Tuesday, November 26, 2013

နီကိုဒင်းရဲ့ကောင်းကျိုး

2013-11-26 13:32 သီဟနိုင် ‘ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်’ ဆိုတာပဲလူပြောများကြတာပါ။ အခုတော့ ဆေးလိပ်သောက်လို့ရလာတဲ့ နီကိုဒင်းရဲ့ကောင်းကျိုးတွေပါတဲ့။၁။ အစာစားချင်စိတ်ကို ချုပ်ထိန်းပေးတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျလာပါလိမ့်မယ်။၂။ စိတ်ဖိစီးမှုတွေ များနေတဲ့အခါမှာ အာရုံကြောတွေကို ပြေလျော့စေပြီး အာရုံစိုက်မှုအားကောင်းလာ စေပါတယ်။ စိတ်ဝေဒနာခံစားရမှုနဲ့ပတ်သက်ပြီး နီကိုဒင်းရဲ့ ကောင်းကျိုး ပေးမှုတွေအပေါ် စိတ်ပညာရှင်တွေက လေ့လာမှုတွေပြုလုပ်ပြီးဖြစ်ပါတယ်။...

သန်လျင် ကြယ်စင်မြို့တော်စီမံကိန်း တည်ဆောက်မှုအဆင့် ၅ ဆင့် အနက် ဒုတိယအဆင့်မှ တိုက်ခန်းသစ်ပေါင်း ၄၀၀ ကျော်ထပ်မံရောင်းချမည်

မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းများ ဆောင်ရွက်နေသည့် ထိပ်တန်းစီးပွားရေး ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သည့် Yoma Strategic Holdings မှ သန်လျင်မြို့နယ်ရှိ ၁၃၅ဧက ကျယ်ဝန်းသော နာမည်ကျော်ကြယ်စင်မြို့တော် ( Star City) မှ အဆင့်မြင့် အိမ်ရာ တိုက်ခန်းသစ်ပေါင်း၄၃၃ ခန်းကို ထပ်မံဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါ အထူးသီးသန့် အဆင့်မြင့် အိမ်ရာတိုက်ခန်းသစ်များအား၂၀၁၃ နိုင်ဝင်ဘာ ၂၃ ရက် မနက် ၁၀နာရီ(မြန်မာစံတော်ချိန်) မှ စတင်ပြီးစင်္ကာပူနိုင်ငံ...

လက်ဖက်ထုပ်ထဲက စိတ်ကြွဆေးတွေထွက်လာ

Tuesday, November 26, 2013 စနေ့နေ့က နယ်စပ်မြို့မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် မြန်မာအလုပ်သမားနှစ်ဦးထံကနေ စိတ်ကြွဆေး အလုံးရေ ငါးသောင်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ကိုကို (၂၁)နှစ်နဲ့အောင်ထွန်းလေး(၂၅)နှစ်တို့ကို မဲဆောက်က အဝေးပြေးကားဂိတ်မှာဖမ်းဆီးရမိတာလို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အရေအတွက် ၅၃,၀၀၀ ရှိတဲ့ ဆေးပြားတွေကို ယုဇနလက်ဖက်အကြော်စုံအထုပ်ထဲမှာ ထည့်လာတာလို့...

အတုအပလုပ်ခံရတဲ့ ယုဇန

Tuesday, November 26, 2013 သြစတေးလျရောက်နေတဲ့ အဆိုတော် ယုဇန မဟုတ်ပါဘူး။ထိုင်းနိုင်ငံရောက် ယုဇနလက်ဖက်သုပ် အကြောင်းပါ။ ယုဇန အင်တွေ ပေါ်နေတယ် တဲ့။စားသုံးသူတဦးက အခုလို စာရေးသား ပေးပို့ထားပါတယ်။သတင်းဌာနမှ လူကြီးမင်းများခင်ဗျား။ထိုင်းနိုင်ငံ တွင် မြန်မာကုန်ပစ္စည်းအမျိုးအမည် များစွာကို အတုအပ ပြုလုပ်ကာ ရောင်းချနေသော အဖွဲ့အစည်း တစ်ရပ်က ယုဇနလက်ဖက်သုပ်အား ယုဇနမူရင်း၏ အရသာ အရည်အသွေးကို မမှီဘဲ ဈေးနှုန်း ချိုသာစွာဖြင့် အတုအပ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည်။စားသုံးသူများ...

