Saturday, August 31, 2013

အနားပေးခံရသော ဆရာမဒေါ်စိုးစိုးခိုင် အတွက် ဆရာမများတောင်းဆိုနေကြပြီ




အခုတလောသတင်းတွေထဲမှာ Hot နေတဲ့ သတင်းတစ်ခုဖြစ်သော ဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ်သတ်ပြီး ပြောချင် ပါတယ်။ ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘာလို့  ဖြစ်တယ် ဆိုတာ ရဲရဲတင်းတင်းမှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ မသိရင် ၈၈၈၈ ငွေရတုပွဲတက်လို့ ပညာရေးဝန်ကြီးဌာနက အနားပေး သယောင်ယောင်ဖြစ်အောင် လုပ်နေ တာတွေ့ ရတာ စိတ်မ ကောင်း စရာပါ။ ပညာရေးဝန်ကြီး ဌာနကနေ ရှင်းထားတာခွင့်ရက် ကျော်လွန်လို့  အနားပေး လိုက်တယ် ဆိုတာတွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ အခုလိုပညာရေး အဆင့်မြှင့် တင် နေတဲ့ အချိန်မှာအခုလိုတာဝန်ချိန်လဲမလေးစား၊ ခွင့်ရက် တွေလဲကျော်ယူတယ်ဆိုတာ လုံးဝ မဖြစ်သင့် ပါဘူး။ အခုလို စံပြပုံစံမျိုးပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးပြီးကတည်းက အဘက်ဘက် ကနေ ဘက်စုံပြင်ဆင်နေသည်ဖြစ်ကာ ပညာရေးဘက်တွင်လည်း ပြုပြင်ပြောင်းလဲ မှုများကိုကြုံတွေ့ နေရ ပြီဖြစ်ပါတယ်။ ယခုလိုပြောဆိုခြင်းကြောင့် ကျမသည် အစိုးရဘက် တော်သားလဲ မဟုတ်ရပါ။ အတိုက်အခံ ဘက်တော်သားလဲ မဟုတ်ရပါ။ သမ္မတကြီး ဦးသိန်းစိန်နှင့် အန်တီစုတို့၏ ပူးပေါင်း လုပ်ဆောင်မှုများကို အမြဲတမ်းအားပေးနေသူပါ။ သမ္မတကြီးနှင့် အန်တီစုတို့ သည်လည်း ပညာရေးခေတ်မှီ တိုးတက်အောင်ဆောင်ရွက်နေ စဉ်လက်အောက်မှ လုပ်ဆောင်ကြသောဆရာ၊ ဆရာမသည်လည်း မိမိတာဝန်ကိုမိမိကျေပွန်အောင် ထမ်းဆောင်ကြမှသာလျှင် ပညာရေးသည် အမှန်တကယ်ခေတ်မှီ တိုးတက် မည်ဖြစ်ပါသည်။ ရှေ့မှလူကြီးများက လမ်းကြောင်းဖြောင့်အာင် သွားနေ စဉ် နောက်မှလိုက် သောသူများက လမ်းကြောင်း အကောက် လိုက်လျှင် ရည်မှန်းချက် ပန်းတိုင်ကို လွယ်ကူစွာ ရောက်မည်မဟုတ်ပါ။ ထို့ အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင် ဖို့ လိုအပ်ပါသည်။
ကျမအသိကျောင်းသားမိဘတစ်ယောက်ပြောဖူးတယ်။ "ဆရာမရယ်သားကို ကျောင်းသာ လွှတ်ရတယ်။ ဆရာ မလာရတာနဲ့၊ လာတဲ့ဆရာကလဲ စာသိပ်မသင်တာနဲ့ ကျမတို့ လဲ ဘယ်လို လုပ်ရပါ့ မလဲကို မသိပါဘူးတော်"ဟုပြောခဲ့ဖူးပါသည်။ အဲ့ဒီတုန်းကတောင် စဉ်းစား မိတယ်။ တချို့  ဆရာက ခွင့်ပြန်တာတို့ ဘာတို့ ဆို အစားဆရာတစ်ယောက် ၀င်ရတယ်။ အစားဝင်ပေး ရတယ် ဆိုတာ ကလဲ ကိုယ့်အချိန်ကိုယ် အပျက်ခံပြီးဝင်ရခြင်း မဟုတ်ပါ။ ကိုယ့်အချိန်လဲသင်၊ သူများ အချိန်လဲ ၀င်သင်ပေးရ တာပေါ့။ အဲ့ဒီမှာအခုဖြစ်သွားတဲ့ ဆရာမ လိုခွင့်ရက်တွေ အများကြီး ကျော်လွန်ပြီး နေမယ်ဆိုရင် သူ့ အစားဝင်သင်ပေးရတဲ့သူက ကောကြာလာရင် ဘယ်လုပ်ပြီး လုပ်ပေး ချင် ပါတော့မလဲ။ အဲ့တာတွေကို အခုလိုခွင့်ပြန် နောက်ကျတဲ့ ဆရာမဒေါ်စိုးစိုးခိုင် သေချာ စဉ်းစားသင့်တယ်။


နောက်ပြီးအခုဖြစ်စဉ်ကို ခေါင်းစဉ်တပ်တာက ၈၈၈၈ငွေရတု ပွဲတက်လို့  ဆိုပြီးတော့ ခေါင်းစဉ် တပ်ထား တာတွေ့ ရပါတယ်။ တကယ်ကတော့ ကျမထင်တာ မဆိုင်ဘူး ထင်တယ်။ ကျမလဲ ၈၈၈၈ ငွေရတုပွဲမှာ ဒံပေါက်တောင် သွားစားကြသေးတယ်။ နောက်ပြီး ကိုမင်းကိုနိုင် တို့ စကားပြော တာ တွေတောင် နားထောင်ခဲ့ ပါသေးတယ်။ ကျမတစ်ယောက် ထဲမဟုတ်ပါ။ ကျမ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေလဲပါပါတယ်။ ၈၈၈၈ ငွေရတုပွဲတက် လို့ အလုပ်ဖြုတ်ကြေးဆိုရင် ကျမ တို့ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး အလုပ်ဖြုတ်ခံရ မှာပေါ့။ အဲ့ဒီလို မဆိုင်ရာကို ခေါင်းစဉ် တက်တာ ကတော့ ၈၈၈၈ ငွေရတုပွဲ ကိုကော၊ အဲ့ဒီဆရာမကို ခွင့်ရက် ကျော်လို့ အနားပေး လိုက်တဲ့ သူတွေအတွက်ကော မကောင်း ဖြစ်သွားစေ ပါတယ်။ ကျမတို့  မြန်မာစကားပုံ လိုပေါ့။ "ထန်းသီးကြွေခိုက်၊ကျီးနင်းလိုက်ဆို သလို" သူ့ဟာ သူခွင့်ရက်တွေ ကျော်လွန်ပြီး ၀န်ထမ်း စည်းကမ်း ဖောက်ဖျက်တာ ၈၈၈၈ ပွဲနဲ့  တိုက်သွားတော့ အံဝင် ဂွင်ကျဖြစ်သွား တာပေါ့။

ကျမအနေနဲ့ ဆရာမအချင်းချင်း ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါ။ကျမလဲ ၀န်ထမ်း တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေရင်းခွင့် ရရင်ပြန်ဖြစ်ပါတယ်။ ခွင့်ရက် စေ့လို့ ပြန်ခါ နီးဆို ပြန်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးရတာ။ ခွင့်ရက်ကျော်မှာ စိုးရိမ်လို့ ပါ။ ခွင့် ရက် ကျော်လွန် တာထက် ကျမတပည့်လေးတွေနဲ့ ကျမပြန်မရောက်ရင် ကျမအစားဝင်ပေး မယ့် ဆရာ/ ဆရာမ တွေရဲ့  စိတ်တွေကို တွေးရင်းနဲ့ အချိန်မှန် ရောက်အောင်ပြန်ရတာပါပဲ။ ကျမတို့လိုကျောင်း ဆရာမ၀န်ထမ်းတွေ တင်မဟုတ်ပါဘူး။ ၀န်ထမ်းတိုင်းမှာ တာဝန်ချိန် ပျက်ကွက်ရင် ဘာဖြစ်တယ် ဆိုတာ သူ့ စည်းကမ်းနဲ့ သူ၊ သူ့ စည်းမျဉ်းနဲ့ သူ ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဆိုပိုတောင် ဆိုးပါတယ်။ အခန့် မသင့်ရင်သေဒဏ်တောင် ကျနိုင်တဲ့ တာဝန်ချိန် ပျက်ကွက်မှု စည်းကမ်းတွေ ရှိပါတယ်။ ကျမတို့ နိုင်ငံသားတွေ အတွက် လဲ စိတ်မကောင်းတာ တစ်ခုက တစ်ခုခုဖြစ်ပြီ ဆိုဘယ်လို လုပ်စားမလဲ၊ ဘယ်လိုအကြောင်း ပြရမလဲဆိုတာပဲတွေးတတ်ကြပြီး ပြသနာကို ရဲရဲ တင်းတင်း ဖြေရှင်းဖို့ ဝန်လေးနေတတ်ကြ ပါတယ်။ အဲ့လိုတွေကြောင့်လဲ အခုလိုတွေဖြစ်နေ တယ်လို့ ထင်ပါတယ်။
ကျမအနေနဲ့ အခုပြောချင်တာကတော့ အဲ့ဒီခွင့်ကျော်လွန် နေထိုင်ပြီး ၈၈၈၈ငွေရတုပွဲ တက်လို့ ဆိုပြီး ခေါင်းစဉ်တက်ထားတဲ့ ဆရာမဒေါ်စိုးစိုးခိုင် အနေနဲ့ ကိုယ့် တာဝန်ကို ကိုယ်တိုင် ဖြေရှင်းသင့်ပါတယ်။ ဆရာမအတွက် ၈၈၈၈ ငွေရတုပွဲကိုလဲ အကျည်းမတန် စေချင်ပါ။ ပညာရေးဝန်ကြီးဌာနကိုလဲ တောင်းဆိုချင်တာ ကတော့ နောင်လဲ စည်းကမ်း မလိုက်နာတဲ့သူ ဆိုလျှင် စာရေးသူ ကျမကစပြီး ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆိုပါရစေရှင်။ သို့ မှသာလျှင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ လျှက်ရှိတဲ့ ပညာရေး စနစ်သည်လဲ အမှန်တကယ် ထိရောက် မည်ဖြစ်ပါသည်။ ဒေါ်စိုးစိုးခိုင်အနေဖြင့် လဲ ကိုယ့် တာဝန် ကိုယ်ယူနိုင်သော ၀န်ထမ်းကောင်း တစ်ယောက် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ဒေါ်ခင်နွယ်ဦး(အ.ထ.ပြ)
အမှတ်( )၊အခြေခံပညာအထက်တန်းကျောင်း၊
ရန်ကုန်တိုင်းဒေသကြီး။


Myanmar News Update

မှတ်ချက်။ ။ပေးပို့ ဆရာမ၏ ကျောင်းအမှတ်နှင့် မြို့ နယ်များကိုလိုအပ်ချက် အရဖြုတ်ထားပေး ပါသည်။

FACEBOOK ရှိ ၀ါဒဖြန့်နေသော အကောင့်များ၏ အချက်အလက်များကို အစိုးရမှတောင်းဆိုတော့မည်


ဖေ့စ်ဘွတ်ခ်ပေါ်တွင် မဟုတ်မမှန်ဝါဒဖြန့်သူများနှင့် နိုင်ငံတော်နှင့် အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်သော account များ၏ အချက်အလက်အချို့ကို ဖေ့စ်ဘွတ်ခ် ထံမှ တောင်းဆို သွားတော့မည်ဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းမှသိရသည်။


