Wednesday, October 2, 2013

ယောင်္ကျားလေးများ သိထားသင့်တဲ့ သဘာဝဖြစ်စဉ် (only +18)



Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁ဝ မိနစ်လောက်ဆို ကျသွားပါတယ်။ ပြန်မာအောင် လုပ်ပြီး ထပ်လုပ်ပြန်ရင်လဲ၊ ၁ဝ မိနစ် ဝန်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။

တခါတခါ ပြီးဖို့လဲ အတော်လေး ကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါ ပြီးရင်တော့ ၁ နာရီလောက် နားပြီး၊ ပြန်ဆွပေးရင် ပြန်မာလာပြန်ပါတယ်။ ဒါပေမယ့် အခုနလိုပဲ လိင် ဆက်ဆံမှု ပြန်နေရင်းနဲ့  ပြန်ကျသွားတတ် ပြန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့  လိင်ဆက်ဆံတဲ့ အကြိမ် ကျွန်တော့်မှာ အတော်လေး နည်းပါးပါတယ်။ များသောအားဖြင့် Masturbation လုပ်တာ များပါတယ်။ ကျွန်တော် စိုးရိမ်တာက Masturbation အလုပ်များလို့ လက်ရဲ့အားကို လိင်ဆက်ဆံမှုလုပ်တာ မလိုက်နိုင်တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညိုးများ ဖြစ်နေပြီလား ဆိုတာကိုပါ။ များသောအားဖြင့် သုက်လွှတ် မြန်တာကို ထိန်းဖို့ ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။

A: (မာစတာဘေးရှင်း) ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သား ကျကြတာပါဘဲ။ ငယ်တုံးက အကျင့်ကြောင့် နောင် ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်ပါ။
လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာလာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီး ရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုံးလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါ ရောဂါတခုရဲ့ လက္ခဏာ မဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။

မေးတဲ့သူမှာ ပန်းညှိုးရောဂါ မရှိပါ။ ရှိတဲ့သူတွေက ၁ဝ မိနစ် မပြောနဲ့ စတောင် မစနိုင်ကြရှာပါ။ အင်္ဂါချင်း ထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂ မပါဘဲ ဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကို ပြင်ဘို့ လိုမယ်။ “အင်္ဂါသန်မာမှု” ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီး ဆိုင်တယ်။ Viagra ဆေး ဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုး တခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေ ပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။
စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဆိုတဲ့ အာရုံခြောက်ပါး ဖြစ်ပါတယ်။ တယောက်နဲ့ တယာက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာခြင်း မတူကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင် ဖတ်ဘူးကြလိမ့်ပါမယ်။

လက်ကိုသုံးလို့ ပိုအဆင်ပြေတာကို ထောက်ရင် လက်ရဲ့ လှုတ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မ အင်္ဂါကို အသုံးပြုခြင်းက ဒီလောက် အဆင်မပြေတဲ့ သဘော ဖြစ်နေတယ်။ အဆင်ပြေအောင် လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့ စိတ်၊ လေးချက်ရှိတယ်။
ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဘို့ လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်း ကိုဘဲ ရွေးထုတ်ပြောကြ တာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လို ထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖေါ်နဲ့ ဆက်ဆံရာမှာ အဲလို အခြေအနေ မျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။
ကျားအင်္ဂါရဲ့ ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျ ပြောရရင် ထိပ်ဖျား (ခေါင်း) နဲ့ သူ့ရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။

အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင် ဖြစ်စေသလို ခံစားမှုလည်း အများဆုံး ရစေတယ်။ လက်ကို အသုံးပြုရင်လည်း ဒါကို ဖြစ်စေအောင် လုပ်တာပါဘဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုး ဖြစ်အောင်လုပ်ပါ။
မ အင်္ဂါကလည်း အဆင်ပြေဘို့ လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွါးရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုး မကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကြွမ်းကျင်မှု လိုသေးတယ်။ ကလေး မွေးဘူးတာနဲ့ မ အင်္ဂါအဝရဲ့ အောက်တည့်တည့် နေရာက စုတ်ပြဲသွားတော့တယ်။ ကလေး မမွေးဘူးရင်တောင်မှ တချို့စုတ်သွားတတ် သေးတယ်။ တင်းအား လျှော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မ-အင်္ဂါကို လိုတယ်ထင်ရင် ခွဲစိတ်ပြုပြင်ပြီး၊ အပျိုနဲ့ မခြားအောင် ဆရာဝန်များက ပါရမီ ဖြည့်ပေးနိုင်တယ်။

အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်း အဆိုးရှိသေးတယ်။ အတွေ့အကြုံ ရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်” ဆိုတာလိုပေါ့။

နောက်ပြီး မ အင်္ဂါအဝသာမက အဲဒီနေရာတဝှိုက်က ကြွက်သားနဲ့ အရွတ်တွေ သန်မာနေဘို့ လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျှော့ကျပြီး၊ Prolapse of the Uterus “သားအိမ်ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ် ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင် များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ် ကျ (ကြွံ) တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက် (အောက်) ဖက်မှာရှိတဲ့ အစာဟောင်းအိမ် ကျ (ကြွံ) တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်အိမ် သုံးခုလုံး တပြိုင်နက် ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။

ကလေးမီးဖွါးရလို့ မဟုတ်ဘဲ၊ အနေအထိုင် လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဘူးတယ်။ အလေးအပင် မ တာ၊ အထိုင်အထ လုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ဝမ်းညှစ်သွားရတာ စတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်က ကြည့်ရင် (ဝိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီး သူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်” လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေး အရပါ ကောင်းတယ်။ ဆောင့်ကြောင့် မထိုင်သင့်ဘူး။

ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ဖြစ်တယ်။ ဒါတွေကနေ စုစည်း မ တင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာခြည်၊ အလေးအပင် မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်း မ-တင်ပေးတဲ့အား လျှော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကြွံ ဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။

ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်ကောင်းအောင် လုပ်နိုင်တယ်။ Pelvic floor exercise လို့ခေါ်တယ်။ သိပ်မခက်၊ သိပ်အပမ်းမကြီးပါ။ ဘယ် ကြွက်သားတွေလဲ ဆိုတာသိဘို့ အရင်သင်ပေးရတယ်။ ဆီသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတဝှိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ် ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေ တင်းလိုက်၊ လျှော့လိုက် လုပ်ပေးတာက လေ့ကျင့်ခန်း ဖြစ်တယ်။ တခါလုပ်ရင် ၁ဝ-၂ဝ ကြိမ်၊ နေ့တိုင်း ၂ ကြိမ် လုပ်ပါ။
နောက်တချက် လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓါတ်ဆား နည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ဝမ်းပျက်တာတွေကြောင့် ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့အစားတွေက ငှက်ပြောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေ ဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည် သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။

ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျား အင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုတ်ရှားမှု လုပ်တယ်။ လက်နဲ့လည်း ဒါမျိုလုပ်တာဘဲ။ အင်္ဂါနှစ်ခုလုံး သုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံး ယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာ ကိုရော ထိမိစေတာဖြစ်ရင် ခံစားမှု အများဆုံး ရစေတယ်။ မ အင်္ဂါဟာ အဝနဲ့ အတွင်းပိုင်းတွေက မတူကြဘူး။ အဝက ကျဉ်းတဲ့အပြင် ကြွက်သားက လှုတ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြော အများဆုံးနေရာနဲ့ မ အင်္ဂါရဲ့ အကျဉ်းဆုံးနေရာ နှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ် ပိုစေတယ်။ ပြောခဲ့သလို မ အင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။

နောက်ဆုံးအချက်က မ စိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တယောက်နဲ့ တယောက် လိင်စိတ် အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက် ယောက်ကနေ ဦးဆောင်နိုင်တယ်။ တဦးနဲ့တဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့် (ပါတနာ) ကိုပါ ပူးပေါင်း ဆောင်ရွက်ဘို့ စည်းရုံးပါ။

တယောက်က ခံစားမှု ကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူဘဲ။ အနေအထား၊ နည်းလမ်း၊ လှုတ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေ ပြီးပြီးပျောက်ပျောက်၊ တခါတလေ တမေ့တမြော။ တခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ (ပါဖက်) ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောက မထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေး တိုးတက်လာတာ စုံတွဲတိုင်းပါ။
အောက်က ရေးပြီးသားစာတွေကို အချိန်ရရင် ဖတ်စေချင်ပါတယ်။
1. Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ
2. Early ejaculation (2) သုက်လွှတ်စောခြင်း အဆက်
3. Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
4. Masturbation (မာစတာဘေးရှင်း)
5. Early ejaculation (1) သုက်လွှတ်စောခြင်း
By ဒေါက်တာတင့်ဆွေ

ပြည်လမ်းမဘက် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးနိုင်




၂.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အသုံးပြုနိုင်ရန် Myanmar Network ကုမ္ပဏီက စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပြည်လမ်းအပေါ်က အင်းလျားကန်ဘောင်မှာ အပန်းဖြေ လာရောက်သူတွေ အနေနဲ့ အနားယူရင်းနဲ့ အင်တာနက်သုံးလို့ရအောင်လို့ တပ်ဆင်ပေးထားတာပါ။ ၂၄နာရီ အသုံးပြုလို့ ရမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းအပြင် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးစွဲခွင့်အပြင် ကန်ပေါင်လုံခြုံရေးအတွက် CCTV ကင်မရာ နှစ်လုံးပါ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

“CCTV ကင်မရာ နှစ်လုံးကိုလည်း ကန်ပေါင်လုံခြုံရေးအတွက် တပ်ဆင်ထားပါတယ်။ ပြည်လမ်းဘက်ကို မျက်နှာမူပြီး ထားတာကတစ်ခု၊ ကန်ဘောင်ဘက်ကို မျက်နှာမူပြီး ထားတာက တစ်ခုပါ။ အဓိက ကတော့ အင်းလျားကန်ပေါင်နဲ့ ပြည်လမ်းအပေါ်မှာ မှုခင်းတွေ မဖြစ်အောင်လို့ပါ”ဟု ယင်းတာဝန်ရှိသူက ဆက်ပြောသည်။ အင်းလျားကန်ဘောင်တွင် လာရောက်အပန်းဖြေသူ မဆွေဇင်က “ကန်ဘောင်မှာ အခုလို အခမဲ့ ဝိုင်ဖိုင် သုံးလို့ရပြီးဆိုတော့ အလွန်အဆင်ပြေပါတယ်။ အရင်ကဆိုရင်တော့ လေညှင်းခံရုံလောက်ပဲ လာကြတာ။ အခု အင်တာနက်လိုင်း သုံးရတာမဆိုးလို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်း လာသုံးဖြစ်ပါတယ်”ဟု ဆိုသည်။

Myanmar ICT

Monkfish ဒါမှ မပာုတ် goosefish လို့ခေါ် တဲ့ ရုပ် ဆိုးဆိုး အသား စား ငါး





Monkfish ဒါမှ မပာုတ် goosefish လို့ခေါ် တဲ့ ရုပ် ဆိုးဆိုး အသား စား ငါး ဟာ ဥဥ တဲ့ အခါမှာ သမုဒ္ဒရာထဲမှာ ရက်ပေါင်းများ စွာ ကြာ အောင် မျောနေ မယ့် ပါးလွှာ ပြီး တွန့်လိမ် နေတဲ့ ပုဝါနဲ့ ဆင်တူ တဲ့ အရာ ကို ဖန်တီး တတ် ကြပါတယ်။

Monk Fish တွေ ကို Arctic, Atlantic, Indian နဲ့ Pacific သမုဒ္ဓရာ တွေ မှာ တွေ့နိုင် ပြီး ကြီးမား တဲ့ခေါင်း၊ ကျယ်ပြန့် တဲ့ ပါးစပ်၊ ချွန်မြတဲ့ သွား တွေ ရှိပါတယ်။ တနင်္လာ နေ့ မွန်းလွဲပိုင်း က Boston မှာ ရှိတဲ့ New England ငါးပြတိုက်မှာ monkfish အမ တစ်ကောင် ဟာ သူမရဲ့ တတိယ မြောက် ဥလွှားဇာ ကို ဥချခဲ့ ပါတယ်။ ဒီဥလွှား ပုဝါ ဟာ ပေ ၆၀ ( ၁၈မီတာ ) ရှည်ပြီး ပွက်ပွက် ထ နေတဲ့ မျက်နှာ သုတ်ပုဝါ ပါးပါး နုနုလေး တစ်ထည် နဲ့ ဆင်ပါတယ်။ ဒီဟာ က မျိုးအောင် ဖို့ စောင့်ဆိုင်း နေတဲ့ ပင်အပ် ခေါင်း အရွယ် ရှိ ဥပေါင်း တစ်သိန်း လောက် ကို ဖုံးအုပ် ထား တာပါ။

"သဘာဝ နေရာ တွေ မှာ ဆိုရင် အမ က ဥလွှား ပုဝါကို ဥချရင်း ရေကူး နေတုန်း အထီးက သူမရဲ့ အနီးအနားမှာ ရေလိုက် ကူး ပါတယ်။ သူတို့ အ ချင်းချင်း ရောထွေး ယှက်တင် အပြီး မှာ တော့ အထီးက သူရဲ့ သုက်ပိုး တွေ ကို ထုတ် ပေး တော့ တာပဲ။" လို့ New England ငါးပြ တိုက် ရဲ့ ပြ တိုက်မှူး Bill Murphy က LiveScience ကိုပြော ပါတယ်။ ဒီ ငါးပြ တိုက် က ငါးအမ မှာတော့ အဖော် ငါး အထီး မရှိ ပါဘူး။ ဒါကြောင မို့ ဒီဥတွေက လည်း အကောင် ပေါက် လာမှာ မဟုတ် ပါဘူး။ Murphy ပြော တာတော့ သူဟာ ကန် တစ်ကန် ထဲမှာ ငါး နှစ်ကောင် ထားကြည့်ဖူး ပါတယ်တဲ့။ ဒါပေ မယ့် သူတို့က တစ်ကိုယ် တော် အသားစား ငါးမျိုး စိတ်တွေ ဖြစ်တဲ့ အတွက် အလုပ် မဖြစ် ခဲ့ ပါဘူးတဲ့။ အခု အချိန်မှာ လာရောက် လည်ပတ် သူတွေ အနေ နဲ့ goosefish ကို ထားရှိတဲ့ ကန်ထဲမှာ ပတ်ပတ်လည် ပေါလော မျောနေတဲ့ ဥလွှား ပုဝါ ကို မဆွေး မရိခင် အချိန် အထိ ကြည့် နိုင်ပါ လိမ့်မယ်။

တနင်္လာ နေ့က ဥလွှား ပုဝါ ဥချ တာကို သူ မတွေ့ ခဲ့ဘူးလို့ Murphy က ပြောပါတယ်။ "ဒါပေမယ့် အချိန် ခဏပဲ ကြာတဲ့ ဒီ အဖြစ် အပျက် မဖြစ်ခင် ရက် သတ္တပတ် အတော် များများမှာ ကတည်း က ဒီလို ဥ အလွှာ ပါးကြီး ဥချ တော့ မယ် ဆိုတဲ့ လက္ခဏာ တွေကို တွေ့ခဲ့ရ ပါတယ်။ ပြောရရင် ငါး ကြီး က ဖောင်းကား လာ တာလို မျိုးပေါ့။ သူမက အရမ်းကြီး သွားတယ်။ ကမ်းခြေ မှာ ကစားတဲ့ ဘောလုံးကြီး ကို မြိုထား သလို မျိုးပဲဗျ" လို့ သူက ထပ်ပြော ပါတယ်။

"Monkfish တွေက ပင်လယ် ကြမ်းပြင် အောက်ခြေ မှာ တစ်စိတ် တစ်ပိုင်း မြှုပ် နေတတ်တဲ့ ငါးမျှား ငါး တွေပါ။ သူတို့က ငါးလေး တစ်ကောင် နဲ့ တူတဲ့ အရေပြား ပုံစံ ဆွဲဆောင်မှု တစ်ခု ကို ပြပြီး သားကောင် ကို မြှူစွယ် ကြ တယ်" လို့ လည်း Murphy ကပြောပါသေး တယ်။ သူ့  သားကောင် က လုံလုံ လောက်လောက် နီးကပ် လာပြီ ဆိုရင် monkfish ဟာ သူ့သားကောင် ကို စုပ်သွင်း ဖို့ အတွက် သူရဲ့ ပါးစပ် ကြီး ကို ရုတ်တရက် ဟ လိုက် တော့ တာ ပါပဲ။ ဒီငါးတွေ က ငါးပေ ( ၁.၅ မီတာ ) ကျော် ထိ ကြီးထွား နိုင်ပြီး New England တောက် လျှောက် ရေ အနက် ၁၀ ပေ ကနေ ပေ ၂၀၀ ( ၃ မီတာ မှ မီတာ ၆၀ ) လောက် ထိ အနက် အမျိုးမျိုး မှာ တွေ့ရ ပါတယ်။ Monkfish တွေ ကို ညစာစားပွဲ တွေမှာ လည်း တွေ့ရပြီး သူတို့ရဲ့ မာကျော တဲ့ အမြီးတွေ ကြောင့် "ဆင်းရဲသား တွေ ရဲ့ ပုဇွန်တုပ် ( the poor man's lobster ) လို့ နာမည် ပြောင် အခေါ်ခံ ရ လေ့ ရှိ ပါတယ်။

Myanmar Youth Media Club

ကမ္ဘာ့ အဆိပ်ပြင်း ဆုံး ရေဘဝဲ




အပြာရောင် အကွင်း အကွင်း လေး တွေ ပါရှိတဲ့ အတွက် သူ့ကို အင်္ဂလိပ် လို Blue - ringed octopus လို့ခေါ် ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပို အတွေ့များပါတယ်။ သန္တာေ ကျာက် တန်းတွေ ကြား ထဲမှာ နေထိုင် တတ် ပါတယ်။ ကမ္ဘာ့ အဆိပ် အပြင်းဆုံး သတ္တဝါ စာရင်း ထဲမှာ သူ လည်း ပါဝင်ပါတယ်။ သူ့ အဆိပ် က အိမ်မှာ သုံးတဲ့ ပိုး သတ်ဆေး ဆိုင်ယာနိုက် ထက် အ ဆ ၁သောင်း မက ပြင်း ပါတယ်။ သူ ကိုက် လို့ အဆိပ်မိ သွားရင် ဖြေဆေး မရှိပါဘူး။ အပြာ ကွက် ရေဘဝဲ ကို မသိလို့ စားမိရင် လည်း သေဖို့ပဲ ရှိပါတယ်။

ဒီ အတွက် ဖြေဆေး ကို ယနေ့တိုင် ရှာဖွေ နေဆဲ ဖြစ်ပါတယ်။ သန္တာ ကျောက် တန်း လေ့လာ သူများ အတွက် အထူး သတိထားရ တဲ့ ရေအောက် သတ္တဝါ စာရင်း ထဲမှာ ပါဝင် ပါတယ်။ ဘာလို့လဲ ဆို အရောင်က တစ် လက်လက် နဲ့ လှ နေတတ်ပြီး အရွယ် ကလည်း ၆ လက်မ ထက် ပိုမကြီး ပါဘူး။ သေး လည်းသေး ဆိုတော့ မသိတဲ့ သူများ က သွားထိမိ ကြ ပါတယ်။ ဒီတော့ ရလဒ် က အဆိပ် သင့်သေ ဖို့ပဲ ဖြစ်ပါတယ်။

အဆိပ် မိ ပြီး မိနစ်ပိုင်း အတွင်း အသက်ရှု ရပ် ပါတယ်။ နှလုံးခုန် ရပ်ပါတယ်။ ဦးနှောက် သို့ အောက်ဆီဂျင် မရောက် တော့ပဲ မိနစ်ပိုင်း အတွင်း ကို သေနိုင် ပါတယ်။ ဂျပန် နိုင်ငံမှာ ဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှား ဖို့ တားမြစ်ချက် များ ထုတ်ပြန် ထားရပါတယ်။ ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့ အဆိပ် အပြင်း ဆုံး သက်ရှိ သတ္တဝါ အဖြစ် မှတ်တမ်း တင် ထားကြောင်း သိရ ပါတယ်။

ရိုးရာလေး

အမာရွတ်များ





လွန်ခဲ့တဲ့ နှစ်များ က ဖလော်ရီဒါ မြောက်ပိုင်း ဒေသရဲ့ ပူအိုက် လှတဲ့ တစ်ခုသော နွေရာသီ မှာ အသက် ၇ နှစ် အရွယ် ကောင်လေး တစ်ယောက် ဟာ သူ့ အိမ် နောက်ဖက် က ရေကန် မှာ ရေ ဆင်း ကူး ဖို့ စိတ်ကူး ရလိုက်တာနဲ့ အိမ်နောက်ဖေး တံခါးကနေ ပြေးထွက် သွားပါတယ် .. ရေကန် ဘက် ကို သွားနေရင်းနဲ့ ဖိနပ်၊ ခြေအိတ်၊ အင်္ကျီ စတာတွေကိုလည်း ဆွဲချွတ်သွားခဲ့ ပါတယ် ။ ရေ ကန်နား ရောက်တယ် ဆိုရင်ဘဲ အေးစိမ့် နေတဲ့ ရေပြင် ထဲကို ဒိုင်ဗင် ထိုးဆင်း လိုက် ပါတော့တယ်။

ကောင်လေး ရေကန် ထဲမှာ ကူးခတ် ကစား နေရင်းနဲ့ တဖြေးဖြေး ရေကန် အလယ် ကို ရောက်ရှိ သွားပါတယ်။ အဲဒီ အချိန် မှာဘဲ ရေကန် ရဲ့ တစ်ဖက် ခြမ်းမှာ ရောက်နေ တဲ့ မိကျောင်း တစ်ကောင် ဟာ ကောင်လေး ကို မြင် လိုက်ပြီး ကောင်လေး ရှိရာကို တိတ် တဆိတ် ကူးခတ် လာခဲ့ပါတော့ တယ်။ အဲဒီ မြင်ကွင်း ကို အိမ်ထဲက ပြတင်းပေါက် ကနေ သားလေး ရေကူးတာ ကို စောင့်ကြ ည့် နေတဲ့ မိခင် ဖြစ်သူက လှမ်းမြင် လိုက်ပါတယ်။ မိကျောင်း နဲ့ တဖြေးဖြေး နီးကပ် နေပြီ ဖြစ်တဲ့ သားလေး အတွက် စိုးရိမ် ပူပန် စိတ်တွေ နဲ့ အိမ်ထဲ ကနေ ရေကန်ဆီ ပြေးထွက် လာ တဲ့ မိခင် ဖြစ် သူ ဟာ ပါးစပ် ကနေ လည်း သူ့သာလေး ကြား အောင် အသံ ကျယ်နိုင် သမျှ ကျယ်ကျယ်ေ အ်ာပြီး ကမ်းစပ် ကို ပြန်ကူး လာဖို့ အော်ဟစ် ပါတော့ တယ်။


သူ့အမေ အော်သံကို ကြား လိုက်တဲ့ ကောင်လေး ဟာ အလန့်တကြား ဖြစ်ပြီး မိခင် ရှိရာ ဘက်ကို အလျှင် အမြန် ပြန်လည် ကူးခတ် လာပေမဲ့ ကမ်းစပ် ကို ရောက်ချိန်မှာ မိကျောင်း ဟာ လည်း သူ့အနီး ကို ရောက်လာ ပါပြီ။ မိခင် က ကောင်လေး ရဲ့ လက်ကို လှမ်းဆွဲ လိုက် နိုင်ချိန်မှာ မိကျောင်း က လည်း ကလေးရဲ့ ခြေထောက် ကို လှမ်းကိုက် လိုက်ပါပြီ။ အဲဒီမှာ မိကျောင်း နဲ့ လူအကြား အကြိတ် အနယ် ပြိုင်ပွဲ တစ်ခု ဖြစ်လာ ပါတယ်။ မိခင် ဟာ အားစိုက်ပြီး ကလေး ရဲ့ လက်မောင်း ကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ပြီး အပေါ်ကို ဆွဲတင် ပါတယ်။ မိကျောင်း ကလည်း ခြေထောက် ကို မလွတ်တမ်း ဆွဲကိုက် ထားပါတယ်။

ရေကန်စပ် မှာ မိခင်နဲ့ မိကျောင်း တို့ အားပြိုင်ပြီး ဆွဲနေ ကြတာဟာ မယုံနိုင်လောက်အောင် အံ့သြဖို့ ကောင်းလှပါတယ်။ မိကျောင်း ဟာ မိခင် ဖြစ်သူ ထက် အင်အား ပိုမို သန်မာ သော် လည်း သားကို ချစ်တဲ့ မိခင် ရဲ့ ဇောဟာ ကြီးမား လွန်း လှတဲ့ အတွက် မိခင် ဟာ လုံးဝ အလျော့မပေးဘဲ သားလေးရဲ့ လက်တွေ ကို တင်းကြပ် အောင် ဆုပ်ကိုင် ထားပြီး ကမ်းပေါ် ကနေ အတင်း ဆွဲ ထား ပါတယ်။ အဲဒီ အချိန်မှာ အော်သံ တွေ ကို ကြားတဲ့ အခြားသော အိမ်နီးချင်းေ တွ ရောက်လာပြီး မိကျောင်း ကို ဝိုင်းပြီး ရိုက်နှက် ပစ်ခတ် ကြတော့မှ မိကျောင်း ဟာ ကလေးကို လွှတ် ပြီး ထွက်သွား ပါတော့  တယ်။

အဲဒီ ဖြစ်ရပ် အပြီးမှာ မိကျောင်း ကိုက် ခံရလို့ ခြေထောက် မှာ ဒဏ်ရာ များစွာ ရရှိသွားတဲ့ ကလေးငယ် ဟာ ဆေးရုံမှာ တက်ရောက် ကုသ ခံယူရပါတယ်။ လပေါင်း များစွာ ကြာလို့ ဒဏ်ရာ တွေ သက်သာ လာ ပေမဲ့ ခြေထောက် မှာတော့ ရုပ်ဆိုး လှတဲ့ အမာရွတ် ကြီးတွေ ကျန်ရစ် ခဲ့ပါတယ်။ နောက်ထပ် ဒဏ်ရာ တွေကတော့ ကလေးငယ်ရဲ့ လက်ပေါ်က ခပ် နက်နက် ခြစ်ရာ ကြီး တွေ ဖြစ်ပါတယ်။ အဲဒါ ကတော့ ကလေးငယ် ကို မိကျောင်း ပါးစပ်ထဲ ပါမသွား စေ လိုတာကြောင့် စိုးရိမ် ပူပန်တဲ့ မေတ္တာ ဇော အပြည့် နဲ့ အားစိုက်ပြီး ဆွဲလိုက် တဲ့ မိခင် ဖြစ်သူရဲ့ လက်သည်း တွေဟာ ကလေးရဲ့ လက်မောင်း သား ထဲကို နက်နက် နဲနဲ ဝင်ရောက် သွားခဲ့တဲ့ ဒဏ်ရာ တွေ ဖြစ်ပါတယ်။

ကောင်လေး ဆေးရုံက ဆင်းတဲ့ အခါမှာ သတင်းစာ တစ်စောင်ရဲ့ သတင်းထောက် တစ်ယောက် က မိကျောင်း ရန်ကနေ လွတ်မြောက် ပြီး အသက်ရှင် လာတဲ့ ကောင်လေး ကို အင်တာဗျုး လုပ်ဖို့  ရောက်လာ ပါတယ်။ သတင်းထောက် ဖြစ်သူက ကောင်လေး ရဲ့ ဒဏ်ရာ တွေ ကို ပြဖို့ တောင်းဆို တဲ့ အခါ ကောင်လေး ဟာ မျက်နှာ မသာမယာ နဲ့ မိကျောင်း ကိုက် ခံရတဲ့ သူ့ခြေထောက် က ဒဏ်ရာတွေ ကို ဘောင်းဘီရှည် လှန်ပြီး ပြပါ တယ်။ ခြေထောက် က အမာရွတ်ကြီး တွေဟာ ကြီးမားပြီး ရုပ်ဆိုး လှပါတယ်။ မြန်မြန် ပြပြီး တာနဲ့ သူ့ ဘောင်းဘီ ကို ပြန်ဆွဲချ လိုက်ပြီး နောက် သူ့ရဲ့ အင်္ကျီလက် ကို ပင့်လိုက် ပြီး လက်ဖျံ ပေါ်က ဒဏ်ရာ တွေ လည်း သတင်းထောက် ကို ပြပါတယ်။ အဲဒီ အခါမှာ တော့ ကောင်လေး ရဲ့ မျက်နှာဟာ မသာမယာ မဟုတ် တော့ ပါဘူး။

“ ဟောဒီမှာ ကြည့် .. ဒီမှာ လည်း ကျွန်တော် ဒဏ်ရာ တွေ ရထား တယ်။ ဒီဒဏ်ရာ တွေ ကတော့ ကျွန်တော့် မေမေ ဟာ ကျွန်တော် မိကျောင်း နောက် ကို ပါသွားမှာ စိုးလို့ သူ့ လက်တွေ နဲ့ တအား ဆုပ်ကိုင် ထားတဲ့ အတွက် ရလိုက် တဲ့ ဒဏ်ရာ တွေပါ။ ကျွန်တော့် မေမေ က ပိန်ပိန်းလေး ရယ် ဒါပေမဲ့ ကျွန်တော့် ကို မိကျောင်း ကိုက်တော့မှ မေမေ ဘယ် လောက် အင်အား ကြီးတယ် ဆိုတာ ကျွန်တော် သိသွား တော့တယ်” လို့ ကောင်လေး ဟာ ဂုဏ်ယူစွာ နဲ့ သတင်းထောက် ကို ပြောလိုက် ပါတော့ တယ်။

ကောင်လေး ရဲ့ မျက်နှာ ပေါ်မှာ သူ့ လက်ပေါ်က အမာရွတ် တွေ အတွက် စိတ် အနှောက် အယှက် ဖြစ်ပုံ မရဘဲ ဂုဏ်ယူ နဟန် အထင်းသား တွေ့နေ ရပါတယ်။ မိကျောင်း တစ်ကောင်ရဲ့ ခွန်အား ကို တောင် တုဖက် ပြိုင်နိုင်တဲ့ အထိ သူ့ မေမေ ဆီမှာ သားသမီး ကို ချစ်တဲ့၊ စိုးရိမ် တဲ့ စိတ်ဇော တွေနဲ့ ခွန်အား တွေ ရှိလာတာ ကို ဂုဏ်ယူ နေပုံ လည်း ရပါတယ်။ မိခင် တိုင်း ဟာ သားသမီး တွေနဲ့ ပတ်သက် လာရင် ချစ်ခြင်း မေတ္တာ ဘယ်လောက် ကြီးမား တယ် ဆိုတာ ကောင်လေး ရဲ့ လက်ဖျံ ပေါ်က အမာရွတ် တွေ က သက်သေ ဘဲ ဖြစ်ပါ လိမ့်မယ်။ ဘယ်လောက် ကြီးမား တဲ့ အန္တရာယ် ဖြစ်ပါစေ မိခင် တွေက သားသမီး တွေ ရှေ့ကနေ မားမား မတ်မတ် ကာကွယ် ကြ၊ ကယ်တင် ပေးတတ် ကြပါတယ်။ ဒါဟာ နှိုင်းတု လို့ မရတဲ့ အနှိုင်းမဲ့ မိခင် တွေရဲ့ ချစ်ခြင်း မေတ္တာ ဘဲ မဟုတ်ပါလား။

Alligator Scars ( Unknown Author )

ချော ( အစိမ်းရောင် လွင်ပြင် )

အမြင်မှန်မှ အမှန်မြင်မည်




ယခုရက်ပိုင်း ဂျာနယ်တစ်စောင်မှာပါတဲ့ သတင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မြို့လေးမှာ အတော်ဂယက်ထသွားတယ် ခင်ဗျ။

''ရိုးရာအယူအဆကြောင့်'' ''မာတင်္ဂမျိုး ရိုးကြောင့်'' တောင်းရမ်း စားသောက်နေရတဲ့ သူများနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာကျော် ပုဂံရွှေစည်းခုံ ဘုရားအနီးမှာ ရှိတဲ့အကြောင်း၊ မျက်ခမ်းစပ်ရောဂါ၊ အနာကြီးရောဂါ ဖြစ်ပွားနေသူတွေလည်းရှိပြီး ဆေးရုံ၊ ဆေးပေးခန်းများလည်း လိုအပ်နေတဲ့ အကြောင်းရေးသားထားတဲ့ သတင်းတစ်ပုဒ် အတွက်ကြောင့်ပါ။

ဒီသတင်းစာမျက်နှာကို ဒေသခံတစ်ဦးက ဓာတ်ပုံရိုက်ပြီး facebook တင်လိုက်တော့ သတင်းအပေါ် ပြစ်တင်ဝေဖန်သူတွေ၊ မခံမရပ်နိုင်ဖြစ်သူတွေ ချက်ချင်းတက်လာကြတယ်။ ကျွန်တော့်ဆီလည်း ဖုန်းနဲ့တစ်မျိုး၊ လူကိုယ်တိုင်တစ်သွယ် ရေးသားပေးဖို့ ပြောဆိုတဲ့သူတွေတောင် ရှိလာတယ်ခင်ဗျ။

သတင်းရေးသူက ဖွံ့ဖြိုးမှုနည်းတဲ့ နေရာဒေသပဲဆိုပြီး စေတနာနဲ့ ဖော်ထုတ်ပေးလိုက်တာ ဖြစ်နိုင်ပေမယ့် လက်ရှိအခြေအနေတွေနဲ့ တခြားစီဖြစ်နေပါတယ်။ မင်္ဂလာသာစည်ဆိုတာ ညောင်ဦး ရွှေစည်းခုံ ဘုရားခြေတော်ရင်းက ရပ်ကွက်တစ်ခုပါ။ ဆေးရုံ ဆေးပေးခန်း ဆိုတာလည်း ပုဂံညောင်ဦးမြို့မှာတော့ လူမှုရေးအသင်းတွေ ကုသိုလ်ရှင်တွေကောင်းမှုနဲ့ အခမဲ့ကုသနိုင်တဲ့ နေရာတွေ ရှိနေတာကြာပါပြီ။ ဆေးရုံဆိုတာလည်း အနီးအနား မြို့တွေကတောင် အားထားပြီးလာရောက်ကြရတဲ့ နေရာ။

ရိုးရာဖြစ်လို့၊ ဘုရားကျွန်ဖြစ်လို့၊ မာတင်္ဂမျိုးရိုးဖြစ်နေလို့ တောင်းရမ်းစားသောက် နေရပါတယ်ဆိုပြီး ပုဂံညောင်ဦး ဒေသ၀န်းကျင်မှာ တောင်းရမ်း စားသောက်နေသူတချို့ဟာ ပြောကောင်းပြောပါလိမ့်မယ်။ ဒီလိုအယူအဆ အစွဲအလမ်းတွေဟာ ဟိုးအတိတ်က အမှန်ပဲ ရှိခဲ့တာလား။ မရှိခဲ့ဘူးလား။ ဒီနေရာမှာ ကျွန်တော်မငြင်းချင်ပါဘူး။ ဒီအယူအဆတွေကိုလည်း အတိတ်ကာလတစ်ခုမှာ မင်းမိန့်ထုတ်ပြီး ဖျောက်ဖျက်စေခဲ့ပါတယ်။

ကျွန်တော်တို့မြို့ဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေပေါတယ်။ ဘာသာ၊ သာသနာကို အခြေတည်ထားတဲ့ မြို့ဖြစ်တဲ့အတွက် ဘုရားပွဲတော်တွေ၊ အလှူဒါနပြုသူတွေ အင်မတန်ပေါပါတယ်။ ပွဲတော်ချိန်တွေ၊ ခရီးသွား ရာသီချိန်တွေဆိုရင် တောင်းရမ်း စားသောက်သူတွေဟာ ဘယ်ကမှန်းမသိ ရောက်လာတတ်တယ်။ ဒေသခံလည်း ပါနိုင်သလို ဒေသခံမဟုတ်တဲ့သူတွေလည်း ရောက်လာတတ်ပါတယ်။ တချို့သက်ကြီး ရွယ်အိုတွေ၊ တချို့က ကလေးတွေ ခါးထစ်ခွင်ချီလို့၊ တချို့ ကလေးငယ်လေးတွေကိုယ်တိုင် ခွက်လေးကိုင်လို့ တစာစာ တောင်းရမ်းနေကြတာ ဒေသခံတွေ၊ ခရီးသွားပြည်သူနဲ့ တိုင်းတစ်ပါးသားတွေကြား မတွေ့ချင်၊ မမြင်ချင်အဆုံးပေါ့။

တောင်းရမ်း စားသောက်နေသူတွေကို မြင်တဲ့အခါတိုင်း ကျွန်တော်တွေးမိတာက ဆင်းရဲမွဲတေမှုပါ။ ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ဝန်းကျင်၊ ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေ ရှိနေသေးတယ်ဆိုတာပါပဲ။ သူတို့တစ်တွေဟာ ရိုးရာဓလေ့ အစွဲလမ်းဟောင်းတွေကြောင့်၊ ဘုရားကျွန်ဖြစ်တာကြောင့်၊ မာတင်္ဂမျိုးရိုး ဖြစ်တာကြောင့် တောင်းရမ်းနေကြသူတွေ မဟုတ်ကြပါဘူး။ပြီးတော့ ရပ်ကွက်၊ ကျေးရွာ၊ လူ့အဖွဲ့အစည်းတစ်ခုခု၊ နေရာဒေသတစ်ခုခုကို ကိုယ်စားပြု ရိုးရာအစဉ်အလာတစ်ခုကို ထိန်းသိမ်းပြီး တောင်းရမ်းနေကြသူတွေလည်း မဟုတ်ကြပါဘူး။

ဒါဖြင့် သူတို့ဘာကြောင့် တောင်းနေကြသလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ဆင်းရဲလို့။ ဥစ္စာ၊ ဓန၊ ငွေကြေးဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုနဲ့ အသိဉာဏ်ပညာ၊ ဗဟုသုတ စတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နွမ်းပါးမှုတွေကြောင့်ပါပဲ။

ဆိုခဲ့သလို သူတို့ဟာ မာတင်္ဂမျိုးရိုးဖြစ်လို့၊ ဘုရားကျွန်ဖြစ်လို့ တောင်းရမ်းစားနေကြပါတယ် ဆိုနေခြင်းဟာ သူတို့ရဲ့စိတ်လုံခြုံမှု၊ လက်တွေ့ဘ၀၊ လက်ရှိဘ၀ကို ငြင်းဆန်လိုမှုတွေကြောင့် ဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ အဓိကအကြောင်းတရားက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အစစအရာရာ နွမ်းပါးချို့တဲ့မှု၊ ဆင်းရဲမွဲတေမှု အရင်းခံပါပဲ။

ကျွန်တော်တို့နိုင်ငံဟာ ခေတ်သစ်၊ စနစ်သစ်တစ်ခုကို ဦးတည် လျှောက်လှမ်းနေတဲ့ အချိန်အခါပါ။ စိန်ခေါ်မှုပေါင်းစုံ၊ ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ဖို့ ချဉ်းကပ်ကြတဲ့အခါ အမြင်မှန်ဖို့လိုပါတယ်။ မှန်ကန်တဲ့ အမြင်ကသာ မှန်ကန်တဲ့ အဖြေရှိရာဆီ လမ်းပြပေးနိုင်မှာပါ။

ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကြားသေးမီက အခမ်းအနားတစ်ခုမှာ ပြောခဲ့တာရှိပါတယ်။ ပြည်သူတွေမှာ တူညီတဲ့ဆန္ဒ အဓိကအားဖြင့် နှစ်ခုရှိတဲ့အကြောင်း တစ်ခုက ပြည်သူတွေဟာ မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်လိုကြကြောင်း၊ နောက်တစ်ခုက အဘက်ဘက်မှ နောက်ကျကျန်နေတဲ့ လူမှုစီးပွား ဘ၀မြင့်တက်လိုကြကြောင်း ပြောကြားသွားခဲ့တာ စက်တင်ဘာ ၂၈ ရက်ထုတ် အစိုးရ သတင်းစာမှာ ဖတ်လိုက်ရပါတယ်။

ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဘက်ဘက်မှ နောက်ကျကျန်နေတဲ့ လူမှုစီးပွား ဘ၀များစွာ ရှိနေပါသေးတယ်။ ဒါဟာအမှန်တရားပါ။ အလုပ်အကိုင် မယ်မယ်ရရ မရှိသေးတဲ့သူတွေ၊ အလုပ်အကိုင်ရှိပါလျှက် လုပ်အားခ အပြည့်အ၀မရကြသူတွေ၊ နွမ်းပါးလွန်းလို့ စာသင်ခန်းနဲ့ ဝေးကွာနေရတဲ့ ကလေးသူငယ်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒီအားနည်းချက်၊ လိုအပ်ချက်တွေကို မီဒီယာတွေက မြင်အောင် ကြည့်မယ်။ ဝေဖန်ထောက်ပြမယ်။ သက်ဆိုင်ရာကလည်း အားနည်းချက်၊ လိုအပ်ချက်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းပေးမယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ လူမှုစီးပွားဘ၀တွေ မြင့်တက်လာမယ်။ ဆင်းရဲမွဲတေမှု ပြဿနာတွေ တစ်စထက်တစ်စ လျော့ပါးသွားပါလိမ့်မယ်။

ပြောရမယ်ဆိုရင် တောင်းရမ်း စားသောက်နေသူတွေဟာ ပုဂံညောင်ဦးဒေသကလည်း ပါချင်ပါမယ်။ အခြားဒေသကလည်း ပါချင်ပါမယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ရိုးရာဓလေ့အစွဲလမ်း၊ အယူသည်းမှုတွေကြောင့် ဒေသတစ်ခု၊ ကျေးရွာရပ်ကွက်တစ်ခုမှ လာရောက် တောင်းရမ်းနေကြရသူတွေ မဟုတ်ပါဘူး။ တကယ်တော့ တောင်းရမ်း စားသောက်နေကြသူတွေဟာ လူမှုစီးပွားဘ၀ နုံချာပြီး ဆင်းရဲတွင်းနက်လွန်းလို့ တောင်းရမ်းစားသောက်နေကြရသူများသာ ဖြစ်ကြောင်းပါခင်ဗျာ။

(ပုဂံဒေသရှိ ရွှေစည်းခုံ ဘုရားအနီးမြင်ကွင်း)

(ဆောင်းပါးရှင် - ကိုနော် (ပုဂံ) )

3D Printing နည်းပညာသုံးကာ သက်ရှိတစ်ရှူးအား အစားထိုးနိုင်မည့် ပုံဆောင်ခဲများအား တီထွင်နိုင်ခဲ့





ရေ နှင့် အဆီ - ဤ ဒြပ်ပစ္စည်း ၂ ခုကိုသာ အသုံးပြုပြီး အထက်တွင် မြင်နိုင်သည့် ပုံဆောင်ခဲအား Oxford တက္ကသိုလ်မှ ပညာရှင်များက ၃ ဖက်မြင် ပုံနှိပ်နည်းပညာ (3D Printing) အား အသုံးပြုပြီး အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်ဟု သိရှိရသည်။

သင့်အနေနဲ့ ရေနဲ့အဆီကို ပေါင်းထားတဲ့ ပုံဆောင်ခဲကို ထုတ်လုပ်နိုင်ရင် ဘာလုပ်လို့ ရမှာလဲလို့ မေးနိုင်ပါတယ်။ အဆိုပါ ပညာရှင်များ၏ အဆိုအရတော့ ဤ ပုံဆောင်ခဲများဟာ လူသားစင်စစ်တစ်ဦး၏ တစ်ရှူးကိုပင် အစားထိုး၍ ရနိုင်မယ်လို့ သိရှိရပါတယ်။

လတ်တလောအချိန်တွင် ဈေးကွက်အတွင်း၌ အရာဝတ္ထုများအား ၃ ဖက်မြင် အစိုင်အခဲပုံစံဖြင့် ပုံနှိပ်ထုတ်လုပ်ခြင်း (သို့) 3D Printing မှာ ခေတ်စားလာနေပြီး နည်းပညာ ကုမ္ပဏီများကလည်း 3D Printing အား ပိုမိုကောင်းမွန်အောင် ကြိုးပမ်းတီထွင် လာနေကြသည်။ သို့သော်လည်း သက်ရှိသတ္တဝါ၏ တည်ဆောက်ပုံမှာ သက်မဲ့အရာဝတ္ထုများနဲ့ လွန်စွာမှ ကွဲပြားခြားနားပြီး ဤ တီထွင်မှုမှာ သမိုင်းဝင် တည်ထွင်မှုအဖြစ် မှတ်တမ်းဝင်ဖွယ် ရှိနေသည်။

ယခုကဲ့သို့ သက်ရှိတစ်ရှူးအား 3D Printer ဖြင့်သာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ပါက ဆေးပညာလောကအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာမည်ဖြစ်ပြီး အသက်ပေါင်းများစွာအား ကယ်တင်နိုင်မည်ဖြစ်သည်။

အထက်ဖော်ပြပါ ရေ+အဆီ ပေါင်းစည်းထားသည့် ပုံဆောင်ခဲများသည် ၅၀ မိုင်ခရွန်ခန့်သာ အရွယ်အစားရှိပြီး လက်ရှိအချိန်တွင် ပုံဆောင်ခဲပေါင်း ၃၅၀၀၀ ခန့်အား စုစည်းပေါင်းစပ် ပုံဖော်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဟု သိရှိရသည်။

Oxford ပညာရှင်များက ယင်းတို့၏ အထူးဖန်တီးထားသည့် 3D Printer ကို အသုံးပြုကာ ဤပုံဆောင်ခဲ ထောင်ပေါင်းများစွာအား စုစည်းပေါင်းစပ်စေခြင်းဖြင့် ဒြပ်ဝတ္ထုပစ္စည်း အသစ်တစ်မျိုးအား ဖန်တီးနိုင်ခဲ့ပြီဟု ယုံကြည်နေကြသည်။

ငွေကြေးနှင့် အဆင့်မြင့် စက်ပစ္စည်းများသာ အထောက်အပံ့အဖြစ် ဆက်လက်ရရှိပါက Sci-Fi ရုပ်ရှင်များထဲတွင်သာ တွေ့ရှိဖူးသည့် ကိစ္စရပ်များအား ဖန်တီးနိုင်တော့မည် ဖြစ်သည်။

အာရှမှ အမျိုးသားများ လိင်အကြမ်းဖက်ခြင်း



ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေးဦးမှာတစ်ဦးဟာ ကာမကျူးလွန်မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။ ဒါဟာ အာရှတိုက်နိုင်ငံ (၆)နိုင်ငံက လူတစ်သောင်းကျော်ကို စစ်တမ်းကောက်ယူခြင်းကနေထွက် ပေါ်လာတာဖြစ်ပြီး အာရှတိုက်မှာ ဖြစ်ပွားနေတဲ့ လိင်ဆိုင်ရာ အကြမ်း ဖက်မှုတွေရဲ့ အဓိကနောက်ခံကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

လိင်အကြမ်းဖက်မှု ကျူးလွန်သူ တွေထဲက တစ်ဝက်လောက်ဟာ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်ခဲ့တယ် လို့သိရပါတယ်။ အာရှရဲ့ လိင် အကြမ်းဖက်မှု အမြင့်ဆုံးတိုင်းပြည်ကတော့ ပါပူးအာနယူးဂီနီ ( Papua new Guinea )နိုင်ငံဖြစ်ပြီး အမျိုး သား (၁၀)ယောက်မှာ (၆)ယောက် ဟာ တစ်ဖက်အမျိုးသမီးအလိုမတူဘဲ လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ အာရှ အမျိုးသားများရဲ့ ထက်ဝက်ခန့်ဟာ လိင်အကြမ်းဖက်မှုများရော၊ ဇနီး မယားကိုပါ အလိုမတူဘဲ လိင်အလွဲ သုံးစားလုပ်နေကြတယ်လို့ သိရပါ တယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သော အမျိုးသားရာခိုင်နှုန်း ( Source – ကမ္ဘာ့ကုလသမဂ္ဂ)
- ပါပူးအာနယူးဂီနီနိုင်ငံ -၆၂%
- အင်ဒိုနီးရှားနိုင်ငံ၊ ပါပူးအာဒေသ – ၄၈.၆ %
- အင်ဒိုနီးရှားမြို့ပြ – ၂၆.၂%
- တရုတ်နိုင်ငံ – ၂၂.၂%
- ကမ္ဘောဒီးယား – ၂၀.၄%
- သီရိလင်္ကာ – ၁၄.၅%
- ဘင်္ဂလားဒေ့ရှ် – ၁၄.၁%
ဖြစ်ပွားမှုနောက်ခံ အချက် အလက်များ
၁။ အမျိုးသားတွေဟာ အဖော်အမျိုး သမီးရဲ့သဘောထားကို မမေးဘဲ ဆက်ဆံနိုင်ခွင့်ရှိတယ်လို့ ယုံကြည်ကြ ပါတယ်။
၂။ အသိဉာဏ်နိမ့်ပါးသူတွေဟာ လိင်အကြမ်းဖက်မှုကို ပျော်ရွင်စရာ ဖျော်ဖြေမှုလို့ ယူဆကြပြီး ပျင်းရိတဲ့ အခါ ကျူးလွန်ကြပါတယ်။
၃။ ကလေးဘ၀က လိင်အကြမ်းဖက် မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုး သားတွေဟာ သူတို့ကိုယ်တိုင် ကျူးလွန်သူဖြစ်လာနိုင်ချေများပါတယ် ။
၎။ ဒေါသနဲ့ ယမကာကြောင့် ဖြစ် ပွားမှုကတော့ ရာခိုင်နှုန်းနည်းပါးပါတယ်။
ဒီလေ့လာမှုစာတမ်းကို The Lancet Global Health မှာ ဖော်ပြထားပါတယ်။
သက်ကို
Ref: Lancet
By Health Updates

Webster University Thailand Campus မှ မြန်မာကျပ်ငွေ ၂၁၅ သိန်း တန်ဖိုးရှိ ပညာသင်ဆု ပေးအပ်မည်





မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်ဖြစ်ရန် ရည်ရွယ်သော ကျောင်းသား၊ကျောင်းသူများ အတွက် အထူးအခွင့်အရေး တစ်ရပ် အနေဖြင့် အမေရိကန်နိုင်ငံ၏ ကျောင်းခွဲ ဖြစ်သော ထိုင်းနိုင်ငံရှိ Webster University (Thailand Campus) တွင် ကျောင်းလခ၏ ၅၀ ရာခိုင်နှုန်းဖြစ်သော မြန်မာ ကျပ်ငွေ ၂၁၅ သိန်း ဝန်းကျင်ကို ပညာသင်ဆု အဖြစ် ပထမဦးဆုံး အကြိမ် ပေးအပ်သွားမည် ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြား ပညာရေး ဝန်ဆောင်မှုမှ သိရသည်။

အဆိုပါ ပညာသင်ဆုကို အောက်တိုဘာလကျောင်းဖွင့်ချိန် အတွက်ပေးအပ်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နောက် ဆုံးထားကာ လျှောက်ထားရမည်ဖြစ်သည်။ ၄င်းတက္ကသိုလ်တွင် စီးပွားရေး ဘာသာရပ်များ ဖြစ်သော Manage-ment, Emphasis in (International Business/Human Resource/ Marketing), Business Administration, Media Communication, Advertising and Marketing Communications, Psychology, International Relations ဘာသာရပ်များကို သင်ကြားပေးနေသည့် အပြင် အလုပ်အကိုင် အခွင့်အလမ်းနယ်ပယ် ပိုမိုကျယ်ပြန့်စေ သော Double Major ဘာသာရပ်များကိုလည်း သင်ယူနိုင်မည် ဖြစ်သည်။

၎င်းပညာသင်ဆု နှင့် ပတ်သက်၍လျှောက်ထားရန် အသေးစိတ်သိရှိလိုပါက Webster University Thailand Campus ၏ ကိုယ်စားလှယ်ရုံးခွဲဖြစ်သော MSI ရုံးဖုန်း-၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မည်ဖြစ်သည်။

သန္တာ- internetjournal

အလုပ်ထွက်ခါနီး ဘရိတ်ဒန့်ကသွားသူ






ဗီဒီယို သတင်းဌာန တစ်ခုမှာပါ။ Marina Shifrin လို့အမည်ရတဲ့ အမျိုးသမီးက ပရိုဂျူဆာ အနေနဲ့ လုပ်ကိုင် ပါတယ်။

သူဌေးက သတင်း အရေအတွက်နဲ့ Youtube မှာ လူကြည့်များတဲ့ အရေအတွက်ကို ခပ်များများရအောင် Push လုပ်ပါတယ်။ Marina ကတော့ content တစ်ခုတိုင်းရဲ့  အရည်အသွေးအတွက် ဦးစားပေးပြီးလုပ်သူပေါ့။ အရေအတွက် ထပ် အရည်သွေးကိုပဲ ပိုချပြချင်တဲ့ ဝန်ထမ်းနဲ့ အရေအတွက်ကို ပိုလိုချင်တဲ့ ဘော့စ် ထိပ်တိုက် အမြဲ တွေ့တော့ ၂ နှစ်ထပ်ပိုမခံပါဘူး။ ဒီတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က အလုပ်ထွက်လိုက်ပါတယ်။

အလုပ်ရိုးရိုးထွက်တာ မဟုတ်ပါဘူး။ အရေအတွက်ကို ဦးစားပေးတဲ့ ကုမ္မဏီမှာ ဆက် မလုပ်နိုင်တော့ကြောင်း၊ ၂ နှစ်တာ ဘဝတစ်ခုလုံး ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပေမယ့် သူအလုပ်ထွက်တော့မည်ဖြစ်ကြောင်း အစရှိသဖြင့် သူ့ရဲ့  Story ကို ၂ မိနစ်နီးပါးကြာ ဗီဒီယိုမှာ စာတန်းထိုးပြီး Kanye West ရဲ့  Gone လို့အမည်ရတဲ့ သီချင်းနဲ့ ရုံးမှာ စိတ်ကြိုက် ကသွားပါတယ်။ ရုံဆင်းခါနီး ၄ နာရီခွဲကစလို့ ဗီဒီယိုကို တစ်ဦးတည်းကိုယ်တိုင်ရိုက်၊ ကိုယ်တိုင် သရုပ်ဆောင် ကပြီး Youtube ပေါ် တင်လိုက်တာ ၂ ရက်အတွင်း ကြည့်ရှုသူ ၇ သိန်းအထပ်ကိုကျော်သွားပါတယ်။

သူ့ရဲ့  ဗီဒီယို လခ့်ကတော့ အေက်ပါအတိုင်း ဖြစ်ပါတယ်။

http://youtu.be/Ew_tdY0V4Zo

သူမဟာ ဟာသဥာဏ် ရွှင်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ရပြီး Youtube မှာ ရေပန်းစားတဲ့ Celebrity တစ်ဦး ဖြစ်လာကြောင်း သိရပါတယ်။
.
အောင်ခမ်း (TSJ Team)

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး




သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

(၂) အမြင်အာရုံကို ကောင်းစေပါတယ်

ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်

သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်

သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်

ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေပါတယ်

သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။

(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်

ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်။

ကြယ်စင်

သင့် ကျန်းမာရေး အတွက် သောက်သုံး သင့်သော ဖျော်ရည် ရှစ်မျိုး



ကျန်းမာရေး အတွက် အသင့် ပြုပြင် ထားတဲ့ ဖျော်ရည် တွေ အစား သစ်သီး ကို ပြုလုပ် ထားတဲ့ ဖျော်ရည်မျိုး က ပိုမို သင့် တော် တယ် ဆိုတာကို သင် သိပြီး သား ဖြစ်မှာပါ။ ဘယ်လို သစ်သီး ဖျော်ရည်တွေ က သင့် ကျန်းမာရေး ကို ဘယ်လိုပုံစံ ကျန်းမာ နေစေ တယ် ဆိုတာ ကို ဖော်ပြပေး လိုက် ပါတယ်။

၁။ သလဲသီး ဖျော်ရည်

သလဲသီး ဟာ အဝါရောင် အခွံ ရှိပြီး အထဲမှာ အနီရောင် အစေ့လေး တွေများ စွာ ပါဝင် တဲ့ အသီးမျိုး ပါ။ ချိုချဉ် နဲ့ ဖန်တဲ့ အရသာ ရှိ ပါတယ်။ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုး ရလဒ်တွေ များစွာ ပါရှိ ပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေ ပါဝင် တာကြောင့် ခန္ဓာ ကိုယ် အ တွက် လိုအပ် တဲ့ အသီး တစ်မျိုး လည်း ဖြစ် ပါတယ်။ ဆီးကျိတ် ကင်ဆာ ကို ကာကွယ် ပေးနို င်ပြီး နှလုံး ကျန်းမာရေး ကိုလည်း ကောင်းမွန် စေတာ ကြောင့် သင်သောက် နေကျ ဖျော်ရည် တွေ ထဲမှာ သလဲသီး ဖျော်ရည် ကို ထပ်ပေါင်း ဖြည့်စွက် ပေးပါ။

၂။ ဘလူးဘယ်ရီသီး ဖျော်ရည်

ဘလူးဘယ်ရီသီး ဟာ ခန္ဓာကိုယ် အ တွက် လိုအပ်တဲ့ အာဟာရ ဓာတ် တစ်မျိုး ဖြစ်တဲ့ အပြင် အသက်ရှည် စေတဲ့ အသီး တစ်မျိုး လို့ ဆိုပါတယ်။ ကယ်လိုရီ လုံးဝ မပါဝင် တာ ကြောင့် နေ့စဉ် ဘလူး ဘယ်ရီ သီး တစ်ခွက် ဖျော်သောက် ပေးရင် လည်း ခန္ဓကိုယ် အလေးချိန် မတက်စေ နိုင် ပါဘူး။ ကိုယ်လက်စထရော ကို ကျစေတဲ့ အတွက် နှလုံး ကျန်းမာရေး ကိုလည်း ကောင်းမွန် စေ ပါတယ်။ ပြည့်ဝ တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ရောဂါ တချို့ ကို လည်း တားဆီး နိုင် ကာ ခန္ဓာကိုယ် ကို သက်သောင့် သက်သာ ဖြစ်စေပါတယ်။ မျက်စိ အမြင် အာရုံကို တိုးစေပြီး မှတ် ဉာဏ် ကောင်း စေကာ ဆီးလမ်း ကြောင်း ပိုးဝင်တာ တွေ ကိုလည်း သက်သာ စေနိုင် ပါတယ်။

၃။ ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့ အရသာ ရှိပြီး အနီရောင် ဖြစ် တဲ့ ဘယ်ရီသီး ဟာ ရောဂါပိုး တွေ ကို ကာ ကွယ် ပေးနိုင် တဲ့ အာနိသင် ရှိပါတယ်။ နှ လုံး ကျန်းမာရေး ကိုကောင်း စေ တဲ့ Flavonoid တွေ ပါဝင်ပြီး ဘက် တီးရီးယား တွေ ကို တိုက်ထုတ် နိုင်တဲ့ အာနိသင် ရှိကာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ သူတွေ အနေ နဲ့ နေ့စဉ် သောက်သုံး ပေးသင့် ပါတယ်။ ဒါပေမဲ့ လတ်ဆတ် တဲ့ အသီး ကို ဝယ်ပြီး ဖျော်ရည် ပြု လုပ် သင့်ပြီး အသင့် ပြုလုပ်ထား တဲ့ ဖျော်ရည် တွေ က သကြား ပါဝင်မှု များ တတ် ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ခရင်မ် ဘယ်ရီသီး ဖျော်ရည် ဖြစ်ဖို့ လတ်ဆတ် တဲ့ ခရင်မ် ဘယ်ရီးသီး ကိုသာ ဖျော်သောက် ပါ။

၎။ လိမ္မော်သီး ဖျော်ရည်

လတ်ဆတ် တဲ့ လိမ္မော်သီး ဖျော်ရည် မှာ ဗီတာမင်စီ ကြွယ်ဝ ပြီး အင်တီအောက် စီးဒင့် တွေ ကြွယ်ဝ ပါတယ်။ ကင်ဆာ ကို တားဆီး နိုင်ဖို့ ဗီတာမင် စီ က ကူညီ နိုင်တဲ့ အပြင် ဆဲလ် ပျက်စီး မှု တွေ ကိုလည်း ကာ ကွယ် ပေးနိုင် ပါတယ်။ သံဓာတ် လည်း ပါဝင်ပြီး ကိုယ်ဝန် ဆောင် သည် တွေ သောက် သုံး ပါက ကလေး မွေးဖွားရ လွယ်ကူ စေပါ တယ်။ လိမ္မော်သီး ဖျော်ရည် မှာ ကယ်လ ဆီယမ်၊ ဗီတာမင် ဒီ နဲ့ အိုမီဂါ သရီး ဖက်တီး အက်စစ် တွေ ပါဝင် တာ ကြောင့် နှလုံး ကျန်းမာရေး ကိုလည်း ကောင်းစေ ပါတယ်။

