6.12.2013
ခုဆိုရင် အထည်ချုပ်တွေတော်တော်များများက တရုတ်ပြည်ဘက်မှာ တော်တော်များများ ရပ်တည်လာကြတာပါတယ်။
ရှန်ဟိုင်းက အမျိုးသမီးငယ်တစ်ဦး ဖက်ရှင်ဆိုင်တစ်ခုမှ ဂျင်းဘောင်းဘီ ၀ယ်လာပြီး ရေမလျှော်ဘဲ ၀တ်ဆင်မိတဲ့အတွက် ၄င်းဂျင်းဘောင်းဘီ ဆိုးဆေးကြောင့်ဖြစ်လာတဲ့ ဓါတ်သဘာဝနဲ့ မတည့်တဲ့အတွက် အလာဂျီလ်တွေ ထလာပြီး အ၀တ်မကပ်နိုင်အောင် ဖြစ်ပြီး ဆေးရုံတောင်တက်ယူလိုက်ရပါတယ်။
ဘာပဲပြောပြော သူ့အရေပြားဟာ Sensitive ဖြစ်လို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မနုဿ အားလုံးကိုပြောချင်တာက ဘယ်အ၀တ်စားမဆို အထည်ချုပ်ကနေ ထုတ်လိုက်တာနဲ့ တန်းရောင်းလိုက်ရတာမရှိပါဘူး ။ အထည်ချုပ်တော်တော်များများက လည်း ဘောင်းဘီ ၊ အကျီ င်္ ချုပ်ပြီးတာနဲ့ ပြန်လည်ရေလျှော်ကြတာမဟုတ်ပါဘူး။ တန်းပြီး ဈေးကွက်မှာ ချရောင်းလိုက်တာပါပဲ။ ဈေးကွက်ရောက်လာတဲ့ အထည်တွေကလည်း ၀ယ်သူလက်ထဲကို တန်းရောက်တာမဟုတ်ဘဲ အချိန်အတော်ကြာထိ ချိတ်ဆွဲပြသ ထားတာမျိုးလည်းရှိတဲ့အတွက် ဖုန့်မှုန့်တွေ ပိုးမွှားတွေအလွယ်တကူကပ်ညှိနိုင်ပါတယ်။
နောက်ပြီး အ၀တ်ထည်တွေကို မ၀ယ်ဖြစ်ဘဲ စမ်းကြည့်တဲ့သူတွေလည်း ဒီအထည်မထွက်ခင်ချိန်ထိ အမြောက်အမြားရှိနိုင်ပြီး သူ့မှာလည်း အရေပြားရောဂါ မရှိဘူးဆိုတာလည်း ဘယ်သူမှ အသေချာမသိကြပါဘူး။
ဒါကြောင့် မနုဿ အဓိကပေးချင်တဲ့ အသိပညာလေးကတော့ အ၀တ်အစားတွေ ဆိုင်က၀ယ်ပြီးတာနဲ့ တန်းဝတ်တာမျိုး လုံးဝမလုပ်ပါနဲ့ ။အိမ်ရောက်ပြီး လျှော်ဖွတ် မီးပူထိုးပြီးမှ ၀တ်တာ အကောင်းဆုံးပေါ့။ အထူးသဖြင့် ကလေးအ၀တ်အစားတွေရော ကျားဝတ် မ၀တ် အတွင်းခံတွေက ပို ဂရုတစိုက်ရှိရပါမယ်။
သိသွားသူတွေလည်း မသိသေးတဲ့သူတွေကို လက်ဆင့်ကမ်းဝေမျှရင်း ကျန်းမာရေး အသိတွေ တိုးပွားလာအောင် လုပ်ပေးလိုက်ကြစို့နော်။
( မှတ်ချက်။ ။ ယခုရေးသားလိုက်သော ပို့စ်သည် ကျန်းမာရေးအသိပညာပေးရန်သက်သက်ဖြစ်ပြီး မည်သည့် စီးပွားရေးလုပ်ငန်းကိုမှ ထိခိုက်စေလိုသော ဆန္ဒ အလျဉ်းမရှိပါ။ )
ချစ်တဲ့ . . . မနုဿ
0 comments:
Post a Comment