Friday, November 29, 2013

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့် ခုန်တက်ခဲ့ပြန်သည့် မြန်မာ



နိုဝင်ဘာလ အတွက် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ မြန်မာ့ လက်ရွေးစင် အသင်းမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် အဆင့်(၉)ဆင့် ခုန်တက်သွားခဲ့ပြီး အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)နေရာသို့ ရောက်ရှိလာခဲ့သည်။

မြန်မာ အသင်းအနေဖြင့် အောက်တိုဘာလ အတွင်းတွင် မည်သည့် ခြေစမ်းပွဲမျှ ကစားခဲ့ခြင်း မရှိသော်လည်း အဆင့်(၉)ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၄၀)သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရပ်တည်မှုမှာ မြန်မာ အသင်းအတွက် အမြင့်မားဆုံး ကမ္ဘာ့အဆင့် ရပ်တည်မှု ဖြစ်ပြီး အာရှ အဆင့်တွင် အဆင့်(၂၂)သို့ ရောက်ရှိစေကာ အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)သို့ ရောက်ရှိသွားစေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ သတ်မှတ်ချက်တွင်လည်း မြန်မာ အသင်းမှာ အဆင့်(၁၃)ဆင့် ခုန်တက်ခဲ့သည့် အတွက် အံ့အားသင့်ခဲ့ ရသေးသည်။ ထိုစဉ်ကလည်း မြန်မာ အသင်းမှာ ဟောင်ကောင် အသင်း တစ်သင်းတည်းနှင့်သာ ခြေစမ်းပွဲ တစ်ပွဲ စက်တင်ဘာလ အတွင်း၌ ကစားခဲ့ပြီး အဆင့်ခုန်တက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်း၏ အထက်တွင် အာဆီယံ ဒေသတွင်း နံပါတ်(၁) အသင်းအဖြစ် ဖိလစ်ပိုင် အသင်းက ရပ်တည်နေကာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် တို့မှာ အဆင့် (၃၊ ၄၊ ၅၊ ၆) နေရာများ၌ အစဉ်လိုက် ရပ်တည်နေကြသည်။

အာဆီယံ ဒေသတွင်း အသင်းများ၏ နိုဝင်ဘာလ အတွက် ကမ္ဘာ့အဆင့် ရပ်တည်မှု

၁၃၃ ဖိလစ်ပိုင် (+၄)
၁၄၀ မြန်မာ (+၉)
၁၄၂ ထိုင်း (+၁)
၁၅၄ စင်ကာပူ (+၁)
၁၅၈ မလေးရှား (+၂)
၁၅၈ ဗီယက်နမ် (-၇)
၁၆၂ အင်ဒိုနီးရှား (-)
၁၆၃ လာအို (+၄)
၁၈၈ ကမ္ဘောဒီးယား (+၁၀)
၁၈၉ ဘရူနိုင်း (+၄)
၁၈၉ အရှေ့တီမော (+၄)

Soccer Myanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...