၅။ ပန်းသီးဖျော်ရည်

ပန်းသီး ဖျော်ရည် ဟာ မှိုပိုး တွေ ကို တိုက်ထုတ် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ တခြား ကျန်း မာရေး ကောင်းစေတဲ့ အချက် တွေ အနေနဲ့ အသက်ရှူ စနစ်ကို ကောင်း မွန် စေတာ၊ အစာခြေ စနစ် ကို ကောင်း မွန် စေတာ၊ စွမ်းအင် တိုး စေတာ၊ ရောဂါ တိုက် ထုတ် ပေးတာ၊ အမြင် အာရုံေ ကာင်း စေတာ စတဲ့ အချက် တွေ များစွာ ပါဝင်တာ ကြောင့် တစ်နေ့ ကို ပန်းသီး ဖျော်ရည် တစ်ခွ က် လောက် သောက် ပေးသင့် တယ် လို့ ဆိုပါတယ်။

၆။ စပျစ်သီး ဖျော်ရည်

စပျစ်သီး ဖျော်ရည် က သွေးဖိအား ကို ထိန်းညှိ ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ သွေးတွင်း မေ ကာင်း တဲ့ ကိုလက်စထရော ဖြစ် တဲ့ LDL ကိုလက် စထရော ကိုလည်း ကျစေ ပါတယ်။ သွေး လည်ပတ် မှု ကို ကောင်းမွန် စေပြီး သွေးကြော ပျက်စီးမှု ကို လည်း ကာကွယ် ပေးနိုင် ပါသေး တယ်။

၇။ အမည်းရောင် ချယ်ရီသီးဖျော်ရည်

အမည်း ရောင် ချယ်ရီသီး ဖျော်ရည် ကတော့ ကြွက်သား တွေ ပျက်စီး တာနဲ့ နာကျင် တာ ကို သက်သာ စေတဲ့ ဖျော်ရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာ ကိုယ် တွင်း သွေးလည် ပတ် မှု ကိုလ ည်း ကောင်း စေ ပါ တယ်။ ကင်ဆာ ကို တိုက်ဖျက် ပေးနိုင်တဲ့ ဓာတ် တိုး ဆန့်ကျင် ပစ္စည်းတွေ လည်း အ များအပြား ပါဝင် ပါတယ်။

၈။ အနီရောင် စပျစ်သီး ဖျော်ရည်

အနီရောင် စပျစ်သီး ကတော့ ကင်ဆာ ကို တားဆီး ပေးပြီး မကောင်း တဲ့ ကို လက်စထရော ကိုေ လျာ့ကျ စေကာ နှလုံး ကျန်းမာရေး အတွက် အကောင်းဆုံးအ ထောက် အကူ ပြုတယ် လို့ ဆို ပါတယ်။

သဲသဲ
Good Health

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ သင်တန်းဆင်း(Dip in D.T) သွားတု ကျွမ်းကျင် ဒီပလိုမာ ရရှိပြီးသူများကို ကျွမ်းကျင် ဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူ






သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မှ သင်တန်းဆင်း (Dip in D.T) သွားတု ကျွမ်းကျင် ဒီပလိုမာရရှိပြီး သူများကို ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဌာနများ၊ ဆေးရုံကြီးများတွင် လစ်လပ်လျက် ရှိသည့် ဆေးဘက်ကျွမ်းကျင် (၂) သွား ရာထူးနေရာများ အ တွက် ကျွမ်းကျင်ဝန်ထမ်း အဖြစ် ခန့်ထားနိုင်ရန် လျှောက်လွှာများကို ခေါ်ယူလျက် ရှိသည်ဟု သိရသည်။

လျှောက်ထားလိုသူများ အနေဖြင့် လျှောက်လွှာများကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ထုတ်ယူပြီး အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေး ဦးစီးဌာန၊ ရုံးအမှတ် (၄) နေပြည်တော်သို့ ပေးပို့ရမည်ဟု သိရသည်။

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်ထားသူများကို နိုဝင်ဘာလ ၂၆ ရက်တွင် ကျန်းမာရေးဦးစီးဌာန ရုံး ချုပ်၊ နေပြည်တော်တွင် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဟု သိရပြီး လူတွေ့ စစ်ဆေးခြင်း ဖြေဆိုလိုသူများ အနေဖြင့် ဒီပလိုမာ လက်မှတ်မူရင်း (သို့မဟုတ်) ဒီပလိုမာ လက်မှတ် ထောက်ခံချက်၊ သိပ္ပံဘွဲ့လက်မှတ်မူရင်း၊ အခြေခံ အထက်တန်းအောင် လက်မှတ် မူရင်း၊ သက်ဆိုင်ရာမြို့နယ်၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေ ရေးရုံးမှ အလုပ်သမားမှတ်ပုံတင်ကတ်မူရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်မူရင်းများကို ယူဆောင်လာရမည် ဖြစ် သည်။ အသေးစိတ် သိရှိလိုသူများ အနေဖြင့် ဖုန်း-၀၆၇-၄၁၁၁၄၂ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။

ကိုဟိန်း-


internetjournal

လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား လှုံ့ဆော်မှုများကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် ထိရောက်စွာအရေးယူမည်




လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား အထိတ်တလန့်၊ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် လှုံ့ဆော်သည့် ဖြစ်စဉ်များကို စစ်ဆေးတွေ့ရှိပါက အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မြင့်အေးက ပြောကြားသည်။

ယင်းကဲ့သို့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှ တစ်ဆင့် လှုံ့ဆော်မှုများကို အရေးယူ ဆောင်ရွက်မှုများသည် ယခင်ကတည်းက ရှိနေသော်လည်း နည်းပညာလိုအပ်ချက်များကြောင့် ထိရောက်စွာ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရသည်။

ထိရောက်စွာ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာမှ နည်းပညာများကို ရယူကာ နည်းဥပဒေကိုလည်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၁ ရက်က ပြောကြားသည်။

''အဲဒီလို အင်တာနက် စာမျက်နှာတွေကနေ လှုံ့ဆော်တာတွေ၊ မဟုတ်မမှန်တာတွေ၊ ထင်ယောင်ထင်မှား ဖြစ်မယ့်အကြောင်းအရာ ဓာတ်ပုံတွေ တင်တာတွေကို ထိရောက်စွာ အရေးယူဖို့အတွက် စီစဉ်နေပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ခြင်း မရှိသေးတာက တိတိကျကျ စစ်ဆေးနိုင်မယ့် နည်းပညာတွေ မရှိသေးလို့ ဖြစ်ပါတယ်။ အခု နည်းဥပဒေ ရေးဆွဲနေတယ်။ ဒီလို ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ပြည်သူတွေကလည်း ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ် '' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။

ကျူးလွန်သူများကို အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူသွားမှာဖြစ်ပြီး ပြစ်မှုအပေါ်မူတည်၍ အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် ကျစေနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ရွှေပြည်သာမြို့နယ်တွင် မည်သူ သတ်သွားမှန်းမသိသော အမျိုးသမီးအလောင်းတစ်ခု တွေ့ရှိဆိုသည်သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင်လည်း ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းထုတ်ပြန်ရေးတပ်ဖွဲ့မှ သိရသည်။

From : ..eleven

မိခင်တို့ဘ၀ နုပျိုလှပဖို့


အရွယ်အိုမင်းတာ၊ ခရမ်းလွန်ရောင်ခြည် ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင်အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ်္စည်း တွေကအသားအရေကိုထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အသက်ကြီးလာပေမဲ့ အသား အရေတောက်ပမြဲ တောက် ပနေအောင် မိခင် တွေ ထိန်းသိမ်းသင့်တဲ့ သဘာဝအသားအရေ ထိန်းသိမ်းနည်းတွေကိုဖော်ပြပေးလ

ိုက်ပါတယ်။

(၁) သင်္ဘောသီး... သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ်သတ်္တုဓာတ် နဲ့ ပက်ပိန်းအင်ဇိုင်း ပါဝင်မှုများတာကြောင့် သဘာဝအသားအရေ ချောမွေ့စေတဲ့ အစိုဓာတ် ထိန်းခရင်မ် ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါး လှီးပြီး ပုံမှန်လိမ်းပေးတာက အသားအရေ ကို တောက်ပစေပြီး သက်ကြီးအစက်အပြောက်တွေ ကို လျော့ကျစေ ပါတယ်။ သင်္ဘောသီးဟာ ချွေး ပေါက်ပိတ်ဆို့တာကို ပွင့်စေတာကြောင့် လည်း အရေပြားကို နူးညံ့ပြီး ချောမွေ့တောက်ပစေပါ တယ်။
ဘယ်လိုလိမ်းသင့်သလဲ... သင်္ဘောသီးက အသုံးပြုရလွယ်ပါတယ်။ သင်္ဘောသီးအနှစ်ကို ကြေညက်အောင်ချေပြီး မျက်နှာပြင်ပေါ်ကို စက် ၀ိုင်းပုံစံလှည့်ပြီး တိုက်ရိုက်လိမ်းပေးပါ။ လိမ်းတဲ့ အခါ နည်းနည်းပဲ ကုန်မှာဖြစ်တာကြောင့် ကျန် တဲ့သင်္ဘောသီးကို စားပေးနိုင်ပါတယ်။ အမျှင် ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင်တာကြောင့် အကျိုးရှိပါတယ်။

(၂) ထောပတ်သီး... အသားအရေ နူးညံ့ ချောမွတ်နေစေဖို့အတွက် ဗီတာမင်တွေ လိုအပ် နေပါတယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှုများပါတယ်။ ငှက်ပျော သီးတစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှုပို များပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝအစိုဓာတ်ထိန်းပစ္စည်း အဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေး ကြောင်းတွေထင်တာနဲ့ ပါးရေတွန့်တာတွေလို အိုမင်းတဲ့ လက်္ခဏာတွေကို လျော့ကျစေပါတယ်။ ထောပတ်သီးမှာပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင် အညစ်အကြေးတွေကို ကင်းဝေး စေ ပြီး နှင်းခူ၊ အနီရောင်အစက်အပြောက်နဲ့ ထိလွယ်ခိုက်လွယ်တဲ့အသားအရေအတွက် အ ကောင်းဆုံးကုသနည်းဖြစ်ပါတယ်။

ရွှေပန်းချီ

“ကောင်းတဲ့နေရာမှာပဲသုံးလိုက်ပါ” ကိုယ့်ရဲ့အင်အားနဲ့ ကိုယ့်ရဲ့အချိန်ကို ကောင်းတဲ့နေရာမှာ သုံးပါ။ ဒီလိုမဟုတ်ဘဲ ကိုယ်ကကောင်းတယ်၊ သူမကောင်းဘူးဆိုတာကို ပြောဖို့ပဲ အချိန်တွေအများကြီး ပေးနေမယ်ဆိုရင် ကိုယ့်ဘဝ တိုးတက်လာမှာ မဟုတ်ဘူးနော်။ (ဆရာတော်ဦးဇောတိက) (ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း စာအုပ်မှ)

 
 
ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားရှိ ကလေးငယ် (၃)ပုံ (၂)ပုံကျော်သည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိနေပြီဟု စစ်တမ်းများက ဆိုသည်။

ဖွံ့ဖြိုးပြီး နိုင်ငံအချို့ရှိ ကလေးငယ်များသည် ဆေးလိပ်၊ စီးကရက်တို့နှင့် နီးစပ်လွန်းနေခြင်းကို ကျန်းမာရေးဆိုင်ရာ သုတေသီများက အလေးအနက် စိုးရိမ်နေကြောင်း သိရှိရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားရှိ ကလေးငယ် (၃)ပုံ (၂)ပုံကျော်သည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိနေပြီဟု စစ်တမ်းများက ဆိုသည်။ အမေရိကန်တွင် ပြုလုပ်ခဲ့သည့် ယခုစစ်တမ်းက စီးကရက် အမှတ်တံဆိပ်များ၏ ထိုးဖောက်မှုသည် အသက်(၅)နှစ်နှင့် (၆)နှစ်အရွယ် ကလေးငယ်များ၏ အသိထဲထိ စွဲမြဲဝင်ရောက်နေကြောင်း ဖော်ထုတ် သိရှိလာစေခဲ့သည်။ မေရီလန်း တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ သုတေသီများနှင့် ဂျွန်ဟော့ကင်း ဘလွမ်းဘက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ သုတေသီများ ပူးပေါင်းကာ ယခုလေ့လာမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှားတို့ အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် ပြုလုပ်သော လေ့လာမှုများအရ အလွန်ငယ်ရွယ်သေးသည့် ကလေးများသည် စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိ မှတ်သားထားနေပြီဟု သိရှိရသည်။ တရုတ်နိုင်ငံတွင် (၇၁)ရာခိုင်နှုန်းမျှသော နေအိမ်များတွင် စီးကရက်သောက်သူ အနည်းဆုံး တစ်ဦးမျှ ရှိနေပြီး ကလေးအားလုံး၏ (၈၆)ရာခိုင်နှုန်းက စီးကရက် အမှတ်တံဆိပ် တစ်ခုခုကို နားလည်နေပြီဟု Pediatrics ဂျာနယ်တွင် စစ်တမ်းရလဒ်ကို ကိုးကား ရေးသားထားသည်။ ရုရှားကမူ ပျမ်းမျှအားဖြင့် ကလေးငယ်များနှင့် စီးကရက်တို့ အကျွမ်းဝင်မှု အနည်းဆုံးဖြစ်ပြီး (၅၀)ရာခိုင်နှုန်းအောက်မျှ ကလေးငယ် အရေအတွက်ကသာ ဆေးလိပ်နှင့် စီးကရက် အမှတ်တံဆိပ် တစ်ခုကို အမျိုးအစား ခွဲခြားသိရှိနိုင်သည်။

မေရီလန်း တက္ကသိုလ်မှ သုတေသီ ဒိုင်နာ ဘော်ဇီကိုစကီးက "ကျွန်မတို့အတွက် အံ့ဩစရာ အခြေအနေ တစ်ခုပါ။ အရမ်းငယ်ရွယ်သေးပြီး အသက်(၅)နှစ်၊ (၆)နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးတွေကအစ စီးကရက် အမှတ်တံဆိပ်တွေကို တရင်းတနှီး သိကျွမ်းနေကြပါပြီ"ဟု ပြောဆိုခဲ့သည်။ သူမက ဆက်လက်၍ "ကျွန်မတို့ နားလည်ထားတဲ့ တစ်ချက်က ဆေးလိပ်တွေ၊ စီးကရက်တွေနဲ့ နီးစပ်လွန်းတဲ့ ကလေးတွေရဲ့ စိတ်မှာ ဆေးလိပ်သောက်တာကို ပိုပြီး အကောင်းမြင်စိတ် ဖြစ်သွားတတ်တယ်။ ဒါကြောင့် အရွယ်ရောက်လာရင် ဆေးလိပ်စွဲဖို့ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဒီအခြေအနေကို တားမြစ်ဖို့ ပိုကောင်းမွန်တဲ့ ဥပဒေ သတ်မှတ်ချက်မျိုး ထုတ်ပြန်သွားဖို့ လိုအပ်နေပါပြီ"ဟုလည်း မှတ်ချက်ပြုသွားသည်။ 

Planet 

ဝေဖန်မှုတွေကြောင့် ဓာတ်ပုံရိုက်ကူးမှုကို ရပ်လိုက်တော့မယ်လို့ မော်ဒယ် မြနှင်းရည်လွင် ပြော



ဂျာနယ်တစ်ခုရဲ့မျက်နှာဖုံးမှာ ပြီးခဲ့တဲ့လအတွင်းက ဖော်ပြခံရတဲ့ ရင်ဟိုက် ဓာတ်ပုံကြောင့် ပရိသတ်တွေ ရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ မော်ဒယ်မြနှင်းရည်လွင်က လာမယ့်နှစ်
ကစပြီး ဓာတ် ပုံမော်ဒယ် အဖြစ် ဆက်ပြီးလုပ်ကိုင်သွားမှာ မဟုတ်တော့ဘူးလို့ မြန်မာတိုင်းမ်
ကို ပြော ပါတယ်။

စက်တင်ဘာလ ၂၆ ရက်ထုတ် CELebrites 8 days အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ မျက်နှာဖုံး
ဓာတ်ပုံအဖြစ် ဖော်ပြခံရပြီးတဲ့နောက် မြနှင်းရည်လွင်က ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဂျာနယ်ထွက်ရှိပြီးနောက်ပိုင်းမှာ သူမကို စော်ကားသလို ဖြစ်စေတဲ့ စာသား တွေနဲ့ အင်တာနက်
စာမျက်နှာပေါ်မှာ တိုက်ခိုက်ပြောဆိုခံခဲ့ရတာကြောင့် အရှက်ရခဲ့ရတယ်လို့လည်း ဆိုပါတယ်။

"ဂျာနယ်မှာပါလာတဲ့ မျက်နှာဖုံးဓာတ်ပုံက ညီမအနေနဲ့ပြင်ထားတယ်ထင်လို့ ဂျာနယ်ကို ဆက်
သွယ်ပြီးမေးခဲ့တယ်။ ဒါပေမဲ့ သူတို့တွေအနေနဲ့ ပြင်ထားတာ မဟုတ်ပါဘူးလို့ ပြောခဲ့တယ်။အဲဒီ
ပုံကိုရိုက်တဲ့နေ့က တစ်ပုံတည်းမဟုတ်ပါဘူး။ ပုံပေါင်းများစွာကို ရိုက်ခဲ့တာပါ။ အကယ်လို့ ပုံက
အမြင်မတော်ရင်လည်း သူတို့ အနေနဲ့ တခြားဓာတ်ပုံကို ရွေးသင့်ပါတယ်။ အဲဒီလိုတင်လိုက်တော့
အိမ်နဲ့လည်း ပြဿနာတက်တယ်။ တချို့အွန်လိုင်းစာမျက်နှာမှာဆိုရင် ညီမနာမည်နဲ့ 'ဇစ်ပြုတ်မြ
နှင်းရဲလွင်'ဆိုပြီး ဝေဖန်သလိုမဟုတ်ဘဲနဲ့ ဆဲတဲ့စကားလုံးတွေပါ လျှောက်ရေး ထားကြတယ်။
တချို့ဆိုရင် ဟိုမဂ္ဂဇင်းရိုက်၊ ဒီမဂ္ဂဇင်းရိုက်ပါလားဆိုပြီး ၀ိုင်းပြောကြ တယ်"လို့ သူကြုံရတာတွေကို
ဓာတ်ပုံမော်ဒယ်တစ်ဦးလည်း ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်အကယ်ဒမီဆုပေးပွဲမှာ ဗန်းကိုင်တစ်ဦးလည်းဖြစ်
တဲ့ မော်ဒယ်မြနှင်းရည်လွင် က ပြောပြပါတယ်။

"ကိုယ်ကလည်း အမြဲတမ်းဖော်ချွတ်ရိုက်လေ့ရှိတာ မဟုတ်ဘူး။ ဒီမျက်နှာဖုံး မှာ ဒီလိုမျိုးရိုက်လိုက်
မယ်လို့ ရည်ရွယ်ထားတာလည်းမရှိဘူး။ 8 Days ဂျာနယ် အနေနဲ့လည်း ညီမနဲ့လက်တွဲလာတာ
ကြာပါပြီ။ ညီမအနေနဲ့ ပြဿနာလည်း မတက်ချင်သလို၊ ခင်မင်မှုလည်း မပျက်ချင်ဘူး။
စိတ်မကောင်းဖြစ်မိတာပဲရှိတယ်။ ညီမအနေနဲ့က ဓာတ်ပုံအရိုက်မခံခင် ဘယ်လိုရှုထောင့်ကမျိုးဖြစ်
နိုင်သလဲဆိုတာ စဉ်းစားကြည့်တတ်တယ်။ အခုတင်လိုက်တဲ့ပုံစံမျိုးက Snap Shot ပုံစံကို
မျက်နှာဖုံးတင်လိုက်သလိုမျိုးဖြစ်သွားတယ်"လို့လည်း ပြောပါတယ်။

