Thursday, December 12, 2013

ကန် ငွေစုလက်မှတ် အရောင်းအ၀ယ် စည်းမျဉ်းတင်းကျပ်

Thursday, 12 December 2013အမေရိကန် ပြည်ထောင်စုမှာ ဘဏ်တွေကနေ ငွေစုလက်မှတ်တွေ ရောင်းချမှုတွေကို ကန့်သတ်ဖို့ စည်းမျဉ်းသစ်တွေ ပြဌာန်းလိုက်ပါတယ်။ ဘဏ်တွေအနေနဲ့ သူတို့ဘဏ် အမြတ်အစွန်း ရဖို့အတွက် ငွေစုလက်မှတ်တွေကို အသုံးချ ရောင်းဝယ်တာမျိုးတွေကို အဓိက တားမြစ်တဲ့ စည်းမျဉ်းသစ်ကို အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးစနစ် စောင့်ကြည့်ထိန်းချုပ်ရေး အေဂျင်စီ ၅ ခုကနေ မနေ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ငွေကြေးအေဂျင်စီတွေဟာ ၃ နှစ်လောက်ကြာအောင် ဆွေးနွေးခဲ့ရတာပါ။...

အိုဘားမားနှင့် ကက်စထရို လက်ဆွဲနှုတ်ဆက်မှုက အမေရိကန်နှင့်ကျူးဘား တင်းမာမှု လျော့ကျရေး လမ်းပွင့်စေမည်ဟု မျှော်လင့်

Thursday, 12 December 2013 ဒီဇင်ဘာ ၁၀ ရက်က မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား၌ အိုဘားမားနှင့် ကက်စထရို လက်ဆွဲနှုတ်ဆက်နေစဉ် (Photo:AP) တောင်အာဖရိက လူဖြူလူမည်း တိုက်ဖျက်ရေးပြယုဂ် နယ်လ်ဆင်မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား၌ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ကျူးဘားခေါင်းဆောင် ရာအူးကက်စထရိုတို့ လက်ဆွဲနှုတ်ဆက်မှုက စစ်အေးခေတ် ရန်ဘက်နှစ်နိုင်ငံအကြား တင်းမာမှု ပြေလျော့စေရေးအတွက် လမ်းဖွင့်ပေးမည်ဟု မျှော်လင့်ရကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ သို့သော် ယင်းကဲ့သို့...

Mandela ရုပ်အလောင်း အများပြည်သူ ကြည့်ရှုခွင့်ရ

Thursday, 12 December 2013 ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်၊ အသားရောင်ခွဲခြားအုပ်ချုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေး ခေါင်းဆောင်လည်းဖြစ်တဲ့ Nelson Mandela ရဲ့ ရုပ်အလောင်းကို အများပြည်သူ ဂါရ၀ပြုနိုင်အောင် မြို့တော်မှာ အာဏာပိုင်တွေက စီစဉ်ပေးထားပါတယ်။ မစ္စတာ Mandela ရဲ့ ဇနီး Graca Machel နဲ့ လက်ရှိသမ္မတ Jacob Zuma တို့လည်း မစ္စတာ Mandela ရဲ့ ရုပ်အလောင်းဘေးကဖြတ်ပြီး ဒီကနေ့ ဂါရ၀ပြုခဲ့ကြပါတယ်။ ဖန်သားတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့အခေါင်းကိုတော့ တောင်အာဖရိက...

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို

ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝမကျိန်းသေဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘ တင့်ဆွေက သုံးသပ်ပြောသည်။ အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကို လျှော့ချရေးမှာ ထိပ်တန်း မှ ပြင်ဆင်သင့်သည့်အရာတစ်ခု ဖြစ်သော်လည်း သမ္မတဖြစ်ရေး ကိုပြင်ဆင်ရမည့်အချက်မှာ ပိုမို ခက်ခဲသောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်းဖြစ် သည်ဟု ယင်းက သုံးသပ်သည်။ဦးဘတင့်ဆွေက ''အများစု အမြင်မှားနေတာတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့...

အပြစ်မဲ့ပြည်သူများကို KIA အဖွဲ့က ဖမ်းဆီးသွားတဲ့ကိစ္စနှင့် ပက်သက်၍ ရှမ်းနီပါတီမှ ဦးအောင်မင်းနှင့် ကုလလူ့အခွင့်အရေးကော်မရှင်သို့ စာပို့

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဖွရွာမှ အပြစ်မဲ့ပြည်သူများအား တပ်သားသစ် ဖမ်းဆီးစုဆောင်းသွားတဲ့ကိစ္စနှင့် ပက်သက်၍ ဦးအောင်မင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ နောက်နောင် ဤကဲ့သို့ လုပ်ဆောင်ခြင်းမပြုလုပ်ရန် ဆောင်ရွက်ပေးဖို့ တင်ပြစာ ပေးပို့လိုက်တယ်လို့ သိရှိရသည်။အဆိုပါ တင်ပြပေးပို့စာတွင် မံစီမြို့နယ်၊ မန်ဖွရွာသား (၂၇)ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စ၊ မိုးညှင်းမြို့နယ်၊ ပန်းလားကျေးရွာက မိမိသဘောဆန္ဒမပါဘဲ စစ်သင်တန်းတက်ခဲ့ရသော...

နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လွတ်မြောက်

Thursday, 12 December 2013၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်လိုက်တဲ့နေ့မှာပဲ မြန်မာနိုင်ငံအကျဉ်းထောင်တွေမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ထပ်မံ လွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတော့ အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀ ကျော်လောက် ထပ်မံ ကျန်ရှိနေသလို၊ နိုင်ငံရေးပုဒ်မနဲ့ ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ ကျော်လောက်လည်း...

ယူကရိန်းဆန္ဒပြမှု ရဲလုံခြုံရေးတပ်တွေ ရုပ်သိမ်း

Thursday, 12 December 2013 ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂကို လိုလားတဲ့ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းထိန်းရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီးနောက် Kyiv မြို့လယ် ရင်ပြင်ရှိ ဆန္ဒပြစခန်းတခုကို ၀ိုင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်သိမ်းပေးလိုက်ပါတယ်။ Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေရဲ့ ယာယီတဲတန်းကို လုံခြုံရေးတွေက ၀င်စီးပြီး ဖြိုချခဲ့ပြီး နာရီအတန်ကြာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မြို့တော်ခန်းမထဲမှာ နှစ်ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။ ယူကရိန်းသမ္မတ...

အမေရိကန်အစိုးရအသုံးစရိတ် လွှတ်တော်ညှိနှိုင်းမှုစတင်

Thursday, 12 December 2013  အမေရိကန် ဥပဒေပြုလွှတ်တော်အမတ်တွေက အစိုးရဌာနတွေ နောက်တကြိမ်ထပ်ပြီး ပိတ်ပစ်ရမယ့်အရေး ရှောင်လွှဲနိုင်အောင် ဗဟိုအစိုးရရဲ့ ၂၀၁၄ ခုနှစ် အသုံးစရိတ် အစီအစဉ်နဲ့ ပတ်သက်ပြီး အပေးအယူ ညှိနှိုင်းမှုတွေလုပ်ဖို့ စတင် စဉ်းစားနေကြပါပြီ။ ဒါပေမဲ့ အရေးကြီးဆုံး အဓိက ဆုံးဖြတ်ရမယ့် ရေရှည်ဘဏ္ဍာရေးပြဿနာကိုတော့ ထပ်ပြီး ရွှေ့ဆိုင်းထားရပါတယ်။ ဘားဂျက် ရသုံးမှန်းခြေငွေစာရင်းနဲ့ ပတ်သက်ပြီး သတ်မှတ်ရက်မတိုင်မီ နောက်ဆုံးအချိန်ထိ အခြေအတင် ငြင်းခုံရတာတွေ...

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ

Thursday, 12 December 2013အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile...

လူထုအားနဲ့ အာဏာသိမ်းမယ့် ထိုင်းနိုင်ငံရေး

  Thursday, 12 December 2013 Written by စိန်ကျော်လှိုင် ၂၀၁၃ ဒီဇင်ဘာ ၁၀ ရက်တွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်အနီးတွင် ဆန္ဒပြနေသူများ ထိုင်းအိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်လက်ကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၁ ရက်) နောက်ဆုံးထားပြီး ရာထူးကဆင်းပေးဖို့ ဆန္ဒပြခေါင်းဆောင် ဆူထက်က ရာဇသံပေးထားပါတယ်။ အင်္ဂါနေ့ အစောပိုင်းမှာ ၀န်ကြီးချုပ် ယင်လက်က အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး နှစ်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရယူထားတဲ့ အာဏာကို...

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဂျပန်ဝန်ကြီးချုပ် အာဘေးတို့ကို အာရှအထင်ရှားဆုံး ပုဂ္ဂိုလ်များအဖြစ် Straits Times သတင်းစာက ရွေးချယ်

Thursday, 12 December 2013 ဒီဇင်ဘာ ၉ ရက်က တိုကျို၌ သတင်းစာ ရှင်းလင်းပွဲ လုပ်နေသော အာဘေး (Photo:AFP) ဇွန် ၇ ရက်က ကယ်လီဖိုးနီးယား၌ အိုဘားမားနှင့် တွေ့ဆုံနေသော ရှီကျင်ပင်း (Photo:AP) တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ကို ၂၀၁၃ ခုနှစ်အတွက် "Asians of the Year" အဖြစ် စင်ကာပူ သတင်းစာ Straits Times က ဒီဇင်ဘာ ၁၁ ရက်တွင် ရွေးချယ်ခဲ့ကာ ပဋိပက္ခ တစ်ခုကို ရှောင်လွှဲရန်အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ကမ်းကြရန် တိုက်တွန်းခဲ့ကြောင်း...

