Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Friday, March 14, 2014

နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်



နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်

အမေရိကန်လူမျိုး အသက် ၂၃ နှစ်အရွယ် ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယမြောက် WGC ချန်ပီယံဆုကို တတိယအကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ကမ္ဘာ့အဆင့် ၄၄ ရှိတဲ့ ပက်ထရစ်ရိဒ် ဟာ နောက်ဆုံးအချီ ၇၁ ချီ မြောက်မှာ တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင်ရိုက်ပြီး အားလုံးကို ဖြတ်ကျော်ဗိုလ်စွဲခဲ့တာပါ။

ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်ကတော့ ပထမ သုံးချက်လျော့နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်အချီတွေမှာ အခက်အခဲတွေ့ ခဲ့ပြီး အဆင့်ကိုးနေရာသာ ရရှိခဲ့ပါတယ်။

WGC ဖလားကို တိုက်ဂါးဝုဒ်တစ်ယောက် ရှစ်ကြိမ်မြောက် ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် အခုလို ပက်ထရစ်ရိဒ် က ဗိုလ်စွဲသွားခဲ့တာပါ။

အမေရိကန် ဂေါက်သီးရိုက်ကစားသမား ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယအကြိမ်မြောက် WGC ဖလားကို လက်ခံရယူပြီးနောက် အခုလိုပြောကြားသွားခဲ့ပါတယ်။

“ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားငါးယောက်ထဲက တစ်ယောက်ပါ။ အခုလို WGC ချန်ပီယံဆုကို သုံးကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးလက်စွမ်းကို ရရှိခဲ့တဲ့အတွက် အရမ်းကျေနပ်မိ ပါတယ်။ ကျွန်တော် နောက်ဆုံးအချီကို တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင် ရိုက်နိုင်ခဲ့တယ်ဗျ”

WGC ဖလားကို မနှစ်က ရရှိခဲ့သူကတော့ တိုက်ဂါးဝုဒ်ဖြစ်ပါတယ်။

ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံနဲ့ စက်ရုပ်တို့ စားပွဲတင်တင်းနစ် ယှဉ်ပြိုင်ကစား



ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံဖြစ်တဲ့ တီမိုဘိုလ် ကို ဒီတစ်ခါ စိန်ခေါ်ယှဉ်ပြိုင်တဲ့သူကတော့ လူသားတစ်ယောက် မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့ စက်ရုပ်တစ်ရုပ်ပါ။

ဂျာမနီလူမျိုး ဂန္တ၀င်စားပွဲတင်တင်းနစ်ကစားသမား တီမို ဟာ ကမ္ဘာ့ချန်ပီယံဆုကို ခုနှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသူဖြစ်ပြီး ဥရောပဆုတံဆိပ်ပေါင်းများစွာလည်း ရရှိခဲ့သူပါ။

အားကစားနည်းတွေမှာ အဆင့်မြင့်နည်းပညာတွေ နေရာယူလာချိန်မှာ စက်ရုပ်တွေကလည်း အားကစားနည်း တွေမှာ နေရာယူလာပါပြီ။ ဂျာမနီအကောင်းဆုံးအားကစားသမားဆုကို ခုနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ တီမိုဟာ အခုတစ်ခါမှာလည်း သူ့ ရဲ့ စားပွဲတင်တင်းနစ်ကျွမ်းကျင်မှုကို တရုတ်ပရိသတ်တွေ ချီးကျူး ထောပနာပြုခဲ့ရပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာ ဟာ ရှန်ဟိုင်းမှာ သူ့ ရဲ့ ပထမဆုံးစက်ရုပ်ကို ဖွင့်လှစ်တဲ့ အထိမ်းအမှတ်ပွဲမှာ ကူကာ စက်ရုပ်ကို ပွဲထုတ်ခဲ့တာပါ။ ဒီဖွင့်ပွဲမှာ လူသားဖြစ်တဲ့ တီမိုဟာ စက်ရုပ် ကူကာကို ပရိတ်သတ်တွေရှေ့ မှာ ယှဉ်ပြိုင်ကစားရမှာပါ။

ကူကာ စက်ရုပ်ကို တီမိုတစ်ယောက် ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီးနောက်မှာ ၁၁ မှတ် - ကိုးမှတ် အမှတ် ကွာဟချက် ကျဉ်းမြောင်းစွာနဲ့  အနိုင်ယူနိုင်ခဲ့ပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာဟာ စီးပွားရေးလုပ်ငန်းသုံးအသုံးချစက်ရုပ် အမြောက်အမြားကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကူကာ ကုမ္ပဏီထုတ် KR 6 R900 SIXX ဆိုတဲ့ စက်ရုပ်ဟာ သူ့ ရဲ့ သန်မာဖျတ်လတ်တဲ့ လက်မောင်းနဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့် လူသားနဲ့ စက်ရုပ်တို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာတော့ ကူကာစက်ရုပ်ဟာ စားပွဲတင်တင်းနစ်ချန်ပီယံ တီမိုကို အရှုံးပေးခဲ့ရတာပါ။

“ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော့်ဆီလာပြီး ဒီဗီဒီယိုနဲ့ လာမိတ်ဆက်ကြတယ်။စကားပြော ကြတယ်။ ဒီ အစီအစဉ်ဟာ အပျော်သက်သက် ထက်ပိုခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့် စားပွဲတင်တင်းနစ် ကစားနည်းကို ကမ္ဘာမှာပိုမိုတွင်ကျယ်အောင် မြှင့်တင်ပေးနိုင်ခဲ့တယ်လေ” လို့ တီမိုက ပြောကြားခဲ့ပါတယ်။

Ref: Mirror

Sunday, March 9, 2014

ကမ္ဘာ့ဖလားရလျှင် တကိုယ်လုံးချွတ်ပြမည်ဆိုသည့် မိန်းကလေး ဘောလုံးသမားနောက်ပါသွားရှာ





(၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံး ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် ပါရာဂွေး လှပျိုဖြူ လာရီဆာ ရီကွယ်လ်မီးတစ်ယောက် စေ့စပ်လိုက်ပြီ ဖြစ်သည်။ ကံထူးသူ ဂျိုနသန် ဖာဘရိုသည် လာရီဆာကို လက်ထပ်ခွင့် တောင်းဆိုမှုအတွက် လိုက်လျော သဘောတူ ကြည်ဖြူမှုကို ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဖာဘရိုသည် အာဂျင်တီးနား နာမည်ကျော် ဘောလုံးအသင်း ရေးဗားပလိတ်တွင် ကစားနေသူ ဖြစ်သည်။ လာရီဆာက သူမသည် ဖာဘရို၏ လက်ထပ်ခွင့် တောင်းခံမှုကို လိုက်လျော သဘောတူညီခဲ့ကြောင်း ပရိသတ်များထံသို့ Twitterမှတစ်ဆင့် ဝေမျှ အသိပေးခဲ့သည်။

အသက်(၃၂)နှစ်ရှိ ဖာဘရိုသည် အာဂျင်တီးနားတွင် မွေးဖွားသော်လည်း ပါရာဂွေးအသင်းကို (၆)ပွဲ ကိုယ်စားပြုထားသူ ဖြစ်သည်။ လာရီဆာက "ကျွန်မရဲ့ ဘဝကတော့ ချစ်ခြင်းမေတ္တာရယ်၊ ပျော်ရွှင်မှုတွေရယ်နဲ့ ပြည့်စုံလာပါပြီ။ ကျွန်မတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ချီးမြှင့်ဖြည့်ဆည်းပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"ဟု ဖွင့်ဟခဲ့သည်။ လာရီဆာတို့ စုံတွဲသည် (၂၀၁၁)ခုနှစ် ကတည်းက ချစ်ကြိုက်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် စေ့စပ်ကြောင်းလမ်းဖြစ်ခဲ့သည်။



လတ်တလောတွင် လာရီဆာတို့သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်သို့ အလည်အပတ် သွားရောက်လျှက် ရှိသည်။ လာရီဆာသည် (၂၀၁၀)ပြည့်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်အာဖရိကထိ လိုက်ပါပြီး ပါရာဂွေးအသင်းကို အင်တိုက်အားတိုက် အားပေးခဲ့သူ ဖြစ်သည်။ သူမသည် ထိုစဉ်က ပါရာဂွေးအသင်း ဗိုလ်စွဲခဲ့ပါက တစ်ကိုယ်လုံး အဝတ်အစားချွတ်ကာ ပြေးလွှား အောင်ပွဲခံမည်ဟု ကတိပြုခဲ့ရာ ကမ္ဘာသိသတင်းတစ်ပုဒ် ဖြစ်ခဲ့သော်လည်း ပါရာဂွေးအသင်း အနေဖြင့် ကွာတားဖိုင်နယ် အဆင့်၌ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရသည်။

Friday, March 7, 2014

ရော်နယ်ဒိုအပါအ၀င် ရီးယဲလ်မက်ဒရစ်ကစားသမားတွေဟာ ကစားပွဲမစမီ မှန်ရှေ့ မှာ အလုအယက် တန်းစီနေတတ်ကြောင်း နဲ့ အခုခေတ်ဘောလုံးသမားတွေကို ရှုတ်ချပြောဆိုလိုက်တဲ့ မော်ရင်ဟို



စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သုံးနှစ်ကြာ လက်တွဲခဲ့တဲ့ မော်ရင်ဟိုဟာ ဒီဘက်ခေတ် ဘောလုံး ကြယ်ပွင့်တွေရဲ့ ဂုဏ်ပကာသနမက်မောမှု၊ မောက်မာမှုတွေကို ဖွင့်ဟရှုတ်ချခဲ့ပြီး သူတို့ ဟာ အောင်မြင်မှု ထက် ငွေကြေးကို ပိုမိုမက်မောနေကြကြောင်း ရှုတ်ချပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ရီးယဲလ်မက်ဒရစ်မှာ ရှိတဲ့ အချိန်တွေတုန်းက၊ ကစားသမားတွေဟာ ကစားပွဲမစမီ ဒိုင်လူကြီးတွေက သူတို့ ကို ၀င်ပေါက်ဥမင် ထဲမှာ စောင့်နေတဲ့ အချိန်တွေမှာတောင် မှန်ရှေ့ မှာ တန်းစီနေတတ် ကြပါတယ်။” လို့ မော်ရင်ဟိုက Esquire မဂ္ဂဇင်းကို ဖွင့်ဟခဲ့ပါတယ်။

“ ဒါပေမယ့် ဒါက အခုခေတ် လူနေမှုပုံစံလိုပါပဲ။ လူငယ်တွေဟာ ဒီကိစ္စကို တော်တော် ဂရုစိုက်ကြတယ်။ သူတို့  အသက် က နှစ်ဆယ် ဒါမှမဟုတ် နှစ်ဆယ်ကျော်ကျော်ပေါ့။ ကျွန်တော်ကတော့ ၅၁ နှစ်ရှိနေပါပြီ။ အခု ကလေးတွေနဲ့ ကျွန်တော်တူတူအလုပ်လုပ်ချင်တယ်ဆိုရင် သူတို့ ဘ၀ ကို နားလည်ဖို့ လိုပါတယ်။”

“ ဘတ်စ်ကားပေါ်မှာ ကျွန်တော့်ကစားသမားတွေ ဟိုဟာ -ဟာ -ခင်ဗျားတို့ ဘယ်လိုခေါ်တာ - တွစ်တာ အင်း အဲ့လို ဟာတွေ သုံးနေတာကို ကျွန်တော် ဘယ်လို တားရမလဲ။ တကယ်လို့ ကျွန်တော့် သမီးနဲ့ သားကလည်း အဲ့လိုပဲ ဆိုပါစို့ - ကျွန်တော်ဘယ်လို တားရမလဲ။ ဒါကြောင့် ကျွန်တော် လိုက်လျောညီထွေ ဖြစ်အောင်နေရမှာပါ။”

လက်ရှိ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက “ အရင်တုန်းက ကျွန်တော်ဘယ်လို ထင်လဲဆိုတော့ ကစားသမားတွေဟာ ကစားသမားဘ၀ပြီးရင် ချမ်းချမ်းသာသာ နေနိုင်ဖို့  သူတို့ ကစားသမားဘ၀အတွင်းမှာ ငွေတွေရှာတယ်ပေါ့”

“ ဒါပေမယ့် အခုတော့ ကစားသမားတွေ ကစားသမားဘ၀ မစခင်ထဲကကို သူတို့ ဘေးနားမှာ ရှိနေတဲ့ ကောင်တွေက သူတို့ ချမ်းသာလာအောင် လုပ်ပေးနေကြတယ်။ ပထမဆုံးစာချုပ်ကို လက်မှတ်ထိုးလိုက်တာနဲ့  သူတို့ ပရီးမီးယားလိဂ်ပွဲစဉ်လေးတစ်ပွဲလောက် ပါဝင်မကစားခဲ့တာနဲ့ ၊ သူတို့ ချန်ပီယံလိဂ် မကစားရတာနဲ့  အဲ့ကောင်တွေက သူတို့ ချမ်းသာအောင် လုပ်နေကြတယ်” လို့  ရှုတ်ချဝေဖန်သွားခဲ့ပါတယ်။



Ref: metro

၅၁ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့သော်လည်း လက်ဝှေ့ ကစားသမားဘ၀ကို စွန့် ခွာမှာမဟုတ်ဘူးဆိုတဲ့ ဗြိတိန် လက်ဝှေ့ သမား ရော်ဘင်ဒီကင်



၂၀၀၆ ခုနှစ် ပရော်ဖက်ရှင်နယ် လက်ဝှေ့ ကစားသမားဘ၀စတင်ပြီးကတည်းက တစ်ပွဲမှ နိုင်ပွဲမရရှိခဲ့တဲ့ ဗြိတိန်ရဲ့ အဆိုးရွားဆုံးလက်ဝှေ့ သမား အသက် ၂၇ နှစ်အရွယ် ရော်ဘင်ဒီကင် ဟာ ဘာပဲဖြစ်ဖြစ် လက်ဝှေ့ သမား ဘ၀ကို စွန့် ခွာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ကြေးစားလက်ဝှေ့ လောကမှာ အဆိုးရွားဆုံးစံချိန်ကို ရရှိထားတဲ့ ရော်ဘင်ဒီကင်ဟာ မကြာသေးမီက ပိုးလ်ဒါမီယန်လောနစ်ဇက် ကို ရှုံးနိမ့်ပြီး သူ့ ရဲ့ ၅၁ ပွဲဆက်တိုက် အရှုံးစံချိန်ကို တင်နိုင်ခဲ့ပါတယ်။

အခုလို ဆိုးရွားတဲ့ ရှုံးပွဲစံချိန်ကြောင့် သူ့ ရဲ့ ကျန်းမာရေးအသက်အန္တရာယ်ထိခိုက်မှာစိုးတဲ့အတွက် ဗြိတိန် လက်ဝှေ့ လိုင်စင်ကို ရုတ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့်သူကတော့ “ကျွန်တော်က လူသားလက်ဝှေ့ အိတ်ကြီး ပါဗျ” လို့ ကြွားဝါထားပါတယ်။

ရော်ဘင်ဟာ ရက်သတ္တပတ် ၂၄ ပတ်အတွင်း ပွဲပေါင်း ၁၉ ပွဲထိုးသတ်ခဲ့ပြီး စနေနေ့ ညက ဂျာမန်လက်ဝှေ့  လိုင်စင်နဲ့  လောနစ်ဇက် ကို နောက်ဆုံးထိုးသတ်ခဲ့ရာမှာလည်း ရှုံးနိမ့်ခဲ့ပြန်တာပါ။

ရော်ဘင်ဟာ မွေးရာပါ ခြေတစ်ဖက်ခွင်နေမှုကြောင့် အသက် ခြောက်နှစ်အရွယ်ထိ လမ်းမလျှောက်နိုင်ခဲ့ဘဲ ခွဲစိတ်ကုသမှုပေါင်း ၆၀ ကျော်ခံယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်ဘင်ဟာ ကြိုးဝိုင်းကို ဘယ်တော့မှ စွန့်  ခွာမှာမဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသူပါ။

ဒီအပါတ်ကုန်မှာ ထိုးသတ်မယ့်ပွဲမှာ ဗြိတိန်လက်ဝှေ့ အသင်းက သိမ်းဆည်းထားတဲ့ သူ့ ရဲ့ လက်ဝှေ့ လိုင်စင်ကို ပြန်ရဖို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်တော် ဒီတစ်ပတ်ကုန်မှာ ပြန်ထိုးမှာပါ။ ကျွန်တော် စိတ်ကူးအိပ်မက်တွေထဲမှာ ဆက်နေထိုင်နိုင်ဖို့ အတွက် ဗြိတိန်လက်ဝှေ့ အသင်းဘုတ်အဖွဲ့ က ကျွန်တော့် လိုင်စင်ကို ပြန်ပေးမယ်လို့ မျှော်လင်ပါ့တယ်”

