Friday, November 29, 2013

မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်

မဲဆောက်၊ နိုဝင်ဘာ၂၈။ ။ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့တွင် အသက်၁၂နှစ်အရွယ် မြန်မာရွှေ့ပြောင်းကျောင်း သူလေး နှစ်ဦး အား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး သား မယားပြုကျင့် ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရသည်။ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း ၏ ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။အမှုဖြစ်ပွားပုံမှာ စောဒေး ဗစ်က ညစဉ်ညတိုင်း...

အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ယာစောင့် အမျိုးသမီးကို အဓမ္မကျင့်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ အုပ်စု၊ ဂွေကန် (ခေါ်) မျောင်းတော် လှ ရွာနေသူ မ —– အား မိတ္ထီလာ – ဆီးကုန်း အမြန်လမ်း ရဲစခန်းမှ (၃၁၁) ၅ ဖာလုံ ရဲစခန်းခွဲလမ်းတွင် တာဝန်ကျနေသူ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက အဓမ္မ ပြုကျင့် ခဲ့ကြောင်းကို ရပ်မိရပ်ဖများ ကာယကံရှင်နှင့် ရပ်ရွာဥက္ကဋ္ဌတို့က မြန်မာသံတော်ဆင့် သို့ ပြော ကြားခဲ့သည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၃ နာရီခန့်တွင် လမ်း၏ အနောက်ဘက် ကပ်လျက် ဦးလှထွန်းဆိုင်တွင် ဆိုင်ရှင်မရှိ၍ တစ်နေ့...

ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကိုတက်နိုင်ခဲ့လို့ အနည်းငယ်အသက်ရှုချောင်သွားခဲ့တဲ့ တော့တင်ဟမ်နည်းပြ ဗိုအာ့စ်

အင်္ဂလန်ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရှက်ဖွယ်လိလိအရေးနိမ့်ခဲ့ တာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ တော့ တင်ဟမ်နည်းပြဗီးလက်စ်ဗိုအာ့စ်အတွက် ထွက်ပေါက်ဖြစ်စေခဲ့တာ ကတော့ နော်ဝေကလပ်ထရွမ်ဆိုကို အဝေးကွင်းမှာ (၂)ဂိုးပြတ်အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ခြင်းပဲဖြစ် ပါတယ်။ ဒီပွဲရဲ့ ထူးခြားမှုက တော့တင်ဟမ်အတွက် ဒီနှစ်ဘောလုံးရာသီမှာ တစ်ဂိုးမှမသွင်းနိုင်သေးကြတဲ့ ချာရစ်ချက်နဲ့ ဒမ်ဘီလီတို့ တစ်ဂိုးစီသွင်းကာ ဈေးဦးစပေါက်သွားခဲ့ကြခြင်းပါပဲ။...

လက်သင်္ကေတပြ ဘာသာစကားကို ပြောစကားအဖြစ် ဘာသာပြန်ပေးမယ့် လက်ပတ်

လက်သင်္ကေတပြ ဘာသာစကားနဲ့ ပြလိုက်တဲ့ လက်လှုပ်ရှားမှုတွေကို စကားပြောအဖြစ် ဘာသာပြန် ဆက်သွယ်ပေးမယ့် စက်သစ်တစ်မျိုး ထွက်ပေါ်လာပါတယ်။လက်သင်္ကေတပြ ဘာသာစကားသုံး လက်ပတ်ကို အာရှတက္ကသိုလ်က ဒီဇိုင်းနာ ၆ဦးကဖန်တီးခဲ့တာပါ။ အဲ့ဒီ့တက္ကသိုလ်ဟာ ထုတ်ကုန်ဒီဇိုင်းဆုဖြစ်တဲ့ Red Dot Design Concept Award (၂၀၁၃ခုနှစ်) ဆုတွေထဲက တစ်စုကို ရရှိထားပါတယ်။ အဲ့ဒီ့ ပြိုင်ပွဲကြီးဟာ နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး လျှောက်လွှာပေါင်း ၁၅၅၀၀ကို လက်ခံယှဉ်ပြိုင်စေခဲ့တယ်လို့ သိရပါတယ်။လက်သင်္ကေတပြ ဘာသာစကား...

