Thursday, February 13, 2014

သက်တမ်းအရင့်ဆုံး ရှေးဟောင်းကြယ် သြစတြေးလျ သိပံ္ပပညာရှင်များတွေ့ရှိ




The star discovered with the SkyMapper telescope at the Siding Spring observatory near Coonabarabran. Photograph: Space Telescope Science Institute/AAP


ဖြစ်တည်မှု သက်တမ်းနှစ်ပေါင်း ၁၃ ဒသမ ၆ ဘီလီယံရှိပြီဖြစ်သည့် ကြယ်ဂြိုဟ်ကြီး တစ်စင်းကို သြစတြေးလျသိပံ္ပပညာရှင်များက ရှာဖွေတွေ့ရှိထားရာ လက်ရှိအချိန်ထိ ထောက်လှမ်းတွေ့ရှိပြီးသမျှ
ရှေးဟောင်းကြယ်ဂြိုဟ်ကြီးများ အနက်သက်တမ်းအရင့်ဆုံးကြယ်
ဂြိုဟ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက် သတင်းများတွင်ဖော်ပြသည်။

စကြ၀ဠာကြီးကို စတင်ဖန်တီးပေးခဲ့သော မဟာပေါက်ကွဲမှုဖြစ်စဉ်
(Big Bang)ပေါ်ပေါက်ပြီးနောက် ပိုင်းနှစ် သန်းပေါင်းများစွာအကြာတွင် ယင်းကြယ် ဂြိုဟ်ကြီးစတင်ဖြစ်တည်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ
သိပံ္ပပညာရှင်များက ယုံကြည်ထားသည်။

သြစတြေးလျသိပံ္ပပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သော သက်တမ်းအရင့်ဆုံး ကြယ်ဂြိုဟ်ကြီးသည်နေစကြ၀ဠာ အဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်း ကြယ်စုအတွင်းမှာပင်တည်ရှိပြီး ကမ္ဘာမြေနှင့် အလင်းနှစ် ၆၀၀၀
ကွာဝေးကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ကြယ်ဂြိုဟ်ကြီးသည် စကြ၀ဠာ၏အတိုင်းအဆအရ
ကမ္ဘာမြေနှင့်အတော်အသင့်နီးသည့် အကွာအဝေးတွင်ရှိနေကြောင်း သြစတြေးလျအမျိုးသား တက္ကသိုလ်မှ နက္ခတ္တဗေဒသိပံ္ပပညာရှင်တစ်ဦးက ပြောကြားသည်။

၂၀၀၇ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များ အတွင်း ဥရောပနှင့် အမေရိကန်
နက္ခတ္တဗေဒသိပံ္ပပညာရှင်များ သီးခြားစီ ရှာဖွေ တွေ့ရှိခဲ့သော
ရှေးဟောင်းကြယ်ကြီးနှစ်စင်းမှာသက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃ ဒသမ
၂ သန်းဝန်းကျင်တွင်ရှိရာ ဖြစ်တည်မှု သက်တမ်းအရင့်ဆုံးကြယ်ဂြိုဟ်ကြီး
များအဖြစ် စာရင်းပေါက်ခဲ့ဖူးသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Valentine's Day မှာ ချစ်သူကို အချိန်ပေးမယ်ဆိုတဲ့ ချစ်စနိုးဦး





ဂီတ ဘက် တွင် ရှိုးပွဲ များစွာ သီဆို နေပြီး သရုပ်ဆောင် ဘက် နှင့် အနည်းငယ် အဆက် ပြတ်သ လို ဖြစ် နေသည့် အကယ် ဒမီ ချစ်စနိုးဦး က Valentine's Day ကို ချစ်သူ နှင့် အတူ တူ ပျော်ရွှင် စွာ ဖြတ် သန်း မည် ဖြစ်ကြောင်း ပြောပြ သည်။