ကြေးစားဘ၀မှာ ရော်ဘင်ဒီကင်တစ်ယောက် ရုန်းကန်နေရပေမယ့် အပျော်တမ်းလက်ဝှေ့ သမားဘ၀မှာတော့ ရော်ဘင်ဟာ အောင်မြင်ခဲ့သူပါ။ ဗြိတိန်လူငယ်ချန်ပီယံရှစ် အကြိုဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ကူးပြောင်းခဲ့ပြီးနောက်မှာတော့ လက်ဝှေ့ သမိုင်းရဲ့ အဆိုးရွားဆုံး စံချိန်မှတ်တမ်းကို တင်ခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ် ပထမဆုံးကြေးစားဘ၀ လက်ဝှေ့ ပွဲမှာ တစ်ပွဲ အနိုင်ရရှိပြီးကတည်းက အခုထိ နောက်ထပ် နိုင်ပွဲမရရှိတော့တာ ဖြစ်ပါတယ်။

Ref: Mirror

Thursday, March 6, 2014

ဂျာနူဇတ်နဲ့ သတင်းတွေကို ခပ်ကြမ်းကြမ်း ငြင်းခဲ့တဲ့ စပရင်ဂါ







မန်ယူ လူငယ်ကစားသမား ဂျာနူဇတ်နဲ့ ချစ်သူဖြစ်နေကြလို့ သတင်းလွှင့်သူတွေကို ကာယကံရှင် စပရင်ဂါက အွန်လိုင်းကနေ ခပ်ကြမ်းကြမ်း တုံ့ပြန်သွားပါတယ်။ ဂျာနူဇတ် နာမည်ကျော်ကြား လာပြီးနောက် အမေရိကန် အဖော်အချွတ် မဂ္ဂဇင်းတွေမှာ မျက်နှာဖုံးရှင် ဖြစ်ခဲ့တဲ့ အင်္ဂလန် နာမည်ကျော် မော်ဒယ် စပရင်ဂါနဲ့ ချစ်သူတွေ ဖြစ်နေကြပြီလို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စပရင်ဂါက “ ဖေ့ဘွတ်ပေါ်မှာ ကျွန်မ အကြောင်း သားပုတ်လေလွှင့် ပြောနေတာတွေကို ရပ်တန်းက ရပ်သင့်ပါပြီ။ အလိမ်အညာတွေကို ဖြန့်မနေ သင့်ပါဘူး။ ဒါက မနှစ်မြို့စရာကောင်းတဲ့ ကိစ္စပါ။ လုံးဝကို အဓိပ္ပာယ်မရှိပါဘူး”လို့ ပြောခဲ့တာပါ။ စပရင်ဂါဟာ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်လို့ မန်ယူ အသင်းသား တစ်ယောက်နဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့ သတင်းတွေကို ပြန်တုံ့ပြန်ခဲ့ တာလို့လည်း သုံးသပ်ထားကြပါသတဲ့။


 ရိုးရာလေး

Wednesday, February 26, 2014

သူအကြိုက်ဆုံးကစားသမားကို ကလပ်က စာချုပ်ချုပ်လိုက်တဲ့အတွက် ကလပ်အသင်းဘောလုံးကွင်းခုံတွေကို သန့် ရှင်းရေးလုပ်ပေးခဲ့သူ



အင်္ဂလန်လိဂ်ဝမ်း ကလပ်ဖြစ်တဲ့ လေတန်အိုးရီးယန့် အသင်းပရိတ်သတ်ဟာ သူအကြိုက်ဆုံး ဂိုးသမား အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုလိုက်တဲ့အတွက် ကလပ်အသင်းရဲ့ ဘောလုံးကွင်း အရှေ့  ဘက်ပွဲကြည့်စင်က ခုံတွေအကုန်လုံးကို သန့် ရှင်းရေးလုပ်ပေးခဲ့ပါတယ်။

လေတန်အိုးရီးယန့် အသင်းပရိတ်သတ် ခရေ့ခ်ျဒီလူး ဆိုသူဟာ လွန်ခဲ့တဲ့လထဲက ကလပ်အသင်းသာ သူအကြိုက်ဆုံး ဂိုးသမားဖြစ်တဲ့ အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုပြီး ခေါ်ယူပေးမယ်ဆိုရင် ပွဲကြည့်စင်အရှေ့ ဘက်ခြမ်းက ခုံတွေအကုန်လုံးကို သန့် ရှင်းရေးလုပ်ပေးမှာဖြစ်ကြောင်း ကတိပေးခဲ့တာပါ။

အခုတော့ သူဟာ ကတိတည်ရပါပြီ။ လေတန်အိုးရီးယန့် ဟာ သူတို့ ရဲ့ ဂိုးသမားဟောင်း အယ်ဒင်ကို ဟူးလ်စီးတီး အသင်းကနေ အဌားစာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့တာပါ။

ခရေ့ခ်ျဟာ သူကတိပေးထားတဲ့အတိုင်း ကလပ်အသင်းကွင်း ဘရစ်စဘိန်းရဲ့ အရှေ့ ဘက်ပွဲကြည့်စင် ထိုင်ခုံ ၂၆၀၀ လုံးကို သန့် ရှင်းရေးပြုလုပ်ပေးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ကလပ်အသင်းကလည်း ခရေ့ခ်ျကို Stevenage အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အထူးတန်းကနေ ကြည့်ရှုခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို အိုးရီးယန့် အသင်း အမှုဆောင်အကြီးအကဲ မတ်ပေါ်တာက

“ တခြား ကောင်းမွန်တဲ့အသင်းတွေလိုပဲ၊ ကျွန်တော်တို့ အသင်းရဲ့ လူအပြောင်းအရွှေ့ ပေါ်လစီက အသင်းပရိတ်သတ်တွေရဲ့ အလိုဆန္ဒမှာ အခြေခံပါတယ်။” လို့ ဟာသလုပ် ပြောဆိုခဲ့ပါတယ်။

ခရေ့ခ်ျ အကြိုက်ဆုံး ဂိုးသမားဖြစ်တဲ့ အယ်ဒင်ဂျာကူပိုဗစ်ကလည်း သူရဲ့လက်အိတ်တစ်စုံကို အမှတ်တရပေးအပ်ခဲ့တာကို ခရေ့ခ်ျက တွစ်တာမှာ တင်ထားခဲ့ပါတယ်။



Ref: metro

Saturday, February 8, 2014

၁၀မိနစ် OG ၈ဂိုးသွင်းတဲ့ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ်စစ်ဆေးနေ






အီတလီ ပြည်တွင်းဖလား ပွဲစဉ်တစ်ပွဲတွင် ပွဲချိန် ၁၀မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် ၈ကြိမ် သွင်းယူခဲ့ခြင်းနှင့်ပတ်သက်၍
အီတလီဘောလုံး အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ တာရီနိုဗီနှင့် ဘာဂျီရီယာတို့ ယှဉ်ပြိုင်ခဲ့သည့် (၃)သင်းပါ အုပ်စုပတ်လည်အဆင့်တွင် ပွဲစဉ်တွင် ပွဲချိန်မိနစ် ၈၀အထိ တာရီနိုဗီအသင်း (၄-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘာဂျီရီယာအနေဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်နိုင်ရန်အတွက် တစ်မှတ်ရရှိရန် လိုအပ်နေရာတွင် တာရီနိုဗီ အသင်းက (၂)ဂိုးဆက်တိုက် ထပ်သွင်းခဲ့သည်။
ထို့နောက် လက်ကျန်ပွဲချိန် ၁၀မိနစ်အတွင်း ဘာဂျီရီယာ ကစားသမားများက OG ရှစ်ဂိုးသွင်းခဲ့ပြီး (၁၄-၃)ဆိုသည့် ရလဒ်ကြောင့် တာရီနိုဗီအသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ (၅-၃)ဂိုးဖြင့်သာ ပွဲပြီးမည်ဆိုပါက ပါတီနီကောဒေ့အသင်း နောက်တစ်ဆင့် တက်နိုင်မည် ဖြစ်သော်လည်း ဘာဂျီရီယာ ကစားသမားများက တာရီနိုဗီကိုသာ နောက်တစ်ဆင့် တက်စေလိုသောကြောင့် ယခုကဲ့သို့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်မှာ လုပ်ပွဲကစားမှု ဖြစ်နိုင်ဖွယ်ရှိနေသည်ဟု အီတလီ ဘောလုံးအဖွဲ့ချုပ်မှ ယူဆပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ၂၀၀၂ခုနှစ်က အေအက်စ်အဒီမာနှင့် အမ်မြန်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အမ်ရာနီ ကစားသမားများက OG ၁၄၉ ဂိုး သွင်းယူပြီး ကမ္ဘာ့စံချိန်တင်ခဲ့ဖူးသည်။



Italian FA investigates after team scores eight own goals in last 10 minutes
• Bagheria hammered when losing 4-3 after 80 minutes
• 'Our prosecutors will look into the case' says federation

theguardian.com


Borgata Terrenove play in Prima Categoria, the eighth tier of Italian football. Photograph: Guardian
Italian football has been hit by another possible scandal, this time involving a team that scored eight own goals in the last 10 minutes of a regional cup match on their way to a 14-3 defeat.
The Italian federation is set to launch an investigation into the Coppa Sicilia match between Borgata Terrenove and Bagheria, the final game in a three-team group which also featured Partinicaudace.
All three sides play in Prima Categoria, the eighth tier of the league.
Bagheria, needing a point to qualify, were 4-3 behind with 10 minutes to play in Wednesday's game when Borgata hit two goals in quick succession.
Borgata players then watched in bewilderment as their opponents scored one own goal after the other, shared between three players, Italian media said.
The result meant Terrenove qualified on goal difference ahead of Partinicaudace.
"It had been a real contest up to a certain point then Bagheria staged a farce," the Borgata coach Ignazio Chianetta told the website Siciliaingol.
"Their captain told me they preferred us to qualify rather than Partinicaudace.
Partinicaudace's coach Giovanni Cammarata said: "I can guarantee there was no agreement between us and Bagheria.
"I can't try to understand a motive for these eight own goals. It has nothing to do with football and I hope the FIGC investigates."
Sandro Morgana, the FIGC's regional president, said: "I will personally inform our prosecutors about this and they will look into the case and establish which sanctions should apply."
The two sides were well short of the world record for goals scored in senior football, which was set when AS Adema won a match 149-0 against Stade Olymique L'Emyrn in Madagascar in 2002.
Stade Olymique deliberately scored all the goals in their own net in protest over a refereeing decision.

Monday, February 3, 2014

ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးနေရာမှာ တည်ရှိတဲ့ဘောလုံးကွင်းကြောင့် အိမ်ကွင်းလက်ခံကစားဖို့  ပိတ်ပင်ခံခဲ့ ရတဲ့ ဘိုလီးဗီးယားအသင်း





ဘိုလီဗီးယားနိုင်ငံ၊ လာပက်ဇ် မြို့ မှာ တည်ရှိတဲ့ နိုင်ငံအသင်းအိမ်ကွင်း Estadio Hernando Siles မှာ ကစားခဲ့တဲ့ပွဲစဉ်တိုင်းနီးပါးကို ဘိုလီးဗီးယားအသင်းက အနိုင်ရရှိခဲ့ပါတယ်။ အမြင့်ပေ ၁၁ ၉၃၂ ပေ မှာ တည်ရှိတဲ့ ဘောလုံးကွင်းဟာ အောက်စီဂျင်ဓာတ်နည်းပါးမှုကြောင့် လာရောက်ကစားရတဲ့ အသင်းတိုင်းက ကစားသမားတွေဟာ အောက်စီဂျင်မ၀၊အသက်ရှူမ၀ဖြစ်ပြီး ကွင်းထဲမူးမေ့လဲ၊ မကစားနိုင်တဲ့ အခြေအနေကို အမြဲ ကြုံတွေ့ နေရပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၈၀ ကျော်နေတဲ့ နိုင်ငံဘောလုံးအသင်းဟာ ၁၉၉၄ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကမ္ဘာ့အဆင့်တစ် ဘရာဇီးအသင်းကို ဒီကွင်းမှာ ၂ -၀ နဲ့ အနိုင်ယူခဲ့ပြီး ဘရာဇီးအသင်းရဲ့ နှစ် ၄၀အတွင်း ခြေစစ်ပွဲအဆင့်မှာ ပထမဆုံးရှုံးနိမ့်မှုစံချိန်ကို ရရှိစေခဲ့ပါတယ်။ ဒါတင်မကသေးဘူး ဧပြီ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်သုံး အာဂျင်တီးနားအသင်းကို ဒီကွင်းမှာပဲ ၆ -၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ကာ အာဂျင်တီးနားအသင်း ရဲ့ နှစ် ခြောက်ဆယ် သက်တမ်းအတွင်း အဆိုးရွားဆုံးရှုံးနိမ့်မှုစံချိန်ကို ရရှိစေခဲ့ပြန်ပါတယ်။
ဒီ လာပက်ဇ်မြို့ ကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်သောင်းကျော်မှာ တည်ရှိတဲ့အတွက် လာရောက် ယှဉ်ပြိုင်ရတဲ့အသင်းတွေဟာ ဒီလေဖိအားနဲ့ ကျင့်သားမရကြဘဲ အမြဲလိုလို ကွင်းထဲ မူးမေ့လဲတတ်ကြပါတယ်။ အောက်စီဂျင်ဓာတ်ကောင်းကောင်းမရတဲ့အတွက် ဘောလုံးပွဲကို အားစိုက်မကစားနိုင်ဘဲ ဒီပတ်ဝန်းကျင်နဲ့  ကျင့်သားရနေတဲ့ ဘိုလီဗီးယားသားတွေ အကြိုက်ဖြစ်ခဲ့ပါတယ်။
အခုတော့ ဘိုလီဗီးယားအသင်းကို နိုင်ငံပွဲစဉ်တွေ ဒီကွင်းမှာ လက်ခံကစားဖို့ ပိတ်ပင်လိုက်ရပြီး အမြင့်ပေ ၈၂၀၀ ကျော်တဲ့ ကွင်းတွေမှာ လက်ခံမကစားရဘူးဆိုတဲ့ စည်းမျဉ်းကိုပါ ထုတ်ပြန်ခဲ့ရပါတယ်။
Ref: wikipedia

Monday, January 20, 2014

နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ကစားသမား ၂၄၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ကာရူကီ နှစ်နှစ်ဆက်တိုက်ဗိုလ်စွဲ

 
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမြင်ကွင်း


ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီ ၁၉ ရက်က ကျင်းပခဲ့ရာ ၄၂ ကီလိုပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ကာရူကီက နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် မြင့်မြင့်အေးက ပထမနေရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ၄၂ ကီလိုပြိုင်ပွဲနှင့် ၂၁ ကီလိုပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ပြိုင်ပွဲဝင် ၂၄၀၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲကို အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှ စတင်တာထွက်ပြီး ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ လှိုင်၊ ရန်ကင်း၊ သင်္ဃန်းကျွန်းမြို့နယ်များကို ဖြတ်ကာ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ပင် ပြန်လည်ပန်းဝင်ခဲ့ခြင်းဖြစ်သည်။ ၄၂ ကီလိုပြိုင်ပွဲတွင် ပထမ ကာရူကီ (ကင်ညာ)၊ ဒုတိယ ဝေလင်းထွန်း (မြန်မာ)၊ တတိယ စိုးနိုင် (မြန်မာ)၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမ မြင့်မြင့်အေး (မြန်မာ)၊ ဒုတိယ နီလာစန်း (မြန်မာ)၊ တတိယ သီတာချို (မြန်မာ) တို့က ရရှိကြသည်။ ယင်းကစားသမားများမှာ မြန်မာ့လက်ရွေးစင် ကစားသမားများလည်းဖြစ်သည်။









၄၂ ကီလိုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြင့်မြင့်အေး (၀ဲ)၊ အမျိုးသားပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် ကာရူကီ ပန်းဝင်လာစဉ် (လယ်) နှင့် ပြိုင်ပွဲဝင်တစ်ဦး ယှဉ်ပြိုင်နေစဉ် (ယာ) (ဓာတ်ပုံ- ညီညီစိုးညွန့်)

