Friday, August 30, 2013

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်

8.1.1
ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်အနီးရှိ ဧရာမ အမှိုက်ပုံကြီးကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စည်ပင်မှ ယင်းအမှိုက်ပုံဝင်းကို ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနသည် အဆိုပါ အမှိုက်ပုံအနီး နေထိုင်သူများကို သြဂုတ် ၃၀ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ ပေးရန် အကြောင်းကြားစာ ပို့ထားကြောင်း ဒလမြို့နယ် စီမံရေးရာဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ဆိုသည်။
''ကျွန်မတို့ကို သြဂုတ် ၂၅ ရက်မှာ မြို့တော်စည်ပင်က ဒုဌာနမှူး ဗိုလ်ကြီးဦးခင်ဝင်းက ခေါ်တွေ့ပါတယ်။ ဒီနေရာကို ပြောင်းရွှေ့ပြီးရင် ပလတ်စတစ် အရည်ကျိုစက်ရုံ ဆောက်မယ်လို့လည်း ပြောတယ်။ ဒီမြေဟာ ခင်ဗျားတို့ စိမ်းလန်းနဲ့ မဆိုင်ဘူး။ စည်ပင်နဲ့ပဲ ဆိုင်တယ်လို့ ပြောတယ်။ အဲဒါကြောင့် နောက်လာမယ့် ၄ ရက်အတွင်း ပြောင်းရွှေ့ပေးပါလို့ ပြောပါတယ်'' ဟု အဆိုပါ အမှိုက်ပုံ အနီးတွင် နေထိုင်သော ဒေါ်စန်းရီက ပြောကြားသည်။
သို့သော် လက်ရှိနေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေး အတွက် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာ သူများဖြစ်ပြီး စီမံကိန်း(စိမ်းလန်း) မြေကွက်များ ဖြစ်ကြောင်းကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုပါသည်။
အဆိုပါ အမှိုက်ပုံ မြေနေရာတွင် ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည် ဟူသော သတင်းအပေါ် ဒလမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ဦးကျော်ဟိုးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ''ကျွန်တော့်မှာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပိုင်ခွင့် မရှိပါဘူး။ သိလည်းမသိပါဘူး။ အထက်ဌာနက ညွှန်ကြားတာပဲ သိရပါတယ်။ ဒီစီမံကိန်းကိုလည်း ဘာတွေဘယ်လို လုပ်မယ်ဆိုတာ မသိပါဘူး'' ဟုပြောကြားသည်။
ဒလမြို့နယ် စီမံရေးရာဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ''ဒီမြေနေရာဟာ စည်ပင်သာယာက သတ်မှတ်ထားတဲ့ ဌာနပိုင်မြေပါ။ အမှိုက်ကန် စလုပ်ကတည်းက စည်ပင်ပိုင်မြေ ဖြစ်သွားပါပြီ'' ဟု ပြောကြားခဲ့သည်။
Eleven Media

iPhone အဟောင်းကို ပြန်လဲ ပေးမယ့် အစီအစဉ် Apple တို့ စတင်

iPhone 3G သို့မဟုတ် ယင်းထက် မြင့်သော iPhone မော်ဒယ် များကို မော်ဒယ် သစ်များနဲ့ လဲလှယ်ခြင်း သို့မဟုတ် ပြန်လည် ရောင်းချခြင်း ပြုလုပ်ရန် အစီအစဉ်ကို Apple က စတင် လိုက်ကြောင်း သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ကစတင်လို့ Apple က ရွေးချယ်ထားတဲ့ Apple Store တွေမှာ အရင် စတင်မှာ ဖြစ်ပြ ပါတယ်။ စက်တင်ဘာ လဆန်း ကနေ စတင် ရင်တော့ Apple Store တိုင်းမှာ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ပထမ ပရောဂျက်အရ အမေရိကန် နိုင်ငံတွင်း ဖြစ်ပြီး ဆက်လက်ပြီး ကမ္ဘာအနှံ့ ပြုလုပ်သွားမှာ ဖြစ် ကြောင်း သိရပါတယ်။ Apple ပစ္စည်း ဖြစ်ရင် ဘယ်လောက်ပဲ ဟောင်းဟောင်း ပြန်လဲ ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အစားစား သတ်မှတ်ထားမှာပါ။ အဟောင်းဈေး ဖြစ်တဲ့အတွက် အများကြီးတော့ ရနိုင်မှာ မဟုတ်ပါဘူး။ Quality စစ်ဆေးမှုအတွက် အေးဂျင့် ဝန်ဆောင်မှု ကုမ္မဏီတစ်ခု ငှားထားပြီး ဖုန်းရဲ့  အခြေအနေကို သေချာ စစ်ဆေးလို့ ဈေးနှုန်း သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ Recycle and Reuse Program ဖြစ်ပြီး ပြန်ဝယ် ချင်သူများကိုလည်း ရောင်းချမှာ ပါ။ နောက်ပိုင်း လည်း Apple ပစ္စည်း များကို ပြန်ဝယ်ခြင်း၊ ပြန်ရောင်းခြင်းများကို Apple တို့ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Ref: pocketlint

Aung Kham (TSJ team)

Techspace Journal

ကင်ညာ နိုင်ငံတွင် အမျိုးသား နှစ်ဦးက အမျိုးသမီး တစ်ဦးအား တစ်ပြိုင်တည်း လက်ထပ်

နိုင်ရိုဘီ သြဂုတ် ၃၀

ကင်ညာနိုင်ငံမှ အမျိုးသား နှစ်ဦးသည် ၎င်းတို့၏ ချစ်သူ အမျိုးသမီး တစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ရန် သဘော တူခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား နှစ်ဦးနှင့် ယင်းအမျိုးသမီးတို့ ချစ်ကြိုက် နေသည်မှာ လေးနှစ်ကျော် ကြာပြီ ဖြစ်ပြီး ၎င်းအမျိုးသမီးသည် မည်သည့် အမျိုးသားကို ရွေးချယ်၍ လက်ထပ် ရမည်ကို ဆုံးဖြတ်၍ မရခဲ့ပေ။ နောက် ဆုံးတွင် နှစ်ဦးစလုံးနှင့် လက်ထပ်ပြီး တစ်အိမ်တည်းတွင် အတူ နေရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

၎င်းအမျိုးသား နှစ်ဦးအနက် တစ်ဦးဖြစ်သူ Mwendwa ဆိုသူက ၎င်းသည် အဆိုပါ အမျိုး သမီးကို အလွန် ချစ်မြတ်နိုးကြောင်း ဘီဘီစီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ကင်ညာ နိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် ယောက်ျား တစ်ဦးမက ယူခွင့်ရှိပြီး လင်ပြိုင်ယူခွင့် ရှိသော ဓလေ့ရှိကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။ သို့သော် အဆိုပါ ဓလေ့ကို လက်တွေ့ လုပ်ဆောင်ခဲ့သူ တစ်စုံ တစ်ဦးမျှ မရှိကြောင်း၊ ၎င်းတို့၏ လက်ထပ်ခြင်းသည် ကင်ညာ ပြည်သူများကို အံ့အားသင့်စေ ခဲ့ပြီး နိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ ဥပဒေနှင့် လုံးဝ မကိုက်ညီကြောင်း ဝေဖန်ချက်များ ထွက်ပေါ် လာခဲ့သည်။

အဆိုပါ အမျိုးသား နှစ်ဦးသည် ပထမ ပိုင်းတွင် အဆိုပါ အမျိုးသမီးနှင့် စပ်လျဉ်း၍ ခိုက်ရန် ဖြစ်ပွား ခဲ့ပြီး ပြည်သူ့ မူဝါဒ ချမှတ်ရေး ဆိုင်ရာ အဖွဲ့မှ အရာရှိ တစ်ဦးက ၎င်းတို့ နှစ်ဦးအား ၀င်ရောက် ဖျန်ဖြေပြီးနောက် ၎င်းတို့အကြား ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

သူမ၏ မိဘများ ကလည်း မိမိတို့၏ လက်ထပ် မင်္ဂလာကို ချီးမွမ်းခဲ့ကြောင်း Mwendwa က ပြောကြားခဲ့သည်။ ထို့နောက် Mwendwa က ၎င်းအမျိုးသမီးအား တဏှာစိတ်နှင့် လက်ထပ်ခြင်း မဟုတ်ဘဲ အချစ် တစ်ခု တည်းဖြင့် လက်ထပ်ခဲ့ခြင်း ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် နာမည် ဖော်ပြခြင်း မရှိသော်လည်း ကလေး နှစ်ဦး၏ မိခင် မုဆိုးမ တစ်ဦးဖြစ်ကြောင်း သိရသည်။
မြဝတီ

WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၂၉ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီ လိတ်မြို့နယ် စံဖူးကျေးရွာ အနီးရှိ တောတွင်း၌ မြေအောက်တွင် မြှုပ်နှံထားသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ဝဝဝခန့်ပါရှိသော အထုပ် ၃၂၅ထုပ်၊ စုစုပေါင်း ဆေးပြား ၆၅ဝဝဝဝ ပြားခန့်အား သြဂုတ် ၂၈ရက် နေ့လယ်ပိုင်းတွင် တပ်မတော် စစ်ကြောင်း က ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သဖြင့် တာချီလိတ် မူးယစ် (အထူး) တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သတင်း ရရှိသည်။ 
 
မြဝတီ

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲ (သြဂုတ်လ ၂၉၊၂၀၁၃)


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့  ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့်  စစ်ရေးအရ အရေးယူဖို့အတွက်တော့  တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ 

 သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ  တနာရီတောင်မကြာခဲ့သလို  သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဘယ်သူကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကတော့ ကမ္ဘာအင်အားကြီးနိုင်ငံတွေ အနေနဲ့ ဆီးရီးယားကို စစ်ဝင်တိုက်ဖို့လုပ်ဆောင်မယ့် ဘယ်လိုကိစ္စမျိုးကိုမဆို  ဆီးရီးယားမှာ ကုလသမဂ္ဂဓါတုလက်နက်စစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတွေပြီးဆုံးတဲ့ချိန်အထိ ရပ်ဆိုင်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။
စစ်ဆေးရေးအဖွဲ့ဝင်တွေဟာ စနေနေ့မှာ ဆီးရီးယားကနေ ထွက်ခွါမှာဖြစ်တယ်လို့  ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ  Farhan Haq  ကပြောပါတယ်။   သူတို့အဖွဲ့မှာ ဆီးရီးယားမှာဖြစ်ပွါးခဲ့တဲ့  ကိစ္စဆိုင်ရာ အထောက်အထား အချက်အလက်အတော်များများ ပါလာခဲ့တာမို့  ဘာတွေဖြစ်ပွါးခဲ့တယ်ဆိုတာကို  ပြန်လည်တင်ပြနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။   စစ်ဆေးသူတွေထဲက အချို့ဟာ နယူးရောက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တွေ့ရှိချက်တွေကို  တင်ပြမှာဖြစ်သလို  တချို့ကတော့ သူတို့ ဆီးရီးယားကယူလာတဲ့ နမူနာပစ္စည်းတွေကို ဥရောပက ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးဖို့ သယ်သွားကြမယ်လို့ ပြောပါတယ်။
သတင်းဌာန: ဗွီအိုအေ မြန်မာ  

အမေရိကန် တရားဥပဒေနဲ့ မူးယစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး မြန်မာနိုင်ငံလာမည်

August 30th, 2013
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ် (William Brownfield) ဟာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေဆီ သွားရောက်မှာဖြစ်ပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ ထိန်း သိမ်းရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် ထောက်ခံအားပေးသွားမယ်ဆိုတဲ့ အမေရိကန်ရဲ့ အာမခံချက်ကို ပြသဖို့ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဘရောင်းဖီးလ်ဒ် မြန်မာနိုင်ငံဆီ စက်တင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့ အထိ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာအစိုးရက ကတိပြုထားတဲ့အတိုင်း တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေအတိုင်း လေးစားလိုက်နာရေးဟာ အရေးကြီးတယ်ဆိုတာကို သူ့ရဲ့ခရီးစဉ်အတွင်း အလေးထား ပြောကြား ဆွေးနွေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဌာန၊ ပြည်ထဲရေးဌာနတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို လူနည်းစု နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ခရီးစဉ်အဆုံးသတ်မဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ မစ္စတာဘရောင်းဖီးလ်ဒ်ဟာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေချိန် တရားဥပဒေစိုးမိုးမှုရှိရေးဟာ အရေးကြီးတယ် လို့ အမေရိကန်အစိုးရက ပြောနေတာနဲ့အတူ နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ ထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံဆီ လာရောက်မှာဖြစ်ပါတယ်။

သတင်းဌာန: ဗွီအိုအေ မြန်မာ

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူ လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူမာင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မာင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။ 
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၀၃၀ အချိန်တွင် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင်လမ်း၌ ယာဉ်လမ်းရှင်းရေးတာဝန်ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ် အုန်းကျော်အား ယာဉ်အားရပ်ကာ ဆဲဆိုပြီးဓါးနှင့်ထိုးမည်ဟု ကြိမ်းဝါး၍ မောင်းနှင်ထွက်သွားခဲ့ပါသည်။ 
 ယာဉ်မောင်းခင်မောင်ဌေးမှာ ၁၅၃၀အချိန်တွင် ထပ်မံရောက်ရှိလာပြီး အသင့်ယူဆောင်လာသော စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သား လွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တပ်ဖွဲ့စုမှူးမှ ယာဉ်မောင်းခင်မောင်ဌေးအား အရေးယူပေးရန် တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီးတရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြေယာပြဿနာ ပြေလည်အောင်ဖြေရှင်းရန် သူရဦးရွှေမန်းက သမ္မတထံသ၀ဏ်လွှာပို့


-------------
နေပြည်တော်- လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက်မှုများ နှေးကွေးလျက်ရှိသဖြင့် တောင်သူလယ်သမား ပြည်သူများအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလ

ုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုလျော့နည်းကျဆင်းလာသည်ကို ၀မ်းနည်းဖွယ် ကြားသိနေရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြရေးသားထားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်နာယကမှ နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးပြီးဆုံးသည့် ယခုလ ၂၉ ရက်တွင် သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မရှင်အနေဖြင့် အစီရင်ခံစာများကို အပိုင်းလိုက်ခွဲခြား၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာတွင် ပါရှိသည့် အချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့် ဆောလျင်စွာ အရေးယူဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို နှစ်လတစ်ကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန် လွှတ်တော်မှ ဆုံးဖြတ်ထားကြောင်း ထည့်သွင်းရေးသားထားသည်။

နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော မြေယာပြဿနာများနှင့် ပတ်သက်၍ တောင်းဆိုဆန္ဒပြမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လျက်ရှိပြီး မသိနားမလည်သည့် တောင်သူလယ်သမားအချို့သည် မလုပ်တတ်၊ မကိုင်တတ်နှင့် စနစ်တကျဖြေရှင်းနိုင်မှုမရှိသည့်အတွက် ဥပဒေအရ အရေးယူခံနေရခြင်းများ ကြုံတွေ့ရလျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းအသီးသီးက မြေနေရာ လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် မြေစာရင်းမြေပုံနှင့် မြေပြင်အခြေအနေ ကွဲပြားခြားနားမှုများကို စစ်ဆေးစိစစ်မှုမရှိဘဲ လျစ်လျူရှုဆောင်ရွက်ခြင်း၊ သင့်တင့်မျှတသော နစ်နာကြေးပေးလျော်မှုမရှိခြင်း၊ နစ်နာသူများအတွက် လူမှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစား၍ သင့်တင့်သော ဆောင်ရွက်ပေးမှု မရှိခြင်းများကြောင့် ယခုကဲ့သို့ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သ၀ဏ်လွှာတွင်ဖော်ပြထားသည်။

သို့ဖြစ်၍ မြေယာပြဿနာများကို အချိန်ဆွဲဖြေရှင်းခြင်းမပြုဘဲ မလိုအပ်သော မြေများ၊ ဆက်လက်အသုံးပြုရန်မသင့်သော မြေယာများကို ပြန်လည်ပေးအပ်စေလိုကြောင်းနှင့် ဆင်းရဲနွမ်းပါး၍ သိရှိမှုအားနည်းသော တောင်သူလယ်သမားပြည်သူများအပေါ် စာနာစိတ်ထား၍ စိတ်ကောင်းစေတနာဖြင့် ပြန်လည်ပေးအပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက သ၀ဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ




ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။
ဗီတာမင် B1 - သိုင်ယာမင်း
သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပျိုကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။
ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။
ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်
ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခိျု့တဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သျှူးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။
ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။
ဗီတာမင် B3 - နိုင်ယာစင်
နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။
ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂျုံစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။
ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်
ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။
ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။
ဗီတာမင် B6 - ပရီဒေါက်စင်း
ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ၀မ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။
ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။
ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း
ဗီတာမင် B12 ဟာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။
ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။
By ပြည်မြန်မာ

ယောင်္ကျားလေးများ ကျရှုံးရတတ်တဲ့ မိန်းကလေးများ၏ ညို့ချက်မာယာများ




ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာ တတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)


ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

Fashion ဆိုင်များမှ ၀န်ထမ်းများ၏ လှည့်စားခြင်းကို ဈေးဝယ်ရာတွင် သတိပြုကြရန်လို



အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။
Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။
Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း
ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က အခွင့်အရေးပဲ။ ဝယ်ယူသူတွေ လာရင် ပစ္စည်းတွေကို ဈေးတင်တယ်။ အဲဒီ အချိန်မှာ အခြားဝန်ထမ်း နှစ်ဦးက အပေါက်ဝကနေ ဆိုင်ရဲ့ အုပ်ချုပ်သူ လာ၊ မလာကို စောင့် ကြည့်ကြတယ်။ ဆိုင်ထဲမှာ ဝယ်တဲ့သူကို ဂွင်ရိုက်နေချိန် ဆိုင်ရဲ့အကြီးအကဲ ပြန်လာရင် သင်္ကေတ တစ်ခုခုနဲ့ အချက်ပြတယ်။ ဥပမာ- လက်ဖျောက် တီးတာတို့၊ လေချွန်တာ တို့ပေါ့ဗျာ။ အဲဒီ အချိန်အထဲမှာ ဝယ်သူကို ဈေးတင်ပြီးသား ဖြစ်နေရင်လည်း အခြား တစ်ယောက်က ရုပ်ရှင် ရိုက်ရတာပေါ့။ စာရွက်တစ်ခုကို ကြည့်ပြီး ဈေးမှားနေတယ်လို့ ပြောရ တာပေါ့'' ဟု ပြောပြခဲ့သည်။
လာရောက် ဝယ်ယူသူများကို အရောင်း ဝန်ထမ်းများက အနွေးထည်များနှင့် ဘောင်းဘီများမှာ ဒီဇိုင်းလှပါက ငွေကျပ်နှစ်သောင်း ဝန်းကျင်အထိ ဈေးတင်၍ ရကြောင်း သိရသည်။
''လည်သာ ဂျာကင်တွေ ဆိုရင်တော့ ဈေးနှုန်း မကပ်ထားတာ များတယ်။ ပြီးတော့ ဈေးတင်လို့ ကောင်းတယ်။ ပြီးရင် ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေ ခွဲယူကြတာပေါ့။ ဆိုင်တွေမှာက အထာ ရှိတယ်။ သူဌေးတို့၊ ဆိုင်အုပ်ချုပ်သူတို့ ရှိရင် ဝန်ထမ်းတွေက စကားပြောနေတာတို့၊ ထိုင်နေ တာတို့တွေ မရှိဘူး။ အကုန်လုံးက ကြိုးစားနေတဲ့ ပုံစံတွေ လုပ်နေတာ အကုန်လုံး မတ်တတ် ရပ်နေကြတယ်။ ဝယ်ယူသူများ အနေဖြင့် ဝယ်ယူပါက ဈေးနှုန်း ကပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်သင့်တယ်။ ဒါမှမဟုတ် ဆိုင်တွေမှာ သူဌေးရှိတဲ့ အချိန် ဝယ်သင့်တယ်'' ဟု အထက်ပါ အရောင်း ဝန်ထမ်းက သုံးသပ် ပြောပြခဲ့သည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်ရင်ဆိုင်နေရ


----------------------
ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့် မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာအသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတုအခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှအမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူတည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေးလှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရမှုဖြစ်စဉ် ၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "


" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "
---------------------------------------
အွန်လိုင်းမှာရော.....
မီဒီယာတွေမှာပါ.....
တလစပ် တက်တက် နေတဲ့ ....
သတင်းတွေကို ကြည့်ရင်း .....
သတင်းမှောင်ချခံရတဲ့ ခေတ်ကနေ....
သတင်း အဆိပ် ခတ်ခံနေရတဲ့ ခေတ် ကို.....
ရောက်သွားပြီ ပဲလို့ တွေးမိလိုက်ပါတယ်.....

သတင်းရေးသူ တစ်ချို့ ကတော့ ....
မှန်ကန်တိကျမှုကို .....
လျှင်မြန်မှုထက် ပိုအလေးထားတာ တွေ့ ရပေမယ့် ....
အများစု က တော့ .....
ချဉ်ချဉ် တူးတူး ... ဦးရင် ပြီးတာပဲ ဆိုတဲ့ ....
ပုံစံမျိုးတွေ အတော်များပါတယ်...။

ကျိုးကြောင်းဆင်ခြင်မှုနဲ့ .....
သတင်းကို စိစစ်နိုင်စွမ်း .....
အားနည်းသေးတဲ့  ကျွန်တော်တို့ ပြည်သူတွေမှာ ....
ရည်ရွယ်ချက်မျိုးစုံ နဲ့ ထင်ရာမြင်ရာ .....
ဖြန့် ဖြူးနေတဲ့  သတင်းတွေကြောင့် ....
ထင်ယောင်ထင်မှား သံသယ တွေအမျိုးမျိုးနဲ့ 
အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာတွေ....
နာကျည်းချက် အမုန်းတရားနဲ့  ဒေါသတွေ ....
ဖြစ်ခဲ့ ရပေါင်းလဲ မနည်းတော့ပါဘူး....။

ဖတ်ဖူး မှတ်ဖူး သလောက်တော့ ....
မီဒီယာတွေအတွက်....
ခွေးက လူကို ကိုက်တာသည် သတင်းမဟုတ်ပဲ....
လူက ခွေးကို ကိုက်တာကမှ ...
သတင်းလို့  ဆိုပါတယ်.....

တပ်မတော်မှာတော့ ....
သတင်း ဆိုတာက....
ဘယ်သတင်းပဲ ဖြစ်ဖြစ် ....
ရလာသမျှကို.....
ဒီ အချက်တွေနဲ့ ....
ပြန် ချိန်ထိုး အတည်ပြု ရပါတယ်....

မှန် တိ စီ ထင်.........
၁။ မှန်ကန်ရမယ်
၂။ တိကျရမယ်
၃။ စိစစ်ပြီး ဖြစ်ရမယ်
၎။ ထင်ကြေး တွေ မဖြစ်ရဘူး .......။

တစ်ခါ .....
သတင်းအခြေအမြစ် ( သတင်းကိုရတဲ့ နေရာ) ကို.....
၁။ လုံးဝအားထားရသည် ..................." က "
၂။ နဂိုအားထားရသည် ..................." ခ "
၃။ အသင့်အတင့် အားထားရသည်........." ဂ "
၎။ နဂို အားထားရမှုမရှိ ....................." ဃ "
၅။ အားထားခြင်း မပြုနိုင် ....................." င "
၆။ အားထားမှု မဆုံးဖြတ်ရသေး ............" စ "
ဆိုပြီး ပြန်စိစစ် ရပါတယ်.......။

ပြီးတော့....
သတင်းရဲ့ တိကျမှန်ကန်မှု အဆင့်အတန်းကို ......
၁။ အခြားအခြေအမြစ်မှ အတည်ပြုသော သတင်း .........." ၁ "
၂။ မှန်ကန်သောသတင်း .........................................." ၂ "
၃။ မှန်ကန်မည့် သတင်း ........................................." ၃ "
၎။ မှန်ကန်ကြောင်း သံသယရှိသည့် သတင်း ................." ၄ "
၅။ မဖြစ်နိုင်သောသတင်း ........................................." ၅ "
၆။ မှန်ကန်မှု ကို မဆုံးဖြတ်နိုင်သော သတင်း ................." ၆ "
ဆိုပြီး ထပ်စိစစ်ရပါတယ်................။

ရာခိုင်နူန်း နဲ့  တွက်ရင်တော့ ဒီအတိုင်းပါ.....
က.............၁...............၁၀၀%
ခ...............၂...............၅၀%
ဂ...............၃...............၂၅%
ဃ.............၄...............၁၂.၅%
င..............၅................၆.၅%
စ..............၆................၃.၁၂၅%

အဲတော့ .....
သတင်း တစ်ခုတင်ပြပြီဆို .....
က ၁ ....ပါ....
က ၂ .....ပါ....
ခ ၂ ....ပါ....
ဂ ၄ .....ပါ .........စသဖြင့် .....
စိစစ် တင်ပြရပါတယ်......

တင်ပြီးမှ ......
မှားသွားလို့ နော် ...ဆိုပြီး.....
ဘွာတေးလုပ်လို့  မရပါဘူး ....
ရူးချင်ယောင်လဲ ဆောင်နေလို့ မရပါဘူး.......

တစ်ချို့ သတင်းတွေ ဟာ.....
ချက်ချင်း အတည်ပြုလို့ မရနိုင်သေးတဲ့ အတွက် ....
အချိန်ကာလ တစ်ခုပေးပြီး.....
စနစ်တကျ တည်ဆောက်ရပါတယ်.....

မှန်ကန်တဲ့ သတင်းတွေ ကို ....
လျှင်လျှင်မြန်မြန် ရလာဖို့ ဟာ ....
ကိုယ် တည်ဆောက်ထားတဲ့  သတင်းကွန်ယက်...
အဆက်အသွယ်....
အသုံးပြုတဲ့  ငွေကြေး ၊ အရင်းအမြစ် စတာတွေပေါ်လဲ ....
အများကြီး မူတည်ပါတယ်.....

ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့ ...
အကြောင်းအကျိုးနဲ့ စနစ်တကျ စဉ်းစားပြီး....
ခွေးက လူကို ကိုက်တာပဲ ဖြစ်ဖြစ် ....
လူကခွေးကို ကိုက်တာပဲ ဖြစ်ဖြစ်....
...........
ဘယ်ကခွေးလဲ ....
ကိုက်ခံရတာ ဘယ်သူလဲ...
ဘယ်အချိန် ဘယ်နားမှာ.....
ဘယ်နေရာကို ဘယ်လို ကိုက်လိုက်တာလဲ ...
ဘာသွားလုပ်မိလို့  ကိုက်တာလဲ .....
မျက်မြင် သက်သေတွေက ဘယ်သူတွေလဲ....
သူတို့ ကရော အဲနားကို ဘာလို့ ရောက်နေတာလဲ ....
ကိုက်ခံရတဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ....
ကိုက်တဲ့ သူနဲ့  ကိုက်ခံရတဲ့ သူရဲ့ ...
အသေးစိတ် အချက်အလက်တွေက ဘာတွေလဲ.....
နောက်ဆက်တွဲ ဘာတွေ ထပ်ဖြစ်လာနိုင်လဲ ....
စတာတွေကို စိစစ်မေးခွန်းထုတ်လိုက်ရင်
သတင်း အဆိပ် သင့်တဲ့ ရောဂါကြီး.....
အမြန်ဆုံး သက်သာပျောက်ကင်း သွားမယ် ....
ထင်မိကြောင်းပါ ........။

( သတင်းပေး ရဲမိုး )

အထူးသတင်း


မြ၀တီသတင်းစာနဲ့ မြ၀တီရုပ်သံသတင်း မကြည့်ကြတဲ့ မိတ်ဆွေများအတွက် သတင်းထူးတစ်ခု လက်ဆင့်ကမ်းပါ ရစေ။ လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နဲ့ ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ ခေါင်းဆောင်တဲ့ စစ်တပ်က အဖွဲ့တွေ သူတို့ရဲ့ လက်နက် နည်းပြဆရာကြီး ရုရှားနိုင်ငံမှာလုပ်မယ့် International Aviation and Space Salon “MAKS-2013” ပွဲကိုတက်ဖို့ အခုလ ၂၅ ရက်နေ့က ထွက်သွားကြတဲ့ သတင်းဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ရုရှားနိုင်ငံ သွားတာ မဆန်းတော့ပေမယ့် အဲဒီပွဲက ဘာပွဲလဲ၊ ဘာအတွက်သွားတာလဲ၊ အဲဒီက အပြန် ဘာတွေထူး လာနိုင်မှာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းမှန်း သိကြသူနည်းလို့ ဖောက်သည်ချလိုက်ပါတယ်။ 

အဲဒီ ရုရှားပွဲက သူတို့နိုင်ငံရဲ့ လက်နက်နဲ့ နည်းပညာအဆင့်မြင့် ပစ္စည်းတွေကို ပြသပြီး ကြေငြာတဲ့ ရုရှားစစ်တပ်ရဲ့ အထင်ကရ ပွဲကြီးတစ်ပွဲပါ။ အရင်တုန်းကလည်း အဲဒီပွဲသွားပြီး ပြန်လာတာနဲ့ မကြာဘူး၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ တင့်ကားနဲ့ သံချပ်ကာကားတွေ၊ အမြောက်တွေ၊ ဒုံးတွေဝယ်နေ ကြပါ။ သူတို့ဒီတစ်ခါ ဘာတွေ ၀ယ်မယ်ဆိုတာ စစ်တပ်က ဘယ်လောက်ပဲ လျှို့ဝှက်နေနေ UK နဲ့ NATO အနောက်အုပ်စုတွေက ထုတ်တဲ့ The Military Balance စာစောင်လိုဟာတွေမှာ တစ်ကမ္ဘာလုံးရဲ့ နိုင်ငံစုံ တပ်မတော် စစ်အင်အား၊ လက်နက်အင်အားတိုးတက်လာမှုဖော်ပြချက်တွေမှာ မြန်မာ့စစ်တပ်စာရင်းလည်း ပါလာစမြဲပါ။ အခုလည်း လွှတ်တော်က ဘတ်ဂျတ်တွေ အတည်ပြုပြီးပြီဖြစ်လို့ ကာကွယ်ရေးအသုံးစရိတ် ထဲကနေ အသုံးပြုခွင့်အတိုင်း ဘာတွေဝယ်လာအုန်းမှာလဲ။ သူတို့အပြော ထိပ်တန်းလျှို့ဝှက်ပေါ့..။ ဒါပေမယ့် စိတ်ဝင်တစား လေ့လာနေကြသူတိုင်း ကြားသိထားပြီး သတင်းကတော့ စတုတ္ထမျိုးဆက်ကနေ အဆင့်ကျော်ပြီး ဆဌမမျိုးဆက် အဆင့်ရှိတဲ့ တိုက်ခိုက်ရေးယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ၀ယ်ဖို့စီစဉ်နေ တယ်ဆိုတာ အရေအတွက် အနည်းအများသာကွာမယ်၊ သတင်းမှားစရာတော့ မရှိနိုင်ပါ။ 

