Friday, September 20, 2013

ရွှေလက်ဖြင့် ခေါ်လို့မလာလျှင် ………




မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူအားလုံးက ငြိမ်းချမ်းရေးကို အာသီသပြင်းပြစွာ လိုလားလျက်ရှိပါတယ်။ တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများ ဖြေဖျောက်ပြီး ယုံကြည်စည်းလုံးမှု များနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီ ချီတက်ချင်နေကြပြီဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကလည်း လာမယ့်အောက်တိုဘာလအတွင်းမှာ လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆောင်ရွက်မယ်လို့ ပြောသွားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကကော ဘာတွေများပြင်ဆင်နေကြပါပြီလဲ။ အဲဒီထဲကမှ ကေအိုင်အို/ ကေအိုင်အေအဖွဲ့ကရော ဘာတွေများဆောင်ရွက်နေပြီလဲ။

ကြားတွေ့သလောက်တော့ ကေအိုင်အို/ကေအိုင်အေအဖွဲ့ဟာ ငြိမ်းချမ်းရေး အကြောင်းပြချက်နဲ့ အမြတ်ထုတ်ဖို့ ဆက်လက်ကြိုးစားနေမြဲပါဘဲ။ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတဲ့ကာလအတွင်းမှာဘဲ လူသစ်စု၊ ဆက်ကြေးကောက်၊ တစ်ဖက်နိုင်ငံကို သစ်ခိုးထုတ်၊ ဒုစရိုက်မှုမှန်သမျှ ဆက်ပြီးလုပ်လို့ကောင်းနေ ကြတုန်းပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ ညမှာ ကေအိုင်အေတပ်မဟာ (၃) ၀န်ဂေါဘွမ်နယ်မြေ မိုင်ဂျာယန်လောင်းကစားဝိုင်းကို ကေအိုင်အေ ရင်း-၁၆ က တပ်ကြပ်ကြီးအဆင့်ရှိသူ ဦးစီးပြီး တပ်ဖွဲ့ဝင် ၄ ယောက်တို့ဟာ လက်နက်နဲ့ခြိမ်းခြောက်ပြီး ငွေတောင်းခံကြလို့၊ လောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံက စီးပွားရေးသမားတွေ ထွက်ပြေးခဲ့ကြပါတယ်။

လောင်းကစားဝိုင်းတာဝန်ခံ ဦးလောရှန်ဆိုသူက ကေအိုင်အို မိုင်ဂျာယန် အုပ်ချုပ်ရေးမှူးရုံးကို သွား တိုင်လို့၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ခရိုင်နဲ့မြို့နယ်တာဝန်ခံတွေဖြစ်တဲ့ အင်မွန်တူးအောင်နဲ့ လဖိုင် တူးအောင်တို့ဟာ ဦးလောရှန်အပါအ၀င် လောင်းကစားဝိုင်းပိုင်ရှင် ၁၀ ဦးကို ခေါ်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ ဦးလောရှန်က လောင်ကစားဝိုင်းသို့ လက်နက်ဖြင့်ငွေတောင်းခံခိုင်းခြင်းကို မိုင်ဂျာယန်က လူကြီးများ ခိုင်းခဲ့ခြင်းရှိ/မရှိ မေးမြန်းခဲ့ပါတယ်။ ဦးလောရှန်အပြောအရ ဒီလောင်းကစားဝိုင်းတွေဟာ ကေအိုင်အို/ကေအိုင်အေအဖွဲ့များ ၀င်ငွေရရှိအောင်နဲ့ ဒေသအတွက်ဝင်ငွေရှာနေတာလို့ သိရပါတယ်။
ဒီလောင်းကစားဝိုင်းတွေအပြင် ဒါတွေနဲ့ပတ်သက်ပြီး ဈေးဆိုင်၊ ဆိုင်ခန်း၊ ဟိုတယ်များလည်း ၀င်ငွေ ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်စီးပွားရေးသမားတွေလည်း လာရောက်ပြီး ဒီဒေသအတွင်း လမ်းပြင်ဖို့အကြောင်းပြချက်နဲ့ တရုတ်လူမျိုးအများအပြား ရောက်ရှိနေတယ်လို့ ဦးလောရှန်အပြောအရ သိရ ပါတယ်။ ကေအိုင်အို/ကေအိုင်အေအနေနဲ့ လက်အောက်ကို မထိန်းသိမ်းနိုင်ရင် လောင်းကစားဝိုင်းတွေ ဆက်မလုပ်တော့ဘူးလို့ ဦးလောရှန်က ပြောတဲ့အတွက် ကေအိုင်အိုတာဝန်ရှိသူတွေက လက်အောက်ကို ထိန်းသိမ်းပေးပြီး အဆင်ပြေအောင်လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကေအိုင်အို/ကေအိုင်အေ ခေါင်းဆောင်တွေအနေနဲ့ တရားမ၀င်လောင်းကစားဝိုင်းများနဲ့ ငွေရှာနိုင်ပေမယ့် လက်အောက်ငယ်သားများ မှာတော့ စားဝတ်နေရေးအဆင်မပြေမှုကြောင့် ဒီလိုအကျိတ်အခဲတွေ ရှိနေတယ်ဆိုတာ ထင်ရှားလှပါတယ်။ ဒီလိုငွေအရ ချောင်နေလို့လည်း ကေအိုင်အို/ကေအိုင်အေခေါင်းဆောင်တွေ ငြိမ်းချမ်းရေးကို စိတ်မ၀င်စားတာ ဖြစ်ပါလိမ့်မယ်။

ကေအိုင်အို/ကေအိုင်အေရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ဒီအဖွဲ့ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားရဲ့လားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ကချင်နိုင်ငံ သီးခြားထူထောင်ဖို့ အရူးထနေတုန်းဖြစ်ပါတယ်။ အစည်းအဝေးတစ်ခုမှာ ဂွမ်မော်က ကချင်နယ်မြေဆိုတာ အစိုးရက လက်ရှိသတ်မှတ်ထားတဲ့နေရာတွေတင် မဟုတ်ဘူး၊ ကချင်လူမျိုးတွေနေထိုင်တဲ့ နေရာအားလုံးဟာ ကချင်ပြည်နယ်ဘဲလို့ ပြောခဲ့ပါသတဲ့။ ရိုးသားမှု ကတော့ ရာနှုန်းပြည့်မရှိတာကို တွေ့ရပါတယ်။ ဂွမ်မော်က ဒီလိုပြောနေပေမဲ့ ကချင်ပြည်နယ်ထဲမှာဘဲ ကချင်လူမျိုး အားလုံးပေါင်းမှ နေထိုင်တဲ့လူဦးရေရဲ့ သုံးပုံတပုံဘဲ ရှိတယ်ဆိုတာ မေ့လျော့နေပုံပါပဲ။ ဒါတောင် စိစစ်လို့မရသေးတဲ့ တစ်ဖက်နိုင်ငံသားတွေ ဒီပြည်နယ်အတွင်း ဘယ်လောက်ရောက်နေတယ်ဆိုတာ အတိ အကျ မသိနိုင်သေးပါဘူး။

ကေအိုင်အို/ကေအိုင်အေအဖွဲ့ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှုမရှိဘူး ဆိုတာတော့ သိသာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ABSDF (မြောက်ပိုင်း)နဲ့ ဂွမ်မော် တွေ့ဆုံရာမှာ ရန်ကုန်မှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကေအိုင်အို/ကေအိုင်အေအနေနဲ့ မတက်ရောက်ဘူးလို့ ပြောဆိုကြောင်းလည်း သတင်းတွေထွက်ပေါ်နေပါတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ညှိနှိုင်းတော့ နိုင်ငံရေးဆွေးနွေးပွဲက အဓိက လို့ပြောပြီး ရှောင်ခဲ့ပါတယ်။ အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ကြမယ် ဆိုတော့လည်း မတက်နိုင်ဘူးလို့ပြောပြန်ပါတယ်။ ကေအိုင်အေအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှုမရှိဘူး ဆိုတာ ရှင်းလင်းမြင်သာလှပါတယ်။