Contact ၁၀၀၀ ကျော်ကို စာရွက်နဲ့ ရေးပြီး ပြန်ပို့တဲ့ ဖုန်းသူခိုး

Tuesday, November 26, 2013 ဒီအဖြစ်အပျက်တော့ တကယ်ပဲ ထူးခြားတယ်လို့ ဆိုရမှာပါ။ ထူးခြားတယ် ဆိုပေမယ့် တရုတ်နိုင်ငံမှာ တကယ်ဖြစ်သွားခဲ့တဲ့ အဖြစ်တစ်ခုပါပဲ။ iPhone တစ်လုံးကို ခိုးယူခဲ့သူ တစ်ဦးဟာ အဆိုပါ ဖုန်းထဲမှာ ရှိတဲ့ ဖုန်းနံပါတ် (Contacts) ၁၀၀၀ ကျော်ကို စာရွက်တွေနဲ့ ရေးပြီး ဖုန်းပိုင်ရှင်ဆီသို့ ပြန်လည်ပို့ပေး ခဲ့ပါသတဲ့။ ပုံမှာတွေ့ရတဲ့အတိုင်း စာရွက် ၁၁ ရွက်ပေါ်မှာ Contact တွေ ချရေးခဲ့ခြင်း ဖြစ်ကာ ဖုန်း SIM ကဒ်ကိုလည်း တစ်ပါတည်း ပြန်လည် ပို့ပေးခဲ့ပါတယ်။...

ရန်ကုန်မြို့အတွင်း လမ်းမကြီး အများစုနှင့် လမ်းသွယ် အချို့တွင် အခမဲ့ကားပါကင်များ ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်

Tuesday, November 26, 2013  ရန်ကုန်မြို့အတွင်း လမ်းမကြီးအများစုနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များကို ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောသည်။ယင်းကဲ့သို့ လမ်းမကြီးများ အားလုံးနီးပါးနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များ ပြုလုပ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စည်းကမ်းမဲ့ယာဉ် ရပ်နားမှုများ...

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ လှူဒါန်း

Tuesday, November 26, 2013  မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးများတွင် အသုံးပြုရန် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီး ၁၀၀ အား နိုဝင်ဘာ ၂၅ ရက်က MICC အစည်းအဝေး ခန်းမတွင် ဆူဇူကီး ကုမ္ပဏီမှ မြန်မာအစိုးရသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။အဆိုပါ လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်အား ဒီဇင်ဘာတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲနှင့် မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး...

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်

Tuesday, November 26, 2013  ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ထို့အပြင် အမြန်လမ်းမကြီး တစ်လျှောက်တွင် မှုခင်းကြိုတင် ကာကွယ်သည့်...

နှစ်နိုင်ငံခရီးသွားများ အဆင်ပြေစေရန်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို အချိန်တိုးမြှင့် ဖြတ်သန်းခွင့်ပြုမည်

Tuesday, November 26, 2013  မြန်မာ-ထိုင်းနယ်စပ် ၀င်၊ ထွက် ဂိတ်များအနက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို နှစ်နိုင်ငံ ခရီးသွားများ အဆင်ပြေစေရန် အတွက် အချိန်တိုးမြှင့် ဖြတ်သန်းခွင့် ပေးသွားမည် ဖြစ်ကြောင်း မြ၀တီ ချစ်ကြည်ရေး တံတားရှိ တာဝန်ရှိသူများထံမှ သိရသည်။နှစ်နိုင်ငံနယ်စပ် တံခါးပေါက်ဖြစ်သည့် မြ၀တီနှင့်တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လင့်မေးရွာ (မယ်တော် )ကို ပေါင်းကူးတည်ဆောက်ထားသော ချစ်ကြည်ရေးတံတားအား လက်ရှိတွင် မြန်မာစံတော်ချိန် နံနက် ၆နာရီမှ...