အဲလိုဝယ်လာပြီး ပစ္စည်းတွေထဲက ရုရှားလုပ် MI 35 ရဟတ်ယာဉ်တွေကို စမ်းသပ်လိုက်တာ KIA က ဦးသိန်းစိန်ကို အကူအညီတောင်းပြီး ရပ်ခိုင်းလိုက်ရတဲ့ အဆင့် ရောက်ခဲ့တာ အားလုံးအသိပဲ မဟုတ် ပါလား။ အခုလည်း ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလုပ်တယ်၊ သူ့နေရာ သူမနေဘူး၊ နယ်မြေမှာ ပြည်သူကို အနိုင်ကျင့်နေတယ်လို့ သူတို့ပြောပြောပြီး အဆင်မပြေဖြစ်နေတဲ့ မျှော်မှန်းထားသောရန်သူ ဆိုတဲ့ အဖွဲ့တွေအတွက် ဒီသတင်းက အလေးထားစဉ်းစားစရာပဲ။ စစ်တပ်ရဲ့ မီဒီယာတွေဖြစ်တဲ့ မြ၀တီသတင်းစာနဲ့ မြ၀တီ TV လိုင်းတွေမှာ တစ်ချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ မတရားအဓမ္မလူသစ်စု၊ ဆက်ကြေးတောင်း၊ အနိုင်ကျင့် လုပ်ရပ်တွေကို အတိအကျ ဖော်ပြ နေတာ ဘယ်သူက/ ဘယ်အဖွဲ့အစည်းကမဟုတ်ပါဘူးလို့ ငြင်းနိုင်ကြလို့လဲ။ ဒီလုပ်ရပ်တွေ အဲဒီလိုဆက် ဖြစ်နေလို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ ဆိုတဲ့စကားလုံးနဲ့ အသစ်ဝယ်ယူ လာမယ့်ဟာကြီးတွေကို စမ်းသပ်မလာနိုင်ဘူးလား…..။ ကဲ .. မိတ်ဆွေတို့ အမှတ်တမဲ့ ဖြစ်နေမယ့် စစ်ဗိုလ်ချုပ်တစ်စုရဲ့ ခရီးစဉ် သတင်းက ဘယ်လောက်အခြေအနေ ရောက်ရှိနေ တယ်ဆိုတာ ထူး/မထူး စောင့်ကြည့်ကြပေတော့လို့ လေ့လာနေသူတစ်ဦးအနေဖြင့် ….။ 

အထောက်အထား။ ၂၇-၈-၂၀၁၃ မြ၀တီသတင်းစာရဲ့ ရုရှားကိုထွက်ခွာသွားတဲ့ ခရီးစဉ်သတင်း နဲ့သူတို့ပြန် လာရင် မြ၀တီ TV မှာ ပြသမယ့် ရုရှားပြပွဲအခြေအနေကို ကြည့်ခြင်းဖြင့် ကျွန်ုပ်၏သတင်းအား အသင် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ပါလိမ့်မယ်။ 

ညဥ့်လူ(IR)
todaymyanmar

စာဖတ်စေချင် နိုင်ငံတစ်ခွင်



စာရေးသူသည် အလုပ်မအားသည့်ကြားက စာရေးချင်စိတ် စာဖတ်ချင်စိတ်ပေါ်ပေါက်လာသောအခါ တစ်ကိုယ်လုံး ယားယံနေသကဲ့သို့ ခံစားရ၏။ ထို့ကြောင့် စာရေးစာဖတ်ရန်အတွက် အကွက်ချောင်းနေရလေ၏။ နောက်ဆုံး၌ မိမိလုပ်စရာရှိသည်များကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ရလေသည်။ အချိန်အားဖြင့်ကြည့်လျှင် စာရေးသူအတွက် အချိန်သည် လွန်စွာတိုတောင်းလွန်းပါ၏။ အလုပ်လုပ်နေသူအဖို့ အချိန်သည် ခဏကလေးနှင့် ကုန်ဆုံးသွားတတ်သည်ဟု စာဖတ်သူများလည်း ခံစားမိဖူးပေမည်။ ထိုကဲ့သို့သောအခါတွင် မိမိအတွက် အချိန်သည် မည်မျှအရေးကြီးကြောင်းကို ပို၍ထင်ရှားစွာ မြင်လာတတ်ပေသည်။ စာရေးသူငယ်ငယ် အလယ်တန်းကျောင်းသားအရွယ်မှစ၍ ဒိုင်ယာရီရေးခြင်းအလုပ်ကို စွဲစွဲမြဲမြဲ လုပ်ခဲ့ခြင်းကြောင့် ယခုအခါတွင် ဤကဲ့သို့ နေမထိထိုင်မသာ ဖြစ်ရသည်ဟုလော ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်မိပါ၏။ မှန်ချင်လည်း မှန်နေပါလိမ့်မည်။ ထို့ကြောင့်ပင် ယခု သည်စာကို ရေးမိခြင်းဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ တကယ်တော့ စာဖတ်ခြင်း စာရေးခြင်းဟူသော အပြုအမူသည် အရွယ်ပိုင်းခြား၍ ကန့်သတ်ထားမှု မရှိသည် မဟုတ်ပါလော။

စာဖတ်ခြင်းထက် စာရေးခြင်းက အနည်းငယ်မျှ ခက်ခဲသည်ဟုလည်း ဆိုချင်ပါသေးသည်။ မည်သည့်စာရေးဆရာရေးသည်ဖြစ်စေ စာဖတ်သူအတွက် စာဖတ်ခြင်းက လွယ်ကူပါ၏။ သို့သော် စာရေးရန်အတွက်မူ အလိုလို အခက်တွေ့နေတတ်ကြသည်ကို စာဖတ်သူများ သိပြီးသားပင်။ ထို့ကြောင့် ကျွန်တော်၏ ဖွင့်ဆိုချက်သည် လွဲမည်မဟုတ်ဟု မျှော်လင့်မိပါသည်။

စာဖတ်ခြင်းဟု ဆိုကြရာဝယ် စာပေအမျိုးအစားကို ရွေးတတ်ကြသော လူတချို့လည်း ရှိနေပြန်သေး၏။ အချို့ သမိုင်းစာပေများကို အားသန်၏။ အချို့က အတွေးအခေါ်နှင့် တက်ကျမ်းဟုခေါ်သော စာပေမျိုး၊ အချို့ကမူ ဝတ္ထုစာပေအမျိုးအစားနှင့် ကဗျာစာပေ စသည်ဖြင့် ရွေးဖတ်ကြ၏။ အမှန်တကယ်တော့ စာပေဟူသည် ညစ်ညမ်းသည့်သဘောဆောင်သော အမျိုးအစားမှလွဲ၍ မည်သည့်စာပေကိုမဆို လေ့လာသင့်သော အရာတစ်ခုဖြစ်ပါ၏။ စာပေမှတစ်ဆင့် အမျိုးမျိုးသော ဗဟုသုတ အတွေးအခေါ်များကို ရယူနိုင်ပေ၏။

စာရေးသူ၏မိတ်ဆွေ နယ်သာလန်နိုင်သားတစ်ဦးကို ပြောဖူးသည်။ စကားစပ်မိသည်က တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေးကျမ်းကို မိမိကရှင်းပြရင်းမှ အစဖြစ်သည်။ ဗုဒ္ဓသာသနာတော်၏ မွန်မြတ်ခြင်းနှင့် ရှေးရှေးသောရဟန်းသံဃာတော်မထေရ်မြတ်ကြီးတို့၏ မွန်မြတ်သောစိတ်နှလုံးတို့ကို ပြောပြဖြစ်သည်။ ထို့ကြောင့် သီရိလင်္ကာဆရာတော်ကြီးတစ်ပါးက ဗုဒ္ဓအားThe more i know him. The more i love him. ဟု တင်စားခံယူခဲ့သည်ကို မှတ်သားဖူးကြောင်း ပြောပြဖြစ်သည်။ ထိုစကားလုံးလေးကို အစွဲပြု၍ The more you read the books, the more knowledge you get.-ဟု သူ့အား စာရေးသူပြောခဲ့သည်ကို မှတ်မိနေပါသေး၏။ စာပေမှ ဗဟုသုတများစွာကို ရနိုင်ပါသည် မဟုတ်ပါ၏လော။

သို့သော် စာဖတ်ဖန်များလာသောအခါ စာရေးရန်အတွက် လွယ်ကူတတ်သည်ဟုလည်း ဆိုချင်ပါသေးသည်။ ထိုစာဖတ်ခြင်းမှ အတွေးအခေါ်တိုးတက်ခြင်းနှင့်အတူ စာရေးဆရာများ၏ စာပေရေးသာဟန်ကိုလည်း တွေ့မြင်နိုင်ပါ၏။ ထိုကဲ့သို့ စာရေးဆရာများ၏ ရေးသားဟန်ကို လေ့လာမှတ်သား၍ မိမိကိုယ်တိုင်လည်း စာရေးဆရာများနည်းတူ ရေးသားနိုင်သည်ကို ကိုယ်ကိုယ်တိုင် လေ့လာဆင်ခြင်နည်းယူနိုင်ပါသည်။ ထို့ကြောင့် စာဖတ်ခြင်းနှင့်အတူ စာရေးခြင်း ဓလေ့မူကိုလည်း နည်းယူမှတ်သားသင့်သည်ဟု ဆိုချင်ပါသည်။ မိမိ၏အတွေးအခေါ်များကို မိမိကဲ့သို့သော စာဖတ်သူများအား မျှဝေခြင်းဖြင့်ပင် ကိုယ်ကိုယ်တိုင် စာရေးသူအဖြစ် ဖြစ်လာမှန်းမသိ ဖြစ်လာခဲ့ကြသောသူများ စာရေးဆရာများရှိသည်ကို ငြင်းဆိုဖွယ်ရာ မရှိပေ။ တစ်ခုပဲရှိပါသည်။ ထိုအရာကား စာရေးလိုလျှင် စာများများဖတ်ရပေမည်။

စာပေဟူသည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဂုဏ်ရည်ကို ဖော်ဆောင်သောကဏ္ဍတစ်ရပ်လည်း ဖြစ်ပါ၏။ ထိုကြောင့် စာပေကဏ္ဍကို ခိုင်မာမြင့်မားနိုင်စေရန် စာရေးသူ စာဖတ်သူများတင် မဟုတ်ပဲ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်များကလည်း အားပေးမြှောက်စားရန် လိုအပ်ပါပေသည်။ စာပေကို ထိမ်းချုပ်ခြင်း တားဆီးခြင်းများ ရှောင်ရှားသင့်သည်။ လူတစ်ဦးတစ်ယောက်တွင် ပုံမှန်အားဖြင့် စွမ်းအားမြင့်မားသည့် ပင်ကိုယ်အတွေးအခေါ်များ ရှိနေတတ်သည်ကိုလည်း လေ့လာရှုမြင်နိုင်ပါသည်။ ထိုအတွေးအခေါ်ကိုပင် လူသားအရင်းမြစ်ဟုလည်း ဆိုနိုင်ပါသေးသည်။ မိမိရရှိထားသော အတွေးအခေါ်ဖြင့်ပင် အများအကျိုးအတွက်ဟူသော စေတနာဖြင့် စာပေမှတဆင့် စာဖတ်သူများသို့ လက်ဆင့်ကမ်း ဝေငှခြင်းသည် အလွန့်အလွန် မွန်မြတ်သော အလုပ်တစ်ခုဖြစ်ပေသည်။

စာပေတွင် မည်သည့်လူမျိုး မည်သည့်စာပေမဆို သိမ်မွေ့နူးညံ့ခြင်း၊ ယဉ်ကျေးလိမ္မာစေခြင်း၊ အတွေးအခေါ် ရင့်ကျက်စေခြင်း စသည့်အကျိုးကျေးဇူးများရှိသည်ကို စာဖတ်သူများ သိပြီးဖြစ်ပါ၏။ စာပေအရည်အသွေး နိမ့်ပါသောနိုင်ငံဟူ၍ မရှိသလောက် ရှားပါ၏။ ပညာရေးစံနစ်တွင် အဓိကထား အားမပေးနိုင်၍သာ နိုင်ငံတကာ၏လေ့လာမှုအရ ပညာရေးနောက်ကျသည်ဟု ရှိချင်ရှိပါလိမ့်မည်။ စာပေနောက်ကျသည်ဟူ၍ မတွေ့ရှိခဲ့။ သို့သော် မိခင်ဘာသာစကားနှင့် မိခင်စာပေကိုတော့ အတတ်နိုင်ဆုံး ထိမ်းသိမ်းစောင့်ရှောက်လျက် လက်ဆင့်ကမ်းအပ်ပေသည်။ ထို့ကြောင့် စာပေလွတ်လပ်ရေးသည် အရေးပါသော အဓိကအချက်ကြီး ဖြစ်ပေသည်။

စာရေးသူ၏ အတွေ့အကြုံတစ်ခုကို တင်ပြပါဦးမည်။ ချစ်စရာကောင်း၍ လေးစားထိုက်သော အလေ့အကျင့်ကလေးဖြစ်ပါသည်။ အခြားအကြောင်းအရာ မဟုတ်။ စာဖတ်ခြင်းအလေ့အထနှင့်သက်ဆိုင်သော အကျင့်ဖြစ်ပါသည်။ ဧပြီလ ၂၀၁၃ ကဖြစ်သည်။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အစည်းအဝေးကို ရန်ကုန်မြို့ စာပေဗိမာန်အဆောက်အအုံတွင် ကျင်းပသည်။ ထိုအစည်းအဝေးမှတဆင့် စာရေးသူနှင့် သားအမိသဖွယ် ခင်မင်ရင်းနှီးသော စာရေးဆရာကြီးတစ်ဦးက သူ့အိမ်သို့လိုက်လည်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့ဖြင့် စာရေးသူနှင့်အတူ သူငယ်ချင်းစာရေးဆရာမတစ်ဦး သူ့အိမ်သို့ လိုက်ပါသွားကြသည်။ အလွန်ပျူငှာတတ်သော သူ့အကျင့်ကို စာရေးသူလေးစားမိပါ၏။ သူတင်မဟုတ် သူ့မိသားစု အားလုံးကလည်း သူနှင့်အတူတူပင်။ သူ့အိမ်တွင် စာအုပ်ပေါင်းများစွာကို ဗီရိုဖြင့် တခမ်းတနား သပ်ရပ်လှပစွာ တွေ့ရ၏။ နိုင်ငံတကာမှ စာအုပ်မျိုးစုံလည်း ရှိ၏။ စာရေးသူသည် ထိုစာအုပ်များကို ငေးမောရင်း မိမိကိုယ်တိုင်လည်း ထိုကဲ့သို့ ဖတ်ရှုလေ့လာစုဆောင်းရမည်ကို သတိရစေမိပါသည်။ ပို၍ ချစ်စရာကောင်းနေသည်မှာ ဆရာမကြီး၏ အိမ်၏ အိမ်သာထဲ၌ပင် စာအုပ်စင်သေးသေးလေးတစ်ခုရှိနေသည်က အံ့သြစရာလည်းကောင်း ချစ်စရာလည်းကောင်းလှပေသည်။ အိမ်သာထဲက စာအုပ်စင်ပေါ်၌ စာအုပ်အနည်းငယ်မျှ ရှိသည်။ ဂျပန်လိုနိုင်ငံမျိုး စင်္ကာပူလိုနိုင်ငံမျိုးတွင် စာပေနှင့်ပတ်သက်၍ အထူးအလေးပေး မြှောက်စားကြသည်ကို သူတို့နိုင်ငံ၏ စာကြည့်တိုက်များက သက်သေအဖြစ် နမူနာပြထားကြလေသည်။ ဂျပန်၌ ဘတ်စ်ကားပေါ်တွင် စာဖတ်နိုင်စေရန် လမ်းဘေးဘတ်စ်ကားမှတ်တိုင်များ၌ စာကြည့်တိုက်အသေးစားကလေးများ ထားပေးသည်။ စင်္ကာပူရှိ စာကြည့်တိုက်တွင် အသက်အရွယ်အလိုက် စာပေလေ့လာလိုက်စားနိုင်စေရန် စည်းစံနစ်ကျနစွာဖြင့် ဖွဲ့စည်းထားပုံမှာ အတုယူအားကျဖွယ်ရာ ဖြစ်သည့်အပြင် စာကြည့်တိုက်အတွင်း၌လည်း စာပေလမ်းညွှန်ဝန်ထမ်းပုံစံမျိုးများ ထားပေးသည်မှာ မည်စာဖတ်သူများအတွက် မည်မျှအားတက်ဖွယ်ပါနည်း။