ကေအိုင်အို/ကေအိုင်အေအနေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ နိုင်ငံရေးဆွေးနွေးပွဲတွေကို နည်းအမျိုး မျိုးနဲ့ ရှောင်လွှဲနေချိန်မှာဘဲ ငြိမ်းချမ်းရေးအတွက် အစိုးရဘက်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထား တာကို အခွင့်ကောင်းယူပြီး အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေကြတဲ့ အစိုးရစစ်ကြောင်းတွေကို အလစ်အငိုက်ယူ ကောက်ကျစ်စွာ တိုက်ခိုက်ခဲ့တာလည်း အကြိမ်ကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင်း အစိုးရစစ်ကြောင်းကို အလစ်အငိုက် ချုံခိုတိုက်ခိုက်ခဲ့ပါသေးတယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်တပ်က အရာရှိလေးကို ဒဏ်ရာရအဖမ်းခံထားရတဲ့ စစ်သည်လေးတွေ ရှေ့မှာ ခေါင်းကိုဖြတ် ဗိုက်ကိုခွဲ ဗိုက်ထဲကို ဖြတ်ထားတဲ့ ခေါင်းကို ထည့်ပြခဲ့ပါတယ်တဲ့။
ကေအိုင်အို/ကေအိုင်အေအဖွဲ့ဟာ ဒီလိုအခွင့်ကောင်းယူပြီး ကောက်ကျစ်တတ်တဲ့ အကျင့်စွဲနေတာ ကြာပြီဖြစ်ပါတယ်။ အစိုးရတပ်က ပြန်လည်တိုက်ခိုက်မယ့် အရိပ်အယောင်တွေ့ရင် ကယ်ပါယူပါတစာစာနဲ့ လူ့အခွင့်အရေးအကြောင်းပြပြီး နိုင်ငံတကာကြားအောင် အော်ဟစ်ငိုယိုပြတတ်ပါတယ်။ စစ်တပ်ရဲ့ထိုးစစ် ပြင်းထန်လာရင် ဂျနီဗာကွန်ဗင်းရှင်းစာချုပ်ဆိုတာနဲ့ မတောက်တခေါက်ကိုင်ပေါက် ကန့်ကွက်တတ်ပေမဲ့ ခုလိုစစ်သုံ့ပန်း ဖမ်းဆီးမိချိန်မှာတော့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို ချိုးဖောက် သတ်ဖြတ်နေတာတွေဟာလည်း အင်မတန်မှ အောက်တန်းကျယုတ်မာလှပါတယ်။ အစိုးရ စစ်သားများအနေနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီက အဖြေကိုမျှော်လင့်ရင်း၊ အမိန့်နာခံရင်း၊ ကောက်ကျစ် ယုတ်မာသူတို့ရဲ့ လက်ချက်ကြောင့် တစ်ဖြုတ်ဖြုတ်ကြွေခဲ့ကြရတာလည်း များလှပါပြီ။

ပြောလို့ဆိုလို့လည်းမရ၊ ညှိနှိုင်းဆွေးနွေးလို့လည်းမရ၊ ငြိမ်းချမ်းရေးလည်း အမှန်တကယ်မလိုချင်၊ ရိုးသားကတိတည်မှုလည်းမရှိ၊ ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကို ရွှေလက်နဲ့ခေါ်လို့မလာလျှင်တော့ လိုအပ်သလို ဆုံးမဖို့ အချိန်ကျရောက်နေပြီဖြစ်ပါတယ်ဗျာ။

အောင်ဘာလေ


http://mmforward.blogspot.com

အချစ်က အိမ်ထောင်တစ်ခု တည်ဆောင်ဖို့ ရှစ်ဆယ် ရာခိုင်နှုန်းလောက် လိုမယ်လို့ဆိုတဲ့ စန္ဒီမြင့်လွင်





လူရယ်လို့ ဖြစ်လာရင် အချစ်ဆိုတာကို မခံစားတတ်သူ မရှိသလောက် ရှားမယ်
ထင်ပါတယ်။ တချို့ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်အနစ်နာခံ တာကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လိုဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...

Q : နောက်ပိုင်းမှ သံယောဇဉ် ရှိသိသွာားတာမျိုးပဲဖြစ်မှာပါ။
A : မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားဖူးလားဆိုတော့ အဲဒီလိုတော့ မပြောတတ်ဘူး။ နောက်ပိုင်းမှ သံယောဇဉ်ရှိသွားတာမျိုးပဲ ဖြစ်ရင်ဖြစ်မှာပေါ့။ မြင်မြင်ချင်းကတော့ သူ့ကိုကိုယ်က ခင်လို့ရတယ်။ နည်းနည်းကြာသွားတော့မှ သူနဲ့သံယောဇဉ် ဖြစ်သွားတာမျိုးပဲဖြစ်မှာပါ။ ဒီးဒီ ဆယ်ကျော်သက်တုန်းကဘာမှ နားမလည်ခဲ့ဘူး။ ချစ်ရရင်ပြီးရောပဲ။ အခုကျတော့ ကိုယ်တကယ်အရမ်း ချစ်လို့ရမလား။ ဆယ်ကျော်သက် တုန်းက ခဏချစ်ရရင်ပြီးရော အခု ကျတော့ တစ်ဘဝလုံးလက်တွဲနိုင်မှ ဆိုပြီးတွေးတတ်သွားပြီ။

Q : အိမ်ထောင်တစ်ခုတည် ဆောက်ဖ်ဖို့ အချစ်က ၈၀ ရာခိုင်နှုန်း အရေးကြီးတယ်။
A : အချစ်က အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် ၈၀ ရာ ခိုင်နှုန်းလောက်လိုမယ်ထင်တယ်။ (၂၀)ရာခိုင်နှုန်းလောက်က ဘဝအ တွက်ပေါ့။ အားလုံးကောင်းဖို့ အကုန်လုံးပြည့်စုံမှလို့ထင်တာပဲ။ အများကြီးတော့ သိပ်မသိပါဘူး။ အချစ်ဆိုတာကို ဒီးဒီလက်ခံတယ်။ အချစ်ဆိုတာ ထူးဆန်းတယ်။ အချစ်ဆိုတာ ကောင်းပါတယ်။ အချစ်ကို ပူလောင်တယ်တို့၊ အေးမြတယ်တို့ အဓိပ္ပာယ် ဖွင့်ချင်တာမျိုး မရှိပါဘူး။

Q : အချစ်သီချင်းတွေ အများကြီး သီဆိုရတဲ့ အဆိုတော် တစ်ယောက်အနေနဲ့ အချစ်ကို လက်ခံယုံကြည်ထားတာက။
A : ကိုယ့်သီချင်းထဲကလိုအချစ်မျိုး ရှိလား၊ မရှိဘူးလားတော့မသိဘူး။ ဒီးဒီက အချစ်သီချင်းတွေဆိုရင် သီချင်းရေးဆရာ ရေးပေးတာကို စိတ်ထဲ မှာထည့်ပြီး ခံစားလိုက်တာပဲ။ ကိုယ်ဆိုတဲ့သီချင်းနဲ့တော့ တိုက်ဆိုင်မှု တွေမရှိပါဘူး။

Q : လူတစ်ယောက်က ချစ်နေရင် စိတ်ချမ်းသာလို့ ချစ်တာ။
A : အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားမှုတစ်ခုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်နေရင် စိတ်ချမ်းသာလို့ချစ် တယ်။ တချို့ကျတော့လည်း သူ့ကို ချစ်နေရရင်၊ ပေးဆပ်နေရရင် စိတ်ချမ်းသာလို့ ချစ်တာလည်း ရှိပါတယ်။ အချစ်ဆိုတာ ဒီလိုပဲတစ်ယောက် တစ်မျိုးစီပါပဲ။ အချစ်ကို ဒဿနမ ဖွင့်တတ်ပါဘူး။ ဒီးဒီတွေ့ဖူးခဲ့တဲ့ အချစ်ကတော့ ထူးထူးခြားခြားကြီး မရှိပါဘူး။ ပုံမှန်ပါပဲ။

By Khin Lay
REF:ရိုးရာလေး


အိပ်ငိုက်လွန်ရောဂါရှင်များ ကုသမှုမရှိပါက အရွယ်မတိုင်မီ သေဆုံးမှုများရှိနိုင်
Friday, 20 September 2013 06:29

အိပ် ငိုက်လွန်ရောဂါရှင်များအနေဖြင့် ကုသမှုမရှိပါက နောက်ပိုင်းတွင် သွေးတိုး၊ လေငန်း၊ နှလုံး၊ ဆီးချို ရောဂါများကိုထိန်းချုပ်ရန်ခက် ခဲပြီး အရွယ်မတိုင်မီသေဆုံးမှုများ ရှိနိုင်ကြောင်း ပါရမီဆေးရုံမှဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဦးဇေယျာအေး က ပြောသည်။

အိပ်ငိုက်လွန်ရောဂါရှင် များသည် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ လုပ် ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း တို့ခံစားရလေ့ရှိပြီး ကုသမှုမရှိဘဲ ထားပါက ယင်းသို့အရွယ်မတိုင်မီ သေဆုံးခြင်းကိုဖြစ်ပေါ်စေနိုင် ကြောင်း သိရသည်။
''ဒီရောဂါကတော့ တိတ် တဆိတ် ဒုက္ခပေးတဲ့ရောဂါပေါ့။ သူက အိပ်နေစဉ်မှာ ဟောက်တာ မျိုးလဲဖြစ်တယ်။ အိပ်နေတဲ့အ ချိန်မှာ အာခေါင်နဲ့လေပြွန်လမ်း ကြောင်း မကြာခဏ ပိတ်ဆို့မှု ကြောင့် ဦးနှောက်နဲ့ ကိုယ်ခန္ဓာ ကို အောက်ဆီဂျင်ပို့လွှတ်တာ ပြတ်တောက်တာပေါ့။ ဒီတော့ လူက စက္ကန့်အနည်းငယ်နိုးလာ ရပြီး လေပြန်ရှူဖို့ကြိုးစားရတယ်။ တစ်ညလုံး ဒီဖြစ်စဉ်အကြိမ်များ စွာ ဖြစ်နေတာ ကာယကံရှင်က မသိတာများတယ်။ ညဘက်တွေ အိပ်ရေးမဝတော့ နေ့ခင်းမှာ အိပ် ငိုက်လွန်ရောဂါရလာပါတယ်။ သူတို့ စောစောမကုရင် အန္တရာယ် ရှိပြီး အရွယ်မတိုင်မီ သေဆုံးတာ မျိုးတွေဖြစ်နိုင်ပါတယ်''ဟု ယင်း က ဆက်လက်ပြောသည်။

