Tuesday, January 21, 2014

အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ


Tuesday, January 21, 2014

ဖေ့စ်ဘွတ်က တရုပ်ကလာတယ်ဆိုတဲ့ အမျိုးသမီးတွေကို စိတ်ဆွဲဆောင်မှုပေးတဲ့ဆေးကို ဝက်ဆိုက်မှာ ဒီလိုဖတ်ရပါတယ်။

•Herbal medicine monopoly Bureau herbal medicine sales - an aphrodisiac for women “အမျိုးသမီး လိင်စိတ်ကဲစေတဲ့ ဟာဗယ်ဆေး” လို့ ရေးထားပါတယ်။
• 西班牙 insect powder (new) အင်းဆက်မှုံ့ (အသစ်)
• ဂျပန်အမည် Fukuyama insect powder (new) ဖူကူယားမား အင်းဆက်မှုံ့ (အသစ်)
• တရုပ်အမည်西班牙 insect powder အင်းဆက်မှုံ့
• တရုပ်လို Xibanya Kunchongfen ဇီဘန်းယာ ကွန်ချူးဖန်
• ဆေးထဲမှာပါတာက Spain medical herbal extracts, herbal medicine စပိန်ဟာဗယ်ဆေး၊
• ထုတ်လုပ်သူ = တရုပ် အိုင် ဝေဝေ ဇီဝကုမ္ပဏီလီမိတက်၊ ရှန်ဟဲ ဒန် ယန်း ကုမ္ပဏီလီမိတက်၊
• အမျိုးသမီးသုံးသက်သက်ဖြစ်တယ်။ ဆေးက အရောင်မရှိ၊ အရသာမရှိ၊ ရေ-အရက်ထဲမှာ ပျော်ဝင်လွယ်တယ်။
• ဆေးစွမ်း = အမျိုးသမီးသည် မိနစ်အနည်းငယ်အကြာမှာ မျက်နှာနီမြန်းလာမယ်၊ အသက်ရှူမြန်လာမယ်၊ မျက်လုံးက တပ်မက်သလိုဖြစ်လာမယ်၊ ရုတ်တရက် အလိုရှိစိတ်ဖြစ်လာမယ်၊ ဖေ့စ်ဘွတ်မှာ ရေးဘို့ မသင့်တဲ့ အစွမ်းလို့ဆိုတာတွေလဲ ပါတယ်။

အလားတူဆေးမျိုးတွေ တခြားတိုင်းပြည်တွေကနေလာတာလဲရှိပါတယ်။ “Lady Coffee ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဘလော့ခ် ထဲမှာရေးထားပါတယ်။ “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ” ကိုလဲ ရေးထားပါတယ်။

ကျွန်တော်တို့လို ဆရာဝန်တွေက ဟာဗယ်ဆေးတွေကို အဆိုး-အကောင်းပြောဘို့ မသင့်ပါ။ ကြော်ညာဆေးတွေဖြစ်တယ်။ သတိထားကြဘို့သာ သတိပေးပါရစေ။

ဒေါက်တာတင့်ဆွေ

အသက်ရနှစ်အရွယ်ကရင်မလေးကိုမုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ အီဆာမက်ကိုထောင်အနှစ် ၂၀ ချ



သူယုံကြည်ရတယ်လို့ ထင်ရတဲ့လူတစ်ယောက်ရဲ့ မုဒိန်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ကလေးမလေး ဆာနာမူး


ထိုင်းနိုင်ငံဒုက္ခသည်စခန်းကနေအမေရိကန်ဆော့လိတ်စီးတီးမြို့ ကိုပြောင်းရွှေ့ အခြေချနေထိုင်တဲ့ အသက် ၇နှစ်အရွယ်ကရင်မလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူ အီဆာမက်ဆိုသူ ကို ပြီးခဲ့တဲ့သောကြ်ာနေ့  ကထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

အမေရိကန်ကိုပြောင်းရွှေ့ နေထိုင်သူဒုက္ခသည်တဦးဖြစ်တဲ့အီဆာမက်အသက်၂၆ နှစ်ဟာ၂၀၀၈မတ်လ က ဆော့လိတ်စီးတီးမှာ ဆာနာထူးဆိုတဲ့ကရင်မလေးကိုပြန်ပေးဆွဲ မုဒိန်းကျင့်ပြီး သတ်ပစ်ခဲ့ တာပါ။ ဘာသာစကားအတားအဆီးကြောင့် သေဒဏ်မချမှတ်နိုင်ခဲ့ပဲ ဒီအမှုဟာ ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။

(ဘာသာစကားအတားအဆီးကြောင့်သေဒဏ်မချမှတ်နိုင်ဘူးဆိုတာကိုနားမလည်ပါ။မူရင်းသတင်းမှာဒီလိုရေးထား ပါ တယ်။ အကောက်အယူလွဲရင်နားလည်တတ်ကျွမ်းသူများပြင်ဆင်ပေးကြပါရန်
But prosecutors have not asked for the death penalty due to a language barrier - an issue that has already caused nearly six years of costly legal delays.)

တရားရုံးအပြင်ဖက်ရောက်တော့ ဖခင် ကာတွန်းဝါးက ကျနော့်တို့ ရဲ့ တဦး တည်းသောသမီးလေး ကတော့မရှိတော့ဘူးပေါ့လို့ ပြောရှာပါတယ်။

ဆာနာမူးကို အီဆာမက်ရဲ့ ရေချိုးခန်းထဲမှာ သွေးအိုင်ထဲလဲနေတာတွေ့ ခဲ့ကြရတာပါ။ကိုးရက်ကြာစစ်ဆေးမှု
မှာကလေးသူငယ်အကြမ်းဖက်မှုရေးရာကျွမ်းကျင်သူ လိုရီက ကလေးမဟာပြင်းပြင်း ထန်ထန်နာကျင် မှုခံစားခဲ့ရပြီး သူမရဲ့ အင်္ဂါမှာပြင်းထန်တဲ့ဒဏ်ရာတွေ တွေ့ ခဲ့ ရကြောင်း လက်တစ်ဖက် လည်းကျိုးနေကြောင်းတွေ့ ရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါ တယ်။

သူတို့ မိသားစုဟာမြန်မာပြည်တောထဲကနေထိုင်းနိုင်ငံကဒုက္ခသည်စခန်းကိုထွက်လာခဲ့ကြပါတာပါ။ အဲဒီကနေမှ အမေရိကန်ကိုပြောင်းရွှေ့ အခြေချခဲ့တာပါ။

ဖခင်ဖြစ်သူက "ကျနော့်ဘ၀မှာ အကုန်ဆုံးရှုံးခဲ့ပြီးပါပြီ။ဒါပေမယ့်ဒီတခါကတော့အကြီးကျယ်ဆုံး ဆုံးရှုံးရမှုပါဗျာ။အခု ကျနော်စိတ်ဒဏ်ရာခံစားမှုတွေနဲ့ မိသားစုကိုဆက်လက်ထောက်ပံ့ပေး ရပါဦးမယ်။"
သမီးပျောက်သွားတော့ကျနော့်မိန်းမငိုပါတယ်။ပျောက်လို့ အကြာကြီးကြာတော့ကျနော့်တို့  သမီးသေပြီလို့ တွက် လိုက်ပါတယ်။

မိခင်ဖြစ်သူ ပုလဲဝါးက "ကျမကိုတကမ္ဘာလုံးကအပျော်တွေနဲ့ သမီးနဲ့ လဲမယ်ဆိုရင်လည်းကျမ မလဲနိုင်ပါဘူး။ကျမမှာဒီသမီးလေးတစ်ယောက်ထဲရှိပါတယ်။ အခုဘေးမှာ ကလေးမလေးတွေ သွားလာ နေတာမြင်ရရင်ကျမအရမ်းကိုစိတ်ထိခိုက်ရပါတယ်။

ကလေးမလေးဟာ မတ်လ ၃၁ရက်၂၀၀၈မှာအသတ်ခံခဲ့ရတာပါ။ သူ့ အဒေါ်ကိုအောက် ထပ်သွားကစားဦးမယ်ဆိုပြီး ထွက်သွားရာက ရောက်သင့်တဲ့အချိန်ရောက်မလာတဲ့အတွက် မိဘတွေကစိတ်ပူခဲ့ကြပါတယ်။ သူတို့ ရဲ့  ဒုက္ခသည်ရုံးက တာဝန်ခံကိုပြောပြတဲ့အခါ တာဝန်ခံက ရဲကိုတိုင်လိုက်ပါတယ်။ နောက်တနေ့ မှာကလေးမရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ပြန်တွေ့ ခဲ့ကြ ပါတယ်။

အီဆာမက်ကို ဖမ်းဆီးခဲ့ပြီး ကလေးပြန်ပေးဆွဲမှု၊လူသတ်မှုနဲ့ တရားစွဲခဲ့ပါတယ်။တရားခံရှေ့ နေက
ကလေးမကို အီဆာသတ်တာဘယ်သူမှ မတွေ့ ရှိကြောင်း၊ သူ့ ဂျက်ကတ်အင်္ကျီထဲနဲ့  ကလေးမ လက်သည်းထဲကတွေ့ ရတဲ့ DNA ဟာ အသတ် မခံရမီနေ့ တွေက သူတို့ နှစ်ဦးဂိမ်း အတူဆော့ ရာကဖြစ်ကြောင်းလျှောက်လဲချက်ပေးပါတယ်။