ဆရာမကြီးသည် ဧည့်ခန်းတွင် သူရေးခဲ့သော စာအုပ်များအကြောင်း၊ သူဖတ်ခဲ့သော စာပေများအကြောင်းကို တဆင့်ဝေငှ အသိမျှကာ ပြောပြ၏။ စာရေးသူတို့မှာ သူဟောသောစာပေဟောပြောပွဲတစ်ခုကို တက်ရောက်နားထောင်နေရသည်နှင့်ပင်တူနေသေး၏။ မည်မျှကြည်နူးဖွယ် ကောင်းပါသနည်း။ သူပြောပြသော အကြောင်းအရာတို့တွင် စာပေချစ်မြတ်နိုးစိတ် တိုးပွားလာစေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရှေးခောတ်စာပေဟောပြောပွဲများအကြောင်းကို မလေ့လာ နားမထောင်ဖူးပေမယ့် ယခုခောတ် စာပေဟောပြောပွဲများကို အတန်အသင့် သွားရောက်နားထောင်ဖူးပါသည်။ အချို့စာပေဟောပြောပွဲများသည် စာပေရေးရာကိစ္စများထက် နိုင်ငံရေးတရားဟောနေသကဲ့သို့လည်း ရှိနေပါ၏။ မည်သို့ပင်ဆိုစေ အကျိုးယုတ်သော ဟောပြောပွဲများ ဖြစ်မနေ၍ အားပေးသင့် လုပ်ဆောင်သင့်သော အရာများဖြစ်ပါသည်။ ယခင်က နိုင်ငံရေးကို ယခုကဲ့သို့ ပွင့်လင်းရဲတင်းစွာ မဟောပြောနိုင်။ ထို့ကြောင့် စာပေဟောပြောပွဲနှင့် ဆက်နွယ်၍ ဟောပြောသင့်သည်များကို ဟောပြောခြင်းသည်လည်း လွန်ရာမကျဟု ထင်မိ၏။ နိုင်ငံရေး စီးပွားရေးမဖက် စာအကြောင်းပေအကြောင်း သီးသန့်သာ ဟောပြောသော ပွဲများကိုတော့ လိုလားတောင့်တနေမိပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည် ယခုမှ လမ်းစလျှောက်တတ်သော လူမမည်ကလေးအရွယ်မျှသာရှိနေသေးသဖြင့် ထိုကဲ့သို့ စာပေဟာပြောပွဲများတွင် ယခုကဲ့သို့ နိုင်ငံရေးအကြောင်းများကို ထည့်သွင်းပြောကြားနေရသည်ဟုလည်း ထင်မြင်မိပေသည်။ နိုင်ငံလမ်းဖြောင့်သွားလျှင်တော့ စာပေဟောပြောပွဲရလာဒ်များတွင် စာဖတ်သူများ တိုးပွားလာမည်ဟု မျှော်လင့်ရင်း ဤဆောင်းပါးအား နိဂုံးချုပ်လိုက်ရပါ၏။

မင်းကြည်ညို

မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – မြန်မာ့အလင်း)
မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်တို့ ဆွေးနွေးကြသည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီးတို့သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ၂ နိုင်ငံ တပ်မတော် ဆက်ဆံရေး တိုးမြှင့်ရေးအပါအ၀င် အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ကြေညာသွားသည်။

“မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အရေးပါမှုများ၊ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်”ဟု MRTV က ဆိုသည်။

ယခုကဲ့သို့ အမေရိကန်သံအမတ်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုသည် မကြာသေးခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ အရှေ့တောင် အာရှဆိုင်ရာ အမေရိကန်၏ စစ်ရေး အသုံးစရိတ်မြှင့်တင်သွားမည်ဟု ကြေညာပြီး နောက် တွေ့ဆုံမှုလည်း ဖြစ်သည်။
ထို့အပြင် နေပြည်တော်၌ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ၂ ရက်ကျင်းပသော အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးဌာန(DIILS) နှင့် မြန်မာ့ တပ်မတော် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော် အရာရှိ ၂၀ တက်ရောက်ခဲ့ပြီး အမေရိကန် ရေတပ်မတော် အရာရှိ မစ္စတာ ရောဘတ် ဆန်းဒါစ်နှင့် အဖွဲ့က စစ်ဘက်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ၊ စေ့စပ်ညှိနှိုင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဌာနချုပ်၏ တာဝန်နှင့် ၀တ္တရားများ အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ၂၈ ရက်နေ့က ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသော အာဆီယံနိုင်ငံ ကာကွယ်ရေး ၀န်ကြီးများနှင့် အမေရိကန် အပါအ၀င် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ရုရှား နိုင်ငံတို့မှ ကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေး ပြင်ပတွင် အမေရိကန် ကာကွယ်ရေး ၀န်ကြီး မစ္စတာ ချာ့ခ် ဟေဂဲလ်နှင့် မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံမှုသည် ပြုပြင်ပြောင်းလဲမှု၏ လက္ခဏာတခုဖြစ်ပြီး အိုဘားမား အစိုးရကလည်း အလွန် အပေါင်းလက္ခဏာ ဆောင်သည့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုဖြစ်ကြောင်း၊ မြန်မာ့အပြောင်းအလဲနှင့် လူအခွင့်အရေး တိုးတက်မှုကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် အကြီးတန်း အရာရှိတဦး ကို ကိုးကား ၍ ဖော်ပြထားသည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် လာမည့်နှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့်အပေါ် ထောက်ခံကြောင်းနှင့် ကျင်းပရန်ရှိသည့် အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ဆွေးနွေးပွဲကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာန က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ရေးသည်လည်း အရေးကြီးကြောင်း၊ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ကို ပြောဆိုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဂျော့ လစ်တဲလ် က ပြောဆိုထားသည်။

ယခုကဲ့သို့ မြန်မာ-အမေရိကန် စစ်ဘက် ဆက်ဆံရေး သိသိသာသာ ပြောင်းလဲလာသည့်အပေါ် မြန်မာ့တပ်မတော် အနေဖြင့် လိမ္မာပါးနပ်မှု ရှိလျှင် အကျိုးများနိုင်ကြောင်း၊ တရုတ်၊ ရုရှား၊ အမေရိကန်တို့ ကြားတွင် မြန်မာက ကစားနေခြင်းကို အမေရိကန်က ကောင်းစွာ သိကြောင်း အမေရိကန် တွင် နိုင်ငံရေးခိုလှုံခဲ့သည့် မြန်မာ့ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီကို ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း “ဒီနောက်ပိုင်းမှာ သမ္မတတို့ လွှတ်တော် ဥက္ကဋ္ဌတို့က အမေရိကန်ကို သွားနေတုန်းမှာ ကာကွယ်ရေး ဦးစီးချုပ်က ရုရှား ကို သွားတယ်။ ဒါတွေဟာ သတိထားရမယ့် အခင်း အကျင်းတွေလို့ ကျနော်မြင်တယ်”ဟု ပြောသည်။

Nokia Lumia Amber Update ရယူနိုင်ပြီ



Friday, August 30, 2013

Windows 8 အသုံးပြုထားတဲ့ Lumia Phone တွေအတွက် Amber Update ကို ယခုလအတွင်း ရယူနိုင်ပြီဖြစ်ပါတယ်။

Windows Mobile 8 OS ကိုသာ အဓိက အသုံးပြုနေတဲ့ Nokia Lumia Phone တွေအနေနဲ့ အခု Update ကနေပြီး Feature အသစ်တွေ တွေ့မြင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

အဓိက သိသာတဲ့ အပြောင်းအလဲတွေကတော့

၁. Nokia Smart Camera
(New Camera App ကို Enhanced လုပ်ပေးထားပါတယ် HTC One မှာ ပါဝင်တဲ့ Zoe Feature တွေနဲ့ တူညီတယ်လို့ အကြမ်းဖျင်း ပြောလို့ရမယ် ထင်ပါတယ် )

၂. Nokia Glance Screen
(ဖုံးကိုLock လုပ်ထားတဲ့အခါမှာ Clock နဲ့ Info တချို့ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ ဟိုးအရင်က Nokia ဖုံးတွေမှာ ပါခဲ့တဲ့ Feature ကို ပြန်ထည့်ပေးထားတာပါ။ Moto X မှာလည်း Glance Feature ပါဝင်ပါတယ်)

၃. FM Radio
(FM Radio ကို Lumia ဖုံးတော်တော်များများမှာ Earphone တပ်ပြီး နားထောင်လို့ ရပြီဖြစ်ပါတယ်။)

၎. Flip it to Silent
(ခဏခဏ ခေါ်နေတဲ့ ဖုံးတွေကို Silent လုပ်ဖို့ ဖုံးကိုမှောက်ထားရုံပါပဲ။ ဒီ Feature က တခြား Brand တွေမှာရတာကြာပါပြီ။ အခု Lumia Amber Update မှာ ပါဝင်လာပြီဖြစ်ပါတယ်။(

၅. Double tap to wake up
(LG G2 မှာ ပြသသွားတဲ့ Feature ပါ။ Screen ကို နှစ်ချက် ထိလိုက်ရုံနဲ့ Wake Up ပြန်ဖြစ်တဲ့ Feature ပါ။ ကောင်းကောင်း အလုပ်လုပ်ပါတယ်။)

၆. Data Sense
(Data Usage တွေကို Monitor လုပ်ပေးမဲ့ Feature ပါ)

၇. xbox Music Enhancement
၈. Internet Explore Enhancement

Feature တွေ တော်တော်များများပါဝင်လာပြီး Enhancement ပိုင်းတွေလည်း တော်တော် အားဖြည့်ပေးထားပါတယ်။

Lumia Phone တွေအကုန်လုံးက Hardware Support လုပ်မှု မတူညီတဲ့အတွက် Feature တွေ အားလုံး ရမှာတော့ မဟုတ်ပါဘူး။ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။

Windows Phone အသုံးပြုသူ User တွေအတွက်တော့ ပိုမိုကောင်းမွန်လာမဲ့ Update တွေကို အမြဲမျှော်လင့်နေကြရဦးမှာပါ။ Microsoft နဲ့ Nokia ကလည်း Market ထဲမှာ နေရာရလာဖို့ Update တွေ တစ်သီကြီး လုပ်ဆောင် သွားရဦးမှာ ဖြစ်ပါတယ်။

အခု Amber Update ကတော့ အသုံးပြုသူ User တွေအတွက် စိတ်ကြေနပ်မှု အနည်းငယ်တော့ ရရှိစေမယ် ထင်ပါတယ်။

Video
http://www.youtube.com/watch?v=XwKBy_yf7CA

THA: TSJ Tech Team
Reference
http://www.nokia.com/global/windows-phone-amber-update/

စိတ်ဖိစီးမှု နည်းသော သူတို့၏ အမူအကျင့် (၁၀) ခု


Friday, August 30, 2013

စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ဆိုတာဟာ သင့်ရဲ့ အလုပ်အကိုင်၊ လူ မှုရေး၊ ငွေကြေးကိစ္စတွေလိုပဲ ကြီးမားတဲ့ ဘ၀စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ သင်နေ့စဉ် အပတ်စဉ် ပြုလုပ်တဲ့ ကိစ္စတိုင်းအပေါ် မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ သင် မေ့နေတဲ့၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့ အမူအ ကျင့်သေးသေးလေးတွေက ကြီးမားတဲ့ ပြောင်း လဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေကတော့ ဘ၀မှာ စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့် သေးသေးလေး (၁၀)ခုပါပဲ။

၁။ အားလုံးကို ချရေးပါ

သင့်ရဲ့စိတ်ကို အချက်အလက်တွေမှတ်သားဖို့ထက် ပိုပြီးကောင်းတဲ့ အရာတွေအတွက် အသုံးချပါ။ ပြီးတော့ တစ်ခါတစ်လေမှာ စိတ်ဟာ အပေါက်ပါတဲ့ ရေပုံးတစ်ပုံးနဲ့ တူတတ်တယ်။ ဒီတော့ သင့်ရဲ့ အကြံဥာဏ်ကောင်းတွေ၊ စိတ်ကူးတွေ၊ အတွေးတွေအားလုံးကို တစ်နေရာရာ ပျောက်မသွားခင် ချရေးပါ၊ ပြီးတော့ သင် လုပ်ရမယ့်အရာတွေကို ” လုပ်စရာ စာရင်း” (To-Do List) ထဲမှာ မှတ်ထားပါ။

၂။ တစ်ကြိမ်မှာ တစ်ခု

တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်မယ်ဆိုရင် သင်ဟာ ပိုပြီးကောင်းတဲ့ ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း ပို နည်းပါလိမ့်မယ်။ ဒီတော့ တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီးလုပ်မယ့်အစား သင့်ရဲ့တစ်နေ့တာကို အရေးအကြီးဆုံး အလုပ်တွေကို အရင်ဆုံးပြုလုပ်ခြင်းဖြင့် စတင်လိုက်ပါ။

၃။ မခန့်မှန်းပါနဲ့၊ မေးပါ

စိတ်တွေကို ဖတ်ခြင်းဟာ ခက်ခဲပါတယ်။ ဒီတော့ အဲဒီအစား မေးခွန်းတွေ ထုတ်ပါ၊ ဆက်သွယ်ပါ။ ဒီဟာက သင့်ကို မလိုအပ်တဲ့ ငြင်းခုန်ရမှုတွေ၊ နားလည်မှုလွဲတာတွေ၊ အဆိုးမြင်တာတွေ၊ အချိန်နဲ့ စွမ်းအင်ကုန်ဆုံးမှုတွေကို သက်သာစေပါတယ်။

၎။ အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ပါနဲ့

သင်ဟာ တစ်ခုခုကို အများကြီးတွေးတော့မယ်၊ ဒါမှမဟုတ် သင့်စိတ်ထဲမှာ ကြီးကြီးမားမားတစ်ခုခုကို စဉ်းစားတော့မယ်ဆိုရင် သင့်ကိုယ်သင် မေးပါ ” ငါဟာ အရေးမကြီးတာတွေကို အရေးတကြီးလုပ်နေသလား? ”

၅။ အိပ်ရာမ၀င်ခင် သင့်ရဲ့အိတ်ကို ပြင်ဆင်ထားပါ

ဒီတော့ မနက်ခင်းမှာ ပျာယာမခတ်ရတော့ဘူးပေါ့။ ပြီးတော့ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ပါဘူး။