ဒီအရွယ်ကြီးရှိနေမှတော့ ရည်း စားမရှိဘူး လား ဆိုရင် ရှိတယ် ပေါ့နော်။ အမှန်အတိုင်းပြောရရင် သိနေ တာ ကြာ ပါပြီ။ ငယ်ငယ်ကတည်းကပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်းမှ ချစ်သူဖြစ်သွားတာပါ။ နှစ် ယောက်စလုံး ကလ ည်း သိနေတာကြာပြီ ဆိုတော့ အထူးတစ် လည် နားလည်မှုတော့ ယူစရာမရှိပါဘူး။ အနုပညာ ရှင် အချင်းချင်း ဖြစ်နေ တော့လေ။ကိုယ်လည်း သူ့အကြောင်း သိ၊ သူလည်း ကိုယ့် အကြောင်း သိဆိုတော့ မလိုပါဘူး။ အဓိက က တော့ နားလည်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာ ရှိပြီး ချစ် ရင် တော့ ပျော်ရွှင်စရာကောင်း ပါတယ်။ ချစ် သူများနေ့ မှာ ချစ်သူကို ဘယ်လို လက် ဆောင် ပေးရမလဲ ဆိုတဲ့ စိတ် ကူး တော့ မရှိ ပါဘူး။ ဒါပေမယ့် စဉ်း တော့ စဉ်းစားနေတယ်။ ဘယ်လိုလေးပေးရင် ကောင်း မလဲပေါ့။ ကိုယ်က ဘယ်လို ပေးပါ ရယ်လို့ မရှိ ပါဘူး။ ကိုယ်ကလည်း သူ့ ကို ချစ်လို့ ပေးတယ်။ သူကလည်း ချစ်လို့ ပေးတယ်။ ဘာ လေးပဲဖြစ် ဖြစ်၊ တန် ဖိုး ကြီး သည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ ဒါက ကိုယ့် ကို ချစ်လို့ ပေးတာ ဆိုတော့ တန် ဖိုးရှိတဲ့ ပစ္စည်းပါပဲ။ Fed -14 အဲဒီတစ်ရက်ကိုတော့ သီချင်းမဆို ပါဘူး။ အဲဒီ တစ်ရက်ကိုတော့ သူ့ကို အချိန် ပေးမှာပါ။ ချစ်သူ ရှိ ပေ မယ့် အိမ် ထောင်ပြုဖို့က လိုပါသေးတယ်။ လတ်တလော ကတော့ ပွဲရာသီ လည်း ဖြစ်နေတော့ သီချင်း လေး တွေပဲ ဆိုဖြစ် တာများနေပါတယ်””ဟုချစ်စနိုးဦးက ပြော သည်။ ချစ်စနိုးဦးသည် ဂီတ လှုပ်ရှားမှုတွင် “ခိုနားခွင့်ပေးပါ” Audio CD ထွက်ရှိပြီး နောက် ယင်းအခွေကို ယခုလထဲ တွင် VCD အဖြစ် ရိုက်ကူး သွား မည်ဖြစ်ကြောင်း၊ သီချင်း နှင့်လိုက်ဖက်မည့် Idea များကို ကိုယ်ပိုင် စိတ် ကူးနှင့်အတူ ဒါ ရိုက်တာနှင့် ညှိနှိုင်း ရိုက် ကူး သွားမည်ဖြစ်ကြောင်း ပြောသည်။

အံ့ဖွယ် တောင်တန်း




အခု မှတ်တမ်း ဗီဒီယိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကမှ ယူကျုပေါ် တင်လာတဲ့ ထူးဆန်းအံ့ဖွယ်တွေ နဲ့ စုဝေးနေတဲ့ တောင်တန်းတခုအကြောင်းပါ။