အီဆာမက်ဟာထိုင်းနိုင်ငံက ဒုက္ခသည်စခန်းထဲမှာနေခဲ့ပြီး ဒီတိုက်ခန်းကို လူသတ်မှုမဖြစ်ခင် တစ်လခန့် က မှပြောင်းလာခဲ့ပါတယ်။သူ့ အခန်းဖော်လေးဦးနဲ့ နေထိုင်ပါတယ်။တရားခံ ရှေ့ နေ
က သူ့  အခန်းဖော်တွေ က အီဆာမက်ကို မူဆလင်ဖြစ်တဲ့ အတွက်ရှောင်ဖယ်ရှောင်ဖယ်လုပ်ကြ တယ်လို့ ဆိုပါတယ်။အခန်းဖော်တွေလည်း ၂၀၀၈ ဧပြီ ၁ရက်နေ့ မှာအဖမ်းခံခဲ့ကြရပါ တယ်။နောက် ပိုင်းတော့ပြန်လွှတ်ပေးခဲ့ပါတယ်။
လူသတ်မှုဖြစ်ချိန်မှာ သူတို့ မရှိဘူး။မြေအောက်ခန်း ထဲကရေချိုးခန်းထဲမှာ ကလေးမရဲ့ အလောင်းရှိနေတာလည်း အခန်းဖော်တွေမသိခဲ့ကြဘူးလို့ ရဲကပြောပါတယ်။




တရားခံအီဆာမက်

မိခင်ပုလဲဝါး

ဖခင် ကာတွန်းဝါး



မြေအောက်ရေချိုးခန်းကသွေးစတွေ

ရေချိုးခန်းနံရံကသွေးစတွေ


တရားခံအီဆာမက်ရဲ့ တိုက်ခန်းရှေ့ 


ဆာနာမူးတို့ မိသားစုနေထိုင်တဲ့ ဆော့လိတ်စီးတီးကတိုက်ခန်း။ဆာနာမူဟာ သူကိုမုဒိန်းကျင့်သတ်ဖြတ်ခဲ့သူ နဲ့ ခင်မင်ခဲ့တယ်လို့ သိရတယ်။


၇နှစ်သမီးလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူ အီဆာမက်



ရဲအရာရှိMikal Wersland


ဆာနာမူးတို့ မိသားစုအတွက် ဒုက္ခသည်ရုံးတာဝန်ခံCarrie Pender

မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟောကိန်းနှင့် ထိုင်းနိုင်ငံရေး



ထိုင်းနိုင်ငံရေးမှာ သွေးထွက် သံယိုဖြစ်ရပ်တွေ ရှိလာလိမ့်မယ်ဆိုတာ မြန်မာနိုင်ငံက အလွန်နာမည်ကြီးတဲ့ မိုင်းဖုန်းဆရာတော်နဲ့ အကြား အမြင် ဆရာမ အီးတီတို့ က မနှစ်ကတည်းက ကြိုတင်ဟောကိန်းထုတ်ထား ခဲ့ပါတယ်။



ငယ်ရွယ်စဉ်ကတည်းက အများရဲ့ ကြည်ညိုလေးစားခံရတဲ့ မိုင်းဖုန်းဆရာတော်ဟာ ယခင် မြန်မာစစ်အစိုးရ က ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရလို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစုလောက် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှာ ဂူအောင်းပြီး တရား ကျင့်ကြံ နေထိုင်ခဲ့တဲ့ ဆရာတော်တပါးလည်း ဖြစ်ပါတယ်။
မိုင်းဖုန်းဆရာတော်ဟာ မနှစ်က နိုဝင်ဘာလကပဲ ထိုင်း-မြန်မာချစ်ကြည်ရေး တံတား ဖြစ်တဲ့ မယ်ဆိုင်နဲ့ တာချီလိတ်မြို့ ဖြတ်ကူးတံတားကတဆင့် ပြည်တော်ပြန်ဝင်ခဲ့တာပါ။
ပြည်တော်ပြန်ပြီးနောက် မိုင်းဖုန်း ဆရာတော်က ထိုင်းနိုင်ငံရေးမှာ အကြပ်အတည်းတွေရှိနိုင်ပြီး သွေးထွက် သံယိုကိစ္စ တွေပါဖြစ်နိုင် တယ်လို့ မနှစ်က နိုဝင်ဘာလက မိန့်ကြားခဲ့တယ်ဆိုပြီး ထိုင်းရုပ်သံ ဆွေးနွေးပွဲတွေ မှာ ထိုစဉ်က ဖော်ပြခဲ့ကြပါတယ်။

http://www.youtube.com/watch?v=cPKxkGIf_d8မိုင်းဖုန်းဆရာတော်ရဲ့ သက်တော် ၅၀ ပြည့် ရွှေရတုမွေးနေ့

ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့ကပဲ မြန်မာ
နိုင်ငံ၊ တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာပါ။
အဲဒီ မွေးနေ့ပွဲအပြီး မိုင်းဖုန်း ဆရာတော်ဟာ ထိုင်းနိုင်ငံဘက်က ဒကာ၊ ဒကာမတွေရဲ့ ပင့်ဖိတ်မှု အရ ထိုင်းနိုင်ငံကို ဇန်န၀ါရီလ ၈ ရက်နေ့ကပဲ သွားရောက်ပြီး သတင်းသုံးနေပါတယ်။ မည်မျှကြာ ထိုင်းနိုင်ငံမှာ သတင်းသုံးနေထိုင်မယ် ဆိုတာ သေချာ မသိရသေးပါဘူး။
ဒီအပြင် မြန်မာပြည်က အကြားအမြင်ရသူလို့ နာမည်ကြီးတဲ့ အီးတီ (ဒေါ်ဆွေ ဆွေဝင်း) ကလည်း ထိုင်းနိုင်ငံ မှာ နိုင်ငံရေး တင်းမာမှုတွေဖြစ်ကာ သွေး ထွက်သံယိုတွေဖြစ်မယ်လို့ မနှစ်ကတည်းက ဟောကိန်းထုတ် ခဲ့ တဲ့ အကြောင်း ထိုင်းတီဗွီတွေက ထုတ်လွှင့်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။

http://www.youtube.com/watch?v=2eSZuD9Z5R8

ယခင် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကိုလည်း ပြည်ပခရီးစဉ်သွားခိုက် အာဏာသိမ်းခံရမယ်ဆိုတာ အီးတီက ဟောကိန်းထုတ်ခဲ့ဖူးတာကြောင့် သက်ဆင်အပါအ၀င် ထိုင်းနိုင်ငံသားတော်တော်များများ လည်း မြန်မာပြည်က အကြားအမြင် ဆရာမ အီးတီ ရဲ့ ဟောပြောမှုတွေကို ယုံကြည်ကြပါတယ်။
ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်က အထင်ကရ နာမည်ကျော် မိုင်းဖုန်းဆရာတော်နဲ့ အကြားအမြင် ဆရာမ အီးတီးတို့ရဲ့ ဟောပြောချက်တွေက အခုတော့ မှန်ကန်နေပြီလို့ ပြောလို့ ရမယ် ထင်ပါတယ်။
အခုရက်ပိုင်း ဘန်ကောက်မြို့ဆန္ဒပြပွဲတွေ အတွင်း သေနတ်ပစ်ခတ်မှု၊ ပေါက်ကွဲမှု ဖြစ်စဉ်တွေကြောင့် ဒဏ်ရာရ သူ ၄၀ ဦး ထက် မနည်း ရှိနေပြီး ဒီအထဲက တဦးဟာ သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်း မီဒီယာတွေ မှာ ဖော်ပြကြပါတယ်။
အိမ့်သံစဉ် ~

မူးယစ်ဆေးမှောင်ခိုသမား ၄ ယောက် ထိုင်းတပ်ဖွဲ့ အသေဖမ်းမိ




ထိုင်းမြန်မာ နယ်စပ်အနီးမှာ ဇန်န၀ါရီ ၁၉ ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီလောက်က မြန်မာနိုင်ငံဖက်ခြမ်းက ၀င်ရောက်လာတဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းနို်င်ငံနယ်ခြားစောင့်တပ်ဖွဲ့တွေ နှစ်နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ မူးယစ်ဆေးဝါး အများအပြားနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့က လေးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင် မယ့်ကျန်မြို့နယ် ပါတန်းကျေးရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ အဲဒီလက်နက်ကိုင်အဖွဲ့ဟာ မြန်မာနိုင်ငံဖက်ခြမ်း တာချီလိတ်ခရိုင်ထဲကနေ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးက တနင်္ဂနွေနေ့မနက် ၅ နာရီ ၀န်းကျင်လောက်မှာ နယ်ခြားစောင့်တပ်ရင်း အမှတ် ၃၁ က တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံဖက်ခြမ်းက ၀င်ရောက်လာတဲ့သူတွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ယာဘ (စိတ်ကြွဆေးပြား) အလုံးရေ ငါးသောင်းရပါတယ်၊ ဟီးရိုးအင်းဘိန်းဖြူ ၁၃ ထုတ်၊ AK 47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်ဆံငါးတောင့်ပါ ကျည်ကတ်တစ်ခု၊ လက်ပစ်ဗုံးတစ်လုံးနဲ့ အဲဒီအဖွဲ့က လူလေးယောက် အသေဖမ်းဆီးရမိခဲ့ပါတယ် လို့ ထိုင်းဘာသာနဲ့ ပြောကြားခဲ့တာပါ။
အမည်မသိ လက်နက်ကိုင်အဖွဲ့မှာ အဖွဲ့ဝင် ၈ ယောက်ပါဝင်ကြောင်း၊ အဲဒီအဖွဲ့က အလောင်း ၄ လောင်းအပြင် သေနတ်ဒဏ်ရာရရှိထားတဲ့ မူးဆေးလူမျိုး ဦးကြကာဆိုသူကို လက်ရဖမ်းဆီးမိခဲ့ပြီး ကျန် ၃ ယောက်က ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းလည်း ပြောကြားပါတယ်။
ဘန်ကောက်ပို့စ် သတင်းမှာတော့ အခင်းဖြစ်ပွားတဲ့နေရာဟာ ထိုင်း မြန်မာနယ်စပ် UWSA ၀တပ်ဖွဲ့တွေ မူးယစ်ဆေးဝါးထုတ်လုပ်နေတယ်လို့ ပြောဆိုကြတဲ့ နေရာအနီးမှာဖြစ်ပြီး၊ UWSA ဒု ဗိုလ်မှူးကြီး ယီဆေရဲ့နယ်ထဲက မူးယစ်ဆေးသယ်ဆောင်လာသူတွေ နယ်စပ်ဖြတ်ပြီး ၀င်လာကြလိမ့်မယ်ဆိုတဲ့သတင်းအရ ကြိုတင်စောင့်ဆိုင်းနေခဲ့ရာက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖေါ်ပြပါတယ်။
အခုလို ထိုင်းမြန်မာနယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဟာ အခု ၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အာဖဂန် အသေခံ ဗုံးခွဲတိုက်ခိုက်မှု IMF နှင့် ကုလအရာရှိများ အပါအဝင် ၂၁ ဦးသေဆုံး




အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်ကောင် ဒေသရှိ နိုင်ငံခြားသားများ သွားလာမှုများသည့် နာမည်ကျော် စားသောက်ဆိုင် တစ်ဆိုင်ကို တာလီဘန် အသေခံ ဗုံးခွဲသမားနှင့် သေနတ်သမားများ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ထိပ်တန်း ကိုယ်စားလှယ်တစ်ဦး၊ အရာရှိကြီး တစ်ဦးနှင့် ကုလသမဂ္ဂ ဝန်ထမ်းများ အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အခင်းဖြစ်ပွားသည့် သောကြာနေ့က အဆိုပါ စားသောက်ဆိုင်သို့ ည ၇ နာရီခွဲ အချိန်တွင် အသေခံ ဗုံးခွဲသမားတစ်ဦး ဝင်ရောက် ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီးနောက် သေနတ်သမားများ ထပ်မံ ရောက်ရှိလာကာ ညစာ စားသုံးလျက် ရှိသူများကို ပစ်ခတ်ခဲ့ကြသည်ဟု အာဖဂန်နစ္စတန် အာဏာပိုင် များက ပြောကြားသည်။

ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ များထဲတွင် နိုင်ငံခြားသား ၁၃ ဦးပါဝင်ပြီး သေဆုံးသူများ မည်သူမည်ဝါ ဖြစ်သည်ဟူသော အသေးစိတ်ကို တနင်္ဂနွေနေ့တွင် စတင်စုံစမ်း ရှာဖွေလျက်ရှိသည်ဟု အာဖဂန်ရဲတပ်ဖွဲ့က ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အရပ်ဘက် နိုင်ငံသားသုံးဦး သေဆုံးကြောင်း အတည်ပြု ပြောဆိုပြီး ဗြိတိန်၊ ကနေဒါ နိုင်ငံတို့က နိုင်ငံသား နှစ်ဦးစီ သေဆုံးခဲ့ကြောင်း၊ ဒိန်းမတ်နိုင်ငံက နိုင်ငံသားတစ်ဦး သေဆုံးကြောင်း အတည်ပြု ပြောကြားသည်။

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်မှာ La Taverna ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ဆိုင်ရှင်ဖြစ်သူပါ သေဆုံးသွားကြောင်း အာဖဂန် အာဏာပိုင်တို့က ပြောကြားသည်။

“စားသောက်ဆိုင်မှာ ဝင်ရောက် ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ် ဖမ်းမိခဲ့ပါတယ်” ဟု အာဖဂန်ရဲ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြားတပ်ဖွဲ့ဝင် အတော်များများသည် အဆိုပါနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်လျက် ရှိကြသည်။

လေ့လာ စောင့်ကြည့်သူများကမူ လာမည့် ဧပြီလတွင် လက်ရှိသမ္မတ ဟာမစ်ကာဇိုင်း၏ နေရာကို ဝင်ရောက် ရယူမည့် သမ္မတသစ် ရွေးချယ်မည့် ရွေးကောက်ပွဲ ကျင်းပရန်ရှိရာ မတည်မငြိမ်မှုများနှင့် တိုက်ခိုက်မှုများ တိုးမြင့်လာနိုင်သည်ဟု စိုးရိမ်ပူပန်လျက်ရှိသည်။

ယခုဖြစ်ပွားခဲ့သည့် ကဘူးလ်မြို့ လယ်ကောင်ရှိ စားသောက်ဆိုင် တိုက်ခိုက်မှုကို မိမိတို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း တာလီဘန် စစ်သွေးကြွများအဖွဲ့က သတင်းထုတ်ပြန် ကြေညာသည်။

ထိုသို့ တိုက်ခိုက်ခဲ့မှုမှာ ယခုတစ်ပတ် အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုက တာလီဘန်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ရှစ်ဦး သေဆုံးခဲ့ရမှုအပေါ် ကလဲ့စားချေသည့် အနေဖြင့် ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု တာလီဘန်တို့က ပြောကြားသည်။

X box 360 ဂိမ်းစက်က လေဖြတ်သူများ ကုရာတွင် အထောက်အကူဖြစ်စေ





တရုတ်မှလေ့လာမှုတစ်ခုအရ လေဖြတ်ထားသော ဝေဒနာရှင်များတွင် Kinect games များကဲ့သို့ လှုပ်လှုပ်ရှားရှားလုပ်ရသည့် ကွန်ပျူတာဂိမ်းများက ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း သိရသည်။ ယင်းလေ့လာမှုအား Sun Yat Sen University လက်အောက်ခံ First Affiliated Hospital မှ လေ့လာသူများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းလေ့လာမှုတွင် Xbox 360 အား အသုံးပြု၍ လေဖြတ်ခြင်းကြောင့် ကိုယ်လက်လှုပ်ရှား မှုမမှန်မကန်ဖြစ်နေသည့်သူများကို ကစားစေခဲ့သည်။ ရလဒ်များအရ ကုသမှုပိုင်းတွင် အထောက်အကူ ဖြစ်စေရုံသာမက လေဖြန်းထားသောသူများတွင် လက်များ၏လှုပ်ရှားမှုကို သိသိသာသာပိုကောင်းလာစေပြီး ဦးနှောက်က ခြေလက်လှုပ်ရှားမှုများကို မှန်မှန်ကန်ကန် မှတ်မိလာစေကြောင်း တွေ့ခဲ့ရသည်။ လေ့လာသူများက ယင်းစက်အား အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်လှုပ်ရှားမှု မသန်စွမ်းဖြစ်နေသူများတွင် ကာယကုထုံးအနေဖြင့် သုံးသင့်ကြောင်း အကြံပြုခဲ့သည်။
အ၀င်း
ref:Netdoctor.co.uk

ဇန်နဝါရီ ၂၁ မှစ၍ လုပ်ငန်းခွင်များ၊ သတင်းရသောနေရာများနှင့် တိုင်တန်းခြင်းခံ ရသော နိုင်ငံခြားသား လူနေအိမ်များ စစ်ဆေးမည်