ဥရောပသမဂ္ဂနှင့် သဘောတူညီချက် လက်မှတ်မရေးထိုးမီ ချေးငွေ ဒေါ်လာ ၂၇ ဘီလျံကျော် ရရှိရန် ယူကရိန်း ကြိုးပမ်း

Thursday, 12 December 2013   ဒီဇင်ဘာ ၁၁ ရက်တွင် ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်၌ ဆန္ဒပြသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ် (Photo:AFP) ဥရောပ သမဂ္ဂနှင့် သမိုင်းဝင် သဘောတူညီချက်စာချုပ် လက်မှတ်မရေးထိုးမီ ချေးငွေဒေါ်လာ ၂၇ ဒသမ ၅ ဘီလျံ ရရှိလိုကြောင်း ယူကရိန်း ၀န်ကြီးချုပ် မိုက်ကိုလာအဇာရော့က ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေး သဘောတူညီချက်နှင့် နိုင်ငံရေး သဘောတူညီချက်တို့ လက်မှတ်ရေးထိုးပါက...

ဆေးခြောက် တရားဝင် ထုတ်လုပ်ရောင်းချ သုံးစွဲခွင့် ဥပဒေအား ဥရုဂွေး အထက်လွှတ်တော်က သဘောတူ

Thursday, 12 December 2013 ဒီဇင်ဘာ ၁၀ ရက်က အထက်လွှတ်တော် ဆေးခြောက်တရားဝင် (Photo:AFP) ဆေးခြောက်ကို တရားဝင် ထုတ်လုပ်ရောင်းချ သုံးစွဲခွင့်ပေးသည့် ဥပဒေကို ဥရုဂွေး အထက်လွှတ်တော်က ဒီဇင်ဘာ ၁၁ ရက်တွင် တရားဝင် အတည်ပြုပေးခဲ့ပြီးနောက် ဥရုဂွေးသည် ဆေးခြောက်ကို ပထမဆုံး တရားဝင် သုံးစွဲခွင့် ရရှိသည့်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုတွင် လွှတ်တော်အမတ် ၂၉ ဦးအနက် လက်ဝဲယိမ်း ၁၆ ဦးက သမ္မတဟိုဆေးမူဂျီကာ ထောက်ခံသည့် ယင်းဥပဒေကို ထောက်ခံမဲ ပေးခဲ့ကြသည်။...

မင်္ဂလာမွန်ဈေးအနီး၊ အောင်မင်္ဂလာ အဝေးပြေးဝင်း အနီးနှင့် ကမာရွတ် မြို့နယ်တို့တွင် မြေပြင်နှင့် အထပ်မြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်သွားရန် စီစဉ်

Thursday, 12 December 2013 မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးအနီး ၀န်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးအနီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးဘေး အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း အနီးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်ကျောင်း လမ်းဆုံအနီးတို့တွင် မြေပြင်ယာဉ်ရပ်နားစခန်းနှင့် အလွှာများ ပါဝင်သည့် အထပ်မြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်...

မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ မြှုပ်နှံမည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီမှ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများ စတင်

Thursday, 12 December 2013 ကာတာနိုင်ငံရှိ Ooredoo ရုံးချုပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Reuters) မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ မြှုပ်နှံလုပ်ကိုင်မည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီက မြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ တယ်လီကွန်မြူနီကေးရှင်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် အခွင့်အလမ်းများကို...

"ဖမ်းလိုက် လွှတ်လိုက်" မကြာသေးမီက ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွှတ်ပေး

 Thursday, 12 December 2013 အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာ ၁၁ ရက်က လွတ်မြောက်လာသည့် ကိုဒီငြိမ်းလင်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွတ်မြောက် လာခဲ့သည်။ ယခု ထပ်မံလွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးတွင် ယခုအစိုးရ လက်ထက်တွင်မှ ပုဒ်မအမျိုးမျိုးဖြင့်...

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်-ရွှေလီဂိတ်ကို အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် ဆောင်ရွက်နေ

Thursday, 12 December 2013 တရုတ်-မြန်မာနယ်စပ် မူဆယ်ရှိ နန်းတော်စစ်ဆေးရေး စခန်းအား တွေ့မြင်ရစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်များတွင် ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်က ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များကဲ့သို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်-ရွှေလီဂိတ်ကိုလည်း အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက် (International Check-point) အဖြစ် တိုးမြှင့်ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး...

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် တစ်ယောက်ဟု သဘောမထားဘဲ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ် သဘောထား၍ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပေးပါရန် 10D အုပ်စု တောင်းဆို

 Thursday, 12 December 2013 Orchid ဟိုတယ်တွင် ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ် ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ တစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တစ်ဦးအဖြစ် သတ်မှတ်၍ ပြည်သူလူထု လိုလားနေသည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လေးဦး တွေ့ဆုံဆွေးနွေးပါရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု...

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

 Thursday, 12 December 2013 ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်မြင်ကွင်း (ဓာတ်ပုံ- ညီညီစိုးညွန့်) နှစ်ပေါင်း ၄၄ နှစ်အကြာတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်နေသည့် လူငယ်မောင်မယ်များ (ဓာတ်ပုံ - အောင်ဇော်ထွန်း)...

Related Posts Plugin for WordPress, Blogger...