အဆိုပါရောဂါ Obs-tructive Sleep Apnea ဟုခေါ် ကြောင်းသိရပြီး ဆေးပညာရှင် များက Slient Killer ဟုခေါ်ဝေါ် ကြကြောင်းလည်း သိရသည်။

အဆိုပါရောဂါသည် အဝ လွန်သူများ၊ လည်ပင်းတုတ်သူများ၊ မွေးရာပါ မေးရိုးပုံမှန်မဟုတ်သူ များ၊ ဟော်မုန်းဓာတ်ချို့ယွင်းနေ သူများ၊ အမျိုးသားများ၊ အရက် နှင့်မူးယစ်ဆေးသုံးစွဲသူများနှင့် ကလေးများတွင် မွေးရာပါအာသီး ကြီးသူတို့တွင်ဖြစ်တတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောဂါရှင်များ သည် ဦးနှောက်လှိုင်း၊ မျက်လုံး ရွေ့လျားမှု၊ ခြေလက်ကြွက်သား လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ အသက် ရှူသွင်းရှူထုတ်လေအား၊ ရင် ဘတ်နှင့် ဝမ်းဗိုက်လှုပ်ရှားမှုများ တိုင်းတာသည့် အာရုံခံစနစ်များ ပါဝင်သည့် ပေါ်လီဆိုနိုဂရမ်သုံး ပြီး စစ်ဆေးနိုင်ကြောင်း သိရသည်။

မုဒိမ်းကျင့်ခံရသော မြန်မာအမျိုးသမီး မလေးရှားအစိုးရ ကျပ်သိန်း တစ်ရာကျော် နစ်နာကြေးပေး


Posted by drmyochit Friday, September 20, 2013
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့် ခံခဲ့ရသည့် မြန်မာအမျိုးသမီးကို မလေးရှား အစိုးရက နစ်နာကြေးအဖြစ် ကျပ်သိန်းတစ်ရာကျော် စက်တင်ဘာလ ဒုတိယပတ် အတွင်း ပေးအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါ မြန်မာအမျိုးသမီး လုပ်သားနစ်နာကြေး ရရှိရေး၊ လုံခြုံမှုအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးထားကြောင်း၊ အခြားကိစ္စရပ်များကို ကာယကံရှင်၏ ဂုဏ်သိက္ခာအရ ပြောဆိုရန် မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဦးမျိုးအောင်က ဆိုသည်။ အဆိုပါ ဂျိုဟိုးပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး မုဒိမ်းကျင့် ခံခဲ့ရဖူးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒအရှက်တရားနှင့် ဂုဏ်သိက္ခာများအား ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD(LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများ ၀င်ရောက်ဖမ်းဆီး



စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများက စက်တင်ဘာ ၁၈ ရက်ည ၈ နာရီခွဲက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါ အနှိပ်ခန်းကို စမ်းချောင်းမြို့ နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာတွင် သီးသန့်ကာရံထားသော အခန်း အတွင်း ဧည့်သည်အမျိုးသားများအား နှိပ်ပေးရန်အတူရှိသည့် အနှိပ်သမငါးဦးနှင့် ဆိုင်မန်နေဂျာတို့အား ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဒါ့အပြင်အနှိပ်ခန်းသုံး ဆက်စပ်ပစ္စည်းများနှင့် အနှိပ်ခန်းမှရရှိငွေ ကျပ်တစ်သိန်းကိုလည်း သက်သေခံအဖြစ် သိမ်းဆည်း ထားကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းဖမ်းဆီးရရှိမှုအား စမ်းချောင်းမြို့နယ် ရဲစခန်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ညှိနှိုင်းကာ မြို့နယ်တရားရုံး သို့ ဆက်လက်၍ တရားစွဲဆိုတင်ပို့မည်ဖြစ်သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese



ဘီလျံနာ ဒေါနယ်ထရမ့်၏ မှတ်သားဖွယ်ရာ စာစုလေး


၁။ ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ 25% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။

၂။ ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်ကစွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကိုဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။

၃။ ဘိုင်ပွတ် ပွတ်တယ်ဆိုတာ အလေလွင့်များတာရဲ့ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်က အချိန်၊ ငွေနဲ့လုပ်အားကို ဘယ်တော့မှ အလေ့လွင့်မခံနိုင်ဘူး။

၎။ လူအမှား(သို့) ကွန်ပျူတာ အမှားဆိုတာ အမြဲရှိတယ်။ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ဟိုတယ်ဖြစ်ဖြစ် ကုန်စုံဆိုင်ပဲဖြစ်ဖြစ် ပေးရမဲ့ငွေ တောင်းခံလွှာကို မျက်စိမှိတ်ပြီး မပေးချေသင့်ဘူး.။

၅။ ပစ္စည်းဝယ်တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်ကိစ္စအပေးအယူဖြစ်ဖြစ် တတ်နိုင်သမျှ ဈေးဆစ်ပါ။ အကုန်အကျသက်သာဖို့ ဈေးမဆစ်ရဲဘဲဟိတ်ဟန်တစ်ခွဲသားကြီးလုပ်နေတာဟာ သူငယ်နာမစင်တဲ့သဘောပဲ။

၆။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဂဏန်းသေးသေးကလေးကို ဂရုစိုက်ပါ.။ ရာခိုင်နှုန်းနဲ့တွက်ရင် ဒဿမမကအစ ဂရုစိုက်ပါ ။ ငွေဆိုရင် တစ်ကျပ် နှစ်ကျပ်က စတွက်ပါ။မပြောပလောက်ဘူးထင်တဲ့ အဲ့ဒီအသေးအဖွဲ့လေးတွေစုလိုက်ရင်ဧရာမငွေပမာဏဖြစ်လာနိုင်ပါတယ်။

၇။ ကလေးတွေအတွက် ကျောင်းစရိတ်ကတော့ သူတို့မွေးတဲ့နေ့မှာ စလုပ်တာအကောင်းဆုံးပါပဲ. မမွေးခင်လုပ်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။ ပညာကောင်းကောင်းပေးမယ်ဆိုရ် ငွေနည်းနည်းနဲ့ မရပါဘူး။ သူတို့ရဲ့
ကျောင်းစရိတ်ကို အမြန်ဆုံးစပြီးစာရင်းဖွင့်ပါ။

၈ ။ အ၀တ်စားဝတ်တဲ့နေရာမှာ လက်ရှိရာထူးအတွက် မ၀တ်ပါနဲ့။ ကိုယ်လိုချင်တဲ့ရာထူးအတွက် ၀တ်ပါ။

၉။ ကျွန်တော်အချိန်ယူလေ့လာထားတဲ့ငွေရအောင် လုပ်နည်းနဲ့ လူရိုသေ ရှင်ရိုသေဖြစ်အောင်လုပ်နည်းတစ်ချို့ကတော့-

(က) အချိန်မှီရောက်ပါစေ အချိန်မှန်ဖို့ သိပ်အရေးကြိးပါတယ်။ နောက်ကျတဲ့လူတွေကိုသည်းမခံပါနဲ့။ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ လူတွေကိုလည်း သည်းမခံပါနဲ့။ကိုယ်ကိုယ်တိုင်နောက်ကျရင်လည်း အလားတူသဘောထားပါ။

(ခ) ကလေးတွေကျောင်းကပေးလိုက်တဲ့အိမ်စာလုပ်သလို၊ အိမ်မှာလုပ်စရာရှိတာလုပ်ပါ။ ကိုယ်ညံ့လို့ သူများတွေ ကိုယ့်အတွက် အချိန်ကုန်ရင် ဘယ်တော့မှ လူတွေလေးစားမှာမဟုတ်ဘူး။

(ဂ) လူတစ်ယောက်ချင်းအတွက် ခေါင်းထဲမှာ ကိုယ်ရေးဖိုင်တွဲတစ်ခုစီဖွင့်ထားပါ။ တွေ့ရမယ့်လူတွေကို မတွေ့ဘူးခင် သူတို့အကြောင်း သုတေသနလုပ်ထားပါ။သူတို့အလှူဒါနပြုခဲ့ကြတာကို ခင်ဗျားသိထား တယ်ဆိုရင် သူတို့ဝမ်းသာကြမှာပေါ့။ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းအကြောင်း ခင်ဗျားသိနေတယ်ဆိုရင် သူတို့ခင်ဗျားကို ဖြုံကြမှာပါ။

