Wednesday, October 30, 2013

တူရကီက ပင်လယ်အောက် ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်း စတင်

Wednesday, October 30, 2013


ဘော့စဖရပ်စ် ရေလက်ကြားတွင် ငါးဖမ်းနေသူများအနီး ရပ်နေသူ တစ်ဦးကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (Photo:AFP)

တူရကီနိုင်ငံသည် ဘော့စဖရပ်စ် ရေလက်ကြား အောက်မှနေ၍ မြေအောက်ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းစီမံကိန်းအတွက် ယူရိုသုံးဘီလျံကု န်မည်ဖြစ်ပြီး အစ္စတန်ဘူလ်မြို့၏ ဥရောပဘက်ပိုင်းနှင့် အာရှဘက်ပိုင်းကို ဆက်သွယ်ပေးမည့် ရထားလမ်းဖြစ်သည်။ ယင်းသည် တူရကီ အစိုးရ၏ ကြီးမားသော စီမံကိန်းများထဲမျှ တစ်ခုဖြစ်သည်။

ဥမင်လိုဏ်ခေါင်းသည် ၁၃ ဒသမ ၆ ကီလိုမီတာ (၈ ဒသမ ၅ မိုင်) ရှည်လျားမည်ဖြစ်ပြီး ကမ္ဘာ့အနက်ဆုံး ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖြစ်လာမည်ဖြစ်သည်။ ယင်းသည် ပင်လယ်ကြမ်းပြင်အောက် ၆၀ မီတာ (ပေ ၂၀၀ နီးပါး) ၌ ရှိမည်ဖြစ်သည်။

အဆိုပါ ရထားလမ်း ဖောက်လုပ်ရန် ကြေညာသည့်နေ့သည် ခေတ်သစ်တူရကီနိုင်ငံကို ထူထောင်ခဲ့သည့် နှစ် ၉၀ မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေသည်။

ယခု ဥမင်လိုဏ်ခေါင်း ရထားလမ်းသည် ရှိပြီးသား ဆင်ခြေဖုံးဒေသ ရထားလမ်းများ အဆင့်မြင့် ချဲ့ထွင်မှု စီမံကိန်း တစ်စိတ်တစ်ဒေသဖြစ်ပြီး ရထားလမ်း တစ်ခုလုံးသည် ၇၆ ကီလိုမီတာ (၄၇ မိုင်) ရှည်လျားပြီး ဥရောပတိုက်နှင့် အာရှတိုက်ကို ဆက်သွယ်ပေးမည်ဖြစ်သည်။

ယခု ရထားလမ်း စီမံကိန်းကို အော့တမန် အင်ပါယာဘုရင် ဆူလတန်အဗ္ဗဒူမက်ဂျစ်က ၁၈၆၀ ပြည့်နှစ် ကတည်းက စိတ်ကူးထားခဲ့သော်လည်း ထိုစဉ်က အကောင်အထည်ဖော်ရန်အတွက် လုံလောက်သော နည်းပညာဆိုင်ရာ ကိရိယာများ မရှိခဲ့ပေ။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပင်လယ်အောက်မှနေ၍ ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်ရန် စိတ်ကူးခဲ့ပြီး လေ့လာချက်များအရ ယင်းကဲ့သို့ ဥမင်လိုဏ်ခေါင်းမျိုးသည် တည်ဆောက်ရန်ဖြစ်နိုင်ပြီး အကုန်အကျလည်း သက်သာဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ အစ္စတန်ဘူလ်မြို့၏ မြို့တော်ဝန်ဟောင်း တစ်ဦးဖြစ်သော ၀န်ကြီးချုပ် ရေဆက်တေယစ်အာဒိုဂန်သည် လူဦးရေ ၁၆ သန်းရှိသော အစ္စတန်ဘူလ်မြို့အတွက် ဆောက်လုပ်ရေး စီမံကိန်းများကို စိတ်ကူးခဲ့ရာတွင် ၂၀၀၄ ခုနှစ်၌ ယခုရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်ကို ပြန်လည်အသက်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...