Tuesday, November 5, 2013

ဘက်တီးရီးယားကို ပြန်စားသုံးနိုင်သော ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့





သိပ္ပံပညာရှင်တွေဟာ ဘက်တီးရီးယားတွေကို စားသုံးနိုင်တဲ့ ဗိုင်းရပ်ပိုးအမျိုးအစားကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတွေမှာ အဓိကရှိနေတဲ့ စူပါပိုး အမျိုးအစားတစ်မျိုး ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်တော့မယ်လို့ သိရပါတယ်။ ဒီသုတေသနကို ဗြိတိန်နိုင်ငံက Leicester University, Univer sity of Glasgowe နဲ့ AmpliPhi ဇီဝသိပ္ပံ ကော်ပိုရေးရှင်းတို့က ပူးပေါင်းလေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။
ဒီလေ့လာမှုမှာ အဓိကပစ်မှတ်ထားပြီး နှိမ်နင်းလိုတဲ့ ဘက်တီးရီးယားပိုးအမည်ကတော့ Clostridium difficile ဖြစ်ပြီး အဲဒီဘက်တီးရီးယားဟာ ဆေးရုံတွေမှာဖြစ်တဲ့ ပိုးဝင်မှုကို အဓိကဖြစ်စေပါတယ်။ နောက်ပြီး ဆေးရုံကတော်ရုံတန်ရုံ ပိုးသတ်မှုဒဏ်ကို ခံနိုင်ရည်ရှိလို့ စူပါပိုး (super -bug) လို့လဲခေါ်ဆိုကြပါတယ်။ ဒီလို အစွမ်းထက် ဘက်တီးရီးယားတွေကို စားသုံးနိုင်တဲ့ ဗိုင်းရပ်ပိုးအမည်ကတော့ bacteriophages ဖြစ်ပြီး အဓိပ္ပာယ်ကတော့ ဘက်တီးရီးယား စားသုံးသူများပဲ ဖြစ်ပါတယ်။

လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သုတေသီ Dr.Martha Clokie က“ဒါဟာပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတွေကို ကာကွယ်နိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုဖြစ်ပြီး ပဋိဇီဝဆေးဝါးတွေအပြင် တခြားရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။ ဆေးဝါးတွေနဲ့ မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်ပိုးတွေဟာ သူတို့သတ်ပစ်ရမယ့် ဘက် တီးရီးယားကို ရွေးချယ်သေဆုံးစေနိုင်ပြီးအခြား ခုခံအားဆဲလ်တွေကိုတော့ မသတ်ပစ်ပါဘူး။ ဘက်တီးရီးယားကို ကုတ်တွယ်ပြီးနောက်မှာ သူတို့ရဲ့ဒီအင်အေကို ထိုးသွင်းလိုက်ပါတယ်။ ဘက်တီးရီးယားအတွင်းမှာ အကြိမ်ပေါင်းများစွာပွားပြီး နောက်ဆုံးမှာ သူတို့ဝင်ရောက်ထားတဲ့ ဘက် တီးရီးယားဟာ ပွင့်ထွက်ပြီး သေဆုံးသွားပါတယ်” လို့ ရှင်းပြထားပါတယ်။

သုတေသနအဖွဲ့ဟာ ဒီbacteriophages ဗိုင်းရပ်ဟာ အစွမ်းထက် C.difficile ဘက်တီးရီးယားတွေရဲ့၉၀%ကို သေစေနိုင်တယ် ဆိုတာဓာတ်ခွဲစမ်းသပ်မှုတွေနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယင်းဗိုင်းရပ်ပိုးတွေဟာ အဲဒီဘက်တီးရီးယားကိုသာ သေစေနိုင်ပြီး အူတွင်းက သဘာဝ အတိုင်းတည်ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုတော့ နှိမ်နင်းမှုမရှိတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဗိုင်းရပ်ပိုးကို ပဋိဇီဝဆေး အာနိသင်အတိုင်း အသုံးပြုနိုင်ဖို့ကိုတော့ Dr.Clokie့နဲ့အဖွဲ့က ဆက်လက်လေ့လာနေပါတယ်။

သင်သွေးလှူ၊ သွေးသွင်းတော့မည်ဆိုလျှင် ဒါတွေကို သိထားပေးပါ






- ဆေးရုံတက်တဲ့ လူဆယ်ယောက်မှာ တစ်ယောက်ဟာ သွေးသွင်းရပါတယ်။
- အိန္ဒိယနိုင်ငံသား ၆၀%ဟာ သွေးလှူဖို့အတွက် သင့်တော်ပါတယ်။ ဒါပေမယ့် အဲဒီဦးရေရဲ့ ၁%သာ သွေးလှူနေကြပါတယ်။

- အသက်၁၈နှစ်အထက်နဲ့ အသက် ၅၈နှစ်အောက် ကျန်းမာသူတိုင်းဟာ ကိုယ်အလေးချိန် 40kg ရှိရင် သွေးလှူလို့ရပါတယ်။

- သွေးလှူတဲ့သူ ၉၀%ဟာ အမျိုးသားတွေပဲ ဖြစ်ပါတယ်။

- ကိုယ်အလေးချိန်ရဲ့ ၇%ဟာ သွေးဖြစ်ပါတယ်။ ကိုယ်အလေးချိန် 1kg ရှိတိုင်း သွေး 70ml ရှိတယ်ဆိုတဲ့ သဘောပါ။

- သွေးဟာ ကိုယ်ထဲမှာ ၁၀ပိုင့် လောက်ရှိပြီးသွေးတစ်ခါလှူရင် ၁ပိုင့် လောက်ပဲ ထုတ်ရတာဖြစ်ပါတယ်။
- ကျန်းမာသူတိုင်း သုံးလတစ်ကြိမ် သွေးလှူလို့ရပါတယ်။

- သွေးအုပ်စု – အေ၊ဘီ၊အေဘီနဲ့ အို လေးမျိုးကို Dr.Karl Land Steinerက ၁၉၀၁ခုနှစ်မှာ စတင် တွေ့ရှိခဲ့ပါတယ်။

- တကမ္ဘာလုံးမှာ အများဆုံး သွေးအုပ်စုကတော့ O+ ပဲဖြစ်ပြီး အိန္ဒိယ နိုင်ငံမှာတော့ B+ က အများဆုံးဖြစ်ပါတယ်။

- အေဘီအပေါင်း သွေးအုပ်စုဟာ ဘယ်သွေးအုပ်စုကိုမဆို လက်ခံနိုင်ပြီး အိုအနုတ်သွေးကတော့ ဘယ်သွေးအုပ်စုကိုမဆို လှူဒါန်းနိုင်တဲ့ သွေးအုပ်စုဖြစ်ပါတယ်။

- သွေးတစ်ခုလုံးရယ်၊ သွေးနီဥရယ်ဟာ သက်တမ်း ပျမ်းမျှ၃၅ရက်ရှိပြီး သွေးဥမွှား (platelets) လေးတွေ သီးသန့်သွင်းရမယ်ဆိုရင်တော့ သုံးရက်ကနေ ငါးရက်အတွင်း အသုံးပြုရပါတယ်။


သက်ကို

ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် လူသတ်တရားခံအား ဖမ်းလာသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ ကားကို KIA က မိုင်းခွဲတိုက်ခိုက်