(ဃ) လူတွေရဲ့နာမည်ကို မေ့တာဟာ အဆိုးဆုံးပဲ ဘယ်တော့မှ မမေ့ပါနဲ့.။သူတို့အကြောင်း အသေးစိတ်ကလေးကိုလည်း မမေ့ပါနဲ့။ စကားပြောရင်ဒါလေးတွေ လိုသလိုညှပ်ပြောပါ။ လူဆိုတာ သူတို့နာမည်ကို သူများခေါ်တာကြားချင်ကြပါတယ်။ သူတို့အကြောင်းပြောတာနားထောင်ချင်ကြပါတယ်။

(င) ရိုးသားပါ။ လူတော်တော်များများဟာ လိမ်ပြောရင်ချက်ချင်းမုသာဝါဒအနံ့ရတယ်။ ရိုးသားခြင်းကိုလူတိုင်း လေးစားတယ်။ သူတို့ကြားချင်တာနဲ့ထပ်တူမညီတောင် ရိုးသားရင် လေးစားမှာ အသေချာပါပဲ။

(စ) လူတွေစကားပြောပါစေ။ နားထောင်ပါ။ အလုပ်အကြောင်း ဆွေးနွေးတဲ့နေရာမှာမြေထိုးစက် ဂေါ်ပြားချပြီး မောင်းသွင်းတာမျိုး ဘယ်တော့မှမလုပ်ပါနဲ့.နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ မလိုမချင်း အတွင်းအားတွေ ကိုသိမ်းထားပါ။

၁၀။ ဘယ်သူတွေ ခင်ဗျားအပေါ်ဘယ်လောက်သစ္စာရှိသလဲဆိုတာ စမ်းသပ်ချင်ရင် ခင်ဗျား မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့အချိန်ဟာ အကောင်းဆုံးပဲ။

၁၁။ လူတွေကို ဝေဖန်တာတော့ ရှောင်ရပါမယ်။ ချီးကျူးတာက ပိုကောင်းပါတယ်။ ရံခါမှာ ဝေဖန်တာထက် ဆိတ်ဆိတ်နေခြင်းက ပိုတန်ဖိုးရှိပါတယ်။

၁၂။ လက်ဆောင်ပေးရာမှာ လူတစ်ကာသုံးနေတဲ့ပစ္စည်းမျိုးကို အလွယ်တကူ ၀ယ်မပေးပါနဲ့။ ထူးထူးဆန်းဆန်းလေးတွေ စိတ်ကူးပြီးပေးရတဲ့လူနဲ့လိုက်ဖက်တာမျိုးဆိုရင် သူအမြတ်တနိုးရှိနေပါ လိမ့်မယ်။

၁၃။ အောင်မြင်တဲ့လူဖြစ်ချင်ရင် အောင်မြင်တဲ့လူ စဉ်းစားသလို စဉ်းစားရပါလိမ့်မယ်. ကြိုးစားကြည့်ပါ။ အံသြစရာတွေ့ရပါလိမ့်မယ်။

၁။ ကြီးကြီးကျယ်ကျယ်စဉ်းစားပါ။
၂။ အမြင်ကြည်လင်အောင်လုပ်ပါ။
၃။ ရူးသွပ်ပါ။
၎။ စွဲလန်းပါ။
၅။ ဘယ်တော့မှ အလျော့မပေးပါနဲ့။
၆။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ။

Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ ဘယ်လိုအလုပ်ကြသလဲ



Google အနေနဲ့ ၂၅ စက္ကန့်မှာ အလုပ်လျှောက်လွှာတစ်ခု လက်ခံရရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအင်အား ၃ သောင်းကျော် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ Google ရဲ့ ရုံးများအနက်မှ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့၌ တည်ရှိသည့် ဌာနချုပ်ကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်သလို ဝန်ထမ်းများ အသုံးပြုဖို့ ထားရှိပေးထားတဲ့ ပစ္စည်းတွေ၊ အပန်းဖြေ အနားယူဖို့ နေရာတွေနဲ့ စားသောက်ခန်းမတွေဟာလည်း အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် ဂိမ်းကစားခန်းတွေ၊ ရေကူးကန်တွေ၊ အနှိပ်ခန်းတွေ၊ အခမဲ့စားသောက်ဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ အလုပ်လုပ်ဖို့ အချိန်ကော ရှိကြမယ်လို့ ထင်ပါသလား။

Google ရဲ့ ရည်မှန်းချက်ကတော့ ဝန်ထမ်းများအနေနဲ့ အလုပ်လုပ်ချိန်နဲ့ အနားယူချိန် မျှတဖို့ပဲဖြစ်ပြီး ယင်းမှသာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် Google အနေနဲ့ ယင်းတို့ရဲ့ ဝန်ထမ်းများအတွက် အခမဲ့ စားသောက်ဆိုင်တွေ၊ ဆံသဆိုင်တွေ၊ အဝတ်လျှော်ဆိုင်တွေ၊ ဆေးပေးခန်းတွေစတဲ့ ဝန်ဆောင်မှုများကိုပါ ထည့်သွင်း ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

Google ရဲ့ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Corin Anderson ကတော့ “အားလုံးက အလုပ်ကို ကြိုးစားအားထုတ်ပြီး လုပ်ကြပါတယ်။ အနားယူချိန်မှာလည်း စိတ်လွတ်ကိုယ်လွတ် အနားယူကြပါတယ်။ အဓိကအချက်ကတော့ ဝန်ထမ်းတွေအားလုံးဟာ စိတ်ချမ်းသာပျော်ရွှင်ကြပါတယ်။” လို့ ဆိုသွားပါတယ်။

မုံရွာမြို့ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် သံဃဒါန ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပမည်



မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး
မုံရွာ ၊ ၂၀-၉-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ၁၃၇၅ခုနှစ် ၊ သီတင်းကျွတ် လပြည့်ကျော် (၅) ရက်နေ့မှ လကွယ်နေ့ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ပြီး သံဃဒါန ဆွမ်းသပိတ် လောင်းလှူပွဲ ကို သတင်းကျွတ် လပြည့်ကျော် (၈)ရက် ( အောက်တိုဘာ ၂၇ ရက် ) နေ့တွင် မုံရွာ မြို့ပေါ်ရှိ သံဃာ အပါး (၆ဝဝဝ) ကျော်ကို ဆွမ်း သပိတ်များ လောင်းလှူ ကြမည် ဖြစ်ကြောင်း သိရသည်။

ဆုတောင်းပြည့် ဂေါပကအဖွဲ့ မှ တာဝန်ရှိ သူတစ်ဦးက " ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လ မှာ ကျင်းပခဲ့ ပါတယ် ၊ ယခုနှစ်လည်း စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမှာ ဖြစ်ပါတယ် ၊ အောက်တိုဘာ (၁၂) ရက်နေ့မှာ ဈေးဆိုင်ခန်း များကို နေရာ ချ ပေးသွား မှာ ဖြစ်ပါတယ် ၊ ဇာတ်ပွဲ များလည်း ကပြ ဖျော်ဖြေမှာ ဖြစ်ပါတယ် ၊ ဗုဒ္ဓပူဇနိယ ပွဲတော်မှာ နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့မှာ မုံရွာမြို့ပေါ်ရှိ သံဃာတော် အားလုံးကို ဆွမ်းသပိတ် များဖြင့် လောင်းလှူ ပူဇော်ပွဲ ကျင်းပ ပါတယ် ၊ မုံရွာမြို့ ပေါ်မှာ ကျောင်းတိုက် ပေါင်း (၁၉ဝ) ရှိပြီး ဝါဆို သံဃာတော် (၆၄ဝ၇) ပါးရှိ ပါတယ် ၊ အလှူရှင် များမှ မိမိတို့ တတ်စွမ်း သမျှ ဆွမ်း ၊ ဆွမ်းဟင်း နဲ့ ဝတ္တု ပစ္စည်းများ တိုက်သပိတ် အတွင်း ထည့်၍ လောင်းလှူ ကြပါတယ် ... " ဟု ပြောကြား သည်။

ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီးကို သက္ကရာဇ် ၁၂၅ဝ ပြည့်နှစ်တွင် မိုးတွင်း ကာလ မကြုံစဖူး ထူးထူးခြားခြား မိုးသည်းထန် စွာ ရွာသွန်းပြီး လေတိုက်ခတ် မှုကြောင့် အင်္ဂါထောင့်သို့ ရွှေထီးမြေခ ပြိုကျ ပျက်စီး၍ စေတီလုံး တော်ကြီးပါ ပြိုကျ ပျက်စီးခဲ့ သဖြင့် ပထမ လယ်တီ ဆရာတော် ဘုရားကြီး အမူးပြု၍ ဆရာတော် သံဃာတော်များ ၊ ဂေါပကအဖွဲ့ နှင့် အလှူရှင် များက သက္ကရာဇ် ၁၂၅၂ ခုနှစ်မှ စ၍ အသစ်တဖန် တည်ထား ပြုပြင်ရာ ၁၂၅၄ ခုနှစ်တွင် ပြီးစီး အောင်မြင် ခဲ့၍ ဥာဏ်တော် အမြင့် (၁ဝ၇) တောင်ရှိ သော ထင်ရှား တန်ခိုး ကြီးသည့် သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်ကြောင်း သိရှိရသည်။


မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး


မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏
ဂန္ဓကုဋီ အတွင်းရှိ မြတ်စွာဘုရားကြီး

ပရော်ဆက်ဆာ Core များခြင်းသည် စမတ်ဖုန်းတစ်လုံး၏ ဘက္ကထရီ သက်တမ်းအား ပိုမိုကြာရှည်ခံစေနိုင်သည်




သင့်အနေနဲ့ ကိုယ်ပိုင်သုံး ကွန်ပြူတာတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် ဝယ်မယ့်ကွန်ပြူတာရဲ့ ပရော်ဆက်ဆာမှာ core ပေါင်း ဘယ်နှစ်ခု ပါရမယ်လို့ သတ်မှတ်ပြီး ဝယ်ယူဖူးပါသလား။ PC တစ်ခုရဲ့ ပရော်ဆက်ဆာမှာ Octa-core (ပရော်ဆက်ဆာ ၈ လုံး) ပါဝင်ဖို့ဆိုတာ လွန်စွာမှ ခက်ခဲပါတယ်။ Core တစ်ခုထက် ပိုမိုတဲ့ ပရော်ဆက်ဆာတွေ ဈေးကွက်တွင်း ရောက်လာတာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။ ဒါပေမယ့် PC တွေမှာ Octa-core ဆိုတာကို မတွေ့ရသေးပါဘူး။

စမတ်ဖုန်းလောကကတော့ ဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စမတ်ဖုန်းတွေမှာ ပါဝင်တပ်ဆင်ထားတဲ့ ပရော်ဆက်ဆာတွေဟာ multi-core ဖြစ်လာတာပါ။ ၃ နှစ်အတွင်းမှာ Octa-core (ပရော်ဆက်ဆာ ၈ လုံး) ပါဝင်တဲ့ စမတ်ဖုန်း ပရော်ဆက်ဆာကို Galaxy S4 က မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိဈေးကွက်အတွင်းက ထိပ်တန်း စမတ်ဖုန်းတွေဟာ ပရော်ဆက်ဆာ ၄ လုံးတပ် Quad-core စမတ်ဖုန်းများပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မေးခွန်းကတော့ ဒီလောက်များပြားတဲ့ ပရော်ဆက်ဆာ အလုံးရေဟာ ဖုန်းတစ်လုံးအတွက် လိုအပ်ပါရဲ့လား။ ဒါမှမဟုတ် ဟန်ပြပဲလား။ ပရော်ဆက်ဆာ အလုံးရေများပြီး multi-core ဖြစ်တယ်ဆိုရင် တွက်ချက်မှုတွေ၊ လုပ်ဆောင်ချက်တွေ လွန်စွာမှ လျင်မြန်မယ်ဆိုတာ လူတိုင်းသိပါတယ်။

ဒါပေမယ့် dule-core ကနေ quad-core မှ ယခုနောက်ဆုံး octa-core ဖြစ်လာတဲ့အခါမှာ စမတ်ဖုန်းတွေရဲ့ ဘက္ကထရီသက်တမ်းကိုလည်း ထိခိုက်လာပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု မိမိတို့ရဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် သေးသွယ်ပေါ့ပါးဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ ဘက္ကထရီရဲ့ အရွယ်အစားက များစွာစကားပြောလာပါတယ်။ လက်ရှိနည်းပညာဖြစ်တဲ့ Latium Ion ဘက္ကထရီများရဲ့ စွမ်းအင်သိုမှီးနိုင်မှု ပမာဏကလည်း ဂိတ်ဆုံးနေပါပြီ။

ဒါဆိုရင် နေ့တစ်ဝက်တောင် ဘက္ကထရီအားက အသုံးမခံဖူးဆိုရင် ဘာလို့များ ပရော်ဆက်ဆာ အလုံးရေကို အပြိုင်တိုးချဲ့ နေကြာတာလည်းလို့ ထပ်မေးရပါလိမ့်မယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လက်ရှိစမတ်ဖုန်းတွေရဲ့ ပရော်ဆက်ဆာ အများစုကို ထုတ်လုပ်ပေးနေတဲ့ ARM ကုမ္ပဏီက ရှင်းလင်းဖြေကြား ပေးခဲ့ပါတယ်။ ရရှိလာတဲ့ အဖြေကလည်း လွန်စွာမှကို အံ့သြစရာ ကောင်းနေပါတယ်။

ARM ရဲ့ အဆိုအရ Octa-core (ပရော်ဆက်ဆာ ၈ လုံး) ဆိုတာ အစစ်အမှန်ပင်ဖြစ်ကြောင်း၊ ထို့အပြင် ယင်းတို့ ထုတ်လုပ်ထားတဲ့ (S4 သုံး) Octa-core ပရော်ဆက်ဆာဟာ ဘက္ကထရီသက်တမ်းလည်း ပိုမိုကြာရှည်စေကြောင်း သိရှိရသည်။

ဆိုလိုသည်မှာ ARM ၏ Cortex Quad-core ပရော်ဆက်ဆာသုံး Galaxy S4 (အမေရိကန်ဗားရှင်း) နှင့် Qualcomm Snapdragon Quad-core သုံး အခြားစမတ်ဖုန်းများနှင့် နှိုင်းယှဉ်လျှင် Octa-core Galaxy S4 (နိုင်ငံတကာဗားရှင်း) ၏ ဘက္ကထရီသက်တမ်းမှာ ပိုမိုကြာရှည်ခံမည်ဟု သိရှိရသည်။

လက်တွေ့တွင်မူ စမတ်ဖုန်းတစ်လုံး၏ ဘက္ကထရီသက်တမ်းသည် ပရော်ဆက်ဆာ အလုံးရေ များသည်၊ နည်းသည်နှင့် မသက်ဆိုင်ကြောင်း၊ ပရော်ဆက်ဆာများအား မည်သည့်အချိန်၌ မည်သို့မည်သို့ အသုံးချသည့် အပေါ်တွင်သာ မူတည်ကြောင်း သိရှိရသည်။

စမတ်ဖုန်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ဘက္ကထရီသက်တမ်း ပိုမိုကြာရှည်ခံနိုင်စေရန် ARM ၏ Octa-core ဒီဇိုင်းတွင် Core အကြီး ၄ လုံး နှင့် Core အသေး ၄ လုံး (Big Cores နှင့် Little Cores – BIG.little) ဟူ၍ ၂ မျိုး ၂ စား ထည့်သွင်းဖန်တီးထားသည်။ ဤ BIG.little နည်းပညာသည် အနာဂတ်၏ အဆင့်မြင့် ပရော်ဆက်ဆာများ၏ အခြေခံဖြစ်သည်ဟုလည်း သိရှိရသည်။

စမတ်ဖုန်း၏ လုပ်ဆောင်ချက်များအပေါ် မူတည်ပြီး BIG.little စနစ်မှာ Little Core (သို့) Big Core ကို အသုံးပြုမည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ဥပမာအားဖြင့် အီးမေးလ်ကြည့်ခြင်း၊ ဖုန်းခေါ်ဆိုခြင်းစသည့် ရိုးရှင်းသည့် လုပ်ဆောင်ချက်များအတွက် Little Core ၄ ခုမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အွန်လိုင်းပေါ်တွင် ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်းဆော့ခြင်းစသည့် စွမ်းရည်ပိုမို အသုံးပြုရန် လိုအပ်သည့် လုပ်ဆောင်ချက်များအတွက် Big Core ၄ ခုမှာ ပါဝင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဤနည်းအားဖြင့် လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ပရော်ဆက်ဆာအား အသုံးချသွားမည် ဖြစ်သဖြင့် ဘက္ကထရီသက်တမ်းအား ပုံမှန်ထက် ကြာရှည်ခံစေနိုင်မည် ဖြစ်သည်။

နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် Octa-core သုံး Galaxy S4 ၏ ဘက္ကထရီသက်တမ်းမှာ Quad-core သုံး Galaxy S3 ၏ ဘက္ကထရီသက်တမ်းထက် ၅၀-၇၀ ရာခိုင်နှုန်း သာလွန်ကောင်းမွန်မည်ဟု သိရှိရသည်။ ဘယ်ဆိုးလို့လဲ။

ကဲဒါဆိုရင် ကျွန်တော်တို့ အားလုံးသည်လည်း စမတ်ဖုန်းဝယ်တဲ့အခါမှာ Core များမှာနေတာကြောင့် ဘက္ကထရီစားမှာကို ကြောက်နေဖို့ မလိုတော့ပါဘူး။ ARM ရဲ့ အဆိုအတိုင်းကတော့ Core များလေ ကောင်းလေ၊ Core များလေ ပိုပြီး efficient ဖြစ်လေပါပဲ။

နောက်ပြီးတော့ Octa-core (ပရော်ဆက်ဆာ ၈ လုံး) သုံး စမတ်ဖုန်းတွေဟာ အခုမှ အစမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီနှုန်းအတိုင်းသာ နည်းပညာပိုင်း တိုးတက်မှုနှုန်း ရှိနေမယ်ဆိုရင်တော့ နောက်နှစ်ဒီအချိန်မှာ Hexadeca-Core (ပရော်ဆက်ဆာ ၁၆ လုံး) သုံးထားတဲ့ စမတ်ဖုန်းတွေကို အများပြည်သူတို့ ကိုင်ဆောင်အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။

