Friday, January 10, 2014

Miley Cyrus နဲ့အလုပ်တွဲလုပ်ဖို့ငြင်းဆန်လိုက်တဲ့ဓာတ်ပုံဆရာ

Fashion campaign တစ်ခုမှာ Fashinon ဒီဇိုင်နာ Marc Jacobs ရဲ့ဓာတ်ပုံဆရာက Miley Cyrus ကိုဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တာဖြစ်ပါတယ်။ဇန်န၀ါရီလ ၈ ရက်နေ့မှာ fashion ကုမ္ပဏီတစ်ခုရဲ့ ၂၀၁၄ နွေဦး collection အတွက်မျက်နှာသစ်မော်ဒယ်အဖြစ် Miley Cyrus ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ သူမရဲ့ Twitter စာမျက်မှာပေါ်မှ David Sims ရိုက်ပေးထားတဲ့ခပ်ကြမ်းကြမ်း ဓာတ်ပုံတွေတက်လာပါတယ်။သူနဲ့ကာလရှည်ကြာလက်တွဲခဲ့တဲ့ဓာတ်ပုံဆရာ Juergen Teller ကဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တဲ့အတွက်...

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ

Friday, January 10, 2014 ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်တဲ...

သီရိမင်္ဂလာ ဈေးသစ်တွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဈေးသည်များအား ပြန်လည်ရောင်းချခွင့်ပြုထား

Friday, January 10, 2014ဝေလင်းအောင်၊ အောင်မျိုးသန့်လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာ ဈေးသစ်ကြီးအား ဇန်န၀ါရီ ၉ ရက် ညပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)သီရိမင်္ဂလာဈေးတွင် ဇန်န၀ါရီ ၉ ရက် နံနက်အစောပိုင်းတွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဈေးသည်များကို ပြန်လည်ရောင်းချခွင့် ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)နှင့် ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ ဇန်န၀ါရီ ၉...

ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဆီများကို သက္ကာယ်ကွင်း ရွာသားများက အဓမ္မခပ်ယူသည်ဟု ဆိုကာ အမှုဖွင့်ထားသည့် ဖြစ်စဉ်အား သက္ကာယ်ကွင်း ရွာသားများ ရှင်းလင်း

Friday, January 10, 2014ဥာဏ်ဝင်းရှိန်မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ သက္ကာယ်ကွင်း ရွာသားများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်ရှိ သက္ကာယ်ကွင်းကျေးရွာ ကမ်းစပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဒီဇယ်ဆီများအား ရွာသားများက အတင်းအဓမ္မ ခပ်ယူသည်ဟုဆိုပြီး ဆီတွဲတာဝန်ခံမှ အမှုဖွင့်ထားသည့်အပေါ် ရွာသားများက ဇန်န၀ါရီ ၉ ရက် နံနက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းခဲ့သည်။...

အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေမည့် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ အလေးထား စဉ်းစားရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု

Friday, January 10, 2014Written by: ဖြိုးဝေဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ အနီးတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ ဦးဆောင်၍ ပြုလုပ်သော ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်ပွဲမြင်ကွင်းနိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များအနက် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက်...

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

 Friday, January 10, 2014မင်းသူဝင်းထွဋ်(မြောင်းမြ) ဇန်န၀ါရီ ၉ ရက်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မြောင်းမြခရိုင်/လပွတ္တာခရိုင်မှ ဒေသခံများနှင့် တွေ့ဆုံစဉ်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်...

တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ မန္တလေးတွင် ဆက်တိုက် ဖမ်းဆီးရမိနေပြီး လက်ရှိဘဏ္ဍာရေးနှစ် အတွင်း ခန့်မှန်းတန်ဖိုး ကျပ်နှစ်ဘီလျံကျော် ဖမ်းဆီးရရှိ

Friday, January 10, 2014မင်းသီဟဇော်Mobile Team အဖွဲ့က ဖမ်းဆီးရမိသည့် ပစ္စည်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)မူးယစ်ဆေးဝါး၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ၀ိုင်နှင့် ဘီယာများ အပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီး ရမိခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်အတွင်း ဖမ်းဆီးရမိသည့် ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်ဘီလျံကျော် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။ မန္တလေး အကောက်ခွန်ရုံးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လက်ရှိကာလအထိ...

လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက်ဥပဒေကြမ်းအရ လာမည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ဘီလျံ ၂၇၀၀ ကျော် ရှိလာမည်

Friday, January 10, 2014ဝေယံဖြိုးဦးပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား နိုဝင်ဘာအတွင်းက တွေ့ရစဉ်လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက် ဥပဒေကြမ်းအရ လာမည့် ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၂၇၀၀ ကျော် ရှိလာမည် ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နှစ်ဆကျော် ပိုမိုထောက်ပံ့မည်ဟု သိရသည်။ ဇန်န၀ါရီ ၁၃ ရက်တွင် စတင်မည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက် ဥပဒေကြမ်းများအရ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပြည်ထောင်စု၏ ရငွေများ တိုးလာသကဲ့သို့...

Related Posts Plugin for WordPress, Blogger...