ရေကြောင်းရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး၊ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေးအတွက် တပ်မတော်(ရေ)က တာဝန်ယူထား

Tuesday, November 26, 2013  ရခိုင်ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေးအတွက် ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များကို တပ်မတော်(ရေ)မှ ထမ်းဆောင်နေကြောင်း သတင်းရရှိသည်။ရသေ့တောင်မြို့နယ် အငူမော်မှ နတ်မြစ်ဝနှင့် နတ်မြစ်တစ်လျှောက် နယ်စပ်လုံခြုံရေးအတွက် ယခင်နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)အား ဖျက်သိမ်းပြီးနောက်ပိုင်း တပ်မတော်(ရေ)မှ...

တောင်သမန်အင်း အတွင်းရှိ ပျက်စီးယိုယွင်းနေသော ဦးပိန်တံတား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည်

 Tuesday, November 26, 2013 အမရပူရ မြို့နယ်အတွင်း တောင်သမန်အင်းရှိ ယိုယွင်းပျက်စီးမှု များပြားလာနေသည့် ဦးပိန်တံတားအား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။မန္တလေး ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်မှု ပိုမိုများပြား လာကြောင်းနှင့် ဦးပိန်တံတား ရေရှည်တည်တံ့ နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့...

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အပိုင်းသုံးပိုင်းခွဲ၍ အကောင်အထည် ဖော်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် အကုန်တွင် အလုပ်သမား ခြောက်သောင်းနီးပါး အလုပ်အကိုင် ရရှိမည်

Tuesday, November 26, 2013 ခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးတွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အပိုင်းသုံးပိုင်းခွဲ၍ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ပထမအဆင့် ပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၁၆ ခုနှစ် အကုန်တွင် အလုပ်သမား ၅၈၀၀၀ ခန့် အလုပ်အကိုင် ရရှိနိုင်မည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်း၏ တင်ပြချက် စာတမ်းအရ သိရသည်။ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပထမဆင့်အဖြစ် (၂၀၁၄- ၂၀၁၆)၊ ဒုတိယဆင့်အဖြစ် (၂၀၁၇-...

နိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များက ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများအား ရှင်းပြ

Tuesday, November 26, 2013  နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံကာ ပြန်လည် ရောက်ရှိလာသည့် ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များက သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ တိုင်းရင်းသား လက်နက်ကိုင်များက မှာကြားလိုက်သည့် သတင်းစကားများအား...

လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးကို စမ်းချောင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်လ ချမှတ်၊ ယခင်တရားရုံး နှစ်ရုံးမှ ချမှတ်ခဲ့သည့် ထောင်ဒဏ်တစ်လနှင့် တစ်ပေါင်းတည်း ကျခံရမည်ဖြစ်

Tuesday, November 26, 2013 ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးအား စမ်းချောင်းမြို့နယ် တရာရုံးမှ နိုဝင်ဘာ ၂၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး ယခုလအတွင်း ကြည်မြင့်တိုင် တရားရုံးနှင့် စမ်းချောင်းမြို့နယ် တရားရုံးတို့မှ ချမှတ်ခဲ့သော ထောင်ဒဏ်တစ်လနှင့်အတူ တစ်ပေါင်းတည်း ကျခံရမည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ၎င်းတို့ခြောက်ဦးသည် မြို့ နယ်တရားရုံး သုံးရုံးပေါင်း ချမှတ်လိုက်သော...

