Friday, September 20, 2013

အင်းဝမြို့ဟောင်းနှင့် အနီးဝန်းကျင်တွင် ဒုဋ္ဌ၀တီ မြစ်ရေတက်မှုကြောင့် ရေနစ်မြုပ်မှု ဖြစ်ပေါ်

 Created on Friday, 20 September 2013



အင်းဝမြို့ဟောင်းရှိ ဗားကရာ ကျောင်းတော်ကြီး အတွင်း ရေ၀င်နေမှုကြောင့် လှေများဖြင့် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ

မန္တလေးတိုင်း ဒေသကြီး၊ တံတားဦး မြို့နယ်အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်တစ်ခု ဖြစ်သည့် အင်းဝမြို့ဟောင်းနှင့် အနီးဝန်းကျင်တွင် ဒုဋ္ဌ၀တီ မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး အစားအသောက်နှင့် အကူအညီများ လိုအပ်လျှက် ရှိနေကြောင်း သတင်းရရှိသည်။

တံတားဦးမြို့နယ် အတွင်းရှိ အင်းဝ ရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း၌လည်း ဒုဋ္ဌ၀တီ မြစ်ရေ စိုးရိမ်ရေမှတ် အထက် ကျော်လွန် ရောက်ရှိခဲ့ခြင်းကြောင့် ကျေးရွာ အချို့တို့တွင် ရေ၀င် နစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့် အပြင် နိုင်ငံခြားသားခရီးသွား ဧည့်သည် အများအပြား လာရောက်နေသည့် ဗားကရာ ကျောင်းဝင်းအတွင်း၌ ရေ၀င် နစ်မြုပ်မှုများ ဖြစ်ပေါ်နေရပြီး အခြား ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ များတွင်လည်း ရေ၀င် နစ်မြုပ်မှုများ ဖြစ်ပေါ်လျှက် ရှိသည်။



အင်းဝမြို့ဟောင်းရှိ ဗားကရာ ကျောင်းတော်ကြီး အတွင်း ရေ၀င်နေမှုကြောင့် လှေများဖြင့် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ

''ဒုဋ္ဌ၀တီမြစ်ရေ တက်လာတာက ရက် ၂၀ နီးပါး ရှိသွားပြီ။ အခု တစ်ပေလောက်တော့ ပြန်ကျသွားတယ်။ ဒါပေမဲ့ မိုးပြန် များလာရင် စိတ်မချရသေးပါဘူး။ အိမ်တွေထဲကို ရေ၀င်လာလို့ နန်းတွင်းထဲကို ပြောင်းရွှေ့လာရ တာ ၁၀ ရက် ပြည့်တော့မယ်။ အကူအညီတွေကတော့ ဒီနေ့တစ်ရက်ပဲ လူမှုရေး အသင်းအဖွဲ့တစ်ခုက ထမင်းထုပ် လာပေးတာပဲ ရှိပါသေးတယ်။ အစိုးရ အနေနဲ့ လာကူညီပေးတာ မရှိသေးပါဘူး''ဟု အိုးတုတ်တန်း ရပ်ကွက်တွင် နေထိုင်သည့် ဦးချစ်ဖွယ်က ပြောသည်။

တံတားဦးမြို့နယ် အင်းဝ မြို့ဟောင်း အနီးရှိ ကျေးရွာများ ရေ၀င် နစ်မြုပ်နေဆဲ ဖြစ်ပြီး အိမ်ခြေပေါင်း ၁၀၀၀ ကျော်ခန့် ရေ၀င် နစ်မြုပ်လျှက်ရှိကြောင်း သိရသည်။ ယင်းအပြင် တံတားဦးမြို့နယ် အတွင်းရှိ အင်းဝ မြို့ဟောင်းတွင် ဒုဋ္ဌ၀တီ မြစ်ရေ စိုးရိမ်ရေမှတ် အထက် ကျော်လွန်ခဲ့ခြင်းကြောင့် ဗားကရာ ကျောင်းတော်၊ မယ်နု အုတ်ကျောင်းနှင့် ရှေးဟောင်း အဆောက်အအုံများစွာ ရေ၀င် နစ်မြုပ် ခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...