အမေရိကန် နိုင်ငံသားများနှင့် အခြားနိုင်ငံများမှသူများကို အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) က ထောက် လှမ်းရာ၌ ၎င်းတို့ ပူးပေါင်းပါဝင်ခဲ့သည့် အကြောင်းကို ဖေ့စ်ဘွတ်ခ်က ထုတ်ဖော် ပြောကြား လိုက်ပြီးနောက် ကမ္ဘာ့ထိပ်တန်း လူမှုကွန်ရက် ဖြစ်လာ သည့် ဖေ့စ်ဘွတ်ခ်မှာ အစိုးရအာဏာ ပိုင်များ ပစ်မှတ်ထားသည့် နေရာ တစ်ခု ဖြစ်လာသည်ကို တွေ့ရသည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် အစိုးရများမှတောင်းဆိုသည့် အချက်အလက် အမျိုးအစား များနှင့်ပတ်သက်ပြီး အသေးစိတ်ဖော်ပြ ထားခြင်းမရှိသကဲ့သို့ မည်သည့်အချက် အလက် အမျိုးအစားမျိုးကို ကုမ္ပဏီက လွှဲပြောင်းပေးလိုက်ကြောင်းလည်း မပါ ရှိပေ။

"အချက်အလက် တောင်းဆိုမှုတွေ နဲ့ပတ်သက်လို့ တိကျတဲ့ အကြိမ်ရေနဲ့ အမျိုးအစားတွေ အပါအ၀င် ဒီထက်ပို အသေးစိတ်ဖော်ပြပေးနိုင်အောင် အမေ ရိကန်အစိုးရကို ဆက်ပြီးတောင်းဆို သွားမှာပါ" ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ပြောကြားခဲ့သည်။

တူရကီဝန်ကြီးချုပ် ရီဆက်ပ်တေရစ်ပ် အာဒိုဂန်က လူမှုကွန်ရက် မီဒီယာကို "လူ့အဖွဲ့အစည်းအတွက် အဆိုးဆုံး အန္တရာယ်" ဟု ပြောကြားခဲ့သည်။

တူရကီအစိုးရက သုံးစွဲသူ ၁၇၀ ၏အချက်အလက်များကို သိရှိနိုင်ရန် ၉၆ ကြိမ်တောင်းဆိုခဲ့ပြီး ဖေ့စ်ဘွတ်ခ် က ယင်းတောင်းဆိုမှု၏ ၄၇ ရာခိုင်နှုန်း ကိုခွင့်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံက သတင်းအချက် အလက် တောင်းဆိုရာ၌ ဒုတိယအများ ဆုံးနိုင်ငံဖြစ်ပြီး သုံးစွဲသူ ၄,၁၄၄ ဦး၏အချက်အလက်များကို သိရန် ၃,၂၄၅ ကြိမ် တောင်းဆိုခဲ့ရာ ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ခွင့်ပြုပေး ခဲ့သည်။ ဗြိတိန်အာဏာပိုင်များ၏ သုံးစွဲသူ ၂,၃၃၇ ဦး၏ အချက်အလက် အသေးစိတ် တောင်း ဆိုမှုတွင် ဖေ့စ်ဘွတ်ခ် က ၆၈ ရာခိုင်နှုန်း ကို ခွင့်ပြုခဲ့သည်။

နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရန် မဟုတ်မမှန်ဝါဒဖြန့်လျှက်ရှိသည့် ခွန်ဒီးယမ်၊ မိုးဇေညိမ်း အစရှိသူတို့၏ အကောင့်များတွင် တင်ထားသည့် နိုင်ငံတော်သမ္မတအား စော်ကားထားသည့် ပုံများအားတွေ့ရစဉ်



MYANMAR NEWS UPDATES


AIDS ရောဂါရှိသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်း ကောက်ယူသွားမည်





AIDS ရောဂါရှင်များ၏ HIV ပိုး ကူးစက်ခံရပြီးနောက်


လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့လာရသော အခြေအနေ၊ အခက်အခဲများကို လေ့လာသိရှိနိုင်စေရန် မြန်မာ တစ်နိုင်ငံလုံးတွင် လာမည့် အောက်တိုဘာ လလယ်မှ စတင်ကာ စစ်တမ်းများ ကောက်ယူသွားမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ထုတ်ပြန်ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။ ထိုသို့ UNDP မှနေ၍ HIV ရောဂါပိုး ကူးစက်ခံရသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့် အတူ လူထုအခြေပြု လူမှုရေးအဖွဲ့ အစည်းများနှင့် ပညာရေး အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီကာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

စစ်တမ်းကောက်ရာတွင် AIDS ရောဂါရှင်များ၏ ကျန်းမာရေး၊ ပညာရေး၊ အနေအထိုင်၊ အစားအသောက်၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှု၊ ဆေးကုသခံယူမှုနှင့် ရရှိသောအကူအညီ၊ အထောက်အပံ့များ၊ စောင့်ရှောက်ခံ ရမှုများ အစရှိသော အခြေအနေများနှင့် ပတ်သက်သော အချက်အလက်များကို ပြည့်ပြည့်စုံစုံ လေ့လာ ဆန်းစစ်သွားနိုင်စေရန် ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ် ပြီး မြန်မာနိုင်ငံထက်အရင် အာရှ နိုင်ငံတချို့တွင် ဆောင်ရွက်ခဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ဗျူဟာများအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းများအရ AIDS ရောဂါရှင်များနှင့် ၎င်းတို့ မိသားစုများ ရင်ဆိုင် ကြုံတွေ့ကြရသော အခက် အခဲများကို ပိုမိုနားလည် လာနိုင်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူမှုရေးအရ ကာကွယ် စောင့်ရှောက် ရေးပိုင်းဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်သော အမျိုးသားရေး နည်းဗျူဟာများကို အကောင်အထည်ဖော်လာ နိုင်လိမ့်မည် ဖြစ်ကြောင်း UNDP မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သော ၂ဝ၁၂ ခုနှစ်က UNDP မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူများ အကြောင်း အကြိုလေ့လာ သုံးသပ်ရာ၌ ရောဂါရှင် ၁ဝ ဦးတွင် ရှစ်ဦးခန့်သည် ၎င်းတို့၏ မိသားစုများအတွက် ဝန်ထုပ် ဝန်ပိုးသဖွယ် ဖြစ်နေကြောင်း သိရသည်။

အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသူများကို အရေးယူမည်



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းနေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်းသို့ အပ်နှံခြင်းနှင့် အသက် ၁၈ နှစ် အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်ထိန်းသိမ်းစေခြင်း ဖြစ်သည်ဟု သိရသည်။ ယခုအခါ ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် ယခင်ထိန်းသိမ်း လူဦးရေ ၃၀ ကျော်မှ ယခုအခါ ၁၀၀ ကျော်အထိ ဖြစ်လာကြောင်း၊ အဆိုပါ တောင်းရမ်းသူများအား နှစ်သိမ့်ဆွေးနွေးခြင်း၊ တောင်းရမ်းစားသောက်ခြင်း မပြုရန် ပညာပေးခြင်းတို့ကို ပြုလုပ်ပြီး ပြန်လွှတ်ပေးသည်ဟု သိရသည်။

"ပထမအကြိမ်တော့ ခေါ်ဆောင်ထိန်းသိမ်းမယ်။ နှစ်သိမ့်ပညာပေး ဆွေးနွေးပြီးတော့ ပြန်လွှတ်ပေးမယ်။ အဲဒီလို ပြန်လွှတ်ပေးပြီးမှ နောက်တစ်ကြိမ် ပြန်တောင်းရင်တော့ ဥပဒေနှင့်အညီ အရေးယူမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရေးယူရာ၌ အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက်သူများ ဖြစ်ပါက ၎င်းတို့အား အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိဘထံ ပြန်လည်အပ်နှံပြီးသူများ ပြန်လည်တောင်းရမ်းခြင်းမျိုး ဖြစ်ပါက တောင်းရမ်းသူများကို အရေးမယူဘဲ မိဘအား အရေးယူမည်ဟု သိရသည်။

By Eleven

သုတ်ကောင် မထုတ်နိုင်သည့် အမျိုးသားများ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား



သုက်ကောင် မထုတ်နိုင်တဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှု အရ တွေ့ရှိထားပါ တယ်။ အသက် ၃၀ မတိုင်ခင် သုက်ရည်ထဲ သုက်ကောင် မပါဝင်လာတဲ့ အမျိုးသားတွေဟာ ကင်ဆာ ဖြစ်နိုင်ခြေ ရှစ်ဆ ပိုမို မြင့်မားတယ် လို့ သိရပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေဟာ မိမိ အသက်အရွယ်ထက် ၁၀ နှစ်ခန့် ကြီးသူတွေနဲ့ တူညီတယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံမှာ ကလေးမရတဲ့ အမျိုးသားတွေနဲ့ သုက်ကောင် မပါဝင်တဲ့ အမျိုးသားတွေ များပြားကြတယ်လို့ သိရပါတယ်။ အမေရိကန် အမျိုးသား လေးသန်းခန့် ရှိကြပြီး အသက် ၁၄ နှစ် မှ ၂၅နှစ် အရွယ် တွေမှာ ၁၅ ရာခိုင်နှုန်းခန့်ဟာ ကလေးမရ နေနိုင်ဘူးလို့ သိရပါ တယ်။ တခြား လေ့လာမှုတွေ အရလည်း အမျိုးသားတွေမှာ ကလေး မရနိုင်တာဟာ ဝှေးစေ့ကင်ဆာနဲ့ ဆက်စပ်မှု ရှိတယ်လို့ တွေ့ရှိထားပါတယ်။ သုက်ကောင် မထွက်ရတဲ့ အကြောင်းရင်း နှစ်မျိုး ရှိပါတယ်။

သုက်ကောင်ထွက်ရာ လမ်းကြောင်း ပိတ်ဆို့နေတာကြောင့် ဖြစ်ပြီး နောက်တစ်မျိုးက ဝှေးစေ့က သုက်ကောင် လုံလုံလောက်လောက် မထွက်နိုင်တာကြောင့်လို့ သိရ ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကလေးမရနိုင်တဲ့ အမျိုးသားပေါင်း ၂၂၃၈ ယောက်ထဲမှ ၂၉ ယောက်ဟာ ၅ ဒသမ ၈ နှစ် အတွင်း ကင်ဆာ ဖြစ်သွားတယ်လို့ သိရပါတယ်။ ဦးနှောက်၊ ဆီးကျိတ်၊ အစာအိမ်၊ မှဲ့၊ Lymp အကျိတ်၊ ဝှေးစေ့နဲ့ အူလမ်းကြောင်း ဆိုင်ရာ ကင်ဆာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မျိုးရိုးဗီဇကြောင့် သုက်ရည်ထဲ သုက်ကောင် မပါလာတာ ဖြစ်ပြီး ကင်ဆာဖြစ်ဖို့ အန္တရာယ် အလွန် များတယ်လို့ သိရပါတယ်။ မိမိရဲ့ သုက်ရည်မှာ သုက်ကောင် မပါနိုင်မှန်း စောစောစီးစီး သိရှိပြီး ဆေးကုသမှု ခံယူရင် ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျသွားတယ်လို့ သုတေသီတွေက ပြောကြားပါတယ်။

Good Healths

ကားစောင့်နေတာလား - ပန်ခြံထဲရောက်နေတာလား



လန်ဒန်မှာ ရှိတဲ့ ဘတ်စ် ကားမှတ်တိုင် တစ်ခုပါ။ သူတို့ နိုင်ငံမှာ လုပ်ထားတဲ့ ဘတ်စ်ကား မှတ်တိုင်ကလည်း အလန်းဇယားဗျ။

ကြိုးပုခတ်လေးတွေကို မှတ်တိုင်မှာ ထားရင်း စောင့်နေရတဲ့ ခရီးသည် တွေရဲ့ စိတ်ကို သက်သာရာ ရအောင် ဖန်တီးထားပုံပါပဲ။

မြန်မာနိုင်ငံမှာ ဆိုရင်တော့ အလုအယက် ၀င်လုနေဦးမယ်လို့ ကြိမ်းသေ ပြောရဲတယ်။ သူတို့ နိုင်ငံရဲ့ ကားမှတ်တိုင်မှာ က စောင့်နေတဲ့ လူတွေ အများကြီး မှ မရှိတာ။

ခရီးသည်ကို အဓိက ထားတဲ့ သူတို့ နိုင်ငံက စိတ်ဓါတ်ကိုလည်း ချီးမကျူးပဲ မနေနိုင်အောင်ပါပဲ။

ပန်းခြံ မဟုတ်ဘူးနော်... ဘတ်စ်ကားမှတ်တိုင်... =D


Kaung Zay Yan
(Discoveries Myanmar)