၂၁ ကီလို အမျိုးသားပြိုင်ပွဲတွင် ပထမ ပေါလ်ကူမန်နီ (ကင်ညာ)၊ ဒုတိယ အွန်ဒိုရာ (ကင်ညာ)၊ တတိယ ဆန်းနိုင် (မြန်မာ)၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ မယ်ရီ (ကင်ညာ)၊ ဒုတိယ ဖြူဝါသက် (မြန်မာ)၊ တတိယ ခင်မာဆယ် (မြန်မာ) တို့က ရရှိကြသည်။ ဖြူဝါသက်မှာ ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မီတာ ၁၅၀၀ ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ ဆုကြေးများအဖြစ် ၄၂ ကီလိုပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ ၂၅၀၀၊ ဒုတိယ ၁၅၀၀၊ တတိယ ၈၀၀၊ ၂၁ ကီလိုပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဒုတိယ ၈၀၀၊ တတိယ ၄၀၀ တို့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် သက်ကြီးရွယ်အိုများ ၀င်ရောက်ယှဉ်ပြိုင်သည့် ငါးကီလို အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

Monday, January 13, 2014

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချခြင်းအပေါ် ဝေဖန်မှုများရှိနေ

Monday, January 13, 2014
သတင်းအယ်ဒီတာအဖွဲ့

ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားကို ရှုံးနိမ့်အပြီး မြန်မာ့လက်ရွေးစင် ကစားသမားများကို တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)


ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အနေဖြင့် အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချလိုက်ခြင်းအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက် ခံကျင်းပခဲ့သော (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှာပင် ထွက်ခဲ့ရသည်။

မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာဘောလုံးအဖွဲ့ချုပ် အနေဖြင့် နည်းပြချုပ်ဖြစ်သူ ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာနှင့် ချက်ချင်းလမ်းခွဲခဲ့သည်။ မြန်မာပရိသတ်များ အနေဖြင့် ဆီးဂိမ်းစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အောင်မြင်မှုမရဘဲ စိတ်ပျက်စရာကောင်းသည့် ရှုံးနိမ့်မှုမျိုးဖြင့် ကြုံတွေ့ခဲ့ရသည့်အပေါ် နည်းပြချုပ် ပတ်ဆောင်ဟွာအား ဝေဖန်ပြစ်တင် ခဲ့ကြသည့်အပြင် လက်ရွေးစင် ကစားသမားများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများအား မြန်မာဘောလုံးအသင်း ကျရှုံးမှုအတွက် မေးခွန်းထုတ်ခဲ့သလို ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ယင်းသို့သော အနေအထားတွင် ပြီးခဲ့သည့် ဇန်န၀ါရီ ၈ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် လိဂ်ကော်မတီ၊ ကလပ်အသင်းများနှင့် ကစားသမားများ ညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်မှ ကစားသမားများ၏ လစာနှုန်းထားများကို ကန့်သတ်လျှော့ချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးဆုံးဖြတ်မှုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ လစာလျှော့ပေါ့ရခြင်းမှာ ဘောလုံးသမားများ အနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစွာ မိမိတို့ရရှိနေသည့် ခံစားခွင့်များနှင့် လိုက်ဖက်သော ခြေစွမ်းအဆင့်အတန်းမျိုး ပြသလာနိုင်စေရန်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဘောလုံးအောင်မြင်မှုဖြင့် ပိုမိုပေးဆပ် ကြိုးစားလိုသည့် ကစားသမားများ တိုးတက်များပြား လာစေရန်နှင့် ဘောလုံးကို ချစ်မြတ်နိုးသည့် လူငယ်ဘောလုံးသမားကောင်းများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကစားသမားများ၏လစာကို နှုန်းထားတစ်ခုဖြင့် လျှော့ချသတ်မှတ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီနှင့် ကလပ်အသင်းပိုင်ရှင်များ၊ ဘောလုံးသမားများ တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် ဘောလုံးသမားများ၏ လစာများကို ကန့်သတ်လျှော့ချခြင်းမှာ မှန်ကန်သည့်လုပ်ရပ် မဟုတ်ဘဲ မြန်မာဘောလုံးအတွက် သင့်တော်သည့် အဖြေမှန်တစ်ခုကို ရရှိလာမည်မဟုတ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

“ဒီစည်းမျဉ်းက ပြောရရင် ကစားသမားတွေကို ချောင်ပိတ်ရိုက်သလို ဖြစ်နေတယ်။ ကစားသမားတွေ အနေနဲ့လည်း သဘောမတူလို့ မရတဲ့ အနေအထားမျိုးဖြစ်လို့ သဘောတူလိုက်ရတယ်လို့ပဲ မြင်တယ်။ ကစားသမားတွေ အနေနဲ့ ဒီခံစားချက်ကြီးနဲ့ ကစားနေရရင် မကောင်းနိုင်ဘူး။ လက်ရွေးစင်အသင်း မအောင်မြင်လို့ လုပ်တယ်ဆိုတာကိုက မှားနေတယ်။ ဒီလိုသာဆိုရင် အင်္ဂလန်အသင်း မအောင်မြင်သရွေ့ လစာသာလျှော့နေရင် ပရီးမီးယားလိဂ်က အင်္ဂလန်ကစားသမားတွေ ဘယ်လိုလုပ်မလဲ။ ဒီလိုအကန့်အသတ်နဲ့ လုပ်တာက မှားယွင်းနေတယ်လို့ပဲ မြင်တယ်။ ကစားသမားတွေကို A -Class၊ B-Class၊ C-Class လုပ်တာလည်း မှားယွင်းတယ်။ MNL အစ လစာငွေတွေ မတရားဖောင်းပွနေတုန်းက ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တဲ့ လုပ်ရပ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲဒီကတည်းက လစာငွေတွေကို Open လုပ်ပေးခဲ့ပြီး အခုမှ ပြန်ပြီးထိန်းချုပ်နေရတာက အလုပ်မဟုတ်ဘူး။ လွဲတာကတော့ အစကတည်းက လွဲခဲ့တာ။ ကန့်သတ်မှုတွေရှိလာရင် ပိုဆိုးသွားမယ်။ ပရော်ဖက်ရှင်နယ်အဆင့်ကို သွားပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်မှုတွေ လုပ်နေတာထက်စာရင် အစကတည်းက Pro စနစ်ကိုမသွားဘဲ အပျော်တမ်းအဆင့်နဲ့ပဲ ကစားနေပါတော့လား။ Pro လုပ်ပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်နေရတာက အဓိပ္ပာယ်မရှိပါဘူး။ ဒီလို လစာငွေထိန်းချုပ်တဲ့ စည်းမျဉ်းထုတ်တော့ရော လက်ရွေးစင်အသင်း အောင်မြင်ဖို့ အာမခံနိုင်သလားလို့ ပြန်ပြီးမေးခွန်းထုတ်ရမယ်” ဟု ၀ါရင့်အားကစားကလောင်ရှင် ဦးဖေဒီက ပြောကြားသည်။


တကယ်တော့ ပရိုစနစ်ကို စပြောင်းကတည်းက အခုလို လစာငွေထိန်းချုပ်တာမျိုး လုပ်ခဲ့ရင် အကြောင်းမရှိဘူး။ အစကတည်းက မလုပ်ခဲ့ဘဲ ကစားသမားတွေကို သူတို့ဘာသာသူတို့ ဈေးပြိုင်ပေး၊ လစာတွေ မက်လုံးပေးခေါ် အခုကျမှ မနိုင်တော့တဲ့အချိန်၊ ဘာမှရစရာ မရှိတော့တဲ့ အချိန်ကျမှ ဒီလိုလုပ်တာက မဖြစ်သင့်ဘူး

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ရသည့်အတွက် ဘောလုံးဝါသနာရှင် ပြည်သူများအနေဖြင့် နည်းပြ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ကစားသမားများအပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း နိုင်ငံတကာပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ကျရှုံးမှုနှင့် မြန်မာနေရှင်နယ်လိဂ်တွင် လူငယ်ဘောလုံးသမားများ၏ လစာလျှော့ချခံရခြင်းမှာ သင့်တော်သည့်ကိစ္စ မဟုတ်ကြောင်းလည်း ပြောဆိုဝေဖန်မှုများ ရှိနေသည်။

“ကျွန်တော်တို့ မြန်မာဘောလုံးအသင်းကို အမြဲအားပေးတယ်။ အရင်ကလည်း ရှုံးခဲ့တာပါပဲ။ ဒါပေမဲ့ ပရိသတ်တွေကတော့ အားပေးနေဆဲပါပဲ။ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်မှာ အင်ဒိုကို မရှုံးသင့်ဘဲရှုံးတယ်။ ဒီအတွက် ဘောလုံးချစ်တဲ့ ပရိသတ်တွေ ပေါက်ကွဲကြတယ်။ ကစားသမားတွေ အပါအ၀င် တာဝန်ရှိသူတွေကို အပြစ်တင်တယ်။ ဒါကသဘာဝပါပဲ။ အခုလို နိုင်ငံလက်ရွေးစင်အသင်း မအောင်မြင်လို့ နေရှင်နယ်လိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကို လစာထိန်းချုပ်မယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ပရိသတ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါဟာအဖြေလည်း မဟုတ်ပါဘူး” ဟု ရန်ကုန်မှ ဘောလုံးဝါသနာရှင် ကိုကျော်ကျော်က ပြောကြားသည်။

မြန်မာ့ဘောလုံး ပြုပြင်ပြောင်းလဲမှုအတွက် အများ၏ တောင်းဆိုမှုနှင့်အတူ အမှန်တကယ် လိုအပ်ချက်ကြောင့် မြန်မာဘောလုံးလောကမှ အရေးကြီးသည့် အလှည့်အပြောင်းတစ်ခုအဖြစ် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများက ငွေကြေးမတည် လှူဒါန်းမှုများနှင့်အတူ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲများကို စီးပွားရေး လုပ်ငန်းရှင်များက ကလပ်အသင်းပိုင်ရှင်များအဖြစ် ငွေကြေးသုံးစွဲမှုများနှင့်အတူ ယခင်က ၀င်ငွေအနည်းငယ်သာ ရရှိထားသော ကစားသမားများ အနေဖြင့်လည်း လစာငွေ ကျပ်သိန်း ၃၀ အထိ ခံစားခွင့်ရရှိမှုများလည်း ရှိလာသည်။ ထိုကဲ့သို့ လစာတိုးမြှင့်ခြင်း ယခင်ကထက် များစွာမြင့်မားသည့် ငွေကြေးများ ရရှိခံစားနိုင်လာခြင်းများကိုလည်း လူငယ်ဘောလုံးသမားများကြားတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ရေးအတွက် မျှော်လင့်ချက်ဖြင့် ကြိုးပမ်းလာမှုများလည်း မြင့်မားလာခဲ့သည်။ ယင်းအခြေအနေတွင် တာဝန်ရှိသူများ အနေဖြင့် လစာနှုန်းထားများကို ပြန်လည်လျှော့ချလိုက်ခြင်းမှာ ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကြိုးစားအားထုတ်လိုမှု အပေါ်တွင်ပါ ထိခိုက်သွားနိုင်ဖွယ်ရှိကြောင်း ဝေဖန်ပြောကြားမှုများလည်း ရှိလာသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ပြောစရာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ ပြောသင့်မပြောသင့် ဆိုတာကလည်း ရှိနေပါသေးတယ်။ ဒီကိစ္စကို သိလိုက်ရတဲ့အချိန်မှာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတယ်။ ကစားသမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာသင့်တယ်။ ရှိသင့်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အကောင်းဆုံးကြိုးစားတယ်။ ကြိုးစားမှု ခြေစွမ်းပြမှုတွေအတွက် ထိုက်သင့်တဲ့လစာ ရသင့်တယ်လို့ထင်တယ်။ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကို ရောထွေးလို့မရပါဘူး။ လက်ရွေးစင်အသင်းမှာ အောင်မြင်ဖို့ဆိုတာ အများကြီးလုပ်ရမယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြိုးစားနေတာ မဟုတ်ဘူး။ သူများနိုင်ငံတွေကလည်း ကြိုးစားနေကြတယ်။ ကိုယ့်အသင်းက အခုမှ တက်လာခါစပဲ ရှိသေးတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး ကြည်လင်းက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိကစားသမားများ ခံစားရရှိနေကြသော လစာနှုန်းထားများမှာ ပြင်ပစီးပွားရေးနှင့် မိသားစုကုန်ကျစရိတ်နှင့် လိုအပ်ချက်များနှင့်ပါ ယှဉ်တွဲကြည့်မည်ဆိုပါက များစွာပိုလျှံသည့် ခံစားခွင့်မျိုး ဖြစ်နိုင်မည်မဟုတ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။ မျက်မှောက်ကာလတွင် လစာငွေ ၁၀ သိန်းမှာ မိသားစုတစ်စုအတွက် ကြီးမားသည့် ၀င်ငွေတစ်ရပ် မဟုတ်ဘဲ ပုံမှန်လူတန်းစေ့ စားသောက်နိုင်ရုံ အနေအထားတွင်သာ ရှိနိုင်ပြီး ယင်းကစားသမားများ၏ အနာဂတ် အာမခံချက်အတွက် လုံလောက်နိုင်သည့် အနေအထားမျိုး မဟုတ်ကြောင်းလည်း ဝေဖန်ထောက်ပြမှုများ ရှိနေပါသည်။

“ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အတွက် အကောင်းဆုံးအချိန်နဲ့ သူ့ရဲ့တကယ်အသင်းအတွက် ကစားပေးနိုင်မယ့် အချိန်က အများကြီးမရှိပါဘူး။ လေးငါးနှစ်အတွင်းမှာ သူတို့ရမယ့်လစာက ဘ၀တစ်လျှောက်လုံးအတွက် စုဆောင်းနိုင်မယ့် အနေအထားမျိုးလည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ တစ်လ ၁၀ သိန်းဆိုတဲ့ ၀င်ငွေက စားသောက်စရိတ်၊ နေထိုင်စရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေနဲ့တင် ပြီးသွားမှာပါ။ ဒါကြောင့် သူတို့တွေ လစာအများကြီး ရနေတယ်။ လက်ရွေးစင်မှာတော့ မအောင်မြင်ဘူးဆိုပြီး လစာပြန်လျှော့တယ် ဆိုတဲ့ဟာမျိုးကတော့ သိပ်သဘာဝမကျပါဘူး” ဟု မန္တလေးမှ ဘောလုံးဝါသနာရှင် ကိုနန္ဒစိုးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သဘောတူညီမှုနှင့်အတူ လိဂ်ကော်မတီ၊ ကလပ်အသင်းပိုင်ရှင်များ၊ ကစားသမားများ ညှိနှိုင်းသဘောတူမှုကြောင့် ယင်းကဲ့သို့ လစာလျှော့ချရန် ဆုံးဖြတ်ချက် အတည်ပြုခဲ့သော်လည်း ကာယကံရှင် ကစားသမားများ အနေဖြင့် နစ်နာမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနိုင်ကြောင်းလည်း ပရော်ဖက်ရှင်နယ် ကစားသမားများထံမှ သိရှိရသည်။

