Thursday, January 2, 2014

အနားယူ အပန်းဖြေရန် နည်းလမ်း ၅ ခု



စိတ်ညစ်တဲ့အခါ၊ အလုပ်ရှုပ်တဲ့အခါ အချို့သော လူများဟာ စိတ်ကိုယ် ပင်ပန်းမှုကို ဖြေဖျောက် စေဖို့ ဆေးဝါးတွေ အသုံးပြုကြပါတယ်။ ဥပမာ- အားဆေး၊ အိပ်ဆေး။

အမှန်တော့ ယင်းဟာ မှားယွင်းတဲ့အယူအဆ ဖြစ်ပြီး ကြာလာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်ဆုံး အပန်းဖြေနိုင်မယ့် နည်းလမ်း ၅ခုကို Hearcare ဝဘ်ဆိုဒ်မှ ယခုလို ဖော်ပြထားပါတယ်။

၁။ Autogenic relaxtion

Autogenic relaxtion ဆိုတာ စိတ် အပန်းဖြေမှုအတွက် အသားပေးပါတယ်။ Calming word ရွတ်ဆိုပေး ရမယ်လို့ ဆိုပါတယ်။ ဆိုလိုရင်းက စိတ်ငြိမ်စေအောင် စကားလုံးရိုးရိုးရှင်းရှင်း တစ်ခုခုကို ထပ်ခါထပ်ခါ တိုးတိုးဖွဖွ ရေရွတ်ဖို့ ဖြစ်ပါတယ်။ မြန်မာတွေမှာဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစရှိသဖြင့် ရွတ်ဆိုနေတာမျိုး၊ ဘုရားစာ ဂါထာ တစ်ခုခု ရွတ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဘုရားစာမဟုတ်ပဲ သင်္ချာ ဂဏန်း အစဉ်တန်း တစ်ခုခုကို ရွတ်ဆိုနိုင်ပါတယ်။

၂။ Visualization

အမြင်အာရုံကို စိတ်ထဲကဟာကို မှတ်ယူကြည့်ရပါမယ်။ စိတ်ထဲမှာ အေးချမ်း တဲ့၊ စိတ်အေးချမ်းတဲ့ ပုံရိပ်တစ်ခုခု၊ ရှုခင်းတစ်ခုခုကို စွဲနေပြီး ယင်းပုံကို ပဲ တွေးနေရပါမယ်။ ခက်ခဲတယ်လို့ ယူဆသူတွေအတွက် ရှုခင်းလှလှပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။

၃။ Progresive relaxtion

ဒါကတော့ ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေမယ့် နည်းလမ်း ဖြစ် ပါတယ်။ အဖုအထစ် မရှိတဲ့ ကြမ်းပြင်မှာ လဲလျောင်းပြီးတော့ ခေါင်း ကနေ ခြေဖျားထိပ်အထိ အကြောဆန့်ရန် ဖြစ်ပါတယ်။ ခြေလက်တို့ကို အတတ်နိုင်ဆုံး ဆန့်တန်းရပါမယ်။ လိုတာထက် ပိုလည်း အားမသုံးရပါဘူး။ ဒါက ကြွက်သားတွေကို ပိုနာကျင် စေပါတယ်။ ခေါင်းကနေ ခြေ ကို ၅ စက္ကန့် ဆန့်ပြီး စက္ကန့် ၃၀ ပြန်လည် အနားယူပါမယ်။ ယင်းလုပ်ဆောင်ချက် ကို ကြွက်သားတွေ တင်းမနေတော့ဘူးလို့ ယူဆရတဲ့အထိ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

၎။ Breathing Break

လေရှုလေထုတ် လေ့ကျင့်ခန်းကတော့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ သက်တောင့်သက်သာ ထိုင်နိုင်မယ့် ထိုင်ခုံမှာ ထိုင်ပြီးတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ လေကို ခပ်ပြင်းပြင် ရှူသွင်း၊ ခပ်ပြင်းပြင် မှုတ်ထုတ် ပေးရ ပါမယ်။ ခပ်ပြင်းပြင်းဆိုတာ အသက် ရှုကြပ်လောက်တဲ့ထိကို မဆိုလိုပါ။

၅။ Exercise

နောက်ဆုံးတစ်ခုအနေနဲ့ Exercise ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေဖို့ အကောင်းဆုံး နည်းလမ်းပြီး သာမန် လုပ်နေရိုးရှိ တဲ့ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်နိုင်ပါတယ်။

အထက်ပါ လုပ်ဆောင်ချက်အားလုံးကို တစ်ကြိမ်တည်းပြုလုပ်နိုင်ပါတယ်။ သို့သော် အားလုံးကို တစ်ပြိုင်နက်တည်းသာ လုပ်ဆောင်ရမယ်လို့လည်း မဆိုပါ။ အဆင်ပြေရင်ပြေသလို၊ နေရာဒေသ အခြေအနေလိုက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုခုကို ပြုလုပ်နိုင်ပါတယ်။

Ref:healthcar.com
အောင်ခမ်း ( ရိုးရာလေး )

သားမယားအဖြစ်နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုအင်တာနက်တွင် တင်သူအား မကွေးရဲတပ်ဖွဲ့အရေးယူ



သားမယားအဖြစ် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေအား အင်တာနက်တွင် တင်မည်ဟု ဆိုကာ ကာယကံရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မကွေးမြို့မှ နာမည်ကြီး စတိုးဆိုင် ၀န်ထမ်းတစ်ဦး ဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မသက်သက် ( အမည်လွဲထား ) သည် လွန်ခဲ့သော ၉ နှစ်ခန့်က ထိုစတိုးဆိုင်သို့ မကြာခဏ ဈေးဝယ်လာလေ့ ရှိသည့် မကွေးမြို့ ၊ ကန်သာရပ်ကွက် နေသူ စိုးလွင် ၄၂ နှစ်နှင့် ငြိစွန်းကာ သားမယားအဖြစ် နေထိုင်ဆက်ဆံ ခဲ့ကြာင်း ၊ ထိုသို့ နေထိုင်လာခဲ့ရာက စိုးလွင်သည်အိမ်ထောင်သည် တစ်ယောက် ဖြစ်ကြောင်း သိရှိရ၍ အတွေ့မခံ တော့ဘဲ ရှောင်တိမ်း နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်း ( နေ့ရက်မမှတ်မိ ) က စိုးလွင် ရောက်ရှိလာပြီး ၎င်းငှားရမ်း နေထိုင်ရာ ဆီသို့ အတင်းအကြပ် ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ၊ မသက်သက် က ငြင်းဆန်သော အခါ စိုးလွင် က မသက်သက် ၏ ပါးအားနှစ်ချက် ဆင့်ရိုက်ပြီး မသက်သက် ၏ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် လုပ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်း ၊ ထို့နောက်
စိုးလွင်သည် မူဆယ်သို့ သွားခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့က မကွေးသို့ ပြန်ရောက် လာကာ မသက်သက် နှင့် သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့သော ဗီဒီယိုဖိုင် အား အင်တာနက်တွင် တင်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ၊ ထို့နောက် မေလ ၂၃ ရက် နှင့် ဇွန်လ ၇ ရက်နေ့များက ၎င်းတို့နှစ်ဦး သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ဇွန်လ ၇ ရက်နေ့က သူမထံ ပေးပို့ခဲ့ကြောင်း ၊ သို့အတွက်မသက်သက် သည် ရှက်၍ မန္တလေး သို့ ထွက်သွားခဲ့ ကြောင်း ၊ မန္တလေးတွင် နှစ်ပတ်ခန့်နေခဲ့ ပြီးမကွေးသို့ ပြန်လာခဲ့ ကြောင်း ၊ မကွေးသို့ ရောက်ရှိပြီး အလုပ်ပြန်ဝင်ခဲ့ရာ စတိုးဆိုင်မှ လျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်း ဖြစ်သူကိုသော်တာ က သူမနှင့် စိုးလွင်တို့၏ ဗီဒီယိုဖိုင်အား အင်တာနက် ၀က်ဘ်ဆိုက် တစ်ခုတွင် ကြည့်ရှု ခဲ့ရကြောင်း ပြောပြသိရှိရ၍ မကွေးမြို့ ၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့မ ရဲစခန်းမှ (ပ)၁၃၇/၂၀၁၃ ၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆/ ၅၀၀/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ကာ အမှုကို ခိုင်မာစွာ တည်ဆောက်၍ အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

ပြည့်တန်ဆာလုပ်ငန်းနာမည်ကြီးတဲ့ထိုင်းနိုင်ငံ..သို့သော်.




ထိုင်းနိုင်ငံဟာ သာမန်အားဖြင့် ကမ္ဘာ့အလည်မှာ ပြည့်တန်ဆာ လုပ်ငန်း နာမည်ကြီးပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနောက်တိုင်းသား သတင်းသမား တစ်ယောက်ရဲ့ ရင်ဖွင့်သံ တခုက စိတ်ဝင်စားစရာပါ။


ကျနော် ကမ်ဘောဒီးယား လူကြီးတွေနဲ့စကားပြောခဲ့တယ်၊ သူတို့နိုင်ငံသူတွေက ဆင်းရဲပေမယ့် ထိုင်းတွေလောက် ပြည့်တန်ဆာ မများဘူး၊ တဲ့။

အလားတူ လာအို လူကြီးတွေနဲ့ စကားပြောပါတယ်။
သူတို့နိုင်ငံကို ထိုင်းလို ပြည်တန်ဆာ နိုင်ငံ မဖြစ်အောင် ထိန်းချုပ်ထားပါတယ်၊ တဲ့။

မြန်မာ လူကြီးတွေနဲ့ တွေ့တော့လဲ ထိုင်းလို အဖြစ်မခံဘူး၊ တဲ့။

သို့သော်....