စွန့်စားလိုစိတ်ရှိသော အမျိုးသမီးများ လိင် စိတ်ပြင်းထန်ကြောင်းလေ့လာတွေ့ ရှိ



စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြစွာ ဆောင်ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။
ရှီကားဂိုး တက္ကသိုလ်မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။
ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည် အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။
ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို အမျိုးသမီးများသည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကြောင်း ပညာရှင်များက ဆိုသည်။
ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော စိတ်သည် လိင်မှု ဘ၀တွင်ပါ အကျုံးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ

 
တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။
ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)
ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)
ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။
ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။
အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)
အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။
သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား




ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်၌ သြဂုတ် ၃၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်သွားကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ကော်မတီရေးရာဆောင်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သက်၍ ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ တချို့ဥပဒေတွေက လိုက်နာဖို့ ခက်တဲ့ဟာတွေဆိုတော့ အလိုလို ဥပဒေချိုးဖောက် ဖြစ်သွားတာပေါ့။ အဲဒါတွေကို ပြုပြင်ခြင်းအားဖြင့် လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုနိုင်မယ်'' ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုသို့ ဖြစ်နေမှုများကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်တွင်း၌ အဆိုတင်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

''ဆန္ဒပြမှုတွေကတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိနေမှာပဲ။ အဲဒီတော့ အခုဟာက ဆန္ဒပြခွင့်ဥပဒေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်ဆိုတာကို အန်တီတို့ လွှတ်တော် ကိုယ်စားလှယ်တွေက လက်ခံထားပြီးသား ဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း အန်တီတို့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်ကလည်း ဒီကိစ္စကို အဆိုတင်သွင်းဖို့ လုပ်ထားတယ်။ လာမယ့် အစည်းအဝေးမှာ ဒီအစီအစဉ် ပါလာမယ်လို့ ထင်ပါတယ်။ စည်းမျဉ်းစည်းကမ်း တွေကိုက လိုအပ်ချက်တွေ ရှိနေတဲ့ အခါကျတော့ တရားမ၀င် ဆန္ဒပြမှုတွေအဖြစ် ရောက်ရောက် သွားကြတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။



သြဂုတ် ၂၇ ရက်က ပုဒ်မ (၁၈) ဖျက်သိမ်းပေးရေး အတွက် ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ- မျိုးမြင့်အောင်)

လက်ရှိတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံ နေရသူများ ရှိနေပြီး ယင်းဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေသည်ဟု သိရသည်။

လွှတ်တော်တွင်း ဥပဒေပြုရေးနှင့် ပတ်သက်၍ အချိန်ကြာမြင့်သည်ဟု ပြောဆိုကြသကဲ့သို့ မြန်လွန်းကြောင်း၊ နောင်ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ရခြင်းကို မလိုလားအပ်ဟု ထင်မြင်သုံးသပ် သူများလည်း ရှိကြောင်း၊ လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူများအပေါ် အကျိုးသက်ရောက်မှု ရှိစေရန်မှာ အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။

ထို့အပြင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းသည် အဓိကဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်သူများ အားလုံးကလည်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ နိုင်ခဲ့သည့် ဥပဒေ ၁၆ ခုရှိခဲ့သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံ





ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဦးကျော်ကျော်ဝင်းတို့လည်း ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အချင်းချင်း အပြန်အလှန် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ယင်းအပေါ် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် ကုလသမဂ္ဂမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားနိုင်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားသည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး လွှတ်တော်ရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗီဂျေးနမ်ဘီးယားသည် ယခုအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ မြစ်ကြီးနားမြို့ရှိ မြို့ခံပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ လိုင်ဇာရှိ ကေအိုင်အို ဌာနချုပ်သို့ သွားရောက်ခြင်းများ ပြုလုပ်ခဲ့သည်။

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ


.
မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားကနေ မနက် ၁၀နာရီလောက်ကနေ ထွက်ခွာခဲ့ပြီး မန္တလေးကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ညနေ ၃နာရီလောက်မှာတော့ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ပါတယ်။
မိတ္ထီလာမြို့မှာတော့ ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ မိတ္ထီလာခရိုင်အုပ်ချုပ်မှုး ဦးတင်မောင်စိုးက ပြောပါတယ်။

"ရတနာမောင်ရပ်ကွက်ထဲက ဘင်္ဂလီဗလီရှိတယ်။ နောက် ရန်လင်းအောင်နဲ့ မင်္ဂလာဇေရုံနားက မီးလောင်သွားတဲ့ အာရဗီကျောင်း ရှိတယ်။ နောက် ချမ်းအေးဗလီရှိတယ်။ နောက်ကျနော်တို့ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း၊ အင်ကုန်း အဲ့တာရှိတယ်။ နောက် ဆက်သွယ်ရေးရိပ်သာမှာ ဘာသာပေါင်းစုံနဲ့ တွေ့ဆုံ တယ်။ ဆွေးနွေးတာကတော့ အားလုံး အတူတကွနေတာမြင်ရတာ သူလည်းဝမ်းသာတယ်လို့ပြောတယ်။ "

မိထ္ထီလာမြို့မှာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုနဲ့ အစ္စလာမ်ဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုရှိတာ ဖြစ်ပြီး ဗုဒ္ဓဘာသာစခန်းတွေမှာ လူငါးရာလောက်နဲ့ အစ္စလာမ်ဘာသာ စခန်းတွေမှာတော့ လူသုံးထောင်လောက်ရှိနေတာဖြစ်ပါတယ်။

မစ္စတာနမ်ဘီးယားမှာ ဒီကနေ့ညနေငါးနာရီခွဲမှာတော့
မိတီလာမြို့ကနေ နေပြည်တော်ကို ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိပြီး ပြည်နယ်အစိုးရ အပါအ၀င် ဘာသာရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့သလို မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာကိုလည်း သွားရောက်ပြီး လိုင်ဇာဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
KIO ဌာနချုပ်လိုင်ဇာကိုလာရောက်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေနဲ့ IDPလို့ ခေါ်ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အခြေအနေကို လာရောက်လေ့လာတဲ့သဘောလို့ KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

"မေလ ၂၈၊ ၃၀က ယူအန်ကိုယ်စားလှယ်ပါပြီးတော့ ကျနော်တို့ ခုနှစ်ချက် သဘောတူညီချက်ပေါ့နော်။ သဘောတူညီထားတဲ့ဆိုတော့ အဲ့ဒီ့နောက်ဆက်တွဲအနေနဲ့ ဘယ်အဆင့်အထိ ပြင်ဆင်မှုတွေရှိပြီလဲပေါ့။ တိုးတက်မှု ဘယ်လောက်အထိ ရှိပြီလဲဆိုတာ သူလည်း သိချင်တဲ့ သဘောပေါ့။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို အခုညှိနှိုင်းဆွေးနွေးရေးခြေလှမ်း ကို ရှေ့ကို ပိုပြီးတော့ သွားစေချင်တယ်။ ဆိုတော့ သူတို့ရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ပိုပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ပြီးတော့ ရှေ့ဆက်သွားမယ့်ဟာတွေကိုလည်း ကြားအနှောင့်အယှက်တွေကြောင့် မရပ်သွားစေချင်ဘူး။ ပြီးတော့ ဒုက္ခသည်တွေကို စိုးရိမ်ပူပင်မိတဲ့အတွက် ကူညီထောက်ပံ့မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကူညီထောက်ပံ့နိုင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေပေါ့။ ဆိုတော့ အားလုံးခြုံငုံလာတဲ့သဘောပါ။"

မစ္စတာနမ်ဘီယားဟာ မေလ ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့ ဆွေးနွေးပွဲ ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။

သူ့ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့သုံးသပ်တာကတော့ ဘာပဲဖြစ်ဖြစ်လေ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခုလို လာတွေ့တယ်ဆိုတော့ ကျနော်တို့ အများကြီး ရှေ့ဆက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ။ အဲ့တာနဲ့ပတ်သက်ပြီးတော့မှ အလားအလာကောင်းတယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်။"

မစ္စတာနမ်ဘီးယားရဲ့ မိတ္ထီလာ ခရီးစဉ်မှာတော့ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် အတော်များများ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ခရီးစဉ်မှာတော့ KIO ဌာနချုပ်လိုင်ဇာကို သွားရောက်ခွင့် မရခဲ့သလို မိတ္ထီလာမှာ လူထုက ဆနပြခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်မလေ့လာနိုင်ခဲ့ပါဘူး။

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်



ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။
''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ သူတွေကို ရွေးချယ်ပြီးတော့ စက်တင်ဘာလမှာ သင်တန်းပေးပြီး ခန့်အပ်သွားမယ်။ ဒါ့အပြင် နောက်လမှာ ရဲဗဟို လေ့ကျင့်ရေး ကျောင်းကနေ သင်တန်းဆင်းမယ့် ဒုရဲအုပ် ရဲမေတွေထဲက ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှုပေးဖို့ စိတ်ဓာတ် အမှန်တကယ်ရှိတဲ့ ရဲမေအယောက် လေးဆယ်ကိုလည်း ခန့်သွားဖို့ စီစဉ်နေပါ တယ်'' ဟု ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။
စက်တင်ဘာလ အတွင်း သင်တန်းပေးသွားမည့် ရဲမေများမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ၊ အရပ်ငါးပေ လေးလက်မ အနည်းဆုံးရှိသူ၊ အိမ်ထောင်မရှိသူ၊ မျက်မှန်တပ်ဆင် မထားသူ၊ ရုပ်ရည်အသင့် အတင့်ရှိသူ စသည်တို့နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရသည်။
ရုပ်ရည်ချောမော ပြေပြစ်သည့် ရဲမေများကို ဦးစားပေး ခန့်သွားမည်နှင့် ပတ်သက်၍ ရဲမှူးကြီးကျော်ထွေးက ''အဓိကကတော့ နေ့စဉ် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လမ်း အသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ လမ်းလျှောက်သူတွေ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသည်။
ဖွဲ့စည်းပုံ အသစ်အရ ရဲမေအင်အား ၆၀၀ ကျော် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိအင်အားမှာ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

အမေရိကန်-မြန်မာ ကာကွယ်ရေးဝန်ကြီး သီးခြားတွေ့ဆုံ


.
အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ သြဂုတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြ တာပါ။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌတာဝန် ရယူမယ့်အပေါ် သူ့အနေနဲ့ ထောက်ခံတဲ့အကြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ အတွက် ပြင်ဆင် လုပ်ဆောင်တာတွေမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးကူညီသွားဖို့ မျှော်လင့်ထားကြောင်း မစ္စတာဟေဂဲလ်က ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ပြောခဲ့တယ် လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးအကြား သီးခြားတွေ့ဆုံတာမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း မရှိခဲ့ဖူး ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ပြောင်းလဲမှု တွေရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အိုဘားမားအစိုးရရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဖြစ်သလို မြန်မာနိုင်ငံ မှာ ဖော်ဆောင်နေတဲ့ အပြောင်းအလဲတွေနဲ့ လူ့အခွင့်အရေးပိုင်း တိုးတက်မှုတွေကို အသိအမှတ်ပြုတာလည်းဖြစ်တယ်လို့ အဲဒီ အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဆက်ပြီးရသွားဖို့ အရေးကြီးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အရေးကြီးတယ်ဆိုတာတွေကို မစ္စတာဟေဂဲလ်က ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့တယ်လို့လည်း ပန်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျော့ဂ်ျ လစ်တဲလ် (George Little) ကပြောပါ တယ်။

အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို မြန်မာ စစ်ဘက်က ထောက်ခံအားပေးတဲ့အပေါ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်က ချီးကျူးပြောဆိုသလို ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ကိုလည်း အားပေး တိုက်တွန်းခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေလေ့လာရေး အင်စတီကျူ (DIILS) နဲ့ မြန်မာ့ တပ်မတော်တို့ ပူးတွဲပြီး ဥပဒေရေးရာဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရေတပ်က ရေတပ် ဗိုလ်မှူးကြီး Captain ရောဘတ်တ် ဆန်းဒါးစ် (Robert Sanders) က ဦးဆောင်ပြီး စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာစစ်ဘက်က အရာရှိ ၂၀ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်ရဲ့ တာဝန်ဝတ္တရား စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။

၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြောက်






လစ်လပ်မဲ ဆန္ဒ နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ များ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ လွှတ်တော်ကိုယ်စား လှယ်များအား ပြန်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ပြု ရန် ဆိုခြင်းသည် စဉ်းစားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒါက လွှတ်တော်မှာ ပါလာပြီးပြီး မကြာခင်ကာ လတုန်းက လစ်လပ် နေတဲ့  မြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကို လုပ်ဖို့  ၊အဲဒါကို ကြတော့ လုပ်ဖို့ မလို သေးဘူး လို့ ပြောတယ်လေ လုပ်ဖို့ အစီိအစဉ် မရှိဘူးဆိုတော့ အဲဒီနေရာတွေ မှာ ပြန်ပြီး အစားထိုးဖို့ လစ်ဟင်း နေတဲ့ နေရာ တွေ မှာ အစားထိုးဖို့ တောင်မှ အမြန် လုပ်ဖို့ မလို ဘူးဆိုရင် ဒီကိစ္စ ကို ဘာလို့  ၃ လတောင်မှ ဘာလို့ မစောင့် စားနိုင် အမြန် လုပ်ချင်ရာ ဖို့ ရာ ဘာ အကြောင်းရှိမလဲဆိုတာ ဒါနည်းနည်းစဉ်းစားရမှာ ပေါ့ ” ဟု ၎င်း ကပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီက လေ့လာ တွေ့ ရှိချက် များကိုဒီဇင်ဘာ လအတွင်း ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်း ခြင်း ပုဒ်မအပါအ၀င် အစီရင်ခံစာ တင်ပြရမည်ဖြစ်၍ အချိန် ကာ လ ၃ လခန့် ကို မစောင့်စားနိုင်ဘဲ မည်သည့် အတွက် ကြောင့် လုပ်ခြင်းသည်ကိုမေးမြန်းလို ကြောင်း ၎င်း ကပြောသည်။“အခုဒီလိုဆိုင်းငံ့ထားတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီ ဘူး လို့  ထင်လို့ ချင်ရင်၊ဒါထင်တဲ့ အတိုင်းပြောလို့ ရပါတယ်။

ပြောချင် တဲ့ အဖွဲ့  အစည်းက ကျွန်မတို့ လွှတ်တော် အတွင်း ကတော့ ဒီဟာလုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အမြင်နဲ့ ဆုံး ဖြတ်လိုက်တာပဲ ။လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒါကို သဘောတူလိုက်တာပဲ။ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာရေးကော်မတီက ဒီကိစ္စကို ကိုင်တွယ် တဲ့ အထိစောင့်လိုက်ပါဆိုတာ အန်တီ အမြင်မှာ တော့ ဒါစဉ်းစဉ်း စားစား လုပ်တဲ့ ကိစ္စပဲ ကမှန်းကတမ်းကြီး ဘာဖြစ်လို့ လုပ်ဖို့ က ဘာဖြစ်လို့  လို သလဲ ဆိုတာလဲ မေးစရာရှိတာပေါ့ ။ဘာဖြစ်လို့ ဒီလောက်အမြန် ကြီးလုပ်ချင်တာလဲ။ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မရှင်ကနေ ဒီဇင်ဘာ မကုန်မှီ အစီရင် ခံစာ တင်ရမယ်လို့ ဆုံးဖြတ်ထားတယ်လေ”ဟု ၎င်း ကပြောသည်။

ပထမအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ အစည်းအဝေး ပြီးဆုံးပြီး မွန်းလွဲ (၁၃း၀၀) နာရီတွင်ပြည်သူလွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် မီဒီယာများနှင့် လွှတ်တော်ရုံး အမှတ်I-12 တွင် တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။“အဲ့လွှတ်တော်ထဲမှာ ဆွေးနွေး တုန်းက ဆိုရင် လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်က ပြန်ပြီး တော့ ဖြေသွားတာတွေရှိတယ်ဦးမောင်တိုး ပြောတဲ့ကိစ္စ ကတော့ အဓိက ကတော့ သိပ် မတည်မငြိမ်မှု တွေ ဖြစ်မယ်ပေါ့။ တစ် ရာခိုင်နှုန်းကို ရှုံးသွားတဲ့သူကနိုင်သွားတဲ့သူကို မကျေနပ်လို့ အကြောင်းရှာ ပြီးတော့ ဒီလိုပြန်ပြီးတော့ ရုပ်သိမ်းဖို့ ဟာကို တင်နိုင်တယ်။

နောက် ဦးဘရှိန် ပြောသွားတဲ့ဟာမှာ ဆိုရင် ဒီလို ဟာတွေကို ခွင့်ပြုထားမယ်ဆိုရင်တောင် အကုန် အကျတွေ ဘယ်လောက်တောင် များမလဲဆိုတာ စဉ်းစားကြည့်ပါဆိုတော့ တကယ်တော့ လဲ အဲဒါဟာ မှန်ပါတယ်။ ရွှေး ကောက်ပွဲ လဲ လုပ်ရဦး မယ်။နောက်ပြီး မှ အားလုံး တစ်ခါပြန်ပြီး တော့ လုပ်ရမယ်ဆိုရင်ဒါ Theory အရ ဆို ရင် အဲ လို ဖြစ်နိုင်တယ်နော် ။၁ရာခိုင်နှုန်း ဆိုတာသိပ်များတာလဲ မဟုတ်ဘူး တကယ်ကို တစ်ရာခိုင်နှုန်းက မကျေနပ်တာတွေလဲ ရှိနိုင်တာပဲ ” ဟု ၎င်းကပြောသည်။ ထို့ပြင် ၄င်းက " အဲဒါတွေ ဟို ဘက် ဒီဘက်ကို မီဒီယာတွေရဲ့ အလုပ်ကပေါ့နော် ၊အန်တီ အနေနဲ့ မြင်တာကသတင်းတွေကို ထည့်ယုံ တင်မကဘူး သတင်းတွေကို သုံးသပ်နိုင်တဲ့ အခြေအနေ မှာ လဲ ရှိတယ် ။အဲဒီတော့ မျှမျှ တတ သုံးသပ်ဖို့ လဲ လို တယ် " ဟု မီဒီယာများနှင့်ပတ်သက်၍ ထပ်လောင်းပြောသည်။ယင်းကိုယ်စားလှယ်အခွင့် အရေးများ ပြန်ရုပ်သိမ်းခြင်း ဥပဒေကို စောလျှင်စွာ ပြုပေးရန် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ကယ နေ့ တွင် ပြည်သူ့ လွှတ်တော်သို့ သ၀ဏ်လွှာပေးပိုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊မြိတ်မြို့ မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်၊ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၂) ကိုယ်စားလှယ်နှင့်မန္တလေး တိုင်း တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၄)ဦးတို့ကိုကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန်တိုင်းကြားထားကြောင်း ပါရှိသည်။




ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော






မ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီအဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း ဆောင် ရွက်ကြသည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

ဆီးရီးယားအား စစ်ရေး အရ ဝင်ရောက်ကျူးကျော်ခြင်း သည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုး ဖောက်ရာရောက်လိမ့်မည်ဟု ဖော် ပြခဲ့သည်။

ဤသို့လှုပ်ရှားဆောင်ရွက် မှုများသည် ဆိုးရွားမှုကို ဖြစ်ပေါ် စေပြီး မကြုံဖူးသေးသော၊ မမျှော် မှန်းသောအကျိုးဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဖော် ပြခဲ့သည်။ အီရတ်စစ်ပွဲမှာလည်း ကုလသမဂ္ဂသဘောတူညီမှုမပါ ဘဲ ထောက်လှမ်းရေးသတင်းများ ဖြင့် အဖျက်စွမ်းအားကြီးမား လျက်ရှိသည်ဟုဆိုကာ ဆက်ဒမ် ဟူစိန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ဂလိုဘယ်တိုင်းမ်သတင်း စာက ဝါရှင်တန်သည် ပြတ်သား သောနိုင်ငံရေးရည်မှန်းချက်မရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ရေး အရ အလောတကြီးအလျင်အ မြန်လုပ်ဆောင်မှုမှာ စိတ်ဓာတ် ရေးရာပျက်ပြားမှုကြောင့်ဖြစ်သည် ဟုဆိုသည်။

စစ်ရေးအရ တိုက်ခိုက်ပါက ရုရှားနှင့်အီရန်တို့၏ လက်နက် များ ဆီးရီးယားသို့ ထောက်ပံ့ ပေးနေသည်ကိုလည်း ထည့်တွက် ရန် လိုအပ်မည်ဟု ဖော်ပြခဲ့သည်။ တရုတ်အနေဖြင့် သတိကြီးစွာ ချဉ်းကပ်၍ ကုလသမဂ္ဂစစ်ဆေး ရေးမှူးများ၏အဖြေကို စောင့် နေကြောင်း ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ တရုတ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ ခြားရေးဌာနက သတိပေးထား သည်။ တရုတ်က နိုင်ငံတကာဝင် ရောက်စွက်ဖက်မှုကိုလည်း ဆန့် ကျင်သည်ဟု ဖော်ပြခဲ့သည်။



ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်




ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။
Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရနှင့် UNFC စက်တင်ဘာ ၈ ရက်နေ့ ထိုင်းနိုင်ငံ၌ တွေ့မည်


 
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာလ ၈ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် UNFC မှ နည်းပညာ အထောက်အကူပြုအဖွဲ့များ သြဂုတ်လ ၂၇ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံ၍ အကြို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

“ဒီတစ်ခါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် မူဘောင်တွေ ညှိနှိုင်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် KIO အပါအဝင် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး KIO နှင့် တွေ့ဆုံရန် အစိုးရဘက်က အဆင်သင့် ရှိနေကြောင်း ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလတွင် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက သြဂုတ်လ ၂၅ ရက်နေ့တွင် ပြောကြားထားသည်။


From : ..the voice

Facebook Messge ပို့လျှင် ပိုက်ဆံကောက်မည်




31/8/2013

နောက်နေတယ် အောက်မေ့နေတာ။ ဧပြီလ ၉ ရက်နေ့ကစလို့ တစ်ကမ္ဘာလုံးက နာမည်ကြီး သတင်းဌာန အတော်များများက အတည်ပြု ဖော်ပြနေတဲ့ သတင်း ဖြစ်ပါတယ်။

ကံဆိုးချက်များ Facebook မှာ ကိုယ်မသိတဲ့သူနဲ့ နာမည်ကြီး Celebrity တွေဆီကို စာ (Message) ပို့မယ်ဆိုရင် ဗြိတိန်ပေါင် ၁၀နဲ့ ညီမျှတဲ့ တန်ဖိုးကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကံအဆိုးဆုံးကတော့ ဗြိတိန်ပါ။ ဗြိတိန်မှာ စတင်မှာ ဖြစ်ပါတယ်။ စတောင်စနေပါပြီ။

အမေရိကန်ဒေါ်လာနဲ့ဆို မနည်းပါဘူး။ ဒါတောင် ဗြိတိန်ပေါင် ၁၀ ဒေါ်လာက အခြေခံတန်ဖိုးပဲ ရှိပါသေးတယ်။ Fan ၁.၃၄ သန်း ကျော်တဲ့ သူတွေဆီကိုပို့မယ်ဆိုရင် ၁၀.၆၈ ဗြိတိန်ပေါင် အထက်မှာ ရှိပါတယ်။ အမေရိကန်မှာ စမ်းသပ် လို့အောင်မြင်ပြီး ဗြိတိန် နိုင်ငံမှာ စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။

Message ရိုက်ပြီး စာပို့ခါနီးဆိုရင် ဘယ် Payment စနစ်နဲ့ ငွေချဲမလဲ ဆိုတဲ့ Pop up window က ပေါ်လာတာမျိုး ဖြစ်ပါတယ်။ အဲ့ဒီမှာမှ Paypal, Master Card အစရှိသဖြင့်တို့ကို ရွေးချယ်ပြီး မိမိ အကောင့် ထဲက ငွေကိုတွေ ထုတ်သွားမှာ ဖြစ်ပါတယ်။

ဒါကို အတော်များများက လက်မခံကြပါဘူး။ ရည်ရွယ်ချက်ကတော့ Cyber bulling နဲ့ အကောင့်လုံခြုံရေးအတွက်လို့ ဆိုပါတယ်။ Message ကို ပို့ချင်တိုင်းပို့ခွင့်ပေးထားတော့ နာမည်ကြီး လူပုဂ္ဂိုလ် သို့ ရောက်သောစာ နဲ့ မသိမကျွမ်းပဲ စာလာလာပို့သော သူစိမ်းများကြောင်း စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတို့ ရှိတယ်လို့ ဆိုပါတယ်။ Mutual Friend ရှိနေလဲ Friend list ထဲမှာ မရှိရင် ပိုက်ဆံ ပေးရမယ်လို့တောင် ဆိုပါတယ်။

ပေးလိုက်ရတဲ့ ပိုက်ဆံကိုလည်း ဘယ်သူမှမရပါဘူး။ Facebook က ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဆီကို သူစိမ်းတစ်ယောက်က စာပို့ရင် ကိုယ့်အတွက်သူ ၁၅ ဒေါ်လာကုန်ထားပေမယ့် ယင်း ၁၅ ဒေါ်လာကို ကိုယ်မရပါဘူး။ Facebook ရဲ့  ဝင်ငွေတစ်ခုအဖြစ် ရှိမှာ ဖြစ်ပါတယ်။

Facebook တည်ထောင်သူ ဇူကာဘတ်ဆီကိုလည်း အလကားပို့လို့ မရ တော့ပါဘူး။ အမေရိကန်ဒေါ်လာ ၁၆ ဒေါ်လာ မကတောင် ပေး ရမယ်ထင်ပါတယ်။ ရည်ရွယ်ချက်တော့ ကောင်းပါတယ်။ သို့ပေမယ့် မကောင်းတာကလည်း တွဲပါနေတော့ ဝေဖန်သူများနေပါပြီ။

နောက်ဆို Comment ပေးတာတောင် ပိုက်ဆံပေးမှ ပေးလို့ရတာမျိုး၊ Post သွားတင်တာတောင် ပိုက်ဆံပေးမှ တင်ခွင့်ရှိ တာမျိုးတို့ကို ပါ ပြုလုပ်နိုင်ချေ ရှိပါတယ်။ ယခုကဲ့သို့ ငွေကောက်ခံမှု စနစ်ကြောင့် Google Plus နှင့် Twitter ဘက်ကိုသာ User အရေအတွက် ပိုမို တိုးလာ နိုင်ချေရှိတယ်လို့ ဝေဖန်ခန့်မှန်းလျက်ရှိကြကြောင်း သိရပါတယ်။
--
Ref: The Sunday Times
Aung Kham (TSJ team)

Kim တို့စုံတွဲ စစ်သုံမော်တော်ယာဉ် ၂ စီး ဝယ်





အမေရိကန် ဟစ်ပ်ဟော့အဆိုတော် Kanye West နဲ့ မင်းသမီး Kim Kardashian တို့ စုံတွဲဟာ ယခုရက်ပိုင်းအတွင်း ရုရှား Dartz Motors က ထုတ်တဲ့ စစ်သုံး မော်တော်ယာဉ် ၂ စီးကို ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

အားလုံးသိထားတဲ့ အတိုင်း Kim တို့စုံတွဲ ၂ ဦးက ကားရူးရူးနေသူတွေပါ။ ကမ္ဘာ့ဈေးအကြီးဆုံး Bugatti က အစ ကမ္ဘာပေါ်မှာ ရှိရှိသမျှ နာမည်အကြီးဆုံး ပြိုင်ကား အမျိုးအစား အများစု သူတို့ဆီမှာ ရှိပါတယ်။ ယခု လည်း Darz က ထုတ်တဲ့ ကားကိုဝယ်လိုက်ပါပြီ။ စစ်သုံးဆိုပေမယ့် ဇိမ်ခံကားအဖြစ် လူတိုင်းဝယ်စီးနိုင်အောင်လည်း ထုတ်လုပ်ရောင်းချပါတယ်။ ကျည်ကာ ဘော်ဒီတင်မဟုတ်တော့ပဲ ဗုံးပေါက်ကွဲဒဏ်ပါ ခံနိုင်တဲ့ ဘော်ဒီနဲ့ ထုတ်လုပ် ထားတဲ့ ဟဲဗီ SUV ကားကြီး ဖြစ်ပါတယ်။ အပြင်မှာ ငွေရောင်တစ်လက်လက်နဲ့လှပနေတဲ့ ၂ စီးတည်းက တစ်စီးကို ယခုလို မြင်တွေ့ ရပါတယ်။

ဈေးလည်း ကြီးပါတယ်။ ၂ စီးစလုံးပေါင်းရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်းချီ ကုန်ကျမှာပါ။ အော်ဒါမှာ တဲ့သူ ရှိမှသာ ထုတ်လုပ်ရောင်းချပေးတဲ့ SUV ကား ဖြစ်ပါတယ်။ Kim တို့ စုံတွဲဟာ ၂ စီးဝယ်ထားပေမယ့်လည်း တစ်စီးတည်းကိုသာ အတူတူ အသုံးပြု၍ သွားလာလျက် ရှိကြောင်း သိရပါတယ်။
.
Ref: celebritycars
ColayAutomobile

Friday, August 30, 2013

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်

8.1.1
ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်အနီးရှိ ဧရာမ အမှိုက်ပုံကြီးကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စည်ပင်မှ ယင်းအမှိုက်ပုံဝင်းကို ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနသည် အဆိုပါ အမှိုက်ပုံအနီး နေထိုင်သူများကို သြဂုတ် ၃၀ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ ပေးရန် အကြောင်းကြားစာ ပို့ထားကြောင်း ဒလမြို့နယ် စီမံရေးရာဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ဆိုသည်။
''ကျွန်မတို့ကို သြဂုတ် ၂၅ ရက်မှာ မြို့တော်စည်ပင်က ဒုဌာနမှူး ဗိုလ်ကြီးဦးခင်ဝင်းက ခေါ်တွေ့ပါတယ်။ ဒီနေရာကို ပြောင်းရွှေ့ပြီးရင် ပလတ်စတစ် အရည်ကျိုစက်ရုံ ဆောက်မယ်လို့လည်း ပြောတယ်။ ဒီမြေဟာ ခင်ဗျားတို့ စိမ်းလန်းနဲ့ မဆိုင်ဘူး။ စည်ပင်နဲ့ပဲ ဆိုင်တယ်လို့ ပြောတယ်။ အဲဒါကြောင့် နောက်လာမယ့် ၄ ရက်အတွင်း ပြောင်းရွှေ့ပေးပါလို့ ပြောပါတယ်'' ဟု အဆိုပါ အမှိုက်ပုံ အနီးတွင် နေထိုင်သော ဒေါ်စန်းရီက ပြောကြားသည်။
သို့သော် လက်ရှိနေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေး အတွက် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာ သူများဖြစ်ပြီး စီမံကိန်း(စိမ်းလန်း) မြေကွက်များ ဖြစ်ကြောင်းကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုပါသည်။
အဆိုပါ အမှိုက်ပုံ မြေနေရာတွင် ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည် ဟူသော သတင်းအပေါ် ဒလမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ဦးကျော်ဟိုးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ''ကျွန်တော့်မှာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပိုင်ခွင့် မရှိပါဘူး။ သိလည်းမသိပါဘူး။ အထက်ဌာနက ညွှန်ကြားတာပဲ သိရပါတယ်။ ဒီစီမံကိန်းကိုလည်း ဘာတွေဘယ်လို လုပ်မယ်ဆိုတာ မသိပါဘူး'' ဟုပြောကြားသည်။
ဒလမြို့နယ် စီမံရေးရာဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ''ဒီမြေနေရာဟာ စည်ပင်သာယာက သတ်မှတ်ထားတဲ့ ဌာနပိုင်မြေပါ။ အမှိုက်ကန် စလုပ်ကတည်းက စည်ပင်ပိုင်မြေ ဖြစ်သွားပါပြီ'' ဟု ပြောကြားခဲ့သည်။
Eleven Media

iPhone အဟောင်းကို ပြန်လဲ ပေးမယ့် အစီအစဉ် Apple တို့ စတင်

iPhone 3G သို့မဟုတ် ယင်းထက် မြင့်သော iPhone မော်ဒယ် များကို မော်ဒယ် သစ်များနဲ့ လဲလှယ်ခြင်း သို့မဟုတ် ပြန်လည် ရောင်းချခြင်း ပြုလုပ်ရန် အစီအစဉ်ကို Apple က စတင် လိုက်ကြောင်း သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ကစတင်လို့ Apple က ရွေးချယ်ထားတဲ့ Apple Store တွေမှာ အရင် စတင်မှာ ဖြစ်ပြ ပါတယ်။ စက်တင်ဘာ လဆန်း ကနေ စတင် ရင်တော့ Apple Store တိုင်းမှာ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ပထမ ပရောဂျက်အရ အမေရိကန် နိုင်ငံတွင်း ဖြစ်ပြီး ဆက်လက်ပြီး ကမ္ဘာအနှံ့ ပြုလုပ်သွားမှာ ဖြစ် ကြောင်း သိရပါတယ်။ Apple ပစ္စည်း ဖြစ်ရင် ဘယ်လောက်ပဲ ဟောင်းဟောင်း ပြန်လဲ ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အစားစား သတ်မှတ်ထားမှာပါ။ အဟောင်းဈေး ဖြစ်တဲ့အတွက် အများကြီးတော့ ရနိုင်မှာ မဟုတ်ပါဘူး။ Quality စစ်ဆေးမှုအတွက် အေးဂျင့် ဝန်ဆောင်မှု ကုမ္မဏီတစ်ခု ငှားထားပြီး ဖုန်းရဲ့  အခြေအနေကို သေချာ စစ်ဆေးလို့ ဈေးနှုန်း သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ Recycle and Reuse Program ဖြစ်ပြီး ပြန်ဝယ် ချင်သူများကိုလည်း ရောင်းချမှာ ပါ။ နောက်ပိုင်း လည်း Apple ပစ္စည်း များကို ပြန်ဝယ်ခြင်း၊ ပြန်ရောင်းခြင်းများကို Apple တို့ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Ref: pocketlint

Aung Kham (TSJ team)

Techspace Journal

ကင်ညာ နိုင်ငံတွင် အမျိုးသား နှစ်ဦးက အမျိုးသမီး တစ်ဦးအား တစ်ပြိုင်တည်း လက်ထပ်

နိုင်ရိုဘီ သြဂုတ် ၃၀

ကင်ညာနိုင်ငံမှ အမျိုးသား နှစ်ဦးသည် ၎င်းတို့၏ ချစ်သူ အမျိုးသမီး တစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ရန် သဘော တူခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား နှစ်ဦးနှင့် ယင်းအမျိုးသမီးတို့ ချစ်ကြိုက် နေသည်မှာ လေးနှစ်ကျော် ကြာပြီ ဖြစ်ပြီး ၎င်းအမျိုးသမီးသည် မည်သည့် အမျိုးသားကို ရွေးချယ်၍ လက်ထပ် ရမည်ကို ဆုံးဖြတ်၍ မရခဲ့ပေ။ နောက် ဆုံးတွင် နှစ်ဦးစလုံးနှင့် လက်ထပ်ပြီး တစ်အိမ်တည်းတွင် အတူ နေရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

၎င်းအမျိုးသား နှစ်ဦးအနက် တစ်ဦးဖြစ်သူ Mwendwa ဆိုသူက ၎င်းသည် အဆိုပါ အမျိုး သမီးကို အလွန် ချစ်မြတ်နိုးကြောင်း ဘီဘီစီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ကင်ညာ နိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် ယောက်ျား တစ်ဦးမက ယူခွင့်ရှိပြီး လင်ပြိုင်ယူခွင့် ရှိသော ဓလေ့ရှိကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။ သို့သော် အဆိုပါ ဓလေ့ကို လက်တွေ့ လုပ်ဆောင်ခဲ့သူ တစ်စုံ တစ်ဦးမျှ မရှိကြောင်း၊ ၎င်းတို့၏ လက်ထပ်ခြင်းသည် ကင်ညာ ပြည်သူများကို အံ့အားသင့်စေ ခဲ့ပြီး နိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ ဥပဒေနှင့် လုံးဝ မကိုက်ညီကြောင်း ဝေဖန်ချက်များ ထွက်ပေါ် လာခဲ့သည်။