၆။ သင့်ရဲ့ နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေကို နယ်နိမိတ် ကန့်သတ်ထားပါ

အလုပ်အတွက် စလုပ်ရမယ့်အချိန်နဲ့ ရပ်ရမယ့်အချိန်တွေကို သတ်မှတ်ပါ။ ကျနော်ဟာ ညနေခင်းမှာဆိုရင် ၇ နာရီနောက်ပိုင်းမှာ အလုပ်တွေကို ရပ်လိုက်တယ်။

နေ့စဉ်နေ့တိုင်း နားချိန်လေးတွေ ထားပါ။ ညနေခင်းတွေနဲ့ ရက်သတ္တပတ် နောက်ဆုံးရက်တွေမှာ လန်းဆန်းနေစေဖို့၊ စွမ်းအင်တွေ ရှိနေစေဖို့ တစ်နေ့တာမှာ နားချိန်လေးတွေ သတ်မှတ်ထားပါ။ ကျနော်ဟာ ပုံမှန်အားဖြင့် ၄၅ မိနစ်လောက် အလုပ်လုပ်ပြီးတိုင်း ၁၅ မိနစ် နားပါတယ်။ အဲဒီ နားချိန်မှာဆိုရင် ကျနော်ဟာ ကွန်ပျူတာရှေ့ကနေ ထလိုက်တယ်။ ပြီးတော့ အပြင်မှာ လေကောင်းလေသန့်ရှူတယ်၊ တစ်ခုခုစားတယ်၊ ဒါမှမဟုတ်ရင်လည်း Simpsons ဇာတ်လမ်းတွဲ အခန်းတစ်ခန်းကို တစ်ဝက်ကြည့်တယ်။

အလုပ်နားရက်တွေမှာ အလုပ်မလုပ်ပါနဲ့။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် ကျနော်ဟာ အလုပ်တွေကနေ ဝေးဝေးနေပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲက တစ်ရက်ကို မီဒီယာနဲ့ အင်တာနက်ကနေလည်း ဝေးဝေးနေပါတယ်။ ကျနော်ဟာ အဲဒီနေ့တွေမှာဆိုရင် မေးလ်တွေ မစစ်ဘူး။ အဲဒီအစား ကျနော့်ရဲ့ ချစ်သူနဲ့ အချိန်ကုန်လွန်စေတယ်၊ ဒါမှမဟုတ် ကျနော့်ရဲ့ မိတ်ဆွေတွေ၊ မိသားစု၊ စာအုပ်ကောင်းတစ်အုပ်ဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ကျနော့်ကို ပျော်ရွှင်စေမယ့်အရာတစ်ခုခုကို လုပ်တယ်။

၇။ အရာရာတိုင်းကို နေရာတကျ ထားပါ

အရာအားလုံးဟာ သူ့နေရာနဲ့သူ ရှိနေမယ်ဆိုရင် သင့်ရဲ့အိမ်ကို နေ့စဉ်နေ့တိုင်း အစီအစဉ်တကျဖြစ်အောင်၊ မရှုပ်ပွနေအောင် ထိန်းသိမ်းရာမှာ အများကြီး လွယ်ကူစေပါတယ်။ ပြီးတော့ အပြင်ထွက်ခါနီး သော့တွေ၊ ပိုက်ဆံအိတ်နဲ့ ဖုန်း ရှာမတွေ့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။

၈။ ဆယ်မိနစ် စောပါစေ

ဒီရိုးရှင်းတဲ့နည်းလေးဟာလည်း စိတ်ဖိစီးမှုတွေကို အတော်လည်း လျော့နည်းစေပါတယ်။ ပြီးတော့ ဒီနည်းလမ်းလေးက ခရီးသွားရာမှာလည်း သင့်ကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

၉။ အလုပ်စားပွဲကို ရိုးရှင်းအောင် ထားပါ

သင်အလုပ်လုပ်တဲ့ နေရာကို ရိုးရှင်းအောင် ထားခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ၊ ရှုပ်ပွနေတာမျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ စိတ်ဟာလည်း အရေးအကြီးဆုံးအလုပ်အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒီတော့ သင်အလုပ်လုပ်မယ့်နေရာကို အဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ စဉ်းစားကြည့်ပါ။

အကြံဥာဏ်တစ်ခုကတော့ အလုပ်စားပွဲမှာ အလုပ်အတွက် အလိုအပ်ဆုံးအရာများကိုသာ ထားဖို့ပါပဲ။ နံရံတွေပေါ်မှာတော့ သင့်ရဲ့အရေးအကြီးဆုံးလုပ်စရာတွေ၊ ဒါမှမဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို ရေးပြီး ကပ်ထားနိုင်ပါတယ်။ သင်အကြိုက်ဆုံး စကားတစ်ခွန်းခွန်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင့်ကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ဖြစ် ကပ်ထားနိုင်ပါတယ်။

၁၀။ အသက်ရှူရုံလေးပါ

စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ပြဿနာတစ်ခုခုနဲ့ ကြုံတဲ့အခါ၊ ဒါမှမဟုတ် သင့်ရဲ့စိတ်ဟာ အတိတ် သို့မဟုတ် အနာဂတ်မှာ ရောက်နေတဲ့အခါ၊ သင့်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေကို အသုံးပြုပြီး အသက်ရှုပါ။ ပြီးတော့ သင့်နှာခေါင်းထဲကို လေ၀င်လာတာ၊ လေ ပြန်ထွက်သွားတာတွေကို အာရုံစူးစိုက်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်လာစေပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ စိတ်ကိုလည်း ပစ္စုပ္ပန်ဆီ ပြန်ခေါ်ပေးပါလိမ့်မယ်။

Ref: 10 Small Habits of Less Stressed People by Henrik Edberg — with Phyoe Phyoe Khine and 3 others.

မူရင်းဆောင်းပါး--Nyi Linn
လူဗိုလ်ဟူသည်

ကိုယ့်ဖုန်းရဲ့ အချက်အလက်တွေကို ကာကွယ်မယ်



Friday, August 30, 2013

စမတ်ဖုန်းတစ်လုံးဆိုတာ သေသေချာချာ စီမံပြုလုပ်ထားတဲ့ အနုပညာလက်ရာမြောက် ပစ္စည်းလေး တစ်မျိုး လို့ဆိုလိုက်ရင် လွန်အံ့မထင်ပါ။ အဲဒီထဲမှာ ပြက္ခဒိန်နေ့ရက်တွေကို အလုပ်တွေနဲ့တကွ မှတ်သားထားနိုင်တယ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ စုစည်းထားပြီး အချိန်မရွေး ပြန်လည်နားထောင် နိုင်တယ်၊ အမှတ်တရတွေကို ဓာတ်ပုံနဲ့တကွ မှတ်တမ်းတင် ထားနိုင်တယ် စသည်ဖြင့် သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အသုံးဝင်မှုတွေ တစ်ပုံတစ်ပင်ပါပဲ။ ဒါပေမယ့် အဲဒီလို အသုံးဝင်လှတဲ့ စမတ်ဖုန်းလေးတစ်လုံး မတော်တဆ ပျောက်ဆုံး၊ ပျက်စီးသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ? အဲဒီအခါမှာ တကယ်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။

ဒါကြောင့် မြန်မာအိုင်စီတီ ပရိသတ်တွေအတွက် စမတ်ဖုန်းတစ်လုံးရဲ့ အချက်အလက်တွေကို ဘယ်လို ကာကွယ်ထားရမလဲ ဆိုတာ တင်ဆက် ပေးလိုက်ပါတယ်။ သင်နေ့စဉ် အသုံးပြုနေတဲ့ စမတ်ဖုန်းဟာ သင့်ရဲ့Messageတွေ၊ ကိုယ်ရေးအချက်အလက်တွေ စသဖြင့် တစ်ပါးသူကို အသိမပေးလိုတဲ့ Dataတွေ အများအပြားပဲ ရှိမှာပါ။ အဆိုပါ Dataတွေကို “Back-Up”လုပ်လိုက်ရင်တော့ သင့်ရဲ့အချက်အလက်တွေကို အခိုးခံရခြင်း၊ ပျက်စီးခြင်းကနေ ကာကွယ်ပြီးသား ဖြစ်သလို ဟန်းဆက်အသစ် လဲတဲ့အခါမှာလည်း Dataတွေ ကူးပြောင်းဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေရဲ့ အဓိက Operating System(OS)တွေ ဖြစ်တဲ့ iOS(သို့မဟုတ်)Android OS ဘယ်ဟာကို သုံးသုံး သင့်ရဲ့ အရေးကြီး Dataတွေကို Back-Upလုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ Dataတွေနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ် ပူပန်မနေပါနဲ့တော့။

Appleအသုံးပြုသူတွေ အတွက်

၁။ အရင်ဆုံး ပြောပြချင်တာကတော့ Apple Userတွေ အတွက်ပါ။ Appleမှာ Back-Upလုပ်ဖို့ iCloudနဲ့ iTunesဆိုပြီး ရွေးချယ်စရာနှစ်ခု ရှိတဲ့အနက် ရှေးဦးစွာ iCloudအကြောင်း အနည်းငယ် ပြောပြလိုပါတယ်။ ၎င်းဟာ အချက်အလက်ထားသိုဖို့ Appleရဲ့ Cloud-Basedစနစ်တစ်ခု ဖြစ်ပြီး 3Gကွန်ရက် မရှိရင်တောင်မှ Wi-Fiနဲ့ မိနစ်ပိုင်းအတွင်းမှာတင် အလွယ်တကူ Back-Upလုပ်နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ iCloudဟာ 5GBပမာဏ အထိသာ အခမဲ့သုံးလို့ ရမှာဖြစ်ပြီး ဒီထက်ပိုမို အသုံးပြုချင်ရင်တော့ အခကြေးငွေ ပေးဆောင်ထားရမှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ iDeviceလေးကို ကိုင်ပြီး Dataတွေ လုံခြုံစေဖို့ Back-Upလုပ်တော့မယ် ဆိုရင် Settings>iCloud>Storage & Backupကို သွားပြီးတော့ “iCloud Backup”ကို ဖွင့်ထားရမှာပါ။

ဖွင့်ပြီးရင် Screenတစ်ခုစာ “Back”လုပ်ပြီး အဲဒီမှာသင် ကြိုတင်သွင်းထားတဲ့ Appsတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သင်Back-Up လုပ်ချင်တဲ့ Fileတွေ၊ Appsတွေကို ရွေးချယ်နိုင်ပါတယ်။ ဒါကို “On” “Off”နဲ့ ရွေးချယ်ရမှာ ဖြစ်ပြီး Turn Offလုပ်ထားတဲ့ Appတွေ အတွက် “Turn Off and Delete”ဆိုတဲ့ iCloudပေါ်က Dataတွေအတွက် Optionရှိ ပါတယ်။ အဆိုပါ Optionဟာ iCloudရဲ့ Backupလုပ်ထားတဲ့ Dataတွေကို ဖျက်လိုက်ရင်တောင်မှ သင့်ရဲ့ဖုန်းထဲမှာ Dataတွေ ရှိနေစေမှာ ဖြစ်ပါတယ်။ Google Appsလိုမျိုး အခြားCloudတွေမှာ သိမ်းထားတဲ့ Appsတွေရဲ့ Dataတွေ အတွက် အလုပ်ရှုပ်ခံမနေ ပါနဲ့တော့၊ သင့်ရဲ့ အချက်အလက်တွေ ထားသိုဖို့ အဖိုးတန်နေရာလွတ် တွေကို ဖြုန်းတီးရာ ရောက်နေသ လို ဖြစ်နေမှာ မို့လို့ပါပဲ။

တကယ်လို့ သင့်ရဲ့ iPhoneကို Wi-Fiကွန်ရက်နဲ့ ချိတ်ဆက်ထားတယ် ဆိုရင် ဖုန်းကို အားသွင်းပလပ်သာ တပ်ထားပြီး ဒီတိုင်းထားလိုက်ရုံနဲ့ Back-Upကို အလိုလျောက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် “iColud BackUp”ကိုတော့ ဖွင့်ထားရမှာပေါ့လေ။

၂။ Dataတွေ အတွက် နေရာလွတ်လည်း များများလိုချင်တယ်၊ ပိုက်ဆံလည်း မပေးချင်ဘူး ဆိုရင်တော့ iTunesနဲ့ BackUpလုပ်တဲ့ အကြောင်း ဆက်လက်ပြောပြ ပါမယ်။ Back Upလုပ်တဲ့အခါမှာ သင့်ရဲ့ iTunesဗားရှင်းဟာ Updateဖြစ်နေ သင့်ပါတယ်။ ဒီအတွက်လည်း iTunesထဲဝင်ကာ Help>Check For Updatesကနေ သွားလိုက်ရုံပါပဲ။ Updateလုပ်ပြီးပြီ ဆိုရင်တော့ Back Upလုပ်လို့ ရပါပြီ။ iTunesနဲ့ Back Upလုပ်တယ် ဆိုတာ တကယ်တော့ သင့်ရဲ့ကွန်ပျူတာထဲကို iPhoneထဲက အချက်အလက်တွေ BackUpလုပ်လိုက် တာပါ။ ဒါကြောင့် iPhoneနဲ့ ချိတ်ဆက်မယ့် ကွန်ပျူတာတစ်လုံးလည်း လိုအပ်ပါတယ်။

BackUpမလုပ်ခင် သင့်iPhoneမှာ iCloudကို ပိတ်ထားပြီလား ဆိုတာသေချာအောင် စစ်ဆေးကြည့်လိုက်ပါဦး။ ပြီးရင် Wi-Fiကို ဖွင့်ရပါမယ်။ သင့်ဖုန်းနဲ့ ကွန်ပျူတာကိုလည်း ချိတ်ဆက်ထားရမှာ ဖြစ်ပြီး ဖုန်းထဲက Settings>General>iTunes Wi-Fi Syncကို သွားရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ကျလာတဲ့ Option Listထဲက သင့်ကွန်ပျူတာရဲ့ နာမည်ကိုရွေးချယ် ရမှာဖြစ်ပြီး “Sync Now”ကို နှိပ်ရမှာပါ။ သူ့ဟာသူ အလိုလျောက် ဆက်လက် လုပ်ဆောင် သွားပါလိမ့်မယ်။

အန်းဒရွိုက်သမားတွေ အတွက်

အန်းဒရွိုက်ဖုန်း သုံးစွဲသူတွေ အတွက်ကတော့ သင့်ဖုန်းရဲ့ Dataတွေကို Back Upလုပ်ဖို့ Googleရှိပါတယ်။ တကယ်လို့ Googleနဲ့ အဆင်မပြေရင်လည်း အခြားProgramတွေ ရှိပါသေးတယ်။

Appleလိုပဲ Googleဟာလည်း Userရဲ့ ခွင့်ပြုချက်ကို ယူပြီး Cloudပေါ်ကို Dataတွေ အလိုလျောက် Back Upလုပ်နိုင် ပါတယ်။ Settings>Backup & Resetကို သွားပြီး “Back up my data”နဲ့ “Automatic Restore”ကို အမှန်ခြစ်လိုက်ပါ။ သင့်ရဲ့ Dataတွေကို Syncလုပ်ဖို့ ဂူးဂဲလ်အကောင့်ကို လည်း ရွေးချယ်နိုင်ပါတယ်။ ဂူးဂဲလ်ရဲ့ Service(၀န်ဆောင်မှု)တွေကို များများသုံးလေ သင့်ရဲ့ Data(အချက်အလက်)တွေကို များများထိန်းသိမ်း နိုင်လေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် သင့်ရဲ့ကွန်ပျူတာရော ဖုန်းရော ပျက်စီးသွားရင်တောင် Dataတွေကို Googleက သိမ်းထားပေးလို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။