“ဒီစည်းမျဉ်းစည်းကမ်းကို ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး။ ပရိုစနစ် ကူးပြောင်းတာကလည်း MFF ဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်တွေကြောင့်ပါပဲ။ ဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ အခုလစာငွေတွေ ပြန်ကန့်သတ်တာလည်း ပရိုစနစ်ကို အကောင်အထည် ဖော်ခဲ့သူတွေပါပဲ။ အသင်းပိုင်ရှင်တွေ အနေနဲ့ ငွေကြေးအများကြီး စိုက်ထုတ်ခဲ့ပေမယ့် လက်ရွေးစင်အသင်း မအောင်မြင်ခဲ့သလို ဆီးဂိမ်းစ်မှာ မြန်မာအသင်း မအောင်မြင်တာကလည်း အဓိကအကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကို ချိတ်ဆက်လို့မရဘူး ထင်ပါတယ်။ လက်ရွေးစင်အသင်း မအောင်မြင်တိုင်းသာ ကလပ်အသင်းက ကစားသမားတွေ လစာလျှော့ခံရမယ်ဆိုရင် အခြားနိုင်ငံတွေမှာ ဘယ်လိုလဲဆိုတာ လေ့လာသင့်ပါတယ်။ အခု မြန်မာပြည်မှာ ကစားနေတဲ့ ဘောလုံးသမားတွေထဲက ၉၉ ရာခိုင်နှုန်းဟာ ချမ်းသာတဲ့သူတွေ မဟုတ်ပါဘူး။ အားလုံးက ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာသူတွေပါ။ အခုပရိုစနစ်လေး ကူးပြောင်းလိုက်လို့ လစာတွေ ထိုက်သင့်သလောက်ရပြီး ဘ၀အခြေအနေတွေ နည်းနည်းပြောင်းလဲတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်ဆိုလည်း ခုနစ်တန်းကတည်းက မိဘနဲ့ခွဲပြီး ဘောလုံးကစားလာတာပါ။ ကျွန်တော် ဘောလုံးစကစားတုန်းက တစ်လကို လစာ ၄၅၀ ကျပ်ပဲ ရခဲ့တာပါ။ MNL စတင်တဲ့ ၂၀၀၉ မှာ လက်ရွေးစင် ကစားသမားတွေကို လစာကျပ် ၁၀ သိန်းပေးဖို့လည်း အသင်းပိုင်ရှင်တွေဘက်ကပဲ သတ်မှတ်ခဲ့တာပါ။ ကျွန်တော်တို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ အခု သတ်မှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ လူငယ်ကစားသမားတွေအတွက် စိုးရိမ်တာတစ်ခုကတော့ လူငယ်လက်ရွေးစင်တောင် မဖြစ်ဖူးတဲ့သူတွေက လစာနှစ်သိန်းကနေ ငါးသိန်းအထိပဲ ရမှာပါ။ အဲဒီကစားသမားတွေက ကလပ်အသင်းမှာ ခြေစွမ်းပြရင်တောင် လစာက စာချုပ်သက်တမ်းပြည့်မှပဲ ခံစားခွင့်ရရှိမယ့် အနေအထားပါ။ ကျွန်တော်တို့လည်း လျော်ကြေးငွေတွေနဲ့ စာချုပ်ဖျက်ပြီး စာချုပ်သစ် ပြန်ချုပ်ရမှာပါ။ စာချုပ်သစ်ကိစ္စ အဆင်မပြေရင် တခြားအသင်းကိုလည်း ပြောင်းရွှေ့ခွင့် မရှိဘူးလို့ သိရပါတယ်။ လက်ကျန်စာချုပ်သက်တမ်းကို ပြန်ချုပ်ရမှာဖြစ်ပြီး စာချုပ်သက်တမ်းကိုလည်း လျှော့လို့မရပါဘူး။ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တဲ့ ဘောလုံးကို ကစားနိုင်တဲ့အချိန်ထိ ကစားသွားမှာပါ။ ကျွန်တော် လက်ရွေးစင်ကစားသမား ဘ၀တုန်းက ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးပေးဆပ်ဖို့ ဆုံးဖြတ်ပြီးသားပါ” ဟု KBZ အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ဂိုးသမားကျော်ဇင်ထက်က ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။


ပရော်ဖက်ရှင်နယ်အဆင့်ကို သွားပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်မှုတွေ လုပ်နေတာထက်စာရင် အစကတည်းက Pro စနစ်ကိုမသွားဘဲ အပျော်တမ်းအဆင့်နဲ့ပဲ ကစားနေပါတော့လား။ Pro လုပ်ပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်နေရတာက အဓိပ္ပာယ်မရှိပါဘူး။ ဒီလို လစာငွေထိန်းချုပ်တဲ့ စည်းမျဉ်းထုတ်တော့ရော လက်ရွေးစင်အသင်း အောင်မြင်ဖို့ အာမခံနိုင်သလား

ထို့ပြင် နိုင်ငံလက်ရွေးစင်အသင်း မအောင်မြင်ခြင်းကြောင့် လိဂ်ပြိုင်ပွဲများ ကစားနေသော ပရော်ဖက်ရှင်နယ် ကစားသမားများအား လစာလျှော့ပေါ့ ကန့်သတ်ခြင်းမျိုးမှာ အခြားနိုင်ငံများတွင် ရှိနေသော ပရော်ဖက်ရှင်နယ်လိဂ် ပုံစံနှင့် တူညီမှုမရှိဘဲ သီးခြားဖြစ်နေကာ နိုင်ငံတကာ စံနှုန်းများနှင့် လွဲချော်မှုများ ရှိနေကြောင်းလည်း ဝေဖန်သုံးသပ်ခဲ့ကြသည်။

“လစာငွေကို လျှော့ချတဲ့အပြင် ကစားသမားတစ်ယောက်အတွက် အမြင့်ဆုံးလစာငွေ ၁၀ သိန်းဆိုတဲ့ သတ်မှတ်ချက်က လက်ရှိကစားသမားတွေအတွက်သာ မဟုတ်ဘဲ အလားအလာရှိတဲ့ ကစားသမားတွေရဲ့ ကြိုးစားချင်စိတ်ကိုပါ ထိခိုက်စေတယ်လို့ မြင်ပါတယ်။ နောက်ပြီးနိုင်ငံ့လက်ရွေးစင် အသင်းတွေမှာ ရွေးချယ်ခံရတာအပေါ် မူတည်ပြီး လစာငွေအတွက် ကစားသမားတွေကို Class ခွဲတာကလည်း ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်။ လက်ရွေးစင်အသင်း အောင်မြင်မှုရရင် ကလပ်အသင်းတွေက မဆီမဆိုင် လစာငွေ တိုးပေးရမယ့် ကိစ္စကလည်း သိပ်အလုပ် မဟုတ်သေးဘူး။ ဒီပုံစံက လစာငွေ ထိန်းချုပ်တယ်ဆိုပေမယ့် မေဂျာလိဂ် (အမေရိကန်)၊ အေ-လိဂ် (သြစတြေးလျ) တို့ အပါအ၀င် အချို့အားကစား ပြိုင်ပွဲတွေမှာ ရှိနေတဲ့ Salary Cap ပုံစံမျိုးလည်း မဟုတ်ပြန်ဘူး။ ကစားသမားတွေဘက်က မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးမယ့် Players' Union လို အဖွဲ့အစည်းမျိုး ရှိသင့်နေပါပြီ။ ဒီမိုကရေစီခေတ်ကို အသွင်ကူးပြောင်း လာပြီးတဲ့နောက်မှာ အခြားကဏ္ဍအသီးသီးကို ကြည့်မယ်ဆိုရင် ကိုယ်စားပြု အဖွဲ့အစည်းတွေ အသီးသီး ပေါ်ပေါက်လာပေမယ့် မြန်မာဘောလုံးသမားတွေ အပါအ၀င် မြန်မာအားကစားသမားတွေအတွက် ကိုယ်စားပြုမယ့် အဖွဲ့အစည်းမျိုး မရှိသေးတာ တွေ့ရမှာပါ။ အခုကိစ္စမှာလည်း ကစားသမားတွေ အားလုံးသဘောတူခဲ့တယ် ဆိုပေမယ့် တကယ်တမ်းလစာငွေ ၁၀ သိန်းအထက် ရနေတဲ့ ကစားသမားတွေ၊ ရဖို့အလားအလာရှိတဲ့ ကစားသမားတွေက အောင့်သီးအောင့်သက် လက်ခံခဲ့ရတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ဒီသတ်မှတ်ချက်က ကစားသမားတွေရဲ့ ကြိုးစားချင်စိတ်ကို ပိုဖြစ်နိုင်မလားဆိုရင် ကျွန်တော်ကတော့ မထင်ဘူးလို့ပဲ ဖြေချင်ပါတယ်” ဟု Premier Eleven Sports Journal အယ်ဒီတာချုပ် ကိုမြတ်ထွဋ်ဝင်းက ပြောကြားသည်။

ကလပ်အသင်းပိုင်ရှင်များ အနေဖြင့်လည်း ငွေကြေးများစွာ သုံးစွဲနေရသည့်အတွက် ရေရှည်တွင် ရပ်တည်နိုင်ရန် အခက်အခဲရှိနိုင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေပြီး မြန်မာနေရှင်နယ်လိဂ် စတင်ချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်သူစိတ်ဝင်စားမှု ရရှိရန် ငွေကြေးများစွာ သုံးစွဲခဲ့ကြသော်လည်း လက်ရှိအချိန်တွင် မြန်မာနေရှင်လိဂ် ရေရှည်ရပ်တည်နိုင်ရေးအတွက်ပါ စဉ်းစားရမည့် အခြေအနေတွင် ရှိနေကြောင်း ပြောဆိုမှုများ ရှိလာသည်။

“ဒီစည်းမျဉ်းစည်းကမ်းက MFF နဲ့ MNL ကလပ်အသင်းပိုင်ရှင်တွေ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ MNL ကို ကျင်းပခဲ့တာက လက်ရွေးစင်အသင်း အောင်မြင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းဟာ အာဆီယံဒေသတွင်း အဆင့်မှာတောင် အောင်မြင်မှုတွေ မရခဲ့ပါဘူး။ ကလပ်အသင်းတွေ အနေနဲ့လည်း ငွေကြေးအများကြီး ကုန်ကျခံပြီး လုပ်နေရတာကြောင့် ရေရှည်တည်တံ့ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် MNL ရေရှည်တည်တံ့ဖို့ လုပ်ဆောင်ခဲ့ရတာပါ။ MNL ကလပ်အသင်းတွေရဲ့ ကုန်ကျငွေဟာ တစ်နှစ်ကို သိန်းတစ်သောင်းဝန်းကျင်ရှိပြီး ၀င်ငွေက ကျပ်သိန်းတစ်ရာကျော်ပဲ ရှိပါတယ်။ ဒါတောင် အိမ်ကွင်းလုပ်တဲ့ အသင်းတွေသာ ၀င်ငွေရှိပြီး အိမ်ကွင်းမလုပ်နိုင်သေးတဲ့ အသင်းတွေရဲ့ ၀င်ငွေက အရမ်းနည်းပါတယ်။ ‘သစ်ပင်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါတယ်’။ ဒါကြောင့် MNL ကြီး ရေရှည်တည်တံ့ဖို့အတွက် အခုလို လုပ်ဆောင်ခဲ့ရတာပါ” ဟု ဇေယျာရွှေမြေအသင်း၏ (CEO) ဦးသန်းဇော်က ပြောကြားသည်။


၂၀၁၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းအား ဆုချီးမြှင့်နေစဉ်

ပရော်ဖက်ရှင်နယ် ကစားသမားများကို လစာငွေ လျှော့ချမှုနှင့် ပတ်သက်ပြီး ၀ါရင့်အားကစား ကလောင်ရှင်နှင့် ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ထွေးကလည်း “အဓိကကတော့ MNL ကလပ်အသင်းတွေက ငွေကုန်ကြေးကျတွေများပြီး ၀န်ထုပ်ဝန်ပိုးတွေ အများကြီးဖြစ်လာတော့ မခံနိုင်တော့ဘူး။ ဒီတော့ သူတို့က MFF ကို တင်ပြတယ်။ အမှန်တကယ်တော့ မတတ်သာလို့သာ လုပ်ရတာ၊ လစာငွေ လျှော့ချတာကတော့ လုံးဝမကောင်းပါဘူး။ ၂၀၀၉ ခုနှစ် MNL စတုန်းက သိန်း ၃၀၀၊ ၄၀၀ ဆုကြေးငွေတွေပေးပြီး လက်တစ်ဖွာဖွာနဲ့ သုံးခဲ့ကြပြီး ကြာလာတော့ ၀င်ကြေးကမရှိ၊ စပွန်ဆာက မရှိနဲ့ တောင်မင်းမကယ်နိုင်၊ မြောက်မင်းမကယ်နိုင်ဖြစ်ပြီး အခုလိုဖြစ်လာတာပေါ့။ မလုပ်လို့ မဖြစ်တော့လို့သာ လုပ်ခဲ့ရတာ။ တကယ်တော့ မကောင်းပါဘူး။ ဒါက MNL စကတည်းက လုပ်ထားရင်တော့ ကောင်းတာပေါ့။ အခုကလစာတွေ အများကြီးပေးပြီးမှ အခုလိုပြန်လျှော့တော့ ကစားသမားတွေလည်း ဘယ်စိတ်ကောင်းပါ့မလဲ” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဘောလုံးအား ပရော်ဖက်ရှင်နယ်စနစ်သို့ ပြောင်းလဲလိုက်ပြီးမှ လစာပြန်လည် ကန့်သတ်မှုမှာ မှန်ကန်သည့်နည်းလမ်း မဟုတ်ကြောင်း၊ ပရော်ဖက်ရှင်နယ်တွင် အရည်အချင်းရှိပြီး ကြိုးစားသည့် ကစားသမားများ ကြိုးစားသလောက် ပရော်ဖက်ရှင်နယ်၏ သဘောသဘာဝအတိုင်း ခံစားခွင့်ရှိကြောင်းနှင့် ကလပ်အသင်းများ အနေဖြင့် လစဉ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးနေခြင်း အပေါ်လည်း ကြိုတင်စဉ်းစား သုံးသပ်ထားဖို့ လိုအပ်ကြောင်း တက်လမ်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကလည်း သုံးသပ်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာပြိုင်ပွဲများတွင် လက်ရွေးစင်အသင်း အောင်မြင်မှု မရရှိခြင်းကို နည်းစနစ်ကျစွာ ဆန်းစစ်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု အပိုင်းနှင့် နိုင်ငံတကာ စံနှုန်းများနှင့်ယှဉ်လျှင် နည်းလမ်းမကျမှုများအပေါ် ပြုပြင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သုံးသပ်ဝေဖန်မှုများ ရှိနေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဘဏ္ဍာခွန်အသင်း၏ နည်းပြချုပ်ဟောင်းဖြစ်သူ ဦးခင်မောင်ကြိုင်ကလည်း “ပရော်ဖက်ရှင်နယ်ဆိုတာ လွတ်လွတ်လပ်လပ်ရှိရမယ်။ ငွေရေး၊ ကြေးရေးပိုင်းနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်က ၀င်ပြီးစွက်ဖက် ဆုံးဖြတ်ပေးစရာ အကြောင်းမရှိဘူး။ အခုဟာက ဗဟိုဦးစီးစနစ် ပုံစံမျိုးနဲ့ သွားသလို ပုံစံမျိုးတွေပဲ တွေ့နေရသေးတယ်။ ပရော်ဖက်ရှင်နယ်မှာ တန်ဖိုးကို ဘယ်လောက်ဆိုပြီး သတ်မှတ်ပေးလို့မရဘူး။ အရည်အချင်းနောက်ကို သူ့ရဲ့တန်ဖိုးက လိုက်လာတာ။ ကစားသမား တစ်ယောက်ဟာ အရည်အချင်းရှိရင် ရှိသလောက် ခံစားရမှာပဲ။ အခုဆိုရင် လစာငွေတွေ လျှော့ချခံရတော့ မြန်မာကစားသမားတွေနဲ့ နိုင်ငံခြားသား ကစားသမားတွေရဲ့ လစာငွေ ကွာဟမှုက ကြီးမားလာပြီး နောက်ပိုင်းဆိုရင် တစ်ဦးကိုတစ်ဦး အထင်အမြင်သေးတာတွေ ဖြစ်လာလိမ့်မယ်။ တကယ်တော့ ပရိုစနစ်ကို စပြောင်းကတည်းက အခုလို လစာငွေထိန်းချုပ်တာမျိုး လုပ်ခဲ့ရင် အကြောင်းမရှိဘူး။ အစကတည်းက မလုပ်ခဲ့ဘဲ ကစားသမားတွေကို သူတို့ဘာသာသူတို့ ဈေးပြိုင်ပေး၊ လစာတွေ မက်လုံးပေးခေါ် အခုကျမှ မနိုင်တော့တဲ့အချိန်၊ ဘာမှရစရာ မရှိတော့တဲ့ အချိန်ကျမှ ဒီလိုလုပ်တာက မဖြစ်သင့်ဘူး။ ကစားသမားတွေ အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကြိုးစားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ရယ်စရာပြောရရင် အရင်ဆုံး နောက်ပြန်လှည့်တာက ဘောလုံးလို့ ပြောရမလားပဲ” ဟု ပြောကြားခဲ့သည်။

ကစားသမားများ လစာလျှော့ပေါ့ခံစားရန် လိဂ်ကော်မတီ၊ ကလပ်အသင်းနှင့် ကစားသမားများ ညှိနှိုင်းသဘောတူမှု

(က) မြန်မာနေရှင်နယ်လိဂ်၊ လူငယ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ကစားလျက်ရှိသော လူငယ်ကစားသမားများကို အနည်းဆုံး လစာငွေကျပ်တစ်သိန်းမှ အများဆုံး လစာငွေကျပ် သုံးသိန်းအထိ သတ်မှတ်ပေးရန်။

(ခ) မြန်မာနေရှင်လိဂ်၊ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေသော ကစားသမားများကို အနည်းဆုံးလစာ ကျပ်နှစ်သိန်းမှ အများဆုံးလစာငွေ ကျပ်ငါးသိန်းအထိ သတ်မှတ်ပေးရန်။