How to Get Tight Tummy မိန်းကလေးတိုင်းအတွက် အသုံးဝင်ပြီး အထောက်အကူဖြစ်မယ့်နည်းလမ်းများ




Friday, September 20, 2013


ဒီပိုစ့်လေးကတော့ မိန်းကလေးတိုင်းအတွက် အသုံးဝင်ပြီး အထောက်အကူဖြစ်မယ့်ပိုစ့်လေးလို့ ကန်ဒီထင်တယ်။ လူတိုင်းလိုလို (အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်တဲ့သူများ

) ဗိုက်ကလေးနည်းနည်းတော့ ရှိတတ်တာ သဘာဝပါပဲ။ အဓိက,ကတော့ ဗိုက်နေရာ၊ ခါးနေရာတွေ လှုပ်ရှားမှုအားနည်းလို့ပါ။

ကန်ဒီတို့နေ့စဉ်လှုပ်ရှားမှုတွေမှာ ခြေထောက်နဲ့လက်ကိုပဲ အသုံးများပြီး ဗိုက်နဲ့ခါးရဲ့လှုပ်ရှားမှုကျတော့ မရှိသလောက် နည်းပါးတယ်မဟုတ်လား? အဲ့တော့ အချိန်ကြာလာတာနဲ့အမျှ အဆီတွေက ဗိုက်နေရာ၊ ခါးနေရာတွေမှာ စုနေတော့တာပေါ့။ ဗိုက်နေရာမှာ အဲ့လိုအဆီတွေစုနေတတ်တဲ့အပြင် Bloating လို့ခေါ်တဲ့ အနေအစားမမှန်လို့ ဖောဖောကြီးဖြစ်နေတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဒီနေ့ကန်ဒီပြောပြမှာက ဗိုက်ချပ်ချပ်ရပ်ရပ်လေး ပိုင်ဆိုင်ဖို့အတွက် Bloating ဖြစ်တာကို ဘယ်လိုကာကွယ်မလဲ၊ နောက် ဗိုက်ကအဆီတွေ ဘယ်လိုချမလဲဆိုတာတွေပေါ့။

► How to Reduce Bloating
Bloating ဆိုတာ အစားအသောက်မမှန်လို့ (သို့) အစားအများကြီးစားမိလို့ ဗိုက်အရမ်းတင်းပြီး မအီမလည်ကြီးဖြစ်နေတာကို ဆိုလိုတာပါ။ အဲ့လိုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲဆိုတော့...

♦ အစာစားတဲ့အခါ ဖြည်းဖြည်းစားပါ။
ကန်ဒီတို့ အစာအိမ်ကနေ ဗိုက်ပြည့်ပြီဆိုတဲ့ Signal ဦးနှောက်ဆီရောက်ဖို့ မိနစ်(၂၀)၀န်းကျင် ကြာပါတယ်။ အစားကိုမြန်မြန်စားတဲ့အခါ လိုတာထက် ပိုစားမိတတ်ပြီး ဗိုက်ဝပြီဆိုတဲ့ Signal ဦးနှောက်ဆီ တကယ်ရောက်တဲ့အချိန်မှာ လူကအစားလွန်နေပြီလေ။ အဲ့နောက်တော့ ဗိုက်ထဲမှာ မအီမလည်ကြီး ခံစားရတော့တာပေါ့။

♦ အမျှင်ဓာတ်များတဲ့ အစားအစာများများစားပါ။
ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ရမယ့် အညစ်အကြေးတချို့ဟာ အူလမ်းကြောင်းတစ်လျှောက်က အူနံရံတွေမှာ ကပ်ကျန်နေတတ်တယ်။ အမျှင်ဓာတ်(Fiber)များတဲ့အစားအစားတွေဟာ အဲ့ဒီကျန်နေတဲ့အညစ်အကြေးတွေကို အူလမ်းကြောင်းကနေ တွန်းထုတ်ဖယ်ရှားပေးတယ်။ အဲ့ဒါကြောင့် အူလမ်းကြောင်းသန့်ရှင်းဖို့ အသီးအရွက်တွေ များများစားပေးဖို့လိုတယ်။ အမျှင်ဓာတ်တွေအပြင် အူလမ်းကြောင်းအတွက်ကောင်းတဲ့ နောက်ထပ်အစားအစာတစ်ခုကတော့ ဒိန်ချဉ်ပါ။

♦ အငန်လျော့စားပါ။
Sodium တွေက ရေကိုဆွဲထားတတ်တော့ အငန်များများစားလေ ခန္ဓာကိုယ်ထဲမှာ ရေကိုပိုဆွဲလေဖြစ်ပြီး ဗိုက်ပူပူလေးဖြစ်နေတတ်တယ်။ ဆီးလမ်းကြောင်းအတွက် ကောင်းတဲ့အစားအစာတွေကတော့ ကညွတ်နဲ့ ကျောက်ဖရုံသီးပါ။

♦ ရေများများသောက်ပါ။
ရေများများသောက်တဲ့အခါ ဆီးခဏခဏသွားတယ်မဟုတ်လား။ အဲ့ဒါ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပေါ့။ ရေများများသောက်သင့်တဲ့ အကောင်းဆုံးအချိန်ကတော့ မနက်မိုးလင်း အိပ်ယာနိုးနိုးချင်းအချိန်ပါ။ Coca Cola လို Carbonated Drink တွေရှောင်ပါ။ သရေစာတွေ လျော့စားပါ။

♦ စိတ်ဖိစီးမှုကို လျော့ချပါ။
စိတ်ဖိစီးမှုများတဲ့အခါ ကန်ဒီတို့ခန္ဓာကိုယ်ကနေ Cortisol (or Stress Hormone) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်တယ်။ အဲ့ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ Fat Storage ကို အားပေးတယ်လေ။ နောက် စိတ်ညစ်တယ်ဆိုပြီး အစားတွေအများကြီးစားတာ တွေ့ဖူးမှာပေါ့။ အဲ့ဒါကို Emotional Eating လို့ခေါ်တယ်။ အဲ့လိုဖြစ်ရတာလည်း ခုနကပြောတဲ့ Stress Hormone ကြောင့်ပေါ့။ စိတ်ဖိစီးမှု လျော့ချချင်ရင် လေ့ကျင့်ခန်းများများလုပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။

► How to Lose Belly Fat

နဂိုရှိပြီးသား ဗိုက်ကအဆီကိုချဖို့ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်။ လေ့ကျင့်ခန်းကို... ခန္ဓာကိုယ်တစ်ခုလုံးကအဆီတွေချတာမျိုးနဲ့ကိုယ်လိုချင်တဲ့နေရာကအဆီကိုပဲကွက်ချတာမျိုးဆိုပြီး နှစ်မျိုးခွဲထားတယ်။ နှလုံးခုန်နှုန်းမြန်လာပြီး ချွေးထွက်အောင် မောအောင်လုပ်ရတဲ့ ဘယ်လေ့ကျင့်ခန်းမျိုးကိုမဆို Cardio လို့ခေါ်တယ်။ Cardio ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေချပေးတဲ့ လေ့ကျင့်ခန်းတစ်မျိုးပေါ့။ ပြေးတာပဲဖြစ်ဖြစ်၊ လမ်းမြန်မြန်လျှောက်တာပဲဖြစ်ဖြစ် ကိုယ်အားသန်ရာကို လုပ်လို့ရတယ်။ ဒုတိယတစ်နည်းဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုခုက အဆီကိုရွေးချချင်တာမျိုး ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာအလိုက် သီးသန့်လေ့ကျင့်ခန်းတွေ ရွေးလုပ်သင့်တယ်။ ဗိုက်နေရာ၊ ခါးနေရာတွေကို ဦးတည်ပြီးလုပ်တဲ့ လေ့ကျင့်ခန်းမျိုးကို Core Workout လို့ခေါ်တယ်။ အဲ့ဒီစကားလုံးရိုက်ပြီး YouTube မှာ ရှာလိုက်ရင် ဗွီဒီယိုတွေအများကြီး ကျလာလိမ့်မယ်။ အဲ့ထဲကမှ ကိုယ်ကြိုက်တဲ့လေ့ကျင့်ခန်းမျိုးကို ရွေးလုပ်ပေါ့။

http://www.youtube.com/watch?v=NeczzQvnVHc&feature=player_embedded

http://www.youtube.com/watch?feature=player_embedded&v=r_J8btnIEKQ

တရုတ် လေယာဉ်တင် သင်္ဘောပေါ် တွင် တိုက် လေယာဉ်များ လေ့ကျင့်



ရှန်ယန်း J-15 ( ငါးမန်းပျံ ) တိုက်လေယာဉ်များ သည် ယခု အခါ လီအိုနင်း လေယာဉ်တင် သေ င်္ဘာ ကြီး ပေါ်တွင် အဆင်း အတက် ပြုလုပ် သည့် စစ်ဆင်ရေး မျိုး အရှိန်မြှင့် လေ့ ကျင့် နေေ ကြာ င်း သိရှိရသည်။

တရုတ်ရေတပ် သည် ၎င်းတို့ ၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီး ပေါ်တွင် တိုက် လေယာဉ် များ အဆင်း အတက် လေ့ကျင့်မှု ကို အင်တိုက် အားတိုက် စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။ ရှန် ယန်း J-15 ( ငါးမန်းပျံ ) တိုက်လေယာဉ် များ သည် ယခု အခါ လီအိုနင်း လေယာဉ်တင် သင်္ဘော ကြီး ပေါ်တွင် အဆင်းအတက် ပြုလုပ်သ ည့် စစ်ဆင်ရေးမျိုး အရှိန်မြှင့် လေ့ကျင့် နေကြောင်း သိရှိ ရသည်။ J-15 များသည် လေယာဉ် တင် သင်္ဘော ပေါ်တွင် တပ်စွဲ နေရာ ယူနိုင် အောင် ဖန်တီး ထား သည့် ဘက်စုံသုံး တိုက် လေယာဉ် များ ဖြစ်သည်။ J-15 များကို ယူကရိန်း ထံမှ တရုတ်က ဝယ်ယူ ခဲ့သော ဆူခွိုင်း Su-33 လေယာဉ် ကို ပုံစံ ပြောင်းကာ ရှန်ယန်း လေယာဉ် ကော်ပိုရေးရှင်း က ဖန်တီး ထုတ်လုပ် ထားခြင်းဖြစ်ပြီး ပြည်တွင်းဖြစ် လက်နက် များ ကို တပ်ဆင် ထား ကြောင်း သိရသည်။

J-15 ၏ ပျံသန်းမှု စနစ် များ နှင့် လက်နက် တင်ဆောင်မှု စနစ်များ သည် များစွာ ကျယ်ပြန့်ေ ကာ င်း မွန် ကြောင်း တရုတ် စစ်ဘက် က ကြွေးကြော် ခဲ့ဖူးသည်။ J-15 များ ကို တရုတ်ဖြစ် တိုင်ဟန် တာဘို အင်ဂျင် များဖြင့် တွန်းအားပေး မောင်းနှင် စေခဲ့သည်။ J-15 ကို ( ၂၀၀၉ ) ခုနှစ်၊ ဩဂုတ် လ က စတင် စမ်းသပ် ပျံသန်းပြီး နောက် ယခု အခါ လီအိုနင်း သင်္ဘောကြီး ၏ အဓိက ပင်တိုင် တိုက်လေယာဉ် အဖြစ် အသုံးပြုရန် ဦးတည် လာခဲ့ခြင်း ဖြစ်သည်။ လတ်တလော တွင်မူ စစ်ဆင်ေ ရး ထက် လေယာဉ် များ အမှား အယွင်း မရှိ ချောမွေ့စွာ အဆင်း အတက် ပြုလုပ်ရေး လေ့ကျင့်မှု များ ကို အသားပေး လေ့ကျင့် နေဆဲ ဖြစ်သည်။

ရေတပ် နောက်တန်း သေနာပတိ ယန်ဇူး က "ရေတပ်ရဲ့ အမှတ် အသား ဆေးရောင် တွေကို J-15 မှာ ရေးခြယ် ပြီး ပါပြီ။ ခုဆိုရင် တာဝန် ထမ်းဆောင်မှု ကိုလည်း အစပျိုး နိုင်ခဲ့ပြီ။ ပြောရမယ် ဆို ရင် လောလော ဆယ် အတည် မပြု သေး ပေမယ့် J-15 တွေ ဟာ ရေတပ်ဖွဲ့မှာ တာဝန် စထမ်းေ နပြီလို့ ယူဆ ရပါမယ်"ဟု ဆိုသည်။ ၎င်းက J-15 တိုက် လေယာဉ်များ ကို ပမာဏ အမြောက် အမြား ထုတ်လုပ် သွားမည်ဟု ပြောကြား ခဲ့သည်။ ပထမ အသုတ် ထုတ်လုပ် မှုက စတင် နေပါပြီ။ ဒီတိုက် လေယာဉ် တွေ ရဲ့ တာဝန် ထမ်းဆောင် မှု သက် တမ်း ကလည်း ကြာရှည် ပါလိမ့်မယ်။ J-15 တွေရဲ့ တည်ဆောက် ပုံဟာ အပြောင်း အလဲတွေ လုပ်ဆောင် ဖို့ အရမ်း လွယ်ကူ တယ်။ ရေ ဒါ နဲ့ အီလက် ထရောနစ် ဆက်သွယ်ရေး စနစ်တွေ၊ အင်ဂျင် စနစ် တွေကို အဆင့်မြှင့် နိုင်အောင် စီ စဉ် ထားတယ်။ နောက်ထပ် (၁၀) နှစ်၊ (၁၅) နှစ်လောက်မှာ အဆင့်မြှင့် မွမ်းမံမှု တွေ ထပ် လုပ် ပြီး လေယာဉ် တွေရဲ့ တာဝန် ထမ်းဆောင်မှု သက်တမ်း ကို တိုးမြှင့် နိုင်မှာပါ" ဟုလည်း သေနာ ပတိ ယန် က ပြောကြား ခဲ့သည်။ ၎င်းက လီအိုနင်း သင်္ဘောကြီး ၏ လေယာဉ် တင်ဆောင် နိုင်မှု စွမ်းရည် နှင့် ပတ် သက်ပြီး မေးမြန်းမှုကိုမူ "သင်္ဘော ကုန်းပတ် ပေါ်မှာ တာဝန် ထမ်းဆောင် နိုင် မယ့် တိုက် လေယာဉ် အရေ အတွက် က (၃၆) စင်းလောက် ရှိပါလိမ့် မယ်"ဟု ဖြေကြား ခဲ့သည်။ တရုတ်စစ်တပ် သည် ဘက်စုံသုံး တိုက် လေယာဉ် အမျိုးအစား ဖြစ်သည့် J-15 များကို ( ၁၆ ) စင်း ထိ ထုတ်လုပ် ထားပြီး ဖြစ်သည်။

Planet Myanmar Network

နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး၊ မုံရွာစသော မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်




Friday, September 20, 2013

ဓာတ်အားဖြန့်ဖြူးရေးစနစ် ချို့ယွင်းမှု (Break Down) ဖြစ်ပွားခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၉ ရက် ည ၇ နာရီခန့်မှ စတင်ကာ နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး၊ မုံရွာစသော မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား တစ်နာရီခန့် ပြတ်တောက်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့အနီးရှိ သာယာကုန်း လျှပ်စစ် ဓာတ်အားပေးရုံရှိ မိုးကြိုးလွှဲ (LA) ချို့ယွင်း ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်အားဖြန့်ဖြူးရေးစနစ် ပြတ်တောက်မှု (Break Down) ဖြစ်ကာ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများအားလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်အားပေးရုံတွင် ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရ၍ မြို့ကြီးများအနှံ့ ဓာတ်အား ပြတ်တောက်ရသည့် အကြောင်းရင်း အသေးစိတ်ကို ပြန်လည် ဖြေဆိုရန် အချိန်မရှိသေးကြောင်း ၎င်းကဆိုသည်။

ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် The Voice မှ ဆက်သွယ်မေးမြန်ရာ “အခု ရန်ကုန်မြို့တော်ကိုတော့ ပြန်ပေးနိုင်ပါပြီ။ တခြားမြို့တွေလည်း တစ်မြို့ပြီးတစ်မြို့ တစ်လိုင်းချင်း ပြန်ဝင်လာနေပါတယ်။ ဒီမှာ အရမ်းအလုပ်များနေလို့ နောက်မှပဲ အကြောင်းစုံ ရှင်းပြပါ့မယ်” ဟု ဦးမောင်မောင်လတ်က ပြန်လည် ဖြေဆိုသည်။

အထက်မြန်မာပြည် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပြည်၊ တောင်ငူမြို့ကြီးများ အပါအဝင် အခြားမြို့များတွင်လည်း ည ၇ နာရီဝန်းကျင်မှစ၍ တစ်နာရီကျော်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

The Voice Weekly

iPhone 5S လက်ဗွေစနစ်ဖောက်နိုင်လျှင် ဆုကြေးငွေရမည်




iPhone 5S လက်ဗွေလုံခြုံရေးစနစ်ကို ဖောက်နိုင်သူများကို တကယ် ဆုချ မှာပါ။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၀၀၀ ရဖို့က သေချာနေပါတယ်။

ဆုချမယ့် ဝဘ်ဆိုဒ်က http://istouchidhackedyet.com/ ဖြစ်ပါတယ်။ ဆုကြေးငွေပေးအပ်မယ့်သူတွေက ပိုပိုပြီးတော့များလာပါပြီ။ ဒီတော့ iPhone 5S နဲ့ fingerprint ID touch ကို Hack ဖို့ကြိုးစားသူများလည်း များသထပ် များလာပြီ ဖြစ်ပါတယ်။ Fingerprint touch ID sensor မှာ Radio Frequency Scanner တစ်လွှာ ပါဝင်ပါသေးတယ်။ ယင်း အလွှာက ဖိလိုက်တဲ့ လက်က သွေးခုန်နှုန်း ရှိလား မရှိဘူးလားကို အာရုံခံပေးမှာ ဖြစ် ပါတယ်။ ဒီတော့ လက်ဖြတ်ပြီး Home button မှာ သွားဖိလည်း ဖုန်းက ပွင့်မှာ မဟုတ်ပါဘူး။ Apple က အဲ့လိုမျိုး လည်း စီမံဖန်တီးထားပါတယ်။

