Friday, March 14, 2014

ပွဲတက်အတွက် အမိုက်စား ဆံပင်ပုံစံလေး ဖန်တီးကြည့်ချင်တယ်ဆိုရင်



ထသွားထလာမဟုတ်တဲ့ ဒင်နာ၊ ပါတီပွဲတွေအတွက် ကိုယ်ပြင်ဆင်နေကျ ဆံပင်ပုံစံတွေနဲ့ ကွဲအောင် ပုံစံအသစ်ပြင်ဆင်သွားချင်သူတွေအတွက် အမိုက်စားဆံပင်ပုံစံလေးတစ်ခု ပြောပြပေးချင်ပါတယ်။ ဆိုင်သွားစရာမလိုဘဲ အိမ်မှာပဲ အချိန်နည်းနည်းနဲ့ ကိုယ့်ဘာသာကိုယ် ပြင်ဆင်နိုင်တယ်ဆိုတော့ ပျိုမေတွေအတွက် အဆင်ပြေစေမှာပါ။



၁။ ပထမဆုံးအဆင့်အနေနဲ့ ဆံပင်ကို ဘေးခွဲ ခွဲဖို့လိုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ကိုယ်အားသန်တဲ့ ဘက်၊ ညာဘက် (သို့) ဘယ်ဘက်ကို သေသေချာချာခွဲလိုက်ပါ။ ဆံပင်အရှည်ကလည်း ပခုံးကျော်ကျော်လောက်ရှိနေရင် ပိုအဆင်ပြေပါတယ်။



၂။အဲ့ဒီနောက်မှာတော့ နောက်စေ့နားက ဆံပင်တွေကိုယူပြီး ဘီးနဲ့ နည်းနည်းခြစ်လိုက်ပါ။ ဒီလိုခြစ်ထုတ်ခြင်းဟာ ဆံပင်သားပွပွလေးဖြစ်နေအောင် ဖန်တီးဖို့ပါ။



၃။အဲ့ဒီနောက်မှာတော့ ခြစ်ထုတ်လိုက်တဲ့ ဆံပင်သားကို ဘရက်ရှ်သုံးပြီး နောက်နားကို ဖောင်းဖောင်းလေးဖြစ်အောင် ယူလိုက်ပါ။



၎။ပြီးတဲ့အခါ ခုနယူထားတဲ့ ဆံပင်သားတွေကို ပုံမှာပြထားသလို ကလစ်လေးတွေထိုးလိုက်ပါ။



၅။ပြင်ဆင်ထားတဲ့ ဆံပင်ပုံစံကို တာရှည်ခံအောင် စပရေးဖျန်းပေးပါ။



၆။နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင်၊ ခြယ်သမှုတွေ ဖြည့်စွက်လိုက်ရုံပါပဲ။





Ref:cosmopolitan.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...