စိတ်ဖိစီးမှုလျှော့ချပေးမယ့် အစားအစာ ၆ မျိုး

သင်အလုပ်ကနေအိမ်ပြန်ရောက်တဲ့အချိန် ချက်ပြုတ်ဖို့အတွက် ပင်ပန်းနွမ်းနယ်တဲ့အကြိမ်ကပိုများမှာပါ။ ကူပြီးချက်ပြုတ်ပေးမယ့်သူရှိရင် သင်ကကံကောင်းတဲ့သူတစ်ယောက်ဖြစ်မှာ ဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ pizza ကတစ်ခုတည်းသောဖြေသိမ့်စရာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုက လူတွေကို ဆိုးဝါးတဲ့အစားအသောက်ရွေးချယ်မှုတွေလုပ်အောင် တွန်းအားပေးပါတယ်။ အသင့်စား အစားအစာတွေကိုလွယ်ကူသက်သာတယ်ဆိုပြီး အလွှန်အကျွံစားသုံးတာဟာ သင့်ရဲ့စိတ်ဖိစီးမှုကို တိုးပွားအောင်လုပ်တာနဲ့အတူတူပါပဲ။ ဘာလို့လဲဆိုတော့အဲဒီ့လိုမျိုး...

ပတ်ဝန်းကျင်ကို ကယ်တင်ဖို့ အကူအညီလိုပါသလား ?

 ပတ်ဝန်းကျင်ထိန်းသိမ်းရန် စွမ်းအင်အသုံးပြုမှု လျော့ချပါ။ ဒီအချက်လေးတွေကို လေ့လာကြည့်ရင်တော့ ပြောသလောက် မခက်တာကို တွေ့နိုင်ပါတယ်။ ကဲ စလိုက်ကြရအောင်။(၁) လျှပ်စစ်နဲ့အသုံးပြုရတဲ့ပစ္စည်းမှန်သမျှကို မလိုအပ်ရင်၊ မသုံးသေးရင် ပိတ်ထားပါ။ မီးချောင်း၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ ပရင်တာ အစရှိတာတွေပေါ့။(၂) ပလပ်ပေါက်ကို ဖြုတ်ထားပါ။ အားသွင်းကြိုး တွေဟာ “phantom” စွမ်းအင်တွေကို ဆွဲယူ နေကြပါတယ်။ application တစ်ခု သုံးအပြီး ပြန်ပိတ်လိုက်ချိန်မှာအောင် စွမ်းအင်ကတော့...

ရေခဲမြစ် ရေခဲတွေ အရည်ပျော်ကျပြီး ဆူညံသံကြီးထွက်

ရေခဲမြစ် ရေခဲတွေဟာ ပင်လယ်ထဲကို အရည်ပျော်ကျပြီး ပင်လယ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆူညံသံကြီးကို ဖန်တီးနေတယ်လို့ အလာစကာသုတေသီတွေက ပြောပါတယ်။ ရေခဲတွေ အရည်ပျောနေတဲ့ကြားက ပန်းထွက်လာတဲ့ လေဘူစီပေါင်းတွေ ကြောင့် တဖောင်းဖောင်း၊ အက်ကွဲသံတွေထွက်ပေါ်နေပါတယ်။ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာ့ဝင်ရိုးစွန်း ပတ်ဝန်းကျင်တွေကို ကောင်းကောင်းစောင့်ကြည့်နိုင်ဖို့ အထောက်အပံ့ရ စေသလို ရေခဲမြစ်ရေခဲ အရည်ပျော်ကျနှုန်းနဲ့ပတ်သက်ပြီး သဲလွန်စတွေရစေပါတယ် လို့ အလာစကာ တက္ကသိုလ် သုတေသီတွေက...

လေ့ကျင့်ခန်းဆင်းနေရင်း ညို့သကြီးကျိုးသွားခဲ့လို့ ကာလရှည်နားရတော့မယ့် (၃)ဆင့်ခုန်ကမ္ဘာ့ချန်ပီယံ

မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြေးခုန်ပစ်ပြိုင်ပွဲရဲ့ (၃)ဆင့်ခုန်ပြိုင်ပွဲမှာ စုစုပေါင်း (၁၈ .၀၄)မီ တာခုန်ပြီး ချန်ပီယံရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့ ပြင်သစ်နိုင်ငံသား တက်ဒီတမ်ဂဟိုဟာ လေ့ကျင့်ခန်းပြုလုပ်နေ ရင်း မတော်တဆလဲကျကာ ညို့သကြီးရိုးကျိုးသွားခဲ့တာကြောင့် ကာလရှည်ကြာအနားယူရတော့မှာဖြစ်ပါတယ်။ ဒီ လိုဒဏ်ရာရရှိခဲ့မှုကြောင့် သူ့အနေနဲ့ Northern Winter Season လက်ကျန်ပွဲစဉ်များမှာလည်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ “ သူ့ရဲ့ဒဏ်ရာအရှင်းပျောက်ကင်းမှပဲ...

အမျိုးသမီးများအား ချဉ်းကပ်ရာဝယ် သတိထားသင့်တဲ့ အမှား(၆)ခု

တချိန်တုန်းက မင်းမှာ ရွေးချယ်သင့်တဲ့အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးမယ်။ သူမမင်းကို လှမ်းကြည့်ပြီး ပြုံးပြတဲ့အချိန်မှာလည်း ရာခိုင်နှုန်း ၅၀လောက် မင်းအတွက် အခြေအနေ ကောင်းတယ်ဆိုတာ သိခဲ့လိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ မင်းထင်သလောက်တော့ မလွယ်ကူပြန်ဘူး။ အရက်ဟာ တစ်ခါတစ်ရံမှာ စိတ်လွတ်သွားတတ်ပြီး ပိုကောင်းသွားတတ်သလို ပိုလည်း ဆိုးသွားတတ်တယ်။ အဆုံးသတ်ရလဒ်ဟာ ကြောက်စရာကောင်းသွားတတ်တယ်။ သူမအနေနဲ့ မျက်လုံးချင်းဆုံရမှာ ရှောင်ရှားလာမယ်။...

သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်းတန်းရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။သမိုင်းဖြစ်စဉ်မှာ ယခုပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော်ကြီး ကျောင်းတိုက်ကြီး၏ လက်ရှိဆရာတော် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော်...

Myanmar Microfinance Bank ဖွင့်လှစ်ခွင့် ဗဟိုဘဏ်မှ ရရှိထားပြီး ဒီဇင်ဘာလတွင် ရန်ကုန်မြို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်မည်

အသေးစားငွေချေး လုပ်ငန်းများ လုပ်ကိုင်မည့် Myanmar Microfinance Bank (MMB) ကို သမ၀ါယ မစီးပွားရေး ဗဟိုဌာနတွင် ဇွန် ၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သော်လည်း ဘဏ်လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက်အား စောင့်ဆိုင်းနေပြီး ယခုနှစ် ဒီဇင်ဘာလတွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း Myanmar Microfinance Bank (MMB) ဘဏ်မှ ဒုတိယဥက္ကဋ္ဌ-၁ ဖြစ်သူ ဦးကျော်လင်းက ပြောကြားသည်။Myanmar Microfinance Bank (MMB) အား ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီး ချေးငွေရရှိရန်...

ထိုင်းနိုင်ငံတွင် ကျင်းပသည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကင်းထောက် ကျောင်းသားကျောင်းသူများ တက်ရောက်

ထိုင်းနိုင်ငံတွင်၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကင်းထောက် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် အုပ်ချုပ်သူ နှစ်ဦး အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၂၂ ဦး တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန်အတွက် ၂၀၁၃...

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး ILO အပါအ၀င် ပြည်ပပညာရှင်များနှင့် အလုပ်သမား ၀န်ကြီးဌာန ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံး အခြေခံ လုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် အပါအ၀င် ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်မှ ပညာရှင်များနှင့် ပူးပေါင်းကာ သုတေသန ပြုလုပ်လျက်ရှိပြီး အလုပ်သမား တစ်ဦး၏ စားသောက်မှု ကုန်ကျစရိတ်၊...

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊...

ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ရမ်းဗြဲမြို့ ဒေသခံများ ဆန္ဒပြ

ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားဖြစ်ခွင့် ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ ဆုံးဖြတ်တောင်းဆိုမှုအား နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ဒေသခံများ ဆန္ဒပြကန့်ကွက် ခဲ့ကြကြောင်း သိရသည်။ထိုသို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့သို့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး ခွင့်ပြုချက် ပေးခဲ့ကြောင်းလည်း သိရသည်။ ယင်းအတွက် အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် တရားဝင် ထုတ်ဖော်ပြသသော ဆန္ဒထုတ်ဖော်မှု တစ်ရပ်ဖြစ်ကြောင်းနှင့်...