မလေးရှားတွင် တရားမဝင် အလုပ်သမား များအား ဇန်နဝါရီ ၂၁ မှစတင်ကာ လူဝင်မူ့ကြီးကြပ်ရေး မှ Ops 6P Sepadu စိမံချက်ဖြင့် လူနေအိမ်များ၊ လုပ်ငန်းခွင်များ တွင် ပိုက်စိတ်တိုက် စီစစ်တော့မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့စွဲ သတင်းတွင် ဖော်ပြပါရှိပါသည်။
လူဝင်မူ့ကြီးကြပ်ရေးဌာန မှ ညွန်ကြားရေးမူးချုပ် Datuk Alias Ahmad က ပထမ အကြိမ်အနေဖြင့် လွန်ခဲ့သော စက်တင်ဘာ နှင့် ဒီဇင်ဘာလ အတွင်း လူနေအိမ်များ နှင့် လူနေစည်ကားရာဒေသများတွင် စစ်ဆင်ခဲ့ကြောင်း ပြောကြားပါသည်။
“ဒုတိယအကြိမ်အနေနဲ့ ဇန်နဝါရီ ၂၁ က စပြီး လုပ်ငန်းခွင်များ ၊ စက်ရုံများ၊ ကုမ္ပဏီများ ၊ စိုက်ပျိုးရေးခင်းများ နဲ့ တရားမဝင် အိမ်ဖော်များ ကြောင့် နေအိမ်များ ကို စစ်ဆေးမှာဖြစ်တယ်” ဟု Alias ပြောကြားပြီး တရားမဝင် လုပ်သားတွေ ရှိနေတယ်လို့ ထောက်လှမ်းရ ရှိတဲ့ သတင်း နဲ့ တိုင်တန်းချက် များအပေါ်တွင် မူတည်ပြီး စစ်ဆင်မည် ဖြစ်သည့် အကြောင်းကိုပြောကြားရာတွင် “သူတို့ရဲ့ နေ့စဉ် ပုံမှန်လည်ပတ်နေတဲ့ ပတ်ဝန်းကျင် ကို အနောက်အယှက် ဖြစ်အောင် တော့ စိတ်ထင်တဲ့ နေရာတွေမှာ စိစစ်မှာ တော့ မဟုတ်ဘူးခင်ဗျ” ဟုပြောကြားပါသည်။
Alias က နိုင်ငံတဝန်းတွင် ပထမ အကြိမ်၌် နိုင်ငံခြားသား ၅၄,၀၀၀ အား စစ်ဆေးပြီး ၂,၂၇၈ ဦးအား ဖမ်းဆီးကြောင်း၊ အထောက်ထား စာရွတ်စာတမ်း မရှိသူ ၁၆,၈၀၀ ဦး နှင့် ၎င်း တို့၏ အလုပ်ရှင် ၂၁၉ ဦး အား အရေးယူကြောင်း ပြောကြားပါသည်။
“ကျနော်တိုအနေနဲ့ တရားမဝင်တွေ ကို တရားဝင် ဖြစ်အောင် လုပ်ငန်းရှင်တွေကို လုံလောက်တဲ့ အချိန် ပေးခဲ့ပါတယ်၊ ကျနော်တို့ စစ်ဆေးတော့မှ ဌားရမ်ထားတဲ့ ဒီတရားမဝင်တွေကို ဖမ်းမိယင် မကျေမနပ် မဖြစ်စေချင်ဘူး၊ ဒီတရားမဝင်တွေဟာ နိုင်ငံတော်ရဲ့ လုံခြုံရေး ခြီမ်းခြောက် ပြီး ရာဇဝတ်မူ့နဲ့ တရားမဝင် လုပ်ရှားမူ့တွေ လုပ်လာ တဲ့အခါ လွယ်တာ မဟုတ်ဘူး” ဟု theSun သတင်းသို ၎င်းက ပြောကြားပါသည်။
စစ်ဆင်မူ့တွင် ရဲ၊ စစ်တပ်၊ မြို့ပြလုံခြုံရေးတပ်၊ လဝက၊ လုပ်အားပေး တပ်ဖွဲ့ အားလုံးပေါင်း ၁၀,၀၀၀ ပါဝင်မည်ဖြစ်ကြောင်း Alias ကဆက်လက် ပြောကြားပါသည်။
၎င်း၏ ခန့် မှန်းချက်အရ နိုင်ငံတဝန်းတွင် နိုင်ငံခြားသား ခရီးသွား အထောက်ထားမရှိသူ နှင့် ပါမစ် မရှိသူ ၂၈၀,၀၀၀ ခန့်ရှိကြောင်း အများစုမှာ အင်ဒိုနီးရှားမှ ဖြစ်ပြီး၊ ကျန်သူများမှာ ဘင်္ဂလားဒေရှ်၊ နီပေါ နှင့် မြန်မာ နိုင်ငံသားများဖြစ်ကြောင်း ပြောကြားပါသည်။

မြန်မာဒီဇိုင်နာတွေ ဟောင်ကောင်ဖက်ရှင် ရက်သတ္တပတ်ပွဲမှာ ပထမဆုံး ပါဝင်ပြသခဲ့





သူဖန်တီးထားတဲ့ ၀တ်စုံကို ဆင်မြန်းထားတဲ့ မော်ဒယ်နဲ့ ဒီဇိုင်နာ သက်နှင်းအေး ကို ဟောင်ကောင်ဖက်ရှင်ပွဲမှာ တွေ့ရစဉ်။ ဓာတ်ပုံ – demotix.com
အာရှမှာ ကျင်းပတဲ့ ဖက်ရှင်ပြပွဲတွေထဲမှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးလို့ ပြောစမှတ်တွင်တဲ့
Hong Kong Fashion Week 2014 မှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက ဒီဇိုင်နာတွေ
ပါဝင်ပြသခွင့်ရခဲ့ပါပြီ။
အဲဒီပွဲကို မြန်မာနိုင်ငံက အထင်ကရဒီဇိုင်နာတွေဖြစ်တဲ့ မိုးကုတ်ပေါက်ပေါက်၊ သက်နှင်းအေးနဲ့
ကောင်းမြတ်တို့ သွားရောက်ကြတာ ဖြစ်ပါတယ်။
ပြပွဲကို Hong Kong Fashion Week for Fall/Winter ပွဲနဲ့ World Boutique ပွဲအဖြစ် ဇန်န၀ါရီ
၁၃ ရက် ကနေ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ကိုရီးယား၊ ထိုင်း၊ ဆွီဒင်၊ စပိန်
စတဲ့နိုင်ငံတွေအတူ World Boutique ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။



ဟောင်ကောင်ဖက်ရှင်ပွဲမှာ ဒီဇိုင်နာသက်နှင်းအေးရဲ့ ၀တ်စုံများ (၀ဲနှင့် လယ်) ကို မော်ဒယ်များမှ ၀တ်ဆင်သရုပ်ပြနေစဉ်။ ဓာတ်ပုံ – demotix.com
မြန်မာ ဒီဇိုင်နာသုံးဦးဟာ ကိုယ့်နိုင်ငံ ရဲ့ရိုးရာယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ collection တစ်မျိုးစီနဲ့
သွားရောက် ပြသခဲ့တာဖြစ်ပါတယ်။
“UMFCCI ကနေတစ်ဆင့် မြန်မာဖက်ရှင်ဒီဇိုင်နာအဖွဲ့ကို ဆက်သွယ်ပြီး ပါဝင်ပြသဖို့ ဖိတ်ကြားခံခဲ့ရ
တာပါ။ အဲဒီအခါမှာ ဒီဇိုင်နာတွေထဲကမှ အရည်အသွေးမီတဲ့၊ တီထွင်နိုင်စွမ်းရှိတဲ့၊ အဘက်ဘက်က
ပြည့်စုံတယ်လို့ ထင်တဲ့လူတွေကိုရွေးပြီး သွားရောက်ပြသစေခဲ့တာပါ”လို့ မြန်မာဖက်ရှင် ဒီဇိုင်နာ
အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ မမဉ္ဇူက ပြောပါတယ်။
“အာရှတိုက်ထဲမှာ ဒီပွဲက အကြီးကျယ်ဆုံးလို့ ပြောလို့ရပါတယ်။ ဒီဖိတ်စာကိုရတော့ ကလေး
တစ်ယောက်လို့ပဲ မအောင့်နိုင်ဘူး။ မမဉ္ဇူကို အတင်းပူဆာပြီး သွားခွင့်တောင်းခဲ့တာပါ”လို့
ပွဲမသွားခင်မှာ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က ပြောခဲ့တာဖြစ်ပါတယ်။
ပြသမယ့်ဝတ်စုံကိုလည်း မြန်မာရိုးရာဆိုတဲ့ အရာကို ပြသနိုင်မယ့် တီထွင်မှုကိုသာ ဦးတည်ပြင်ဆင်
သွားတာဖြစ်ပြီး “မြန်မာဒီဇိုင်နာတွေလည်း မြန်မာရိုးရာနဲ့ ဒီလိုမျိုးလုပ်တတ်ပါလားဆိုတာမျိုး”
နိုင်ငံတကာက သိသွားဖို့အတွက်လို့လည်း ဆိုပါတယ်။
“ကျွန်မရဲ့ ၀တ်စုံအတွက်ကတော့ ရွှေချည်ထိုးကို ရွေးထားပါတယ်။ ၀တ်စုံကို ရွှေချည်ထိုးနဲ့ပဲ
အခုခေတ် နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ၀တ်စုံကို ပြသမှာ ဖြစ်ပါတယ်”လို့ မိုးကုတ်ပေါက်ပေါက်
က ပြောပါတယ်။



ဒီဇိုင်နာ ကောင်းမြတ်ရဲ့ လက်ရာ။ ဓာတ်ပုံ – demotix.com
ကောင်းမြတ်ရဲ့ ၀တ်စုံတွေကတော့ ချိတ်၊ ဇာနဲ့ တခြားရိုးရာ ပိတ်စတွေကို အသုံးပြုပြီး ဖန်တီးထား
တာ ဖြစ်ပါတယ်။
သက်နှင်းအေးရဲ့ ၀တ်စုံကတော့ ပုဂံခေတ်နံရံဆေးရေး ပန်းချီလက်ရာမျိုးတွေနဲ့ လိုအပ်တဲ့
အပြင်အဆင်ပိုင်းဖြစ်တဲ့ ဆံပင်မှာတပ်ဖို့ ဒီဇိုင်းအတွက်ကိုလည်း ကြိမ်နဲ့ ၀ါးပေါင်းစပ်ကာ ဒီဇိုင်းခွေပြီး
ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ပြပွဲမှာ အကဲဖြတ်တွေ၊ ပညာရှင်တွေက နိုင်ငံတကာက ထိပ်တန်းဖက်ရှင်သမားတွေဖြစ်ကြတဲ့
အလျောက် မျက်စိထဲ အဆင်မပြေတဲ့ ဒီဇိုင်းဆိုတာနဲ့ ချက်ချင်းပယ်ဖျက်ပြီး ရှုတ်ချတာမျိုး
လုပ်ကြတာဖြစ်တဲ့အတွက် လူအများ အလယ်မှာ အရှက်မကွဲရအောင် အသေးစိတ်အကုန်လုံး
ပြင်ဆင်ပြီး သွားရောက်ပြသမှာဖြစ်မယ်လို့လည်း မိုးကုတ်ပေါက်ပေါက်က ပြောခဲ့ပါတယ်။
“ကိုယ့်ဒီဇိုင်းက ပယ်ချခံရမယ်ဆိုရင် ရှက်စရာကြီးပေါ့။ အဲဒါကြောင့် အခုကိုယ်ပိုင်တဲ့ ရိုးရာကို
တီထွင်ဖန်တီးပြီး နိုင်ငံတကာကို သွားပြမှာ အသေးစိတ်သေချာပြင်ဆင်ပြီး သွားတာပါ” လို့
ပြောပါတယ်။
ဟောင်ကောင်ဖက်ရှင် ရက်သတ္တပတ်ပွဲကို နှစ်တစ်နှစ်ရဲ့ ဇန်န၀ါရီလမှာ နှစ်စဉ်ကျင်းပပြုလုပ်ကျင်းပ
တာဖြစ်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံက ဖက်ရှင်နဲ့ ဆက်စပ်ပစ္စည်းမျိုးစုံပြခန်းပေါင်း ၂,၀၀၀ နီးပါး ပါဝင်
ပြသရောင်းချခဲ့ပါတယ်။

မုံရွာမြို့တွင် မူးယစ်သောက်စားပြီး အုပ်စုဖွဲ့ရိုက်နှက်သူများ ဖမ်းဆီးအရေးယူ




စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် အရက်သေစာ သောက်စား မူးယစ်ကာ အုပ်စုဖွဲ့ အကြောင်းမဲ့ ရမ်းကားပြီး လမ်းသွား လမ်းလာများအား တုတ်ဖြင့် လိုက်လံ ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၉)ရက်နေ့ ည(၁ဝ)နာရီ(၅ဝ)မိနစ်ချိန်ခန့်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ် ကွက် ဗိုလ်ချုပ်လမ်းမပေါ် တွင် ကွေ့ကြီး ရပ်ကွက်နေ သီဟ(ဘ)ဦးရွှေရ၊ သန်းအောင်(ဘ) ဦးကျော်သူအောင်၊ ဖိုးဇော်(ခ)ဇော်ဇော်ဦး(ဘ)ဦးသန်းထီ၊ ပေါက်စ(ခ)ဟိန်းမင်းလတ်(ဘ)ဦးဥာဏ်လင်းထွန်း၊ ဖြိုးစည်သူ(ဘ) ဦးဇော်ဝင်းတို့(၅)ဦးသည် အရက်သေစာ များသောက် စားမူးယစ်ပြီး (၂x၁)လက် သစ်သားတုတ်ကိုင်လျက် လမ်းသွားလမ်းလာများကို လိုက်လံရိုက်သဖြင့် ကိုနောင်(ဘ)ဦးမျိုးမြင့်၊ ငြိမ်းချမ်းမိုး(ဘ)ဦးအောင်ရွှေ တို့နှစ်ဦး သည် ဒဏ်ရာများ ရရှိခဲ့သည်။

ထိုသို့ ပြင်းထန်းစွာ ဒဏ်ရာရရှိအောင် အုပ်စုဖွဲ့ရိုက်နှက်သူ သီဟ(ဘ)ဦးရွှေရ ပါ(၅)ဦးတို့အား ကိုနောင်၏ ဘခင်ဖြစ်သူမှ ဦးမျိုးမြင့်မှ အမှုဖွင့်တိုင်တန်း သဖြင့် မုံရွာမြို့၊ မြို့မရဲစခန်းမှ (ပ)၂၄/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ -၃၂၆/၃ဝ၇ အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံကဏ္ဍတွင် ကျောင်းချိန်အတွင်း တိုင်းရင်းသားဘာသာစကားများ တစ်ပြေးညီသင်ကြားနိုင်ရေး ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်မည်


တိုးအောင်
တိုင်းရင်းသားဘာသာစကား သင်ကြားရေး အခြေခံ၊ အဆင့်မြင့်ပညာရေးအား ပညာရှင်များမှ ဆွေးနွေးညှိနှိုင်းနေစဉ် (ဓာတ်ပုံ-တိုးအောင်)


အခြေခံပညာကဏ္ဍ၌ ကျောင်းချိန်အတွင်း တိုင်းရင်းသား ဘာသာစကားများအား အခြေခံပညာကျောင်းများတွင် ပေါင်းစပ်သင်ကြားနိုင်ရေး ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးကွန်ရက်အဖွဲ့မှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံရှိ အစိုးရစာသင်ကျောင်းများတွင် မြန်မာစာနှင့် တိုင်းရင်းသား မိခင်ဘာသာစကားများ ညှိနှိုင်းပေါင်းစပ် သင်ကြားနိုင်ရေး၊ တိုင်းရင်းသား ဘာသာစကားအတွက် သင်ကြားရေးမူဝါဒ ရေးဆွဲခြင်း၊ သင်ကြားရေး နည်းစနစ်များ၊ တိုင်းရင်းသားဘာသာ သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုနိုင်ရေး၊ အဆင့်မြှင့်တင်နိုင်ရေး တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ဆွေးနွေးသွားမည်ဖြစ်သည်။

တိုင်းရင်းသားဘာသာစကားများ သင်ကြားရန်နှင့် စီမံချက်အသေးစိတ်ရေးဆွဲနိုင်ရန် တိုင်းရင်းသားကိုယ်စားလှယ်နှင့် ဘာသာစကား ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။


အမျိုးသားပညာရေးဥပဒေမူကြမ်းတွင် တိုင်းရင်းသား ဘာသာစကားများအား ထည့်သွင်းသင်ကြားနိုင်ရေး ရေးဆွဲထားသော်လည်း တိုင်းရင်းသားဘာသာစကားအား အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး တိကျသေချာသည့် မူဝါဒများအား ချမှတ်ထားခြင်းမရှိသေးေ

"တိုင်းရင်းသား မိခင်ဘာသာစကားတွေကို ကျောင်းချိန်အတွင်း အခြေခံပညာကျောင်းတွေမှာ ညှိနှိုင်းပေါင်းစပ်သင်နိုင်ဖို့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ဘာသာစကား ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ အခြေခံပညာကျောင်းတိုင်းမှာ တစ်ပြေးညီ သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က ပြောပြခဲ့သည်။

ယင်းတိုင်းရင်းသား ဘာသာစကား ပေါင်းစပ်သင်ကြားနိုင်ရေး ကရင်၊ မွန်၊ ကယား၊ ချင်း၊ ရှမ်း၊ နာဂ၊ ၀လူမျိုး အစရှိသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ စကော့တလန်နိုင်ငံ၊ အီတလီနိုင်ငံနှင့် UNECSO မှ နိုင်ငံခြားသားပညာရှင်များက ၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တွင် "Seminar on Promoting Mother Tongue Based Multilingual Education" ဖြင့် ရန်ကုန်မျက်မမြင်ကျောင်း၊ ခ၀ဲခြံ၊ ဗဟိုလမ်း၊ မရမ်းကုန်းမြို့နယ်တွင် နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အစိုးရအဖွဲ့ရုံး၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း အကောင်အထည်ဖော် တာဝန်ယူဆောင်ရွက်နေသည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီမှ ဦးဆောင်ကာ ရေးဆွဲနေသည့် အမျိုးသားပညာရေးဥပဒေမူကြမ်းတွင် တိုင်းရင်းသား ဘာသာစကားများအား ထည့်သွင်းသင်ကြားနိုင်ရေး ရေးဆွဲထားသော်လည်း တိုင်းရင်းသားဘာသာစကားအား အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး တိကျသေချာသည့် မူဝါဒများအား ချမှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစကားများအား ကျောင်းချိန်ပြင်ပအတွင်း သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၂၀ ရက် နံနက်အစောပိုင်းက မြောက်ဥက္ကလာပ တရားရုံးတွင် မီးလောင်မှုဖြစ်ပွား၊ အမှုတွဲများထားသိုသောအခန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်၍ အမှုတွဲများအပြင် သက်သေခံပစ္စည်းများပါ ဆုံးရှုံး


သက်မင်း
မီးလောင်ကျွမ်းခဲ့သည့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးအား တွေ့ရစဉ်


ဇန်န၀ါရီ ၂၀ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမှုတွဲများထားသိုသောအခန်းမှစတင်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်၍ အမှုတွဲများအပြင် သက်သေခံပစ္စည်းများပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၀ ရက် နံနက် ၃ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှိ ကလေးသူငယ်တရားရုံးနံဘေးခန်းဖြစ်သော ပေ ၂၀ ပတ်လည်ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းသော စာကြည့်တိုက်၏ ၀ါယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မြောက်ဥက္ကလာပမြို့နယ်တရားရုံး မီးလောင်မှုကို မီးသတ်ယာဉ် ၂၇ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၈ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် ၃ နာရီ ၁၁ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် တရားရုံးမှ အမှုတွဲများအပါအ၀င် သက်သေခံပစ္စည်းများဖြစ်သော မော်တော်ဆိုင်ကယ်အစီး ၅၀၊ တရားရုံး၏ ပရိဘောဂပစ္စည်းများနှင့် သွပ်မိုးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး မီးသတ်ဦးစီးဌာနက ပျက်စီးဆုံးရှုံးမှုတန်ဖိုးအဖြစ် ကျပ်ငွေ ၁၈ သိန်း တန်ဖိုးသတ်မှတ်ထားပြီး တရားရုံးညစောင့် နန္ဒထူး အသက်(၂၈)အား မြောက်ဥက္ကလာပရဲစခန်းတွင် (ပ)၄၈/၂၀၁၄ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ ဒီမီးလောင်မှုကို ၀ါယာကြိုးအပူလွန်ကဲတဲ့ မီးလောင်မှုလို့ပဲ ရီပို့တင်ပြီးသွားပါပြီ။ ဒီကိစ္စကို ဆက်လက်ပြီး စုံစမ်းစစ်ဆေးဖို့မရှိတော့ပါဘူး" ဟု မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအေးကျော်က ပြောကြားသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အကြောင်း သိရှိနိုင်ရန် မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး ဦးခင်မောင်စီအား ဖုန်းဖြင့် ငါးကြိမ်ခန့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း "ကျွန်တော်မအားသေးလို့ပါ" ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပ


နေပြည်တော်သတင်းအဖွဲ့
ကုလသမဂ္ဂဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပနေစဉ်


ဇန်န၀ါရီ ၂၀ ရက်က သင်္ဂဟဟိုတယ် အစည်းအဝေးခန်းမ၌ ကုလသမဂ္ဂဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ကော်မတီအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းမူဝါဒများ၏ ပုံစံသစ်များဖြင့် UNCAC ၏ လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါနှီးနှောဖလှယ်ပွဲမှ သိရသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းကို မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အစိုးရ၏ ပြုပြင်ပြောင်းလဲခြင်းအဆင့် ပိုမိုခိုင်မာစေရန်အတွက် UNCAC ကို အရှေ့တောင်အာရှနိုင်ငံများတွင် နောက်ဆုံးအဖွဲ့ဝင်နိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး ထိုကွန်ဗန်းရှင်းကို အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုကို ဖြေရှင်းရန်အတွက် တတိယအဆင့် ပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်မည်ဟု ကြေညာခဲ့သည့်နောက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက"အဂတိလိုက်စားမှု တားမြစ်ရေးကို မြန်မာနိုင်ငံက ပါဝင်ပြီးနောက်မှာ အကောင်အထည်ဖော်ဖို့အတွက် တာဝန်တွေရှိလာတယ်။ ပထမဆုံးအနေနဲ့ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းထားပြီးပြီ။ ပြဋ္ဌာန်းထားပြီးတဲ့အခါမှာ အသေးစိတ်အကောင်အထည်ဖော်ဖို့ကို စတင်ဆောင်ရွက်ရမယ်။ အကောင်အထည်ဖော်ဖို့အတွက် ကော်မရှင်ကြီးကို ဖွဲ့စည်းရမယ်။ အပြည်ပြည်ဆိုင်ရာနဲ့ အမြင်တွေဖလှယ်ကြမယ်။ ရလဒ်ကောင်းတွေကို ကော်မရှင်ကြီးကိုတင်ပြသွားမယ်။ ကျွန်တော်တို့ရုံးကနေပြီး UNODC နဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဥပဒေအကောင်အထည်ဖော်လာရင် ဥပဒေကို အားလုံးလိုက်နာရမယ်။ အစိုးရအဖွဲ့အစည်းတွေအားလုံး၊ ပြည်သူတွေအားလုံး၊ တာဝန်ရှိတဲ့သူတွေအားလုံးပေါ့"ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် UNCAC တွင်ဖော်ပြထားသည့် အခန်းကဏ္ဍနှစ်ခုတွင်ပါရှိသည့် ရာဇ၀တ်မှုဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ၂၀၁၃-၂၀၁၄ ခုနှစ် အချိန်ကာလအတွင်း နိုင်ငံတကာအဆင့်သုံးသပ်ခြင်း လုပ်ငန်းစဉ်များကို အသုံးပြု၍ ထိုအခန်းကဏ္ဍနှစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကော်မတီအတွက် ဒေသတွင်းနှင့် တခြားသောနိုင်ငံများမှ အတွေ့အကြုံရရှိရန် အဂတိလိုက်စား တားဆီးကာကွယ်ခြင်းမူဝါဒများ၏ ပုံစံသစ်များကို UNCAC ၏ လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် UNCAC ကို အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် အချက်ငါးချက်ဖြစ်သည့် ကွန်ဗန်းရှင်းနှင့်အညီ UNCAC တွင် သတ်မှတ်ထားသည့် သတ်မှတ်ချက်များ၊ တရားဥပဒေဆိုင်ရာနှင့် ပြန်လည်ပြင်ဆင်သည့် မူဝါဒများကို ခြုံငုံသုံးသပ်ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် UNCAC အကောင်အထည်ဖော်မှုကို လေ့လာသုံးသပ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ UNCAC ၏ အဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များ၊ UNCAC အခန်းကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဟာဗျူဟာနည်းဖြင့် ချဉ်းကပ်ခြင်းကို တိကျသည့် အဂတိလိုက်စားမှုဆိုင်ရာ တားဆီးကာကွယ်ရေးမူဝါဒနှင့် အစိုးရအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးပူးပေါင်း ညှိနှိုင်းအားထုတ်ခြင်း၏ အရေးကြီးမှုကို မီးမောင်းထိုးပြလိုခြင်းနှင့် UNCAC ကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့ကို ပူးပေါင်းဆက်သွယ် ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။

Ocean ကုန်တိုက်နှင့် မျက်နှာချင်းဆိုင် ပြည်လမ်းမပေါ်ရှိ ဂျီအီး-၄ စစ်တပ်အတွင်း မီးလောင်မှုဖြစ်ပွား


ကြည်နိုင်
ဂျီအီး-၄ စစ်တပ်အတွင်း မီးလောင်မှုအား ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)


မရမ်းကုန်းမြို့နယ်၊ Ocean ကုန်တိုက်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ပြည်လမ်းမပေါ်ရှိ ဂျီအီး-၄ စစ်တပ်အတွင်း ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်းမှု ဇန်နဝါရီ ၂၁ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်က စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင်လာရောက်သတင်းယူသော သတင်းမီဒီယာများကို ယင်းစစ်တပ် အတွင်းရှိ အရာရှိတစ်ဦးက သတင်းဓာတ်ပုံ မရိုက်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

“မီးစလောင်တော့ ညှော်နံမခံနိုင်အောင် ထွက်တယ်။ မီးခိုးလုံးတွေက အူပြီးထွက်လာလို့ Ocean ကုန်တိုက်အပေါ်မှာရှိတဲ့ လူနေတိုက်ခန်းတွေထဲက လူတွေပြေးဆင်းကြရတယ်။ မီးလောင်တဲ့နေရာနဲ့ လူတွေအများကြီးနေတဲ့နေရာက ကားလမ်းတစ်ခုပဲ ခြားတာ စိုးရိမ်းစရာပဲ။ နောက်ပြီး အဲဒီဂိုဒေါင် အတွင်းမှာ ကော်ဆွဲတဲ့ စက်တွေရှိတယ်လို့ သိရတယ်”ဟု Oceanကုန်တိုက်အပေါ်ထပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှု ဖြစ်ပွားခဲ့သော ဂိုဒေါင်မှာ အလျားပေ ၈ဝ၊ အနံပေ ၆ဝ ကျယ်ဝန်းပြီး ဂျီအီးတပ်ဝင်းအတွင်း လူနေထိုင်မှုများ ရှိကြောင်း ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။

“အထဲလည်းပေးမဝင်ဘူး။ ထားပါတော့ ဌာနဆိုင်ရာမို့လို့ ဝင်လို့မရတာ လက်ခံပါတယ်။ ဒါပေမဲ့ အများပြည်သူဧရိယာ ပလက်ဖောင်းပေါ်က ဓာတ်ပုံရိုက်တာကို မောင်းထုတ်တာကတော့ မီဒီယာအပေါ် ဌာနဆိုင်ရာတွေရဲ့ သဘောထားက ပေါ်လွင်တယ်”ဟု ပြည်တွင်းရုပ်သံ မီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ဂျီအီး-၄ တပ်အတွင်း မီးလောင်မှုကို မီးသတ်ယာဉ် စုစုပေါင်း ၃၂ စီးခန့် လာရောက် ငြှိမ်းသတ်ခဲ့ပြီး ည ၈ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး သတင်းမေးမြန်း ရန်အတွက် မီးလောင်ပြင်အတွင်း ဝင်ရောက်ငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးကို မေးမြန်းရာတွင်လည်း “ရန်ကုန်တိုင်း ဦးစီးမှူး အထဲမှာ ရောက်နေပါတယ်။ သူ့ကို မေးပါ”ဟူ၍သာ ပြန်လည် ဖြေကြားခဲ့သည်။

မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မရမ်းကုန်းစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိတစ်ဦးက မီးလောင်မှု အကြောင်းရင်းကို မသိရသေးကြောင်း ဖြေကြားခဲ့သည်။

လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့်ပြုရန် အစီအစဉ်မရှိသော်လည်း ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော ပင်စင်စားဝန်ထမ်းများကို မူလပင်စင်လစာ ပြန်လည်လျှောက်ထားခွင့်ပြုမည်


ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း
ဇန်န၀ါရီ ၂၀ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားစဉ်


လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့်ပြုရန် အစီအစဉ်မရှိသော်လည်း ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော ပင်စင်စား ၀န်ထမ်းများကို မူလပင်စင်လစာ ပြန်လည်လျှောက်ထားခွင့်ပြုမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဇန်န၀ါရီ ၂၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


အစိုးရဌာနဆိုင်ရာများတွင် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိပြီး အပြစ်အနာအဆာမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့ကြရသော နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့် ရှိ မရှိ

ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးရယ် မေးမြန်းသည့် "အစိုးရဌာနဆိုင်ရာများတွင် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိပြီး အပြစ်အနာအဆာမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့ကြရသော နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့် ရှိ မရှိ" မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် "အပြစ်အနာအဆာမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့ကြရသော ၀န်ထမ်းဟောင်းများ၏ ယခင်အမှုထမ်းသက်များအတွက် ပင်စင်အကျိုးခံစားခွင့်ပြုရန် ပြဋ္ဌာန်းချက်မရှိသဖြင့် ပင်စင်လစာ ခံစားခွင့်မရှိခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ မေးမြန်းသည့် "နိုင်ငံရေးအရ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံရပြီးသည့် ပင်စင်စားဝန်ထမ်းများသည် ပြစ်ဒဏ်ကျခံရမှုမှ လွတ်မြောက်လာပြီးသည့်နောက် ဆုံးရှုံးမှုခံရသည့် မိမိ၏ပင်စင်လစာ ခံစားခွင့်ကို ပြန်လည်လျှောက်ထားခွင့် ရှိ မရှိ"မေးခွန်းကို ဒေါက်တာလင်းအောင်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ပြစ်ဒဏ်ကျခံရသည့် အငြိမ်းစားသည် ပြစ်ဒဏ်ကျခံခြင်းမှ လွတ်မြောက်လာပါက ရပ်ဆိုင်းထားသော ပင်စင်လစာကို ပြန်လည်လျှောက်ထားလိုပါက ပင်စင်ထုတ်ယူခဲ့သော မြန်မာစီးပွားရေးဘဏ် (သို့မဟုတ်) သက်ဆိုင်ရာ ပင်စင်လစာထုတ်ပေးသည့် လုပ်ငန်းအဖွဲ့ အစည်းသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း၊ သက်ဆိုင်ရာ မြန်မာနိုင်ငံ မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) လုပ်ငန်းအဖွဲ့အစည်းက ပင်စင်စား၏ လျှောက်ထားလာသော အထောက်အထားများနှင့်အတူ ပင်စင်စားအား မည်သည့်နေ့ရက်အထိ ပင်စင်လစာ နောက်ဆုံးထုတ်ပေးပြီးဖြစ်ကြောင်း ပင်စင်ဦးစီးဌာနသို့ပေးပို့ပြီး ပင်စင်ဦးစီးဌာနသည် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ ပင်စင်လစာကို ပြန်လည်ထုတ်ယူခွင့်ပြုကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပင်စင်လစာကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း သဘောထားမှတ်ချက်ပြုပါက ပင်စင်စား၏ ပင်စင်လစာကို အပြီးအပိုင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

နှစ်စဉ် အခွန်ရငွေစုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကျော် ကောက်ခံလျက်ရှိသည့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပြုပြင်ပြောင်းလဲရန်ရှိပြီး အခွန်ထမ်းများအား အခွန်ထမ်းမှတ်ပုံတင်ထုတ်ပေးရန် စီစဉ်နေ



ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင် ရှင်းလင်းပြောကြားနေစဉ်


ပိုမိုကောင်းမွန်သော အခွန်ကောက်ခံသည့်စနစ် ဖြစ်ပေါ်လာရေးနှင့် နှစ်စဉ်အခွန်ရငွေ စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ကောက်ခံလျက်ရှိသည့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပြုပြင်ပြောင်းလဲရန်ရှိပြီး အခွန်ထမ်းများအား အခွန်ထမ်းမှတ်ပုံတင်ထုတ်ပေးရန် စီစဉ်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဇန်န၀ါရီ ၂၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမေးမြန်းသည့် "ပြည်သူများ အခွန်ထမ်းဆောင်စေလိုစိတ် မြင့်မားလာစေရန် ပိုမိုကောင်းမွန် ထိရောက်သော အခွန်ကောက်ခံသည့်စနစ် ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ" မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က "မြန်မာနိုင်ငံတွင် လက်ရှိကောက်ခံနေတဲ့ အခွန်အမျိုးအစား ၁၄ မျိုးရှိပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ အောင်ဘာလေ သိန်းဆုခွန်နှင့် တံဆိပ်ခေါင်းခွန်စတဲ့ အခွန်လေးမျိုးကို တာဝန်ယူကောက်ခံလျက်ရှိပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိတဲ့ အခွန်လေးမျိုးရဲ့ ကောက်ခံရရှိမှုသည် နိုင်ငံတော်၏ အခွန်ဖွဲ့စည်းပုံမှ အခွန် ၁၄ မျိုး ကောက်ခံရရှိငွေ စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကျော်ကို နှစ်စဉ်ကောက်ခံလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများတွင် အခွန်ရငွေနှင့် GDP အချိုးမှာ ၄ ရာခိုင်နှုန်းခန့်သာရှိသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လျော့နည်းနေပြီး တိုင်းပြည်၏စီးပွားရေး နှစ်စဉ်လျော့နည်းနေမှုနှင့် လိုက်လျောညီထွေမရှိကြောင်း စိစစ်တွေ့ရှိရပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အတွက် အခွန်အကောက်ရငွေကို အဓိကရှာဖွေပေးနေသည့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်မူဝါဒနှင့် အခွန်စီမံခန့်ခွဲမှုစနစ် ပိုမိုခေတ်မီတိုးတက်ရေးအတွက် နည်းပညာနှင့် အတတ်ပညာဆိုင်ရာ အကူအညီ အထောက်အပံ့များ ရရှိရေးအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာအခွန်နှင့် ရင်းနှီးမြှုပ်နှံမှု ဗဟိုဌာန၊ မြန်မာဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်ဗဟိုဌာန စသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း၊ အဆိုပါ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံပြုချက်အရ ပြည်တွင်းအခွန်များဦးစီးဌာနကို ပြုပြင်ပြောင်းလဲရေးအတွက် Reform Plan ရေးဆွဲထားပြီးဖြစ်ကြောင်း ဒေါက်တာလင်းအောင်က ဆိုသည်။

"နိုင်ငံတကာမှာကျင့်သုံးတဲ့အတိုင်း အခွန်ထမ်းများကို အခွန်ထမ်းမှတ်ပုံတင်အမှတ် Tax Identification Number သတ်မှတ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပိုမိုကောင်းမွန်ထိရောက်တဲ့ အခွန်ကောက်ခံမှုစနစ် ဖြစ်ပေါ်လာဖို့အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ အောက်ခြေမြို့နယ်များရှိ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အကြံပြုချက်များ ရယူခြင်းတို့ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိတယ်" ဟု ဒေါက်တာလင်းအောင်က ဖြည့်စွက်ပြောကြားသည်။

ယခုဘဏ္ဍာနှစ်၏ ၁၀ လတာအတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု၌ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ၀င်ငွေ အမေရိကန်ဒေါ်လာ ၇၆ သန်းကျော် လျော့နည်း

မျိုးမင်းထက်
ရေကုန်ပစ္စည်းများကို ပြုပြင်ထုတ်လုပ် နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)


ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်၏ ၁ဝ လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာ၌ ပြီးခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်၏ အလားတူ ကာလထက် နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၇၆ သန်းကျော် လျော့နည်းလျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းအချက်အလက် များအရ သိရသည်။

ဆက်လက်ပြီး နိုင်ငံဝင်ငွေ ရရှိမှု ကျဆင်းနေသည့်အပြင် ရေထွက်ကုန်တင်ပို့မှု အပိုင်းတွင် မက်ထရစ်တန်ချိန် ၂ဝဝဝဝ နီးပါး တင်ပို့လျော့နည်းလျက် ရှိကြောင်း သိရသည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်၏ ၁ဝ လတာ ကာလအတွင်းတွင် ပြည်ပသို့ရေထွက်ကုန် တင်ပို့ရာတွင် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၂၇ဝဝဝဝ ကျော် တင်ပို့ထားနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုတွင် အမေရိကန်ဒေါ်လာ သန်း ၄၉ဝ ကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ်တွင် အလားတူ ကာလအထိ ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၂၅ဝဝဝဝ ကျော်သာ တင်ပို့ထားနိုင်ပြီး ဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၄၁၄ သန်း ကျော်သာ ရရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့မှုမှ နိုင်ငံဝင်ငွေ အမေရိကန်ဒေါ် သန်း ၇ဝဝ ရရှိရန် လျာထားပြီး အမှန်ရရှိခဲ့သည့်မှာ အမေရိကန်ဒေါ်လာ သန်း ၆၅ဝ ကျော် ရရှိခဲ့ကြောင်း သိရပြီး ယခုဘဏ္ဍာရေး နှစ်တွင်လည်း အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရရှိရန် လျာထားသော်လည်း ဒေါ်လာသန်း ၅ဝဝ ကျော်သာ ရရှိနိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာတွင် ကျဆင်းလျက်ရှိပြီး သဘာဝမှ ပင်လယ်ပြင်မှ တန်ဖိုးမြှင့်ရေထွက်ကုန်များ ရရှိမှုနည်းပါး လာသည့်အပြင် မွေးမြူရေး လုပ်ငန်းများမှာလည်း အနည်းငယ် ကျဆင်းလျက် ရှိကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှုအချို့ ရှိနေသော်လည်း မြန်မာ-တရုတ်နယ်စပ် တရားဝင် ကုန်သွယ်မှုပမာဏ ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ပိုမိုရရှိခဲ့