နိုဝင်ဘာ ၄ ရက်နေ့က မန်စီ စခန်းမှူး ရဲအုပ် ဇော်လေးဦးစီးပြီးတော့ အင်အား ၁၀ ဦးပါဝင်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ လူသတ်တရားခံ ၄ ဦးကို ကားဖြင့်ဖမ်းဆီး
ခေါ်ဆောင်လာစဉ် လမ်းမှာ KIA အဖွဲ့ ကနေပြီး ရီမုမိုင်းဖြင့် ယာဉ်တန်းကို မိုင်းခွဲ
တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲအုပ် ဇော်လေးဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်များသည် မန်ဝိန်းလေးနဲ့ ကုန်းတိမ်ကျေးရွာမှ
လူသတ် တရားခံ ၄ ဦးကို ကားဖြင့် မန်စီသို့ ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းမှာ KIA
အဖွဲ့က ရီမုမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ
ရမှုမရှိသော်လည်း ကားမှာ အနည်းငယ်ပျက်စီးသွားကြောင်းသိရှိသည်။

အစိုးရမှ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ရေးဆွေးနွေး
နေချိန်တွင် KIA ၏ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအပေါ်
ယင်းကဲ့သို့ တိုက်ခိုက်နေမှုများနှင့် အများပြည်သူသွားလာနေသည့် လမ်းအပေါ် မိုင်းထောင်တိုက်ခိုက်နေမှုများက ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအပေါ် ထိခိုက်စေနိုင်
ကြောင်း မန်စီဒေသခံများမှ ပြောဆိုလျက်ရှိကြောင်း သိရသည်။
By Kachin News

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တော်ပြန်ခရီးအပေါ် သူတို့အမြင်





အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် တတိယအကြိမ်မြောက် ဥရောပငါးနိုင်ငံသို့ သွားရောက်သော ခရီးစဉ်မှ နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် TG303 ထိုင်းလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သူမ၏ ပါတီဝင်များကသာ လာရောက်ကြိုဆိုခဲ့ကြပြီး ယခင်ခရီးစဉ်များကဲ့သို့ လူအများအပြားလာရောက်ကြိုဆိုကြခြင်းမျိုး မတွေ့ရကြောင်း ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့သူ NLD ပါတီဝင်တစ်ဦးက ပြောသည်။

"အမေ ဒီတစ်ခါပြန်လာတော့ အဓိကအားဖြင့်တော့ လေဆိပ်မှာ ကျမတို့ ပါတီဝင်တွေပဲ ကြိုကျတာပေါ့နော်။ အရင်လို လူများတာတော့ မတွေ့ရဘူး။ ဘာလို့လဲလို့တော့ မပြောလိုပါဘူး" ဟု မင်္ဂလာတောင်ညွန့်မှ အဆိုပါ NLD ပါတီဝင် တစ်ဦးကပြောသည်။

ယခုကဲ့သို့ ယခင်နိုင်ငံတကာခရီးစဉ်များမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လာတိုင်း တခဲနက်ကြိုဆိုမှုမျိုး
မတွေ့ရသည့်အပေါ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်သို့ ထွက်ခွာမည့် ခရီးသည်တစ်ဦး၏အမြင်ကို မေးမြန်းကြည့်ရာ

ဒေါ်အောင်ဆန်းစုကြည် အပေါ် အရင်ကတော့ ကျနော်တို့ ပြည်သူတွေမျှော်လင့်ထားကြတာပေါ့နော်။
တိုင်းပြည်အတွက် အမှန်တကယ်ကောင်းအောင်လုပ်ပေးနိုင်မယ်လို့ပေါ့။
ဒါပေမယ့် သူနိုင်ငံတကာကို ခရီးထွက်တိုင်း ဟိုကပေးတဲ့ ဆုတွေတော့ ယူလာတယ်။ ပြည်ပ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အကူအညီပေးဖို့ တောင်းဆိုတာမျိုး မတွေ့ရဘူး။ အခြေခံဥပဒေပြင်ပြီး သမ္မတဖြစ်ဖို့ အတွက်ပဲ ဇောင်းပေးပြီးတော့ ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု
လျော့ကျလာပြီး အရင်လို ကြိုဆိုမှုတွေ မတွေ့ရတော့တာ ထင်ပါတယ်" ဟု ၎င်း၏ အမြင်ကို
ပြောပြသွားသည်။

ဆက်လက်၍ ခရီးသည်တစ်ယောက်ကပင်
" အရင်ကတော့ ဒေါ်စု ပြန်လာရင် ၀ိုင်းကြိုကြတာပေါ့။
ခုတော့ လူတွေက သတိထားမိလာတာလည်းပါမှာပေါ့။ နိုင်ငံခြားက
ဆုတွေတော့ ရရလာတယ်။ သမ္မတကြီးနိုင်ငံခြား သွားသလိုမျိုး
ပြန်လာရင် တိုင်းပြည်အတွက် ပါလာတာမျိုးမတွေ့ရတော့ လူထုထောက်ခံမှု နည်းလာတယ်ထင်ပါတယ်"
ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန်အတွက် ဥရောပသမဂ္ဂနှင့် အီးယူ ခေါင်းဆောင်များက မြန်မာနိုင်ငံအပေါ်ဖိအားပေးရန် လိုကြောင်းကို သူမရောက်ရှိခဲ့သည့် နိုင်ငံများတွင် အဓိကထား ပြောဆိုခဲ့သည်။

ဆီးဂိမ်းစ် အတွက် Wi Fi အခမဲ့ ထုတ်လွှင့်ခြင်း ကို နိုဝင်ဘာ လ ဒုတိယ ပတ် အတွင်း စတင်မည်



Tuesday, 05 November 2013

Red Link နည်းပညာ ကုမ္ပဏီ အနေဖြင့် ဆီးဂိမ်းစ် ကာလ အတွင်း အင်တာနက် အခမဲ့ အ သုံးပြု နိုင်ရန် Wi Fi များ ထုတ်လွှင့် ပေးသွားမည် ဖြစ်ပြီး ထိုကဲ့သို့ Wi Fi အခမဲ့ ထုတ်လွှင့် ပေး မှုများ ကို နိုဝင်ဘာ ဒုတိယ ပတ်မှ စတင် ၍ စမ်းသပ် ထုတ်လွှင့် ပေးသွားမည် ဖြစ်ေ ကြာင်း Red Link ကုမ္ပဏီ ၏ ဈေးကွက် မန်နေဂျာ ဦးမျိုးဝင်းညွှန့် က ၄ - ၁၁ - ၂၀၁၃ ရက် တွင် ပြော သည်။ ထိုသို့ Wi Fi ထုတ်လွှင့်မှု များ အတွက် ဆီးဂိမ်းစ် ကာလ အတွင်း လာရောက် ကြမည့် ဧည့်သည် များ အတွက် နိုင်ငံ တကာ အဆင့်မီ အသုံးပြု နိုင်ရန် Upload Speed နှင့် Download Speed များကို အမြင့်ဆုံး ပေးနိုင် မည့် အခြေအနေများကို စမ်းသပ်သွား ရမည် ဖြစ်ကြောင်း သိရသည်။