အဆိုပါ အမျိုးသား နှစ်ဦးသည် ပထမ ပိုင်းတွင် အဆိုပါ အမျိုးသမီးနှင့် စပ်လျဉ်း၍ ခိုက်ရန် ဖြစ်ပွား ခဲ့ပြီး ပြည်သူ့ မူဝါဒ ချမှတ်ရေး ဆိုင်ရာ အဖွဲ့မှ အရာရှိ တစ်ဦးက ၎င်းတို့ နှစ်ဦးအား ၀င်ရောက် ဖျန်ဖြေပြီးနောက် ၎င်းတို့အကြား ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

သူမ၏ မိဘများ ကလည်း မိမိတို့၏ လက်ထပ် မင်္ဂလာကို ချီးမွမ်းခဲ့ကြောင်း Mwendwa က ပြောကြားခဲ့သည်။ ထို့နောက် Mwendwa က ၎င်းအမျိုးသမီးအား တဏှာစိတ်နှင့် လက်ထပ်ခြင်း မဟုတ်ဘဲ အချစ် တစ်ခု တည်းဖြင့် လက်ထပ်ခဲ့ခြင်း ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် နာမည် ဖော်ပြခြင်း မရှိသော်လည်း ကလေး နှစ်ဦး၏ မိခင် မုဆိုးမ တစ်ဦးဖြစ်ကြောင်း သိရသည်။
မြဝတီ

WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၂၉ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီ လိတ်မြို့နယ် စံဖူးကျေးရွာ အနီးရှိ တောတွင်း၌ မြေအောက်တွင် မြှုပ်နှံထားသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ဝဝဝခန့်ပါရှိသော အထုပ် ၃၂၅ထုပ်၊ စုစုပေါင်း ဆေးပြား ၆၅ဝဝဝဝ ပြားခန့်အား သြဂုတ် ၂၈ရက် နေ့လယ်ပိုင်းတွင် တပ်မတော် စစ်ကြောင်း က ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သဖြင့် တာချီလိတ် မူးယစ် (အထူး) တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သတင်း ရရှိသည်။ 
 
မြဝတီ

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲ (သြဂုတ်လ ၂၉၊၂၀၁၃)


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့  ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့်  စစ်ရေးအရ အရေးယူဖို့အတွက်တော့  တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ 

 သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ  တနာရီတောင်မကြာခဲ့သလို  သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဘယ်သူကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကတော့ ကမ္ဘာအင်အားကြီးနိုင်ငံတွေ အနေနဲ့ ဆီးရီးယားကို စစ်ဝင်တိုက်ဖို့လုပ်ဆောင်မယ့် ဘယ်လိုကိစ္စမျိုးကိုမဆို  ဆီးရီးယားမှာ ကုလသမဂ္ဂဓါတုလက်နက်စစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတွေပြီးဆုံးတဲ့ချိန်အထိ ရပ်ဆိုင်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။
စစ်ဆေးရေးအဖွဲ့ဝင်တွေဟာ စနေနေ့မှာ ဆီးရီးယားကနေ ထွက်ခွါမှာဖြစ်တယ်လို့  ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ  Farhan Haq  ကပြောပါတယ်။   သူတို့အဖွဲ့မှာ ဆီးရီးယားမှာဖြစ်ပွါးခဲ့တဲ့  ကိစ္စဆိုင်ရာ အထောက်အထား အချက်အလက်အတော်များများ ပါလာခဲ့တာမို့  ဘာတွေဖြစ်ပွါးခဲ့တယ်ဆိုတာကို  ပြန်လည်တင်ပြနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။   စစ်ဆေးသူတွေထဲက အချို့ဟာ နယူးရောက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တွေ့ရှိချက်တွေကို  တင်ပြမှာဖြစ်သလို  တချို့ကတော့ သူတို့ ဆီးရီးယားကယူလာတဲ့ နမူနာပစ္စည်းတွေကို ဥရောပက ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးဖို့ သယ်သွားကြမယ်လို့ ပြောပါတယ်။
သတင်းဌာန: ဗွီအိုအေ မြန်မာ  

အမေရိကန် တရားဥပဒေနဲ့ မူးယစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး မြန်မာနိုင်ငံလာမည်

August 30th, 2013
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ် (William Brownfield) ဟာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေဆီ သွားရောက်မှာဖြစ်ပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ ထိန်း သိမ်းရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် ထောက်ခံအားပေးသွားမယ်ဆိုတဲ့ အမေရိကန်ရဲ့ အာမခံချက်ကို ပြသဖို့ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဘရောင်းဖီးလ်ဒ် မြန်မာနိုင်ငံဆီ စက်တင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့ အထိ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာအစိုးရက ကတိပြုထားတဲ့အတိုင်း တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေအတိုင်း လေးစားလိုက်နာရေးဟာ အရေးကြီးတယ်ဆိုတာကို သူ့ရဲ့ခရီးစဉ်အတွင်း အလေးထား ပြောကြား ဆွေးနွေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဌာန၊ ပြည်ထဲရေးဌာနတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို လူနည်းစု နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ခရီးစဉ်အဆုံးသတ်မဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ မစ္စတာဘရောင်းဖီးလ်ဒ်ဟာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေချိန် တရားဥပဒေစိုးမိုးမှုရှိရေးဟာ အရေးကြီးတယ် လို့ အမေရိကန်အစိုးရက ပြောနေတာနဲ့အတူ နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ ထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံဆီ လာရောက်မှာဖြစ်ပါတယ်။

သတင်းဌာန: ဗွီအိုအေ မြန်မာ

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူ လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူမာင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မာင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။ 
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၀၃၀ အချိန်တွင် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင်လမ်း၌ ယာဉ်လမ်းရှင်းရေးတာဝန်ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ် အုန်းကျော်အား ယာဉ်အားရပ်ကာ ဆဲဆိုပြီးဓါးနှင့်ထိုးမည်ဟု ကြိမ်းဝါး၍ မောင်းနှင်ထွက်သွားခဲ့ပါသည်။ 
 ယာဉ်မောင်းခင်မောင်ဌေးမှာ ၁၅၃၀အချိန်တွင် ထပ်မံရောက်ရှိလာပြီး အသင့်ယူဆောင်လာသော စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သား လွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တပ်ဖွဲ့စုမှူးမှ ယာဉ်မောင်းခင်မောင်ဌေးအား အရေးယူပေးရန် တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီးတရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြေယာပြဿနာ ပြေလည်အောင်ဖြေရှင်းရန် သူရဦးရွှေမန်းက သမ္မတထံသ၀ဏ်လွှာပို့


-------------
နေပြည်တော်- လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက်မှုများ နှေးကွေးလျက်ရှိသဖြင့် တောင်သူလယ်သမား ပြည်သူများအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလ

ုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုလျော့နည်းကျဆင်းလာသည်ကို ၀မ်းနည်းဖွယ် ကြားသိနေရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြရေးသားထားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်နာယကမှ နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးပြီးဆုံးသည့် ယခုလ ၂၉ ရက်တွင် သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မရှင်အနေဖြင့် အစီရင်ခံစာများကို အပိုင်းလိုက်ခွဲခြား၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာတွင် ပါရှိသည့် အချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့် ဆောလျင်စွာ အရေးယူဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို နှစ်လတစ်ကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန် လွှတ်တော်မှ ဆုံးဖြတ်ထားကြောင်း ထည့်သွင်းရေးသားထားသည်။

နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော မြေယာပြဿနာများနှင့် ပတ်သက်၍ တောင်းဆိုဆန္ဒပြမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လျက်ရှိပြီး မသိနားမလည်သည့် တောင်သူလယ်သမားအချို့သည် မလုပ်တတ်၊ မကိုင်တတ်နှင့် စနစ်တကျဖြေရှင်းနိုင်မှုမရှိသည့်အတွက် ဥပဒေအရ အရေးယူခံနေရခြင်းများ ကြုံတွေ့ရလျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းအသီးသီးက မြေနေရာ လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် မြေစာရင်းမြေပုံနှင့် မြေပြင်အခြေအနေ ကွဲပြားခြားနားမှုများကို စစ်ဆေးစိစစ်မှုမရှိဘဲ လျစ်လျူရှုဆောင်ရွက်ခြင်း၊ သင့်တင့်မျှတသော နစ်နာကြေးပေးလျော်မှုမရှိခြင်း၊ နစ်နာသူများအတွက် လူမှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစား၍ သင့်တင့်သော ဆောင်ရွက်ပေးမှု မရှိခြင်းများကြောင့် ယခုကဲ့သို့ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သ၀ဏ်လွှာတွင်ဖော်ပြထားသည်။

သို့ဖြစ်၍ မြေယာပြဿနာများကို အချိန်ဆွဲဖြေရှင်းခြင်းမပြုဘဲ မလိုအပ်သော မြေများ၊ ဆက်လက်အသုံးပြုရန်မသင့်သော မြေယာများကို ပြန်လည်ပေးအပ်စေလိုကြောင်းနှင့် ဆင်းရဲနွမ်းပါး၍ သိရှိမှုအားနည်းသော တောင်သူလယ်သမားပြည်သူများအပေါ် စာနာစိတ်ထား၍ စိတ်ကောင်းစေတနာဖြင့် ပြန်လည်ပေးအပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက သ၀ဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ




ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။
ဗီတာမင် B1 - သိုင်ယာမင်း
သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပျိုကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။
ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။
ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်
ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခိျု့တဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သျှူးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။
ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။
ဗီတာမင် B3 - နိုင်ယာစင်
နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။
ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂျုံစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။
ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်
ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။
ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။
ဗီတာမင် B6 - ပရီဒေါက်စင်း
ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ၀မ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။
ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။
ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း
ဗီတာမင် B12 ဟာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။
ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။
By ပြည်မြန်မာ

ယောင်္ကျားလေးများ ကျရှုံးရတတ်တဲ့ မိန်းကလေးများ၏ ညို့ချက်မာယာများ




ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာ တတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)


ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

Fashion ဆိုင်များမှ ၀န်ထမ်းများ၏ လှည့်စားခြင်းကို ဈေးဝယ်ရာတွင် သတိပြုကြရန်လို



အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။
Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။
Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း
ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က အခွင့်အရေးပဲ။ ဝယ်ယူသူတွေ လာရင် ပစ္စည်းတွေကို ဈေးတင်တယ်။ အဲဒီ အချိန်မှာ အခြားဝန်ထမ်း နှစ်ဦးက အပေါက်ဝကနေ ဆိုင်ရဲ့ အုပ်ချုပ်သူ လာ၊ မလာကို စောင့် ကြည့်ကြတယ်။ ဆိုင်ထဲမှာ ဝယ်တဲ့သူကို ဂွင်ရိုက်နေချိန် ဆိုင်ရဲ့အကြီးအကဲ ပြန်လာရင် သင်္ကေတ တစ်ခုခုနဲ့ အချက်ပြတယ်။ ဥပမာ- လက်ဖျောက် တီးတာတို့၊ လေချွန်တာ တို့ပေါ့ဗျာ။ အဲဒီ အချိန်အထဲမှာ ဝယ်သူကို ဈေးတင်ပြီးသား ဖြစ်နေရင်လည်း အခြား တစ်ယောက်က ရုပ်ရှင် ရိုက်ရတာပေါ့။ စာရွက်တစ်ခုကို ကြည့်ပြီး ဈေးမှားနေတယ်လို့ ပြောရ တာပေါ့'' ဟု ပြောပြခဲ့သည်။
လာရောက် ဝယ်ယူသူများကို အရောင်း ဝန်ထမ်းများက အနွေးထည်များနှင့် ဘောင်းဘီများမှာ ဒီဇိုင်းလှပါက ငွေကျပ်နှစ်သောင်း ဝန်းကျင်အထိ ဈေးတင်၍ ရကြောင်း သိရသည်။
''လည်သာ ဂျာကင်တွေ ဆိုရင်တော့ ဈေးနှုန်း မကပ်ထားတာ များတယ်။ ပြီးတော့ ဈေးတင်လို့ ကောင်းတယ်။ ပြီးရင် ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေ ခွဲယူကြတာပေါ့။ ဆိုင်တွေမှာက အထာ ရှိတယ်။ သူဌေးတို့၊ ဆိုင်အုပ်ချုပ်သူတို့ ရှိရင် ဝန်ထမ်းတွေက စကားပြောနေတာတို့၊ ထိုင်နေ တာတို့တွေ မရှိဘူး။ အကုန်လုံးက ကြိုးစားနေတဲ့ ပုံစံတွေ လုပ်နေတာ အကုန်လုံး မတ်တတ် ရပ်နေကြတယ်။ ဝယ်ယူသူများ အနေဖြင့် ဝယ်ယူပါက ဈေးနှုန်း ကပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်သင့်တယ်။ ဒါမှမဟုတ် ဆိုင်တွေမှာ သူဌေးရှိတဲ့ အချိန် ဝယ်သင့်တယ်'' ဟု အထက်ပါ အရောင်း ဝန်ထမ်းက သုံးသပ် ပြောပြခဲ့သည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်ရင်ဆိုင်နေရ


----------------------
ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့် မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာအသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတုအခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှအမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူတည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေးလှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရမှုဖြစ်စဉ် ၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "


" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "
---------------------------------------
အွန်လိုင်းမှာရော.....
မီဒီယာတွေမှာပါ.....
တလစပ် တက်တက် နေတဲ့ ....
သတင်းတွေကို ကြည့်ရင်း .....
သတင်းမှောင်ချခံရတဲ့ ခေတ်ကနေ....
သတင်း အဆိပ် ခတ်ခံနေရတဲ့ ခေတ် ကို.....
ရောက်သွားပြီ ပဲလို့ တွေးမိလိုက်ပါတယ်.....