Tuesday, November 26, 2013 ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ယာဉ်နှစ်စီးပေါ်မှ သေနတ်များ၊ ကျည်ဆန်တောင့်များနှင့် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ သိန်းနီမြို့နယ် အတွင်းရှိ ယာဉ်နှစ်စီးပေါ်မှ စုစုပေါင်း ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့် ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။နိုဝင်ဘာ...

ပြည်ပသို့ ဆန်တင်ပို့မှု လျာထားချက်ပြည့်မီရန် ငါးလအတွင်း တန်ချိန်နှစ်သန်းခွဲနီးပါး ထပ်မံတင်ပို့ရမည်ဖြစ်ပြီး လက်ရှိတွင် တန်ချိန် ၄၁၀၀၀၀ ကျော်သာ တင်ပို့ထား

Tuesday, November 26, 2013 ပြည်ပသို့ ဆန်တင်ပို့မှု လျာထားချက် ပြည့်မီနိုင်ရန် ငါးလအတွင်း ဆန်တန်ချိန် နှစ်သန်းခွဲနီးပါး ထပ်မံတင်ပို့ ရမည်ဖြစ်ပြီး လက်ရှိတွင် တန်ချိန် ၄၁၀၀၀၀ ကျော်သာ တင်ပို့မှု ပြုလုပ်ထားနိုင်ကြောင်း သိရသည်။ယခင်ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးတွင် ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော် စံချိန်တင် တင်ပို့နိုင်မှုကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင်း...

မိန်းကလေးတွေ ကိုယ် သန့်ရှင်း ရေး အတွက် ဒါတွေ လုပ်မိ ရဲ့လား

မိန်း ကလေး တစ်ယောက် အတွက် မိန်းမ ကိုယ်သန့် ရှင်းရေး ကလည်း အရေး ကြီး ပါတယ်။ မျက်နှာ ကို လှပ aအာင် ဘယ်လို ပဲ ပြင်ဆင် ခြယ်သ ထားပါစေ၊ သင့် ကိုယ်သင် လုံခြုံ မှု မရှိ နိုင်ပါ ဘူး။ ခန္ဓာ ကိုယ်တစ် ကိုယ်လုံး သန့်ရှင်း ပြီး တစ်ကိုယ် ရေကျန်းမာရေးနဲ့ ညီညွတ် ဖို့လို တယ်ဆို ပေမယ့် သင့်ခန္ဓာ ကိုယ်ရဲ့ မျိုးပွား အင်္ဂါ ဖြစ်တဲ့ မိန်းမ ကိုယ် သန့်ရှင်း နေ ဖို့လည်း လိုအပ် ပါတယ်။ ဒါကြောင့် သင်ရဲ့ တစ် ကိုယ်ရေ သန့်ရှင်း ရေးမှာ အရေး ပါတဲ့ မိန်းမ ကိုယ် သန့်ရှင်း ရေး အတွက် ဒါတွေ...

HTC မှ ရွှေရောင် HTC One ဖုန်းကို တရားဝင် ကြေညာ

  November, 25th 2013 ထိုင်ဝမ်အခြေစိုက် HTC က “Limited Edition” အနေနဲ့ ထုတ်လုပ်လိုက်တဲ့ ၁၈ ကာရက် ရွှေနဲ့ပြုလုပ်ထားတဲ့ HTC One ကို ထုတ်လုပ်ပြီးတဲ့နောက် ယခုအခါမှာတော့ ရွှေရောင် HTC One ကို ထပ်မံ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဇိုင်းပုံစံကတော့ ပုံမှာမြင်ရတဲ့အတိုင်းပဲ ဖြစ်ကာ အထဲမှာ တပ်ဆင်ထားတဲ့ Spec: တွေကလည်း HTC One တုန်းက လိုပါပဲ။ 1080p ရုပ်ထွက် အရည်အသွေးရှိ ၄.၇လက်မ မျက်နှာပြင်၊ Quad-core Snapdragon 600 ပရော်ဆက်ဆာနဲ့ 2GB RAM တို့အပြင် Ultrapixel...