“၄၄ နှစ် ကြာမှ အိမ်ရှင်အဖြစ် ပြန်ကျင်းပ ခွင့် ရတဲ့ ဒီပွဲတော်ကြီး မှာ ပြည်ပ နိုင်ငံတွေနဲ့ တန်း တူ ဖြစ်အောင် ဆောင်ရွက် ပေးသွား မှာပါ။ Wi Fi ထုတ်လွှင့် ပေးနိုင် မယ့် အမြန်နှုန်းထားတွေ ကိုတော့ နိုဝင်ဘာလ ဒုတိယပတ် လောက်မှာ စမ်းသပ် သွားပြီး စတင် ထုတ်လွှင့် ပေးသွား မှာ ဖြစ် ပါတယ်။ လာရောက် ကြမယ့် ဧည့်သည် တွေ အင်တာနက် ကို သုံးရတာ အဆင်ပြေ စေမ ယ့် မြန်နှု န်းတွေ နဲ့ အသုံးပြု နိုင်ဖို့ အတွက် ဆောင်ရွက် ပေးသွား မှာပါ” ဟု ဦးမျိုးဝင်းညွှန့် က ပြောသည်။

ဆီးဂိမ်း ကာလ အတွင်း Wi Fi အခမဲ့ ထုတ်လွှင့် ပေးခြင်းများကို အားကစား ပြိုင်ပွဲ ကျင်းပရာ မြို့ ကြီးများ ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် ငွေဆောင် တို့တွင် ထုတ်လွှင့် ပေးသွား မည် ဖြစ်ပြီး ငွေဆောင် တွင် လျှပ်စစ်မီး မရရှိသည့် နေရာများ ရှိနေသည့် အတွက် ထိုကာလ အတွင်း Wi Fi အသုံးပြု နိုင်ရန် လျှပ်စစ် ဓာတ်အား ထုတ်လွှင့် ပေးမှုများ ကိုပါ ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ

ရေငုပ်သင်္ဘော အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ



အမေရိကန်ဟာ ၂၁ ရာစုမှာ ရေငုပ်သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ခုအဖြစ် စံချိန်တင်ခဲ့ ပါတယ်။ ဆိုဗီယက် (ရုရှား) ကိုကျော်ဖြတ် ခဲ့ခြင်း ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် စစ်သုံး ရေငုပ်သင်္ဘော အဘီးရေ ၇၀၀ ကျော် တည်ဆောက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်းမျှသော အရေအတွက်ကို အသုံးပြုနေ ဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစီးရေ ၅၀၀ ကျော်ဟာ တိုက်ပွဲများအတွက် အဆင်သင့် ရှိနေပြီး လိုအပ်ရင် အင်အားနဲ့ ၂ ဆကို အချိန်တိုအတွင်း တိုးချဲ့ နိုင်ကြောင်း အမေရိကန်တို့ ကြေညာခဲ့ဖူး ပါတယ်။

ပုံမှာ မြင်တွေ့နေရတာကတော့ ယခု ရက်ပိုင်းလေးတင် အသစ်တည်ဆောက် လို့ ပြီးသွားတဲ့ နျူကလိယ စွမ်းအင် သုံး ရေငုပ် သင်္ဘော ဖြစ်ပါတယ်။ အများစုက နျူကလိယ စွမ်းအင်သုံးရေငုပ်သင်္ဘောများ ဖြစ်ပါတယ်။ ဒါတောင် ကနေဒါ၊ နော်ဝေတို့လို နိုင်ငံကို ရောင်းချ တဲ့ ရေငုပ် သင်္ဘော အရေ အတွက်ကို ထည့်တွက်ထားခြင်း မရှိပါဘူး။

ရေငုပ်သင်္ဘောအစီးရေအများဆုံး ပိုင်ဆိုင်ထားမှုကလည်း အမေရိကန်ကို ကမ္ဘာ့ စစ်အင်အား အကြီးဆုံး နိုင်ငံ တစ်ခုအဖြစ် အသိအမှတ်ပြုစေကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

အိန္ဒိယတွင် ခရီးသည်များကို ရထားဝင်တိုက် ရှစ်ဦးသေ



[၊ နယူး ဒေလီ ၊Tuesday, 05 November 2013 ]

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ အမြန်ရထားတစ်စီးက ခရီးသည် များအကြားသို့ ဝင်ရောက်တိုက်မိ ခဲ့သည်။ ခရီးသည်များမှ ရထား မီးလောင်သည်ဆို၍ ရထားတွဲ ထဲမှ ထွက်ပြေးကြစဉ် ယခုကဲ့သို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

ရထား တိုက်၍ အနည်းဆုံး ရှစ်ဦးသေ ဆုံးကြောင်း သက်ဆိုင်ရာမှပြော ကြားခဲ့သည်။အန္ဒရာပရာဒတ်ရှ်ပြည်နယ် ဂို့လမ်ဘူတာ၌ တိုက်မိခဲ့ခြင်းဖြစ် ပြီး လူများစွာလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ရထားတွဲမီးလောင်မှုဖြစ်ပွား သည်ဟု ကောလာဟလသတင်း များပေါ်ထွက်ပြီးနောက် ရထား ပေါ်မှ ခရီးသည်များ ရထားလမ်း ပေါ်သို့ ပြေးလွှားဆင်းလာကြစဉ် အမြန်ရထားက တိုက်မိခဲ့ခြင်းဖြစ် သည်။

အလက်ပီ- ဒမ်ဘက်အမြန် ရထားက အရေးပေါ်ရထားတွဲမှ ခရီးသည်များအား ဆင်းပြေးလာ ကြစဉ် ရိုင်ဂါ- ဗီဂျေဝါဒရထားက အခြားလမ်းမှလာစဉ် ဖြတ်၍တိုက် ခဲ့ခြင်းဖြစ်ကြောင်း မီးရထားဌာန မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျေ ပီမီရှရာက အိန္ဒိယရုပ်သံဌာနသို့ ပြောပြခဲ့သည်။

Ref-AFP 

စင်ကာပူတွင် ကျောက်ကပ်ပျက်စီးသောလူနာများလာ



[ စင်ကာပူ ၊ Ref- Starit Times ၊Tuesday, 05 November 2013 ]

စင်ကာပူနိုင်ငံတွင် ကျောက် ကပ်ပျက်စီးသူဦးရေ တိုးလာခဲ့ပြီး ကျောက်ကပ်ပျက်စီးနိုင်သော လူ နာများလည်း များစွာရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။နောက်ဆုံးအကြိမ် ကျောက် ကပ်စစ်ဆေးမှုသတင်းများအရ ကျောက်ကပ်ပျက်စီးသောဖြစ် စဉ်များမှာ လွန်ခဲ့သောဆယ်နှစ် ကထက် ၆၄ရခုထိ တိုးလာခဲ့ပြီး ယမန်နှစ်က ကျောက်ကပ်ပျက် စီးသောဖြစ်စဉ် ၉၁၃ခုရှိခဲ့သည်။

သွေးစစ်ဆေးသူဦးရေလည်း မြင့် တက်လာခဲ့ပြီး ယခင်နှစ်များထက် ၄၈၉၅ဦး တိုးလာခဲ့ကာ တစ်ဝက် ကျော်ခန့်မှာ အမျိုးသားများဖြစ် ကြောင်း သိရသည်။
''ကျွန်တော်တို့စစ်ဆေးချက် တွေဟာ သွေးစစ်ဆေးတဲ့လူနာ တွေကို အခြေခံပြီး ပေါ်ထွက် လာတာပါ''ဟု ချန်ဂီအထွေထွေ ရောဂါကုဆေးရုံ ကျောက်ကပ် ဌာနမှ ဒေါက်တာချွန်ချန်ယင်က ပြောခဲ့သည်။

ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆု ရန်ကုန်တွင်ပြသမည်




[ ညီသစ်လူ ၊ ရန်ကုန် ၊ Tuesday, 05 November 2013 ]

ဆီးဂိမ်း ပြိုင်ပွဲအပြီးတွင် ကမ္ဘာ့ဖလား ချန် ပီယံဆုအား ကိုကာကိုလာကုမ္ပဏီ ၏စီစဉ်မှုဖြင့် ရန်ကုန်မြို့၌ပြသ မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ယင်းကဲ့သို့ပြသနိုင် ရန်အတွက် ဖီဖာ၏ အဓိကစပွန် ဆာ ကိုကာကိုလာကုမ္ပဏီမှ မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အောက်တိုဘာ ၃ဝရက်တွင် လာ ရောက်တွေ့ဆုံညှိနှိုင်းခဲ့သော် လည်း လက်ရှိတွင် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရန်နီးကပ်နေသည့်အတွက် အရှေ့တောင်အာရှအားကစားပွဲ တော်ပြီးမှသာ ပြသမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီ ယာဌာနမှ ဦးဇော်မင်းထိုက်က ''ဘယ်အချိန်ပြသမယ်ဆိုတာ ညှိ နှိုင်းနေတုန်းပဲရှိသေးတယ်။ တ ကယ်လို့ ပြသဖြစ်ရင် သုဝဏ္ဏအ မျိုးသားအားကစားရုံ(၁)မှာ ထား ရှိပြီး အခမဲ့ပြသမယ်''ဟု ၎င်းက ပြောသည်။
အဆိုပါကမ္ဘာ့ဖလားကို ရန်ကုန်မြို့သို့သယ်ဆောင်ရာတွင် ကိုကာကိုလာကုမ္ပဏီမှ အထူးလေ ယာဉ်ဖြင့်သယ်ယူကာ သုဝဏ္ဏ ကွင်းအရောက် ထားရှိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလားချန်ပီယံဆုကို ရန်ကုန်မြို့တွင်ပြသနိုင်ရေးနှင့် ပတ်သက်၍ ကိုကာကိုလာမှတာ ဝန်ရှိသူက''လာမယ်ဆိုတာက သေ ချာပါတယ်။ မကြာခင်ရက်ပိုင်း အတွင်းမှာပြသမယ့်အစီအစဉ် နဲ့ပတ်သက်ပြီး အသေးစိတ်သတင်း ထုတ်ပြန်ပေးသွားမယ်''ဟု ၎င်းက ပြောသည်။ယင်းကမ္ဘာ့ဖလားကို ဖီဖာ မှ နိုင်ငံပေါင်း၂၀ဝကျော်သို့လှည့် လည်ပြသလေ့ရှိပြီး မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာရာတွင် ဖီဖာ၏အ ဓိကစပွန်ဆာကုမ္ပဏီတစ်ခုဖြစ် သည့် ကမ္ဘာကျော်ကိုကာကိုလာ လည်းပါဝင်လာရာ မြန်မာနိုင်ငံ သို့ ဝင်ရောက်ပြသနိုင်ရန်စီစဉ် ခြင်းဖြစ်သည်။

အပျော်တမ်းဖူဆယ်ကလပ် အသင်းဖွဲ့စည်းထားသူ ကိုကောင်း မြတ်က ''ဒီလိုမျိုးဆုဖလားကို တခြားနိုင်ငံတွေမှာ လာရောက် ပြသလေ့ရှိတာကိုသိပေမယ့် အ ခုလိုမျိုး သူများနိုင်ငံတွေနည်းတူ ပြသနိုင်တာကို ဝမ်းသာပါတယ်။ ဖလားနဲ့အမှတ်တရဓာတ်ပုံရိုက် ကူးခွင့်ရရင်တော့ သိပ်ကောင်း မယ်''ဟု ၎င်းက ပြောသည်။

ကမ္ဘာ့အဆိပ်ပြင်း ပင့်ကူများကို ကုန်တိုက်ပေါ်မှ ငှက်ပျောသီးများတွင် တွေ့ရှိရ



[ ၊ ဗြိတိန် ၊Tuesday, 05 November 2013 ]

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။ နေရာအတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန်အလယ်ပိုင်းနှင့်
တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များတွင်လည်း နေ ထိုင်ကြောင်းသိရပြီး တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။

လန်ဒန်ရှိအိမ်တစ်အိမ် တွင် ငှက်ပျောသီး၏ အသားပေါ် တွင် သေဆုံးနေသော ဘရာဇီး မျိုးစိတ် နယ်လှည့်ပင့်ကူ ဒါဇင် ပေါင်းများစွာကို တွေ့ရှိခဲ့ရ ကြောင်းသိရသည်။ ''အစကတော့ ပုံဖော်ထားတာလို့ထင်ပေမယ့် အနီးကပ်ကြည့်တော့မှ ကြောက် စရာပင့်ကူတွေပဲဆိုတာတွေ့ရ တယ်။ သူတို့တွေက စားပွဲပေါ် မှာ အကောင်ပေါက်နေပြီး ကျွန် မအိမ်ရဲ့ကော်ဇောမှာ ပြေးလွှား နေကြတယ်'' ဟု ကွန်ဆီတေလာ က ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိသော တေလာသည် Sainsbury စူပါမားကက်ဆိုင်ခွဲ မှ သစ်သီးများဝယ်ယူခဲ့ပြီး သူမ ကို အဆိုပါ အဖြစ်အပျက်ကြောင့် နစ်နာကြေးပေါင် ၁၀ တန် ပြေ စာကို ပေးခဲ့သည်။ ပင့်ကူများ သည် သူမနှင့်မိသားစုတို့ကို အ န္တရာယ်ပေးနိုင်ကြောင်းကို တိရ စ္ဆာန်ထိန်းသိမ်းရေးကုမ္ပဏီသို့ ဓာတ်ပုံပို့ချိန်မှသာ သိခဲ့ခြင်းဖြစ် သည်ဟု သူမက ပြောခဲ့သည်။

Ref-Daily Mirror

စစ်တွေမြို့တွင် အခြေချ လုပ်ကိုင်နေကြသော INGO နှင့် NGO များအား ဒေသခံများ အလိုမရှိခြင်းနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

 Created on Tuesday, 05 November 2013


စစ်တွေမြို့တွင် INGO နှင့် NGO များ ရခိုင်ပြည်နယ် အတွင်းမှ ထွက်ခွာရန် ဆန္ဒဖော်ထုတ် နေသည်ကို တွေ့ရစဉ်