သတင်းရေးသူ တစ်ချို့ ကတော့ ....
မှန်ကန်တိကျမှုကို .....
လျှင်မြန်မှုထက် ပိုအလေးထားတာ တွေ့ ရပေမယ့် ....
အများစု က တော့ .....
ချဉ်ချဉ် တူးတူး ... ဦးရင် ပြီးတာပဲ ဆိုတဲ့ ....
ပုံစံမျိုးတွေ အတော်များပါတယ်...။

ကျိုးကြောင်းဆင်ခြင်မှုနဲ့ .....
သတင်းကို စိစစ်နိုင်စွမ်း .....
အားနည်းသေးတဲ့  ကျွန်တော်တို့ ပြည်သူတွေမှာ ....
ရည်ရွယ်ချက်မျိုးစုံ နဲ့ ထင်ရာမြင်ရာ .....
ဖြန့် ဖြူးနေတဲ့  သတင်းတွေကြောင့် ....
ထင်ယောင်ထင်မှား သံသယ တွေအမျိုးမျိုးနဲ့ 
အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာတွေ....
နာကျည်းချက် အမုန်းတရားနဲ့  ဒေါသတွေ ....
ဖြစ်ခဲ့ ရပေါင်းလဲ မနည်းတော့ပါဘူး....။

ဖတ်ဖူး မှတ်ဖူး သလောက်တော့ ....
မီဒီယာတွေအတွက်....
ခွေးက လူကို ကိုက်တာသည် သတင်းမဟုတ်ပဲ....
လူက ခွေးကို ကိုက်တာကမှ ...
သတင်းလို့  ဆိုပါတယ်.....

တပ်မတော်မှာတော့ ....
သတင်း ဆိုတာက....
ဘယ်သတင်းပဲ ဖြစ်ဖြစ် ....
ရလာသမျှကို.....
ဒီ အချက်တွေနဲ့ ....
ပြန် ချိန်ထိုး အတည်ပြု ရပါတယ်....

မှန် တိ စီ ထင်.........
၁။ မှန်ကန်ရမယ်
၂။ တိကျရမယ်
၃။ စိစစ်ပြီး ဖြစ်ရမယ်
၎။ ထင်ကြေး တွေ မဖြစ်ရဘူး .......။

တစ်ခါ .....
သတင်းအခြေအမြစ် ( သတင်းကိုရတဲ့ နေရာ) ကို.....
၁။ လုံးဝအားထားရသည် ..................." က "
၂။ နဂိုအားထားရသည် ..................." ခ "
၃။ အသင့်အတင့် အားထားရသည်........." ဂ "
၎။ နဂို အားထားရမှုမရှိ ....................." ဃ "
၅။ အားထားခြင်း မပြုနိုင် ....................." င "
၆။ အားထားမှု မဆုံးဖြတ်ရသေး ............" စ "
ဆိုပြီး ပြန်စိစစ် ရပါတယ်.......။

ပြီးတော့....
သတင်းရဲ့ တိကျမှန်ကန်မှု အဆင့်အတန်းကို ......
၁။ အခြားအခြေအမြစ်မှ အတည်ပြုသော သတင်း .........." ၁ "
၂။ မှန်ကန်သောသတင်း .........................................." ၂ "
၃။ မှန်ကန်မည့် သတင်း ........................................." ၃ "
၎။ မှန်ကန်ကြောင်း သံသယရှိသည့် သတင်း ................." ၄ "
၅။ မဖြစ်နိုင်သောသတင်း ........................................." ၅ "
၆။ မှန်ကန်မှု ကို မဆုံးဖြတ်နိုင်သော သတင်း ................." ၆ "
ဆိုပြီး ထပ်စိစစ်ရပါတယ်................။

ရာခိုင်နူန်း နဲ့  တွက်ရင်တော့ ဒီအတိုင်းပါ.....
က.............၁...............၁၀၀%
ခ...............၂...............၅၀%
ဂ...............၃...............၂၅%
ဃ.............၄...............၁၂.၅%
င..............၅................၆.၅%
စ..............၆................၃.၁၂၅%

အဲတော့ .....
သတင်း တစ်ခုတင်ပြပြီဆို .....
က ၁ ....ပါ....
က ၂ .....ပါ....
ခ ၂ ....ပါ....
ဂ ၄ .....ပါ .........စသဖြင့် .....
စိစစ် တင်ပြရပါတယ်......

တင်ပြီးမှ ......
မှားသွားလို့ နော် ...ဆိုပြီး.....
ဘွာတေးလုပ်လို့  မရပါဘူး ....
ရူးချင်ယောင်လဲ ဆောင်နေလို့ မရပါဘူး.......

တစ်ချို့ သတင်းတွေ ဟာ.....
ချက်ချင်း အတည်ပြုလို့ မရနိုင်သေးတဲ့ အတွက် ....
အချိန်ကာလ တစ်ခုပေးပြီး.....
စနစ်တကျ တည်ဆောက်ရပါတယ်.....

မှန်ကန်တဲ့ သတင်းတွေ ကို ....
လျှင်လျှင်မြန်မြန် ရလာဖို့ ဟာ ....
ကိုယ် တည်ဆောက်ထားတဲ့  သတင်းကွန်ယက်...
အဆက်အသွယ်....
အသုံးပြုတဲ့  ငွေကြေး ၊ အရင်းအမြစ် စတာတွေပေါ်လဲ ....
အများကြီး မူတည်ပါတယ်.....

ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့ ...
အကြောင်းအကျိုးနဲ့ စနစ်တကျ စဉ်းစားပြီး....
ခွေးက လူကို ကိုက်တာပဲ ဖြစ်ဖြစ် ....
လူကခွေးကို ကိုက်တာပဲ ဖြစ်ဖြစ်....
...........
ဘယ်ကခွေးလဲ ....
ကိုက်ခံရတာ ဘယ်သူလဲ...
ဘယ်အချိန် ဘယ်နားမှာ.....
ဘယ်နေရာကို ဘယ်လို ကိုက်လိုက်တာလဲ ...
ဘာသွားလုပ်မိလို့  ကိုက်တာလဲ .....
မျက်မြင် သက်သေတွေက ဘယ်သူတွေလဲ....
သူတို့ ကရော အဲနားကို ဘာလို့ ရောက်နေတာလဲ ....
ကိုက်ခံရတဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ....
ကိုက်တဲ့ သူနဲ့  ကိုက်ခံရတဲ့ သူရဲ့ ...
အသေးစိတ် အချက်အလက်တွေက ဘာတွေလဲ.....
နောက်ဆက်တွဲ ဘာတွေ ထပ်ဖြစ်လာနိုင်လဲ ....
စတာတွေကို စိစစ်မေးခွန်းထုတ်လိုက်ရင်
သတင်း အဆိပ် သင့်တဲ့ ရောဂါကြီး.....
အမြန်ဆုံး သက်သာပျောက်ကင်း သွားမယ် ....
ထင်မိကြောင်းပါ ........။

( သတင်းပေး ရဲမိုး )

အထူးသတင်း


မြ၀တီသတင်းစာနဲ့ မြ၀တီရုပ်သံသတင်း မကြည့်ကြတဲ့ မိတ်ဆွေများအတွက် သတင်းထူးတစ်ခု လက်ဆင့်ကမ်းပါ ရစေ။ လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နဲ့ ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ ခေါင်းဆောင်တဲ့ စစ်တပ်က အဖွဲ့တွေ သူတို့ရဲ့ လက်နက် နည်းပြဆရာကြီး ရုရှားနိုင်ငံမှာလုပ်မယ့် International Aviation and Space Salon “MAKS-2013” ပွဲကိုတက်ဖို့ အခုလ ၂၅ ရက်နေ့က ထွက်သွားကြတဲ့ သတင်းဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ရုရှားနိုင်ငံ သွားတာ မဆန်းတော့ပေမယ့် အဲဒီပွဲက ဘာပွဲလဲ၊ ဘာအတွက်သွားတာလဲ၊ အဲဒီက အပြန် ဘာတွေထူး လာနိုင်မှာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းမှန်း သိကြသူနည်းလို့ ဖောက်သည်ချလိုက်ပါတယ်။ 

အဲဒီ ရုရှားပွဲက သူတို့နိုင်ငံရဲ့ လက်နက်နဲ့ နည်းပညာအဆင့်မြင့် ပစ္စည်းတွေကို ပြသပြီး ကြေငြာတဲ့ ရုရှားစစ်တပ်ရဲ့ အထင်ကရ ပွဲကြီးတစ်ပွဲပါ။ အရင်တုန်းကလည်း အဲဒီပွဲသွားပြီး ပြန်လာတာနဲ့ မကြာဘူး၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ တင့်ကားနဲ့ သံချပ်ကာကားတွေ၊ အမြောက်တွေ၊ ဒုံးတွေဝယ်နေ ကြပါ။ သူတို့ဒီတစ်ခါ ဘာတွေ ၀ယ်မယ်ဆိုတာ စစ်တပ်က ဘယ်လောက်ပဲ လျှို့ဝှက်နေနေ UK နဲ့ NATO အနောက်အုပ်စုတွေက ထုတ်တဲ့ The Military Balance စာစောင်လိုဟာတွေမှာ တစ်ကမ္ဘာလုံးရဲ့ နိုင်ငံစုံ တပ်မတော် စစ်အင်အား၊ လက်နက်အင်အားတိုးတက်လာမှုဖော်ပြချက်တွေမှာ မြန်မာ့စစ်တပ်စာရင်းလည်း ပါလာစမြဲပါ။ အခုလည်း လွှတ်တော်က ဘတ်ဂျတ်တွေ အတည်ပြုပြီးပြီဖြစ်လို့ ကာကွယ်ရေးအသုံးစရိတ် ထဲကနေ အသုံးပြုခွင့်အတိုင်း ဘာတွေဝယ်လာအုန်းမှာလဲ။ သူတို့အပြော ထိပ်တန်းလျှို့ဝှက်ပေါ့..။ ဒါပေမယ့် စိတ်ဝင်တစား လေ့လာနေကြသူတိုင်း ကြားသိထားပြီး သတင်းကတော့ စတုတ္ထမျိုးဆက်ကနေ အဆင့်ကျော်ပြီး ဆဌမမျိုးဆက် အဆင့်ရှိတဲ့ တိုက်ခိုက်ရေးယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ၀ယ်ဖို့စီစဉ်နေ တယ်ဆိုတာ အရေအတွက် အနည်းအများသာကွာမယ်၊ သတင်းမှားစရာတော့ မရှိနိုင်ပါ။ 

