းမြတ်မွေးနေ့မှာ ထိုင်းထောင်တွေက အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်ထားပေမဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ပေါ်မူတည်ပြီး ဆန့်ကျင် ဆန္ဒပြပွဲတွေဖြစ်နေတဲ့အတွက် အကျဉ်းသား လွှတ်ပေးဖို့အစီအစဉ်ကို လောလောဆယ် ဆိုင်းငံ့ထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကပြောပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာလည်း ဘုရင်ကြီးမွေးနေ့ဖြစ်တဲ့အတွက် နှစ်ဖက် ဆန္ဒပြပွဲတွေ ခေတ္တရပ်ဆိုင်းထားတဲ့အနေအထားမှာရှိနေပါတယ်။ အသေးစိတ်ကို...

အမေရိကန်က ဆီးရီးယား အစ္စလာမ္မစ်သူပုန်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေ

Friday, 06 December 2013 အလက်ပိုမြို့အနီး ဆာလာအယ်ဒင်မြို့တွင် ဒီဇင်ဘာ ၄ ရက်က ဘတ်စ်ကားပျက်များဖြင့် အတားအဆီးများပြုလုပ်နေသည့် သူပုန်များ အမေရိကန်သည် ဆီးရီးယားပြည်တွင်းစစ်ကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါ ဆီးရီးယားအတိုက်အခံအုပ်စုများထဲမှ အစ္စလာမ္မစ်စစ်သွေးကြွများနှင့် ဆွေးနွေးမှုပြုလုပ်နေပြီ ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်တစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အယ်လ်နုဆာကဲ့သို့သော အဖွဲ့များကို အမေရိကန်က အကြမ်းဖက်အဖွဲ့များအဖြစ်...

မဟာဗန္ဓုလပန်းခြံ ၀င်ကြေးအခမဲ့ ကောက်ခံပြီးနောက်ပိုင်း နိုင်ငံခြားသား အပါအ၀င် လာရောက်အပန်းဖြေသူ တစ်နေ့လျှင် ၆၀၀ နီးပါးရှိ

Friday, 06 December 2013 မဟာဗန္ဓုလပန်းခြံသို့ လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်(ဓာတ်ပုံ-မို့မို့) ဆူးလေ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးဝင်ကြေးအခမဲ့ ကောက်ခံပြီးနောက်ပိုင်းတွင် နိုင်ငံခြားသားဧည့်သည်အပါအ၀င် လာရောက် အပန်းဖြေသူများ တစ်နေ့လျှင် ၅၀၀ မှ ၆၀၀ နီးပါးအထိရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။ " ၀င်ကြေးကောက်တုန်းကဆိုရင် ပိတ်ရက်တောင် လာလည်တဲ့သူ မရှိသလောက်ဘဲ။...

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်အရှေ့ဘက်တွင် အစိုးရတပ်နှင့် TNLA၊ KIA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တစ်ရက်တည်း ၁၃ ဦးခန့် ကျဆုံး

Friday, 06 December 2013 ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားနေသော TNLA နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွှေလီမြစ် အရှေ့ဘက် ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တစ်ရက်တည်း၌ နှစ်ဖက်စုစုပေါင်း ၁၃ဦးခန့်ကျဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲဖြစ်ပွားမှုမှာ ဒီဇင်ဘာ ၄ ရက်...

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပိုမိုလုပ်ဆောင်ရန် မုန်တိုင်းဒဏ်ခံ ဖိလစ်ပိုင်အား သမ္မတ ဦးသိန်းစိန် တိုက်တွန်း

Friday, 06 December 2013 သမ္မတဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (Photo: AFP) စီးပွားရေး ပိတ်ဆို့မှုများကို ဆယ်စုနှစ် နှစ်ခုနီးပါး ကြုံတွေ့ခဲ့ရပြီးနောက် ကျန်အာဆီယံ နိုင်ငံများကို အမီလိုက်နိုင်ရန် မြန်မာနိုင်ငံ အနေဖြင့် အကူအညီများ လိုအပ်နေ၍ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပိုမိုလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၅ ရက်က တိုက်တွန်းခဲ့ကြောင်း...

လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအ၀င် အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံပေါ်ပေါက်ရေး တွန်းအားပေးမည့် လုပ်ငန်းကော်မတီ ယခုလကုန်တွင် ဖွဲ့စည်းမည်

Friday, 06 December 2013 ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅)နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (Photo: AP) လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအ၀င် အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံ ပေါ်ပေါက်ရေး တွန်းအားပေးမည့် လုပ်ငန်းကော်မတီ တစ်ခုကို ယခုလကုန်တွင် ဖွဲ့စည်းမည်ဟု အဆိုပါ လုပ်ငန်းကော်မတီ ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင် ညှိနှိုင်းရေး...

စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီ အရောင်းဆိုင် ၁၀၆၂ ဆိုင် ဖွင့်လှစ်ပေးထားပြီး ဖွင့်လှစ်ခွင့် လျှောက်ထားသည့် ဆိုင်ပေါင်း ၄၄၂ ဆိုင်အား စိစစ်နေ

Friday, 06 December 2013 စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားသည့် ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ဆိုင် တစ်ခုအား တွေ့ရစဉ် စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီ အရောင်းဆိုင် ၁၀၆၂ ဆိုင်အား ဖွင့်လှစ်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လျှောက်ထားသည့် ဆိုင်ပေါင်း ၄၄၂ ဆိုင်အား ဖွင့်လှစ်ခွင့်ပြုရန် စိစစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၆၁ ဆိုင်အား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသို့...

ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများအတွက် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ ပြန်လည်ဖွင့်လှစ်

Friday, 06 December 2013 ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အား တွေ့ရစဉ် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၀ိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများအတွက် သင်တန်းများကို ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဒီဇင်ဘာ ၅ ရက်က စတင်တက်ရောက် နေသည့် ကျောင်းသား၊ ကျောင်းသူများမှာ ယခင်ရွေးချယ်ခဲ့သည့် ဘာသာရပ်တစ်ခုစီလျှင် ကျောင်းသားကျောင်းသူ ၁၅ ဦးစီဖြင့် တက္ကသိုလ်များ၌ တက်ရောက်ရန် အတွက်...

Related Posts Plugin for WordPress, Blogger...