စစ်တွေမြို့တွင် အခြေချ လုပ်ကိုင်နေကြသော နိုင်ငံခြား အဖွဲ့အစည်းများဖြစ်သည့် INGO နှင့် NGO များအား ဒေသခံများ အလိုမရှိခြင်းနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများ ကပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ယင်းသို့သွားရောက် တွေ့ဆုံမည့် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ (စစ်တွေ)မှ ဒေသခံများနှင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် အနှံ့အပြားတွင် လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အောင်မြေကုန်း ဆရာတော်က '' ပြည်သူတွေရဲ့ ဆန္ဒကို ၀န်ကြီးချုပ်ဆီ တင်ပြဖို့ လုပ်တာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ ဘာတွေ တင်ပြချင်သလဲ၊ ဖြစ်ချင်သလဲ ဆိုတာကို မေးမြန်းတာဖြစ်တယ်။ ပြဿနာ မဖြစ်ဖို့လိုတယ်။ ပြဿနာဖြစ်ရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။ ဒါကိုဘုန်းဘုန်းတို့က ကြားကနေ ကူညီဖြေရှင်းပေးတာ ဖြစ်တယ်။ နိုင်ငံခြား အဖွဲ့အစည်းတွေ ဘာလုပ်တယ် ဆိုတာ ထင်ရှားစွာပြသဖို့ လိုတယ်။ ဒါကြောင့် ဒေသခံတွေနဲ့ တွေ့ဆုံတာဖြစ်တယ်'' ဟု မိန့်ကြားသည်။

ရှင်းလင်းမိန့်ကြားရာတွင် ပေါက်တောမြို့နယ်၊ ဆင်တက်မော်အုပ်စုရှိ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုးထားသော ဘုရားစေတီ တောင်ပေါ်ရှိ သစ်ပင်၊ ၀ါးပင်များကို လုယူခုတ်ဖြတ် ဖျက်ဆီးခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များ ဟန့်တားရာမှစ၍ ပြဿနာ ဖြစ်ပွားပြီး ရခိုင်အမျိုးသမီး နှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ တစ်ဦးသေဆုံး ခဲ့ရကြောင်း၊ ယင်းအပြင် ကျေးတောအုပ်စု၊ ဗျိုင်းဖြူရွာအုပ်စုတို့တွင် အမျိုးသမီးတို့အား ဆေးကုပေးသည် ဟုဆိုကာ ဆေးများထိုးပေးရာမှ ကိုယ်ဝန်ပျက်ကျသည့် အနေအထားကိုလည်း ကြားမြင်တွေ့ရှိ နေရကြောင်း၊ စစ်တွေမြို့အနှံ့တွင် အိမ်၊ ကား၊ ဂိုဒေါင်တို့အား ဈေးကြီးပေးကာ ငှားရမ်းပြီး ဘင်္ဂါလီနှင့် ပူးပေါင်းလျက် နည်းမျိုးစုံဖြင့် အပျက်လုပ်ငန်းများ ဆောင်ရွက်နေသည် ကိုလည်း တွေ့ရှိရသည်။ သို့ဖြစ်၍ ယင်းကိစ္စရပ်များအပေါ် အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်နယ်ဝန်ကြီးချုပ်သို့ တောင်းဆိုမည် ဖြစ်ကြောင်း ရေးသားထားသည့် စာအား မိန့်ကြားခဲ့သည်။

ဒေသခံများကလည်း စစ်တွေမြို့တွင် INGO နှင့် NGO များအား လုံးဝအလို မရှိတော့ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းမှ အပြီးအပိုင် ထွက်ခွာသွားပေးရန် လိုလားကြောင်း၊ ယင်းသို့မဟုတ်ပါက ကြီးမားသော ပြဿနာများ ထပ်မံဖြစ်ပွား လာနိုင်ကြောင်း ထပ်ဆင့်ဖြည့်စွက် တောင်းဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

EMG

ထူးကုမ္ပဏီပိုင် စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

 Created on Tuesday, 05 November 2013

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ Espace Cafe & Bar စားသောက်ဆိုင် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်

နိုဝင်ဘာ ၄ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်က ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အလယ်ထပ် (ပထမထပ်) လက်ယာဘက် ပြည်တွင်းထွက်ခွာ မှန်တံခါးပေါက် အနီးတွင်ရှိသော Espace Cafe & Bar မှ စားသောက်ဆိုင်၏ ရေခဲသေတ္တာတွင် တပ်ဆင်ထားသော Safe Guard မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရကြောင်း သိရပြီး မီးအပူရှိန်ကြောင့် လေဆိပ်ခေါင်မိုးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို လေဆိပ်အတွင်းရှိ လုံခြုံရေး ရဲအရာရှိနှစ်ဦးမှ မနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီ ၁၅ မိနစ်တွင် လေဆိပ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက် ငြိမ်းသတ်ခဲ့ကာ ၁၂ နာရီ ၄၅ မိနစ်တွင် မီးကို ထိန်းနိုင်ခဲ့ကာ နံနက် ၂ နာရီတွင် မီးငြှိမ်းသတ်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

''ဒီမီးလောင်ကျွမ်းမှုကြောင့် လေဆိပ်ကို ပိတ်ထားမှာ မဟုတ်ဘဲ ဆက်လက်ပျံသန်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းတဲ့ ဆိုင်နဲ့ အနီးတစ်ဝိုက်ကိုတော့ ခရီးသွားဧည့်သည်တွေ အနှောင့်အယှက် မဖြစ်နိုင်အောင် ကာရံပေးထားပါမယ်။ လေဆိပ်က ပျက်စီးသွားတာ တွေကိုတော့ ခုံရုံးဖွဲ့ပြီး တန်ဖိုးကို စစ်ဆေးဆုံးဖြတ် သွားရပါမယ်'' ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးစိုးလွင်က ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်၏ Safe Cuard များကို တပ်ဆင်ထားသည်မှာ တစ်နှစ်ကျော်ခန့်သာ ကြာမြင့်သေးကြောင်းနှင့် နိုဝင်ဘာ ၃ ရက် ညနေငါးနာရီ အချိန်ခန့်က ဆိုင်ကိုပိတ်ခဲ့ကြောင်း ဆိုင်တာဝန်ရှိသူ တစ်ဦးနှင့် အထက်မြန်မာပြည် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိအချိန်တွင် လေဆိပ်တာဝန်ခံဒု ရဲအုပ်မိုးမြင့်စိုးက ဆိုင်တာဝန်ခံ ထွန်းအောင်ကျော် (၂၉နှစ်)အား(ပ)၃၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

EMG

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Tuesday, 05 November 2013


နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားစဉ်

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။



နိုဝင်ဘာ ၄ ရက်က မီဒီယာသမားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးနေစဉ်

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားသည်။

EMG

လက်ပံတောင်းတောင်အနီးတွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီးနောက် ဒေသခံများက လယ်တီသိမ်အား ကြည့်ရှုခွင့် ထပ်မံတောင်းဆို

Tuesday, 05 November 2013

လက်ပံတောင်းတောင်ဒေသခံများ လယ်တီဆရာတော်ကြီး၏ သိမ်အား ကြည့်ရှုခွင့်ပြုရန် တောင်းဆိုနေစဉ်

