Friday, March 14, 2014

နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်



နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်

အမေရိကန်လူမျိုး အသက် ၂၃ နှစ်အရွယ် ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယမြောက် WGC ချန်ပီယံဆုကို တတိယအကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ကမ္ဘာ့အဆင့် ၄၄ ရှိတဲ့ ပက်ထရစ်ရိဒ် ဟာ နောက်ဆုံးအချီ ၇၁ ချီ မြောက်မှာ တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင်ရိုက်ပြီး အားလုံးကို ဖြတ်ကျော်ဗိုလ်စွဲခဲ့တာပါ။

ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်ကတော့ ပထမ သုံးချက်လျော့နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်အချီတွေမှာ အခက်အခဲတွေ့ ခဲ့ပြီး အဆင့်ကိုးနေရာသာ ရရှိခဲ့ပါတယ်။

WGC ဖလားကို တိုက်ဂါးဝုဒ်တစ်ယောက် ရှစ်ကြိမ်မြောက် ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် အခုလို ပက်ထရစ်ရိဒ် က ဗိုလ်စွဲသွားခဲ့တာပါ။

အမေရိကန် ဂေါက်သီးရိုက်ကစားသမား ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယအကြိမ်မြောက် WGC ဖလားကို လက်ခံရယူပြီးနောက် အခုလိုပြောကြားသွားခဲ့ပါတယ်။

“ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားငါးယောက်ထဲက တစ်ယောက်ပါ။ အခုလို WGC ချန်ပီယံဆုကို သုံးကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးလက်စွမ်းကို ရရှိခဲ့တဲ့အတွက် အရမ်းကျေနပ်မိ ပါတယ်။ ကျွန်တော် နောက်ဆုံးအချီကို တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင် ရိုက်နိုင်ခဲ့တယ်ဗျ”

WGC ဖလားကို မနှစ်က ရရှိခဲ့သူကတော့ တိုက်ဂါးဝုဒ်ဖြစ်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...