ဟာ့ဒ်ဝဲအရရော၊ firmware/software အရရော အားနည်းချက် လုံးဝ မရှိအောင် Apple က ဖန်တီးထားကြောင်း တရားဝင် ပြောကြား ထားပြီး သားပါ။ သို့ပေမယ့် ဇူကာဘတ်ရဲ့ Facebook Timeliine ကိုတောင် ပါလက်စတိုင်းက ဟက်ကာတစ်ယောက် ဝင်ဖောက် နိုင်ခဲ့သေးတာပဲ။ Apple ထုတ် iPhone ရဲ့  နောက်ဆုံးထွက် 5S ကိုလည်း အပြစ်ကင်းတယ်လို့တော့ ပုံသေ ပြောလို့ မရပါဘူး။ Fingerprint ID ဖောက်ချင်သူများ ဆုရမရ ကတော့ စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (TSJ Team)

ငါးတွေ ရေသောက်ကြပါသလား..........?





ကသိကအောက်နိုင်တဲ့မေးခွန်းပါ။
ငါးတွေကရေထဲမှာနေတော့ မသိရင်တော့သိမယောင်နဲ့ ခက်နိုင်တယ်။

ငါးတွေဟာအကြမ်းအားဖြင့်ပြောရရင် ရေသောက်တတ်ကြပါတယ်။
ငါးတွေမှာ နှစ်မျိုးနှစ်စားရှိပါတယ်ဒါကတော့ ရေချိုငါးနဲ့ 
ရေငံငါး(ပင်လယ်ငါး)ဖြစ်ပါတယ်။

ရေချိုငါးတွေကတော့ ရေမသောက်တတ်ပေမယ့်သူတို့ ရဲ့အရေပြားတွေ
အကြေးခွံနေကနေ ရေကိုစုပ်ယူတတ်ကြပါတယ်။
ရေငံငါး(ပင်လယ်ငါး)တွေမှာတော့ရေသောက်တတ်ကြပြီး
ပြန်လည်စွန်ထုတ်တတ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ဆော်လမွန်ငါးနဲ့ လင်းပိုင်တွေဖြစ်ပါတယ်။

ဆော်လမွန်ငါးတွေကတော့ ရေချိုနှင့်ရေငံနှစ်မျိုးစလုံးနေတတ်တဲ့
ငါးမျိုးဖြစ်ပြီးမွေးဖွားတဲ့အချိန်မှာတော့ရေအလွန်သန့် ရှင်းတဲ့
ရေချိုနေရာမှာပဲ မွေးဖွားလို့ ရပါတယ်။ပင်လယ်ဘက်သို့ 
ရောက်သွားတဲ့အချိန်မှာတော့ရေငံကိုပဲပါးစပ်မှသောက်သုံးပြီး
မလိုအပ်တဲ့ဆားနဲ့ အခြားစွန့် ပစ်ပစ္စည်းတွေကိုတော့အကြေးခွံ
နဲ့ ခန္ဓာကိုယ်အနှံမှစွန်ထုတ်တတ်ပါတယ်။ရေချိုသို့ ရောက်တဲ့အချိန်မှာတော့
ပါးစပ်မှမသောက်တော့ပဲအကြေးခွံမှသာရေကိုစုပ်ယူပါတော့တယ်။

လင်းပိုင်းတွေကတော့ပင်လယ်ရေကိုလုံးဝသောက်လို့ မရပါဘူး။
အကြောင်းကတော့ပင်လယ်ရေသောက်တာနဲ့ နေမကောင်းဖြစ်ပြီး
သေစေနိုင်တဲ့အထိပြင်းထန်နိုင်ပါတယ်။ဒါ့ကြောင့်သူတို့ ဟာရေကို
သူတို့ စားတဲ့အစာမှတစ်ဆင့်စုပ်ယူတတ်ကြပါတယ်။

ZK(ကနောင်)

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ ယနေ့ သွားရောက်မည်



ရန်ကုန်၊ စက်တင်ဘာ ၂၀

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် စင်ကာပူဖိုရိမ်သို့ တက်ရောက်ရန်နှင့် အစိုးရ အဖွဲ့အစည်းများကို တွေ့ဆုံရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့ (ယနေ့) တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသမ္မတ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် စင်ကာပူ နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီး မစ္စတာဂရေ့စ်ဖူ Ms. Grace Fu နှင့် တွေ့ဆုံမည်ဖြစ်ပြီး စင်ကာပူ ထိပ်သီးအစည်းအဝေး ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် စင်ကာပူ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်ဖြင့် မိန့်ခွှန်းပြောကြားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ခရီးစဉ်တွင် စင်ကာပူရောက် မြန်မာအဖွဲ့ အစည်းများနှင့် တွေ့ဆုံကာ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု တည်ထောင်ခဲ့သော ပြည်သူ့ရေးရာမူဝါဒ သင်တန်းကျောင်း (School of Public Policy) သို့သွားရောက် လေ့လာမည်ဖြစ်ပြီး စင်ကာပူစီမံ ခန့်ခွဲရေး တက္ကသိုလ်တွင် ခေါင်းဆောင်တို့၏ တွေးခေါ်မှုအလေ့အထ ခေါင်းစဉ်ဖြင့် သင်ကြားပို့ချမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ ပါလီမန် ပြောရေးဆိုခွင့်ရှိသူ မဒမ် ဟာလီယာမက်ရက်ကော့၊ စင်ကာပူနိုင်ငံသမ္မတ ဒေါက်တာတိုနီတန်ခမ်းယန် (Dr.Tony Tan Keng Yam)၊ စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း (Mr. Lee Hsein Loong)၊ စင်ကာပူ ဝန်ကြီးဟောင်း ဂိုဂျောက်ထောင် (Mr. Goh Chok Tong) တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း စင်ကာပူ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံများသို့ သွားရောက်ခဲ့ပြီး စက်တင်ဘာလအတွင်း ဥရောပနိုင်ငံများဖြစ်သော ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ချက်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

(ဟိန်းသွင်ထက်)

The Voice Weekly
 

နော်ဝေမှ ကျွန်းမြို့  Lofoten




နော်ဝေနိုင်ငံမြောက်ပိုင်း ပြည်နယ် Nordland တွင်းရှိ Lofoten အမည်ရ ကျွန်စုမြို့ ငယ်လေး ဖြစ်ပါတယ်။

ဘယ်လောက်လှတဲ့မြို့  ဖြစ်တယ်ဆိုတာ ပုံကြည့်ရုံနဲ့တင် သိရှိနိုင်ပါတယ်။ ဒါတောင် အပေါ်ယံမှာပဲ ရှိပါတယ်။ ရေအောက်မှာ ကမ္ဘာ့အရှားပါးဆုံးသော သန္တကျောက်တန်းစုကြီးတွေ၊ ငါးပူတင်းမျိုးစိတ်တွေ၊ အခြားသော ရေနေ သတ္တဝါကြီးငယ် စုံလင်စွာနဲ့ ရင်သပ်ရှုမောဖွယ်ကို လှပလို့နေပါတယ်။

လူဦးရေသိပ်မရှိပါဘူး။ အဓိက စီးပွားရေးလုပ်ငန်းက တံငှာ ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ကမ္ဘာ့လှည့်ခရီးသွားလာရေး အတွက် စီးပွားတွင်တဲ့ မြို့ ဖြစ်နေပြီ ဖြစ်ပါတယ်။ ရေငုပ်၊ တောင်တက် စက်ဘီးမောင်း၊ ပင်လယ်ခရီး၊ ကမ်းခြေအပန်းဖြေ အစရှိသဖြင့် လည်ပတ်စရာ နေရာစုံစုံလင်လင်နဲ့ အလည်ရောက်သူများအတွက် ဝန်ဆောင်မှု အပြည့်အဝပေးထားပါတယ်။

Lofoten ရဲ့  ထူးခြားချက်က ရာသီဥတု အပြောင်းအလဲ မြန်ခြင်း ဖြစ်ပါတယ်။ လက်တီကျု အမြင့်ပိုင်းမှာရှိတဲ့အတွက် အရမ်းမြင့်၊ အရမ်းနိမ့်တဲ့ ရာသီဥတုဒဏ် တစ်ခု ရှိပါတယ်။ သို့ပေမယ့် ၁၂ ရာသီမှာ အေးတဲ့ကာလက အများစုပဲ ဖြစ်ပါတယ်။

ဥရောပတိုက်တွင်း နော်ဝေနိုင်ငံသို့ အလည်ရောက်သူများအတွက် Lofoten ဟာ လည်ပတ်ချင်စရာ အကောင်းဆုံးနေရာ အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

Related Posts Plugin for WordPress, Blogger...