လယ်တီဆရာတော်ဘုရားကြီး၏ သိမ် အား ကာကွယ်ရေးအတွက် လက်ပံတောင်း တောင်အနောက်တောင်ဘက်ရှိ အင်ကြင်း တောင်တွင် နိုဝင်ဘာ ၂ ရက် ညနေ ၅နာရီ ၌ သပိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးနိုဝင်ဘာ ၃ ရက်နေ့တွင် ဒေသခံများက လယ်တီသိမ် ကြည့်ရှုခွင့်ထပ်မံတောင်းဆိုခဲ့ကြောင်း သိရ သည်။
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မိုင်းခွဲရာမှစီမံကိန်းဧရိယာအတွင်းရှိ လယ်တီ သိမ်ပျက်စီးထိခိုက်မှုရှိသည်ဟူသောသတင်း ကြောင့် ဒေသခံများသွားရောက်တားမြစ်ရာ မှ နိုဝင်ဘာ ၂ ရက်က လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး သံဃာတော်များနှင့် တောင်သူများက လယ်တီသိမ်အားကြည့်ရှု စစ်ဆေးခွင့်တောင်းဆိုရာတွင် အာဏာပိုင် များက ငြင်းပယ်လိုက်ပြီးနောက် ဒေသခံ တောင်သူများက ဆည်တည်းရွာဟောင်းအနီး တွင်ရှိသော အင်ကြင်းတောင်ပေါ်တွင် သ ပိတ်စခန်းဖွင့်လှစ်ခဲ့သည်။
''လက်ပံတောင်းတောင် စီမံကိန်းဧရိ ယာထဲက လယ်တီသိမ်ထိခိုက်မှုရှိမရှိကြည့် ရှုဖို့အတွက် ဒေသအာဏာပိုင်တွေထံမှာ နိုဝင်ဘာ ၃ ရက်က ထပ်မံတောင်းဆိုခဲ့ပါတယ်။မွန်းလွဲ ၁ နာရီလောက်ကနေစပြီးသပိတ်စ ခန်းရှိရာ အင်ကြင်းတောင်ကနေ သံဆူးကြိုး တားထားတဲ့နေရာအထိသွားရောက်တောင်း ဆိုခဲ့ပါတယ်။ ဒီနေ့မှာတော့ လုံခြုံရေးတပ် တွေ အင်အားမပြတော့ဘဲ လှမ်းပဲကြည့်နေပါ တယ်။ ဖြေလျော့ရေးအဖွဲ့ရောက်လာပေမဲ့ သူတို့လည်း မိုင်းခွဲရာမှာ သိမ်ကိုထိခိုက်မှု ရှိမရှိမသိဘူးလို့ပြောပါတယ်။ စစ်ကိုင်းမြို့ နားမှာ လယ်တီသိမ်အတွက်လမ်းလျောက်ဆန္ဒပြတုန်းကတောင်းဆိုခဲ့တုန်းက သိမ်ကို မထိခိုက်စေရပါဘူးလို့  သူတို့ လက်မှတ်ထိုးခဲ့ တာကိုချိုးဖောက်လိုက်တာပါပဲ။ ဖြေလျော့ ရေးအဖွဲ့က ဘာလုပ်ပေးသလဲဆိုတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ဆန္ဒပြတဲ့သူတွေလည်း ညနေ ၅ နာရီလောက်မှာ သပိတ်စခန်းကို ပြန်ခဲ့ပါတယ်'' ဟု လက်ပံတောင်းတောင် လယ်တီသိမ်အရေးတွင် ဦးဆောင်ပါဝင်သော ဆရာတော်ဦးသုက မိန့်ကြားသည်။
အောက်တိုဘာ ၃၁ ရက်က မိုင်းခွဲရာ မှ လယ်တီသိမ်ထိခိုက်ပျက်စီးမှုရှိသည်ဟူသောသတင်းကြောင့် သိမ်ကိုကြည့်ရှုခွင့်ပြုရန် နိုဝင်ဘာ ၂ ရက် နှင့် ၃ ရက်တို့တွင် ဒေသခံ များကတောင်းဆိုခဲ့ပြီး အာဏာပိုင်များက နှစ်ကြိမ်လုံးငြင်းပယ်ခဲ့ကြောင်းသိရသည်။


ဟိန်းမင်းထက် (မုံရွာ)

EMG

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး အတွက် EU မှ ကြီးမှူး၍ 'အဓိကရုဏ်း ထိန်းချုပ်မှု သင်တန်းဖွင့်ပွဲ' အခမ်းအနား ကျင်းပ

 Created on Tuesday, 05 November 2013


မြန်မာနိုင်ငံ ရဲအရာရှိကြီးများနှင့် ဥရောပသမဂ္ဂ (EU) မှ ရဲအရာရှိကြီးများ ဖွင့်ပွဲအပြီး အမှတ်တရဓာတ်ပုံ ရိုက်နေစဉ်( ဓာတ်ပုံ-အောင်ထက်ခိုင်)

ဥရောပသမဂ္ဂ(EU) မှ ကြီးမှူး၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး အတွက် ပြုလုပ်သော အဓိကရုဏ်း ထိန်းချုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၄ ရက် နံနက် ၁၁ နာရီတွင် ကမာရွတ်မြို့နယ်ရှိ မူးယစ်ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ EU မှသံအမတ်ကြီး Mr.Roland Kobia၊ International Management Group မှ Mr. Dino Bicciato နှင့် Mr. Friedrich Schwidt?Mr. Saad Amrani တို့ အပါအ၀င် မြန်မာနိုင်ငံမှ ရဲအရာရှိကြီးများ၊ EU အဖွဲ့ဝင် နိုင်ငံများမှ ရဲအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းမတိုင်မီ ပြီးခဲ့သည် ဇူလိုင်၊ စက်တင်ဘာလ အတွင်း၌ သင်တန်းအတွက် အထောက်အကူပြုသော သင်တန်းတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုပြုလုပ်သော သင်တန်းမှာ လူစုလူဝေး စီမံခန့်ခွဲမှု ပြဿနာ ဖြေရှင်းသော သင်တန်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအား ရဲတပ်ရင်းများမှာ သင်တန်းသား ၂၀၀ နှင့် ၄၀၀ ကြား တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

EMG

နိုင်ငံတော်သမ္မတ ၁၅ သိန်း၊ လွှတ်တော် ဥက္ကဋ္ဌများ ၁၂ သိန်း လစဉ်ခံစားခွင့်ရှိမည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည်

 Created on Tuesday, 05 November 2013

ဦးစောမော်ထွန်းက ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်၌ ရှင်းလင်းစဉ်

နိုင်ငံတော်သမ္မတ ကျပ် ၁၅ သိန်း၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စု တရားသူကြီးချုပ် ကျပ် ၁၂ သိန်း စသည်ဖြင့် လစဉ်ချီးမြှင့်ငွေများ ခံစားခွင့်ရှိမည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိသည့်အတွက် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန်သဘောတူခဲ့သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူလဥပဒေ ပုဒ်မများတွင် ပြဋ္ဌာန်းထားမှုများအစား နိုင်ငံတော် သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ် ၁၅ သိန်း၊ ဒုတိယသမ္မတ ကျပ် ၁၂ သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီးချုပ် လစဉ်ချီးမြှင့်ငွေ ကျပ် ၁၂ သိန်း ခံစားခွင့် ရှိသည်ဟု သတ်မှတ်ရန် အဆိုတင်သွင်းခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ သိရသည်။

