Wednesday, February 26, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း အား ကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ကြ သူများအား အမှာစကား ပြောကြားစဉ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင်တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြစဉ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး...

ခုနှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ဟုဆိုကာ စာကျက်ဝိုင်းပိုင်ရှင် ကျောင်းဆရာကို အမှုဖွင့်

ကလေး၊ မဇ္ဈိမ။ ။ စာကျက်ဝိုင်းဖွင့်ထားသည့် ကျောင်းဆရာတစ်ဦးက သတ္တမတန်း ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှု တစ်ခု စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့သည့်အတွက် ကလေးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၄ရက်က အမှုဖွင့် အရေးယူလျှက်ရှိသည်ဟု အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။အသက် ၁၃နှစ်အရွယ် သမီးဖြစ်သူကို မိခင်ဖြစ်သူက အဆိုပါ စာကျက်ဝိုင်း၌ အင်္ဂလိပ်စာကျက်ရန် အပ်ထားစဉ် ဖေဖော်ဝါရီလ ၂၃ရက် ညပိုင်းတွင် ဖြစ်ပွားကြောင်း တရားလိုဖြစ်သူ ကလေးငယ်မိခင်...

သူအကြိုက်ဆုံးကစားသမားကို ကလပ်က စာချုပ်ချုပ်လိုက်တဲ့အတွက် ကလပ်အသင်းဘောလုံးကွင်းခုံတွေကို သန့် ရှင်းရေးလုပ်ပေးခဲ့သူ

အင်္ဂလန်လိဂ်ဝမ်း ကလပ်ဖြစ်တဲ့ လေတန်အိုးရီးယန့် အသင်းပရိတ်သတ်ဟာ သူအကြိုက်ဆုံး ဂိုးသမား အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုလိုက်တဲ့အတွက် ကလပ်အသင်းရဲ့ ဘောလုံးကွင်း အရှေ့  ဘက်ပွဲကြည့်စင်က ခုံတွေအကုန်လုံးကို သန့် ရှင်းရေးလုပ်ပေးခဲ့ပါတယ်။လေတန်အိုးရီးယန့် အသင်းပရိတ်သတ် ခရေ့ခ်ျဒီလူး ဆိုသူဟာ လွန်ခဲ့တဲ့လထဲက ကလပ်အသင်းသာ သူအကြိုက်ဆုံး ဂိုးသမားဖြစ်တဲ့ အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုပြီး ခေါ်ယူပေးမယ်ဆိုရင် ပွဲကြည့်စင်အရှေ့ ဘက်ခြမ်းက ခုံတွေအကုန်လုံးကို...

သရုပ်ဆောင်အလုပ်ကို ခဏတာရပ်နားဖွယ်ရှိတဲ့ Jennifer Lawrence

Jennifer Lawrence တစ်ယောက်ခဏတာအနားယူဖို့လိုနေပါပြီ။ အသက် ၂၃ နှစ်အရွယ် Jennifer ဟာပြီးခဲ့တဲ့ ၁၂ လအတွင်းရုပ်ရှင်ကားပေါင်း ၈ ကားမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Harvey Weinstein က သူမအနားယူသင့်တယ်လို့ The Sun သတင်းစာကို မကြာသေးမီကပြောပါတယ်။“သူမဟာ ဘာမှမလုပ်ဘဲ တစ်နှစ်လောက်ကာလကြာအနားယူမှာပါ။ သူမအတွက်က non-stop ကြီးဖြစ်နေတော့ သူမအနားယူသင့်ပါတယ်” လို့ Weinstein ကပြောပါတယ်။“Jennifer ဟာသဘောအလွန်ကောင်းပြီးတော့ ပရိတ်သတ်တွေကို...

