Wednesday, October 2, 2013

သင့် ကျန်းမာရေး အတွက် သောက်သုံး သင့်သော ဖျော်ရည် ရှစ်မျိုး



ကျန်းမာရေး အတွက် အသင့် ပြုပြင် ထားတဲ့ ဖျော်ရည် တွေ အစား သစ်သီး ကို ပြုလုပ် ထားတဲ့ ဖျော်ရည်မျိုး က ပိုမို သင့် တော် တယ် ဆိုတာကို သင် သိပြီး သား ဖြစ်မှာပါ။ ဘယ်လို သစ်သီး ဖျော်ရည်တွေ က သင့် ကျန်းမာရေး ကို ဘယ်လိုပုံစံ ကျန်းမာ နေစေ တယ် ဆိုတာ ကို ဖော်ပြပေး လိုက် ပါတယ်။

၁။ သလဲသီး ဖျော်ရည်

သလဲသီး ဟာ အဝါရောင် အခွံ ရှိပြီး အထဲမှာ အနီရောင် အစေ့လေး တွေများ စွာ ပါဝင် တဲ့ အသီးမျိုး ပါ။ ချိုချဉ် နဲ့ ဖန်တဲ့ အရသာ ရှိ ပါတယ်။ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုး ရလဒ်တွေ များစွာ ပါရှိ ပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေ ပါဝင် တာကြောင့် ခန္ဓာ ကိုယ် အ တွက် လိုအပ် တဲ့ အသီး တစ်မျိုး လည်း ဖြစ် ပါတယ်။ ဆီးကျိတ် ကင်ဆာ ကို ကာကွယ် ပေးနို င်ပြီး နှလုံး ကျန်းမာရေး ကိုလည်း ကောင်းမွန် စေတာ ကြောင့် သင်သောက် နေကျ ဖျော်ရည် တွေ ထဲမှာ သလဲသီး ဖျော်ရည် ကို ထပ်ပေါင်း ဖြည့်စွက် ပေးပါ။

၂။ ဘလူးဘယ်ရီသီး ဖျော်ရည်

ဘလူးဘယ်ရီသီး ဟာ ခန္ဓာကိုယ် အ တွက် လိုအပ်တဲ့ အာဟာရ ဓာတ် တစ်မျိုး ဖြစ်တဲ့ အပြင် အသက်ရှည် စေတဲ့ အသီး တစ်မျိုး လို့ ဆိုပါတယ်။ ကယ်လိုရီ လုံးဝ မပါဝင် တာ ကြောင့် နေ့စဉ် ဘလူး ဘယ်ရီ သီး တစ်ခွက် ဖျော်သောက် ပေးရင် လည်း ခန္ဓကိုယ် အလေးချိန် မတက်စေ နိုင် ပါဘူး။ ကိုယ်လက်စထရော ကို ကျစေတဲ့ အတွက် နှလုံး ကျန်းမာရေး ကိုလည်း ကောင်းမွန် စေ ပါတယ်။ ပြည့်ဝ တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ရောဂါ တချို့ ကို လည်း တားဆီး နိုင် ကာ ခန္ဓာကိုယ် ကို သက်သောင့် သက်သာ ဖြစ်စေပါတယ်။ မျက်စိ အမြင် အာရုံကို တိုးစေပြီး မှတ် ဉာဏ် ကောင်း စေကာ ဆီးလမ်း ကြောင်း ပိုးဝင်တာ တွေ ကိုလည်း သက်သာ စေနိုင် ပါတယ်။

၃။ ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့ အရသာ ရှိပြီး အနီရောင် ဖြစ် တဲ့ ဘယ်ရီသီး ဟာ ရောဂါပိုး တွေ ကို ကာ ကွယ် ပေးနိုင် တဲ့ အာနိသင် ရှိပါတယ်။ နှ လုံး ကျန်းမာရေး ကိုကောင်း စေ တဲ့ Flavonoid တွေ ပါဝင်ပြီး ဘက် တီးရီးယား တွေ ကို တိုက်ထုတ် နိုင်တဲ့ အာနိသင် ရှိကာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ သူတွေ အနေ နဲ့ နေ့စဉ် သောက်သုံး ပေးသင့် ပါတယ်။ ဒါပေမဲ့ လတ်ဆတ် တဲ့ အသီး ကို ဝယ်ပြီး ဖျော်ရည် ပြု လုပ် သင့်ပြီး အသင့် ပြုလုပ်ထား တဲ့ ဖျော်ရည် တွေ က သကြား ပါဝင်မှု များ တတ် ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ခရင်မ် ဘယ်ရီသီး ဖျော်ရည် ဖြစ်ဖို့ လတ်ဆတ် တဲ့ ခရင်မ် ဘယ်ရီးသီး ကိုသာ ဖျော်သောက် ပါ။