ပထမဆုံးအကြိမ် Backupဆိုရင် အချိန်အနည်းငယ် ကြာပါလိမ့်မယ်။ သင့်ဖုန်းမှာ သိမ်းထားတဲ့ Dataပမာဏ ပိုများရင် ပိုကြာမှာပေါ့။ ဒါပေမယ့် တစ်ခါBackupလုပ်ထား ပြီးရင်တော့ နောင်လုပ်မယ့် Syncတွေမှာ ပိုမိုမြန်ဆန်သွားမှာပါ။

Manual Transferလုပ်နည်း

သင့်ရဲ့ အန်းဒရွိုက်ဖုန်းကို PC(ကွန်ပျူတာ)နဲ့ ချိတ်ဆက်ပြီး သီချင်းတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ Backupလုပ်နိုင် ပါသေးတယ်။ ဒါကတော့ ကြိုးနဲ့ချိတ်ဆက်ပြီး Manualလုပ်တဲ့ နည်းလမ်းပေါ့။ Windowsအနေနဲ့ သင့်ဖုန်းကို External HDDတစ်ခုအနေနဲ့ ဖော်ပြမှာ ဖြစ်ပြီး Macအသုံးပြုတွေ ကတော့ “Android File Transfer”ကို ဒေါင်းလုဒ်ရယူရမှာ ဖြစ်ပါတယ်။ ဒီလိုကွန်ပျူတာ သုံးပြီးBackup လုပ်တဲ့အခါ သင့်အနေနဲ့ အခြားသော Backup Softwareတွေကို သုံးချင်လာပါလိမ့်မယ်။

My Backup Pro

ဂူးဂဲလ်ရဲ့Serviceတွေ သုံးရတာ အဆင်မပြေဘူး ဆိုရင်တော့ “My Backup Pro”ဆိုတဲ့ Appရှိပါတယ်။ အဆိုပါ Appဟာ သင့်ဖုန်းကို Rootဖောက်စရာ မလိုဘဲ Backupလုပ်ပေးနိုင်ပြီး ဓာတ်ပုံတွေ၊ Appတွေရဲ့ Dataတွေ၊ Browser Bookmarks, Contact, Settings, Home Screen Shortcuts, Alarms, ပြက္ခဒိန်, Messageတွေနဲ့ Music Playlistစတဲ့ အရာတွေကို (ဖုန်းအသစ်ထဲ လွှဲနိုင်ဖို့) SD Cardထဲသိမ်းပေးမှာ ဖြစ်သလို ဖုန်းအခိုးခံခဲ့ ရရင်လည်း Dataတွေ ပြန်လည်ရရှိနိုင်ဖို့ Cloudပေါ်မှာ သိမ်းပေးထားမှာ ဖြစ်ပါတယ်။

SMS Backup+

တကယ်လို့ သင်ဟာ သင့်ရဲ့ SMS Messageတွေ Backupလုပ်ချင်ရင်တော့ SMS Backupဆိုတဲ့ Free Appလေး တစ်ခုရှိပါတယ်။ အဆိုပါ Appလေးဟာ သင့်ရဲ့စာတွေ(Text SMS)တွေကို Gmailအကောင့်ထဲမှာ Labelတစ်ခု အနေနဲ့ သိမ်းပေးထားမှာ ဖြစ်ပြီးအချိန်မရွေး ပြန်လည်ရှာဖွေ နိုင်မှာဖြစ်ပါတယ်။

Myanmar ICT

ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး နောင်တရ




ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး
မသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကားထုတ်လုပ်ရေးလုပ်ငန်း
တွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်
ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ရက်နေ့
တွင် ပြောကြားသည်။

အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်
ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံးအပြာကားဖြစ်သော Weiner & Me
ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံးမသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။

သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်းတစ်ခု၌
ကွန်ဒုံးမသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာအိပ်ခ်ျအိုင်ဗီပိုးကူးစက်
ခံရပြီဖြစ်ကြောင်း ဩဂုတ်လလယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ
လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်
ရေးလုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်းရပ်ဆိုင်းလိုက်သည်။

အဆင့်မြင့်ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုးကူးစက်ခံ ထားရခြင်းရှိမရှိအပူ
တပြင်းသွားရောက်စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ
လယ်သာမှာ သက်ပြင်းချနိုင်ခဲ့သည်။လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို
စွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှရိုက်ကူး
တော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများတွင် အပြာကားထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်
ဝင်ခန်းများ ကို ကွန်ဒုံးသုံးရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း ထုတ်
လုပ်သူနှင့်မင်းသားမင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှုခံယူသူများဖြစ်သဖြင့် ထိုသို
့ညွှန်ကြားရန်မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါကရုပ်ရှင်ကြည့်ပရိသတ်ကို ကျေနပ်မှုအပြည့်
ပေးနိုင်လိမ့်မည်မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။





သွားလာခက်ခဲဒေသများကို ပျံသန်းရန် အမေရိကန်ထုတ် လေယာဉ်ငယ်များဝယ်ယူမည်




Friday, August 30, 2013

မြန်မာ့ လေကြောင်းမှ အမေရိကန်နိုင်ငံ Cessna Grand Caravan အပေါ့ စားလေယာဉ်အသစ် နှစ်စင်းဖြင့် လမ်းပန်းဆက်သွယ်ရေး သွားလာ ရန်ခက်ခဲသည့် ဒေသများသို့ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်း နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိ ရသည်။

အဆိုပါလေယာဉ်အသစ် နှစ်စင်းသည် ခရီးသည်၁၂ဦးစီး နင်းနိုင်ပြီး ယင်းလေယာဉ်များကို ဝယ်ယူနိုင်ရန်အတွက် လာမည့် စက်တင်ဘာလတွင် လေယာဉ် မောင်းများကို သင်တန်းပေးရန် စေလွှတ်မည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့လေကြောင်းမှတာ ဝန်ရှိသူတစ်ဦးက''အဲဒီအမျိုးအစား လေယာဉ် အသစ်နှစ်စင်းကိုဝယ် ဖို့စီစဉ်နေပါတယ်။ ဘယ်တော့ ဝယ်မယ်ဆိုတာကိုတော့ အတိအ ကျမပြောနိုင်သေးပါဘူး။ ရှေ့လ မှာတော့ အဲဒီလေယာဉ်အတွက် လေယာဉ်မောင်းတွေကို စေလွှတ် သွားဖို့ရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့လေ ကြောင်းလိုင်းသည် ပြည်တွင်းရှိ လေဆိပ်မြို့၂၆မြို့သို့ လေယာဉ် ခရီးစဉ်များကို ပျံသန်းပေးလျက် ရှိကြောင်းသိရသည်။

ယင်းက ''အဲဒီလေယာဉ်တွေ နဲ့ လေယာဉ်ကွင်းတွေရှိပြီးသွား လာဖို့ခက်ခဲတဲ့ ကွင်းတိုတွေမှာ ပျံသန်းပေးသွားမှာပါ''ဟု ထပ် မံပြောကြားသည်။

မြန်မာ့လေကြောင်းလိုင်း သည်လက်ရှိတွင် Embraer -190 နှစ်စင်း၊ F-28 တစ်စင်း၊ ATR -72 နှစ်စင်း၊ ATR-42 တစ်စင်း၊ MA-60 သုံးစင်းနှင့် Beech 1900 D နှစ်စင်းတို့ဖြင့်ခရီး စဉ်များကိုပျံသန်းပေးလျက်ရှိ ကြောင်း သိရသည်။
Myanmar Elorado Paradise Travel ခရီးသွားကုမ္ပဏီမှ ဒေါ်ဇင်မာက '' နိုင်ငံခြားခရီးသွား ဧည့်သည်အတွက် အဆင်ပြေသွား မယ်။ ခရီးသွားလုပ်ငန်း ပိုဖွံ့ဖြိုး လာမယ်။ အခုလမ်းပန်းဆက် သွယ်ရေးသိပ်မကောင်းတဲ့အခါ ကျတော့ အခက်အခဲဖြစ်တယ်။ အခုလိုမျိုးသွားဖို့ခက်ခဲတဲ့နေရာ တွေမှာရှိတဲ့ လေယာဉ်ကွင်းတိုတွေ အတွက်သီးသန့်လေကြောင်းလိုင်း တွေပျံသန်းပေးမယ်ဆိုရင်တော့ ခရီးသွားလုပ်ငန်းအတွက် အဆင် ပြေတယ်''ဟု သုံးသပ်ပြောသည်။

မြန်မာ့လေကြောင်းလိုင်းမှ အဆိုပါ အပေါ့စားလေယာဉ်များ ကို ပုံမှန်ခရီးစဉ်များအပြင် စင်းလုံး ငှားခရီးစဉ်များပါ ပျံသန်းပေးသွား မည်ဖြစ်ပြီး ခရီးသည်များ၏ လို အပ်ချက်အလိုက် ပျံသန်းသွား မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

KIA အဖွဲ့မှ တာလောကြီးရွာသား ရှမ်းလူငယ်တစ်ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်



Friday, August 30, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနေ ရှမ်းလူငယ်နှစ် ဦးသည် သြဂုတ် ၂၈ ရက် မနက်ပိုင်းက မုန်ဆန်ယန်ကျေးရွာအနီးဝန်းကျင်၌ ကျွဲပျောက်၍ လိုက်ရှာစဉ် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့ တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တာလောကြီးရွာ သားများ ထံမှ သိရသည်။

“ အဲဒီနေ့က ကျွဲကျောင်း လွှတ်လိုက်တာပါ၊ ကိုယ့်ရွာအနီးတ၀ိုက်မှာ ပဲ ကျောင်းဖို့ မှာလိုက်သေးတယ်၊ ညနေ စောင်းလို့ ပြန်မလာတာနဲ့ လိုက်ရှာတော့ ကျွဲတွေပဲ တွေ့တယ်၊ သူနဲ့ ကျွဲအတူတူသွားကျောင်း တဲ့ မောင်ဌေး ကတော့ အဖမ်းမခံရဘဲပြန်ပြီး လွှတ်လာခဲ့တယ်၊ ကျွန်တော့် သား မောင်ညီထွေးကို လူသစ်အဖြစ် အတင်းအဓမ္မ ခေါ်သွားတာပါဗျာ ”
ဟု တာလောကြီးရွာမှ မောင်ညီထွေး၏ ဖခင်ဖြစ်သူက ပြောပြသည်။

“ ကျွန်တော်နဲ့ ညီထွေးတို့ ကျွဲပျောက် လိုက်ရှာရင်း မုန်ဆန်ယန်ရွာ ဘက်ကို ရောက်သွားပါတယ်၊ အဲဒီရွာနားမှာ သေနတ်ကိုင်ထားတဲ့ ကချင်စစ်သားတွေနဲ့ တွေ့တယ်၊ ဘာမပြောညာမပြော ကျွန်တော်တို့ကို ဖမ်းပါတယ်၊ ညီထွေးက လူကောင်ကြီးတော့ လူသစ်လုပ်လို့ရတယ်၊ ကျွန်တော့် ကိုတော့ လူကောင်သေးလို့ လူသစ်လုပ်လို့ မရသေးဘူး လို့ပြောပြီး လွှတ်ပေးလိုက်တာပါ” ဟု ကိုယ့်တွေ့ကြုံခဲ့ရသော မောင်ဌေး က ပြောပြခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲအချိန်တွင် အတင်းအဓမ္မလူသစ်စုဆောင်းမှု များ ပြုလုပ်လျက်ရှိရာ ဒေသခံရှမ်းလူငယ်များအား အဓိကထား စုဆောင်းနေ ကြောင်း၊ တာလောကြီး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ KIA မှ လူသစ်စုတောင်းနေမှုကြောင့် လူငယ် များမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေကြ ရကြောင်း၊ လူသစ်မပေးနိုင်ပါက ငွေဒဏ် ကောက်ခံခြင်းများလည်း ရှိနေရာ ဒေသခံတိုင်းရင်းသားများမှာ မိသားစုတကွဲတပြားနေထိုင်ကြရပြီး စားဝတ် နေရေးအဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံ ရှမ်းတိုင်းရင်းသားများ၏ ပြောပြချက်အရ သိရှိရပါသည်။ KIA မှ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်လာရောက်စဉ်ကလည်း ရှမ်းလူမျိုးစုယဉ်ကျေးမှုကော်မတီမှ ဦးစိုင်းထိန်လင်းက တင်ပြခဲ့ကြောင်း သိရှိရပါသည်။

စိုင်းလှမြင့်
Shan News

ဆီးရီးယားကို တုံ့ပြန်မည့် အစီအစဉ် မဆုံးဖြတ်ရသေးဟု အိုဘားမား ပြောကြား



Friday, August 30, 2013

ဆီးရီးယား အစိုးရသည် လွန်ခဲ့သော သီတင်းပတ် အတွင်းက ဓာတုလက်နက် သုံး၍ ဆီးရီးယား ပြည်သူများကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နှင့် ဗြိတိန်တို့က ဆီးရီးယား အစိုးရကို စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသော်လည်း ဆီရီးယားကို
ပြန်လည် တုံ့ပြန်မည့် အစီအစဉ်ကို မဆုံးဖြတ်ရသေးကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ကြောင်း CNA သတင်းတွင်
ဖော်ပြထားသည်။

လွန်ခဲ့သော သီတင်းပတ် အတွင်းက ဓာတုလက်နက်သုံး တိုက်ခိုက်ခြင်း ၏ နောက်ကွယ်တွင် ဆီးရီးယား အစိုးရ ပါဝင်သည်ဟု အမေရိကန်အနေနှင့် ယူဆကြောင်းကိုလည်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားသည်။

အမေရိကန် ရုပ်မြင်သံကြားမှ တစ်ဆင့် ပြောကြားရာတွင် ဓာတုလက်နက်ကို အသုံးပြုခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ဆီရီးယားကို သတိပေးသော လုပ်ရပ် အပြောအဆိုများ ပြုလုပ်ခြင်းသည် ဆီရီးယား ပြည်တွင်းစစ်တွင် ကောင်းသော အကျိုးသက်ရောက်မှု များ ဖြစ်လာနိုင် ကြောင်း ၎င်းက ပြောကြားသည်။

ထို့အတူ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည်လည်း ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မည့် ၎င်း၏ အစီအစဉ်ကို ပြန်လည် ပယ်ဖျက်ရန် ပြည်တွင်း ပြည်ပ ဖိအားများနှင့် တွေ့ကြုံနေရသည်။

ဆီးရီးယားအစိုးရသည် ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း ယူဆရမှုကို တုံ့ပြန်မည့် ကိစ္စနှင့် ပတ်သက်၍ ဗြိတိန် ပါလီမန်တွင် အတိုက်အခံ လေဘာ ပါတီ အမတ်များ သာမက ၎င်း၏ ကွန်ဆာဗေး တစ် ပါတီမှ အမတ်အချို့၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို ထောက်ခံသူများနှင့် အတိုက်အခံ အမတ်များအကြား နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီးနောက် ဆီးရီးယားကို စစ်ရေးဖြင့် အရေးယူ တိုက်ခိုက်ခြင်း မပြုမီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနှင့် ကုလ လက်နက် စုံစမ်းရေးမှူးများ တွေ့ရှိချက်များကို စောင့်စား ကြည့်ရှုသင့်သည်ဟု ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ အစိုးရအဖွဲ့က သဘော တူညီခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်အနေနှင့် ဆီးရီးယားကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်မည့် ကိစ္စနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ပါလီမန်၌ ထပ်မံ မဲခွဲ ဆုံးဖြတ်မည် ဖြစ်သည်။