(ဂ) အသက် (၁၉) နှစ်အောက် မြန်မာ့လက်ရွေးစင် အသင်းမှစ၍ မြန်မာ့လက်ရွေးစင် အသင်းကြီးများအထိ လက်ရွေးစင်အဖြစ် ပါဝင်ယှဉ်ပြိုင်ကစားသော ကစားသမားများကို တစ်လလျှင် ငွေကျပ်ငါးသိန်းမှ ငွေကျပ် ၁၀ သိန်းအထိ လစာခံစားခွင့် သတ်မှတ်ပေးရန်။ ထိုကဲ့သို့ သတ်မှတ်ပေးရာတွင် ကစားသမားနှင့် ကလပ်အသင်းကြား ညှိနှိုင်းသဘောတူညီမှုအရ သတ်မှတ်ပေးရမည်။

(ဃ) ကစားသမားများအနေဖြင့် ကလပ်အသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးသည့်အခါ လက်မှတ်ထိုးကြေး (Signing Fee) ခံစားခွင့် ရရှိမည်မဟုတ်ဘဲ အသင်းပြောင်းရွှေ့သည့် အခါမှသာ အသင်းပြောင်းရွှေ့ကြေး (မိမိအားခေါ်ယူသည့်အသင်းမှ အသင်းဟောင်းသို့ ကစားသမား ပြောင်းရွှေ့ကြေးအဖြစ် ပေးအပ်သည့်ကြေး) ၏ ၂၀% (နှစ်ဆယ်ရာခိုင်နှုန်း) ကို ခံစားပိုင်ခွင့်ရှိမည်။

(င) နိုင်ငံ၏ ဘောလုံးအောင်မြင်မှုပေါ် မူတည်ပြီး ကစားသမားများအား သတ်မှတ်ထားသည့် အမြင့်ဆုံးလစာများကို တိုးမြှင့်သတ်မှတ် ပေးသွားမည်ဖြစ်သည်။ မြန်မာ့ဘောလုံးအသင်း အနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်လျှင်သော်လည်းကောင်း၊ အာရှဖလားခြေစစ်ပွဲ အောင်လျှင်သော်လည်းကောင်း၊ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲလျှင်သော်လည်းကောင်း၊ ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်စွဲလျှင်သော်လည်းကောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် သိသိသာသာ အောင်မြင်မှုရရှိလျှင်သော်လည်းကောင်း လစာခံစားခွင့်များကို လိဂ်ကော်မတီ၏ ဆုံးဖြတ်ချက်အရ တိုးမြှင့်သတ်မှတ် ပေးသွားမည်ဖြစ်သည်။

(စ) ကစားသမားများနှင့် ကလပ်အသင်းများ လက်ရှိချုပ်ဆိုထားသော စာချုပ်များကို နှစ်ဦးသဘောတူညီမှုအရ စာချုပ်သစ်များ ပြန်လည်ချုပ်ဆိုရန်နှင့် အဆိုပါစာချုပ်သစ်များ ပြန်လည်ချုပ်ဆိုရာတွင်-
(၁) သဘောတူညီမှု နစ်နာကြေးအဖြစ် ကလပ်အသင်းများမှ ကစားသမားများ၏ လက်ရှိခံစားခွင့် ရရှိနေသော လစာ၏ ၃ လစာကို ပေးချေသွားမည်။
(၂) စာချုပ်သစ် ပြန်လည်ချုပ်ဆိုရာတွင် မူလချုပ်ဆိုထားပြီးသော စာချုပ်သက်တမ်းအတိုင်းသာ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုရမည်ဖြစ်သည်။ စာချုပ်သက်တမ်းတိုး၍ ချုပ်ဆိုခြင်း၊ လျှော့၍ချုပ်ဆိုခြင်း မပြုရ၊ ကစားသမားနှင့် သဘောတူညီမှု ရရှိမှသာ ထိုကဲ့သို့ စာချုပ်သက်တမ်းတိုးခြင်း၊ လျှော့ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

(ဈ) အထက်ပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့် ကလပ်အသင်းများကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှ ခြောက်မှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်။

EMG

Thursday, January 2, 2014

ရော်ဘင်ဟိုကို ရက်ရက်စက်စက် ဝေဖန်လိုက်တဲ့ ဆန်းတို့စ်အသင်းဥက္ကဌ



အေစီမီလန်အသင်းမှာနေရာမရ ဖြစ်နေတဲ့ ဘရာဇီးတိုက်စစ်မှူးရော်ဘင်ဟို ကို ခေါ်ချင်ပေမယ့်လည်း အီတလီတွေ ဘက်ကတောင်းနေတဲ့ ပြောင်းရွေ့ကြေး ယူရို(၁၀)သန်းဆိုတာ များလွန်းနေတယ် လို့ ဆန်းတို့စ်အသင်းဥက်္ကဌအဲလ်ဗာရိုရစ် ဘာရီယိုကပြောလိုက်ပါပြီ။

“ အသက်(၂၉) နှစ်ရှိနေပြီး နိုင်ငံတ ကာလက်ရွေးစင်က နေအပယ်ခံထားရတဲ့ ဘောလုံးသမားတစ် ဦးအတွက် ယူရို(၁၀) သန်းဆိုတာများတယ် ဗျာ။ ဒါ့အပြင် အေစီမီလန်နဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်တော့တာဆိုတော့ ပြောရရင် ယူရို(၆) သန်း လောက်ပဲတန်ပါတယ်” လို့ အဲလ်ဗာရိုက ဘရာဇီးရဲ့တစ်ချိန်က ငွေကြယ်ပွင့်လေးဖြစ်ခဲ့ဖူးသူရော်ဘင်ဟို ကို ရက်ရက်စက်စက်ပြောခဲ့ပါတယ်။

ရော်ဘင်ဟိုအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာ သီမှာ (၂၃)ပွဲကစားခွင့်ရှိခဲ့ပြီး (၂)ဂိုးသာ သွင်းနိုင်ခဲ့ကာ ဂိုးဖန်တီးမှုမှာတော့ (၆) ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ ဒီနှစ်မှာလည်း အေစီမီလန်အတွက် (၁၂)ပွဲကစားခဲ့ပြီး (၂)ဂိုးသာသွင်းနိုင်ပါသေးတယ်။ အေစီမီလန်မှာ ဘာလော့တယ်လီ၊ စတင်ဖန်အဲလ်ရှာရေး နဲ့ မာမက်ဒူနိုင်းတို့လို လူငယ်ခြေတက် တွေရှိနေတာကြောင့် ရော်ဘင်ဟိုအတွက် အသင်းပြောင်းပြီး ၂၀၁၄ကမ်္ဘာ့ဖလားပြိုင် ပွဲဝင်ဘရာဇီးလက်ရွေးစင်မှာ နေရာတစ် နေရာပြန်ရဖို့ အလိုရှိနေပါပြီ။

Monday, December 30, 2013

ပရီမီယာလိဂ်မှာ နည်းပါးနေတဲ့ အင်္ဂလန်ကစားသမားတွေကြောင့် လက်ရွေးစင်အတွက် စိုးရိမ်နေတဲ့ ရီယိုဖာဒီနန်



 Monday, December 30, 2013

အင်္ဂလန်လက်ရွေးစင်ကနေ အနားယူခဲ့တာ သိပ်မကြာသေး သူ ရီယိုဖာဒီနန်က ဆန်းဒေးတိုင်း မ်သတင်းစာနဲ့ တွေ့ဆုံခိုက်မှာ သူ စိတ်ထဲ ဘ၀င်မကျဖြစ်မိနေတဲ့ အကြောင်းအရာများကို ပြောပြ လာခဲ့ပါတယ်။ ဖာဒီနန်ဟာ အင်္ဂ လန်နည်းပြရွိုင်းဟော့ဆန်က သူ့ ကိုရွေးချယ်ချင်ပေမယ့် ဂျွန်တယ် ရီကို ဦးစားပေးကာ သူ့ကိုချန်ခဲ့ ဖူးတာကြောင့် လက်ရွေးစင်ဘ၀ ကနေ အနားယူခဲ့တာပါ။ ““ပရီး မီးယားမှာ အင်္ဂလန်လက်ရွေးစင် တွေနည်းပါးလာနေခြင်းက ကျွန် တော်တို့နိုင်ငံအသင်းကို ထိခိုက် စေပါတယ်။ နယူးကာ ဆယ်-အာဆင်နယ်ပွဲကိုသာကြည့်တော့ဗျာ။ ပွဲထွက်(၂၂)ယောက်မှာ အင်္ဂလန် က (၄)ယောက်ပဲပါတယ်လေ။ကလပ်အသင်းအတော်များများ မှာ ကြည့်လိုက်မယ်ဆိုရင်လည်း အင်္ဂလန်ကစားသမားတွေ ဘေး ထိုင်နေတာများပါတယ်။ နိုင်ငံ ခြားကစားသမားတစ်ဦးကို သန်း ချီပြီးပေးဝယ်ထားတဲ့ နည်းပြက အင်္ဂလန်လူငယ်ကစားသမားတစ် ဦးကို ပွဲထုတ်ဖို့ဆိုတာက ရာခိုင် နှုန်းနည်းပါတယ်””လို့ ရီယိုဖာဒီ နန်က ပြောခဲ့ပါတယ်။ အာဆင်နယ်က နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာကြည့်မယ်ဆိုရင် နယူးကာဆယ်ဘက်မှာ နောက်ခံလူဝီလီယံ ဆင်တစ်ဦးပဲ အင်္ဂလန်သားပါဝင်ပြီး အာဆင်နယ်မှာဆိုရင် ကီရင်ဂစ်ဘ်၊ ၀ီလ်ရှိုင်းယားနဲ့ သီယိုဝဲလ်ကော့တ်တို့ (၃)ဦးပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ လူ ငယ်ကစားသမားဘ၀ကနေ တက်လှမ်းလာခဲ့ပုံများကိုလည်း ပြောပြခဲ့ပြန်ပါတယ်။ “ ကျွန်တော်ဝက်စ်ဟမ်းမှာ လူငယ်က စားသမားဘ၀နဲ့ရှိနေတုန်းမှာ ဟယ်ရီရက်ဒ်နပ်က အသင်းအရန် ခုံမှာထိုင်ခိုင်းခဲ့ပြီး ၀င်ကစားခိုင်းခဲ့ ပါတယ်။ ဒီနေ့ခေတ်မှာ နည်းပြ တွေက အသင်းပိုင်ရှင်တွေကို လွန်ဆန်ပြီး လူငယ်တွေကိုဝင်ကစားခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အ နေအထားမျိုးဖြစ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။

နှစ်သစ်အကြိုဝမ်းနည်းစရာသတင်း- ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ ဂန္တ၀င်မြောက်ကစားသမား မိုက်ကယ်ရှူးမေကာ မတော်တဆမှုဖြစ်ပြီး Coma ၀င်ရောက်လျက်ရှိ




Monday, December 30, 2013

 နှစ်သစ်ကူးပြောင်းခါနီးမှာ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲ ကြားသိလိုက်ရပါတယ်။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ အရှင်သခင်တစ်ယောက်၊ ဂန္တ၀င်မြောက်ကားမောင်းသမားဖြစ်တဲ့ မိုက်ကယ်ရှူးမေကာဟာ မနေ့ က နှင်းလျှောစီးကစားရင်း ဦးခေါင်းမှာ ဒဏ်ရာရရှိကာ ကိုမာ ၀င်ရောက်သွားခဲ့ပါတယ်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ခုနှစ်ကြိမ်ရရှိသူထားသူ အသက် ၄၄ နှစ်အရွယ် မိုက်ကယ်ရှူးမေကာဟာ ပြင်သစ်တောင်တန်းတွေမှာ နှင်းလျောစီးကစားရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အခု ပြင်သစ်နိုင်ငံအရှေ့  တောင်ပိုင်း ဂရီနိုဘယ်မြို့ ဆေးရုံတင်ထားပြီး ကိုမာရောဂါဝင်ရောက်လျက်ရှိပါတယ်။

နှင်းလျောစီးတုန်းက မိုက်ကယ်ဟာ ခေါင်းဆောင်းအကာဝတ်ဆင်ထားခဲ့ပါတယ်တဲ့။ ဖြစ်ဖြစ်ချင်းမှာ မိုက်ကယ်ဟာ သတိရနေခဲ့ပေမယ့် မကြာခင်မှာ အခြေအနေဆိုးရွားလာခဲ့ပြီး ကိုမာ ၀င်ရောက်သွားခဲ့တာပါ။

“မိုက်ကယ်ဟာ ဦးခေါင်းခွံမှာ အပြင်းစားဒဏ်ရာရရှိခဲ့ပြီး ကိုမာ အခြေအနေရောက်ရှိသွားခဲ့တာပါ။ အာရုံကြောပိုင်းဆိုင်ရာ ကုသမှုတစ်ချို့ ချက်ချင်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ အခုထိတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပါပဲ” လို့ ဂရီနိုဘယ် ဆေးရုံရဲ့ ဒါရိုက်တာ ဂျင်းန် မာခ် ဂရီနီယာ က ပြောကြားသွားခဲ့ပါတယ်။

မိုက်ကယ် ရှူးမေကာဟာ သူ့ ရဲ့ ၁၄ နှစ်သားအရွယ် သားနဲ့ အတူ မီရီဘယ် နှင်းလျောစီးအပန်းဖြေစခန်းမှာ အနားယူအပန်းဖြေနေခဲ့တာ လို့ သိရပါတယ်။ ပြီးတော့ မိုက်ကယ်ဟာ နှင်းလျော ကျွမ်းကျွမ်းကျင်ကျင် စီးတတ်သူ တစ်ယောက်ဖြစ်တယ်လို့ လည်း သူ့ မိတ်ဆွေတွေက ဆိုပါတယ်။

မိုက်ကယ်ရှူးမေကာဟာ အားကစားလောကသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးကားမောင်းသမား တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး မနှစ်ကမှ အားကစားလောကက အနားယူထားတာပါ။ နှစ်သစ်မှာ မိုက်ကယ်ရှူးမေကာ တစ်ယောက် အမြန်ဆုံးပြန်လည်နိုးထ ကောင်းမွန်လာပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

Ref: euronews.com

Wednesday, December 25, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကစားသမား ၁၀၀၂ ဦးအား အားကစားသမား အာမခံ အခမဲ့ ထားရှိပေးခဲ့သော်လည်း လျော်ကြေးပေးလျော်ရခြင်း မရှိ

Wednesday, 25 December 2013



တိုက်ကွမ်ဒို ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအားကစားသမားတစ်ဦး

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်အတွင်း ၀င်ရောက်ယှဉ်ပြိုင်သော မြန်မာအားကစားသမားများအတွက် မြန်မာ့အာမခံနှင့် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ ပူးပေါင်း၍ အားကစားအာမခံကို အခမဲ့ထားရှိခွင့် ပြုခဲ့သော်လည်း လျော်ကြေးပေးလျော်ရမှု မရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

နိုင်ငံခြားသားများ အနေဖြင့် အားကစားသမား အာမခံ Sport Contigent Personal Accident Insurance ကို ၀ယ်ယူနိုင်ရန် စီစဉ်ပေးထားခဲ့ပြီး နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် ၀ယ်ယူခဲ့ခြင်း မရှိကြောင်း သိရသည်။

“၀င်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေ အားလုံးအတွက် အာမခံကို အခမဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ လျော်ကြေးပေးလျော်ရခြင်း မရှိခဲ့ပါဘူး” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအာမခံ အမျိုးအစားသည် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြီးဆုံးပါက ယခင်ဆောင်ရွက်လျက်ရှိသည့် အားကစားအာမခံ အမျိုးအစားကိုသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားနည်း ၃၃ မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ၅၈၅ ဦး၊ အမျိုးသမီး ၄၁၇ ဦး စုစုပေါင်း ၁၀၀၂ ဦးကို အားကစားဝန်ကြီးဌာနမှ စာရင်းပေးပို့ထားခဲ့ပြီး ၎င်းတို့အတွက် အားကစားအာမခံကို အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်မှစတင်၍ ပုဂ္ဂလိကအာမခံ ကုမ္ပဏီများကို လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ အသက်အာမခံ၊ သမာဓိအာမခံနှင့် ငွေပို့ငွေသယ် အာမခံတို့ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

EMG

Saturday, December 21, 2013

ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ


 Saturday, 21 December 2013


ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အများပြည်သူ ၀င်ပေါက် ဂိတ်နံပါတ် ၄ အား တွေ့ရစဉ်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက် နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိသာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အားကစားနည်း အများစုကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက်ရန် အသိအမှတ်ပြု ကတ်ပြားများကို ဂိတ်အမှတ် ၄ တွင်သာ ပြုလုပ်ပေးပြီး မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုအဆင့်မှ မထွက်ခင်ရက်များတွင် ပြိုင်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ကတ်ပြားများကို ပြုလုပ်သူဦးရေ များပြားခဲ့သည်။