ကမ္ဘာမြေပြင်ပေါ်က ရှေးအကျဆုံးနေရာကို မှတ်တမ်းပြုစုသူတွေ သွားပြီး ပြုစုရိုက်ကူးထား တာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အရှည်လျားဆုံးနဲ့ တကယ့်ကိုလူသူအရောက်အပေါက်နည်း တဲ့ တောင်ဗင်နီဇွဲလား နိုင်ငံတောင်းပိုင်း ဘရာဇီး နိုင်ငံ နယ်စပ်တလျှောက် တည်ရှိတဲ့ Guayana Massif တောတောင်တွေထဲ မှတ်တမ်း တင်ထားတာဖြစ်ပါတယ်။

စိမ်းလန်းတဲ့ ဒီကမ္ဘာကြီးရဲ့ အတွင်းပိုင်းတွေမှာ လူတွေ၊ တိရိစ္ဆာန်တွေဟာ သူတို့ရဲ့ တောတောင် သဘာဝ ပတ်ဝန်းကျင် တွေဟာ အချိန်နဲ့ အမျှ ဆုံးရှုံးမှုတွေ ရှိနေသလို အန္တရာယ်တွေလည်း အပြည့်ရှိနေတဲ့ နေရာတွေပါ။

တောသဘာဝ၊ တောအလှ၊ တောဓလေ့တွေဟာ တကယ့်ကို အံ့မခန်း စိတ်ဝင်စားဖို့ ကောင်းသလို လူသူအရောက် အပေါက်နည်းတဲ့ တောနေ ဋ္ဌာနေတိုင်းရင်းသားလူမျိုးစုတွေရဲ့ လူမှုဘဝတွေကိုလည်း ရိုက်ကူးပြသထားပါတယ်။

ရာသီသွေးဆင်းများခြင်း





ရာသီသွေး ဆင်းများခြင်းနဲ့ သွေးဆင်းရက် ကြာခြင်း တွေဟာ အများအားဖြင့် အပျိုဖော် ဝင်ခါစ မိန်းကလေး ငယ်တွေနဲ့ သွေးဆုံး ခါနီး

အမျိုးသမီး တွေမှာ ဖြစ်တတ်ပေမယ့် တစ်ခါ တစ်ရံ အသက်၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ် အမျိုးသမီး တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေး ဆင်းများ လွန်ရင် ပြင်းပြင်း ထန်ထန် နာကျင်မှု၊ ပျို့ခြင်းနဲ့ မသက်မသာ ဖြစ်ခြင်းတွေကို ခံစားရပြီး ပုံမှန်နေ့စဉ် လုပ်ဆောင် နေကျ အလုပ်တွေကိုတောင် မလုပ်နိုင်တော့ တာမျိုး ဖြစ်တတ် ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရာသီသွေး ရုတ်တရတ် အများကြီး ဆင်းရင် သားဖွား မီးယပ် အထူးကု ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဖြစ်နိုင်သော အကြောင်းရင်းများ

ရာသီသွေး များများ ဆင်းစေနိုင်တဲ့ အကြောင်းအရင်းတွေ ကတော့ မျိုးဥအိမ်ရဲ့ လုပ်ဆောင်မှု မမှန်ခြင်းကြောင့် ဟော်မုန်း မညီမျှခြင်း၊ သားအိမ် အတွင်းမှာ ကင်ဆာ မဟုတ်တဲ့ အကျိတ် ဖြစ်ခြင်း ဒါမှမဟုတ် သားအိမ်နံရံမှာ အဖု အသီးဖြစ်ခြင်း၊ သန္ဓေတားဖို့ အတွက် သားအိမ် တွင်းထည့် ပစ္စည်းသုံးခြင်း၊ အရောင်ကျ ဆေးနဲ့ သွေးမခဲ ဆေးတွေကို မှန်မှန်သောက်ခြင်း စတာတွေ ဖြစ်နိုင် ပါတယ်။