ကျနော်တွေ့ဖူးသမျှ ထိုင်းက ပြည့်တန်ဆာမယ် တွေဟာ ကမ်ဘောဒီးယား၊ လာအို၊ မြန်မာ အမျိုးသမီးတွေပါပဲ၊ တဲ့။

ရင်ထဲကို နစ်သွားပါတယ်။

ဘယ်အရာမှ ဖုံးကွယ်လို့ မရပါလား၊ ဆိုတဲ့ အသိတရားလေး ရခဲ့ပါတယ်။

တွေးတော စရာ အများကြီးလဲ ရခဲ့ပါတယ်။

ရော်ဘင်ဟိုကို ရက်ရက်စက်စက် ဝေဖန်လိုက်တဲ့ ဆန်းတို့စ်အသင်းဥက္ကဌ



အေစီမီလန်အသင်းမှာနေရာမရ ဖြစ်နေတဲ့ ဘရာဇီးတိုက်စစ်မှူးရော်ဘင်ဟို ကို ခေါ်ချင်ပေမယ့်လည်း အီတလီတွေ ဘက်ကတောင်းနေတဲ့ ပြောင်းရွေ့ကြေး ယူရို(၁၀)သန်းဆိုတာ များလွန်းနေတယ် လို့ ဆန်းတို့စ်အသင်းဥက်္ကဌအဲလ်ဗာရိုရစ် ဘာရီယိုကပြောလိုက်ပါပြီ။

“ အသက်(၂၉) နှစ်ရှိနေပြီး နိုင်ငံတ ကာလက်ရွေးစင်က နေအပယ်ခံထားရတဲ့ ဘောလုံးသမားတစ် ဦးအတွက် ယူရို(၁၀) သန်းဆိုတာများတယ် ဗျာ။ ဒါ့အပြင် အေစီမီလန်နဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်တော့တာဆိုတော့ ပြောရရင် ယူရို(၆) သန်း လောက်ပဲတန်ပါတယ်” လို့ အဲလ်ဗာရိုက ဘရာဇီးရဲ့တစ်ချိန်က ငွေကြယ်ပွင့်လေးဖြစ်ခဲ့ဖူးသူရော်ဘင်ဟို ကို ရက်ရက်စက်စက်ပြောခဲ့ပါတယ်။

ရော်ဘင်ဟိုအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာ သီမှာ (၂၃)ပွဲကစားခွင့်ရှိခဲ့ပြီး (၂)ဂိုးသာ သွင်းနိုင်ခဲ့ကာ ဂိုးဖန်တီးမှုမှာတော့ (၆) ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ ဒီနှစ်မှာလည်း အေစီမီလန်အတွက် (၁၂)ပွဲကစားခဲ့ပြီး (၂)ဂိုးသာသွင်းနိုင်ပါသေးတယ်။ အေစီမီလန်မှာ ဘာလော့တယ်လီ၊ စတင်ဖန်အဲလ်ရှာရေး နဲ့ မာမက်ဒူနိုင်းတို့လို လူငယ်ခြေတက် တွေရှိနေတာကြောင့် ရော်ဘင်ဟိုအတွက် အသင်းပြောင်းပြီး ၂၀၁၄ကမ်္ဘာ့ဖလားပြိုင် ပွဲဝင်ဘရာဇီးလက်ရွေးစင်မှာ နေရာတစ် နေရာပြန်ရဖို့ အလိုရှိနေပါပြီ။

ပြည့်တန်ဆာနှစ်ယောက်ကို သတ်ပြီး သူတို့ ရဲ့ ရုပ်အလောင်းတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် တရုတ်ကျောင်းသား တစ်ယောက်ကို သေဒဏ်ပေး




အသက် ၂၃ နှစ်အရွယ် လီ လို့ ခေါ်တဲ့ ဒီဇိုင်းဘာသာရပ်သင်ယူနေတဲ့ တရုတ်ကျောင်းသားတစ်ယောက်ဟာ ပြည့်တန်ဆာနှစ်ယောက်ကို ကြိုးပေးသတ်ပြီး သူတို့ ရဲ့ အလောင်း တွေနဲ့ လိင်ဆက်ဆံခဲ့တယ် ဆိုတာ အပြစ် ထင်ရှားတဲ့အတွက် အဲဒီ့ကျောင်းသားကို သေဒဏ်ချမှတ်လိုက်ပါတယ်။

ဒါဟာ ဒီတုန်လှုပ်ရွံရှာဖွယ်ရာ အဖြစ်အပျက်ရဲ့ ဇာတ်သိမ်းမဟုတ်သေးပါဘူး။ လီဟာ အဲဒီ့ပြည့်တန်ဆာ နှစ်ယောက်ရဲ့ အလောင်းတွေကို တစ်စီပိုင်းပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါသေးတယ်။

ချန်ချူးပြည်နယ် တက္ကသိုလ်မှာ ဒီဇိုင်းပညာရပ်တက်ရောက်နေတဲ့ လီက ရဲတွေကို ထွက်ဆိုခဲ့ရာမှာ သူဟာ အတန်းချိန်တွေကို ပျက်ကွက်နေခဲ့ပြီး စာထဲစိတ်မ၀င်စားတဲ့အတွက် သူ့ စိတ်ကို ဖြေလျော့မယ့် နည်းလမ်းကို လိုအပ်နေလို့ အခုလို လုပ်ခဲ့တာပါတဲ့။ သူဟာ ဒီအဖြစ်အပျက်မဖြစ်ခင်ကတည်းက ရုပ်အလောင်း တွေ နဲ့  ကာမဆက်ဆံရတာ နှစ်သက်တဲ့ ရောဂါတစ်မျိုးရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဟာ ပထမဦးဆုံး အင်တာနက်ကနေ အသက် ၂၀ အရွယ် ပြည့်တန်ဆာတစ်ယောက်ကို ဌားရမ်းခဲ့ပါတယ်။ နောက် သူမကိုသတ်ပြီး အလောင်းကို ချန်ပင်းမြို့ က သူ့ အိမ်မှာ ဖွက်ထားခဲ့ပြီး သူမရဲ့ ရုပ်အလောင်းနဲ့ ကာမ ဆက်ဆံခဲ့ပါတယ်။ အဲဒီ့လအတွင်းမှာပဲ သူဟာ နောက်ထပ် ပြည့်တန်ဆာတစ်ယောက်ကို ထပ်ဌားရမ်းခဲ့ပြီး ပုံစံ တူပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။ နောက် သူဟာ အလောင်းတွေကို တစ်စစီပိုင်းဖြတ်ပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံထားခဲ့တာပါ။

ရဲတွေရဲ့ ခြေရာခံလိုက်မှုကနေ လီ ကိုဖမ်းမိခဲ့တာဖြစ်ပြီး ဒီဆိုးရွားတဲ့အပြစ်တွေအတွက် သေဒဏ် ချမှတ်ခဲ့တဲ့ အပြင် သူ့ သားကောင်ဖြစ်ခဲ့ရရှာတဲ့ ပြည့်တန်ဆာမိန်းကလေးနှစ်ယောက်ရဲ့ မိသားစုတွေကိုလည်း လျော်ကြေးငွေ ယွမ် ရှစ်သောင်း ( ပေါင် ၈၀၀၀ ) ပေးဆောင်ဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

Ref: mirror.co.uk

ရပ်ပ်ပါ E-9 နယူးဂျာစီမှာ သေနတ်နဲ့အပစ်သတ် ခံရ




နယူးဂျာစီပြည်နယ်က အလားအလာကောင်း ရပ်ပ်ပါ E-9 ဟာ ဒီဇင်ဘာ ၂၉ရက်နေ့၊ Nu Trendz ဆံသဆိုင်မှာ ပစ်သတ်ခံခဲ့ရပါတယ်။

အသက်၂၈ နှစ်အရွယ် ကာရံသမား၊ နာမည်ရင်း Eric Andrews ဆိုတဲ့ ရပ်ပ်ပါ E-9 ဟာ ဆံသဆိုင်ထဲ ကစားပွဲတစ်ခုကို ကြည့်နေတုန်း လူနှစ်ယောက်နဲ့ စကားများငြင်းခုံကြပြီး ပစ်သတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် Robert Wood Johnson တက္ကသိုလ်ဆေးရုံ အရေးပေါ်ခွဲစိပ်ဆောင် ကိုအမြန်ဆုံးပို့ခဲ့ပြီး အဲ့ဒီ့မှာပဲ ဆုံးသွားခဲ့ပါတယ်။

Antwan နဲ့ Zaire Cromedy အမည်ရှိတဲ့ ညီအစ်ကိုနှစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပြီး ပြစ်မှုကြီးဖြစ်တဲ့ လူသေလူသတ်မှုနဲ့ တရားစွဲထားပါတယ်။ သူတို့နှစ်ယောက်ကို နယူးဂျာစီပြည်နယ်၊ Somerset ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထောင်မှာ လောလောဆယ် ထိန်းသိမ်းထားပြီး ကန်ဒေါ်လာ ၅သိန်း အာမခံငွေနဲ့ လွတ်နေတယ်လို့ သိရပါတယ်။

ရပ်ပ်ပါ E-9ဟာ 6FO (aka George Opoku) နဲ့ သူငယ်ချင်းဖြစ်ခဲ့ပြီး နှစ်ယောက်တွဲ ရပ်ပ်တွေ ဆိုဖူးပါတယ်။ သူတို့နှစ်ယောက်ဟာ ဇန်န၀ါရီလ (၇)ရက်နေ့ နယူးရောက်မှာ ပွဲလုပ်မယ့် SOB’s မှာဖျော်ဖြေဖို့ အစီအစဉ်ဆွဲထားကြပြီး ဖြစ်ပါတယ်။ 6FOဟာ သူ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အတွက် ယူကျုံးမရဖြစ်နေပါတယ်။



E-9 သူငယ်ချင်း 6FO

“ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး အံ့ဘနန်းတွေလုပ်ခဲ့ကြတယ်။ သူဟာကျွန်တော့်ရဲ့ ညီအစ်ကို တစ်ယောက်ပါပဲ။ ကျွန်တော်ဟာ သူ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သလို၊ ကျွန်တော်ဟာလည်း သူ့ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ နာကျင်ရတယ်ဗျ။ Family ဓာတ်ပုံထဲက တစ်ယောက် ထွက်သွားပြီပေါ့ဗျာ။ ငိုလို့မဆုံးဘူး။ ဒါပေမဲ့ ချစ်ခင်ရတဲ့ E-9တစ်ယောက် ငြိမ်းချမ်းစွာ အနားရပါစေ။” လို့ 6FO ကပြောသွားပါတယ်။