''အရင်ရက်တွေက အားကစားပြိုင်ပွဲတွေကို လာကြည့်တဲ့ ပြည်သူတွေ ဦးရေများပြီး ၀င်ခွင့်ကတ်ပြား ရဖို့အတွက် တန်းစီစောင့်နေရတဲ့ သူတွေပါရှိတယ်။ ဒါပေမဲ့ မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုက ထွက်ခဲ့ပြီး နောက်ရက်တွေမှာတော့ ၀င်ခွင့်ကတ်တွေ လာလုပ်တဲ့ ပရိသတ် အတော်ကို နည်းသွားတယ်။ ၀င်ခွင့်ကတ်ပြား လာလုပ်တာလည်း သိပ်မရှိတော့ဘူး။ အရင်လုပ်ပြီးသား လူတွေလောက်ပဲ လာကြည့်တာ တွေ့ရတယ်။ တချို့ဒေသက လူတွေလာကြည့်တာ နည်းနည်းပါးပါးတော့ ရှိတယ်။ ဘုရားဖူး ခရီးစဉ်တွေသွားရင်း ဆီးဂိမ်းစ်ကို ၀င်ကြည့်ကြတာတွေလည်း ရှိတယ်'' ဟု ၀င်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိတ်အမှတ် ၄ မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်း အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက် ကြည့်ရူခွင့်ရရန် ၀င်ခွင့်ကတ်ပြားများကို တစ်ဦးလျှင် ကျပ် ၂၅၀၀ ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းကတ်ပြားများသည် ပိတ်ပွဲအခမ်းအနားနှင့် ဘောလုံးပွဲများသို့ ၀င်ခွင့်မရှိကြောင်း သိရှိရသည်။

''အရင်ရက်တွေ တုန်းကဆို ၀င်ခွင့်ကတ်ပြားအတွက် တန်းစီးစောင့်နေတဲ့ လူတွေက အတန်းလိုက်ကြီးပါ။ ဒါပေမဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးဖို့ နီးလာလေ့လာတဲ့ ပရိသတ်နည်းလာလေပဲ။ မြန်မာအမျိုးသား ဘောလုံးအသင်း ရှုံးတာလည်း ပါသလို ပြိုင်ပွဲကို လာဖို့အတွက် ဝေးတာလည်း ပါမယ်လို့ ထင်ပါတယ်'' ဟု ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်းရှေ့တွင် ဆီးဂိမ်းအထိမ်းအမှတ်တရ ပစ္စည်းများ ရောင်းချနေသူ တစ်ဦးက ဆိုသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်းသည် အုပ်စုအဆင့် ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး နေပြည်တော်တွင် ပြုလုပ်မည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် လွဲချော်ခဲ့သည်။

''ကျွန်တော့် မိသားစုကို ဆီးဂိမ်းစ်ပြိုင်ပွဲ ရောက်ဖူးစေချင်လို့ ပို့တာပါ။ ဘောလုံးအသင်း ထွက်ပြီးတော့ နေ့တိုင်းလာမကြည့် ချင်တော့ဘူး။ ဗိုလ်လုပွဲကလည်း ကိုယ့်နိုင်ငံ အသင်းမှ မပါတော့တာ သွားမကြည့်ချင် တော့ဘူး။ ပိတ်ပွဲအခမ်းအနား ကြည့်ချင်ပေမယ့် ဘယ်မှာ ၀ယ်ရမှန်း မသိဘူး။ သိတဲ့လက်မှတ် ဈေးကလည်း သောင်းဂဏန်း အထက်တွေချည်းပဲ'' ဟု ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူ ပျဉ်းမနားမြို့နေ ဦးမျိုးသန့်က ပြောကြားခဲ့သည်။

Tuesday, December 17, 2013

မြန်မာဘောလုံးသင်း အင်ဒိုကို ၁ ဂိုး - ဂိုးမရှိနဲ့ရှုံး

Tuesday, December 17, 2013

အရှေ့တောင်အာရှ အာကစားပြိုင်ပွဲ ဘောလုံးပွဲတွေကို ဆက်လက် ကျင်းပနေတာမှာ အုပ်စု (B) က မြန်အသင်းရဲ့ နောက်ဆုံးပွဲစဉ်ကို ဒီကနေ့ ညနေက သုဝဏ္ဏအားကစားပြိုင်ပွဲမှာ ပြုလုပ်ခဲ့တဲ့တာမှာ အင်ဒိုနီးရှားအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲစဉ် ပထမပိုင်း တလျှောက်လုံး အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ဖိကစားခဲ့ပြီး ပင်နယ်တီရသွားတဲ့ အတွက် ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။ အခုလို ရှုံးနိမ့်သွားတဲ့အတွက် မြန်မာဘောလုံးအသင်း ပြိုင်ပွဲက ထွက်သွားရပြီး ဆီးမီးဖိုင်နယ်တက်မယ့်အရေးနဲ့ လွဲသွားခဲ့ရတာပါ။ အခုနောက်ဆုံး ကစားခဲ့တဲ့ ဘောလုံးပွဲအပါဝင် တခြား အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနောက်ဆုံးအခြေအနေတွေကိုသိရအောင် ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က အားကစားကလောင်ရှင် ဦးမြတ်သက်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

“အင်ဒိုနီးရှားပါပါတယ်ခင်ဗျ။ ကျနော်တို့က ထိုင်းနဲ့ကစားသလို သူတို့ကလည်း တီမောနဲ့ ရေကုန်ရေခမ်းကစားခဲ့ရတာပဲလေ။ ဒါပေမယ့် ကစားကွက်ကော၊ တစ်ဦးချင်း performance ကော၊ ခေါင်းအေးတာရောက အင်ဒိုနီးရှားက သာပါတယ်။ တိုက်စစ်ကစားကွက်ကို ကျနော်တို့က ကောင်းကောင်းကို ပုံမဖော်နိုင်ဘူးလေ။ အဲလိုဖြစ်သွားပါတယ်။ ကျော်ကိုကိုဝင်လာမှ နည်းနည်းလေး လှုပ်စပြုလာတယ်။ သို့ပေမယ့် ကျော်ကိုကိုဝင်လာပြီးနောက်ပိုင်းလည်း တောင်ပံတွေကနေ ကျနော်တို့မလုပ်နိုင်ဘူး။ အင်ဒိုက ပွဲပြီးခါနီးအထိ တောင်ပံတိုက်စစ်တွေ၊ အထူးသဖြင့် ဘယ်ခြမ်းကနေ ဘယ်လိုပဲပြောပြော အင်ဒိုနီးရှား---”

မေး။ ။ မြန်မာက အိမ်ရှင်အသင်းဖြစ်တဲ့အတွက်များ သူတို့မှာ ပရက်ရှာပိုများတဲ့အတွက်ကြောင့်များ အဲလိုမျိုး ဖြစ်သွားသလား။

“ပြောင်းပြန်အကျိုးသက်ရောက်မှုများ ရှိသွားလားပေါ့ဗျာ။ ကျနော်လည်း အဲဒါတွေးကြည့်တယ်။ ဘာလို့တုန်းဆိုတော့ နိုင်ချင်ဇောနဲ့ အားပေးသံတွေကလည်း တကွင်းလုံညံနေတာကိုး။ ညံနေတော့ ကောင်လေးတွေ ဖိအားကိုပဲ မခံနိုင်ဘဲဖြစ်ကုန်သလားပေါ့။ သို့သော်လည်း ကြားချပြီးကြည့်မယ်ဆိုရင်တော့လည်း ကျနော်တို့အနေနဲ့က အင်ဒိုနီးရှားခြေစွမ်းက ထိုက်တန်ပါတယ်။ ထိုင်းကို ဂိုးပြတ်ရှုံးတဲ့ပွဲနဲ့ လုံးဝ တခြားစီဖြစ်သွားတယ်။ ထိုင်းကို ဂိုးပြတ် သူတို့ရှုံးတဲ့ပွဲတုန်းက ဒီလောက်ကြီး ကစားကွက်လည်းမကောင်းဘူး။ တိုက်စစ်ပိုင်းမှာလည်း ထိုင်းကို သူတို့ ကောင်းကောင်း ကစားကွက်အရရော၊ တိုက်စစ်ဗျူဟာအရရော သူတို့ မယှဉ်နိုင်ဘူးဗျ။ နောက် အင်ဒိုနီးရှား ၂၃၊ ညာခြမ်းက လေးယောက်လောက် လိုက်ဖျက်တယ်။ မရဘူးဗျာ။ သူ ရအောင်လိမ်ခေါက်ပြီးတော့ ထွက်တာပဲ။ ကျနော်တို့ဆီက ကျော်ကိုကိုတောင် အဲဒီလို မထွက်နိုင်ဘူး။ ကျော်ကိုကိုမထွက်နိုင်တာလည်း ဒဏ်ရာရှိပုံရတယ်ဗျ။ ဒေးဗစ်ထန်းကလည်း ပထမပိုင်းတချိန်လုံးမှာ ဒဏ်ရာပဲရှိနေသလား။ ဘယ်လိုလဲမသိဘူး။ သူ့ဘက်ကလည်း တော်တော်အားလျော့တယ်။ သူ့လည်း လူလဲလိုက်ရတယ်။”

မေး။ ။ မြန်မာအသင်းက ကျနော်ကြည့်ရသလောက် ဂိုးသွင်းခွင့်ရပေမဲ့လည်း ပိုင်ပိုင်နိုင်နိုင် ဂိုးသမားအသည်းအသန် ဖမ်းရလောက်တဲ့အထိ ဂိုးတဲ့အောင် ကန်လိုက်နိုင်တဲ့ ဘောလုံးမရှိဘူး။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ balance ပျက်နေတဲ့အချိန်မှာ ခေါင်းတိုက်ရတာတို့ - အဲလိုပေါ့ ထိထိမိမိ ဖိအားပေးနိုင်တာကို မရှိလိုက်ပါဘူး။ ကြည်လင်းကစားနိုင်ရင်တော့ ဒီလောက် ပျော့ဆင်းမသွားဘူးလို့ ထင်တယ်ဗျ။ ကြည်လင်းက တအားတိုးတယ်။ နောက်တစ်ခုက ခေါင်းတိုက်ဘောလုံးတွေ၊ ဒီဘက်ကနေ ဖြတ်တင်တာတွေဆိုရင် သူက ရလဒ်ကောင်းအောင် နေရာယူတာ၊ အတင်းဝင်လုံးတာ အဲဒါတွေက သိပ်ကြာတယ်ဗျ။”

မေး။ ။ ကျော်ကိုကိုကတော့ ဒုတိယပိုင်းမှာ သူက ဝင်ကစားတယ်နော်။

“ပါတယ်ခင်ဗျ။ ဒါပေမဲ့ ကျော်ကိုကို့ဆီလည်း ဘောလုံးမပို့နိုင်ဘူး။ အင်ဒိုဗျူဟာက ကျော်ကိုကို့ဆီ ဘောလုံးမရောက်အောင် ဖြတ်ထားတယ်ဗျာ။ ကျော်ကိုကို့ဆီ ရောက်သွားတာနဲ့ ၃ ယောက်လောက်နဲ့ ပိတ်ဆို့ထားလိုက်တယ်။ ကျော်ကိုကိုလည်း လှုပ်လို့မရဘူးပေါ့။”

မေး။ ။ ဟုတ်ကဲ့။ နောက်တစ်ခုက ပွဲပြီးခါနီးမှာ အနီကဒ်ပြပြီး အထုတ်ခံလိုက်ရတာကလည်း ဗမာအသင်းအတွက် ပိုပြီးတော့ နစ်နာစရာဖြစ်သွားတယ် ထင်ပါတယ်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အဲဒါကလည်း တော်တော်လေးကို နစ်နာပါတယ်။ တိုက်ရိုက်အနီနဲ့ကို ထုတ်ပစ်တာလေ။ တကယ့်အချိန်မှာမှ အထုတ်ခံလိုက်ရသလို ဖြစ်သွားတာကိုး။”

မေး။ ။ ဟုတ်ကဲ့။ နောက်ဆုံး overall ပေါ့နော်- မြန်မာ SEA Games ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်မှာ မြန်မာအသင်းရဲ့ ဆုတံဆိပ်တွေနဲ့ ပတ်သက်လို့ရော အစောပိုင်းက ဆရာနဲ့ ကျနော်နဲ့ ပြောခဲ့ပါတယ်။ မြန်မာက စစချင်းမှာတော့ ဦးဆောင်နေတယ်၊ နောက်ပိုင်းမှာ ဆရာပြောသလိုပဲ တဖြည်းဖြည်းနဲ့အောက်ကို ကျလာပြီ။ နံပါတ် ၃ ကိုရောက်သွားပြီ။ အဲဒီဟာတွေ အနေအထားကရောခင်ဗျ။ ခပ်တိုတိုလေး ပြောပေးပါအုံး။

“နောက်ပိုင်း အိုလံပစ်အားကစားနည်းတွေ ဝင်လာတဲ့အချိန်မှာ ကျနော်တို့က အားနည်းတယ်လေ။ ပြေးခုန်ပစ်ဆိုရင် ကျနော်သိရသလောက်ပေါ့လေ-ကီလိုမီတာ ၂၀ လမ်းလျှောက်မှာ ရွှေ ၁ ခု ၊ ဒါပဲရသေးတယ်။ အရင်ခေတ်ကဆိုရင် ပြေးခုန်ပစ်ကကို ဆယ့်လေးငါးခု ယူနေကျလေ။ လက်ဝှေ့မှာဆိုလည်း အမျိုးသမီးလက်ဝှေ့၊ အမျိုးသားလက်ဝှေ့ ၁ ယောက်စီပဲရတယ်။ နောက် အလေးမမှာလည်း အရင်က ဦးချစ်မြတို့၊ ဦးထွန်းမောင်တို့၊ ဦးစန်းမြင့်တို့လက်ထက်တုန်းကဆိုရင် တောက်လျှောက် လေး-ငါး-ရှစ်ခု ယူတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်ပဲ ရွှေရထားတာ တွေ့ရတယ်။ ရေကူး၊ သေနတ်ပစ်၊ လက်ဝှေ့၊ အလေးမ၊ ပြေးခုန်ပစ်- အဲလို အိုလံပစ် အားကစားနည်းတွေမှာ တော်တော်လေး အားလျော့နေတာတော့ အမှန်ပါပဲခင်ဗျ။ အဲဒါကြောင့် ကျနော်တို့ တတိယနေရာကို ရောက်သွားတာ။ သို့သော်လည်း ရွှေဆု ၅၀- ၆၀ လောက်အထိတော့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ ရနိုင်ကောင်းပါသေးတယ်။”

အားကစားကလောင်ရှင် ဦးမြတ်သက်ဖြစ်ပါတယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အခုချိန်ထိ ဆုရရှိမှုဇယားမှာတော့ ထိုင်းနိုင်ငံ ရွှေ ၅၉ နဲ့ ပထမနေရာမှာ ရှိနေပြီး ဗီယက်နမ်က ရွှေ ၄၃ နဲ့ ဒုတိယ၊ မြန်မာက ရွှေ ၃၉ နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ပြိုင်ပွဲတွေအစမှာတော့ မြန်မာအသင်းက ဆုတံဆိပ်အများဆုံးနဲ့ ဦးဆောင်နေခဲ့ရာကနေ တဖြည်းဖြည်းနဲ့ တခြားနိုင်ငံတွေက အနောက်က လိုက်လာတာ ဖြစ်ပါတယ်။

မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် မြန်မာတို့၏ ဆီးဂိမ်းဝိညာဉ်ပျောက်ဆုံး အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား

Tuesday, 17 December 2013


အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် ပရိသတ်အချို့က ထိုင်ခုံများဖျက်ဆီး၍ ကွင်းအတွင်း ပစ်ပေါက်ထားသည်ကို တွေ့ရစဉ် ( ဓာတ်ပုံ-ညီညီစိုးညွန့်)

ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသော ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုမှထွက်ခဲ့ရပြီ ဖြစ်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနည်းများအနက် ပရိသတ်များ အမျှော်လင့်ဆုံး၊ အားအပေးဆုံး အားကစားနည်းဖြစ်သော ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသောကြောင့် မျှော်လင့်တကြီး အားပေးခဲ့ကြသော ပရိသတ်များမှာ ဒေါသထွက်ကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဘောလုံးပရိသတ်အချို့ကြား ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်။ မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ ၀ိညာဉ်ပျောက်ဆုံးခြင်းပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။



ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)



မြန်မာဘောလုံးသမားများ ပုံပါ ဆီးဂိမ်းစ်လှုံ့ဆော်ရေးဆိုင်ဘုတ်ကို မီးရှို့နေကြစဉ် (ဓာတ်ပုံ-အာကာ)



ပရိသတ်များ ၀တ်ဆင်အားပေးသည့် မြန်မာအသင်းအင်္ကျီအား မီးရှို့နေကြစဉ်(ဓာတ်ပုံ-အာကာ)