မန္တလေးမြို့မှ တရုတ်ဈေးကွက်သို့ ဆန်အသစ်တင်ပို့မှု များပြား

မန္တလေးမှ တရုတ်ဈေးကွက်သို့ ယခုလပိုင်းအတွင်း ဆန်အသစ် တင်ပို့မှု များပြားလျက်ရှိကာ ပြည်တွင်း၌ ဆန်အသစ်ဈေးမာ လျက်ရှိကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင်မှ သိရသည်။တရုတ်ဈေးကွက်သို့ ဆန်အသစ်ပေါ်ချိန်၌ မန္တလေးအပြင် ရန်ကုန်၊ ပြည်နှင့် မြစ်ဝကျွန်းပေါ် ဒေများမှ ဆန်ကုန်သည်များလည်း တိုက်ရိုက်တင်ပို့မှုများ များပြားလျက်ရှိကြောင်း သိရသည်။''တရုတ်ဈေးကွက်က ဈေးငြိမ်နေပေမယ့် ပြည်တွင်းကနေ ဆန်အသစ်တင်ပို့မှု များတယ်လို့ ပြောလို့ရတယ်။ မန္တလေးက ဆန်ကုန်သည်တွေအပြင် အရင်မန္တလေးကနေ တစ်ဆင့်...

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်း တစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ်အတွင်း ကမ်းပြိုမှု အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသဖြင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မကွေးတိုင်းအတွင်း ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ် ရေတက်ကာလမှ ရေကျကာလအထိ ကမ်းပြိုမှုများ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ရွှေ့ပြောင်း ခဲ့ရသောကြောင့် မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ နိုဝင်ဘာ လလယ်ပိုင်းကစ၍ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံများနှင့် အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။မကွေးတိုင်း...

၂၀၁၃-၂၀၁၄ နောက်ထပ် ဖြည့်စွက် ဘဏ္ဍာငွေနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပြုလုပ်မည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံမှုနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ်ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံမှုအား ဥပဒေကြမ်း အနေဖြင့် တင်သွင်းကာ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။''ဒီအစည်းအဝေးက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်...

ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကို အရေးယူမှု အပါအ၀င် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သည့်ပြစ်ဒဏ် ချမှတ်မည်

အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည့်အပြင် ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောသည်။ယခုနှစ်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ်မရောက်သေးသည့် မိန်းကလေးများ မုဒိမ်းမှု ကျူးလွန်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ...

ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ ဖြစ်ပွားနေသည့် အင်းလျားနှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်နှင့် မရမ်းကုန်း မြို့နယ်ရှိ မြကျွန်းသာ ကန်ပေါင်တို့တွင် ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှု ဖြစ်စဉ်များကြောင့် ယင်းအနားယူ အပန်းဖြေနိုင်သည့် ကန်ပေါင်နှစ်ခုတွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့ကြောင်း သိရှိရသည်။ရန်ကုန်တိုင်း...

အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား

အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့်...

မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ နီးပါးအထိ ရောက်ရှိလာ

နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန် ဒေါ်လာတန်ဖိုးမှာ တက်ရိပ်ပြလာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျင် ကျပ်၉၉၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း ဗဟို ဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ နှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။နိုဝင်ဘာ ၁ ရက်မှ ၈ ရက်ထိ သိမ်ဖြူ ငွေလဲကောင်တာတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၅ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး...

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့် ခုန်တက်ခဲ့ပြန်သည့် မြန်မာ

နိုဝင်ဘာလ အတွက် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ မြန်မာ့ လက်ရွေးစင် အသင်းမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် အဆင့်(၉)ဆင့် ခုန်တက်သွားခဲ့ပြီး အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)နေရာသို့ ရောက်ရှိလာခဲ့သည်။မြန်မာ အသင်းအနေဖြင့် အောက်တိုဘာလ အတွင်းတွင် မည်သည့် ခြေစမ်းပွဲမျှ ကစားခဲ့ခြင်း မရှိသော်လည်း အဆင့်(၉)ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၄၀)သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရပ်တည်မှုမှာ မြန်မာ အသင်းအတွက် အမြင့်မားဆုံး ကမ္ဘာ့အဆင့် ရပ်တည်မှု...

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတသဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိနေ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတ၏ သဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေကြောင်း သိရသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး...

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါသင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက်...

Related Posts Plugin for WordPress, Blogger...