ဒီတစ်ကြိမ်ဟာ 8 Days ဂျာနယ်အတွက် သုံးကြိမ်မြောက် မျက်နှာဖုံးပုံ ရိုက်ကူးခံခဲ့တာဖြစ်ပြီး
ခုဂယက်ထနေတဲ့ဓာတ်ပုံရိုက်ကူးမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်း ပိုင်းက လှော်ကားဥယျာဉ်
ထဲမှာ ဓာတ်ပုံပညာရှင် ကိုအေးဇော်မိုး (စက်မှု)နဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"ဂျာနယ်ထဲမှာ ကြည့်လိုက်ရင် ပုံတွေကအများကြီးပဲလေ။ ဒါပေမဲ့ အဲဒီပုံကို ရွေးထုတ်ခဲ့တယ်
ဆိုတာကတော့ အစ်ကိုနဲ့မဆိုင်ပါဘူး။ အဓိကရိုက်တဲ့အချိန်က နေ့လည် ၁၂ နာရီကနေ ၁ နာရီ
ကြားဖြစ်နေတယ်။ သူက ၁ နာရီခွဲ ပြန်ရမယ်ဆို တော့ ဓာတ်ပုံရိုက်ချလိုက်တယ်။ ပြီးတော့ ပုံ
ကိုပြန်မကြည့်နိုင်ဘူး။ သူလည်း မကြည့်ခဲ့ဘူး။ ဇစ်က တမင်သက်သက်ဆွဲခိုင်းလိုက်တာ မဟုတ်
ပါဘူး။ လူတွေက အဲဒီပုံကိုပဲ ကြည့်ပြီးတော့ဝေဖန်နေကြတာပါ။ တခြားပုံတွေ အများကြီးရှိပါသေး
တယ်။ ဗမာအမြင်နဲ့ကျတော့ တမျိုးဖြစ်သွားတာပါ"လို့ ဓာတ်ပုံကိုအေးဇော်မိုး (စက်မှု)က ပြောပြ
ပါတယ်။

ဒီကိစ္စကို 8 Days ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးကို ဖုန်းဆက် မေးမြန်းခဲ့ရာမှာ တစုံတရာ
ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး သူတို့ဂျာနယ်တိုက်အနေနဲ့ ဘယ်ဓာတ်ပုံကိုမှ ပြင်ဆင်ပြီး မထုတ်ဝေခဲ့ဘူး
လို့ ဆိုပါတယ်။

နန္ဒာအောင် - မြန်မာတိုင်း(မ်)

Mark Zuckerburg ၏ စိတ်ဝင်စားဖွယ်၏ ကိုယ်ရေးအချက် ၁၀ ချက်



မေလ ၁၄ ရက်နေ့ဟာ Facebook တည်ထောင်သူနှင့် အမှုဆောင်ချုပ် Mark Zuckerburg ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အသက် ၂၉ နှစ် ရှိပါပြီ။ ဒီအသက်ဟာ ဘီလီယံပေါင်းများစွာ ကြွယ်ဝသူတစ်ဦးအတွက် ငယ်ရွယ်လွန်းတယ်ထင်ရင် မှားသွားပါလိမ့်မယ်။ Zuckerburg အနေနဲ့ ဟားဗတ်ဒ်တက္ကသိုလ် အဆောင်တွင်းမှာ Facebook ကို စတင်တည်ထွင်ခဲ့စဉ်က ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။

ဘီလီယံပေါင်းများစွာ ကြွယ်ဝတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး သူကြွယ်များထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာခဲ့သလို ကမ္ဘာ့ပေါ်ရှိ လူ ၇ ဦးမှာ ၁ ဦးကို သူရဲ့ တီထွင်မှုဖြစ်တဲ့ Facebook ကို သုံးစွဲစေဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးကို အသက် ၃၀ မပြည့်ခင်မှာ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့တာပါ။

နှိုင်းယှဉ်ပြရမယ်ဆိုရင် အသက် ၂၉ နှစ်အရွယ်မှာ Steve Jobs ဟာ Macintosh ကွန်ပြူတာကို တည်ထွင်ခဲ့ပြီး ဖြစ်သလို Bill Gates ဟာလည်း Microsoft Windows ကို ဈေးကွက်တွင်းမှာ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ အခြားအခြားသော သူများကတော့ ဒီအသက်အရွယ်မှာ အလုပ်ကောင်းကောင်းတစ်ခု ရရှိနိုင်ဖို့ကိုတောင် အနိုင်နိုင် ကြိုးစားနေရတဲ့ ဘဝပါ။

ကဲ ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ Mr. Zuck ရေ။ ခင်ဗျားရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ခင်ဗျားရဲ့အကြောင်း စိတ်ဝင်စားဖွယ်ရာ အချက် ၁၀ ချက်ကို စာသုံးသူများနဲ့ မျှဝေလိုက်ပါတယ်။

၁။ Zuckerberg ဟာ အနီရောင်နဲ့ အစိမ်းရောင်တို့ကို မမြင်ရတဲ့ colorblindness ဖြစ်နေပါတယ်။ သူအနေနဲ့ အပြာရောင်ကိုသာ အဓိက မြင်နိုင်စွမ်း ရှိပါတယ်တဲ့။ ဒါ့ကြောင့်လည်း Facebook ရဲ့ ပင်မအရောင်ဟာ အပြာရောင် ဖြစ်နေရတာပါ။

၂။ ငယ်စဉ် အထက်တန်းကျောင်းသာ ဘဝမှာ တေးသီချင်း နားထောင်သူတွေရဲ့ နှစ်သက်ရာ တေးသီချင်းများကို အလိုအလျောက် ရှာဖွေအကြံပြုနိုင်တဲ့ Synapse လို့ခေါ်တဲ့ ဆော့ဖ်ဝဲကို တည်ထွင်ခဲ့ပါတယ်။ အဲဒီနောက်မှာ AOL နဲ့ Microsoft တို့က Zuckerberg ကို အလုပ်ခံဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

၃။ သင်သတိထားမပါသလား။ Zuckerberg ကို မီးခိုးရောင် Facebook တီရှပ်ကို ဝတ်ဆင်ပြီး အစဉ်အမြဲလိုလို တွေ့ရတတ်ပါတယ်။ သူ့အနေနဲ့ လွန်စွာမှ အလုပ်များပြီး အချိန်ကုန် သက်သာစေဖို့ ဒီတီရှပ် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်နေတာပါတဲ့။

၎။ သို့သော်လည်း ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ကြီး ဆိုက်နေစဉ်မှာတော့ Facebook ဟာ တိုးတက်ကြီးပွားဖို့ ဆောင်ရွက်နေတာကို ပြတဲ့အနေနဲ့ Zuckerberg ဟာ စီးပွားရေးဝတ်စုံ (Business attire) နဲ့ tie ကို နေ့စဉ်ရက်ဆက် ဝတ်ဆင်ခဲ့ပါတယ်။

၅။ Zuckerberg ဟာ သက်သတ်လွတ်စားသူ ဖြစ်ပါတယ်တဲ့။ သူ့အနေနဲ့ အသားကို မဖြစ်မနေ စားမယ့်အချိန်ကတော့ အဲဒီတိရိစ္ဆာန်ကို သူကိုယ်တိုင် သတ်ဖြတ်မိတဲ့ အချိန်မှပဲ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် ထူးခြားတာ တစ်ချက်ကတော့ Zuckerberg ရဲ့ Facebook စာမျက်နှာပေါ်က “Likes” တွေထဲမှာတော့ McDonalds နဲ့ In-N-Out ဘာဂါဆိုင်များ ပါဝင်နေပါတယ်။

၆။ Twitter ပေါ်မှာ Zuckerburg နောက်လိုက်သူ (followers) ၂ သိန်းကျော် ရှိနေပါတယ်။ ဒါပေမယ့် Zuckerberg ဟာ ၄ နှစ်အတွင်းမှာ ၁၉ ကြိမ်တာ Tweet လုပ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၁၅ လ အတွင်းမှာ တစ်ကြိမ်တစ်ခါမှ Twitter ကို မသုံးခဲ့ဖူးပါဘူး။

၇။ ၂၀၁၀ ခုနှစ် အောက်တိုဘာအတွင်းမှာ Zuckerberg ဟာ သူ့ရဲ့ဝန်ထမ်းတွေကိုခေါ်ပြီးရုပ်ရှင်သွားကြည့်ခဲ့ပါတယ်။ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကတော့ သူ့အကြောင်း ရိုက်ကူးထားတဲ့ Social Network ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အပြီးမှာတော့ Zuckerberg က ရုပ်ရှင် ရိုက်ကူးသူတွေ အနေနဲ့ ယင်းအား နာမည်ကြီးလို၍ Facebook အား တီထွင်ခဲ့ပုံပေါက်အောင် ရိုက်ကူးထားကြောင်း ဝေဖန်သွားခဲ့ပါတယ်။

၈။ Zuckerberg မှာ Beast လို့ အမည်ပေးထားတဲ့ Hungarian သိုးထိန်းခွေး ရှိပါတယ်။ Beast ရဲ့ Facebook စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၁.၅ သန်း ရှိပါတယ်။

၉။ ဒေါ်လာ ၁၉ ဘီလီယံ ကြွယ်ဝတဲ့ Zuckerberg ဟာ ကပ်စေးနည်းသူလို့ နာမည်ကြီးပါတယ်။ ရည်းစားဖြစ်သူ Priscilla Chan အတွက် ဝယ်ပေးခဲ့တဲ့ ပတ္တမြား လက်ထပ်လက်စွပ်က ဒေါ်လာ ၂၅၀၀၀ သာ တန်ဖိုးရှိတယ်လို့ သိရှိရပါတယ်။

၁၀။ Facebook ရဲ့ comment ပေးတဲ့ နေရာမှာ "@ [ 4 : 0 ]" ဆိုတာကို spage မပါပဲ ရိုက်ထည့်ကြည့်ပါ။ Mark Zuckerberg ဆိုပြီး ပေါ်လာပါလိမ့်မယ်။ မယုံရင် အခုပဲ လက်တွေ့သာ စမ်းကြည့်လိုက်ပါ။

ငြင်းခုံခြင်းကို ရှောင်ကြဉ်၍ အမှားကို ၀န်ခံပါ


ငြင်းခုံခြင်းဟူသည် သူမှန်သည် ငါမှန်သည် စသည်ဖြင့် စကားအချေအတင် ပြောဆိုမှု ဖြစ်သည်။ လူမှုရေးရာ ကိစ္စအဖြာဖြာဖြစ်သော အုပ်ချုပ်ရေး ကိစ္စ၊ ပေါင်းသင်းဆက်ဆံရေး ကိစ္စ၊ အလုပ်ကိစ္စ၊ အိမ်မှုကိစ္စ၊ စီးပွားရေးရေးရာ စသောကိစ္စ အ၀၀တွင် စကားပြောဆို ဆက်ဆံမှုသည် အလွန်အရေးကြီးပေသည်။ ထိုသို့သော နေ့စဉ်နှင့်အမျှ ပေါ်ပေါက်ကြုံတွေ့ နေရသော ကိစ္စအ၀၀ကို ချောမောပြေပြစ်အောင် ဆောင်ရွက်ရာ၌ တစ်ခါတစ်ရံတွင် အကျဉ်းအကျပ်များနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံရတတ်သည်။ ပြောရဆိုရ ခက်သူများလည်း ရှိတတ်သည်။ ပြောမှားဆိုမှားလည်း ရှိတတ်သည်။ ထို့ကြောင့် အရေးပါသော အရေးကြီးသော၊ လေးနက်သော အကြောင်းအရာများကို ပြောဆိုဖြေရှင်းရာတွင် "စကားလိမ္မာ အောင်မြင်ရာ" ဟူသော စကားနှင့်အညီ လိမ္မာပါးနပ်စွာ ပြောဆိုတတ်ရန် အရေးကြီးပေသည်။

လူမှုဆက်ဆံရေး နယ်ပယ်တွင် မိတ်ဆွေကဲ့သို့ ဆက်ဆံပြောဆိုခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သည်။ မိတ်ဆွေဖြစ်ခြင်းသည် ချစ်ကြည်ရင်းနှီး မှုမှတစ်ဆင့် ပေါက်ဖွားလာခြင်း ဖြစ်သည်။ မည်သည့်အကြောင်း ကိစ္စတွင်မဆို စေတနာထား၍ ဆောင်ရွက်လျှင် မိတ်ဆွေကောင်းကို တွေ့ရစမြဲ ဖြစ်သည်။ ကြီးသည့်ကိစ္စ ငယ်သည့်ကိစ္စ မဟူ၊ ကူညီမစတတ်သူ၊ ဆောင်ရွက်ပေးတတ်သူတို့သည် မိတ်ဆွေပေါများသည်။ ခင်မင်သူ မိတ်ဆွေပေါများ လိုသူတို့သည် အာဃာတစိတ်ကို ပယ်ဖျောက်ထားရမည်။ အာဃာတစိတ်ဟူသည် တစ်စုံတစ်ဦးအပေါ် မကျေနပ်သောကြောင့် အန္တရာယ်ပြုရန် စိတ်တွင်တေးမှတ်ထားခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ရန်ငြိုးထားခြင်းပင် ဖြစ်သည်။ မိတ်ဆွေပေါများ လိုသူသည် အာဃာတ ရန်ငြိုး မထားသင့်ပေ။ အာဃာတရန်ငြိုး မထားခြင်းဖြင့် ရန်သူဟူ၍ မရှိဘဲ မိတ်ဆွေသာ ရှိစေသည်။

လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အာဃာတတရား မထားမှုနှင့်အတူ ငြင်းခုံမှုကိုလည်း ရှောင်ရှားရမည် ဖြစ်သည်။ တစ်ဖက်သားကို မိမိဘက်သို့ ပါလာစေရန် လုပ်ဆောင်မှုများတွင် အကောင်းဆုံး နည်းလမ်းတစ်ရပ်မှာ ငြင်းခုံခြင်းကို ရှောင်ရှားရမည်ဟူ၍ ပညာရှင်များ မိန့်ဆိုလမ်းညွှန်ခဲ့သည်။ ငြင်းခုံခြင်းသည် မိမိအတွက်လည်း အကျိုးမရှိနိုင် အခြားသူ တစ်ဦးအတွက်လည်း အကျိုးမရှိနိုင်ပေ။ ငြင်းခုံခြင်းဖြင့် မိမိက အနိုင်ရရှိမှုသည် အမြတ်ရရှိခြင်း မဟုတ်။ ဆုံးရှုံးမှုကို ဖြစ်စေသည်။ မိမိအတွက် မိတ်ဆွေတစ်ဦး ဆုံးရှုံးမှုပင် ဖြစ်သည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် ငြင်းခုံစရာ၊ အငြင်းထွက်စရာ အကြောင်းကိစ္စတစ်ရပ် တွေ့ကြုံပေါ်ပေါက်လာလျှင် ထိုအကြောင်းအရာကို ပြောင်းလွဲလိုက်ခြင်းသည် လည်းကောင်း ပြောဆိုမှုကို ရပ်နားလိုက်ခြင်းသည် လည်းကောင်း၊ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ စကားဖြင့် ငြင်းခုံ အနိုင်ရသူသည် လတ်တလောတွင် စိတ်ကျေနပ်မှု ရရှိမည် မှန်သော်လည်း ပေါင်းသင်းဆက်ဆံရေးတွင်မူ ကျဆုံးသူ ဖြစ်သွားစေသည်။

သင်သည် တစ်ဖက်သားကို ဆန့်ကျင်ဘက် ပြုလုပ်၍ ငြင်းခုံခဲ့လျှင် တစ်ခါတစ်ရံ သင်ပင်လျှင် အနိုင်ရကောင်း ရပေမည်။ သို့ရာတွင် ထိုသို့အနိုင်ရခြင်းသည် အကျိုးမရှိသော နိုင်ခြင်းပေတည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အနိုင်ရလိုက်ခြင်းဖြင့် သင်သည်တစ်ဖက်သား၏ ကြည်ညိုခြင်းကို ခံယူရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်ကိုယ်တိုင် ချိန်ဆ၍ ကြည့်ပါ။ စကားအနိုင်ရမှုကို ယူမည်လော သို့တည်းမဟုတ် လူတစ်ယောက်၏ ကြည်ညိုခြင်းကို ခံယူမည်လော။ ဤမေးခွန်း နှစ်ခုသည် တစ်ပြိုင်တည်း အခွင့်အရေးရရန် ခဲယဉ်းသောကြောင့် ပေတည်းဟူ၍ အင်္ဂလိပ် စာပေပညာရှင် ဘင်ဖရန့်ကလင်က လမ်းညွှန်မိန့်ကြားခဲ့သည်။

ငြင်းခုံခြင်း၏ မကောင်းကျိုး တစ်ရပ်ကို အမေရိကန်သမ္မတ ၀ီလ်ဆင် အစိုးရအဖွဲ့၏ ဘဏ္ဍာရေး ၀န်ကြီးဖြစ်သော ၀ီလျံဂျီမက်အဒူးက "ကျွန်ုပ်သည် နှစ်ပေါင်းများစွာ နိုင်ငံရေး နယ်ပယ်တွင် ကျင်လည်ခဲ့ပြီးနောက်၊ လက်တွေ့သိရှိ ရရှိခဲ့ရသော ဘ၀သင်ခန်းစာ တစ်ရပ်မှာ "ငြင်းခုံခြင်းသည် လူပြိန်းတစ်ယောက် စိတ်ကိုပင် မပြောင်းလဲနိုင်ဟူသော သင်ခန်းစာပင် ဖြစ်သည်" ဟူ၍ ထုတ်ဖော်ဝန်ခံ ခဲ့သည်။

ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကလည်း "ဒေါသကို မေတ္တာဖြင့် အောင်နိုင်စေရာသည်" ဟူ၍ ငြင်းခုံခြင်းဟူသော ဒေါသကို သည်းခံခွင့်လွှတ်ခြင်းဟူသော မေတ္တာဖြင့် အောင်မြင်စေကြောင်းကို မိန့်ကြားလမ်းညွှန်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦး အယူအဆ ကွဲပြားနေမှုကို ငြင်းခုံခြင်းဖြင့် ကွယ်ပျောက်သွားအောင် မပြုလုပ်နိုင်။ သာယာချေငံ ချိုသာစွာ ပြောဆိုခြင်း၊ တစ်ဖက်သားကို အလျှော့ပေးခြင်း၊ တစ်ဖက်သား၏ ဆန္ဒကို အမှန်တကယ် ပြည့်စုံအောင် လုပ်ကိုင်ဆောင်ရွက် ပေးလိုသော စိတ်ထားကောင်း ရှိနေခြင်းတို့သည်သာ တစ်ဦးနှင့်တစ်ဦး အယူအဆ လွဲမှားနေခြင်းဟူသည့် ငြင်းခုံခြင်းကို ပပျောက်အောင် စွမ်းဆောင်နိုင်သည်။ ယင်းသို့သော အနှစ်သာရကို ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် သိင်္ဂါလသုတ်တွင် "အကြင်သူသည် သူတစ်ပါးကို ချီးမြှောက်တတ်၏။ အဆွေခင်ပွန်းကောင်း ပြုတတ်၏။ သူ့ကျေးဇူးကို သိတတ်၏။ ကင်းသောမစ္ဆရိယ ရှိ၏။ သူတစ်ပါး၏ အကျိုးကို ဆောင်တတ်၏။ ဆောင်ရွက်တတ်၏။ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် အခြံအရံကို ရနိုင်၏" ဟူ၍ မိန့်ကြားခဲ့သည်။

အမေရိကန်သမ္မတ လင်ကွန်း၏ "မိမိကိုယ်ကိုယ် အထက်ဆုံး အတန်းသို့ ရောက်ရှိအောင် ရည်ရွယ်ချက်ရှိသူသည် စကားအနိုင်လု၍ ငြင်းခုံနေရန် အချိန်မရှိပေ။ ငြင်းခုံခြင်းမှ ပေါ်ပေါက်လာသော စိတ်တိုခြင်း၊ ဒေါသမထိန်းသိမ်းနိုင်ခြင်း စသည့်ဆိုးကျိုးတို့သည်လည်း မလိုလားအပ်ပေ။ ထို့ကြောင့် နှစ်ဦးဆတူ ဖြစ်နေလျှင် မိမိက လျှော့ပေးလို့ရလျှင်လည်း လျှော့ပေးပါ။ သင်ပိုင်ဆိုင်သောနေရာ ဖြစ်ပါစေ။ ထိုနေရာကို ရရန်အတွက် အကိုက်ခံပြီး ခွေးတစ်ကောင်နှင့်ဖက်၍ လုမနေပါနှင့်။ ခွေးကိုက်ခံရလျှင် ထိုခွေးကို သေနတ်ဖြင့် ပစ်သတ်သော်လည်း အနာပျောက်မည် မဟုတ်ပေ" ဟူ၍ ဆုံးမမှုသည် လေးစားမှတ်သားဖွယ် ဖြစ်သည်။

လူမှုဆက်ဆံရေး နယ်ပယ်တွင် သူမှန်သည် ငါမှန်သည် စသည်ဖြင့် စကားအချေအတင် ပြောဆိုငြင်းခုံမှုများကို ရှောင်ကြဉ်၍ ငြင်းခုံခြင်း ပြုနေမည့်အစား မိမိ၏ အမှားကို ၀န်ခံခြင်းဖြင့် ဆွဲဆောင်သင့်ပေသည်။ လူတိုင်းတွင် အမှားအယွင်းနှင့် မကင်းနိုင်ပေ။ အနည်းနှင့် အများသာ ကွာခြားတတ်သည်။ လူအများသည် မိမိ၏ အမှားများစွာကို ဖုံးကွယ်လေ့ရှိပြီး သူတစ်ပါး၏ အမှားအနည်းငယ်ကို တွေ့လျှင် ပုံကြီးချဲ့ ပြောဆိုတတ်ကြသည်။ ထို့ကြောင့်ပင် ပညာရှိများက "ကိုယ့်အပြစ်ကို ကိုယ်ဖုံးကွယ်ရန်အတွက် ပညာရှိဖို့ မလို။ ပညာမဲ့သူတိုင်း လိုလိုပင် ကိုယ့်အပြစ်ကို ကိုယ်ဖုံးကွယ်တတ်ကြသည်။ သို့ရာတွင် မိမိ၏ အပြစ်အမှားကို ၀န်ခံတတ်ခြင်းသည် ထိုဝန်ခံတတ်သူအား လူသာမန်တို့ထက် ထူး၍မြင့်မြတ် စေသည်။ မိမိ၏ အမှားကို ၀န်ခံလိုက်ခြင်းဖြင့် ၀န်ခံသူ၏ စိတ်ဆန္ဒ၏ ထူးကဲသော အရသာကို ခံစားရတတ်သည်။ မိမိအမှားကို ထုတ်ဖော်ဝန်ခံခြင်းသည် လူ၏ဂုဏ်ရည်တစ်ရပ် ဖြစ်သည်ဟု မိန့်ဆိုခဲ့သည်။

မိမိ၏ အမှားအပြစ်ကို ထုတ်ဖော်ဝန်ခံခြင်းသည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်ရည်တစ်ရပ် ဖြစ်သည်ဟူသော ၀ိသေသကို ထာဝရလက်စွဲ ပြုကျင့်သုံးခဲ့သော ပုဂ္ဂိုလ်ထူး တစ်ပါးမှာ မြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂစကာနှင့် ပညာအရာတွင် ဧတဒဂ်ရတော်မူသော ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးပင် ဖြစ်သည်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ခုနစ်နှစ်အရွယ် သာမဏေငယ်၏။ သင်္ကန်းတော် မညီမညာ ဖြစ်နေသည်ကို "အရှင်ဘုရား ဤသို့လည်း ၀တ်ကောင်းပါလော" ဟု လျှောက်ထားခဲ့မှုကို နာယူ၍ ညီညွတ်အောင် ပြင်ချေပြီးမှ သာမဏေငယ်အား ရိုသေသော အမူအရာဖြင့် "ခုနစ်နှစ် အရွယ်ဖြစ်သော ယနေ့ရဟန်းပြုသော သာမဏေငယ်သည် ငါ့ကိုဆုံးမသည်ဖြစ်စေ၊ သာမဏေငယ် ကဲ့သို့သော သူ၏အဆုံးအမကိုလျှင် ဦးထိပ်ဖြင့် ငါခံ၏" ဟု ဆုံးမနာတော် မူသတည်းဟူ၍ အမှားကို ၀န်ခံတတ်ခြင်း ဂုဏ်ရည်ကောင်းကို ပါရာယန၀တ္တု (ရှင်မဟာသီလ၀ံသ) တွင် ဖော်ထုတ်ချီးကျုး ခဲ့သည်။

အမှားကို ၀န်ခံခြင်းသည် မြတ်စွာဘုရား ဟောကြားတော် မူခဲ့သော ၃၈ ဖြာ မင်္ဂလာ တရားတော် (မင်္ဂလသုတ်)၏ "နိဝါတောစ" ဟူသော မိမိကိုယ်ကိုယ် နှိမ့်ချခြင်း၊ မာနကို ချိုးနှိမ်ခြင်းဟူသော မင်္ဂလာတရားနှင့် ညီညွတ်သည် မြန်မာမှုယဉ်ကျေးမှု တစ်ရပ်လည်း ဖြစ်သည်။ ကုန်းဘောင်ခေတ် စာဆိုကျော် ဦးရွှေခြည်က "အဘိရူကပျို့" တွင် မိမိအမှားကို ၀န်ခံခြင်းသည် သူတော်ကောင်းတို့၏ ဂုဏ်ရည်ဖြစ်ကြောင်း" ဆုတ်တက်ဆပွား၊ စဉ်တလျားဖြင့် စကားရွေ့လွန်၊ မှားမေ့ကျန်၍ မမှန်ယိမ်းချော်၊ တိမ်းပါသော်လည်း၊ သူတော်တကား သည်းခံပါဟု၊ သံသာပျောင်းပျ၊ တောင်းပန်ခ၏" ဟူ၍ ဖော်ထုတ်တင်ပြ ခဲ့သည်။

ကမ္ဘာ့ သမိုင်းကြောင်းနှင့် မြန်မာ့ သမိုင်းကြောင်းတွင် ငြင်းခုံခြင်းကို ရှောင်ကြဉ်ရန် အမှားကို ၀န်ခံရဲသော နိုင်ငံရေး ခေါင်းဆောင်ကြီးများအဖြစ် အမေရိကန်သမ္မတ လင်ကွန်းသည် လည်းကောင်း၊ စာပေလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်မှောက်ခေတ်၏ ငြိမ်းချမ်းရေး စာဆိုတော်ကြီး ဆရာကြီး ဒဂုန်တာရာတို့သည် လည်းကောင်း သမိုင်းဥဒါန်းတင် ထင်ရှားခဲ့သည်။ နိုင်ငံ၏ ခေါင်းဆောင်ကောင်း အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးများအနက် ငြင်းခုံခြင်းကို ရှောင်ကြဉ်ခြင်းနှင့် အမှားကို ရဲဝံ့စွာ ၀န်ခံခြင်းတို့သည် ထူးခြားထင်ရှားသော အရည်အသွေးဂုဏ်ဒြပ် ဖြစ်သည်။


(ဆောင်းပါးရှင် - လှမြင့် (ရန်ကုန်တက္ကသိုလ်))

ကျမ်းကိုး
၁။ စာဆိုတော်များ အတ္ထုပတ္တိ(မောင်သုတ)
၂။ How to win Friend & Influence People
၃။ စကားလိမ္မာ အောင်မြင်ရာ (ဦးတင်အောင်)

(Photo:AFP)

သနပ်ခါးပုစ္ဆာ



မြန်မာပြည်မှာ သနပ်ခါးနဲ့ ပတ်သက်ပြီး သီချင်းစပ်ထားတဲ့ သနပ်ခါး တေးသီချင်းတွေဟာ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေကြားမှာ ခေတ်စားနေဆဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ရနံ့သင်းနေတဲ့ သနပ်ခါး တေးသီချင်းတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ စပ်ဆိုကြတယ် ဆိုတာကို မသိရပေမဲ့ ရေးသူ၊ ဆိုသူများကို လေးစားမိပါတယ်။

သနပ်ခါးဆိုတာ ကျွန်တော်တို့ နိုင်ငံက "ပျိုပျိုမေမေ" တွေရဲ့ ပါးပြင်အထက်မှာ ရှေးနှစ်ပေါင်း များစွာကတည်းက နေရာယူ အလှဆင်ခဲ့တဲ့ အသုံးဝင် "ယဉ်ကျေးမှု" ပစ္စည်းတစ်မျိုးပါပဲ။ ယနေ့ခေတ်မှာတော့ အဲဒီသနပ်ခါးတွေဟာ သီချင်းတွေထဲမှာပဲ ရှိတော့သလိုမျိုး ဖြစ်နေပါတယ်။

မြန်မာပြည်မှာ သနပ်ခါးလူးပြီး ရုံးတက်အလုပ်သွားတဲ့ မိန်းကလေးတွေ ရှားပါးနေပါပြီ။ မြန်မာ အမျိုးသမီးတွေရဲ့ ရိုးရာယဉ်ကျေးမှု အလှတွေထဲမှာ သနပ်ခါးဟာ တစ်ပါးအပါအ၀င် ဆိုပေမဲ့ ယနေ့ ခေတ်မှာတော့ သနပ်ခါးဆိုတာ မြန်မာ အမျိုးသမီးလေးတွေရဲ့ "ရှေ့တန်းစစ်မျက်နှာ" မှာ မရှိတော့ပါဘူး။ သူတို့ရဲ့ ထိပ်တန်းလက်နက်တွေက ခေတ်ပေါ် "အလှကုန်ပစ္စည်း" တွေပါပဲ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးသဘာဝ "စကားထာ" တွေ ၀ှက်ခဲ့ဖူးပါတယ်။ "တောမှာအရိုင်း၊ မြို့ရောက်တော့ အပျိုတွေဝိုင်း" တဲ့။ အဖြေက သနပ်ခါးကို ပြောတာပါ။ သနပ်ခါး တစ်ပင်ဟာ တောထဲမှာ အပွေးတွေ၊ အခေါက်တွေနဲ့ ရုပ်ဆိုးအကျည်းတန်ဖြစ်ပြီး အမြင်ရိုင်း နေရပေမဲ့ ကျောက်ပျဉ်ပေါ်ရောက်ရင် သူ့ဘ၀ဟာ ကောင်မလေးတွေရဲ့ ပါးပြင်ပေါ် ရောက်ပြီဆိုတဲ့ သဘောလေးကို စကားထာ ၀ှက်ခဲ့ကြတာပါ။

ခေတ်ရေစီးကြောင်းက လျင်မြန်ကူးစက်မှု ရှိသလို၊ ကြောက်စရာ သတိပြုစရာတွေလည်း ရှိလာပါတယ်။ ကျောက်သင်ပုန်းတွေ ပျောက်ကွယ်သလို သနပ်ခါးတွေလည်း ပျိုပျိုမေမေတွေရဲ့ပါးပြင်ထက်က ပျောက်ကွယ်သွားမှာလား။ ကျွန်တော်တို့ ငယ်စဉ်က လေးဘ၀က ရေချိုးပြီး သနပ်ခါး လိမ်းပေးကြတဲ့ မိခင်တွေဟာ ကလေးတွေရဲ့ ပါးစပ်ထဲကို သနပ်ခါးနှစ်တွေကို ထည့်ပေးတတ်ကြပါတယ်။ အဲဒီအရသာဟာ ခုချိန်ထိ စွဲမြဲနေတုန်းပါပဲ။

ရုံးတက်ခွင့် မရတဲ့ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု သနပ်ခါးတွေကို ဘယ်လိုဥပဒေနဲ့ အကာအကွယ် ပေးထားမလဲ ဆိုတာကတော့ စဉ်းစားစရာပါ။ ကျွန်တော်တို့ရဲ့ ရိုးရာသနပ်ခါးတွေဟာ ညအိပ်ရာဝင်ချိန် လိမ်းရရုံအထိပဲ တန်ဖိုးရှိတာလား။ ရာစုနှစ် တော်တော်များများ နန်းစံခဲ့တဲ့ သနပ်ခါးတွေဟာ ပြောင်းလဲခြင်း၊ တိုးတက်ခြင်းတွေအောက်မှာ နေရစ်ခဲ့ရ တော့မှာလား။ အန္တရာယ်ကင်းတဲ့ သနပ်ခါးတွေ မကျဆုံးပါစေနဲ့လို့ အမျိုးသမီးထုကိုယ်စား ဆုတောင်းပေးမိတာတော့ အမှန်ပါပဲ။

လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သနပ်ခါး သီချင်းနဲ့ ပတ်သက်ပြီး ကောင်မလေး တချို့က ပြောကြပါတယ်။ ခုခေတ်မှာ သနပ်ခါး သီချင်းတွေထဲကလို သနပ်ခါးကို "မြတ်မြတ်နိုးနိုး စွဲစွဲလမ်းလမ်း" လိမ်းတဲ့ မိန်းကလေးဆိုတာ နည်းသွားပြီတဲ့။ သွားလေရာ အလှကုန်ပစ္စည်းမျိုးစုံ ထည့်သွားတဲ့ မိတ်ဆွေမိန်းကလေး တစ်ယောက်ကို "ကျောက်ပျဉ်" ပါ ယူသွားပါလားလို့ စခဲ့ဖူးပါတယ်။ "ဘာလို့ ယူသွားရမှာလဲ ... ငါဘယ်တုန်းက သနပ်ခါး လိမ်းဖူးလို့လဲတဲ့"။ သူ့စကားက အံ့သြစရာတစ်ခု ဖြစ်ခဲ့ရတာ အမှန်ပါပဲ။

"ဘောလုံးပွဲ အထာနဲ့ ပြောမယ်ဆိုရင်" ကျွန်တော်တို့ မြန်မာနိုင်ငံဟာ "ခံစစ်" ပါ။ နိုင်ငံပေါင်းစုံရဲ့ ယဉ်ကျေးမှု အလေ့အထ မျိုးစုံ၊ ကုန်ပစ္စည်း မျိုးစုံဆိုတဲ့ တိုက်စစ်တွေဟာ မနားတမ်း တရစပ် တိုက်စစ်ဆင်နေတာကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ခံနေရတာပါ။ နိုင်ငံပေါင်းစုံရဲ့ တိုက်စစ်တွေကြားမှာ ကျွန်တော်တို့ နိုင်ငံရဲ့ "ချစ်စရာကောင်းတဲ့ ဓလေ့တွေ၊ ကြည်နူးစရာကောင်းတဲ့ ယဉ်ကျေးမှုတွေ၊ ချစ်မြတ်နိုးစရာ ကောင်းတဲ့ ရိုးရာပစ္စည်းတွေ" တဖြည်းဖြည်း ပျောက်ကွယ်နေတယ် ဆိုတာကိုတော့ သတိပြုကြရမှာပါ။

"မြန်မာအမျိုးသမီး" ဆိုရင် နိုင်ငံတကာက "ရင်ဖုံးအင်္ကျီနဲ့ သနပ်ခါး ပါးကွက်ကြား" လေးကို တွဲမြင်ကြတာပါ။ ခုချိန်မှာတော့ အဲဒီမြန်မာမလေးတွေကို အလွယ်တကူရှာလို့ မတွေ့နိုင်တော့ပါဘူး။ ကျွန်တော်တို့ နိုင်ငံက ရိုးရာပစ္စည်းတွေဟာ နှစ်ကာလများစွာ အသုံးဝင်လို့ အသုံးပြုခဲ့ကြ တာပါ။ ရိုးရာပစ္စည်းတွေ အမေ့ခံ၊ အစွန့်အပစ်ခံ ဘ၀ကို ရောက်သွားမှာကိုတော့ မြန်မာတစ်ယောက် အနေနဲ့ မလိုလားပါဘူး။

တိုင်းတစ်ပါး ပစ္စည်းကို မသုံးရဘူးလို့ မဆိုလိုပါဘူး။ လိုအပ်ရင် အသုံးပြုကြရမှာပါ။ တိုင်းတစ်ပါး ပစ္စည်းတွေ အပေါ်မှာ အလွန်အထင်ကြီးတဲ့ စိတ်ဓာတ်တွေကြောင့် ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်းတွေဟာ အိမ်နိမ့်စံဘ၀ကို ရောက်နေရတယ် ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းဖြစ်ကို ကျွန်တော်တို့ လှည့်ကြည့်ရပါမယ်။

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ မြန်မာပြည်ကြီးထဲမှာ ပြည်တွင်းဖြစ် ရိုးရာပစ္စည်းတွေကို မေ့ထားလို့၊ ပစ်ထားလို့ မရပါဘူး။ ကျွန်တော်တို့မှာ ရိုးရာအမွေအနှစ်၊ ရိုးရာပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ သမိုင်းပေး တာဝန်တစ်ခုပါပဲ။

ကျွန်တော်တို့ ပြည်တွင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာပစ္စည်းတွေဟာ တဖြည်းဖြည်း များလာပါတယ်။ အရင်က ပြည်တွင်းမှာ မရှိခဲ့တဲ့ အသစ်အဆန်း ယဉ်ကျေးမှုတွေ၊ အသုံးအဆောင်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ အသစ်နဲ့ အဟောင်းကြားမှာ ဥာဏ်နဲ့ယှဉ်ပြီး အသုံးပြုကြရမှာပါ။ အသုံးမပြုတတ်ရင်တော့ "ဘေး" ဖြစ်နိုင်တာတွေက အများကြီး ဆိုတာကို သတိပြုကြရမှာပါ။

ပေါင်မုန့်၊ ကိတ်မုန့်တွေ၊ ချိစ်တွေ နေ့စဉ်စားနေကြရပေမဲ့ ကောက်ညှင်းပေါင်းလေး၊ မုန့်ဟင်းခါးလေးတွေကို စားချင်ကြတာပါပဲ။ ကျွန်တော်တို့ရဲ့ ဘ၀အမှန်ကို ကျွန်တော်တို့ ကိုယ်တိုင်ကလည်း မေ့တတ်ကြတာဟာ သဘာဝ ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်လောက်အောင်လည်း "Made in Foreign" ဖြစ်တွေက ကျွန်တော်တို့ ပြည်တွင်းမှာ များစွာလွှမ်းမိုး ထားပါတယ်။

ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို ဆုံးရှုံးပျောက်ကွယ်သွားအောင် မပြုသင့်သလို၊ ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်း၊ ရိုးရာယဉ်ကျေးမှု ဖြစ်တယ်ဆိုတာကိုလည်း အခွင့်အခါသင့်တိုင်း ကျွန်တော်တို့ ဖော်ထုတ်ကြရမယ် ဆိုတာကို မမေ့သင့်ပါဘူး။ "ကျွန်တော်တို့ဟာ ကျွန်တော်တို့ဖြစ်ပြီး သူတို့ဟာ သူတို့ပါပဲ။ လူချင်းတူပေမဲ့ ယဉ်ကျေးမှုချင်း မတူကြပါဘူး။ ကိုယ့်ယဉ်ကျေးမှု ကိုယ်စောင့်ရှောက်ကြတာတော့ နိုင်ငံတိုင်းက အတူတူပါပဲ"

ဧရာဝတီအတွက် ကျွန်တော်တို့ သီချင်းတွေ စပ်ခဲ့ကြတယ်။ ဆိုနေကြတယ်။ သနပ်ခါးတွေအတွက် သီချင်းတွေ စပ်ကြတယ်။ ဆိုကြတယ်။ Sea Game အတွက် သီချင်းတွေ စပ်ကြတယ်။ ဆိုကြတယ်။ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေအတွက် သီချင်းလေးတွေ စပ်ကြ၊ ဆိုကြပါဦးလို့ ပြောချင်ပါတယ်။ "ကျွန်တော်တို့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ပါစေ"။

(ဆောင်းပါးရှင် - ညီအောင်ညီ)

(စစ်ကိုင်းကောင်းမှုတော် စေတီဝင်း အနီးတွင် ဖွင့်လှစ်ရောင်းချသော သနပ်ခါး အရောင်းဆိုင်များကို တွေ့ရစဉ်)

ဟင်္သာတခရိုင် ဆောက်လုပ်ရေးလုပ်ငန်းပိုင် လမ်းများတွင် ကုန်တင်ယာဉ်များ မူလတန်ချိန်အတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု



မိုးတွင်းကာလတွင် ကုန်တင်ယာဉ်များ ကန့်သတ်ယာဉ် တန်ချိန်များဖြင့်သာ ဖြတ်သန်းခွင့် ရရှိခဲ့သည့် ဟင်္သာတခရိုင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင် လမ်းများတွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ မူလအတိုင်း ပြန်လည်ဖြတ်သန်းခွင့် ရရှိပြီဖြစ်ကြောင်း ခရိုင် ပဆငထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

"ပွင့်လင်းရာသီ ရောက်ပြီဖြစ်တာကြောင့် ဟင်္သာတခရိုင် ပဆငပိုင် လမ်းခုနစ်လမ်းမှာ အောက်တိုဘာ ၁ ရက်မှစပြီး ကုန်တင်ယာဉ်တွေကို မူလအတိုင်း ပြန်လည်ဖြတ်သန်းခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ မိုးတွင်းကာလ တားမြစ်စဉ်က (ယာဉ်+ကုန်) ကိုပဲ ကန့်သတ်တာ ဖြစ်ပါတယ်။ ဘီးကို မကန့်သတ်ခဲ့ပါဘူး။ ၁၀ ဘီး၊ ၁၂ ဘီးဆိုရင်လည်း သတ်မှတ်တန်ချိန်အတိုင်း ၁၆ တန် တင်ဆောင်ရင် ခွင့်ပြုပါတယ်။ ဒါပေမဲ့ ကုန်သည်တွေက တင်လို့မကိုက်တာကြောင့် မထွက်တာ ဖြစ်ပါတယ်။ မိုးတွင်းကာလမှာ ယာဉ်တန်ချိန်တွေကို ခရိုင် ပဆင လမ်းတွေမှာပဲ ကန့်သတ်တာ ဖြစ်ပါတယ်။ B.O.T လမ်းတွေမှာ မကန့်သတ်ခဲ့ပါဘူး" ဟု ဟင်္သာတ ပဆငမှ ဦးထွန်းရီက ပြောကြားသည်။

ဇွန် ၁ ရက်မှ စတင်ကာ ဟင်္သာတ-ဇလွန်-ဓနုဖြူလမ်း၊ ဟင်္သာတ-အသုတ်-ကျောင်းကုန်းလမ်း၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်း၊ ဟင်္သာတ-မြို့ကွင်း-ကွင်းကောက်လမ်းနှင့် င၀န်တံတား (မြို့ကွင်း) ချဉ်းကပ်လမ်းတို့တွင် ၁၆ တန်အထက်၊ လေးမျက်နှာ-တလုတ္ထော်လမ်းတွင် ၁၀ တန်အထက်၊ လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်းတွင် ရှစ်တန်အထက် (ခရီးသည်တင် မှန်လုံယာဉ်များမှအပ) စက်တင်ဘာ ၃၀ ရက်အထိ သုံးလကြာ မိုးတွင်းကာလ လမ်းပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် (ယာဉ်+ကုန်) တန်ချိန် ကန့်သတ်ခဲ့ပြီး ပွင့်လင်းရာသီတွင် မူလအတိုင်း ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ဟင်္သာတ-ရန်ကုန် လမ်းပိုင်းတွင် ကုန်စည်ပို့ဆောင်မည့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေစဉ်

မိတ္ထီလာရှိ နေအိမ်မီးလောင် ဆုံးရှုံးခဲ့ရသူများအား ပြန်လည် နေရာချထားပေးနိုင်ခြင်း မရှိသေး




မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က ရွှေဆိုင်တစ်ဆိုင်မှ အစပြုသော အကြမ်းဖက်မှုများကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံး ခဲ့ရသည်မှာ လက်ရှိအချိန်ထိ ခုနစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်နေရာ ချထားပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"သီရိမင်္ဂလာ ရပ်ကွက်ထဲက အိမ်တွေကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပြီး ပိုင်ရှင်ကိုယ်တိုင် ဖျက်နေတာတွေ မပြီးသေးဘူး။ နေအိမ်မီးလောင် ပျက်စီးတာတွေနဲ့ ပတ်သက်ပြီး စည်ပင်သာယာ၊ ဆောက်လုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးတို့ ပါဝင်တဲ့ အဖွဲ့တွေဖွဲ့ပြီး စစ်ဆေးဆောင်ရွက် နေပါတယ်။ ပြန်လည်နေရာ ချထားရေးနဲ့ ပတ်သက်လို့လည်း စီစဉ်ဆောင်ရွက် နေပါတယ်။ နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာနယ်မြေ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆောက်အအုံ ဆောက်လုပ်မှုတွေ ညှိနှိုင်းမှုတွေ မပြီးပြတ် သေးတဲ့အတွက် ပြန်လည်နေရာ ချထားလို့ မရသေးပါဘူး။ ဒီတစ်ပတ်ထဲမှာ ရပ်ဝေးမှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို ရပ်ကွက်နဲ့ ညှိနှိုင်းပြီး ပြန်လည်နေရာ ချထားပေးဖို့ ရှိပါတယ်။ ကယ်ဆယ်ရေး စခန်းတွေထဲမှာ မီးလောင်ပျက်စီး ဆုံးရှုံးတဲ့ အိမ်ထောင်စုတွေနဲ့ ကျူးကျော်အိမ်ထောင်စုတွေ ကျန်ရှိနေပါသေးတယ်" ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောကြားသည်။

"ကျွန်တော်ဆိုရင် စဖြစ်ကတည်းက ကယ်ဆယ်ရေးစခန်းလည်း သွားမနေခဲ့ဘူး။ ဆွေမျိုးနီးစပ်ရာမှာပဲ အဆင်ပြေသလို နေခဲ့တယ်။ ဖြစ်စကတော့ သက်ဆိုင်ရာတွေက အဆင်ပြေအောင် အားလုံးလုပ်ပေးမယ်။ စိတ်မပူကြနဲ့ဆိုပြီး အခုခုနစ်လ ရှိသွားပြီ။ မီးလောင်သွားတဲ့ ကိုယ့်အိမ်ကို ပြန်ဆောက်ပြီးနေဖို့ လျှောက်တာကို ခွင့်မပြုသေးဘူး။ အရင်တုန်းက အိမ်မှာဈေးဆိုင်ဖွင့်ပြီး စီးပွားရှာခဲ့တာဆိုတော့ အခုအိမ်မီးလောင်သွားတော့ စီးပွားပါ ပျက်သွားတယ်။ စဖြစ်စကသာ ဟိုလိုကူညီမယ်။ ဒီလိုလုပ်ပေးမယ် မပူနဲ့ဆိုတဲ့ အဖွဲ့အစည်းတွေလည်း ခုချိန်ဘယ်သွားရှာရမှန်း မသိတော့ဘူး။ ဒီကြားထဲ လမ်းဖြတ်ဖောက်ရင် အိမ်ပါသွားရင် အိုးမဲ့အိမ်မဲ့ဖြစ်မှာ စိုးရတယ်" ဟု မိတ္ထီလာမြို့ တော်ဝင်းနန်း လမ်းဆုံအနီးတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင် တစ်ဦးက ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ သာသနာ့ရိက္ခတ ကယ်ဆယ်ရေးစခန်း၊ အုတ်ဖိုကယ်ဆယ်ရေး စခန်း၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်း၊ ရေအရင်းအမြစ် ကယ်ဆယ်ရေး စခန်း၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေးစခန်း စသောကယ်ဆယ်ရေးစခန်း ငါးခုတွင် လက်ရှိအောက်တိုဘာ လဆန်းထိ ဒုက္ခသည် ၄၀၀၀ ကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ပေါ်၌ အဆောက်အအုံ ပျက်များအား ရှင်းလင်းမှု ပြုလုပ်နေစဉ်

မိုးလေ၀သ အခြေအနေကြောင့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ ရပ်နားထား



မိုးလေ၀သ အခြေအနေများကြောင့် တနင်္သာရီ ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ ရပ်နားထားရသည်မှာ နှစ်လကျော်နေပြီဖြစ်ပြီး ငါးဖမ်းလှေ တစ်ချို့မှာလည်း ကျွန်းခိုသွားလာ နေရကြောင်း သိရသည်။

တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပေါ်နေသော အားပြင်းမုန်တိုင်းများကြောင့် သက်ရောက်မှုအဖြစ် အက်ဒမန်ပင်လယ် အတွင်း၌လည်း လေတိုက်နှုန်း ပြင်းထန်နေသလို လှိုင်းကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ပင်လယ်ပြင်အတွင်း လေတိုက်နှုန်းများမှာ ၄၀ အောက်မကျပဲ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ ကြေငြာချက်များအရ သိရှိရသည်။

"ကုန်လှေတွေထဲမှာ သံခွံသင်္ဘောကြီးတွေပဲ သွားလာနိုင်ပြီး ငါးသယ်လှေတွေကတော့ ရေထွက်ကုန်တွေ ပုပ်သိုးမှာ စိုးတဲ့အတွက် ကျွန်းခိုပြီး သွားလာနေရတယ်။ ငါးဖမ်းလှေငယ်တွေလည်း ဒီလိုပဲ ကျွန်းခိုပြီး ငါးဖမ်းနေရတယ်" ဟု အေးဂျင့်တစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်လကျော် ကတည်းက ရပ်နားထားရသော တနင်္သာရီ ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များလည်း ယခုထိ ပြေးဆွဲနိုင်သေးခြင်း မရှိသေးကြောင်း သိရသည်။

"စက်တင်ဘာလထဲမှာ လေတိုက်နှုန်း ၃၀ လောက် ဖြစ်သွားလို့ တစ်ရက်နှစ်ရက်ပဲ ပြေးဆွဲလိုက်နိုင်တယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေ ဆိုးလာလို့ ပြန်နားနေရတယ်။ အခုဆို နှစ်လကျော်လာပါပြီ။ အမြန်ရေယာဉ်တွေက ပင်လယ်ပြင်ထဲမှာ လေတိုက်နှုန်း ၃၀ လောက်ကျန်မှ ပြေးဆွဲပေးပါတယ်။ ဘယ်ရက်ပြန်ဆွဲပေးမယ်လို့ အခုထိ မမှန်းနိုင်သေးပါဘူး။ မိုးလေ၀သ အခြေအနေပေါ်မှာပဲ မူတည်ပါတယ်" ဟု မြိတ်မြို့ရှိ အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မိုးလေ၀သ အခြေအနေကြောင့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ ရပ်နားထား

ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံမှ မကြာမီ သဘောတူလက်မှတ် ရေးထိုးမည်



ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့)၏ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို မြန်မာနိုင်ငံမှ မကြာမီ သဘောတူလက်မှတ် ရေးထိုးတော့မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် "ကလေးစစ်သားအဖြစ် တပ်မတော်မှ စုဆောင်းခံခဲ့ရပြီး နုတ်ထွက်ခွင့် ရသူများနှင့် မြန်မာနိုင်ငံအတွင်း အခြားအခွင့်အလမ်း နည်းပါးသည့် ကလေးသူငယ်များအတွက် စီးပွားရေး ပြန်လည်ပေါင်းစည်းနိုင်ရန် နိုင်ငံတော်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ" တွင် ဒုဝန်ကြီးက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက်မှာ ထင်ရှားတဲ့ ရလဒ်ကတော့ ILO က ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အားလုံးကို ရုပ်သိမ်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကလေးသူငယ်များအား အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို မကြာမီ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုး နိုင်ဖို့အတွက် လိုအပ်တဲ့ စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်" ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ဆိုသည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် "၂၀၁၅ ခုနှစ် အကုန်တွင် အတင်းအဓမ္မ စေခိုင်းမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ" ကို လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစီမံချက်အရ အရွယ်မရောက်သူ ကလေးသူငယ်များ တပ်မတော်မှ နုတ်ထွက်ခွင့် ရရှိရေးအတွက် ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အတင်းအဓမ္မ ခိုင်းစေမှု ပပျောက်ရေးကို ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) နှင့် ၂၀၀၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကလေးအလုပ်သမား ခိုင်းစေမှု၊ တပ်မတော်မှ အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးစစ်သားများ စုဆောင်းမှုသည် ILO ၏ ပြဌာန်းချက် တစ်ခုဖြစ်သည့် အတင်းအဓမ္ဓ ခိုင်းစေမှု ပပျောက်ရေးတွင် ပါဝင်ကြောင်းလည်း သိရသည်။

မြစ်ကြီးနား ရထားလမ်းပိုင်း တစ်နေရာတွင် ဈေးရောင်းနေသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဉ်

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် အခြေအနေ မရှိသေး



မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ကချင်စစ်ဘေးရှောင် ဒုက္ခသည်များမှာ နေရပ်သို့ ပြန်နိုင်ရန် အခြေအနေ မရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA မှ ခန့်မှန်းချက်အရ သိရသည်။
ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်းတွင်လည်း စစ်ဘေးရှောင် ဒုက္ခသည်များက နေရပ်သို့ ပြန်လည်နေထိုင်မှု မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

၎င်းတို့၏ နေရပ်တွင် အသက်မွေးဝမ်းကျောင်းမှု အနေအထားများ ပျက်စီးသွားခြင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များ တည်ရှိနေဆဲ ဖြစ်ခြင်းနှင့် မြေမြှုပ်မိုင်းများ ကျန်ရှိနေသဖြင့် နေရပ်သို့ မပြန်နိုင်ခြင်း ဖြစ်သည်။
အစိုးရနှင့် ကချင်လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် တစ်သိန်းခန့်အတွက် အဖြေရှာနိုင်ရေးပါ ထည့်သွင်းဆွေးနွေးသင့်ကြောင်း Humanitarian Country Team (HCT) က သုံးသပ်သည်။

လက်ရှိအချိန်တွင် ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ရေရှည်ဖြေရှင်းချက် မထုတ်နိုင်မီတွင် အခြေခံ လိုအပ်ချက်များ ပြည့်စုံနိုင်ရန် အထောက်အပံ့များ ဆက်လက်ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းမှု အခွင့်အရေးများ ဖန်တီးပေးခြင်း၊ နေရပ်သို့ ပြန်နိုင်စေရန် အနိမ့်ဆုံး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ၎င်းတို့အတွက် ရေရှည်ဖြစ်မည့် ဖြေရှင်းချက်ကို ရှာဖွေခြင်းနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းတို့ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း HCT က ရေးဆွဲထားသော မူဘောင်အရ သိရသည်။

၂၀၁၃ ခုနှစ် မတ်မှ ဒီဇင်ဘာလအထိ ကချင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၉ သန်း လိုအပ်လျက်ရှိပြီး သြဂုတ် ၃၁ ရက်အထိ ဒေါ်လာ ၁၄ ဒသမ ၁ သန်း ရရှိထားသည်ဟု သိရသည်။
ထို့ကြောင့် ကချင်စစ်ဘေး ဒုက္ခသည်များကို ကူညီရန်မှာ ရန်ပုံငွေ ဒေါ်လာ ၃၆ ဒသမ ၈ သန်း လိုအပ်နေသေးကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ဒုက္ခသည် စခန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား၊ ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ ပြောင်းလဲ သတ်မှတ်


  Created on Wednesday, 02 October 2013


သံတွဲမြို့၊ ၃ ရပ်ကွက်ရှိ ဦးခင်မောင်အေးအိမ်အား စက်တင်ဘာ ၂၉ ရက်က မီးရှို့ခံရပြီးနောက် တွေ့ရစဉ်

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားနေပြီး ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

သံတွဲမြို့ ဗောဓိကုန်း ရပ်ကွက်နှင့် သုံးမိုင်ခန့်ဝေးသော ရော်ဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ရွှေလှေပေါက်တောရွာနေ သိန်းဇော်ဝင်း (ကမန်) နှင့် အလုပ်သမားဖြစ်သူ စိုးရန်နိုင်တို့ နှစ်ဦးမှာ ၎င်းတို့နေသည့် လယ်တဲအား မီးရှို့ထွက်ပြေးခဲ့ရာ သပြုချိုင် ရွာသားခြောက်ဦးနှင့် တွေ့ဆုံပြီး စိုးရန်နိုင်၏ခေါင်းတွင် ဂျင်ကလိဒဏ်ရာ ရရှိ၍ တိုက်နယ်ဆေးရုံသို့ပို့ရာ ဆေးရုံတွင် ကျန်းမာရေး ၀န်ထမ်းမရှိ၍ သံတွဲဆေးရုံသို့ ဆက်လက်ပို့ဆောင် ခဲ့ရကြောင်း သိရသည်။ သံတွဲမှ ၁၆ မိုင် ကွာဝေးသော ရွှေလှေသပြုချိုင်ရွာနှင့် ဆင်ခေါင်းရွာတို့မှ ရခိုင်နှင့် မွတ်စလင် လူမျိုးများ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း၊ မွတ်စလင် အကြမ်းဖက် သမားများက မီးရှို့ရန် နံနက် ၃ နာရီ ခွဲခန့်က လာရောက်ဝိုင်းကြစဉ် ဒေသခံကျေးရွာသားများမှ ပြန်လည်ခုခံ သည့်အတွက် နံနက် ၄ နာရီခွဲခန့်မှ စတင်ကာ ဒေသခံများနှင့် မီးရှို့ရန် လာရောက်သူ မွတ်စလင် အကြမ်းဖက် သမားများ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးများမှ အချိန်မီသွားရောက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

နံနက် ၅ နာရီ ၅ မိနစ်တွင် သပြုချိုင် တောင်ပေါ်ရွာသို့ သွားရောက်ရာတွင် ဆင်ခေါင်းရွာဘက်မှ လာသော ရွာသား ၂၀၀ ဦးနှင့် ထိပ်တိုက်တွေ့သဖြင့် သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်း၊ လုံခြုံရေးမှ လိုက်လံဖမ်းဆီးရာ အင်ဒိုင်းကြီးကျေးရွာမှ နှစ်ဦး၊ ဆိုင်ကယ် နှစ်စီး၊ ဆင်ခေါင်းရွာမှ တစ်ဦး၊ ဆိုင်ကယ် တစ်စီးအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ သံတွဲမြို့၏ လမ်းဆုံလမ်းခွများတွင် တပ်မတော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးများ ချထားပြီး မြို့တွင်းကင်းလှည့်လျက် ရှိနေကြောင်း၊ ဆူပူမှု ထပ်မံဖြစ်ပွားခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က ဆိုသည်။

"သံတွဲမြို့မှာ မနက်ကတော့ ဗောဓိကုန်းဘက်ကို ကုလားတွေ လာနေပြီတို့၊ ဈေးထဲမှာ ပြဿနာတွေ စဖြစ်ပြီတို့ ကောလာဟလ အသံတွေ မျိုးစုံကြားရတယ်။ သံတွဲဈေးကြီးကတော့ ဒီမနက် ဈေးဆိုင်ခန်းတွေ အကုန်မဖွင့်ကြဘူး၊ ပိတ်ထားကြတယ်။ မနေ့ကတော့ တချို့တ၀က် ဆိုင်တွေဖွင့်ကြသေးတယ်။ ဒီနေ့ကတော့ လုံးလုံးကို ပိတ်ထားကြတယ်။ လုံခြုံရေးတွေကတော့ တစ်မြို့လုံး နီးပါးကို ရဲတွေ တစ်လမ်းတစ်ယောက်လောက်ကို ချထားတယ်။ အခုတော့ မနက် ၆၊ ည ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပါတယ်" ဟုလည်း အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက သံတွဲမြို့ခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ်ကို စက်တင်ဘာလ အတွင်းက ကမန်လူမျိုး မွတ်စလင် ဘာသာဝင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်အရှေ့တွင် ရခိုင်အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်ရပ်သည့် ဖြစ်စဉ်မှစ၍ အပြန်အလှန် စကားများ ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ရခိုင်အမျိုးသား တစ်ဦးက တရားရုံးတွင် အမှုဖွင့်ခဲ့ရာမှ စတင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေး ဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး မင်းအောင်၏ ပြောကြားချက်အရ သိရသည်။

"စဖြစ်တဲ့နေ့က မြို့ပေါ်မှာ ဖြစ်ပွားခဲ့တယ်။ ဒီနေ့မှာတော့ ရွာတွေမှာ ဆက်လက် ဖြစ်ပွားခဲ့တယ်။ အခုချိန်ထိ ပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ် ၄၂ လုံး ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက်ကို ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ အဲဒီသုံးယောက်ကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက် ပါပြီ။ ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ အဘွားအိုတစ်ဦး သေဆုံးခဲ့တယ်။ အဲဒီအတွက် ကျူးလွန်သူတွေကို ရှာဖွေနေဆဲပါပဲ။ အခုလက်ရှိ အချိန်မှာတော့ အေးချမ်းမှု ရှိပါတယ်" ဟု ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီတွင် ပြောကြားသည်။ ယင်းပဋိပက္ခ ဖြစ်စဉ်ကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်း အမှတ် (၃၃) မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်က သံတွဲမြို့ရှိ ဈေးဆိုင်တစ်ဆိုင်ရှေ့၌ သုံးဘီးဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို ရင့်သီးစွာ ဆဲဆိုရာမှစ၍ ပြဿနာ ဖြစ်ပွားကာ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် နေအိမ်များ ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ စက်တင်ဘာ ၃၀ ရက် ညပိုင်းက သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်နှင့် နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ အလားတူ သံတွဲမြို့ရှိ ကျောက်ကြီးကျေးရွာ၊ မန်ကျည်းချောင်း ကျေးရွာတို့တွင် မီးရှို့မှုအချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့တွင် ခိုက်ရန်ဖြစ်ပွားမှုအချို့ ရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့နယ် နေရာအချို့၌ မငြိမ်မသက် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ လုံခြုံရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်နေကြောင်း အောက်တိုဘာ ၁ ရက် ည ၉ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သွားသည်။

EMG

ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ အခွန်ထမ်း စာရင်းတွင် ပါဝင်၊ အာဆီယံ နိုင်ငံများအတွင်း ဂျီဒီပီတွင် အခွန်ရရှိမှု အချိုးအနိမ့်ဆုံး နိုင်ငံဖြစ်ပြီး ကြီးမားစွာ အခွန်ရှောင်နေ မှုများအပေါ် ဖော်ထုတ်အခွန်ဆောင်စေခြင်း မပြုနိုင်သေး

 Created on Wednesday, 02 October 2013

ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု (ဓာတ်ပုံ - အောင်ကျော်ထက်)

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ ထိပ်ဆုံးအခွန်ထမ်း ၅၀၀ စာရင်းတွင် ပါဝင်ပြီး အခွန်ပေးဆောင်ထိုက်သည့် နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများမှာ အခွန်ထမ်းစာရင်းတွင် ပါဝင်လာမှု မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဆောက်လုပ်ရေး ကဏ္ဍမှာ လက်ရှိမြန်မာနိုင်ငံ၏ မိုးထိုးနေသည့် မြေဈေးနှုန်းအရ များစွာအမြတ်အစွန်းကြီးသည့် လုပ်ငန်းတစ်ခုအဖြစ် ရှိနေသော်လည်း အခွန်ပေးဆောင်မှု မပြုသည့် နာမည်ကျော် ကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီများ အပေါ်၌မူ ယနေ့အထိ တိကျစွာ စိစစ်ဖော်ထုတ်ကာ လုပ်ငန်းရှုံးခြင်း မရှိဘဲ အခွန်ရှောင်ထားခြင်းများအပေါ် အခွန်ပြန်လည် ကောက်ခံခြင်း၊ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ လက်ရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၏ စာရင်းဇယားများအရ အသင်းဝင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်ရှိပြီး ကန်ထရိုက်တာ များကိုပါ ထည့်သွင်းတွက်ချက်ပါက ၁၆၀၀ အထိရှိကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တစ်ခုတည်း၌ အထပ်မြင့် အထပ်နိမ့်မျိုးစုံ တည်ဆောက်ခွင့်ရှိသည့် ကန်ထရိုက် လိုင်စင် ရယူထားသည့် အရေအတွက်မှာ ၅၀၀ ကျော်အထိ ရှိကြောင်း၊ တစ်နှစ်လျှင် ရန်ကုန်တစ်မြို့တည်း၌ အထပ်မြင့် အထပ်နိမ့်တိုက်၊ ကွန်ဒို၊ အိမ်ရာ စသည်ဖြင့် အလုံးပေါင်း ၄၀၀၀၊ ၅၀၀၀ (ပျမ်းမျှ) ကို တည်ဆောက်ရောင်းချ လျက်ရှိကြောင်း သိရသည်။ တိုက်၊ ကွန်ဒို၊ အိမ်ရာ အလုံးပေါင်း ၄၀၀၀ မှ ၅၀၀၀ တည်ဆောက်ရောင်းချလျက် ရှိသော်လည်း ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ ၃၂ ခုသာ ပါဝင်လာပြီး ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦးစာရင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ ၄ ခုသာ ပါဝင်လာခဲ့ရာ စုစုပေါင်း ၃၆ ခုသာ အခွန်စာရင်းတွင် ပါရှိသည်။

ရှေ့နေများ၊ မိတ္တူဆိုင်များ၊ သတင်းစာ ထုတ်ဝေခြင်း လုပ်ငန်းများ၊ ဆံသဆိုင်များ၊ ပွဲစားလုပ်ငန်းများမှ စကာ တစ်ခွက်ကျပ် ၃၀၀ ဖြင့် ရောင်းသည့် လက်ဖက်ရည်ဆိုင်များအဆုံး ၀န်ဆောင်မှု လုပ်ငန်းတိုင်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်နေရချိန်တွင် ကျပ်သိန်းပေါင်းသောင်း သိန်းချီသည့် ပမာဏများဖြင့် ဆောက်လုပ်ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းမှာလည်း . . . . .


စာရင်းချုပ်လျှင် မြန်မာနိုင်ငံတွင်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ကန်ထရိုက်တာများ စုစုပေါင်း၏ ၃ ရာခိုင်နှုန်းကျော်ပင် အခွန်ထမ်းဆောင်ထားသည့် အခြေအနေ ဖြစ်နေသည်။ ၀င်ငွေခွန်ထိပ်ဆုံး ၁၀၀ ဦး စာရင်း၌ Max Myanmar, Htoo construction, A1, Ayer Shwe Wah, T.Z.T.M, Original Group, Kyaw Thar, Asia Metal, Mother Construction, Aung Chan Thar ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး ၁၀၀ စာရင်းတွင် Asia Concret Products ကုမ္ပဏီ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ ဘားအံမြို့မှ Grand Hill ဆောက်လုပ်ရေး ကုမ္ပဏီသည်ပင် ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ စာရင်းတွင် အဆင့် ၁၃၅ နေရာမှ ပေးဆောင်ထားသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး အမြင့်ဆုံးနှင့် ရောင်းဝယ်မှု အကောင်းဆုံး ရန်ကုန်မြို့ရှိ နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီ အချို့ဖြစ်သည့် Shine, Naing Group, Father Land, Mother Land, Taw Win Family ကုမ္ပဏီ အမည်များအပြင် အခြားသော ဆောက်လုပ်ရေး ကုမ္ပဏီကြီး အချို့မှာ ၅၀၀ ဦးစာရင်း၌ ပါဝင်လာခြင်း မရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ဆောက်လုပ်ရေး ကဏ္ဍအပြင် ကဏ္ဍအလိုက် အခွန်တိမ်းရှောင် ထားမှုများ များပြားသည့်အတွက် အာဆီယံ နိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီတွင် အခွန်ရရှိမှု အချိုးအနိမ့်ဆုံး နိုင်ငံအဖြစ် ရှိနေပြီး မြန်မာနိုင်ငံ ဂျီဒီပီ၌ အခွန်ရရှိမှု အချိုးမှာ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းကြားသာ ရှိသည်အထိ နည်းပါးနေခြင်းလည်း ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံများသည် ပြည်သူအတွက် ဘတ်ဂျက်ခွဲဝေရာတွင် အခွန်ရရှိမှုအပေါ် မူတည်၍သာ အဓိကအားထား လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ အခွန်တိမ်းရှောင်မှု မြင့်မားခြင်း၊ အခွန်တိမ်းရှောင်မှုများကို တိကျစွာ စစ်ဆေးဖော်ထုတ် အခွန်ထမ်းခိုင်းခြင်းများ မပြုလုပ်နိုင်လျှင် နိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမှာလည်း ထိရောက်ခြင်း ရှိမည်မဟုတ်ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြခဲ့ကြပြီး ဖြစ်သည်။

ကျပ်ဘီလျံပေါင်း များစွာ အခွန်တိမ်းရှောင် ထားမှုများ အမှန်တကယ် ရှိသည်ဆိုသည်ကိုလည်း လွှတ်တော်မှ အချက်အလက်များဖြင့် ထောက်ပြထားပြီး စိစစ်နိုင်ရန် အတွက်လည်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ဘုတ်အဖွဲ့မှလည်း လုပ်ငန်းအရှုံးပြ အခွန်တိမ်းရှောင် ထားမှုများကို ဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူမည်ဟုလည်း ထုတ်ဖော်ပြောကြား ထားသည်ဟု ပြည်တွင်းထုတ် သတင်းစာ အချို့တွင် ဖော်ပြထားပြီး ဖြစ်သည်။ ရှေ့နေများ၊ မိတ္တူဆိုင်များ၊ သတင်းစာ ထုတ်ဝေခြင်း လုပ်ငန်းများ၊ ဆံသဆိုင်များ၊ ပွဲစားလုပ်ငန်းများမှ စကာ တစ်ခွက်ကျပ် ၃၀၀ ဖြင့် ရောင်းသည့် လက်ဖက်ရည်ဆိုင်များအဆုံး ၀န်ဆောင်မှု လုပ်ငန်းတိုင်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်နေရချိန်တွင် ကျပ်သိန်းပေါင်းသောင်း သိန်းချီသည့် ပမာဏများဖြင့် ဆောက်လုပ်ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းမှာလည်း အခွန်ဥပဒေ၏ မညီမျှမှုတစ်ခု ဖြစ်သည်။ ယခု ဆောက်လုပ်ရေး ကဏ္ဍတစ်ခု တည်းမှပင် မြန်မာနိုင်ငံ အနေဖြင့် ကျပ်ဘီလျံပေါင်းများစွာ နစ်နာခဲ့ရခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့စဉ်ကလည်း ကျပ်ဘီလျံပေါင်း ၃၀၀ ကျော် ပမာဏရှိသည့် အခွန်များကို မပေးဆောင်ဘဲ ထားရှိသည့်အတွက် များစွာနစ်နာရခြင်း၊ အခြားသော ကဏ္ဍများမှ ကုမ္ပဏီပေါင်း များစွာ၏ အခွန်တိမ်းရှောင်မှုကြောင့် နစ်နာရခြင်းများကို ဖော်ထုတ်မှု မပြုနိုင်ဘဲ နှစ်စဉ်အခွန်ပုံမှန် ထမ်းဆောင်သူများ အပေါ်၌သာ အခွန်တိုးတက်ရရှိရန် ဆောင်ရွက်မှုမှာလည်း နိုင်ငံနှင့် ပုံမှန်အခွန် ထမ်းများအပေါ် ထပ်မံထိခိုက်လျက် ရှိနေကြောင်း သိရသည်။



ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်သူ ထိပ်ဆုံး ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီနှင့် အဆင့်

အဆင့် ကုမ္ပဏီအမည်
95 Aisa Concret Products Co.ltd
315 Hein Engineering Co.,Ltd
445 Htoo Construction Development Group Co.,Ltd
446 Tun Manufacturing Construciton & Industry Co.,Ltd





ဝင်ငွေခွန် အများဆုံး ပေးဆောင်သူ ထိပ်ဆုံး ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီနှင့် အဆင့်

အဆင့် ကုမ္ပဏီအမည်
7 Max(Myanmar) Construction Co.ltd
13 Htoo Construction Development Group Co.,Ltd
22 A1 Construction Co.,Ltd
32 Ayer Shwe Wah Construction Co.,Ltd
44 T.Z.T.M Construction Co.,Ltd
45 Original Group Co.,Ltd
56 Kyaw Thar Construction Co.,Ltd
66 Asia Metal Construction Co.,Ltd
73 Mother Construction Co.,Ltd
77 Aung Chan Thar Construction & Services Co.,Ltd
101 Dawn(Ah Yone Oo) Construction Co.,Ltd
109 SPA Project Management Co.,Ltd
124 Saung Hay Moon Construction Co.,Ltd
128 Sein & Thaung Family Construction Co.,Ltd
135 Grand Hill Construction Co.,Ltd
176 Same Sky Construction Co.,Ltd
187 Soil Energy Co.,Ltd
220 Myo & Myint Brothers Co.,Ltd
249 နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ(မန္တလေး)
252 Mandalay Strenth Construction Co.,Ltd
257 Three Million Construction Group Co.,Ltd
266 New Earth Win Construction Co.,Ltd
281 ဦးဝင်းဆွေ
293 Gaia Construction Co.,Ltd
315 Champion Construction Materials Co.,Ltd
356 ဦးမြင့်ဇော်
363 Myanmar Shwe Tharaphu Construction &

General Tarding Co.,Ltd(Services)
387 Royal Myint Myat Thu Group Construction Co.,Ltd
407 Joe Yadana Construction Co.,Ltd(Services)
456 Aspidin Construction & Trading co.,Ltd
461 Yadanar Shwe Sin Construction Co.,Ltd
470 ဦးမြင့်ခိုင်

EMG

ပြည်သူလူထု စားဝတ်နေရေး မြင့်တက်လာခြင်း မရှိသောကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 Created on Wednesday, 02 October 2013


အောက်တိုဘာ ၁ ရက်က နေပြည်တော်တွင် မီဒီယာများအား တွေ့ဆုံပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ပြည်သူလူထု၏ စားဝတ်နေရေးလူနေမှု အဆင့်အတန်း မြင့်တက်လာခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ ဝေဖန်ပြောကြားသည်။

အောက်တိုဘာ ၁ ရက်က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံဝင်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားသည်။

''လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူး။ ခပ်တိုတိုပြောရမယ်ဆိုရင် တိုးတက်မှုက တကယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်လို တိုင်းတာမလဲဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်။ လူနေမှု အဆင့်အတန်း မြင့်လာလားဆိုရင် မြင့်မလာဘူး။ အောက်ဆုံးပိုင်း အလွှာတွေဆိုရင် ပိုတောင် နိမ့်သွားတယ်လို့ ပြောကြတယ်။ အခု ADB နေပြီးတော့ ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှု ရှိတယ်ဆိုတာကိုလည်း တချို့ပညာရှင်တွေ မေးခွန်းထုတ်ကြတယ်။ မရှိဘူးပေါ့။ လုံလောက်တဲ့ အထောက်အထား လုံလုံလောက်လောက် မရှိဘူးလို့ သုံးသပ်ကြတယ်။ ပညာရှင်တွေ ပြောတာထားလိုက်။ တကယ်တော့ ကိုယ့်ပြည်သူလူထုနဲ့ သွားပြီး စကားပြောရင်သိတာပဲ။ ဘယ်လောက်ထိ သူတို့ရဲ့ လူနေမှုအဆင့်အတန်းဟာ ပြောင်းလဲလာတယ်။ ပြောင်းလဲမလာဘူးဆိုတာ။ ရင်းနှီးမြှုပ်နှံမှုက ခန့်မှန်းသလောက် မ၀င်ဘူးဆိုတာ အားလုံးအသိပါပဲ။ ဒီရင်းနှီးမြှုပ်နှံမှုကိုပဲ ထိုင်ပြီး စောင့်နေမလား။ ရင်းနှီးမြှုပ်နှံမှုတွေရအောင် ခြေလှမ်းလှမ်းနေတဲ့အချိန်မှာ တစ်ချိန်တည်းမှာပဲ ကိုယ့်ပြည်သူတွေအတွက် လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်ရဘူးလား''ဟု ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၏ ပြည်သူလူထု လူနေမှုအဆင့်အတန်း မြှင့်တင်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူး။ ခပ်တိုတိုပြောရမယ်ဆိုရင် တိုးတက်မှုက တကယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်လို တိုင်းတာမလဲဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်။ လူနေမှု အဆင့်အတန်း မြင့်လာလားဆိုရင် မြင့်မလာဘူး။ အောက်ဆုံးပိုင်း အလွှာတွေဆိုရင် ပိုတောင် နိမ့်သွားတယ်လို့ ပြောကြတယ်. . .

ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုနည်းပါးခြင်းမှာ နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမရှိခြင်းနှင့် အခြေခံ အဆောက်အအုံ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများနှင့် ဆက်ဆံ အလုပ်လုပ်ရသည်မှာ နှေးကွေးသည်ဟု လုပ်ငန်းရှင်များထံမှ သိရကြောင်း ပြောကြားသည်။

သို့ရာတွင် နိုင်ငံစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကိုသာ စောင့်မျှော်မနေသင့်ဘဲ နိုင်ငံတော်စီမံကိန်းများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သင့်ကြောင်းလည်း ပြောကြားသည်။

EMG

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် သွားရောက်


Created on Wednesday, 02 October 2013


သမ္မတ ဦးသိန်းစိန်နှင့် မောင်တောမြို့ မှ မြို့မိမြို့ဖများနှင့် အောက်တိုဘာ ၁ ရက်က တွေ့ဆုံစဉ်

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက် လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ''တွေ့ဆုံရာတွင် ဒေသတည်ငြိမ် အေးချမ်းဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းမှ နိုင်ငံခြားသားများ ၀င်ရောက်မည့် ကိစ္စတွေကို ပြောကြားခဲ့တယ်''ဟု မြောက်ဦးမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။ မြောက်ဦးမြို့မှတစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ကျောက်တော်မြို့တွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက မြို့ရေပေးရေး စီမံကိန်းနှင့် လျှပ်စစ်မီး ရရှိရေးကိစ္စများကို တင်ပြခဲ့ကြောင်း၊ ယင်းမှတစ်ဖန် မောင်တောမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

''သမ္မတကြီးကတော့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မတ်တတ်ရပ်ပြီး တွေ့ဆုံခဲ့တာ ဖြစ်တယ်။ ပြောတာကတော့ ယခင်ကလည်း ဒီမှာ ညီအစ်ကိုလို၊ သူငယ်ချင်းလို အတူနေလာခဲ့ကြတာမလား။ နောက်လည်း ဆက်လက်ပြီး ပြဿနာမဖြစ်ဘဲ ဆက်လက် နေထိုင်ကြဖို့ ပြောတယ်။ ဖြစ်သွားတဲ့ ကိစ္စတွေဟာ ဒေသတွင်းမှာ ထိခိုက်နစ်နာမှုတွေ အများအပြား ဖြစ်သွားသလို မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ ပုံရိပ်ဆိုးရွားခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ပြောတယ်။ ဘင်္ဂါလီတွေကိုလည်း ဒီဒေသမှာ အေးအေးချမ်းချမ်းနေဖို့ ပြောပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသခံတွေ အုပ်ချုပ်ရေးမှူးတွေ ၀ိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်တွေကို ပြည်နယ်အစိုးရ၊ လွှတ်တော်ကို တင်ပြဖို့၊ ပြီးမှ ဘတ်ဂျက်ဆွဲတဲ့အခါ ပါဖို့အကြောင်းတွေကို ပြောပါတယ်''ဟု သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။မောင်တောမြို့တွင် တွေ့ဆုံရာ၌ တိုင်းရင်းသားများဘက်မှ ၁၀ ယောက်၊ ဘင်္ဂါလီဘက်မှ ၂၀ကျော် ပါဝင်ခဲ့သည်။

တင်ပြခဲ့သည့် အချက်များမှာ ဘင်္ဂါလီဘက်မှ တက္ကသိုလ်ကျောင်းသားများ ပြန်လည် ကျောင်းတက်နိုင်ရေးအား တင်ပြခဲ့ပြီး ရခိုင်တိုင်းရင်းသားဘက်မှ လမ်းပန်း ဆက်သွယ်ရေးကိစ္စများအား တင်ပြခဲ့ကြောင်းလည်း သိရသည်။ မောင်တောမှ စစ်တွေသို့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၁၀၀ ခန့်က သမ္မတကြီး ကျန်းမာပါစေဆိုသည့် ပိုစတာများ၊ နိုင်ငံတော်အလံများအား ဝှေ့ယမ်းကာ လေဆိပ် ၀င်ထွက်လမ်းတွင် စီတန်းကာ ကြိုဆိုခဲ့သည်။

နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ လိုက်ပါလာပြီး စုစုပေါင်း ၃၀ ကျော် ပါလာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား အဓိကရုဏ်းများ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် ဘင်္ဂါလီစုစုပေါင်း ၁၉၂ ဦး သေဆုံးခဲ့ရာ ၂၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။

EMG

Related Posts Plugin for WordPress, Blogger...