Wednesday, October 30, 2013

ဦးထုပ်အက သီချင်းပိုင်ရှင် Crayon Pop အဖွဲ့ ဆိုးလ်မြို့တွင် အခမဲ့ ဖျော်ဖြေမည်

Wednesday, 30 October 2013

ဦးထုပ်အက သီချင်းဖြင့် ပရိသတ်များကို ဖမ်းစား နိုင်ခဲ့သည့် Crayon Pop ဂီတအဖွဲ့သည် ၎င်းတို့ အဖွဲ့၏ ပထမဆုံး အခမဲ့ ဖျော်ဖြေပွဲ 1st POPCON IN SEOUL ပွဲကို ဆိုးလ်မြို့ Sangam-dong ၌ အောက်တိုဘာ ၃ဝ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။


Crayon Pop ဂီတအဖွဲ့သည် တောင်ကိုရီးယား ပေါ့ပ်ဂီတ လောကသို့ Saturday Night Bing Bing နှင့် Dancing တေးသီချင်းတို့ဖြင့် ရောက်ရှိ လာခဲ့သော်လည်း မျှော်လင့်ထား သလောက် အောင်မြင်မှု မရရှိခဲ့ပေ။

Crayon Pop အဖွဲ့အား ပရိသတ်များက အသိအမှတ် ပြုခဲ့သော တေးသီချင်းမှာ Bar Bar Bar တေးသီချင်း ဖြစ်ပြီး ၎င်းတေးသီချင်းသည် k-pop ဂီတလောက၏ လူကြိုက် အများဆုံး k-pop တေးသီချင်း ၁ဝဝ စာရင်းတွင် သီတင်းပတ ပေါင်းများစွာ နံပါတ်တစ်နေရာ တွင် ရပ်တည်ခဲ့သည်။

Bar Bar Bar တေးသီချင်းကို မော်တော်ဆိုင်ကယ် ဦးထုပ် အကသီချင်းဟုပင် အမည်တွင် လောက်အောင် ပရိသတ်များက အားပေးခဲ့ပြီးYou Tube ဝက်ဘ်ဆိုက်တွင်လည်း ကြည့်ရှုသူ ပရိသတ် ရှစ်သန်းထက်မနည်း ရှိခဲ့သည်ဟု သိရသည်။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...