Wednesday, October 30, 2013

သုတ်နှင့် သုတ်ရည်

အမျိုးသားလိင်အင်္ဂါက ထွက်လာတဲ့ အကြည်ရောင် ချောကျိကျိ အရည်မှာ သုက်ပိုးပါပါသလား။ ပါမယ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းအထိ ပါတတ်ပါသလဲ။ အဆိုပါ အကြည်ရောင် အရည်ကြောင့် ကိုယ်ဝန် ရသွားနိုင်တဲ့ ဖြစ်ရပ်ကော သုတေသန ရှိပါသလား။ ယောက်ျား တယောက်ဟာ Sexually stimulated လိင်စိတ်ကြွလာတာနဲ့ Seminal vesicles နဲ့ Prostate gland တွေကနေ Seminal fluid အရည်ထွက်လာ တယ်။ အရည်ဆိုတာထဲမှာ Sperm သုတ်ပိုး ရောနေနိုင်တယ်။ (ပညာပိုင်း အခေါ်ဝေါ်တွေကို နောက်မှာ ရေးထားပါတယ်။) Semen ကိုလဲ သုတ်ရည်လို့...

ဘယ်နိုင်ငံခြားသားကိုမျှ မြန်မာ့သမ္မတ အိမ်တော်မှာ တော်ဝင်မိသားစုအဖြစ် နေထိုင်မှာကို ခွင့်မပြုနိုင်ဘူး။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်လေးတွေကို ပြောချင်ပါတယ်။ ပုဂ္ဂလအမြင်နဲ့ ခံစားချက် ဖြစ်တဲ့အတွက် မှားကောင်းမှားမယ်ဆိုတာ ၀န်ခံလိုပါတယ်။ အခြားသူများရဲ့ အမြင်၊ အတွေးတွေကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ပါ။ ပထမဆုံး ချီးကျူးစကားနဲ့ စတင်ချင်ပါတယ်။ လူတစ်ယောက်ကို မကောင်းပြောရမှာ ထက် ကောင်းတဲ့ အချက်၊ ချီးကျူးရမယ့်အချက်ကို ကျွန်တော်ပိုပြီး နှစ်သက်ပါတယ်။ ဒေါ်စုနဲ့ ပြုလုပ်ခဲ့သမျှ အင်တာဗျူးတွေ မှာ မြန်မာ့နိုင်ငံရေး...

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ် လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင် ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ် လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။...

ဦးထုပ်အက သီချင်းပိုင်ရှင် Crayon Pop အဖွဲ့ ဆိုးလ်မြို့တွင် အခမဲ့ ဖျော်ဖြေမည်

Wednesday, 30 October 2013ဦးထုပ်အက သီချင်းဖြင့် ပရိသတ်များကို ဖမ်းစား နိုင်ခဲ့သည့် Crayon Pop ဂီတအဖွဲ့သည် ၎င်းတို့ အဖွဲ့၏ ပထမဆုံး အခမဲ့ ဖျော်ဖြေပွဲ 1st POPCON IN SEOUL ပွဲကို ဆိုးလ်မြို့ Sangam-dong ၌ အောက်တိုဘာ ၃ဝ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။Crayon Pop ဂီတအဖွဲ့သည် တောင်ကိုရီးယား ပေါ့ပ်ဂီတ လောကသို့ Saturday Night Bing Bing နှင့် Dancing တေးသီချင်းတို့ဖြင့် ရောက်ရှိ လာခဲ့သော်လည်း မျှော်လင့်ထား သလောက် အောင်မြင်မှု မရရှိခဲ့ပေ။Crayon Pop အဖွဲ့အား...

ရုရှားနိုင်ငံက SUKHOI T-50 ဂျက်တိုက် လေယာဉ်သစ်ကို အောင်မြင်စွာ စမ်းသပ်

Wednesday, 30 October 2013 ရုရှားနိုင်ငံထုတ် Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို နိုင်ငံ့အရှေ့ဘက်စွန်း Komsomolsk-on-Amur မြို့ရှိ Gagarin လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပြီးပထမဆုံး အကြိမ်အဖြစ်မိနစ် ၅ဝ ကြာ စမ်းသပ်ပျံသန်းခဲ့ကြောင်း Sukhoi လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။အဆိုပါ စမ်းသပ်ပျံသန်းမှုတွင် အင်ဂျင်၏ လုပ်ဆောင်မှုနှင့် ဝေဟင်၌ လေယာဉ်၏ တည်ငြိမ်မှုတို့ အပါအဝင် ၎င်းလေယာဉ်၏ လုပ်ဆောင်ချက် အားလုံးကို အောင်မြင်စွာ...

နိုင်ငံသားစိစစ်ရေး ကဒ်များ စမတ်ကဒ် အဖြစ်ပြောင်းမည်

မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။၂၀၁၄ ပြည်လုံးကျွတ်...

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောင်းကင်ဂြိုလ်တု အကူအညီဖြင့်ကောက်မည်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား တစ်နိုင်ငံ လုံးကို ကောင်းကင်ဂြိုလ်တုမှ ဓာတ်ပုံရိုက် ယူပြီး ဖော်ဆောင် ထားသော ကောက်ကွက်များ အတိုင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အတွင်း တွေ့ရာနေရာတွင် ကောက်ယူ သောဒီဖက်တိုနည်း စနစ်ဖြင့် ကောက်ခံသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်ရီကပြောသည်။ရန်ကုန်တိုင်းဒေသကြီး၊အစိုးရ ရုံးခန်းမဆောင်တွင် ဟိုတယ်လုပ် ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင် များကိုဖိတ်ခေါ်၍...

ကမ္ဘာ့အရပ်အရှည်ဆုံး တူရကီ အမျိုးသား ဆီးရီးယား အမျိုးသမီးနှင့် လက်ထပ်

Wednesday, October 30, 2013   Created on Tuesday, 29 October 2013 ကမ္ဘာ့အရပ်အရှည်ဆုံးပုဂ္ဂိုလ် စူတန်ကိုဆင် (၀ဲ) နှင့် ဇနီးတို့ကို အောက်တိုဘာ ၂၇ ရက်က လက်ထပ်မင်္ဂလာ အခမ်းအနားတွင် တွေ့ရစဉ် (Photo:AFP) ကမ္ဘာ့အရပ်အရှည်ဆုံး တူရကီ အမျိုးသား စူတန်ကိုစင်သည် ဆီးရီးယား အမျိုးသမီး တစ်ဦးနှင့် အောက်တိုဘာ ၂၇ ရက်က လက်ထပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အရပ် ၂ ဒသမ ၅၁ မီတာရှည်သော အသက် ၃၁ နှစ်အရွယ် ကိုဆင်သည် အရပ် ၁ ဒသမ ၇၅ မီတာမြင့်ပြီး အသက် ၂၀ အရွယ်ရှိသော မာဗီဒီဘိုအား...

တူရကီက ပင်လယ်အောက် ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်း စတင်

Wednesday, October 30, 2013 ဘော့စဖရပ်စ် ရေလက်ကြားတွင် ငါးဖမ်းနေသူများအနီး ရပ်နေသူ တစ်ဦးကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (Photo:AFP) တူရကီနိုင်ငံသည် ဘော့စဖရပ်စ် ရေလက်ကြား အောက်မှနေ၍ မြေအောက်ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းစီမံကိန်းအတွက် ယူရိုသုံးဘီလျံကု န်မည်ဖြစ်ပြီး အစ္စတန်ဘူလ်မြို့၏ ဥရောပဘက်ပိုင်းနှင့် အာရှဘက်ပိုင်းကို ဆက်သွယ်ပေးမည့် ရထားလမ်းဖြစ်သည်။ ယင်းသည် တူရကီ အစိုးရ၏ ကြီးမားသော...

တရုတ်က နျူကလီးယား ရေငုပ်သင်္ဘော အင်အားကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် ပြသ

Wednesday, October 30, 2013 ရက်စွဲမဖော်ပြထားသော ဓာတ်ပုံတွင် တရုတ်ပြည်သူ့ တပ်မတော်၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းပေါ်တွင် ရေတပ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo:AFP) ပိုင်နက်အငြင်းပွားမှုများ မြင့်တက်နေချိန်တွင် တရုတ်က ဆယ်စုနှစ် လေးခုခန့်အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား ရေငုပ်သင်္ဘောတပ်စုကို အောက်တိုဘာ ၂၉ ရက်၌ လူထုသို့ ပြသခဲ့ပြီး နိုင်ငံပိုင် မီဒီယာက တရုတ်၏ တိုက်ခိုက်နိုင်စွမ်းအားကို အခြားနိုင်ငံများအား ပြသရန် လိုအပ်ကြောင်း ရေးသားခဲ့သည်။...

ဥရောပ မြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံး

Wednesday, October 30, 2013 လန်ဒန်တွင် မုန်တိုင်းကြောင့် သစ်ပင်များ ပြိုလဲပြီးနောက် အောက်တိုဘာ ၂၈ ရက်က အပျက်အစီးများ ရှင်းလင်းနေစဉ် (Photo:AFP) ဥရောပ မြောက်ပိုင်းတွင် အင်အားပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၂၈ ရက်တွင် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကာ ပို့ဆောင်ရေး ၀န်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဗြိတိန်တွင် လေးဦး၊ ဂျာမနီတွင် သုံးဦး၊ နယ်သာလန်တွင် နှစ်ဦး၊ ပြင်သစ်တွင်...

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့လိုက်ကြောင်း ထုတ်ပြန်

 Created on Tuesday, 29 October 2013 ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် တစ်ဝိုက်အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်က ပြောကြားသည်။ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား...

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားလာ၍ အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် တင်းကျပ်စွာ စစ်ဆေးဟုဆို

 Created on Wednesday, 30 October 2013 ယာဉ်ကြောပိတ်ဆို့မှု ပုံမှန်ဖြစ်လေ့ ရှိနေသည့် သျှင်ပါကူ ဆေးခန်းရှေ့အား အောက်တိုဘာ၂၉ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းကြောင့် ၂၅၀၀ စတုရန်းပေ (ပေ ၅၀ ပတ်လည်) တွင် အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းစေပြီး တင်းကျပ်စွာ စစ်ဆေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်တွင်...

လမ်းညွှန်ဆိုင်းဘုတ် အသစ်တပ်ဆင်မှုနှင့် ပျက်စီးနေသော လမ်းပိုင်းများ ပြုပြင်မှုကို ဆီးဂိမ်းစ်မတိုင်မီ အပြီးဆောင်ရွက်မည်

 Created on Wednesday, 30 October 2013 ရန်ကုန်မြို့အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်အချို့မှ လမ်းညွှန်စာအုပ်ဖြင့် သွားလာနေမှုမြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်) ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းညွှန်ဆိုင်းဘုတ် အသစ်တပ်ဆင်မှုနှင့် ပျက်စီးနေသော လမ်းပိုင်းများပြုပြင်ကို ဆီးဂိမ်းစ်ပွဲတော်ကာလ မတိုင်မီ အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးဖြစ်သူ ဦးအောင်ခင်က အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင်...

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး သုံးခုတွင် မူးယစ်ဆေးဝါးများ အများဆုံး ဖမ်းမိ

Wednesday, 30 October 2013 အောက်တိုဘာ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လုံခြုံရေး စစ်ဆေးနေသော လေကြောင်းရဲမေ တစ်ဦးကို တွေ့ရစဉ်(ဓာတ်ပုံ-၀င်းမြင့်ကျော်) မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသုံးခုတွင် ဖမ်းဆီးစစ်ဆေး အရေးယူနေသည့် အမှုများအနက် မူးယစ်ဆေးဝါး သယ်ဆောင်နေမှုကြောင့် အရေးယူနေရသည့် ဖြစ်စဉ်မှာ အများဆုံးဖြစ်ကြောင်း လေကြောင်းရဲ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်နေ၀င်းက အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် Daily Eleven သို့ ပြောကြားသည်။...

ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အချိန်တစ်နာရီကျော် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွား

 Created on Wednesday, 30 October 2013 အောက်တိုဘာ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်စဉ် အောက်တိုဘာ ၂၉ ရက် ညပိုင်းက တစ်နာရီကျော်ကြာ ဓာတ်အားပြတ်တောက်ခဲ့ရခြင်းမှာ ပြည်မြို့နှင့် မှော်ဘီမြို့နယ်ကြားရှိ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အား လိုင်းကြိုး အနည်းငယ် ပြတ်တောက်မှုကြောင့် ဖြစ်ပြီး နိုင်ငံတစ်ဝန်း တစ်နာရီခွဲကြာ မီးပြတ်မှု ဖြစ်ပွားခဲ့ရကြောင်း ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ်၏ ပြောကြားချက်အရ...

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်

 Created on Wednesday, 30 October 2013 ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ် လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။ နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ...

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ စတင်

 Created on Wednesday, 30 October 2013  အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်က ပြင်ဦးလွင်မြို့၌ စတင်ကျင်းပစဉ် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ(AARM)ကို ပြင်ဦးလွင်ရှိ တပ်မတော် စက်ပစ်ကွင်း၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအာဆီယံနိုင်ငံ တပ်မတော် (ကြည်း)...

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်

 Created on Wednesday, 30 October 2013 အောက်တိုဘာ ၃၀ ရက်တွင် စတင်ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် နေသည်ကို အောက်တိုဘာ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စရပ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို...

ဆီးဂိမ်းမတိုင်မီ Mobile Banking စနစ် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သမ္မတရုံးသို့ တင်ပြမည်

  Wednesday, 30 October 2013 01:25 မြန်မာနိုင်ငံတော် ဗဟိုဘဏ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ) မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် မိုဘိုင်း ဘဏ်ကင်းစနစ်ကို မြန်မာနိုင်ငံတွင် ဆီးဂိမ်းမတိုင်မီ အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နောက်ဆုံးအဆင့် အနေဖြင့် သမ္မတရုံးသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။ "ဆရာတို့အနေနဲ့ ဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတာ ကြာပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ သမ္မတရုံးကို...

Related Posts Plugin for WordPress, Blogger...