ရွှေမဟုတ်တဲ့ အမိုက်စား ရွှေရောင်ဆွဲကြိုးဒီဇိုင်းသစ်များ

အရင်တုန်းက ရွှေဆိုရင် ရွာကသူတွေ၊ တောကသူတွေသာ အမြတ်တနိုး ၀တ်ဆင်ကြတယ်လို့ ထင်မိခဲ့ကြတယ်ဟုတ်။ ခုတော့ အဲ့ဒီအထင်၊ အမြင်တွေကို ထားခဲ့ပြီး ရွှေအစစ်မဟုတ်ရင်တောင် ရွှေရောင်အဆင်တန်ဆာ အမိုက်စားတွေ တွေ့ရင်ဝယ်သာဝယ်ထားလိုက်ပါလို့ ပြောရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းအမိုက်စား ရွှေရောင်ဆွဲကြိုးတွေဟာ ခုချိန်မှာ ခေတ်အစားဆုံးဖြစ်နေလို့ပါပဲ။ ဘယ်လို ဒီဇိုင်းမျိုးလေးတွေ တွေ့ရင်ဝယ်စုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလိုဖော်ပြပေးလိုက်ပါတယ်။၁။လက်ရှိခေတ်အစားဆုံး ဆွဲကြိုးဒီဇိုင်းပါ။...

၂၀၁၅ အလယ်လောက် သီလ၀ါဇုန်မှာ ကုန်ထုတ်လုပ်မှုစမယ်

နိုင်ငံခြားကုမ္ပဏီ ၄၀လောက်ဟာ သီလ၀ါစီးပွားရေးဇုန်မှာ လုပ်ငန်းလာလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ၂၀၁၅ခုနှစ် အလယ်လောက်ကစပြီး စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ဖို့ရှိတယ်လို့ မြန်မာ အာဏာပိုင် တစ်ယောက်က ပြောပါတယ်။အရှေ့တောင် အာရှမှာ ဖြစ်ထွန်းလာတဲ့ ဈေးကွက်သစ်နဲ့ အဖိုးအခနည်း လုပ်သားတွေစီကနေ အမြတ်ရှာဖို့ နိုင်ငံခြားကုမ္ပဏီတွေဟာ စိတ်ဝင်စားလာခဲ့ကြပါတယ်။အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ အ၀တ်အထည်၊ အစားအသောက်၊ အီလက်ထရောနစ် အသုံးအဆောင်၊ အလှကုန်ပစ္စည်း နဲ့ ကားအပိုပစ္စည်း...

ဒေါ်လာ ကိုးသောင်းတန်၊ အလေးချိန် ဆယ်တန် ရှိတဲ့ သရက်သီး ရုပ်တုကြီး ထူးဆန်းစွာ ပျောက်ဆုံးသွား

သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ်၊ ဘိုဝင်မြို့ က ဒေါ်လာ ကိုးသောင်းတန် ၊အလေးချိန် ဆယ်တန်ကျော်ရှိတဲ့ သရက်သီး ရုပ်တုကြီးဟာ တင်္နလာနေ့ မနက်ဝေလီဝေလင်းအချိန်က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ဘိုဝင်မြို့ ဟာ သြစတြေးလျရဲ့ သရက်သီးမြို့ တော်အဖြစ် ထင်ရှားပြီး ဒီကြီးမားလှတဲ့ သရက်သီးအရုပ်ကြီးကို ကမ္ဘာ့လှည့်ခရီးသည်ဆွဲဆောင်မှုအဖြစ် ထားရှိခဲ့တာပါ။ ပေသုံးဆယ်ကျော်မြင့်မားတဲ့ ဒီသရက်သီးကြီး ပျောက်ဆုံးနေကြောင်း ဘိုဝင်ကမ္ဘာလှည့်ခရီးသည်ကြီးကြပ်ရေးဌာနက တင်္နလာနေ့ မနက်အစောပိုင်းအချိန်က...

