
ပရိသတ်တွေက သူမရဲ့ဖက်ရှင်တွေကို ကြိုက်ကြတယ်တဲ့။ သူမရဲ့ ကာရိုက်တာအပေါ် သက်ဝင်ယုံကြည်မှုတွေကို သဘောကျကြတယ်တဲ့။ သူမရဲ့ ငယ်ရွယ်နုပျိုသွက်လက်တဲ့ သရုပ်ဆောင်မှုတွေကို နှစ်ခြိုက်ကြတယ်တဲ့။ သူမကတော့ နန်းဆုဦးဆိုတဲ့ ကလေးပုံစံ ချစ်စရာကောင်းတဲ့ ကောင်မလေးပါပဲ။ သူမဟာ ၂၀၁၃ ထဲမှာ စတင်အောင်မြင်လာတယ်လို့လူအများရဲ့ သတ်မှတ်ခြင်းကို ခံရတဲ့အပြင် နာမည် ၃ လုံးပိုင်ရှင် နာမည်ကြီး မင်းသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့လည်း သတင်းတွေ ထွက်နေတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါ...