Thursday, January 2, 2014

ရပ်ပ်ပါ E-9 နယူးဂျာစီမှာ သေနတ်နဲ့အပစ်သတ် ခံရ




နယူးဂျာစီပြည်နယ်က အလားအလာကောင်း ရပ်ပ်ပါ E-9 ဟာ ဒီဇင်ဘာ ၂၉ရက်နေ့၊ Nu Trendz ဆံသဆိုင်မှာ ပစ်သတ်ခံခဲ့ရပါတယ်။

အသက်၂၈ နှစ်အရွယ် ကာရံသမား၊ နာမည်ရင်း Eric Andrews ဆိုတဲ့ ရပ်ပ်ပါ E-9 ဟာ ဆံသဆိုင်ထဲ ကစားပွဲတစ်ခုကို ကြည့်နေတုန်း လူနှစ်ယောက်နဲ့ စကားများငြင်းခုံကြပြီး ပစ်သတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် Robert Wood Johnson တက္ကသိုလ်ဆေးရုံ အရေးပေါ်ခွဲစိပ်ဆောင် ကိုအမြန်ဆုံးပို့ခဲ့ပြီး အဲ့ဒီ့မှာပဲ ဆုံးသွားခဲ့ပါတယ်။

Antwan နဲ့ Zaire Cromedy အမည်ရှိတဲ့ ညီအစ်ကိုနှစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပြီး ပြစ်မှုကြီးဖြစ်တဲ့ လူသေလူသတ်မှုနဲ့ တရားစွဲထားပါတယ်။ သူတို့နှစ်ယောက်ကို နယူးဂျာစီပြည်နယ်၊ Somerset ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထောင်မှာ လောလောဆယ် ထိန်းသိမ်းထားပြီး ကန်ဒေါ်လာ ၅သိန်း အာမခံငွေနဲ့ လွတ်နေတယ်လို့ သိရပါတယ်။

ရပ်ပ်ပါ E-9ဟာ 6FO (aka George Opoku) နဲ့ သူငယ်ချင်းဖြစ်ခဲ့ပြီး နှစ်ယောက်တွဲ ရပ်ပ်တွေ ဆိုဖူးပါတယ်။ သူတို့နှစ်ယောက်ဟာ ဇန်န၀ါရီလ (၇)ရက်နေ့ နယူးရောက်မှာ ပွဲလုပ်မယ့် SOB’s မှာဖျော်ဖြေဖို့ အစီအစဉ်ဆွဲထားကြပြီး ဖြစ်ပါတယ်။ 6FOဟာ သူ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အတွက် ယူကျုံးမရဖြစ်နေပါတယ်။



E-9 သူငယ်ချင်း 6FO

“ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး အံ့ဘနန်းတွေလုပ်ခဲ့ကြတယ်။ သူဟာကျွန်တော့်ရဲ့ ညီအစ်ကို တစ်ယောက်ပါပဲ။ ကျွန်တော်ဟာ သူ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သလို၊ ကျွန်တော်ဟာလည်း သူ့ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ နာကျင်ရတယ်ဗျ။ Family ဓာတ်ပုံထဲက တစ်ယောက် ထွက်သွားပြီပေါ့ဗျာ။ ငိုလို့မဆုံးဘူး။ ဒါပေမဲ့ ချစ်ခင်ရတဲ့ E-9တစ်ယောက် ငြိမ်းချမ်းစွာ အနားရပါစေ။” လို့ 6FO ကပြောသွားပါတယ်။

ကျွန်တော်တို့ကလည်း E-9ရဲ့ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်။ E-9 တစ်ယောက် ငြိမ်းချမ်းစွာ အနားရပါစေဗျာ။

Ref:theboombox

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...