ဒီထက်ပိုပြီး ပြင်းထန်တဲ့ အကြောင်းရင်း တွေလည်း ဖြစ်နိုင် ပါသေးတယ်။ သားအိမ် ကြွက်သား ထဲကို သားအိမ် အတွင်းမြှေးမှ ဂလင်းတွေက ထိုးဖောက် ဝင်ရောက် ကြီးထွားခြင်း၊ မျိုးဥအိမ်၊ သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်း ကင်ဆာ တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ အလုပ် ပြင်းပြင်း ထန်ထန် လုပ်ခြင်း ဒါမှမဟုတ် စိတ်ပိုင်း ဆိုင်ရာ အကြီးအကျယ် ထိခိုက် ခံစားရခြင်းတွေ ကြောင့်လည်း ရာသီသွေး ဆင်းများ နိုင်ပါတယ်။ ကိုယ်ဝန် ပျက်ကျခြင်း ကြောင့်လည်း သွေးအများကြီး ဆင်းနိုင်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန်

ရာသီသွေး များများ ဆင်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်မှုနဲ့ မရှိမဖြစ် အာဟာရ ဓာတ်တွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီသွေး ဆင်းများ သူဟာ ရေနဲ့ သစ်သီး ဖျော်ရည် များများ သောက်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ အလွန်အရေး ကြီးပါတယ်။

ရာသီသွေး ဆင်းများရင် သံဓာတ် ဆုံးရှုံးမှုလည်း များတဲ့အတွက် သံဓာတ် ချို့တဲ့ သွေးအား နည်း ရောဂါ မဖြစ်အောင် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနဲ့ ပဲအမျိုးမျိုးတွေကို စားပေးဖို့ လိုပါတယ်။ ဒါမှ သွေးထဲက ဟေမိုဂလိုဘင် အဆင့်ကို ထိန်းသိမ်းပေးနိုင်ပြီး အားနည်းတာနဲ့ မောပန်း နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါမယ်။

စားတဲ့ အစားတွေထဲမှာ ချဉ်တဲ့ သစ်သီးတွေလိုမျိုး သဘာဝ ဗီတာမင်စီ ကြွယ်ဝတဲ့ အစာ တွေလည်း ပါဝင်သင့် ပါတယ်။ ရာသီလာစဉ် အတွင်း နာကျင်မှုနဲ့ စိတ်ဖိစီးမှု လျော့ပါးစေဖို့ ကဖင်းပါတဲ့ အရည်တွေ (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ)ရှောင်ပြီး သဘာဝ လက်ဖက်ရည် (Herbal Tea) သောက်ပေးပါ။

အကိုက်အခဲ ပျောက်ဆေးတွေကို တတ်နိုင်သမျှ မသောက်ပါနဲ့။ လေ့လာမှုတွေ အရ တက်ကြွတဲ့ ဘဝနေထိုင်မှု ပုံစံရှိသူ အမျိုးသမီး တွေဟာ အထိုင်များတဲ့ အမျိုးသမီး တွေထက် ဒီပြဿနာ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ရွရွပြေးတာ၊ ရေကူးတာ၊ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ် ယောဂ ကျင့်တာလိုမျိုး လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် အနည်းဆုံး တစ်နာရီခန့် လုပ်ပါ။

အယ်လ်ဂျီးရီးယားတွင် စစ်လေယာဉ်ပျက်ကျမှုကြောင့် လူ ၇၇ ဦးသေဆုံးပြီး တစ်ဦးသာအသက်ရှင်



မြို့တော်အယ်လ်ဂျီးယားမှ ကီလိုမီတာ ၅၀၀ ၀န်းကျင်အကွာရှိ Oum El Bouaghi ဒေသတွင် ပျက်ကျခဲ့သော C-130 Hercules လေယာဉ်အပျက်အစီးများကို ဖုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)