မင်းသီဟဇော်
မန္တလေး-လားရှိုး-မူဆယ်လမ်းတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့က ယာဉ်များအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)


မြန်မာ-တရုတ် နယ်စပ်များတွင် တရားမဝင် ကုန်သွယ်မှုအချို့ ရှိနေဆဲဖြစ်သော်လည်း မြန်မာ-တရုတ် နယ်စပ်မှ တရားဝင် ကုန်သွယ်မှု ပမာဏမှာ ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ကျော် ပိုမိုရရှိနေကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ စာရင်းများအရ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ ဇန်နဝါရီ ၁ဝ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက် တီးစသည့် စခန်းလေးခုမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁၉၉ ဒသမ ၈၃၆ သန်း ရရှိခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် အလားတူကာလတွင် ယင်းနယ်စပ်စခန်းများမှ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂၆၅ ဒသမ ၆၄၅ သန်းရရှိခဲ့သောကြောင့် ယခုဘဏ္ဍာရေးနှစ် ကုန်သွယ်မှုမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၉၃၄ ဒသမ ၁၉၁ သန်း ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်တွင် တရားမဝင် ကုန်သွယ်မှုများ ရှိနေပြီး စားသုံးသူ ကာကွယ်ရေးနှင့် တရားမဝင် ကုန်သွယ်မှု ထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ (Mobile Team)မှလည်း ဖမ်းဆီးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဇူလိုင် ၅ ရက်မှ ၂ဝ၁၃ နှစ်ကုန်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်တွင် ကျပ်သိန်းပေါင်း ၈၄၇၃ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသော အကောက်ခွန်မဲ့နှင့် ကန့်သတ်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနမှလည်း တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရှိ စစ်ဆေးရေး စခန်းများတွင် တရုတ်နှင့် ကုန်သွယ်ဆောင်ရွက်ရန် သယ်ဆောင်လာသည့် ကျောက်စိမ်းအပါအဝင် အခြားပစ္စည်းများကိုလည်း တားဆီးအရေးယူခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန သတင်းအချက်အလက် များအရ သိရသည်။

ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ- တရုတ် နယ်စပ်တွင် မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မယ်စဲ့ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်း၊ ပုံပါကျင်နယ်စပ် ကုန်သွယ်ရေးစခန်းတို့ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်ကုန်သွယ်မှုတိုးတက်စေရန်နှင့် တရားမဝင်ကုန်သွယ်မှုလျော့နည်းလာစေရန် နယ်စပ်ဒေသနေ ဒေသခံများအတွက် တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုကတ်များထုတ်ပေးခဲ့ကာ နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ကုန်သွယ်မှုဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား ဆွေးနွေးပွဲနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်များတွင် တပ်မတော်၏ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာ





တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယညီလာခံဖြစ်သော လော်ခီးလာ ညီလာခံတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော KNU တပ်ဖွဲ့ဝင်များ


၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ပထမပတ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သော အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်များတွင် တပ်မတော်၏ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဇန်နဝါရီ ၂ဝ ရက်က ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာစခန်းတွင် ပြုလုပ်နေပြီး ညီလာခံ ပထမနေ့မစတင်မီ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် The Daily Eleven တို့ တွေ့ဆုံချိန်၌ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တင်ပြခဲ့သော အပစ်ရပ်စာချုပ် မူကြမ်းနှင့် အစိုးရအဖွဲ့မှ တင်ပြလာသည့် အပစ်ရပ် စာချုပ်မူကြမ်း တို့အကြား ကွဲလွဲမှုများရှိခဲ့ပြီး ထိုဆွေးနွေးပွဲမှာ အဖြေထွက်ခဲ့ခြင်း မရှိသော်လည်း မြစ်ကြီးနား ဆွေးနွေးပွဲနောက်ပိုင်း တပ်မတော်၏ ပူးပေါင်းပါဝင်မှုမှာ ပိုမိုအားကောင်း လာသည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ဆိုသည်။

“ကျွန်တော်တို့ မြစ်ကြီးနားဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်း ဆွေးနွေးပွဲဖြစ်စဉ်တိုင်းမှာ တပ်မတော်ဘက်က ပါလာတယ်။ MPC မှာ သွားဆွေးနွေးတုန်းကလည်း တပ်မတော်ဘက်က ခေါင်းဆောင်တွေပါတယ်။ ချင်းမိုင်လာတုန်းကလည်း ပါတယ်။ အဲဒါကို ကျွန်တော်တို့က ကြိုဆိုတယ်”ဟု ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ဆိုသည်။

“တပ်မတော်ဘက်က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ မပါရင် ဒါကမဖြစ်သင့်တဲ့ အရာပဲ။ အဲဒီတော့ သူတို့ပါလာဖို့ လိုတယ်။ ကျွန်တော်တို့ဘက်က အလေးအနက်ထားတယ်။ သူတို့ပါလာတယ်။ တော်တော်လည်း ဆွေးနွေးဖြစ်တယ်။ အထူးသဖြင့် ပြည်ထောင်စု အခန်းကဏ္ဍပေါ့။ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း တော်တော်ဆွေးနွေးကြတယ်။ ဘယ်အချက်ကို ဘယ်လိုပြောခဲ့ကြတယ် ဆိုတာကတော့ ဒီအချိန်မှာပြောဖို့ စောသေးတယ်။ ဘာလို့လဲဆိုတော့ ညှိနှိုင်းတဲ့ အပိုင်းဆိုတော့ ဒီကာလမှာ အဖြေရှာဖို့ လိုတယ်လေ။ တပ်မတော်ဘက်က ဘယ်လိုတင်ပြလဲ။ ဘယ်လိုပြောလဲ ဆိုတာတွေက မပြောသင့်သေးဘူး။ တပ်မတော်မပါဘဲ ငြိမ်းချမ်းရေး ဆောင်ရွက်လို့မရဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လော်ခီးလာ ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့တက်ရောက် လျက်ရှိနေပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် အရေးပါသော နှစ်ဖက်တပ်များ ပဋိပက္ခ မဖြစ်စေရေး ထိန်းသိမ်းရမည့် အချက်ကိုလည်း ဆွေးနွေးပွဲ သုံးရက်တာ ကာလ၌ အဓိကထည့်သွင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်

EMG

ဗီယက်နမ် မူးယစ်မှောင်ခိုမှု လူ ၃၀ ကျော် သေဒဏ်ချ




ဗီယက်နမ် နိုင်ငံမှာ အကြီးကျယ်ဆုံးလို့ ဆိုကြတဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု ဆိုင်ရာ ကြားနာ စစ်ဆေးမှုမှာ လူ ၃၀ ကျော်ကို တရားရုံးက သေဒဏ် အပြစ် ချမှတ်လိုက် ပါတယ်။

လာအို နိုင်ငံကနေ ဟီးရိုးအင်း ဘိန်းဖြူ နှစ်တန် နီးပါးကို ဗီယက်နမ်က တဆင့် တရုတ် နိုင်ငံဆီ မှောင်ခို သယ်ယူမှုနဲ့ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်မှာ အပြစ် ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

နောက်ထပ် လူ အတော်များများလည်း ထောင်ဒဏ် တစ်သက် အထိ ပြစ်ဒဏ်တွေ ချမှတ် ခံခဲ့ကြရပါတယ်။

ကြားနာ စစ်ဆေးရမယ့် လူ အရေအတွက် များပြားတာက တစ်ကြောင်း၊ အမှုရဲ့ လေးနက်မှုကြောင့် တစ်ကြောင်းကြောင့် ကြားနာစစ်ဆေးမှုကို နိုင်ငံ မြောက်ပိုင်း Quang Nin ပြည်နယ်က အကျဉ်းထောင်မှာ ပြုလုပ်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)







Dead women walking: Vietnam sentences 30 heroin smugglers to death including NINE females
A total of 89 defendants convicted of smuggling heroin from 2006 to 2012
Each was flanked by two police officers at special court in detention centre
A further 59 defendants were handed sentences ranging up to life in prison
Part of four rings which trafficked drugs from Laos into Vietnam and ChinaBy Simon Tomlinson
Thirty drug smugglers have been sentenced to death in Vietnam for trafficking more than 12 tons of heroin in the communist country's largest-ever narcotics case.
The 21 men and nine women, all Vietnamese, were found guilty of drug trafficking, while a further 59 defendants were handed sentences ranging up to life in prison.
Each appeared flanked by two police officers at the mass trial in Quang Ninh province, which was held in the yard of a detention centre, rather than a courtroom.
'This was Vietnam's largest ever trial in terms of defendants, the number of death penalties given out and the amount of heroin involved,' presiding judge Ngo Duc said after the verdict was read out in the northern province of Quang Ninh - which borders China.

Related Posts Plugin for WordPress, Blogger...