"ဒီနှစ်နှစ်အတွင်းမှာလည်း ပတ်ဆောင်ဟွာကိုင်တွယ်ချိန်မှာ ပြိုင်ပွဲများစွာကို ရှုံးနိမ့်ပြီး အရှက်ရခဲ့တယ်။ ခြေစမ်းပွဲတွေမှာလည်း အကြိမ်ကြိမ် ရှုံးနိမ့်စဉ်ကတည်းက ဒီနည်းပြမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့သိနေတယ်။
ဒီဆီးဂိမ်းစ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါကို သူနားလည်ထားရမယ်။ ဒီပွဲအစ လူထုတ်ပုံကြည့်ကတည်းက အတော့်ကိုစိတ်ပျက်သွားမိတယ်။ ဘာလို့ ကျော်ကိုကို ကို ပွဲအစမှာ ထည့်မသုံးခဲ့တာလဲ။ နည်းပြရဲ့ လူထုတ်ပုံမှားယွင်းမှု၊ လူစားလဲပုံ မှားယွင်းမှုတွေက ဒီပွဲကိုရှုံးနိမ့်စေတယ်လို့ ပြောချင်တယ်။ ပတ်ဆောင်ဟွာဟာ အခုမှဒီလိုအမှားမျိုးကျူးလွန်တာမဟုတ်ဘဲ အရင်ကတည်းက အကြိမ်ကြိမ် မှားခဲ့ဖူးသူဖြစ်တယ်။
ဘာပဲပြောပြောသူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့မြန်မာပရိသတ် သန်း ၆၀ စလုံးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်စေခဲ့တယ်" ဟု ၀ါရင့်အားကစား ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးချစ်ဝင်းမောင် (အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်) က ပြောကြားခဲ့သည်။

"ပွဲထွက်လူစာရင်းကိုကြည့်ကတည်းက ဘာတွေဖြစ်ကုန်တာလဲလို့ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ ဒီပွဲက အင်တာနေရှင်နယ်အဆင့် ပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အင်ဒိုနီးရှားဟာ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းဆိုတာ မေ့မထားသင့်ဘူး။ နောက်ပြီး Head to Head အရ သူတို့အသင်းကနိုင်ရင် နောက်တစ်ဆင့်တက်မယ်ဆိုတာ သိနေတော့ သူတို့ကလည်း ကြိုးစားမှာပဲ။ ဒါကိုဘာဖြစ်လို့ ဒီလူထုတ်ပုံနဲ့ ရင်ဆိုင်သလဲဆိုတာ အံ့အားသင့်ရပါတယ်။ နောက်ပြီး ကျော်ကိုကို ကိုထည့်ချိန်မှာ ကျော်ဇေယျာဝင်းကို ထုတ်လိုက်တာလည်း အံ့သြစရာပါပဲ။ မြန်မာအသင်းဟာ ကစားကွက်လည်း လုံးဝမရှိဘဲ ရယ်စရာပြောရရင် ကလေးပွဲတစ်ပွဲ ကြည့်ရတာတောင် ပိုကောင်းဦးမယ်။ ဒီလိုတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့အချိန်မှာ အုပ်စုအဆင့်ကထွက်ရတာ တော်တော့်ကိုစိတ်မကောင်းပါဘူး" ဟု ဇွဲကပင်ယူနိုက်တက်အသင်း၏ နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။



ကွင်းအတွင်းဝင်ရောက်လာသော ပရိသတ်တစ်ဦးအား လုံခြုံရေးများက ခေါ်ဆောင်လာစဉ်(ဓာတ်ပုံ-ညီညီစိုးညွန့်)





ဆူပူနေသော ပရိသတ်အချို့အား မီးသတ်ပိုက်ဖြင့် ရေပက်၍ လူစုခွဲနေစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)



ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မီးပွိုင့်တွင် ပရိသတ်အချို့မှ ပစ်ပေါက်ထားသည့် ခဲအပိုင်းအစများ(ဓာတ်ပုံ-၀င်းမြင့်ကျော်)

အကြိုဗိုလ်လုပွဲတက်ရောက်ရေး အဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းအား တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်နေပြီး ပွဲစဉ်ပြီးခါနီးတွင် ပရိသတ်အချို့မှာ ရေအိတ်များဖြင့် ပစ်ပေါက်ခြင်း၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်းအပြင် ထိုင်ခုံများကိုချိုးဖျက်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်အချို့မှ ကွင်းထဲသို့ ပစ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်တွင် ပရိတ်သတ်သုံးဦးမှာ ကွင်းထဲသို့ ဆင်းသွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များမှ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ထို့နောက် ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကွင်းအတွင်းရှိ ထိုင်ခုံများစွာ ချိုးဖျက်ခဲ့ပြီး ကွင်းထဲသို့ပစ်ချခဲ့သည့်အပြင် မြန်မာအသင်းအင်္ကျီများနှင့် လက်မှတ်များကို ဂိတ်ပေါက် ၇၊ ၈၊ ၉ ဘက်သို့သွားသည့် လမ်းမတွင် မီးရှို့မှုများပြုလုပ်ခဲ့၍ မီးလန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပရိသတ်အချို့က သုဝဏ္ဏအားကစားကွင်းရှေ့ ဝေဇယန္တာလမ်းမနှင့် လေးထောင့်ကန်လမ်းထောင့်တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ ဆော်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း လုံခြုံရေးဆောင်ရွက်နေသောရဲများကို ရေမြောင်းလုပ်ရန်ထားရှိသော အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သုဝဏ္ဏကွင်းနားရှိ ယာဉ်ထိန်းရဲရုံးကိုလည်း ခဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ၎င်းဆူပူအကြမ်းဖက်သူများအား မီးသတ်ကားများ၏ ရေပိုက်ဖြင့် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ပိုဆိုးလာသဖြင့် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးခဲ့ပြီး အဆိုပါလူစုအား အင်အားသုံး ဖြိုခွင်းခဲ့ရသည်။



မြန်မာအသင်း ရှုံးနိမ့်ပြီးနောက် သုဝဏ္ဏဘောလုံးကွင်းအပြင်ဘက် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံ အသင်းတိုက်မီးပွိုင့်အနီး မြန်မာပရိသတ်အချို့က အရာဝတ္ထုများဖြင့် ပစ်ပေါက်နေကြစဉ် (ဓာတ်ပုံ-အာကာ)

ထိုသို့ဖြိုခွင်းခဲ့ရာတွင် ဆူပူသည့် ပရိသတ်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ဒေါသထွက်နေသော ပရိသတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကိုရီးယားလူမျိုးနည်းပြ၏အတ္တနှင့် သန်း ၆၀ ၏ မျှော်လင့်ချက် လဲလှယ်ခဲ့ရ (ဓာတ်ပုံ-ညီညီစိုးညွန့်)

"ရှုံးတဲ့အတွက် အ၀တ်တွေမီးရှို့တယ်။ ဘေလ်ဘုတ်တွေကို မီးရှို့တယ်။ လုံခြုံရေး အင်အားအနေနဲ့ ရဲတပ်ရင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ တရားမ၀င် လုပ်ထုံးလုပ်နည်းနဲ့ လုပ်တဲ့သူတွေကို ဖမ်းဆီးသွားမှာပါ။ သာမန်သူများယောင်လို့ ယောင်တဲ့သူတွေကိုတော့ မဖမ်းထားပါဘူး။ ကွင်းထဲမှာတုန်းက ဖမ်းထားတဲ့သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ။ ဒီလိုဖြစ်မယ်လို့ ထင်တောင်ထင်မထားဘူး။ မြန်မာတွေ မရင့်ကျက်သေးတာပါ"ဟု အကြမ်းဖက်မှုကို တားဆီးခဲ့သည့် ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသားဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခွာသွားရသည့်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မည်သည့်အဓိပ္ပာယ်မှ မရှိတော့ကြောင်း ပရိသတ်များက ပြောကြားသည်။

" ကျွန်တော်တို့အတွက်တော့ အဓိကက ဘောလုံးပွဲပဲ။ တခြားအားကစားတွေ ရွှေဆုရတာ မရတာကို ကျွန်တော်တို့ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ ထိုင်းနဲ့ပွဲတုန်းကဆို လက်မှတ်ရဖို့ နံနက် ၃ နာရီကတည်းက သွားတန်းစီခဲ့ရတာ။ နေပြည်တော်အထိ လိုက်အားပေးဖို့လည်း စီစဉ်ထားတာ။ ကျန်တဲ့ကစားနည်းတွေ ဆုရရ မရရ ဘောလုံးမှာ ဆုရရင်ကျေနပ်တယ်ဗျာ။ အခုကျတော့ ဆီမီးတောင်မတက်ဘူးဆိုတော့ဗျာ။ ပရိသတ်အားပေးမှုဆိုတာကလည်း တစ်ခြားစီပဲ။ အခုကတော့ ဆီးဂိမ်းစ်ဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်တော့သလို ဖြစ်သွားပြီ"ဟု မြန်မာ -အင်ဒိုနီးရှားပွဲ သွားရောက်အားပေးခဲ့သည့် NLEC မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဟိန်းကိုဇော်က ပြောကြားသည်။

ကွင်းအတွင်းသွားရောက် အားပေးခဲ့သည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းစိုးက "ကျွန်တော်တို့ အတွက်တော့ အမျိုးသားအားကစားဆိုတာ အမျိုးသားဘောလုံးပွဲပဲဗျာ။ အခု အမျိုးသားဘောလုံးအသင်း ထွက်သွားတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ်မှာ အာရုံလုံးဝမရှိတော့ဘူး" ဟု ပြောကြားသည်။

EMG

Friday, December 13, 2013

ကျွန်းဆွယ်ဘောလုံးချန်ပီယံ ပထမဆုံးဆုကို မြန်မာအသင်း ဘယ်လိုရယူခဲ့ရသလဲ ဆီးဂိမ်းဘောလုံးချန်ပီယံ ပထမဆုံးဆုကို မြန်မာအသင်း ဘယ်လိုရယူမလဲ


ဘောလုံးရွှေမှ မရရင် ဆားမပါတဲ့ ဟင်းပဲ

(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီး၏ ဘောလုံးပွဲ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး ကျင်းပနေပြီ ဖြစ်ပါသည်။ မြန်မာအသင်း ပါဝင်သော အုပ်စု(ခ)မှ ထိုင်း အသင်းသည် တီမောလက်စ်တီ အသင်းကို ၃-၁ ဖြင့် အနိုင်ရခဲ့သလို မြန်မာယူ-၂၃ အသင်းသည်လည်း ကမ္ဘောဒီးယား အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းမှာ ပွဲကြည့် ပရိတ်သတ်လုပ်ပြီး ပြိုင်ဘက်လေးသင်း၏ ခြေစွမ်းခြေစများကို အကဲခတ်ခွင့် ရခဲ့လေသည်။ ဘာဘဲပြောပြော ပွဲဦးထွက်တွင် အနိုင်ရလိုက်၍ မြန်မာ ယူ-၂၃ အသင်းအတွက် ဆီးဂိမ်းအောင်မြင်မှု ရရှိရန် ခွန်အားဖြစ်သလို ပြည်သူများ၏ မျှော်လင့်ချက်များလည်း ပိုမိုရှင်သန်လာ ကြပြီဖြစ်သည်။

တချိန်က အာရှအဆင့်အထိ ထိုးဖောက် အောင်မြင်ခဲ့ဖူးသည့် အရသာကို ခံစားဖူးသူ သို့မဟုတ် နားအရသာ ခံစားဖူးသူ မြန်မာပြည်သူပြည်သားများသည် ယခုဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းအပေါ် ချန်ပီယံဖြစ်စေရန် မျှော်လင့်လျက် ရှိကြပါသည်။ အခြားရွှေတွေ ဘယ်လောက်ပဲရရ ဘောလုံးရွှေမရရင် ဆားမပါတဲ့ဟင်းကို စားရသလိုဘဲဟု ဆိုသူတွေက ဆိုနေကြပါပြီ။

ဤသို့ဆိုကြသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ မြန်မာဘောလုံးအသင်းများသည် တစ်ချိန်က မြင့်မားသော အောင်မြင်မှု ကြီးများကို ရယူနိုင်ခဲ့သည့် အသင်းများဖြစ်ပါလျက် လက်ရှိတွင် အောင်မြင်မှုနှင့် ဝေးကွာလျက်ရှိနေခြင်းကြောင့် အောင်မြင်မှုကို ဆာလောင်မွတ်သိပ်မှုများမှ တစ်ဆင့် အန်ထွက်လာသော ဆန္ဒအမှန် သစ္စာစကားများ ဖြစ်ပါသည်။ ယခု ဆီးဂိမ်းပြိုင်ပွဲကြီးမှာ မိမိ မြေ မိမိနိုင်ငံက အိမ်ရှင်လုပ်ပြီး ကျင်းပခွင့်ရသောပြိုင်ပွဲဖြစ်၍ ဗိုလ်စွဲပြီး ချန်ပီယံဖြစ်ရန် ပိုမို မျှော်လင့်နေကြခြင်းလည်း ဖြစ်သည်။

ကျွန်းဆွယ်ခေတ် ငါးကြိမ်ဆက် ချန်ပီယံမြန်မာ

မြန်မာဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲများတွင် အောင်မြင်မှုများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသော်လည်း ကျွန်းဆွယ်ခေတ်ကာလကမှု ငါးကြိမ်ဆက် ချန်ပီယံအသင်းအဖြစ် စံချိန်တင် အောင်မြင်မှုရခဲ့သည့် အသင်းဖြစ်သည်။ ၁၉၅၉ ခုနှစ် ပထမအကြိမ် ဗန်ကောက်ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲ တို့တွင် မြန်မာအသင်း အောင်မြင်မှု မရခဲ့ပေ။ ၁၉၆၁ ခုနှစ် ဒုတိယကျွန်းဆွယ်ပွဲတွင် မြန်မာအသင်းသည် မလေးရှားကို ရှုံးကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ ရသည်။

သို့ရာတွင် ၁၉၆၅ ခုနှစ် တတိယအကြိမ် ကွာလာလမ်ပူ ကျွန်းဆွယ်ပြိုင်ပွဲတွင်မှု မြန်မာအသင်း အောင်မြင်မှု စတင် ရရှိခဲ့ သည်။ မြန်မာအသင်း၏ ပထမဆုံးကျွန်းဆွယ်အောင်မြင်မှု ဖြစ်ပြီး ထိုင်းနှင့် ပူးတွဲချန်ပီယံ ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နှင့် ၁၉၇၃ ကျွန်းဆွယ်ပြိုင်ပွဲများတွင် လွတ်လွတ်ကျွတ်ကျွတ် ဆက်တိုက်ချန်ပီယံဖြစ်ခဲ့သည်။ ငါးကြိမ် ဆက်တိုင် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ရာ ထိုစဉ်က မြန်မာအသင်း၏အောင်မြင်မှုမျိုးကို ဘယ်ကျွန်းဆွယ် အသင်းကမှ လိုက်မမီခဲ့ပေ။ နောက်ဆုံးကျွန်းဆွယ်ပြိုင်ပွဲ ဖြစ်သည့် ၁၉၇၅ ခုနှစ် ဗန်ကောက်ပြိုင်ပွဲတွင်မှု ငါးကြိမ်ဆက် ကျွန်းဆွယ်ချန်ပီယံမြန်မာအသင်းသည် စင်ကာပူနှင့် အတူ တတိယသာရရှိကာ ကျွန်းဆွယ်ချန်ပီယံဘဝ ဇတ်သိမ်းခဲ့လေသည်။

ဆီးဂိမ်းတစ်ခေတ် ရွှေစော်မနံသေး

၁၉၇၇ ခုနှစ် ပြိုင်ပွဲမှ စတင်၍ ကျွန်းဆွယ်ပြိုင်ပွဲ အဖြစ်မှ ဆီးဂိမ်းပြိုင်ပွဲ ဖြစ်လာသည်။ ထိုပြိုင်ပွဲမှ ၂၀၁၁ ခုနှစ် ပြိုင်ပွဲအထိ ဆီးဂိမ်း ၁၈ ကြိမ်ကာလအတွင်း မြန်မာအသင်းသည် တစ်ကြိမ်တစ်ခါမျှ ချန်ပီယံ ပြန်မဖြစ်တော့ပေ။ ထို ၁၈ ကြိမ်အတွင်း အမြင့် ဆုံး အဆင့်အဖြစ် ၁၉၉၃ ခုနှစ် စင်ကာပူဆီးဂမ်းတွင် ဒုတိယသာ ရရှိခဲ့ဖူးလေသည်။ ထို့ကြောင့် ကျွန်းဆွယ်တစ်ခေတ် အအောင် မြင်ဆုံးဖြစ်ခဲ့သည့် မြန်မာအသင်းအနေဖြင့် ဆီးဂမ်းတစ်ခေတ်တွင် ရွှေတံဆိပ် ရရှိသူ ချန်ပီယံအသင်းဖြစ်ရန် လိုအပ်နေခြင်းလည်း ဖြစ်ပေသည်။