ကျွန်တော်တို့ကလည်း E-9ရဲ့ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်။ E-9 တစ်ယောက် ငြိမ်းချမ်းစွာ အနားရပါစေဗျာ။

Ref:theboombox

အမျိုးသမီးတွေရဲ့ တိတ်ဆိတ်မှု သင်္ကေတများ



မိန်းကလေးတွေမှာ စကားအရမ်းပြောတာထက် ဆိုးတဲ့အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဘာစကားမှ မပြောတော့တာပါပဲ။ တိတ်ဆိတ်နေတဲ့ အပြုအမူဆိုတာ အမျိုးသမီးတွေရဲ့ လက်နက်တွေထဲက တစ်ပါးပါပဲ။ ကျန်တာတွေကတော့ ငိုတာနဲ့ မြည်တွန်တောက်တီးတာတွေပေါ့။

တကယ်လို့များ သင့်အမျိုးသမီးအနေနဲ့ ဘာစကားမှ လက်ခံပြောဆိုလို့မရတော့တဲ့အခါ ဘာကြောင့်လဲ ဝေခွဲရခက်နေရင်တော့ -

(၁) “ငါတော့ အမှားကြီးတစ်ခု လုပ်မိခဲ့တာပါလား”



ချစ်ခရီးလမ်းရဲ့ ကနဦးအစမှာ မျှော်လင့်ခဲ့ရတဲ့ အရာတွေဟာ တဖြည်းဖြည်းနဲ့ မဖြစ်လာနိုင်မှန်း သိလာတဲ့အခါ သူမဟာ အနှေးနဲ့အမြန်ဆိုသလို ဒီချစ်ခြင်းကို စိတ်ကုန်လာပါတယ်။ ဒီအခါမှာတော့ သင့်မျက်ဝန်းတွေကို စိုက်ကြည့်ကာ ဘာစကားမှ မပြောနိုင်ဘဲ စိတ်ထဲကနေသာ ၀မ်းနည်းယူကျုံးမရမှု တွေကို တီးတိုးရေရွတ်နေပါလိမ့်မယ်။

(၂) “ဒီအကြောင်းကို ပြောဖို့အရမ်းစိတ်ကုန်နေတယ်”



သူမဟာ သင့်ကိုကျောခိုင်းလို့ သင့်အကြည့်တွေကို ရှောင်ဖယ်ပြီး ခေါင်းကိုသာ ခါရမ်းနေပါလိမ့်မယ်။ ဒီအခါမှာ သင်တို့နှစ်ယောက် ဒီအကြောင်းကို ဆွေးနွေးဖို့ သူမအနေနဲ့ အလွန်စိတ်ကုန်နေပြီဆိုတာ သိသင့်ပါတယ်။

(၃) “ငါဒီအကြောင်းကို ပြောသင့်သလား”



အားလပ်ရက်ရနေတဲ့ တနင်္ဂနွေလိုနေ့လည်မျိုးမှာ Johnny Depp ရဲ့ နောက်ဆုံးဇာတ်ကား အကြောင်း သင်ပြောပြနေတဲ့အခါ တွေဝေငေးမောတဲ့မျက်လုံးတွေနဲ့ သူမက မလှုပ်မယှက် သင့်ကို ကြည့်နေမိလိမ့်မယ်။ တကယ့်စိတ်ထဲမှာတော့ သူမရဲ့ အထက်တန်းကျောင်းက ရည်းစားဟောင်း မနေ့က သူမကိုဖုန်းဆက်တဲ့အကြောင်း သင့်ကို ပြောသင့်/မပြောသင့် စဉ်းစားနေတာမျိုး ဖြစ်ပါလိမ့်မယ်။

(၄) “ငါ စိတ်ပေါက်နေတာကို တကယ်ပဲ မသိနိုင်ဘူးလား”



သင်ကတော့ ဘာအမှားမှမကျူးလွန်ထားဘူးလို့ ထင်လိမ့်မယ်။ ဒါပေမယ့် သူမမျှော်လင့်ထားတဲ့ အချိန် ၊ နေရာနဲ့ နေ့ရက်တစ်ခုခုမှာ သင်က သိပ်ပြီးတက်ကြွတဲ့ ၊ စိတ်လှုပ်ရှားတဲ့အသွင်အပြင်နဲ့ မရှိမိဘူးဆိုရင်ပေါ့။ သူမကို ဂရုစိုက်ရမယ့်အစား မသိလိုက် မသိဖာသာ နေမိတဲ့အခါမျိုးမှာ ဒီလိုအမူအရာမျိုး ရှိတတ်ပါတယ်။

(၅) “တကယ်လို့သာ ငါ့ဒေါသတွေကို မထိန်းထားဘူးဆိုရင် တကယ်ဆိုးရွားတဲ့စကားတွေ ပြောမိတော့မယ်”



ဟုတ်ပါတယ်။ သူမအနေနဲ့ အရမ်းကို ဒေါသထွက်ခံပြင်းနေတဲ့ အခါမျိုးမှာ ဘာစကားမှ မပြောတာ ပိုကောင်းပါတယ်။ မဟုတ်ရင်တော့ သူမရဲ့ ရင့်သီးတဲ့စကားလုံးတွေက တဆင့် ဒီထက်ပိုပြီး ပြဿနာကြီးထွားလာနိုင်ပါတယ်။

(၆) “တစ်စုံတစ်ရာထပ်ပြီး ဖြေရှင်းလိုက်ချင်ပေမယ့် သူနာကျင်ခံစားသွားရမှာကို မလိုလားဘူး”



သင့်ရဲ့အပြစ်တစ်ခုနဲ့ ပတ်သက်ပြီး သူမက တစ်စုံတစ်ရာ အတိအကျ သိထားပေမယ့် သင်ကလုံးဝ ၀န်မခံတဲ့အခါမျိုးမှာပေါ့။ ဒီအခါမှာ သင့်ကို သနားတဲ့အကြည့်တွေနဲ့ သက်ပြင်းတွေ ချလို့ ခပ်မဆိတ်ဘဲ နေလိုက်ပါလိမ့်မယ်။

(၇) “ဒီအတွက် အိမ်ရောက်ရောက်ချင်း ဖြေရှင်းရလိမ့်မယ်”



တချို့သော အမျိုးသမီးတွေကတော့ ဒေါသသံပါတဲ့ စကားတွေကို လူအများကြားမှာ ပြောဖို့ ဆန္ဒမရှိတတ်ကြပါဘူး။ ဒါကြောင့် အိမ်ရောက်တဲ့ အချိန်ထိတိုင်အောင် မျိုသိပ်ပြီး တလမ်းလုံး စကားတစ်ခွန်းမှ မပြောဘဲ လိုက်ပါလာပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ အမျိုးသမီးတွေ တိတ်တဆိတ်နေတဲ့အခါ စကားများတာထက် ပိုပြီး အန္တရာယ်ရှိကြောင်း သိလောက်ပြီပေါ့။

Ref:mensxp

ဝင့်ဒါလီ နဲ့ ကင်မရာဆရာ ရဲ့ ရိုက်ချက်


Wint Darli - Colorful Studio Photoshoot

Wint Darli - Colorful Studio Photoshoot



Wint Darli - Colorful Studio Photoshoot

Wint Darli - Colorful Studio Photoshoot

Wint Darli - Colorful Studio Photoshoot

ပြည်ပရောက် မြန်မာလုပ်သားများ အခက်အခဲကြုံပါက အေဂျင်စီ၊ ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတို့ ပူးပေါင်းဖြေရှင်းရန် လိုအပ်

January 2, 2014


၂၀၁၃ ခုနှစ်အတွင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်တွင် တွေ့ရသော မြန်မာအလုပ်သမားများ-(ဓာတ်ပုံ-နေထွန်းနိုင်)


ပြည်ပရောက် မြန်မာအလုပ်သမားများ အခက်အခဲ ကြုံတွေ့ပါက တာဝန်ယူ စေလွှတ်ခဲ့သော အေဂျင်စီ၊ ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတို့ ပှုးပေါင်းကာ တာဝန်ယူ ဖြေရှင်းရေးပေးရေးအတွက် အလုပ်သမားဌာနနှင့် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်အသင်းတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မြန်မာအလုပ်သမားများအား ပြည်ပသို့ မစေလွှတ်မီ လုပ်ငန်းခွင် အကြိုသင်တန်းနှင့် ကျွမ်းကျင်မှု သင်တန်းများပေးရေး၊ တရားဝင် မိသားစု ငွေလွှဲပို့နိုင်ရေး၊ ပြည်ပရောက် မြန်မာအလုပ်သမားများ အခက်အခဲ ကြုံတွေ့ပါက ဆက်သွယ် အကူအညီ တောင်းခံရမည့် နည်းလမ်းများ၊ အလုပ်သမားများ သိရှိစေရေးတို့အတွက် ဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အေဂျင်စီများ အနေဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရာ၌ တရားဥပဒေ စိုးမိုးမှုရှိပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသည့်ဒေသ၊ စက်ရုံအလုပ်ရုံများ၊ လက်လှမ်းမီနိုင်သော နေရာများသို့သာ အလုပ်သမားများ စေလွှတ်ရေး၊ မိမိတာဝန်ယူ စေလွှတ်ခဲ့သည့် အလုပ်သမားများအား အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ တာဝန်ယူ ဆောင်ရွက်ပေးရေးတို့ကို ၀န်ကြီးဌာနနှင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင် အမှုဆောင်အသင်းတို့ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ ရာခိုင်နှုန်း ခန့်ရှိသော ရွှေ့ပြောင်းအလုပ်သမားများသည် အိမ်နီးချင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်လျက်ရှိပြီး ခေါင်းပုံဖြတ် ခံရခြင်းနှင့် အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။ -

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်



(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။

(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။

သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။

သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။

(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့

သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။

အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။


(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။


(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။


(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။


(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။

သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။

(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။

သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။

(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။

အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။

(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။

သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။

သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။

နိုင်းနိုင်းစနေ

PTAF ရဲ့ Boss Ass Bitch ကို remix ထုတ်လိုက်တဲ့ Nicki Minaj



Nicki Minaj ကတော့နှစ်သစ်မှာ ကာရံသစ်တွေနဲ့ ပရိတ်သတ်တွေကိုနှုတ်ဆက်လိုက်ပါပြီ။ ဒီ rap အဆိုတော်ဟာ PTAF (Prettu Taking All Fades) ရဲ့သီချင်း “Boss Ass Bitch” ကို remix ပြန်လုပ်လိုက်ပါပြီ။

Manaj ဟာလက်တလောသူ့ရဲ့တတိယ studio album ကိုလုပ်နေတာဖြစ်ပြီး အဲဒီ့ album က heavy ဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ “ကျွန်မရဲ့တကယ့်အနှစ်သာရကိုပြန်သွားပြီး hip-hop အမာခံပရိတ်သတ်တွေကိုချပြမယ်” လို့ဆိုပါတယ်။

“kill, kill, kill, kill, kill, kill everything ဆိုတဲ့ကျွန်မပထမဆုံးအခွေမထွက်ခင်က နေရာကိုကျွန်မပြန်သွားနေပါတယ်။ Nicki Minaj တစ်ယောက် rap ကိုအာရုံစိုက်သင့်တယ်ဆိုတာကို ကျွန်မသဘောတူတယ်” လို့ Minaj ကဆိုပါတယ်။

https://soundcloud.com/nickimnewspaper/nicki-minaj-ft-ptaf-boss-ass

Ref:billboard

မီးတောင်ပေါက်ကွဲမှုအပြီးမှာ ဂျပန်နိုင်ငံကျွန်းတစ်ကျွန်းက နာမည်ကျော်ကာတွန်းဇာတ်ကောင် Snoopy ခွေးပုံ ဖြစ်သွား



ဂျပန်နိုင်ငံ ရဲ့ မီးတောင်တစ်ခုပေါက်ကွဲမှုတစ်ခုအပြီးမှာ ကျွန်းတစ်ကျွန်းရဲ့ ပုံစံဟာ နာမည်ကျော်ကာတွန်းဇာတ်လမ်းတွဲ ထဲက Charlie Brown ရဲ့ ခွေး Snoopy ပုံစံ ဖြစ်ကျန်ခဲ့ပါတယ်။ တိုကျိုမြို့  တောင်ဘက် ပင်လယ်ကနေ ၆၂၀ မိုင် အကွာအဝေးမှာ ရှိတဲ့ ကျွန်းမြေတစ်ခုဟာ မီးတောင်ပေါက်ကွဲမှုအပြီးမှာ နီရှီနိုရှိမ ကျွန်းနဲ့ ဆက်စပ်သွားပြီး Snoopy ဇာတ်ကောင်ပုံစံဖြစ်သွားတာပါ။ ဂျပန်နိုင်ငံ ပြည်သူတွေက အဲဒီ့ကျွန်းစုကို Snoopy ကျွန်းစု လို့ နာမည်ပေးထားကြပြီး ကမ္ဘာ့သတင်းစာမျက်နှာမှာ နာမည်ကြီးလျက်ရှိပါတယ်။

Snoopy ရဲ့ လည်စည်းအနီပုံစံလေးပါ ဖြစ်ပေါ်နေပြီး Snoopy နဲ့ တော်တော်တူတဲ့အတွက်ကြောင့် လူအများစု ဟာ အဲဒီ့ကျွန်းကို သွားလည်ဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ဂျပန်အာဏာပိုင်တွေက ဒီကျွန်းစုကို မသွားရောက်ဖို့ တားမြစ်ထားကြပြီး အဲဒီဧရိယာဟာ အခုထိ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

Ref: mirror.co.uk

၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း




ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်

၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် ပေါ်ထွက်လာမည့် အခြေခံဥပဒေလေ့လာသုံးသပ်သည့်အစီရင်ခံစာနှင့် ဇန်န၀ါရီနှောင်းပိုင်းတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖ

ွဲ့များ၏ အပစ်အခတ်ရပ်စဲရေးမူဘောင်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို အဓိကပုံဖော်ပေးမည့်ကိစ္စရပ်များဖြစ်သည်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအ၀င် ဥရောပနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကျယ်ပြန့်စွာဆက်သွယ်ဆက်ဆံမှုကိုရတော့မည် နှစ်တစ်နှစ်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ၏ ခြေလှမ်းအစအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ဇန်န၀ါရီလတွင်ပင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးများမှ ပေါ်ထွက်လာမည့် ရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို ပုံဖော်မည်ဆိုသော်လည်း ၂၀၁၄ ခုနှစ်တစ်နှစ်လုံးသည် သိသာထင်ရှားသော အပြောင်းအလဲများ တွေ့ရမည်မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုများ၊ စိန်ခေါ်မှုများနှင့် တအုံနွေးနွေးဖြင့်သာရှိမည့် နှစ်တစ်နှစ်လည်းဖြစ်နိုင်သည်။

“၂၀၁၄ ခုနှစ်ရဲ့အကြီးမားဆုံးရိုက်ခတ်မှုက ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကိစ္စဖြစ်လာမယ်။ အစီရင်ခံစာက ပြည်သူလိုလားတဲ့အနေအထားကို ရောက်မလား၊ မည်ကာမတ္တပဲဖြစ်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဝင်ဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အဓိကကျသည့်ခေါင်းဆောင်များ အထူးသဖြင့် အတိုက်အခံနှင့် တပ်မတော်ကြားတွင် အခြေခံကျသော နားလည်မှု၊ နိုင်ငံရေးသဘောတူညီချက်မရှိသည့်အတွက် ဥပဒေပြင်ဆင်ရာတွင် မရေရာမှုများနှင့်အတူ အခက်အခဲအချို့ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ယူဆကြသည်။

၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အဆင်ပြေနေသည့် အသိုင်းအ၀ိုင်းက ယခုပြုပြင်ပြောင်းလဲမှုများကို အန္တရာယ်ဟုမြင်လာနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ပိုမိုလွတ်လပ်သော အနေအထားများ ခံစားရရှိလာသဖြင့် ယခင်ကမျိုသိပ်ထားရသည့် အခြားတင်းမာမှုများ ပေါ်ထွက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့နိုင်သည့် နိုင်ငံရေးအခြေအနေကို သုံးသပ်ထားသည်။

“၂၀၁၄ မှာ သိပ်ပြီးတော့ပြင်းထန်တဲ့ လူမှုမငြိမ်သက်မှုတွေ ရုပ်ပျက်ဆင်းပျက် အားပြိုင်မှုတွေမဖြစ်အောင်လို့ အစိုးရပိုင်းက ထိန်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ မျက်နှာပျက်ရမယ့်ကိစ္စတွေကို ရှောင်ရှားချင်လိမ့်မယ်ထင်တယ်”ဟု နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းဇင်ကပြောသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် တပ်မတော်၊ လွှတ်တော်၊ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းသည် ၂၀၁၄ ခုနှစ်တွင် အကောင်အထည် ပေါ်၊ မပေါ် မရေမရာသာရှိနေသေးသည်။

“တွေ့ဆုံမှုက ဖြစ်ရင်ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဓိကကျတဲ့အချက်တွေကို ပြင်ဖို့ကတော့ အရမ်းခက်ခဲမယ်ဆိုတာ သတိပြုဖို့လိုတယ်”ဟု မြန်မာနိုင်ငံရေးကျွမ်းကျင်သူ သတင်းစာဆရာတစ်ဦးဖြစ်သည့် ဘာတေးလ်လင့်တနာကသုံးသပ်သည်။

အတိုက်အခံခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရန် မဖြစ်မနေပြင်ဆင်ရန် လိုအပ်နေသည့် ပုဒ်မ ၅၉(စ)ကို မပြင်ပေးပါကလည်း ရွေးကောင်ပွဲဝင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ပြောကြားလိုက်ပြီး အာဏာရပါတီကလည်း ပုဒ်မ ၅၉(စ)ကို ပြင်မည်ဟု ပြောကြားလိုက်သဖြင့် ခေါင်းဆောင်များကြားတွင် တစ်စုံတစ်ရာ အပေးအယူမှုများရှိနိုင်သည်ဆိုသော ခန့်မှန်းချက်များလည်းရှိလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့် တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် အပြန်အလှန်ဆက်စပ်မှုများရှိနေသည်ဖြစ်ရာ “အခြေခံဥပဒေမပြင်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူရဦးအောင်ကိုက ထောက်ပြသည်။

“ဒီနှစ်ထဲမှာတော့ တိုင်းရင်းသားတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဖြစ်ရင်ဖြစ်နိုင်မယ်။ ဒါပေမဲ့ အဖြေရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတော့ ပြီးပြတ်မယ်မထင်ဘူး။ နောက်တစ်ခုက သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို တစ်စုံတစ်ရာအာမခံချက်ရတဲ့အထိ ပြီးပြတ်စေချင်တယ်။ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ကတိက၀တ်မျိုးရတဲ့အထိ ဖြစ်စေချင်တယ်”ဟု တိုင်းရင်းသားလက်နက်ကိုင်များ၏ အရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူဖဒိုမန်းငြိမ်းမောင်ကပြောသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသားဖြစ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲအချို့ ဆက်ရှိနေဆဲဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့်လည်း အပစ်အခတ်ရပ်စဲရေးမရရှိသေးခြင်းက ၂၀၁၄ အတွက် နှစ်အဆက်ဆက် လက်ဆင့်ကမ်းပြဿနာအမွေဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ တိုင်းရင်းသားဒေသအချို့တွင်လက်နက်ကိုင်တိုက်ပွဲများနှင့် လူမျိုးရေးပဋိပက္ခများအတွက် စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် အင်အားကြီးပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများက သက်ဝင်လှုပ်ရှားလာတော့မည်။

“ဒီအချိန်မှာ စီးပွားရေးမူဝါဒကို ချပြရတော့မယ့်အချိန်ဖြစ်နေပြီ။ အချိန်ကသိပ်မရှိတော့ဘူး။ ရှေ့နှစ်မှာ အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဇုန် (AFTA)ကလည်း လာတော့မယ်။ ရွေးကောက်ပွဲကလည်း လာတော့မယ်။ ဒီတော့ စီးပွားရေးမူဝါဒကိုရေးရမယ်။လူပြိန်းကြိုက်နိုင်ငံရေးတွေ၊ ကြွေးကြော်သံတွေနဲ့ သွားရမယ့်အချိန်မဟုတ်တော့ဘူး”ဟု ဥရောပသမဂ္ဂ၏ စီးပွားရေးဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းတေဇာညွန့်တင်ကပြောသည်။

ယခုအချိန်သည် တိုင်းပြည်၏ မဟာဗျူဟာတစ်ရပ်ကို မည်သို့ပုံဖော်ဆောင်ရွက်မည်ဆိုသည်ကို ပြည်သူအားချပြစည်းရုံးခြင်းကို နိုင်ငံရေးပါတီများအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ထောက်ပြပြောဆိုမှုများရှိနေသည်။

သက်တမ်းကုန်ရန် အချိန်တဖြည်းဖြည်းနီးလာပြီဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် အစိုးရသစ်အတွက်လည်း မီးကုန်ယမ်းကုန် အားထုတ်ရမည့်နှစ်လည်းဖြစ်သည်။

၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံရေးတွင် အရေးပါမည့်နှစ်တစ်နှစ် ဖြစ်သော်လည်း တိကျသည့်ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာပြုလုပ်နိုင်ရေးသည် နိုင်ငံရေးခေါင်းဆောင်များ၏ အတ္တကင်းသော အမြော်အမြင်ရှိရှိ ဆွေးနွေးညှိနှိုင်းမှုများလိုအပ်ပြီး စေတနာကောင်းဖြင့် လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည်နေသည်။

၂၀၁၄ တွင် လုပ်ဆောင်နိုင်မှသာ ၂၀၁၅ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ချောမွေ့စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီအခြေခံကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ Smart card တစ်ပါတည်း ယူဆောင်လာရမည်

 January 2, 2014


ရန်ကင်းအလုပ်သမားရုံးရှေ့တွင် smart card ထုတ်ယူရန် စောင့်ဆိုင်းနေသည့် ပြည်ပထွက်ခွာမည့် အလုပ်သမားများအား တွေ့ရစဉ်။


ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် အလုပ်သမား ၀န်ကြီးဌာနမှ ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား Smart card ကို တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားကို ပြည်ပမှ မထွက်ခွာမီ လေဆိပ်တွင် စိစစ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် Smart card မပါပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်နှင့် တရားဝင်ရွှေ့ပြောင်း သွားလာမှု ဖြစ်စေရေးတို့အတွက် တရားဝင် လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ အလုပ်သမားများစေလွှတ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ သန်းခန့်သည် ပြည်ပသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့်လိုင်စင် ချထားပေးသည့် ပြည်ပအလုပ်အကိုင် အေဂျင် စီ ၁၇၅ ခု ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

EMG

ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် ကရင်နှစ်သစ်ကူး ပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 January 2, 2014


ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် ကရင်ဒုံးယိမ်းအကဖြင့် ဖျော်ဖြေနေသည်ကို ဇန်န၀ါရီ ၁ ရက် ည ၁၀ နာရီက တွေ့ရစဉ်


၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက် ကရင်နှစ်သစ်ကူး ပွဲတော်နေ့တွင် ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် နှစ်သစ်ကူး ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ထိုသို့ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရာတွင် အာလိန်ငါးဆင့် ဘုရားနှင့် အလုံမြို့နယ်ရှိ ကရင်ရွာတွင်လည်း ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို ယခင်နှစ်များနှင့်မတူ ထူးခြားသော အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အာလိန်ငါးဆင့်တွင် ကျင်းပသည့် ကရင်အမျိုးသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး အဆိုပါပွဲတွင် ကရင်ရိုးရာအကများ၊ တေးသီချင်းများ၊ ကရင်ဒုံးယိမ်း အကများကို ကပြယှဉ်ပြိုင်ခဲ့ပြီး အားကစားနှင့် ပျော်ပွဲရွှင်ပွဲ များကိုလည်း ပျော်ရွှင်ဖွယ် ကျင်းပခဲ့ကြောင်း သိရသည်။

“အရင်နှစ်တွေကတော့ ကရင်နှစ်သစ်ကူးမှာ ပညာရည် ထူးချွန်ဆုပေးပွဲတွေပါတယ်။ ဒီနှစ်တော့ ဆီးဂိမ်းစ်မှာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုရခဲ့တဲ့ အားကစားသမားတွေကို ဆုချီးမြှင့်ပွဲကို ထူးထူးခြားခြား ထည့်ထားပါတယ်။ တခြားထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ် တွေကိုလည်း ထည့်သွင်းထားပါတယ်” ဟု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ကရင်ရိုးရာ ယဉ်ကျေးမှု ပြခန်းများနှင့် ဓာတ်ပုံပြခန်းများကိုလည်း ပြသထားလျက်ရှိရာ ကရင်ရိုးရာ ယဉ်ကျေးမှု ပြခန်းတွင် ကရင်လူမျိုးများ၏ မင်္ဂလာဆောင် ၀တ်စုံများ၊ အသုံးအဆောင် ပစ္စည်းများနှင့် အခြားလက်မှု ပစ္စည်းများကို ပါဝင်ပြသထားကြောင်း သိရသည်။ ထို့ပြင် ဈေးရောင်းပွဲ တော်ကိုလည်း ကျင်းပလျက်ရှိပြီး ကရင်ရိုးရာ ၀တ်စုံများကို ၀ယ်ယူကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်က ဧရာဝတီတိုင်းက လာတာပါ။ ဒီကရင် အမျိုးသားရိုးရာ နှစ်သစ်ကူး ပွဲတော်ကို လာရောက်တာ ဒီနှစ်နဲ့ဆို ငါးနှစ်ရှိပါပြီ။ ဒီမှာရှိတဲ့ ကစားနည်းတွေကို ၀င်ကစားမယ်။ ပြီးရင် ဈေးရောင်း ပွဲတော်ကို လျှောက်ကြည့်မှာပါ။ ကျွန်တော်က ကရင်လူမျိုးဆိုတော့ ကရင်နှစ်သစ်ကူးမှာ ပျော်ရွင်တာပေါ့” ဟု အာလိန်ငါးဆင့် ကရင်အမျိုးသားရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ လာရောက် လည်ပတ်သည့် လူငယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် အလုံမြို့နယ်ရှိ ကရင်ရွာတွင်လည်း ကရင်ဒုံးယိမ်းအက ပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပျော်ရွှင်ဖွယ် ကလေးကစားနည်း များကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

EMG

ဒေသန္တရအဆင့် ပညာရေး မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် မူဝါဒမူကြမ်းများ ဆွေးနွေး

January 2, 2014


ရန်ကုန်တိုင်းဒေသကြီး လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု လုပ်ငန်းများ အကောင်အထည် ဖော်ရေးဆိုင်ရာ ဒေသ န္တရအဆင့် အလုပ်ရုံဆွေးနွေးပွဲမြင်ကွင်း။


ရန်ကုန်တိုင်းဒေသကြီး လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု လုပ်ငန်းများ အကောင်အထည် ဖော်ရေးဆိုင်ရာ ဒေသန္တရအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ပညာရေး မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ရည်မှန်းချက်၊ မျှော်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို ခြုံငုံ၍ အခြေခံပညာရေးဆိုင်ရာ မူဝါဒမူကြမ်း၊ အဆင့်မြင့် ပညာရေးဆိုင်ရာ မူဝါဒမူကြမ်း၊ စက်မှုသက်မွေး ပညာရပ် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒမူကြမ်းနှင့် ဥပဒေပြုစုရေးဆိုင်ရာ တင်ပြချက် မူကြမ်းဟူ၍ အပိုင်းလေးပိုင်း ခွဲခြားဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို လက်တွေ့ကျသော ပညားရေး မြှင့်တင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ တက္ကသိုလ်စိန်ရတု ခန်းမ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဘုန်းတော်ကြီးသင် ပညာရေးနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဘာသာရေး အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အခြေခံပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဆရာအတတ် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကျောင်းပြင်ပနှင့် လူတိုင်းအကျုံးဝင် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဥပဒေပြုစုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၊ ၀န်ထမ်းစွမ်းရည် မြှင့်တင်ရေးနှင့် စွမ်းဆောင်ရည် အကဲဖြတ်ရေး လုပ်ငန်းအဖွဲ့၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့၊ ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ကြီးကြပ်ဖြည့်ဆည်းရေး လုပ်ငန်းအဖွဲ့၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာ လုပ်ငန်းအဖွဲ့(အဆင့်မြင့်)၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာ လုပ်ငန်းအဖွဲ့(အခြေခံ)၊ အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ သတင်းအတတ် နည်းပညာနှင့် ဆက်သွယ်ရေး ပညာဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ လေ့လာဆွေးနွေးခဲ့သည့် ရလဒ်များအပေါ် ထပ်မံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ဒေသန္တရအဆင့် ပြည်သူတစ်ရပ်လုံး ကိုယ်စားပြု အဖွဲ့တွေက ဆွေးနွေးညှိနှိုင်းချက် ရရှိချက် မူကြမ်းတွေကို ပြည်သူတစ်ရပ်လုံး ကိုယ်စားပြု ကိုယ်စားလှယ်တွေနဲ့ အမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွေကို ထပ်မံကျင်းပ ဆောင်ရွက်သွားဦးမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ၀င်ရောက်မဆွေးနွေး ဖြစ်ခဲ့ရင်လည်း သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေကို စာနဲ့ပေးပို့ ဆွေးနွေးအကြံပြု နိုင်ပါတယ်” ဟု ပညာရေး ၀န်ကြီးဌာန၊ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က ဆိုသည်။

ဆွေးနွေးပွဲသို့ ပြည်သူ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပညာရေး စိတ်ပါဝင်စားသူများအား ဖိတ်ကြားခဲ့ကြောင်း သိရသည်။

EMG

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ဟု ထုတ်ပြန်

January 2, 2014


ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး တစ်ခုတွင် တွေ့ရသော လွှတ်တော်ကိုယ်စားလှယ်များ


ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များ အနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်မတီမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ပြည်သူများထံမှ အကြံပြုချက်များကို နိုဝင်ဘာ ၈ ရက်မှ စတင်ကောက်ခံခဲ့ပြီး အကြံပြုချက်များ ပေးပို့ရန်နောက်ဆုံး အချိန်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်အထိ အကြံပြုချက်စောင်ရေ စုစုပေါင်း ၂၈၂၄၇ စောင်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြံပြုချက်စောင်ရေ ၂၈၂၄၇ အား အခန်းလိုက် အကြံပြုချက်အဖြစ် ပြန်လည် စိစစ်သုံးသပ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံး ဖြစ်ကြောင်း သိရသည်။

ဒုတိယအများဆုံး အကြံပြုချက်ရရှိခဲ့သည့် အခန်းမှာ(၁၂)ဖြစ်ပြီး အကြံပြုချက် စုစုပေါင်း ၁၀၅၂၃၃ ချက်ရှိခဲ့သည်။ အခန်း (၁၂)မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန်လိုခြင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံရန် လိုအပ်ခြင်း စသည့် အချက်များ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်နှင့် သက်ဆိုင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ) ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ အား ပြင်ဆင်ရန် အကြံပြုချက် ၃၃၆၉ ချက်ရှိခဲ့သည်။

ပြည်သူများထံမှ ရောက်ရှိလာသည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်သို့ ဆက်လက် တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၀၈ ဦးပါ ကော်မတီ အစည်းအဝေးကို ဇန်န၀ါရီ ၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဟု သိရသည်။

အင်န်အယ်ဒီ၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ထံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာများအား လက်ခံထားပြီး ဖြစ်ကြောင်း ကော်မတီမှ သိရသည်။

EMG

ယောင်္ကျားတို့ လုပ်ဆောင်သင့်သည့် အမျိုးသမီးကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နည်း တဲ့နော်.....


အမျိုးသားတွေက အမြဲတမ်းပဲ သူတို့ရဲ့အမျိုးသမီးကို စွဲဆောင်ထားစေနိုင်ဖို့ အလိုရှိတတ်ကြပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပျော်ရွှင်ပြီး အမြဲတမ်းသာယာနေစေဖို့ ဒီအချက် (၅)ချက်တော့ မဖြစ်မနေ လုပ်ကြည့်သင့်ပါတယ်။

(၁) သူမတို့ဘက်က အမြဲတမ်းရှိပါ။

တစ်စုံတစ်ယောက်ဟာ ကိုယ့်ရဲ့ဘက်မှာ အမြဲတမ်းရှိနေတယ် ဆိုတဲ့အသိလောက် ကျေနပ်စရာ ကောင်းတာမရှိပါဘူး။ သင့် ပါတနာရဲ့ အကြီးစား fan တစ်ဦးဖြစ်တယ်ဆိုတာ သူမကို အသိပေးပါ။ ဒါကို ရိုးရှင်းလွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ သူမရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သဘောကျကြောင်း ၊ ဘယ်လောက်အထင်ကြီးကြောင်း ပြောပြပေးရုံပါပဲ။

(၂) သူမတို့ရဲ့ ၀ါသနာကို အားပေးပါ။

သင်က ထိုက်သင့်တဲ့ အကြံဥာဏ်တစ်ချို့ ပေးခဲ့ရင်တောင် လက်မခံနိုင်ဘူးဆိုရင်တော့ သူမမှာ သေချာတဲ့ ၀ါသနာတစ်ခု ရှိနေလို့ပါ။ ဒါကြောင့် သူမရဲ့ ၀ါသနာကို အားပေးလက်ခံလိုက်တာ အကောင်းဆုံးပါပဲ။ သင့်ရဲ့ စိုးရိမ်မှုနဲ့ စိတ်ပူပန်မှုတွေကို ခဏဘေးချိတ်လိုက်ပြီး သူမ၀ါသနာကို လိုက်ပါ အကြံပေးလိုက်မယ်ဆိုရင် သူမလည်း ပိုပျော်ရွှင်နိုင်မှာပါ။
(၃) ချစ်ခင် ယုယပါ။

ဒီထက် အံ့သြဖွယ်ကောင်းပြီး ထိရောက်တဲ့နည်းလမ်း မရှိတော့ပါဘူး။ သင့်ရဲ့ အချစ်တွေနဲ့ သူမအပေါ်ထားတဲ့ စေတနာတွေကို သူမသိနိုင်တဲ့ နည်းလမ်းတွေနဲ့ ပြသပေးပါ။ သူမအတွက် မနက်စာပြင်ဆင်ပေးတတ်တဲ့ သင့်ရဲ့ ဒီအပြုအမူမျိုးတွေကြောင့် သူမအနေနဲ့ တစ်ယောက်တည်း ရှိချိန်မှာလည်း ပြန်လည်သတိရ ခံစားနေမိမှာပါ။

(၄) အရာရာဟာ သူမအတွက်လို့ သိပါစေ။

နေ့ရက်တစ်ရက်ချင်းစီတိုင်းမှာ သင်လုပ်နေသမျှ အရာအားလုံးဟာ သူမအတွက်ပဲ ဖြစ်တယ်လို့ သိနေပါစေ။ ညဘက်မှာ သူမနဲ့ချိန်းဆိုပြီး အသစ်အဆန်းတွေ ရှာဖွေပြသတာမျိုး၊ သူမအတွက်နှစ်သက်တာတွေကို အမှတ်ရ ၀ယ်ပေးတတ်တာမျိုး လိုအပ်ပါတယ်။ ဒီအပြုအမူတွေဟာ သူမစိတ်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကို ရိုက်ခတ်စေပါတယ်။

(၅) သင့်ရဲ့ ရူပါကိုလန်းအောင် ပြင်ဆင်ပြီး အံ့သြသွားပါစေ။

အမျိုးသမီးတွေက အကြွားလေးလဲ သန်ချင်ကြပါသေးတယ်။ သင့်ရဲ့ သပ်ရပ်ခန့်ညားတဲ့ အသွင်အပြင်ဟာ သူမတို့အနေနဲ့ လူကြားထဲ ချင်ပြချင်စရာ ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်သက်ကလေး ရလာတဲ့အခါမျိုးမှာ ဒီလို ရင်ခုန်လှုပ်ရှားမှုမျိုးတွေကလည်း လိုအပ်ပါတယ်။ သင်ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း သူမကို ပေးသိလိုက်ပါ။

ဟန်ညောင်ဝေ နှင့် ရိုဟင်ဂျာ များ ဆက်သွယ်သည့် အီးမေလ်းပေါက်ကြား






သို့ /
ရိုဟင်ဂျာ ညီအစ်ကိုများ ၊ မိတ်ဆွေများ ၊ လုပ်ဖော်ကိုင်ဖက်များ

အဆက်လာမ်မာလေကူမ်း မင်္ဂလာပါ

ခင်ဗျားတို့ တတွေက ရိုဟင်ဂျာအရေးနဲ့ ပါတ်သက်လို့ အိုအိုင်စီကို ဆော်ဒီမှာ ယူရိုဘားမားက တင်ပြဖို့ ကျွန်တော်ဆီကို စာရေးကြတယ်။ မြန်မြန်ပြန်မရေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။

နောက်ကျတဲ့ ပထမအကြောင်းရင်းကတော့ ဒေါ်အောင်ဆန်း စုကြည် ကိုတရားရုံးတင်စစ်ဆေးနေတာရယ် နဲ့ အခြားဟာတွေရယ်ပါ။ အဓိက နောက်ကျရခြင်းကတော့ ရိုဟင်ဂျာတွေ မစည်းရုံးလို့ ပဲ။

ပထမပိုင်းက အချိန်က ကျွန်တော်တို့ ဘက်မှာ မရှိဘူးဆိုတာပြတယ်။ အိုအိုင်စီက ရိုဟင်ဂျာအကြောင်းတင်ပြတာနဲ့ ပါတ်သက်လို့ အချိန်မရွေး စိတ်ပြောင်းသွားနိုင်တယ်။ တကမ္ဘာလုံးက ရိုဟင်ဂျာနဲ့ ပါတ်သတ်တဲ့ သတင်းတွေ ၊ ဒုက္ခသည်အကြောင်းတွေကို ဒီနှစ်အစမှာပဲ မေ့နေကြပြီ။ ၂၀၁၀ ရွေးကောက်ပွဲကိုပဲ စိတ်ဝင်စားကြမှာ။ ဘယ်သူမှ ရိုဟင်ဂျာ အကြောင်းကို စိတ်ဝင်စားကြမှာမဟုတ်ဘုး။ ကျွန်တော်တို့ မှာ ဘယ်အဖွဲမှာ ဘယ်သူဘယ်ဝါက ခေါင်းဆောင်ဖြစ်ရမယ် မဖြစ်ရဘုးလိုအငြင်းပွားဖို့ အချိန်မရှိဘူး။ ကိုယ့်ရဲ့ ပုဂိုလ်ရေးတွေကို ခဏဘေးဖယ်ထားပြီး အဓိက ဖြစ်တဲ့ ရိုဟင်ဂျာရှေ့ ရေးကို အာရုံစိုက်ရမယ်။

ရိုဟင်ဂျာတွေ မစည်းလုံးတာက တကယ့်ပြသနာပါ။ ယူရို ဘာမား အဖွဲအနေနဲ့  ရိုဟင်ဂျာတွေနဲ့ တွဲလုပ်နေတာ ၂၀၀၀ ခုနှစ်ကတည်းက။ စည်းလုံး ညီညွတ်ရမဲ့အစား အဖွဲ သေးသေးလေးတွေပဲ ကွဲသွားကြတယ်။ RSO နဲ့ ARNO ကွဲတာကိုတော့ ပြောစရာ
မလိုတော့ဘူး။ လူတိုင်းသိတယ်။ ရိုဟင်ဂျား အမျိုးသား ဖိုရမ်ကို ၂၀၀၆ မှာလုပ်ပြီးတာနဲ့ နှစ်ခြမ်းကွဲတာပဲ။

၂၀၀၈ မှာတခေါက် အိုအိုင်စီကို စုပြီးတင်ပြဖို့ လုပ်သေးတယ်။ ရည်ရွယ်ချက်ကတော့ အဖွဲ့ အားလုံးကိုပေါင်းလိုက်ပြီး အာရကန် ရိုဟင်ဂျာကောင်စီထူထောင်ဖို့ အားလုံးကို ပေါင်းစည်းလိုက်ဖို့ အတွက်ပဲ။ ဒါပေမယ့် စစ်တကောင်း မှာလုပ်တဲ့အစည်းဝေးပြီး ARNO, RSOနဲ့ ဒေါက်တာ ယူနက်စ်က နိုင်ငံရေး အဖွဲ့ လုပ်ဖို့ သဘောမတူကြဘူး။ တခြားလူတွေကတော့ ARC ကို ဖွဲ့ လိုက်ကြတယ်။ဒါပေမယ့် ARC က ဆက်လက်မတည်တန့် ခဲ့ဘူး။

ပြီးတော့ ၂၀၀၉ မှာ ယူရိုဘားမားနဲ့  အိုအိုင်စီနဲ့  ARC (အာရကန် ရိုဟင်ဂျာကောင်စီ) ကို ပြန်ထူထောင်ဖို့ လုပ်နေကြတုန်း RSO ကို နှစ်ခြမ်းကွဲသွားပြန်တယ်။ ကျွန်တော်က ဘယ်သူ့ ကိုမှ အပြစ်မတင်လိုဘူး။ အသင်းတွေကွဲသွားကြတာမှာ ပြသနာတွေရှိလို့ ဆိုတာသိပေမယ့် အဖွဲကွဲနေတာတွေက ရိုဟင်ဂျာတွေအတွက်မကောင်းဘူး။ ကျွန်တော်ကို အတူတူလက်တွဲ လုပ်နိုင်ကြမလား ? ကိုယ့်ကိုရေးကိုတာ တွေကိုဘေးချိတ်ထားနိုင်ပ့ါမလား။ အတူတကွ အလုပ်မလုပ်နိုင်ဘူးဆိုရင် ရိုဟင်ဂျာအကြောင်းကို မေ့သွားကြလိမ့်မယ် ၊ အနာဂတ်မှာ ရိုဟင်ဂျာဆိုတာကို သိကြမှာ မဟုတ်ဘူး။

ကျွန်တော်တို့ ဘက်က စည်းလုံးမူ မပြနိုင်ရင် အိုအိုင်စီကို အစည်းဝေးလုပ်ဖို့ မဖိတ်ချင်ဘူး။ နောက်ထပ် အသင်းကွဲရင်တော့ မျက်နှာပျက်စရာဖြစ်မယ်။ အိုအိုင်စီကလည်း ရိုဟင်ဂျာရေး စည်းဝေးတာတွေ လက်တွဲလုပ်တာတွေ လုပ်တော့မှာမဟုတ်ဘူး။ ကျွန်တော်မေးချင်တာက ကျွန်တော်တို့ စည်းလုံးပြဖို့ သေချာပြီလား ၊ အဆင်သင့်ဖြစ်ပြီလား။ မဟုတ်ရင် တင်ပြခွင့်တွေ ဖြစ်လာမှာ မဟုတ်ဘူး။

(၁) ပထမ အနေနဲ့ နိုင်ငံရေးအဖွဲ့ တွေ ဖြစ်တဲ့ ARNO ၊ RSO နဲ့ လူမူရေးအဖွဲ့ တွေဖြစ်တဲ့ BRAJ ၊ BROUK တွေနဲ့ အစည်းဝေးလုပ်ကြရမယ်။ လုပ်ကိုင်ပုံတွေ မတူပေမယ့် နှစ်ဖက်စလုံးနဲ့ ထိပ်တိုက်တွေ့ ဖို့ လိုတယ်။

(၂) နိုင်ငံရေး အဖွဲတွေ အတူတူအလုပ်လုပ်ဖို့ လိုတယ်။ မဟုတ်ရင် ပေါင်းလိုက်ရမယ်။ ၂၀၀၈ စစ်တကောင်းမှာ လုပ်ခဲ့တဲ့ အစည်းဝေး ရည်ရွယ်ချက်က ပေါင်းစည်းဖို့ ပဲ

(၃) ပေါင်းစည်းလိုက်တဲ့ နိုင်ငံရေးအဖွဲစည်းက တကမ္ဘာလုံးက ရိုဟင်ဂျာအဖွဲစည်းတွေကို ဦးဆောင်မူပေးသင့်တယ်။ အဲဒါက လူမူရေး အဖွဲစည်းတွေကို ချုပ်ကိုင်ဖို့ တော့ မဟုတ်ဘူး။

လူမူရေး အဖွဲစည်းတိုင်းက သူတို့ နေရာဒေသတွေမှာ ရိုဟင်ဂျာလူမူရေး အသင်းအနေနဲ့ ကိုယ်စားပြုနေရမယ်။ နိုင်ငံရေးအဖွဲ့ တွေက နိုင်ငံရေးနဲ့ ပါတ်သတ်တဲ့ ဟာတွေကို လုပ်မယ် လူမူရေး အသင်းအထောက်ကူဖြစ်စေမယ့် ဟာတွေကို ဆော်အောမယ်။
ဥပမာ၊ နိုင်ငံရေးအသင်းက ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ရေး ၊ လွတ်လပ်စွာသွားလာရေး အစရှိတဲ အဓိကအချက်လက်တွေကို အိုအိုင်စီနဲ့ တခြားနိုင်ငံတွေကို ဆော်အောနေမယ်။ လူမူရေး အသင်းတွေက နိုင်ငံရေး အချက်လက်တွေကိုထောက်ကူပေးမယ်။
မလေးတို့ ဘင်္ဂလားဒေ့ရှ်တို့ မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အခြေနေကောင်းအောင် ဆော်အောမယ်။

အဲဒါတွေလုပ်ဖို့  ကျွန်တော် တောင်းဆိုချင်တာကတော့

၁။ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်တဲ့ ARNO ၊ RSO ၊ NDPHR နဲ့ တခြားဖွဲက ခေါင်းဆောင်တွေ ကို ဆော်ဒီင်္မှာ အစည်းဝေးလုပ်ဖို့ ဖိတ်ပါ။ ကိုပါ နိင်ငံရေးအဖွဲကြီး ဖွဲဖို့ အတွက်ပါ လုပ်ကိုလုပ်ရမယ်

(က) RSO က နှစ်ခြမ်းကွဲနေတာကို ပေါင်းဖို့ ။ နောက်ထပ် မကွဲအောင် သဘောတူဖို့ 

(ခ)ARNO က ခေါင်းဆောင် နိုင်ငံရေး အဖွဲအနေနဲ့ ပေါင်းစည်းလိုက်တဲ့ အဖွဲ့ ကြီးသစ်ရဲ့ ရည်မှန်းချက်တွေ အခြားသော အဖွဲ့ များနှင့် ဘယ်လို ပေါင်းစည်ရန်ဆိုတဲ့ ဟာတွေကို
ခေါင်းဆောင်တွေတင်မြောက်ပြီး သူတို့ ရဲ့ တာဝန်တွေ။ ရန်ပုံငွေဘယ်လိုကောက်ခံမယ်။ ရိုဟင်ဂျာတွေအတွက် ဘာတွေလုပ်မယ်ဆိုတာတွေကို အကြမ်းဖြင့်တင်ပြရန်။

ကျွန်တော်တိုက အပြောနဲ့ အလုပ်နဲ့ ဖြစ်နေရမယ်။ ခေါင်းဆောင် ဒုခေါင်းဆောင်းတွေ ထာပြီး အလုပ်မလုပ်ကြရင် အဖွဲ့ ဖွဲ့ တာတွေက အလကားပဲ။

(က) နဲ့ (ခ) မှာပါတဲ့ အချက်လက်တွေကို သဘောတူကြရင် အစည်းဝေးလုပ်ဖို့ ဖိတ်မယ်။ သဘောမတူကြရင်တော့ ကျွန်တော်တို့ အစည်းဝေးမဖိတ်ဘူး

၂။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေးပိုင်းအရ သဘောတူရင် ဂျက်ဒက်မှာ တစ်ရက်လောက် အစည်းဝေးလုပ်မယ်။ နိုင်ငံရေးပိုင်း လုပ်ပြီးတာနဲ့ နိုင်ငံတကာဆိုင်ရာ ရိုဟင်ဂျာရေဟောပြောပွဲကို တစ်ရက် နှစ်ရက်လောက်လုပ်မယ်

လူမူရေးပိုင်းကို အမှန်တကယ် ကိုယ်စားပြုတဲ့ ရိုဟင်ဂျာလူမူရေး အဖွဲစည်းတွေနဲ့ နိုင်ငံရေး အဖွဲ့ တွေကို ဖိတ်ခေါ်မယ်။ ARC ကို ပြန်အသက်သွင်းဖို့ ပါ။ အဲဒါလုပ်ဖို့ ARC ရဲ့ဖွဲစည်းပုံနဲ့ လုပ်ဆောင်ချက်တွေကို ပြန်သုံးသတ်ရမယ်။
ARCရဲ့ လုပ်ဆောင်ရပ်တွေနဲ့ ဖြစ်လာမှာကို အရင် သဘောမတူကြဘူးဆိုရင်တော့ တင်ပြစရာမလိုတော့ဘူး။