အယ်လ်ဂျီးရီးယားရှိ တောင်ထူထပ်သော အရှေ့မြောက်ပိုင်းတွင် စစ်ဘက်ပို့ဆောင်ရေး လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၁၁ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါခဲ့သော လူ ၇၈ ဦးအနက် တစ်ဦးသာ အသက်ရှင်ပြီး ၇၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် အယ်လ်ဂျီးရီးယားတွင် အဆိုးရွားဆုံး လေကြောင်းမတော်တဆမှု တစ်ခုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အယ်လ်ဂျီးရီးယားတောင်ပိုင်းရှိ ကန္တာရဆန်သော တာမန်ရက်ဆက်ခံတပ်မြို့မှ ကွန်စတန်တိုင်းမြို့သို့ ဦးတည်ခဲ့သည့် C-130 ဟာကျူလီလေယာဉ်တွင် စစ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း ၇၄ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦးတို့ လိုက်ပါခဲ့ပြီး Oum EI Bouaghi ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။ လေယာဉ်သည် မွန်းလွဲဝန်းကျင်၌ ယင်းဒေသရှိ Fertas တောင်ကို ၀င်တိုက်မိခဲ့သည်ဟု စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးဘိုဂူရန်က ပြောကြားခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုနှင့် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုတို့က လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းများတွင် ပါဝင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


သေဆုံးခဲ့သူအတွက် ၀မ်းနည်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ သုံးရက်ကြာပြုလုပ်မည်ဟု သမ္မတအက်ဘ်ဒယ်လာဇစ်ဘူတီဖလီကာက ကြေညာခဲ့သည်။ လုံခြုံရေးရင်းမြစ်များနှင့် အယ်လ်ဂျီးရီးယား မီဒီယာများကမူ ယင်းလေယာဉ်တွင် လူ ၁၀၃ ဦး လိုက်ပါခဲ့သည်ဟု ကနဦးတွင် ဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျသည့်နေရာတွင် အမျိုးသမီးရုပ်အလောင်း လေးလောင်းအပါအ၀င် ၇၆ လောင်းကို ဖေဖော်ဝါရီ ၁၁ ရက်ညနေတွင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်။ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သော အသက်ရှင်ကျန်ခဲ့သူကို မြို့တော်အရှေ့ဘက် ကွန်စတန်တိုင်းမြို့ရှိ စစ်ဘက်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Ref:AFP

အိန္ဒိယလူငယ် အများစုက အစိုးရ အပြောင်းအလဲကို လိုလားကြောင်း စစ်တမ်းများဖော်ပြ



ဖေဖော်ဝါရီ ၉ ရက်တွင် ကိုကတ္တားမြို့၌ အိန္ဒိယကွန်မြူနစ်ပါတီ ပြုလုပ်သော စုဝေးမှုသို့ တက်ရောက်လာသည့် အိန္ဒိယလက်ဝဲယိမ်းဝါဒီ တက်ကြွလှုပ်ရှားသူများ (Photo:AFP)


အိန္ဒိယနိုင်ငံရှိ လူငယ်ထက်ဝက်ကျော်သည် အခွင့်အရေးရရှိပါက အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချမည်ဖြစ်ကာ လူငယ်ရာခိုင်နှုန်း ၈ဝ သည် အစိုးရအပြောင်းအလဲ လိုလားနေကြောင်း အမျိုးသားရွေးကောက်ပွဲ မကျင်းပမီ လအနည်းငယ်အလိုတွင် ကောက်ယူခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။

နိုင်ငံရေးသမားများ၏ ကလေးများသည် နိုင်ငံရေးလောကသို့ မဝင်ရောက်သင့်ဟု ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက ပြောကြားခဲ့ပြီး အိန္ဒိယ၏ထင်ရှားသော နိုင်ငံရေးမျိုးဆက်နှင့် ကွန်ဂရက်ပါတီအတွက် မဲဆွယ်ရေးတွင် ဦးဆောင်နေသည့် ရာဟူးဂန္ဒီကို ရည်ညွှန်းခဲ့သည်။ ရာဟူးဂန္ဒီသည် ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်မရှိကြောင်း သိရသည်။