''လက်ရှိအချိန်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေကို နိုင်ငံတော် သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်အရ လျှော့ပြီးခံစား နေကြပါတယ်။ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မခံစားဘဲ လျှော့ပြီးဆက်လက် ခံစားမည် ဆိုပါက သက်ဆိုင်ရာ ဥပဒေများကို လျှော့ချပြင်ဆင် ပြဋ္ဌာန်းပေးပြီး လက်တွေ့ကျကျ ဆောင်ရွက်ဖို့ လိုပါတယ်။ အစိုးရ သက်တမ်းတစ်ဝက် ကျော်လာပြီဖြစ်လို့ သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ဖို့အချိန် ကျရောက်နေပြီ ဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်'' ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးစောမော်ထွန်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းအား အဓိက ပြင်ဆင်ရသည့် အကြောင်းအရာမှာ ၀င်ငွေခွန် ဥပဒေအရ အခွန်ကောက်ခံ နိုင်ရန်အတွက် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ အသီးသီးတွင် '၀င်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်' ဆိုသည့် အခွန်ကင်းလွတ်ခွင့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မည်သူမဆို လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် သတ်မှတ်ထားသော သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်လစာဝင်ငွေ အပေါ်တွင် ၀င်ငွေခွန် ပေးဆောင်ရန်နှင့် ၀င်ငွေခွန် ပေးဆောင်ရာတွင်လည်း ပြန်တမ်းဝင် အရာရှိအဆင့် ဖြစ်မှသာ ပေးဆောင်ရန် ထည့်သွင်း ဖော်ပြထားသဖြင့် အကျုံးဝင်သူအားလုံး အခွန်ပေးဆောင် နိုင်ရေးအတွက် ဖြစ်သည်ဟု ပြောကြားသည်။

ဝင်ငွေခွန် ဥပဒေပုဒ်မများတွင် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည့် ၀င်ငွေအမျိုးအစား၌ ချီးမြှင့်ငွေဟု ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ထို့အတွက် ၀င်ငွေခွန် ဥပဒေတွင် ဖြည့်စွက်ပြဋ္ဌာန်း(သို့) အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပြုလုပ်ရန် လိုအပ်၊ မလိုအပ်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ ပြဋ္ဌာန်းချက်အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်နှင့်အညီ ပြည်သူ့ ကိုယ်စားလှယ် အားလုံးသည် အခွန်ပေးဆောင်ရန် အသင့်ရှိကြောင်း၊ အခြေခံဥပဒေ ပုဒ်မပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့ ကိုယ်စားလှယ်များ၏ တာဝန်နှင့် ခံယူချက်များအရ နိုင်ငံတော်အပေါ် ပေးဆပ်ရန် ရှိသည်များကို ပေးဆပ်ရန် နားလည်ထားကြောင်း၊ တည်ဆဲ ဥပဒေများတွင် ပယ်ဖျက်ရန် သာမက ဖြည့်စွက်ရန် ရှိသည်များကို ဖြည့်စွက်ရန် လိုအပ်ကြောင်း ဦးစောမော်ထွန်းက ပြောကြားသည်။

စရိတ်ခံစားခွင့်နှင့် ပင်စင်ချီးမြှင့်ငွေများ တွင်လည်း ဥပဒေကြမ်း၌ မူလပုဒ်မ ၁၀ တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ ဒုတိယ သမ္မတများနှင့်ဇနီး စာပိုဒ်နောက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ဇနီးဟု ထည့်သွင်း ဖော်ပြသင့်ကြောင်း၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတတို့၏ မိသားစု စာသားနောက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် မိသားစု၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် မိသားစု၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် မိသားစုဟု ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အကြံပြုထားသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးမည့် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်း နိုင်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

EMG

လိုင်ဇာဘုံသဘော တူညီချက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ စတင်ဆွေးနွေးသည့် မြစ်ကြီးနား ဆွေးနွေးပွဲ စတင်

 Created on Tuesday, 05 November 2013

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်၌ ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာဘုံသဘော တူညီချက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စတင်ဆွေးနွေးသည့် မြစ်ကြီးနား ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် နိုဝင်ဘာ ၄ ရက်က စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား ဆွေးနွေးပွဲ၏ ပထမနေ့ နံနက်ပိုင်း အစီအစဉ်တွင် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် ၁၆ ဖွဲ့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များကလည်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား ထပ်တူကျမှု တစ်ခုအဖြစ် ရှိနေသည်မှာ မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမည် ဆိုသည့် နိုင်ငံရေး အာသီသ ရှိနေခြင်းပင် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

''ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စိန်ခေါ်မှုတွေ အများကြီး ကြားထဲက လုပ်ရမယ်လို့ မျှော်လင့်ထားပါတယ်'' ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ကမူ ၎င်းတို့အဖွဲ့သည် သမ္မတကိုယ်တိုင် ဖွဲ့စည်းပြီး စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကာ ငြိမ်းချမ်းရေး အတွက် သမ္မတ၏ ပြောစကားများ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ မှာကြားချက်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့၏ အမှာစကားများကို ပြောကြားခဲ့သည်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးနှင့် အမှတ် ၄ အထူးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် သမ္မတ၏ ပြောစကားများ၊ တပ်မတော်၏ သဘောထားများကို ပြောကြားခဲ့သည်။

''တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒခြောက်ရပ် ရှိပါတယ်။ (၁) အနေနဲ့ ကတော့ ထာဝရငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန် လိုပါတယ်။ ဒါတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချမှတ်ထားတဲ့ မူဝါဒခြောက်ချက် ဖြစ်ပါတယ်။ (၂) အနေနဲ့ကတော့ သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန် လိုပါတယ်။ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ်မှာ အမြတ်မထုတ်ရန်၊ (၄) ဒေသခံ ပြည်သူများ အပေါ်မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ (၅) နိုင်ငံတော်က ထုတ်ပြန်တဲ့ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ (၆) ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန် စသည်ဖြင့် ကျွန်တော်တို့မူဝါဒ ခြောက်ချက်ကို ထုတ်ပြန်ထားတာ ရှိပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန် သန္နိဋ္ဌာန်ချထားပြီး ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ပြီးလည်း ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

''ကျွန်တော်တို့ အပေါ်ကို သံသယမရှိဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်က ချမှတ်ထားတဲ့ အဆင့်သုံးဆင့်ပေါ့။ ပထမဦးဆုံး အဆင့်ကတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး။ ဒီအတိုင်းသွားရမှာ။ ပြီးတဲ့အခါကျမှ နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင် တည်ဆောက်ရမှာ။ ပြီးတဲ့အခါကျမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ရမှာ။ ဒါဟာ မလွဲမသွေ ဖက်တွယ်ရမယ့် အဆင့်သုံးဆင့် ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။

''ကျွန်တော်တို့ အနေနဲ့ကတော့ နိုင်ငံရေး အစိုးရ လူထုဆန္ဒနဲ့ တက်လာတဲ့ လူထုဆန္ဒကို ဦးစားပေးတဲ့ နိုင်ငံရေး အစိုးရတက်လာတဲ့ လက်ထက်မှာ ရေကြောင့်ဖြစ်တဲ့ ရွှံ့ဗွက်တွေကို ရေနဲ့ပြန်ဆေးနိုင်သလို နိုင်ငံ့ပြဿနာ တွေကိုလည်း နိုင်ငံရေး အစိုးရရဲ့ လက်ထက်မှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်'' ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

''ကျွန်တော်တို့ ရင်ထဲမှာ ဖြစ်ချင်တာတွေ အများကြီး ရှိပါတယ်။ သို့သော်လည်းပဲ ဖြစ်နေတာတွေနဲ့ ကြည့်ပြီးတော့မှ အဖြစ်နိုင်ဆုံးတွေ ဆုံးဖြတ်ပြီးတော့ သဘောတူညီ ဆောင်ရွက်ခဲ့ပါတယ်'' ဟု လိုင်ဇာသဘော တူညီချက်နှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