ဆီးရီးယားပြည်သူများအပေါ် ဓာတုလက်နက် သုံး၍ တိုက်ခိုက်ခဲ့သည့် ဆီးရီးယား အစိုးရပေါ် ဗြိတိန် အနေနှင့် စိန်ခေါ်ရန် ပျက်ကွက်ခဲ့ပါက ဗြိတိန်၏ အမျိုးသားရေး လုံခြုံမှုကို အားနည်းစေကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က အစောပိုင်းက ပြောကြား ထားသည်။

ဆီးရီးယား အစိုးရ၏ ဓာတုလက်နက် အသုံးပြုခြင်းနှင့် ပတ်သက်၍ အရေးယူမှု ပြုလုပ်ရန် ကုလ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ကို ဗြိတိန်က တွန်းအားပေးလျက် ရှိသော်လည်း ဆီးရီးယား၏ မဟာမိတ် ရုရှားက ဆီးရီးယားအပေါ် အရေးယူမှု ပြုလုပ်ရန် ကိစ္စကို ငြင်းဆန်လျက် ရှိသည်။

ဆီးရီးယား အစိုးရသည် ဓာတုလက်နက် အသုံးပြုခြင်း ရှိ မရှိနှင့် ပတ်သက်၍ ကုလသမဂ္ဂ စုံစမ်းရေးမှူးများ အနေနှင့် အချိန် လေးရက်ခန့် ထပ်မံ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

ရရှိထားသော အထောက်အထား အားလုံးကို ကြည့်၍ ဆီးရီးယား အတိုက်အခံများတွင်း ယင်းကဲ့သို့သော ဓာတုလက်နက် မရှိကြောင်း၊ ဆီးရီးယား အစိုးရသာ ဓာတုလက်နက်ကို သုံးခြင်း ဖြစ်ကြောင်း၊ ဒီအတွက် ဆီးရီးယား အစိုးရနေနှင့် နိုင်ငံတကာ၏ အကျိုးဆက်များ ကြုံတွေ့မည်ဖြစ်ရာ အမေရိကန်သည် ၎င်း၏ မဟာမိတ်များနှင့် ဆွေးနွေး တိုင်ပင်လျက်ရှိကြောင်း အမေရိကန် သမ္မတ အိုဘားမားက PBS ရုပ်သံကို ပြောကြားသည်။

လူထုသဘောထား စစ်တမ်းများအရ ဆီးရီးယားကို အမေရိကန်က စစ်ရေး အရ ဝင်ရောက်စွက်ဖက်ရန် ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပြည်သူများ ကမူ စိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။

ထို့ပြင် အမေရိကန်သမ္မတ အိုးဘားမားထံသို့ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ် ၁၁၀ ကျော် တို့က လက်မှတ် ရေးထိုး၍ ပေးပို့သော စာတွင် ဆီးရီးယားနှင့် ပတ်သက်၍ မည်သည့် လုပ်ရပ်မျိုး ပြုလုပ်သည် ဖြစ်စေ လွှတ်တော်၏ သဘောတူညီချက် ရယူရန် တောင်းဆိုထားသည်။

ဆီးရီးယားနှင့် ပတ်သက်၍ စစ်ရေးအရ တိုက်ခိုက်မှုကို အမေရိကန် တစ်ဦးတည်းက ပြုလုပ်မည် မဟုတ်ဟုလည်း အမေရိကန် အစိုးရက ပြောကြားထားသည်။

အမေရိကန်၏ အနီးကပ် မဟာမိတ်ဖြစ်သော ဗြိတိန်ကလည် ဆီးရီးယားတွင် စစ်ဆေးနေသော ကုလသမဂ္ဂ လက်နက် စုံစမ်းစစ်ဆေးရေးမှုများ၏ အဖြေကို စောင့်စားမည် ဖြစ်ကြောင်း သဘောတူညီ ထားသည်။

The Voice Weekly

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး



Friday, August 30, 2013

လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်
တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်
တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းများတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားမှုများရှိနေ



Friday, August 30, 2013

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာသော အခြေအနေများကြောင့် ပြည်ပခရီးသည်ဝင်ရောက်မှုမှာ လည်း တစ်နှစ်နှင့်တစ်နှစ် တိုးတက် များပြာလာနေသဖြင့် ပြည်တွင်းရှိ ဟိုတယ်လုပ်ငန်းများလည်းဖွံ့ ဖြိုးတိုး တက်လာခဲ့သည်။

ပြည်တွင်းရှိ ဟို တယ်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက် လာသည်ဟု ဆိုသော်လည်း နိုင်ငံ ခြားခရီးသည်ဝင်ရောက်မှုမှာ သိသိ သာသာ တိုးတက်များပြားနေသဖြင့် ဟိုတယ်အခန်း မလုံလောက်မှုအခြေ အနေများ ဖြစ်ပေါ်လာနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဟိုတယ် လုပ်ငန်း ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ် ကိုင်ရန် အခွင့်အလမ်းကောင်းများ မှာရှိနေသဖြင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ် ၀င်စားနေကြသကဲ့သို့ အချို့သော ပြည်ပနိုင်ငံများမှလည်း လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြပြီဖြစ် သည်။

ယခုအခါ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် စီးပွား ရေးလုပ်ငန်းရှင်များမှလည်း မြန်မာ နိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ ရင်း နှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားနေ ကြပြီးလာရောက်လုပ်ကိုင်ရန် စီစဉ် နေကြောင်းသိရသည်။ အမေရိကန် နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စား နေသော နေရာဒေသများမှာရန်ကုန်၊ ပြင်ဦးလွင်နှင့် ပုဂံ စသည့် နေရာဒေ သများဖြစ်သည်။ အမေရိကန်လုပ် ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာတွင် တစ်ဦးတည်းပိုင် (သို့) အကျိုးတူ ဖက်စပ်ရင်းနှီးမြှုပ်နှံ ကြမည်ဖြစ်သည်။

လက်ရှိ ရန်ကုန် မြို့တွင် ဟိုတယ်အလုံး ၂၁၀-အခန်း ၉၁၆၃ခန်း၊ မန္တလေးမြို့တွင် ဟိုတယ် ၈၃လုံး-အခန်း၃၅၂၂ခန်း၊နေပြည် တော်ဒေသတွင် ဟိုတယ်အလုံး၄၀ အခန်း၂၅၃၇ခန်း၊ ပုဂံ ညောင်ဦးမြို့ တွင် ဟိုတယ် ၇၆လုံး အခန်း ၂၃၃၁ခန်း၊ တောင်ကြီးအင်းလေး ဒေသတွင် ဟိုတယ်၆၁လုံးအခန်း ၁၇၁၈ ခန်းအ ထိ ဖွင့်လှစ်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ် သည်။

ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် နိုင်ငံခြား ဟိုတယ်၄၇ခုရှိပြီး အမေရိ ကန်ဒေါ်လာ ၁၅၈၅ဒဿမ ၈၁၁သန်း ရင်းနှီးမြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃ ဒဿမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။


ဇာညီသစ္စာ

ပို့ဆောင်ရေးသတင်းဂျာနယ်

တက္ကသိုလ်နှင့် ဂျူတီများ


ဤဆောင်းပါးကို ရေးဖို့တွန့်ဆုတ် တွေဝေနေဆဲမှာပဲ ဂျာနယ်အဟောင်း (ရက်လွန်ဂျာနယ်) တစ်စောင်ထဲက ဆရာမောင်ဆွေသက်ရဲ့ ”တာဝန်ကိုယ်စီ” ဆောင်းပါး ကိုဖတ် မိပြီး ရေးဖြစ်သွားရပါတယ်။ Popular News ဂျာနယ်ပါ။ Vol.5, No.5, January 31, 2013 နေ့ထုတ်၊ စာမျက်နှာ ၂၇ မှာပါ။ ကျွန်မ ရင်ထဲမှာလည်း ခံစားချက်ပြင်း ထန်နေချိန်နဲ့ တိုက်ဆိုင်သွားတာမို့ စေ့ဆော်မှု တစ်ခုဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လမ်းညွှန် စာအ ချက်အလက်ကို ဖတ်ရင်း ယနေ့ဝန်ထမ်းများ အတွက် ဝမ်းသာကြောင်း ရေးသားခြင်းဖြစ်ပါ တယ်။ အစိုးရအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု စနစ်ကောင်းမွန်ေ အာင် ပြုပြင်ပြောင်းလဲဆောင် ရွက်ရေး ညွှန်ကြားချက်ဖြစ်ပါတယ်။

ဝန်ထမ်းများအား သတ်မှတ်ရုံးချိန် အတွင်းမှာသာတာဝန်ပေးရန်နှင့် အရေး ကြီးလုပ်ဆောင်ရန် လုပ်ငန်းများရှိ၍ အချိန်ပိုဆောင်ရွက်ရန်လိုအပ်ပါက ည ၇ နာရီအချိန် ပြန် လည်ခေါ်ယူ၍ တာဝန် ပေးရန်၊ အမှန်တကယ်လိုအပ်မည့် ဝန် ထမ်းကိုသာ အချိန်ကန့်သတ် တာဝန်ပေး ရန်၊ တစ်ရုံးလုံး တစ်ဌာနလုံး ခေါ်ယူခြင်း မပြုရန်.. အသေး စိတ် ညွှန်ကြားထားခြင်းဖြစ် ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ဂျူတီကျချိန် မှာ ထိုစာဝင်လာတာကြောင့် ပါမောက္ခဆရာမ ကြီးနဲ့အတူ ကျွန်မဖတ်လိုက်ရတဲ့စာလည်း ဖြစ် ပါတယ်။ ထိုစာထဲမှာ ဝန်ထမ်းတွေကို လိုအပ် လျှင် လိုအပ်သလို သက်သာချောင်ချိရေးအတွက် အပိုဝင်ငွေများပေးရန် လမ်းညွှန်ချက်လည်းပါပါတယ်။ လမ်းညွှန်စာ တရားဝင်ပို့သော်လည်း တကယ် လုပ်ဆောင်မှုရှိ၊ မရှိဆိုတဲ့အပိုင်းကို ကျွန်မက ပြောချင်တာပါ။ ကျွန်မက ရန်ကုန် တက္ကသိုလ်က ကထိကတစ်ဦးပါ။ ရန်ကုန်တက္က သိုလ်ဆိုတာ သမိုင်းဝင် တက္ကသိုလ်ပါ။ ကမ္ဘာက အသိအမှတ်ပြုခဲ့ဖူးတဲ့ တက္ကသိုလ်ကြီးပါ။ ဒါကို အားလုံး သိပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကိုတော့ အား လုံးအသေးစိတ် မသိနိုင်ပါဘူး။ ဧပြီလ ၁ ရက် နေ့ကစပြီး တက္ကသိုလ်ဝင်တန်း စာစစ်ဝင်ရပါ တယ်။ အဲဒီမတိုင်မီမှာလည်း အချို့ဆရာ၊ ဆရာမတွေက Code ထုတဲ့ လုပ်ငန်းမှာ နေ့မအား၊ ညမအား လုပ်ရပြန်ပါတယ်။ တက္ကသိုလ် ဝင်တန်း စာစစ်တာကလည်း ဧပြီ ၁၂ ရက်နေ့မှ အမှတ်သွင်းပြီးကြတာပါ။ ပြက္ခဒိန်မှာတော့ ဧပြီ ၁၂ ရက်ဟာ အနီရောင်ဖြစ်သွားပါပြီ။ နှစ်သစ် ကူးရုံးပိတ်ရက်စပြီဆိုတဲ့ သဘောပေါ့။ ဒါက အရေးကြီးလုပ်ဆောင်ရန် လုပ်ငန်းရှိလို့ အချိန်ပို ဆောင်ရွက်ရတာ နားလည်ပါ တယ်။ လုပ်လာ တာကြာပြီ။ ဘယ်တုန်းကမှလည်း အသံမထွက်ခဲ့ ကြပါဘူး။ ဒီနှစ်က ထူးဆန်းတယ်။

နိုင်ငံတော် အစိုးရကလည်း ကောင်းမွန်သော အစိုးရ၊ သန့် ရှင်းသော အစိုးရဖြစ်အောင် အမျိုးမျိုးညွှန်ကြား စာတွေထုတ်၊ ဥပဒေတွေ ပြင်နေတာ အားရစရာ ပါ။ သို့ပေမဲ့ ခေါက်ရိုးကျိုး…အဲ ခေါက်ရိုးကျိုးရုံ မက ပြတ်တဲ့အဆင့်ရောက်နေသူ အချို့ကြောင့် လက်အောက်ဝန်ထမ်းတွေလည်း အတော်စိတ် ပျက်ကြရပါတယ်။ ဘာတဲ့ .’ပိတ်ရက် ကာလအ တွင်း လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင် ရွက်စေရေး’…ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျူတီစောင့် ရမတဲ့။ ရုံးချိန်အတွင်း ဌာနမှာ စောင့်ရမတဲ့။ ရုံး ပိတ်ရက် ၁ဝ ရက်မှာ အလှည့်ကျ ဂျူတီစောင့်ရ မှာပါ။ သင်္ကြန်အကြိုနေ့ကနေ …ဧပြီ ၂၁ ရက်နေ့အထိ။ ကျွန်မနဲ့ လက်ထောက်ကထိက ဆရာမလေး တစ်ယောက်က ဧပြီ ၁၈ ရက်နေ့မှာ တာဝန်ကျပါတယ်။ တက္ကသိုလ်ဝင်တန်း စာ စစ်မှူး တာဝန်မှူုး တာဝန်ထမ်းဆောင်ဆဲ အချိန် မှာသိရှိကြောင်း လက်မှတ်ထိုးပေးလိုက်ရတယ်။ မနက်စောစော ၇ နာရီလောက်ကနေ ည ၇ နာရီလောက်အထိ အလုပ်လုပ်နေကြရတဲ့ ကျွန်မ တို့ဟာ အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ ရက်တွေမှာ လာရောက် တာဝန် ထမ်းဆောင်ကြရမှာတဲ့။ ကျွန်မတို့က သင်္ကြန် ရက်တွေ ကျော်သွားလို့ သွားလာရေး အဆင်ပြေပေမယ့် သင်္ကြန်ရက်အတွင်း ဂျူတီ ကျသူတွေ ဘယ်လိုများ သွားလာကြသလဲ.. စဉ်းစားမိပါတယ်။ ကိုယ်ချင်းစာမိပါတယ်။