အဲဒီတော့ ညီအစ်ကိုတွေခင်ဗျား .. သဘောတူလား မတူလား ခင်ဗျားတို့ ရဲ့ ထင်မြင်ချက်တွေကို ပေးကြပါ။ အကြံပြုကြပါ။ ခရီးထွက်စရာ ရှိနေလို့ အီမေးလ် အဆက်သွယ်ရှိမှာမဟုတ်ဘူး ကျေးဇူးပြုပြီး EBO Operation ဒါရိုက်တာ ဖြစ်တဲ့ ဂျက်ဆင်ဆီကိုပဲ ပြန်ဆက်သွယ်ပါ။

အထက်ကဟာတွေကို လုပ်နိုင်ရင်တော့ အိုအိုင်စီက သြဂတ် မဟုတ်ရင် စက်တင်ဘာလမှာ အစည်းဝေးထိုင်ဖို့ သဘောတူလိမ့်မယ်။

လေးစားစွာဖြင့်
ဟန်ညောင်ဝေ
Executive Director
Euro-Burma Office
Brussels

မူရင်းကို ဘာသာပြန် - Roma Rakha

From: Harn Yawnghwe
Subject: Rohingya Unity and Consultation
To: "Harn Yawnghwe"
Cc: "Jack Sterken" , "Sarah Collen" , "Mael Raynaud"
Date: Tuesday, July 14, 2009, 4:45 PM

Dear Rohingya brothers, friends and colleagues,

Assalamu Alaikum. Mangla ba.

Many of you have written to me regarding the proposed Rohingya consultation in Saudi Arabia to be held by the Euro-Burma Office and the Organization of the Islamic Conference (OIC). My apologies for not responding sooner.

Part of the delay is due to circumstances - the trial of Daw Aung San Suu Kyi, and other developments in Burma. The main reason for the delay is Rohingya disunity.

The first part shows that time is not on our side. The willingness of the OIC to host the consultation could disappear anytime. The world has already forgotten the Rohingya issue after the big news about the refugees at the beginning of this year. The 2010 elections will be the next big issue that the world will pay attention to. No one will care about the Rohingyas then. We do not have the time to be fighting each other for the leadership of various organizations. We need to settle personal differences in order to concentrate on the bigger issue - the future of the Rohingya people.

The disunity of the Rohingya people is a very serious matter. The EBO has been working with the Rohingya people since 2000. Instead of uniting, people seem intent on splitting into smaller and smaller groups. There is no need to talk about the ARNO and RSO split. Everyone knows about it. Right after the Rohingya National Forum was formed in 2006, the NDPHR split into two.

Another attempt was made in 2008 to unite the Rohingya after consultation with the OIC. The idea was for the political groups to form one organization, and after that to form an Arakan Rohingya Council to bring the political and civil society (community and activists) groups together. But at the meeting in Chittgong, the ARNO, RSO and Dr Yunus could not agree and the political group was not formed. The other groups proceeded to form the ARC but without political leadership, ARC did not move forward.

Then in 2009, as EBO was consulting OIC to revive ARC, the RSO split into two. I am not blaming anyone. I know that there are serious reasons for these splits but this disunity is not helping the Rohingya people. It is very disheartening and demoralizing for me and for the Rohingya people in general. Can we not work together for a common cause? Can we put personal ambitions aside? If we cannot work together, the Rohingya issue will be forgotten and it will not mean much in the future to be head of a splinter Rohingya organization. No one will know what a Rohingya is.

I do not want to convene a Rohingya Consultation with OIC if we cannot guarantee unity. If we split again after the consultation, it will be a major embarassment and the OIC will never again host a Rohingya convention or work actively with the Rohingya people.

The question now is, are we serious about Rohingya unity? Are we ready? If not, there will be no consultation.

If we are ready, I would like to propose the following. Please give me your input. You have been copied because I believe you to be responsible political and community leaders who want to build a strong voice for the Rohingya people.

1. First, we need to see different roles for political groups like ARNO, RSO, and community groups like BRAJ and BROUK. Both are necessary but they perform different functions.

2. The political groups need to work together if not unite into one group. The ideal is to have one political group as was planned for the meeting in Chittagong in May 2008.

3. The united political group should then give political leadership for all the Rohingya community groups world wide. This does not mean that the political group will control all the community groups.

Each community group will remain independent and represent the Rohingya community in their local areas. The political group will define what is politically important and lobby for it supported by the community groups. For example - the rights of Rohingyas in Burma, citizenship, right to travel etc, will be the key issues for the political groups who will lobby the OIC and other countries, as well as to be represented in ENC, NCUB, etc. The community groups will support the political objectives and lobby for better conditions for refugees and Rohingya communities in Bangladesh, Malaysia, etc.

To do the above, I propose -

A. Convening a small meeting of political leaders in Saudi Arabia - ARNO, RSO and NDPHR Paris plus possibly other respected leaders - to agree to form one political organization. To do this we need:

i) RSO to unite the two current factions, or for both factions to join the new political organization and agree not to split further,
ii) ARNO as the leading political organization to draft a statement of what the new united organization stands for - its objectives, and how it will include different political groups. How the executive will be elected and what their functions will be. How it will raise funds. What it will do for the Rohingya people. We need to be practical. It is useless to form an organization, have Presidents and Vice-Presidents, and nobody does any work.

If we can agree on i) and ii), a meeting will be convened. If there is no agreement beforehand, we will not have a meeting.

B. If we have agreement to form a united political body, and have a draft agreement, the meeting will be convened for 1 day in Jeddah. Once the political body is formed, we will follow up with an international Rohingya consultation in Jeddah for 1-2 days.

Rohingya community organizations that really represent their community and are active will be invited together with the new politcal group to revive the ARC. To do this, we need to review the ARC constitution and procedures.

Unless we can agree beforehand what the ARC should look like and what it will do, we will not have a consultation.

So, brothers, please give me your input. Let me know if you agree or disagree. Make suggestion. Please make sure you reply to Jack Sterken, the EBO Operations Director, because I will be leaving on a trip and may not have access to email.

If we can do all the above, I am hoping OIC will agree to a meeting in late August or early September.

With respect,

Harn Yawnghwe
Executive Director
Euro-Burma Office
Brussels
https://www.facebook.com/IWestGuard/posts/241388952703939

ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုအပေါ် ကယ်လီဘရွတ်ခ် ဝေဖန်



ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည် သူမအနေဖြင့် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုမျိုး လုံးဝခံယူသွားမည် မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားကြောင်း ကယ်လီဘရွတ်ခ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်။ ဟောလီးဝုဒ်တွင် မျက်နှာနှင့် ခန္ဓာကိုယ် အလှအပအတွက် ခွဲစိတ်မှုများ တဖြည်းဖြည်း ခေတ်စားကျယ်ပြန့် လာသော်လည်း Piranha 3Dစတား မော်ဒယ်လ် မင်းသမီးက သူမသည် ပလစ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင် မှုများကို ဆန့်ကျင်သည့် အမာခံတစ်ဦးဟု ပြောဆိုခဲ့သည်။ ထို့အပြင် သူမကိုယ်တိုင် အတွက်လည်း ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးဖြင့် မိမိကိုယ်ကိုယ် ပိုမိုကျေနပ်မိမည် မထင်ကြောင်း ကယ်လီက သုံးသပ်သွားသည်။


 "ကျွန်မက ကျွန်မကိုယ်ကျွန်မပဲ ဆင်တူချင်တယ်။ ဘယ်သူနဲ့မှ မတူချင်ဘူး။ ပြီးတော့ ကျွန်မရဲ့ မျက်နှာဟာ ပလပ်စတစ် Versionတစ်ခု ပြောင်းနေတာမျိုးလည်း မလိုလားဘူး။ တကယ်တမ်းကျတော့ နှာခေါင်းအသစ် ပုံစံပြောင်းသွားလို့ လူတွေက ဟယ်၊ ဒီနှာခေါင်းလေးနဲ့ သိပ်ကြည့်ကောင်းတာပဲလို့ ပြောကြမှာ မဟုတ်ပါဘူး။ ခွဲစိတ်မှု ခံယူပြီး ပုံပြောင်းလိုက်ပြီ ဆိုတာကိုပဲ ထောက်ပြကြလိမ့်မယ်"ဟု ကယ်လီက ဆိုသည်။ သူမက "ရှင့်အနေနဲ့ နှုတ်ခမ်းကို ခွဲစိတ်တာဖြစ်ဖြစ်၊ ရင်သားကို ခွဲစိတ်တာပဲဖြစ်ဖြစ် အဲဒီအရာ အားလုံးဟာ ကိုယ့်တန်ဖိုးကိုယ် ယုံကြည်မှု မရှိတဲ့ လက္ခဏာရပ်တွေပါပဲ"ဟုလည်း ထောက်ပြခဲ့သည်။


အသက်(၃၃)နှစ်ရှိ ကယ်လီက သူမအနေဖြင့် ယခုခန္ဓာကိုယ် အချိုးအဆက်ထက် ပိန်သွယ်သင့်ကြောင်း ဝေဖန်မှုများ ကိုလည်း အရေးမထားကြောင်း ဆိုသည်။ "ကိုယ်ပိုင် အရေပြားထဲမှာ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝ ရှိနေတယ်။ ဒါကို ယုံကြည်မှု အပြည့်ရှိတယ်။ ကျွန်မဟာ တကယ့် ပါးပါးလှပ်လှပ် ကောင်မလေး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မမှာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ကျွန်မရဲ့ အသွင်အပြင်ကို ကျွန်မ ကျေနပ်တယ်။ လူတိုင်းဟာ ကိုယ့်ဘဝပေး ကုသိုလ်အတိုင်း ရထားတဲ့ ခန္ဓာကိုယ် အပေါ် ကျေနပ်ရမှာပါပဲ"ဟုလည်း ကယ်လီက ပြောကြားသွားသည်။  
 
 Planet Myanmar Network

Related Posts Plugin for WordPress, Blogger...