စကားလုံးမဲ့ နားလည်ကြစေဖို့ရာ

သူ့ရဲ့စိတ်ဝင်စားမှုကိုရယူချင်နေပါသလား။ ဘာစကားမှဖွင့်ဟ ပြောစရာမလိုဘဲ နားလည်မှုရယူနိုင်တဲ့ ဒီနည်းလေးတွေကို စမ်းကြည့်ပါ။(၁) ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြည့်တစ်ချက် စွမ်းအားကို လျှော့မတွက်နဲ့နော်။ တကယ်လို့သင်ကလဲ စိတ်ဝင်စားတယ်ဆိုရင်တော့ သူ့ရဲ့အကြည့်ကို မလွှဲဖယ်ပစ်ဘဲ (၃)စက္ကန့်စာလောက်ပြန်စိုက်ကြည့်လိုက်ပါ။ ပြီးရင်တော့ အကြည့်ကိုပြန်လွှဲလိုက်ပါ။ ဒါဆိုရင် သင်ကလဲစိတ်ဝင်စားနေကြောင်း သူရိပ်မိပါလိမ့်မယ်။ ဒီ့ထက်ပိုပြီး လေးလေးနက်နက်ခံစားမိနေတယ်ဆိုရင်တော့...

အပြင်သွားခါနီး အလှပြင်ဖို့ အချိန်နည်းနေပြီဆိုရင်

အပြင်သွားရမယ့်အချိန်က ကပ်နေပြီ။ ကိုယ့်ရဲ့အလှပြင်ချိန်က ပျမ်းမျှအားဖြင့် နာရီဝက်ဆိုရင်တောင် ရေချိုးရမှာနဲ့ အချိန်က မလောက်မငဖြစ်နေပြီဆိုရင်တော့ အလှပြင်နည်းလမ်းသစ်တစ်ချို့ကို စမ်းသပ်ကြည့်ရတော့မှာပေါ့။ ကိုယ့်သုံးနေကျ အလှကုန်တစ်ချို့ကို ဘယ်လိုနည်းသစ်ထွင်ပြီး အချိန်မီ ပြင်ဆင်နိုင်သလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။၁။ဆံပင်ကို အခြောက်လျှောရေချိုးရင်း ခေါင်းပါလျှော်နေမယ်ဆိုရင်တော့ အချိန်တွေ ပိုကုန်သွားမှာပေါ့။ အဲ့ဒီတော့ အချိန်ကုန်သက်သာအောင် ဆံပင်ကို အခြောက်လျှော်လိုက်ပါ။...

ဘယ်လိုကောင်လေးမျိုးတွေကို ကောင်မလေးတွေ ကြွေကြသလဲ

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့၁။ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။ ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲ။၂။စကားပြောတဲ့အခါ...

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အချက် (၇) ချက်

ယောင်္ကျားအများစုဟာ ကိုယ့်ရည်းစား၊ ကိုယ့်ချစ်သူ အမျိုးသမီးတွေအပေါ်မှာ ရစ်တတ်ကြတယ်၊ ဘာက ဘယ်လို အပြစ်ရှာတတ်ကြပေမယ့် တစ်ခါတစ်လေ သူတို့ကိုယ်တိုင် ကိုယ့်ရည်းစား ဒီနေ့ဘာတွေ လုပ်ထားတယ်၊ ဘာတွေလုပ်မထားဘူးဆိုတာမျိုးကိုတောင် သတိမပြုမိတတ်ကြပါဘူး။ မချစ်လို့ ဒီလို သတိမပြုမိတာမျိုး မဟုတ်ပေမယ့် ကိုယ့်ချစ်သူအတွက် အာရုံဘယ်လောက်ထားထားလဲ၊ ဘယ်လောက်အသေးစိတ်သလဲဆိုတာမျိုးဟာ အမျိုးသမီးတွေ တကယ်လိုချင်တဲ့ အရာတွေပါပဲ။ ဒါ့ကြောင့် အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အရာတွေကို ပြောပြပေးလိုက်တယ်နော်။၁။...

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး...

အမေရိကန်စစ်တပ်ကို ဒုတိယကမ္ဘာစစ် မတိုင်မီက အနေအထားမျိုးအထိ အင်အားလျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ် စီစဉ်

ဖေဖော်ဝါရီ ၂၄ ရက်က ၀ါရှင်တန် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး(၀ဲ)နှင့် ဒုစစ်ဦးစီးချုပ် မာတင်ဒမ်ဆေးတို့အား တွေ့ရစဉ် (Photo:AFP)ပင်တဂွန် စစ်ဌာနချုပ်က အမေရိကန် စစ်အင်အား၏ ရှစ်ပုံတစ်ပုံအထိကို လျှော့ချရန် စီစဉ်လျက်ရှိရာ အနိမ့်ဆုံးအဖြစ် ဒုတိယကမ္ဘာစစ် မတိုင်မီက အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် မြေပြင်စစ်ဆင်ရေးများကို ၁၀ နှစ်ကျော်ကြာအောင် ဆင်နွှဲခဲ့ပြီးနောက် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ရပ် ပြုလုပ်ရန် အချက်ပြလိုက်ခြင်းလည်း...