ဂျူတီစောင့်ခဲ့ရတဲ့ အတွေ့အကြုံလေးကို လည်း မျှဝေချင်ပါသေးတယ်။ ဌာနရုံးခန်းထဲမှာ ဌာနဖုန်းတစ်လုံးနဲ့ ကျွန်မတို့ ဆရာမနှစ်ယောက် ထိုင်နေရပါတယ်။ ကျွန်မက ဂျူတီခေါင်းဆောင် လေ။ တစ်ခုခုအန္တရာယ်ကြုံလာရင် ကြိုတင်ကာ ကွယ်နိုင်ဖို့ စီစဉ်ရပါတယ်။ ဌာနရုံးခန်းဘက်ချိုး ကွေ့တဲ့ ကော်ရစ်ဒါက သံဘာဂျာတံခါးကို စေ့ ထားလိုက်တယ်။ အဲဒီသံဘာဂျာတံခါးနားမှာ လူ လာရပ်ရင် မြင်ရတဲ့ခုံမှာ ကျွန်မက ထိုင်တယ်။ စကားပြောရင်း အဲဒီနားမှာ လူစိမ်းလာရပ်၊ မရပ် မျက်ခြည်မပြတ်အောင် ကြည့်နေရတယ်။ တစ်ခု ခုဖြစ်ရင် ရုံးခန်းအဝင်တံခါးကိုပိတ်ပြီး သက်ဆိုင် ရာကို ဖုန်းဆက်အကူအညီတောင်းမယ်လို့ စဉ်း စားထားပြီးသား။ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး ပေါ့။ သတိလက်လွတ်နေလိုက်လို့ တစ်ခုခု အန္တရာယ်ကြုံရင် ဘယ်လို လုပ်မလဲ။ ကျွန်မတို့ ဆရာမနှစ်ယောက်ရဲ့ လုံခြုံရေးကိုတော့ တာဝန် ရှိသူက ဘယ်သူ့ကိုမှ တာဝန်ပေးထားဟန် မတူပါဘူး။ လူသတ်မှုတွေက ပုံစံအမျိုးမျိုးနဲ့ ဖြစ် နေတာကို ဂျာနယ်တွေ ထဲမှာ ဖတ်ထားရတော့ ကြောက်တယ်။ ရုံးပိတ်ရက်အတွင်း လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်ရေးဆိုတဲ့ ခေါင်း စဉ်နဲ့ ဂျူတီစောင့်ရပေမယ့် မည်သည့်လုပ်ငန်း ဆောင်တာကိုမှ လုပ်နေခြင်း မရှိရိုးအမှန်ပါ။ ထိုင်စ ကားပြောပြီး ရုံးချိန်ကုန်တော့ ပြန်လာ ကြပါတယ်။ သြော်… တစ်ခုပြောဖို့မေ့သွား တယ်။ ကျွန်မတို့ ဂျူတီစောင့်မစောင့် ဌာနဖုန်းကို ဆက်ပြီးမေးပါတယ်။ ကျွန်မနာ မည် ကို ပြော ပြရပါတယ်။ ကျွန်မတော်တော် အတာပဲ။ အခု ဖုန်းဆက်မေးတဲ့ သူကရော ဘယ်သူလဲ၊ ဘယ် ဌာနကလဲ၊ ဘာရာထူးလဲ.. ဆိုတာ ပြန်မေးလိုက် ရမှာ။ ကျွန်မထင်ပါတယ်။ သူလည်း ကျွန်မလိုပဲ ရုံးပိတ်ရက်မှာ ဂျူတီလာစောင့်တဲ့သူပဲဖြစ်မှာ။ ကျွန်မစဉ်းစားကြည့်မိတယ်။ ရုံးပိတ်ရက်အတွင်း လုပ်ငန်းများအရှိန် အဟုန်မ ပျက်ဆောင်ရွက် ရေးဟာ ဘာလဲလို့။

‘အဓိပ္ပာယ်မဲ့ ဂျူတီစောင့်ခြင်း’ လို့ အဖြေထွက်လာပါတယ်။ နိုင်ငံတော်အစိုးရက တရားဝင်ပိတ်ရက်သတ်မှတ်ထားချိန်မှာတောင် အလှည့်ကျ ဂျူတီထားတဲ့ ရန်ကုန် တက္ကသိုလ် ကြီးဟာ ကျောင်းဖွင့်ရက်မှာလည်း အလားတူ ဂျူတီတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ သံသယ ပွားစရာမလိုပါဘူး။ တွက်ကြည့်မိတယ်။ အ. ဆ.ည ဂျူတီ၊ ရုံးခန်းဂျူတီ၊ မိုဘိုင်းဂျူတီ၊ ဂိတ် ဂျူတီ၊ စာကြည့်တိုက်ဂျူတီ.. ဘာဂျူတီ၊ ညာ ဂျူတီ..စတဲ့ မပြီးဆုံးနိုင်တဲ့ ဂျူတီတွေ စောင့်နေ ကြရတာကို အထက်လူကြီးတွေက သိမှ သိပါ လေစ။ ဂျူတီတွေသာ စောင့်နေရတာ။ လူဝင် ပေါက်တွေက ဖွင့်တာမဟုတ်ဘူး။ ဂျပ်ဆင်ရှေ့က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းပိုင် တံခါးမကြီး တစ် ပေါက်ပဲ ဖွင့်တော့တာ။ ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းရဲ့ ဘုရားလူကြီးနေထိုင်တဲ့ အိမ်ခြံဝင်း တံခါး လူဝင်ပေါက်ကလေး ဖွင့်ပေးလို့သာ ကျွန်မတို့ဟာ ကျောင်းထဲကို အဆင်ပြေပြေ သွား လာနိုင်တာပါ။ အဲဒီ ဘုရားလူကြီးမိသားစုကို ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်း မိပါတယ်။ နောက်တစ်ချက် ပြောစရာရှိပါသေး တယ်။

ရန်ကုန်တက္ကသိုလ်ဟာ ဈေးဆိုင်ခန်းငှားခ တွေ၊ ဘွဲ့ နှင်းသဘင်ကျင်းပမှုအတွက် ကောက်ခံ ရရှိတဲ့ ဝင်ငွေတွေ.. စတာတွေနဲ့ ဝန်ထမ်းတွေ ကို သက်သာချောင်ချိရေး ဝင်ငွေရှာပေးလေ့ရှိပါ တယ်။ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာထွန်း ခင်လက်ထက်က နှစ်သစ်ကူးရုံးပိတ်ရက်မှာ လှူ တန်းဖို့ ဝန်ထမ်းတစ်ယောက်ကို နှစ်သောင်းပေးခဲ့ တာကို ရဖူးပါတယ်။ အင်္ဂလိပ်နှစ်ကူးရင်လည်း ပေးပါတယ်။ အခုတော့ အဲဒီငွေတွေဘယ်ရောက် ကုန်သလဲမသိပါဘူး။ ကျောင်းအတွက် စုထား တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မဘာကြောင့် ဒါတွေ ထည့်ရေးရတာလဲ။ ဒီငွေကို ကျွန်မ မက် မောလို့ ကျွန်မတစ်ယောက်တည်းအတွက် ဒီလို ရေးနေတာလည်း မဟုတ်ပါဘူး။ ကျွန်မတစ် ယော က်တည်း အကျိုးအတွက် ပြောနေတာ မဟုတ်ပါဘူး။ ဒီလိုရေးတဲ့အတွက် ကျွန်မ ကိုယ်ကျိုးကိုတောင် ထိခိုက်နိုင်တာ အားလုံး အသိပါ။ ဒါကြောင့်လည်း လူတွေက အမှန် ကို ပြောဖို့ရေးဖို့ တွန့်ဆုတ်နေကြတာဖြစ် ပါတယ်။

သူတို့က လိမ္မာပါးနပ် ကြတာပါ။ ဘယ်သူက အလုပ်ပြုတ်ခံချင်မှာလဲ။ မ ကောင်းတဲ့ နယ်စွန်နယ်ဖျားကို အပို့ခံချင် မှာလဲ။ ကျွန်မလည်း လူပဲ။ ကြောက်စိတ် ရှိတာပေါ့။ ဒါပေမဲ့ ဖြစ်လာသမျှ ငါခံမယ် ဆိုတဲ့ စိတ်ကို ရင်းပြီးရေးတာပါ။ ဒီလို ရေးလို့ ဘာဖြစ် နိုင်သလဲ..ဆိုတာ ကျွန်မအရင် စဉ်းစားပြီးသားပါ။ ထားတော့။ သက်သာချောင် ချိရေး ငွေအကြောင်း ဘာကြောင့် ထည့်ပြောရ သလဲဆိုရင် မြန်မာနှစ်သစ်မကူးခင်ကာလက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ စစ် ရတော့ အခြားတက္ကသိုလ်က ဆရာ၊ ဆရာမတွေ လည်း ရန်ကုန်တက္ကသိုလ်မှာ စာလာစစ်ကြပါ တယ်။ သူတို့ကျောင်းတွေက နှစ်သစ်ကူး ရုံးပိတ် ရက်တွေမှာ လှူဒါန်းဖို့ ငွေနှစ်သောင်းခွဲပေးတဲ့ အကြောင်း ပြောသံကြားရတော့ ရန်ကုန်တက္က သိုလ်က ဝန်ထမ်းတွေခမျာ ပါးစပ်ကလေး အ ဟောင်းသားနဲ့ပေါ့။ ကိုယ့်ကျောင်းက ပေးမလား မျှော်လင့်ကြတာပေါ့လေ။ ဝန်ထမ်းတစ်ယောက် က တော့ပြောပါတယ်။ တစ်ပြားမှ မပေးတာ လေးနှစ်လောက်ရှိပြီတဲ့။

ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားစာ ထဲမှာပါတဲ့အတိုင်း ဝန်ထမ်းတွေကို သက်သာချောင်ချိရေးငွေကြေးရှာပေးသင့်သလို တရားဝင် ရုံးပိတ်ရက်တွေမှာ ဂျူတီချ ထားပြီး အဲဒီဂျူတီကျ ဝန်ထမ်းရဲ့ လုံခြုံရေးအတွက်ကိုလည်းစဉ်းစားပေးမှသာလျှင် သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရကိုဖော်ဆောင်တဲ့ ဒီမိုကရေစီ အစိုးရ အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယူဆမိပါတယ်။ duty ကို Oxford School Dictionary ထဲမှာ What you ought to do or must do … … လို့ဖွင့်ဆိုပြီး Dictionary တစ်အုပ်မှာတော့ Something that one must လို့ ဖွင့်ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ သဘော Responsibility ကိုတော Something for which a person is responsible …လို့ ဖွင့်ဆိုပါတယ်။ တစ်စုံ တစ်ရာအတွက် တာဝန်ကျေပွန်မှုဆိုတဲ့သဘော။ အရည်မရ အဖတ်မရ ဂျူတီတွေ စောင့်ဖို့ထက် ကိုယ့်ရာထူးကိုယ့် ပညာနဲ့ လိုက်လျောညီထွေရှိတဲ့ တာဝန်သိမှု၊ တာဝန်ကျေမှုကသာ အရေးကြီးဆုံး လို့ ယူဆမိ တာကြောင့် ဤစာကို ရေးရခြင်းဖြစ် ပါတယ်။

စိမ်းစုစံ

မဲဆောက် တရုတ်ဘုံကျောင်း ဆန်လှူပွဲ



နှစ်စဉ်ကျင်းပမြဲဖြစ်သော မဲဆောက်တရုတ်ဘုံကျောင်း ဆန်လှူပွဲကို သြဂုတ်၂၇ရက်က မဲဆောက်တွင်ကျင်းပရာ လူတစ်သောင်းကျော်မှ ဆန်ထုပ် လာရောက်အလှူခံခဲ့ ကြကြောင်း သိရသည်။ ”ဒီပွဲက ဒီလရောက်တိုင်း နှစ်စဉ်ကျင်းပတယ်။ လူတစ်သောင်းကျော် နှစ်သောင်းခန့်က နှစ်စဉ်လှူတဲ့ ဆန်ထုပ်တွေလာပြီး အလှူခံယူနေကြဖြစ်တယ်။ ဦးသိန်းစိန်အစိုးရတက်လာပြီး ဆင်းရဲမွဲတွေမှု ပပျောက်ရေးပြောခဲ့တာ သုံးနှစ်ရှိပြီ။ မဲဆောက်တရုတ်ဘုံကျောင်းကလှူတဲ့ ဆန်ထုပ်တွေကိုလာယူတဲ့ မြန်မာပြည်ဘက် ကလူတွေရဲ့အရေအတွက်ဟာလဲ သုံးနှစ်အတွင်း လျော့သွားတယ်ဆိုတာ မရှိသေးပါဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

အနုပညာက အသက်ထက် တန်ဖိုးကြီးတယ် ဆိုသူ ယွန်းရွှေရည်



ဇာတ်ကား တစ်ကားမှာ ဇာတ်ပို့ နေရာ ဟာလည်း အရေးပါ လှတဲ့ အခန်းကဏ္ဍ ဆိုရင် မမှားပါဘူး။ ဇာတ်ဆောင် တစ်ဦးကို ပံ့ပိုးပေးရတဲ့ ဇာတ်ပို့သမား တစ်ယောက် အဖြစ် ရပ်တည်ကြတဲ့ ဇာတ်ပို့ အနုပညာရှင် တွေ အရေအတွက် နည်းပါတယ်။ ဇာတ်ပို့ နေရာမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားပြီး သရုပ်ဆောင်မှု အပိုင်းမှာ လည်း ပရိသတ် လက်ခံထားတဲ့ ဇာတ်ပို့ မင်းသမီး တစ်ဦးကတော့ ယွန်းရွှေရည်ပါ။ ဇာတ်ပို့သမား တစ်ယောက်ရဲ့ ဘဝမှာ နေရာတစ်ခု ရလာအောင် ကြိုးစား ခဲ့ပုံကိုမေး ကြည့်တော့ “ဇာတ်ပို့ ဆိုတာ ဇာတ်ကား တစ်ကားရဲ့ တစ်ထောင့် တစ်နေရာမှာ လိုအပ်ပါတယ်။ ဘာပဲပြောပြော တစ်ခါတလေ အစ်မ တို့ဇာတ်ပို့တွေ ကလည်း ဇာတ်ကား တစ်ကားရဲ့ အဓိက ကျတဲ့နေရာ လည်းရှိပါတယ်” လို့ပြောပါတယ်။ ရရှိထားတဲ့ အောင်မြင်မှုမှာ ရပ်မနေဘဲ ရှေ့ကို တိုးဖို့ ဘာတွေ လုပ်ဆောင် သင့်တယ် လို့မြင်လဲ လို့ မေးကြည့်တော့.. “အနုပညာ လောကမှာ နေရာ တစ်ခုရပြီး ပိုပြီး ခိုင်မာအောင် ဆိုတာ ကိုယ့်ဘက်က ပိုပြီး ကြိုးစားရမှာပဲ လေ။ ပရိသတ်တွေ ကိုယ့်ကို ပိုပြီး  အားပေးအောင်၊ အားပေးတဲ့ ပရိသတ် ပိုပြီးခိုင်မာအောင် ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားရပါမယ်” လို့ ပြောပါတယ်။ အနုပညာကို မြတ် နိုးတဲ့ လူတစ်ယောက် အနေ နဲ့ အနုပညာက ကိုယ့်အတွက် တန်ဖိုး ဖြတ်လို့မရတဲ့ အရာ တစ်ခုဖြစ် ကြောင်း၊ တန်ဖိုးလည်း ကြီးသလို တအားလဲ ခက်ခဲ ပါကြောင်း၊ အလွယ် တကူ ဝင်ရောက် လုပ်ကိုင် လို့ရတဲ့ အလုပ် မဟုတ်ကြောင်း၊ ဒီအနု ပညာကု ကိုယ့်အတွက် အသက်ထက် တန်ဖိုး ပိုကြီးကြောင်း၊ စားဝတ် နေရေးရော၊ လူမှုရေးရော အစစ အရာ ရာ ဖြေရှင်းပေးတဲ့ အသက် မွေးဝမ်းကျောင်း အလုပ်လို့ သတ်မှတ် ထားကြောင်း အနုပညာ သက်တမ်း ၄နှစ် ကျော် ရှိလာပြီ ဖြစ်တဲ့ ယွန်းရွှေရည်က ပြောပြခဲ့ပါ တယ်။
ထူးထူး

Related Posts Plugin for WordPress, Blogger...