ပထမဆုံးချန်ပီယံဆုကို ဘယ်လိုရယူခဲ့သလဲ

၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ်ပွဲတွင် မြန်မာအသင်းသည် ကျွန်းဆွယ်ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူခဲ့ရာမှာ စိတ်ဝင်စားဖွယ်၊ အတုယူဖွယ် အလွန်ကောင်းပါသည်။ ထိုစိတ်ဝင်စားဖွယ် နောက်ခံအကြောင်းများကို ဒီဇင်ဘာလ ၄ ရက်က နေ့ က ထိုချန်ပီယံအသင်းတွင် ပါဝင်ခဲ့ကြသည့် ဦးစိုးမြင့်၊ ဦးအောင်ခင်၊ ဦးဘပု တို့နှင့် တွေ့ဆုံစဉ် ရှေးဟောင်းနှောင်းဖြစ်များ ပြော ကြရင်း သိခဲ့ရခြင်းဖြစ်သည်။

ထိုကျွန်းဆွယ်ပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲတွင် ကမ္ဘောဒီးယားနှင့် လာအိုတို့ မပါဝင်ဘဲ စင်ကာပူအသင်း ပထမဆုံး ပါဝင်လာ ပြီး မြန်မာ၊ ထိုင်း၊ တောင်ဗီယက်နမ် နှင့် အိမ်ရှင် မလေးရှားနိုင်ငံ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင် ငါးသင်းသာ ရှိ၍ ရှုံးထွက်စနစ်ဖြင့် ကစားစေကာ နိုင်သည့်အသင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရသည်။

မြန်မာအသင်းသည် ဘပု၏ဂိုးဖြင့် စင်ကာပူကို ဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲသို့ တက်လာသည်။ ထိုင်းကလည်း တောင်ဗီယက်နမ်ကို ၂-၁ ဖြင့် နိုင်ပြီး အကြိုဗိုလ်လုပွဲသို့ တက်သည်။ အိမ်ရှင်မလေးရှားအသင်းက ဘိုင်ရပြီး အကြိုဗိုလ်လုပွဲက စောင့်နေသည်။ ကျန်ဆီးမီးတစ်နေရာအတွက် တောင်ဗီယက်နမ်နှင့် စင်ကာပူတို့ကစားရာ တောင်ဗီယက်နမ်က ၅-၁ ဂိုးဖြင့်နိုင် ကာ ဆီးမီးသို့တက်လာသည်။ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းသည် လက်ရှိချန်ပီယံ အိမ်ရှင်မလေးရှားကို ၂-၁ ဖြင့်အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်သည်။ မြန်မာအသင်းအတွက် ဂိုးများကို မောင်မြင့်နှင့် အောင်ခင်တို့က သွင်းယူပေးသည်။ နှစ်ဂိုးစလုံးကို ဒုတိယ ပိုင်းတွင် သွင်းယူခြင်းဖြစ်သည်။

မြန်မာအလံကို ထိုင်းအလံက ဖုံးအုပ်ရစ်ပတ်


တောင်ဗီယက်နမ်ကို ၂-၀ ဖြင့် အနိုင်ယူခဲ့သော ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ဗိုလ်လုပွဲတွင် တွေ့ကြသည်။ ထိုပွဲ တွင် မြန်မာဂိုးသမား(ဦး) တင်အောင်သည် လက်အိတ် မဝတ်ဘဲ ဖမ်းခဲ့သည်။ ကစားဖော်များက လက်အိတ်ဝတ်ရန် တိုက်တွန်း ခဲ့သော်လည်း ဂိုးတင်အောင် က မဝတ်ခဲ့။ မိုးကလည်း ရွှာနေသည်။ လေကလည်း တဟူဟူးတိုက်နေသည်။ ပွဲမကစားမီကပင် ကွင်းထိပ်ရှိ အလံတိုင်မှ ထိုင်းအလံသည် မြန်မာအလံအပေါ် လွှမ်းခြုံဖုံးအုပ်ထားသည်။ မြန်မာအလံမှာ ထိုင်းအလံအောက်တွင် ငုပ်လျှိုးပျောက်ကွယ် နေသည်။

ဦးစိုးမြင့်က “နမိတ်ပေါ့ဗျာ။ မကစားခင်ကတည်းက ဒီလိုဖြစ်နေတာ။ ဒါကိုမြင်ပြီး ကျွန်တော်တို့တွေးကြတယ်။ နမိတ်ပြနေတာလား။ ဒီအတိုင်းဆိုရင် ဟန်ကျပါ့မလားဆိုပြီး တွေးပူနေကြတာ။ ပူတဲ့အတိုင်းပဲ ထိုင်းက ဂိုးသွင်းတယ်။ ကိုတင်အောင် ကလက်အိတ်ဝတ်မထားတော့ ဘောလုံးက လက်ထဲက ချော်ထွက်ပြီး ဝင်သွားတာ” ဟုပြောပြပါသည်။

ပထမပိုင်းပြီးခါနီးတွင် ထိုင်းက ပထမဂိုးကို စသွင်းလိုက်သည်။ မြန်မာအသင်းခြေစွမ်းကောင်းသော်လည်း ဂိုးကံမရှိ ဖြစ်နေသည်။ အောင်ခင် နှင့် မောင်မြင့်တို့ သေချာပေါက် ဂိုးသွင်းခွင့်များ လက်လွတ်ခဲ့ကြသည်။ ဒုတိယပိုင်းပြန်စသည်နှင့် ထိုင်း က ဖိကစားပြီး ဒုတိယဂိုးကို သွင်းယူလိုက်ပြန်သည်။ အလံတိုင်တွင် ထိုင်းအလံသည် မြန်မာအလံကို လွှမ်းခြုံအုပ်ထားဆဲ။ မြန်မာ အသင်းသည် ၂-၀ ဂိုးဖြင့် ရှုံးနေဆဲ။ ပွဲကလည်းပြီးဖို့ ဘယ်လောက်မှ မလိုတော့။ ၁၅ မိနစ်လောက်ပဲလိုတော့သည်။ မြန်မာ အသင်းသည် အရှုံးဂိုးများကို ချေပနိုင်ရန် ကြိုးစားသော်လည်း အရာမထင်။

မကြာပါချေ။ မိုးကလည်းစဲ။ လေလည်း ငြိမ်သွားသည်။ ထိုအချိန်တွင် မောင်မြင့် ထိုးဖောက် တင်ပေးသည်ကို အောင်ခင် က ခေါင်းတိုက်သွင်းယူလိုက်နိုင်၍ ၂-၁ ဖြစ်သွားသည်။ မှုလကတည်းက စိတ်ဓာတ်ကို ဂိတ်ဆုံးမြှင့်တင် ကစားနေသော မြန်မာ အသသင်းမှာ ချေပဂိုး ရလိုက်၍ နိုင်လိုစိတ်များ ပိုမိုထက်သန်လာကြပြီး ဖိကစားရာ ထိုင်းအသင်းမှာ ခံစစ်ဖြင့်သာ ကစားနေရ သည်။ ၂၇ မိနစ်တွင် အုန်းကြွယ် ပို့ပေးသည်ကို အောင်ခင်ကပင် သွင်းယူလိုက်၍ နှစ်ဂိုးစီ သရေဖြစ်သွားသည်။ အချိန်ပို ၁၀ မိနစ်စီ ကစားရာတွင် မြန်မာအသင်းပင် ဖိကစားနိုင်သော်လည်း ဂိုးမရတော့သဖြင့် ပူးတွဲချန်ပီယံ ဖြစ်ခဲ့သည်။ ၁၉၆၁ ခုနှစ် ရန်ကုန် ကျွန်းဆွယ်ပွဲတွင် အိမ်ရှင်ဖြစ်ပါလျက် မလေးရှားကို ရှုံးကာ ဗိုလ်မစွဲခဲ့သော မြန်မာအသင်းသည် မလေးရှားမြေပေါ်တွင် ပထမဆုံးဗိုလ်စွဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

“အချိန်ကိုကြည့်လိုက်တော့ ဘယ်လောက်မှမကျန်တော့ဘူး။ ကျွန်တော်တို့ ၂-၀ နဲ့ ရှုံးနေတယ်။ ဒီတော့ ကျွန်တော်က ဘပု ကိုပြောတယ်။ ဒီအတိုင်းဆို မဖြစ်တော့ဘူး။ ငါရောက်တဲ့နေရာကိုသာကြည့် ဘောလုံးကို ငါ့ဆီရောက်အောင်ပို့ပေး ဆိုပြီး ကိုယ့်အချင်းချင်း ကွင်းထဲမှာ ညှိပြီး ကစားလိုက်တော့မှ လိုချင်တဲ့ချေပဂိုးတွေ ရတယ်။ အဓိက ကတော့ စိတ်ဓာတ်ပေါ့ဗျာ။ အရှုံး မပေးစိတ်ဓာတ်။ ပြီးတော့အဲဒီတုန်းက အချင်းချင်း ညီညွတ်ခဲ့တဲ့စိတ်ဓာတ်ကလည်း မယုံနိုင်လောက်ကို ကောင်းခဲ့တာ။ ဒီလို စိတ်ဓာတ်ကြောင့်ပဲ ရှုံးနေရာကနေ ချန်ပီယံ ဖြစ်ခဲ့တာပါ” ဟု ဦးအောင်ခင်က ပြောပြခဲ့သည်။

ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ဂိုး- တင်အောင်၊ နောက်တန်း- သန်းလွင်၊ ကျော်သောင်း၊ ဝင်းကြည်၊ အုံးကြွယ်၊ အလယ်တန်း-အောင်သန်း နှင့် ဘရီ၊ ရှေ့တန်း- မောင်မြင့်၊ ကျော်ကျော်၊ အောင်ခင် နှင့် ဘပု တို့ကို ပွဲထုတ်ကာ ကစားစေခဲ့ခြင်း ဖြစ်သည်။ စိုးမြင့်နှင့် ကပ္ပတိန် လှဌေးတို့မှာ နာနေ၍ ပါဝင်ကစားခွင့်မရခဲ့ပေ။

စိတ်ဓာတ်ကြောင့် ရခဲ့တဲ့ ချန်ပီယံ

ဦးအောင်ခင်၏ ပြောစကားအရ မြန်မာအသင်းသည် ပထမဆုံး ကျွန်းဆွယ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမှာ အကြောင်း ခြင်းရာ များများစားစား မရှိကြောင်း တွေ့ရသည်။ ကစားဖော်အချင်းချင်း ညီညတ်ကြသည်။ စည်းလုံးကြသည်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကြီးမားသလောက် ပြင်းပြင်းပြပြရှိကြသည်။ ထိုအဓိကအကြောင်းများကြောင့်သာ နှစ်ဂိုးပြတ်ဖြင့် ရှုံးနေရာမှ အချိန်တိုလေးအတွင်း နှစ်ဂိုးသွင်းကာ ချန်ပီယံဆုကြီးကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထိုက်ထိုက် တန်တန် ဆိုသည်မှာ မြန်မာအသင်းသည် ထိုင်းအသင်းကို အရှုံးကနေ သရေကစားနိုင်ခြင်းမျိုးလောက်ကိုသာ ရည်ညွှန်းပြောဆို ခြင်းမဟုတ်ဘဲ ဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံလည်းဖြစ်၊ အိမ်ရှငိလည်းဖြစ်သည့် မလေးရှားအသင်းကိုပါ အနိုင်ယူခဲ့ခြင်းကို ရည်ညွှန်းပြောလိုရင်းဖြစ်၏။

ဆီးဂိမ်းခေတ် ချန်ပီယံကို ရယူဖို့အတွက်

ကျွန်းဆွယ်ခေတ် ပထမဆုံးချန်ပီယံဆုကို မြန်မာအသင်း ဘယ်လိုရယူခဲ့ရသလဲဆိုသည်ကို သိကြပါပြီ။ ထို့ကြောင့် ဆီးဂိမ်း ၁၈ ကြိမ်တစ်ခေတ်တွင် ချန်ပီယံ မဖြစ်ဖူးသေးသည့် မြန်မာအသင်းအနေဖြင့် ယခု ( ၂၇ ) ကြိမ်မြောက် ဆီးဂိမ်းတွင် ချန်ပီယံ ဖြစ်ခဲ့မည်ဆိုသော် ပထမဆုံးဆီးဂိမ်းချန်ပီယံဆုကို ရခြင်းပင် ဖြစ်ပေမည်။ ထိုပထမဆုံးသော ဆီးဂိမ်းချန်ပီယံဖြစ်ရန် အတွက် ဘာတွေလုပ်ရမည်၊ ဘာတွေလိုအပ်သည်ဆိုသည်ကို ပထမဆုံး ကျွန်းဆွယ်ချန်ပီယံဆုရစဉ် ဖြစ်စဉ်ဖြစ်ရပ်များက အထောက်အကူပေးနိုင်လိမ့်မည်ဟု ယူဆ၍ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

ယခုသာ ဘောလုံးရွှေရ၍ ချန်ပီယံဖြစ်ခဲ့မည်ဆိုလျှင် ရွှေတံဆိပ်ပေါင်း သန်း၆၀ ကို ရခြင်းပင် ဖြစ်ကြောင်း ညီငယ် ဘောလုံးသမားလေးများ တန်ဖိုးသိ ကြားစေချင်လှပါဘိ။

ရေးသူ - ဖေဒီ

Tuesday, December 10, 2013

လပေါင်းများစွာဝေးကွာနေခဲ့တဲ့ တင်းနစ်ကွင်းထဲမှာ ကလေးတစ်ယောက်လိုဖြစ်နေခဲ့တယ်ဆိုတဲ့ မာရီယာရှာရာပိုဗာ


ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကစားခဲ့တဲ့ ဆင်ဆင်နက်တီအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ပထမအဆင့်ကနေ ထွက်ခွာခဲ့ရ ပြီးတဲ့နောက်ပိုင်း ညာဖက်ပုခုံးဒဏ်ရာကြောင့် ကာလရှည်ကြာနားနေခဲ့ရတဲ့ ရုရှားတင်းနစ်မယ် မာရီယာရှာရာပို ဗာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုလံဘီယာနိုင်ငံ ဘိုတာဂိုမြို့မှာ ဆားဘီးယားတင်းနစ်မယ် အန်နာအီဗန်နိုဗစ် နဲ့ သရုပ်ပြတင်းနစ်ပွဲတစ်ပွဲကစားသွားခဲ့ပါတယ်။ဒီပွဲမှာ အန်နာအီဗန်နိုဗစ်က နာလန်ထကာစ ရှာရာပိုဗာကို (၆-၁)(၁-၆)(၁၂-၁၀)နဲ့ အနိုင်ကစားသွားခဲ့တာပါ။ ဒီပွဲအပြီးမှာ ရှာရာပိုဗာက “ လတွေအကြာကြီးမကစားပဲနေခဲ့ပြီး အခုမှ ကွင်းထဲပြန်ဝင်ရတဲ့အခါကျတော့ ကလေးတစ်ယောက်လိုဖြစ်နေတယ်ရှင်။ ဒီလို အရမ်းကစားချင်နေခဲ့ တာကြာပြီလေ။ ကိုလံဘီယာနိုင်ငံကို ကျေးဇူးပါပဲ။ နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြတဲ့အတွက်ပေါ့။ ကျွန်မ မကြာခင်ပြန်ကစားတော့မှာပါ”လို့ ပြောသွားခဲ့ပါတယ်။အဆိုပါညာဖက်ပုခုံးဒဏ်ရာကြောင့် လက်ရှိကမ္ဘာ့အဆင့်(၄) ရှာရာပိုဗာဟာ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ကို လွဲချော်သွားခဲ့ရသလို ရာသီပိတ်ပြိုင်ပွဲဖြစ်တဲ့ WTA ချန်ပီယံရှစ်ကိုပါ လွဲခဲ့ရပါသေးတယ်။ သူမအတွက် အ နီးစပ်ဆုံး ပြိုင်ပွဲကတော့ ဒီဇင်ဘာ (၂၉)ကနေ ၂၀၁၄ ၊ ဇန်န၀ါရီ(၅)ရက်အထိ ကျင်းပပြုလုပ်သွားမယ့် Brisbane International တင်းနစ်ပြိုင်ပွဲပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လက်အမျိုးသမီးချန်ပီယံက ဆီရီနာဝီလျံဖြစ် ပြီး အမျိုးသားချန်ပီယံကတော့ အန်ဒီမာရေးဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...