ယူကရိန်းတွင် ၀န်ကြီးချုပ်သစ်နှင့် အစိုးရအဖွဲ့သစ် အမည်စာရင်းများ ထုတ်ပြန်ရန်စီစဉ်

ဖေဖော်ဝါရီ ၂၄ ရက်က ကိဗ်မြို့အနီးရှိ ယာနူကိုဗစ်၏ ဇိမ်ခံအိမ်တော်အနီး လူများလမ်းလျှောက်နေစဉ် (Photo:AFP)စီးပွားရေးချည့်နဲ့နေသော ယူကရိန်းနိုင်ငံကို ကိုင်လှုပ်နေသည့် ပဋိပက္ခများအတွက် ဖြေရှင်းချက်ရှာဖွေရန် အနောက်တိုင်း ထိပ်တန်းသံတမန်များ ကိဗ်မြို့သို့ အလျင်အမြန် ရောက်ရှိလာချိန်တွင် ယူကရိန်းက ၀န်ကြီးချုပ်သစ်နှင့် အစိုးရအဖွဲ့သစ် အမည်စာရင်းကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ရန် စီစဉ်နေကြောင်း သိရသည်။ကိဗ်မြို့တွင် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရသော ရုန်းရင်းဆန်ခတ်မှုများဖြစ်ပြီးနောက်...

အိန္ဒိယမှတင်သွင်းသော မွေးမြူရေးအစာ မုန်ညင်းဖတ်များ၌ အလေးချိန်စီးရန် ထည့်ထားသည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိ

ဒေါက်တာသက်မှူးက မုန်ညင်းဖတ်အတွင်း တွေ့ရှိရသည့် သဲများကို ပြသနေစဉ်အိန္ဒိယနိုင်ငံမှ တင်သွင်းသော မွေးမြူရေးတိရစ္ဆာန်အစာ မုန်ညင်းဖတ်များအတွင်း အလေးချိန်စီးရန်ထည့်ထားသည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ဇန်န၀ါရီ ၂၅ ရက်က ပြောကြားသည်။ "အိန္ဒိယကနေ မွေးမြူရေးအစာ တင်သွင်းလာတဲ့ ကုမ္ပဏီဆီကနေ မုန်ညင်းဖတ်ဝယ်တယ်။ ကျွန်တော်တို့က အစာသန့်စက်ရုံဖြစ်တော့ မုန်ညင်းဖတ်တွေကို အလေးချိန်နဲ့ရေကို...

သန်လျင်မြို့နယ် ဇာမဏီအင်း ရေလှောင်တမံအတွင်း နေထိုင်သော ကျူးကျော်အိမ်ခြေ ၂၀၀၀ ခန့်မှ သက်ဆိုင်ရာသို့ နေထိုင်ခွင့် အသနားခံစာ သုံးကြိမ်မြောက်ထပ်တင်

ဇာမဏီအင်း ရေလှောင်တမံ ဧရိယာထဲတွင် နေထိုင်သည့် ကျူးကျော်အိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာနှင့် လက်ယက်စမ်းကျေးရွာအတွင်းရှိ ဇာမဏီအင်း ရေလှောင်တမံ ဧရိယာထဲ၌ နေထိုင်ကြသည့် ကျူးကျော်အိမ် ၂၀၀၀ မှ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့စည်းများထံသို့ နေထိုင်ခွင့် အသနားခံစာကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့စည်းများထံသို့ တတိယအကြိမ်တင်ခဲ့ကြောင်း သိရသည်။တတိယအကြိမ် နေထိုင်ခွင့် အသနားခံစာကို ဖေဖော်ဝါရီ ၂၅ ရက်တွင်...

Related Posts Plugin for WordPress, Blogger...