The Economist မဂ္ဂဇင်းနှင့် Nimbuzz မိုဘိုင်းဖုန်း မက်ဆေ့ဆော့ဖ်ဝဲလုပ်ငန်းတို့က စမတ်ဖုန်းအသုံးပြုသူ လူငယ်များကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ယင်းစစ်တမ်းအရ အာဏာရကွန်ဂရက်ပါတီသည် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်နိုင်သော နိမိတ်ဆိုး နောက်တစ်ခုလည်းဖြစ်သည်။ ထက်မြက်သော ခေါင်းဆောင်ကသာ အိန္ဒိယ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းက ပြောကြားခဲ့သည်။ ယင်းခေါင်းဆောင်သည် အတိုက်အခံ BJP ပါတီခေါင်းဆောင် နာရင်ဒရာမိုဒီကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်ဟု The Economist က ဖော်ပြခဲ့သည်။ ယခုစစ်တမ်းတွင် Nimbuzz က သုံးစွဲသူများကို မေးခွန်း ၁၂ ခု မေးမြန်းခဲ့ကြောင်း သိရသည်။

စစ်တမ်းဖြေဆိုသူ လူငယ်ရာခိုင်နှုန်း ၈ဝ ကျော်က လာမည့်ရွေးကောက်ပွဲတွင် မဲပေးမည်ဟု ဖြေကြားခဲ့သည်။ အိန္ဒိယတွင် ပထမဆုံးအကြိမ် မဲပေးမည့် အသက် ၁၈ နှစ်မှ ၂၂ နှစ်ကြားရှိ လူငယ်ဦးရေသည် သန်း ၁၂ဝ ရှိသည်။ နောက်ဆုံးအကြိမ် ရွေးကောက်ပွဲကို ၂ဝဝ၉ ခုနှစ်က ကျင်းပခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီကြီးများသည် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လူငယ် ၇၁ ရာခိုင်နှုန်းက လက်ခံကြသဖြင့် ခြစားမှုတိုက်ဖျက်ရေး Aad Aadmi ပါတီကဲ့သို့ သက်တမ်းနု ပါတီများအတွက် နိမိတ်ကောင်းတစ်ခု ဖြစ်ခဲ့သည်။ Aad Aadmi ပါတီသည် ဒီဇင်ဘာလက ကျင်းပခဲ့သော ပြည်နယ်ရွေးကောက်ပွဲများတွင် ဒေလီပြည်နယ်၌ အနိုင်ရရှိခဲ့သည်။

Ref:AFP

အမေရိကန်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အစီရင်ခံစာကဖော်ပြ


ဖေဖော်ဝါရီ ၁၁ ရက်က ဆိုချီဆောင်းရာသီ အိုလံပစ်ပွဲတွင် သတင်းရယူနေသော ဓာတ်ပုံသတင်းထောက်များ (Photo:AFP)


ပြီးခဲ့သည့်နှစ်က ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမှုများကြောင့် မီဒီယာလုပ်ငန်းအတွက် စိုးရိမ်မှုများရှိခဲ့ပြီး အမေရိကန်ကဲ့သို့ ဒီမိုကရေစီနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခံရမှု မြင့်တက်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် အဆိုပါအဖွဲ့၏ World Press Freedom Index နှစ်ပတ်လည် အစီရင်ခံစာတွင် စာနယ်ဇင်းလွတ်လပ်ခွင့်အား နိုင်ငံတော်လုံခြုံရေး လိုအပ်ချက်များအရဟုဆိုကာ ပိုမိုချဲ့ကားပြီး ရန်လိုသောလုပ်ရပ်များဖြင့် ကမ္ဘာအနှံ့ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာကြောင်း သတိပေး ဖော်ပြထားသည်။