First Look: 2012 Toyota Corolla

November, 25th 2013 တိုယိုတာ၏ အရောင်းရဆုံး ကားဖြစ်သည့် Corolla သည် ၂၀၁၂ ခုနှစ် မော်ဒယ်အတွက်လည်း ကောင်းမွန်သည့် အိမ်စီးဆီဒင်ကားအဖြစ် ဆက်လက် ရပ်တည်လျက် ရှိနေသည်။ သို့သော်လည်း Corolla အနေဖြင့် ယင်းထက် ဒီဇိုင်းပိုင်း၊ နည်းပညာပိုင်း၊ အင်ဂျင်ပါဝါပိုင်း စသည်တို့တွင် ပိုမိုသာလွန် ကောင်းမွန်သည့် မော်ဒယ်များအား ပြိုင်ဖက် ကုမ္ပဏီများက အပြိုင်အဆိုင် ထုတ်လုပ်နေသည်ကို တွန်းလှန်နေရပြီး ယုံကြည်စိတ်ချမှု အရှိဆုံးကားဟူသော ဂုဏ်ပုဒ်အား ထိမ်းသိမ်းရန် ကြိုးပမ်နေရသည်။...

အမေရီကန်သမ္မတကြီး သောမတ်စ်ဂျက်ဖာဆန် အုတ်ဂူမှာရေးထိုးထားတဲ့စာ

သမ္မတကြီး သောမတ်စ်ဂျက်ဖာဆန်သည် သူ အသက်ကြီးရင့်လာသောအခါ သူ၏ မိတ်ဆွေ သင်္ဂဟများကို ဖိတ်ကြားလိုက်လေသည်။ထိုသို့ဖိတ်ကြားရသည့် အကြောင်းအရင်းမှာ သူသေသွားလျှင် သူ၏အုတ်ဂူပေါ်မှာ ရေးထိုးရမည့်စာနှင့် ပတ်သက်နေလေသည်။သမ္မတကြီးကအောက်ပါ အတိုင်းပြောလိုက်လေသည်။"မင်းတို့ ငါသေသွားတဲ့အခါ ငါ့အုတ်ဂူမှာ အမေရီကန်နိုင်ငံရဲ့ သမ္မတကြီး ဖြစ်တယ်ဆိုပြီး မရေးဖို့ မှာကြားချင်တယ်။ ငါရေးချင်တာကတော့ ငါဂုဏ်ယူတဲ့ ငါလုပ်ခဲ့တဲ့ အချက် နှစ်ချက်ကိုရေးပေးဖို့ပဲ။ အဲဒါတွေကတော့ငါဟာ လွပ်လပ်ရေးကြေညာစာတမ်းကြီးကိုးရေးသားလက်မှတ်ထိုးခဲ့တယ်။ပြီးတော့...

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် အင်တာနက်စတင် သုံးစွဲနိုင်ပြီဖြစ်

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၅နေရာတွင် နိုဝင်ဘာလဒုတိယအပတ်မှ စတင်ပြီး အင်တာနက် သုံးစွဲနိုင်နေပြီဖြစ်ကြောင်း Red Link ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ညွန့်ကTech Space သို့ပြောကြားသည်။ဦးမျိုးမြင့်ညွှန့်က "နိုဝင်ဘာလ ဒုတိယအပတ်မှာ Wi Fi ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ အခု ရန်ကုန်မှာ ပြိုင်ပွဲပြုလုပ်မယ့် နေရာ၅ နေရာစလုံး သုံးလို့ရနေပြီ" ဟု Tech Space ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။Red Link မှာ ရန်ကုန်မြို့ရှိပြိုင်ပွဲကျင်းပမည့်...

Related Posts Plugin for WordPress, Blogger...