''အဲဒီတော့ အခုလို ကာလမျိုးမှာ ကျွန်တော်တို့ဟာ ဘယ်လိုနားလည်မှုတွေ ရယူပြီးတော့မှ တကယ့်ခိုင်မာတဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကြမလဲဆိုတာ နည်းလမ်းရှာဖို့ လိုပါတယ်။ အဲဒီလို တည်ဆောက်ကြဖို့ ကြိုးပမ်းကြတဲ့နေရာမှာ တစ်ဖက်က လွယ်လွယ်နဲ့ ရနိုင်မလား။ စေတနာမှန်ပေမယ့် အတွေ့အကြုံအရ တစ်ဖက်ကတော့ ကျွန်တော်တို့ သံသယမရှိပါနဲ့။ သိပ်ပြီးမှလည်း အဆိုးမမြင်ပါနဲ့။ မြင်လည်းမြင်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အနေအထားအရ ကျွန်တော်တို့က ဖြတ်သန်းလာတဲ့ နှစ်ပေါင်းခြောက်ဆယ့် ငါးနှစ်ကျော်ကျော် ကာလရဲ့ အတွေ့အကြုံ အရပေါ့လေ။ တချို့အပိုင်းမှာ ကျွန်တော်တို့ သတိမထားလို့ မရပါဘူး။ စေတနာမှန်ရုံနဲ့လည်း တကယ့် လက်တွေ့ပိုင်းမှာ မအောင်မြင်နိုင်ဘူး'' ဟု မွန်ပြည်သစ် ပါတီ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

''ကျွန်တော်တို့က လိုင်ဇာကွန်ဖရင့်ရဲ့ ရလဒ်ရယ် လိုင်ဇာကွန်ဖရင့်ရဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ရပ်တွေ လာပြောပြတာ။ ရှင်းပြတဲ့ အချိန်မှာ အဲဒီကိစ္စကို မရှင်းဘူးဆိုရင် ကျွန်တော်တို့က ပြန်ရှင်းပြမယ်။ ဒါပေမဲ့ အစိုးရဘက်က ပြင်ဆင်မှု ကောင်းကောင်းနဲ့ ပြည်နယ် အစိုးရကပါ တစ်ခါတည်း လုပ်ထားတော့ သူတို့လုပ်ထားတဲ့ ခေါင်းစဉ်က အကြိုလို့ ပြောတယ်။ ကျွန်တော်တို့ အမြင်မှာတော့ အကြိုကနည်းနည်း စောသေးတယ်။ အကြိုကို သွားနိုင်ဖို့ ညှိနှိုင်းရေး အဖွဲ့လောက်ပဲ ကျွန်တော်တို့ လုပ်နေတာပေါ့။ တကယ် အကြီးအကျယ် ညှိနှိုင်းမယ်ဆိုရင် ကိုယ်စားပြုမှုကောင်းတဲ့ အဖွဲ့ကိုယ်စားလှယ်တွေ ဆုံးဖြတ်နိုင်တဲ့ အဖွဲ့ကိုယ်စားလှယ်တွေ ပါ ဖို့လိုတယ်'' ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့ နံနက်ပိုင်း အစီအစဉ်သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် တပ်ပေါင်းစု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) ၊ က ရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) ၊ '၀'အမျိုးသား အဖွဲ့ချုပ် (WNO) ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU) ၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် လိုင်ဇာဘုံသဘော တူညီချက်အရ အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ တံခါးပိတ် ဆွေးနွေးခဲ့ကြသည်။

EMG

အစိုးရဘက်က ရေးဆွဲထားသော အပစ်ရပ်စာချုပ် မူဘောင်တွင် တပ်မတော်၏ သဘောထားပါဝင်

Tuesday, 05 November 2013


မြစ်ကြီးနား ဆွေးနွေးပွဲသို့ တက်ရောက် လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်နှင့် ပတ်သက်ပြီး အစိုးရဘက်က ရေးဆွဲထားသော မူဘောင်တွင် တပ်မတော်၏ သဘောထားလည်း ပါဝင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက နိုဝင်ဘာ ၄ ရက် မြစ်ကြီးနား ဆွေးနွေးပွဲတွင် ပြောကြားသည်။

အပစ်ရပ် စာချုပ်အပေါ် တပ်မတော်၏ သဘောထားကို သတင်းထောက်များက မေးမြန်းရာ၌ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက တပ်မတော် ဘက်တွင်လည်း မူဘောင်ရေးဆွဲ ထားခြင်းများ ရှိကြောင်း ပြောကြားသည်။

''တပ်မတော်က တစ်နိုင်ငံလုံး အတိုင်အတာနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဘယ်လိုမူတွေ၊ ဘယ်လိုဟာတွေနဲ့ လုပ်မယ်ဆိုတာကို ကျွန်တော်တို့လည်း framework ရေးထားတယ်။ အဲဒီလိုပဲ တိုင်းရင်းသားတွေ ဘက်ကလည်း framework ရေးထားတယ်။ အဲဒီရေးထားတဲ့ အပေါ်မှာ နှစ်ဖက်ပေါ့။ ညှိပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

သို့သော် တပ်မတော်ဘက်က ရေးဆွဲထားသော မူဘောင်ဆိုသည်မှာ အစိုးရက ရေးဆွဲထားသော မူဘောင်နှင့် အတူတူပင် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက The Daily Eleven သို့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များက မည်သည့်အချိန်တွင် လက်မှတ်ရေးထိုးမည် ဆိုသည်ကို ပြောရခက်ကြောင်း ၎င်းကပြောကြားသည်။

''ဘယ်တော့ လက်မှတ်ထိုးမလဲဆိုတဲ့ ဟာကတော့ ဖြေရခက်တယ်။ ဒီအပေါ်မှာ မူတည်မှာပေါ့။ ဒီ framework ပေါ်မှာ သူတို့က ဘယ်လောက် လက်ခံနိုင်မလဲ။ ကျွန်တော်တို့က ဘယ်လောက် လက်ခံနိုင်သလဲ။ ဒါကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမယ့် သဘောပဲ။ ယခင်ထက်စာလို့ ရှိရင်တော့ တကယ့်ကို သေချာတဲ့ ငြိမ်းချမ်းရေးပေါ့။ သူတို့ ပြောပြောနေသလိုပေါ့။ ဒါထိုးပြီးတယ် ဆိုလို့ရှိရင်တော့ အားလုံး ပြီးသွားမှာပေါ့။ ယခင်အနေအထားနဲ့ စာရင်တော့ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်'' ဟု ၎င်းက ပြောကြားသည်။

ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့်ကိစ္စမှာလည်း တိုင်းရင်းသား အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ပြောကြားသည်။

''ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အပေါ်မှာ သူတို့အမြင်နဲ့ ဒီနေ့နိုင်ငံတော်က လက်တွေ့ ကျင့်သုံးနေတဲ့ အမြင်နဲ့ ကျင့်သုံးနေတာနဲ့။ ဘယ်လောက် ကွာခြားသလဲ၊ မကွာခြားဘူးလဲ ဆိုတာ သူတို့အပေါ်မှာ မူတည်တယ်'' ဟု ၎င်းကဆက်လက် ပြောကြားသည်။

EMG

Related Posts Plugin for WordPress, Blogger...