ယင်းကဲ့သို့သော လုပ်ဆောင်ချက်များတွင် အမေရိကန်နိုင်ငံ အနေဖြင့် ထောက်လှမ်းရေး အချက်အလက်များအား ဖွင့်ချခဲ့သည့် အက်ဒဝပ်စနိုးဒင်အား လိုက်လံဖမ်းဆီးနေမှု၊ ဝီကီလိခ်သတင်းပေး ဘရက်ဒလေမန်နင်းအား ပြစ်ဒဏ်ချမှတ်ခဲ့မှုနှင့် အေပီသတင်းဌာနမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို လျှို့ဝှက်ခိုးယူမှုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ယမန်နှစ်အတွင်းက သိသိသာသာ ကျဆင်းသွားပြီး နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၄၆ သို့ ကျဆင်းသွားသည်။

“သူတို့ကိုယ်သူတို့ ဒီမိုကရေစီနိုင်ငံကြီးတွေ၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာတယ်လို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ နိုင်ငံကြီးတွေဟာ စံနမူနာအဖြစ် မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားတွင် ၂ဝ၁၁ ခုနှစ်၊ မတ်လမှ စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းတိုက်ခိုက်မှုများကြောင့် မီဒီယာနယ်ပယ်တွင် လုပ်ကိုင်သူ ၁၃ဝ သေဆုံးသွားခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်း ဂျာနယ်လစ်အများဆုံး သေဆုံးခဲ့ရသည့်နိုင်ငံဖြစ်သည်။

World Press Freedom Index တွင် ဆီးရီးယားသည် အဆင့် ၁၇၇ နေရာ၌ ရှိနေခဲ့ပြီး မီဒီယာသမားများကို ပြန်ပေးဆွဲဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း RSF က သတိပေးထားသည်။

စစ်ပွဲများသည် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ထိခိုက်စေခဲ့ရာ မာလီနိုင်ငံသည် အဆင့် ၂၂ ဆင့်ကျပြီး ၁၂၂ သို့ ကျဆင်းခဲ့ကာ ဗဟိုအာဖရိက သမ္မတနိုင်ငံသည်လည်း အဆင့် ၄၃ ဆင့်ကျပြီး ၁ဝ၉ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်ဆုံးသုံးနိုင်ငံတွင် ဖင်လန်၊ နယ်သာလန်နှင့် နော်ဝေတို့ ဆက်လက်ရှိနေကြောင်း သိရသည်။ World Press Freedom Index ၏ အောက်ဆုံးအဆင့် နိုင်ငံများမှာ အရှေ့မြောက်အာဖရိကတိုက်မှ အီရစ်ထရီယား၊ မြောက်ကိုရီးယားနှင့် တာ့ခ်မန်နစ္စတန်နိုင်ငံများဖြစ်သည်။

ဗြိတိန်နိုင်ငံသည် အဆင့် ၃ဝ မှ ၃၃ သို့ ကျဆင်းသွားသည်။ အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ၏ သူလျှိုလုပ်ငန်းများကို စနိုးဒင်၏ ထုတ်ဖော်မှုများအား ဖော်ပြခဲ့သည့် ဂါးဒီးယန်းသတင်းစာအား ဗြိတိန်အစိုးရက အရှက်ကင်းမဲ့သော ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း RSF က ပြစ်တင်ရှုတ်ချခဲ့သည်။

အာရှတိုက်တွင် ဂျပန်နိုင်ငံသည် အဆင့်ငါးဆင့် ကျဆင်းကာ အဆင့် ၅၉ ဖြစ်သွားခဲ့သည်။ အတိုက်အခံ ဘလော့ဂါများနှင့် ဂျာနယ်လစ်များအား တားဆီးမှု၊ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသည်လည်း တစ်ဆင့်လျော့ကျကာ အဆင့် ၁၇၅ သို့ ရောက်ရှိသွားကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ်အတွင်း သတင်းထောက်ခုနစ်ဦး သေဆုံးခဲ့သည့် ပါကစ္စတန်သည် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံးနိုင်ငံများတွင် ဆက်လက်ပါဝင်နေခဲ့ပြီး အဆင့် ၁၅၈ ရရှိခဲ့သည်။

Ref:AFP

Related Posts Plugin for WordPress, Blogger...