၎။ လိမ္မော်သီး ဖျော်ရည်

လတ်ဆတ် တဲ့ လိမ္မော်သီး ဖျော်ရည် မှာ ဗီတာမင်စီ ကြွယ်ဝ ပြီး အင်တီအောက် စီးဒင့် တွေ ကြွယ်ဝ ပါတယ်။ ကင်ဆာ ကို တားဆီး နိုင်ဖို့ ဗီတာမင် စီ က ကူညီ နိုင်တဲ့ အပြင် ဆဲလ် ပျက်စီး မှု တွေ ကိုလည်း ကာ ကွယ် ပေးနိုင် ပါတယ်။ သံဓာတ် လည်း ပါဝင်ပြီး ကိုယ်ဝန် ဆောင် သည် တွေ သောက် သုံး ပါက ကလေး မွေးဖွားရ လွယ်ကူ စေပါ တယ်။ လိမ္မော်သီး ဖျော်ရည် မှာ ကယ်လ ဆီယမ်၊ ဗီတာမင် ဒီ နဲ့ အိုမီဂါ သရီး ဖက်တီး အက်စစ် တွေ ပါဝင် တာ ကြောင့် နှလုံး ကျန်းမာရေး ကိုလည်း ကောင်းစေ ပါတယ်။

၅။ ပန်းသီးဖျော်ရည်

ပန်းသီး ဖျော်ရည် ဟာ မှိုပိုး တွေ ကို တိုက်ထုတ် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ တခြား ကျန်း မာရေး ကောင်းစေတဲ့ အချက် တွေ အနေနဲ့ အသက်ရှူ စနစ်ကို ကောင်း မွန် စေတာ၊ အစာခြေ စနစ် ကို ကောင်း မွန် စေတာ၊ စွမ်းအင် တိုး စေတာ၊ ရောဂါ တိုက် ထုတ် ပေးတာ၊ အမြင် အာရုံေ ကာင်း စေတာ စတဲ့ အချက် တွေ များစွာ ပါဝင်တာ ကြောင့် တစ်နေ့ ကို ပန်းသီး ဖျော်ရည် တစ်ခွ က် လောက် သောက် ပေးသင့် တယ် လို့ ဆိုပါတယ်။

၆။ စပျစ်သီး ဖျော်ရည်

စပျစ်သီး ဖျော်ရည် က သွေးဖိအား ကို ထိန်းညှိ ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ သွေးတွင်း မေ ကာင်း တဲ့ ကိုလက်စထရော ဖြစ် တဲ့ LDL ကိုလက် စထရော ကိုလည်း ကျစေ ပါတယ်။ သွေး လည်ပတ် မှု ကို ကောင်းမွန် စေပြီး သွေးကြော ပျက်စီးမှု ကို လည်း ကာကွယ် ပေးနိုင် ပါသေး တယ်။

၇။ အမည်းရောင် ချယ်ရီသီးဖျော်ရည်

အမည်း ရောင် ချယ်ရီသီး ဖျော်ရည် ကတော့ ကြွက်သား တွေ ပျက်စီး တာနဲ့ နာကျင် တာ ကို သက်သာ စေတဲ့ ဖျော်ရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာ ကိုယ် တွင်း သွေးလည် ပတ် မှု ကိုလ ည်း ကောင်း စေ ပါ တယ်။ ကင်ဆာ ကို တိုက်ဖျက် ပေးနိုင်တဲ့ ဓာတ် တိုး ဆန့်ကျင် ပစ္စည်းတွေ လည်း အ များအပြား ပါဝင် ပါတယ်။

၈။ အနီရောင် စပျစ်သီး ဖျော်ရည်

အနီရောင် စပျစ်သီး ကတော့ ကင်ဆာ ကို တားဆီး ပေးပြီး မကောင်း တဲ့ ကို လက်စထရော ကိုေ လျာ့ကျ စေကာ နှလုံး ကျန်းမာရေး အတွက် အကောင်းဆုံးအ ထောက် အကူ ပြုတယ် လို့ ဆို ပါတယ်။

သဲသဲ
Good Health

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...