အဲလိုဝယ်လာပြီး ပစ္စည်းတွေထဲက ရုရှားလုပ် MI 35 ရဟတ်ယာဉ်တွေကို စမ်းသပ်လိုက်တာ KIA က ဦးသိန်းစိန်ကို အကူအညီတောင်းပြီး ရပ်ခိုင်းလိုက်ရတဲ့ အဆင့် ရောက်ခဲ့တာ အားလုံးအသိပဲ မဟုတ် ပါလား။ အခုလည်း ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလုပ်တယ်၊ သူ့နေရာ သူမနေဘူး၊ နယ်မြေမှာ ပြည်သူကို အနိုင်ကျင့်နေတယ်လို့ သူတို့ပြောပြောပြီး အဆင်မပြေဖြစ်နေတဲ့ မျှော်မှန်းထားသောရန်သူ ဆိုတဲ့ အဖွဲ့တွေအတွက် ဒီသတင်းက အလေးထားစဉ်းစားစရာပဲ။ စစ်တပ်ရဲ့ မီဒီယာတွေဖြစ်တဲ့ မြ၀တီသတင်းစာနဲ့ မြ၀တီ TV လိုင်းတွေမှာ တစ်ချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ မတရားအဓမ္မလူသစ်စု၊ ဆက်ကြေးတောင်း၊ အနိုင်ကျင့် လုပ်ရပ်တွေကို အတိအကျ ဖော်ပြ နေတာ ဘယ်သူက/ ဘယ်အဖွဲ့အစည်းကမဟုတ်ပါဘူးလို့ ငြင်းနိုင်ကြလို့လဲ။ ဒီလုပ်ရပ်တွေ အဲဒီလိုဆက် ဖြစ်နေလို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ ဆိုတဲ့စကားလုံးနဲ့ အသစ်ဝယ်ယူ လာမယ့်ဟာကြီးတွေကို စမ်းသပ်မလာနိုင်ဘူးလား…..။ ကဲ .. မိတ်ဆွေတို့ အမှတ်တမဲ့ ဖြစ်နေမယ့် စစ်ဗိုလ်ချုပ်တစ်စုရဲ့ ခရီးစဉ် သတင်းက ဘယ်လောက်အခြေအနေ ရောက်ရှိနေ တယ်ဆိုတာ ထူး/မထူး စောင့်ကြည့်ကြပေတော့လို့ လေ့လာနေသူတစ်ဦးအနေဖြင့် ….။ 

အထောက်အထား။ ၂၇-၈-၂၀၁၃ မြ၀တီသတင်းစာရဲ့ ရုရှားကိုထွက်ခွာသွားတဲ့ ခရီးစဉ်သတင်း နဲ့သူတို့ပြန် လာရင် မြ၀တီ TV မှာ ပြသမယ့် ရုရှားပြပွဲအခြေအနေကို ကြည့်ခြင်းဖြင့် ကျွန်ုပ်၏သတင်းအား အသင် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ပါလိမ့်မယ်။ 

ညဥ့်လူ(IR)
todaymyanmar

စာဖတ်စေချင် နိုင်ငံတစ်ခွင်



စာရေးသူသည် အလုပ်မအားသည့်ကြားက စာရေးချင်စိတ် စာဖတ်ချင်စိတ်ပေါ်ပေါက်လာသောအခါ တစ်ကိုယ်လုံး ယားယံနေသကဲ့သို့ ခံစားရ၏။ ထို့ကြောင့် စာရေးစာဖတ်ရန်အတွက် အကွက်ချောင်းနေရလေ၏။ နောက်ဆုံး၌ မိမိလုပ်စရာရှိသည်များကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ရလေသည်။ အချိန်အားဖြင့်ကြည့်လျှင် စာရေးသူအတွက် အချိန်သည် လွန်စွာတိုတောင်းလွန်းပါ၏။ အလုပ်လုပ်နေသူအဖို့ အချိန်သည် ခဏကလေးနှင့် ကုန်ဆုံးသွားတတ်သည်ဟု စာဖတ်သူများလည်း ခံစားမိဖူးပေမည်။ ထိုကဲ့သို့သောအခါတွင် မိမိအတွက် အချိန်သည် မည်မျှအရေးကြီးကြောင်းကို ပို၍ထင်ရှားစွာ မြင်လာတတ်ပေသည်။ စာရေးသူငယ်ငယ် အလယ်တန်းကျောင်းသားအရွယ်မှစ၍ ဒိုင်ယာရီရေးခြင်းအလုပ်ကို စွဲစွဲမြဲမြဲ လုပ်ခဲ့ခြင်းကြောင့် ယခုအခါတွင် ဤကဲ့သို့ နေမထိထိုင်မသာ ဖြစ်ရသည်ဟုလော ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်မိပါ၏။ မှန်ချင်လည်း မှန်နေပါလိမ့်မည်။ ထို့ကြောင့်ပင် ယခု သည်စာကို ရေးမိခြင်းဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ တကယ်တော့ စာဖတ်ခြင်း စာရေးခြင်းဟူသော အပြုအမူသည် အရွယ်ပိုင်းခြား၍ ကန့်သတ်ထားမှု မရှိသည် မဟုတ်ပါလော။

စာဖတ်ခြင်းထက် စာရေးခြင်းက အနည်းငယ်မျှ ခက်ခဲသည်ဟုလည်း ဆိုချင်ပါသေးသည်။ မည်သည့်စာရေးဆရာရေးသည်ဖြစ်စေ စာဖတ်သူအတွက် စာဖတ်ခြင်းက လွယ်ကူပါ၏။ သို့သော် စာရေးရန်အတွက်မူ အလိုလို အခက်တွေ့နေတတ်ကြသည်ကို စာဖတ်သူများ သိပြီးသားပင်။ ထို့ကြောင့် ကျွန်တော်၏ ဖွင့်ဆိုချက်သည် လွဲမည်မဟုတ်ဟု မျှော်လင့်မိပါသည်။

စာဖတ်ခြင်းဟု ဆိုကြရာဝယ် စာပေအမျိုးအစားကို ရွေးတတ်ကြသော လူတချို့လည်း ရှိနေပြန်သေး၏။ အချို့ သမိုင်းစာပေများကို အားသန်၏။ အချို့က အတွေးအခေါ်နှင့် တက်ကျမ်းဟုခေါ်သော စာပေမျိုး၊ အချို့ကမူ ဝတ္ထုစာပေအမျိုးအစားနှင့် ကဗျာစာပေ စသည်ဖြင့် ရွေးဖတ်ကြ၏။ အမှန်တကယ်တော့ စာပေဟူသည် ညစ်ညမ်းသည့်သဘောဆောင်သော အမျိုးအစားမှလွဲ၍ မည်သည့်စာပေကိုမဆို လေ့လာသင့်သော အရာတစ်ခုဖြစ်ပါ၏။ စာပေမှတစ်ဆင့် အမျိုးမျိုးသော ဗဟုသုတ အတွေးအခေါ်များကို ရယူနိုင်ပေ၏။

စာရေးသူ၏မိတ်ဆွေ နယ်သာလန်နိုင်သားတစ်ဦးကို ပြောဖူးသည်။ စကားစပ်မိသည်က တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေးကျမ်းကို မိမိကရှင်းပြရင်းမှ အစဖြစ်သည်။ ဗုဒ္ဓသာသနာတော်၏ မွန်မြတ်ခြင်းနှင့် ရှေးရှေးသောရဟန်းသံဃာတော်မထေရ်မြတ်ကြီးတို့၏ မွန်မြတ်သောစိတ်နှလုံးတို့ကို ပြောပြဖြစ်သည်။ ထို့ကြောင့် သီရိလင်္ကာဆရာတော်ကြီးတစ်ပါးက ဗုဒ္ဓအားThe more i know him. The more i love him. ဟု တင်စားခံယူခဲ့သည်ကို မှတ်သားဖူးကြောင်း ပြောပြဖြစ်သည်။ ထိုစကားလုံးလေးကို အစွဲပြု၍ The more you read the books, the more knowledge you get.-ဟု သူ့အား စာရေးသူပြောခဲ့သည်ကို မှတ်မိနေပါသေး၏။ စာပေမှ ဗဟုသုတများစွာကို ရနိုင်ပါသည် မဟုတ်ပါ၏လော။

သို့သော် စာဖတ်ဖန်များလာသောအခါ စာရေးရန်အတွက် လွယ်ကူတတ်သည်ဟုလည်း ဆိုချင်ပါသေးသည်။ ထိုစာဖတ်ခြင်းမှ အတွေးအခေါ်တိုးတက်ခြင်းနှင့်အတူ စာရေးဆရာများ၏ စာပေရေးသာဟန်ကိုလည်း တွေ့မြင်နိုင်ပါ၏။ ထိုကဲ့သို့ စာရေးဆရာများ၏ ရေးသားဟန်ကို လေ့လာမှတ်သား၍ မိမိကိုယ်တိုင်လည်း စာရေးဆရာများနည်းတူ ရေးသားနိုင်သည်ကို ကိုယ်ကိုယ်တိုင် လေ့လာဆင်ခြင်နည်းယူနိုင်ပါသည်။ ထို့ကြောင့် စာဖတ်ခြင်းနှင့်အတူ စာရေးခြင်း ဓလေ့မူကိုလည်း နည်းယူမှတ်သားသင့်သည်ဟု ဆိုချင်ပါသည်။ မိမိ၏အတွေးအခေါ်များကို မိမိကဲ့သို့သော စာဖတ်သူများအား မျှဝေခြင်းဖြင့်ပင် ကိုယ်ကိုယ်တိုင် စာရေးသူအဖြစ် ဖြစ်လာမှန်းမသိ ဖြစ်လာခဲ့ကြသောသူများ စာရေးဆရာများရှိသည်ကို ငြင်းဆိုဖွယ်ရာ မရှိပေ။ တစ်ခုပဲရှိပါသည်။ ထိုအရာကား စာရေးလိုလျှင် စာများများဖတ်ရပေမည်။

စာပေဟူသည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဂုဏ်ရည်ကို ဖော်ဆောင်သောကဏ္ဍတစ်ရပ်လည်း ဖြစ်ပါ၏။ ထိုကြောင့် စာပေကဏ္ဍကို ခိုင်မာမြင့်မားနိုင်စေရန် စာရေးသူ စာဖတ်သူများတင် မဟုတ်ပဲ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်များကလည်း အားပေးမြှောက်စားရန် လိုအပ်ပါပေသည်။ စာပေကို ထိမ်းချုပ်ခြင်း တားဆီးခြင်းများ ရှောင်ရှားသင့်သည်။ လူတစ်ဦးတစ်ယောက်တွင် ပုံမှန်အားဖြင့် စွမ်းအားမြင့်မားသည့် ပင်ကိုယ်အတွေးအခေါ်များ ရှိနေတတ်သည်ကိုလည်း လေ့လာရှုမြင်နိုင်ပါသည်။ ထိုအတွေးအခေါ်ကိုပင် လူသားအရင်းမြစ်ဟုလည်း ဆိုနိုင်ပါသေးသည်။ မိမိရရှိထားသော အတွေးအခေါ်ဖြင့်ပင် အများအကျိုးအတွက်ဟူသော စေတနာဖြင့် စာပေမှတဆင့် စာဖတ်သူများသို့ လက်ဆင့်ကမ်း ဝေငှခြင်းသည် အလွန့်အလွန် မွန်မြတ်သော အလုပ်တစ်ခုဖြစ်ပေသည်။

စာပေတွင် မည်သည့်လူမျိုး မည်သည့်စာပေမဆို သိမ်မွေ့နူးညံ့ခြင်း၊ ယဉ်ကျေးလိမ္မာစေခြင်း၊ အတွေးအခေါ် ရင့်ကျက်စေခြင်း စသည့်အကျိုးကျေးဇူးများရှိသည်ကို စာဖတ်သူများ သိပြီးဖြစ်ပါ၏။ စာပေအရည်အသွေး နိမ့်ပါသောနိုင်ငံဟူ၍ မရှိသလောက် ရှားပါ၏။ ပညာရေးစံနစ်တွင် အဓိကထား အားမပေးနိုင်၍သာ နိုင်ငံတကာ၏လေ့လာမှုအရ ပညာရေးနောက်ကျသည်ဟု ရှိချင်ရှိပါလိမ့်မည်။ စာပေနောက်ကျသည်ဟူ၍ မတွေ့ရှိခဲ့။ သို့သော် မိခင်ဘာသာစကားနှင့် မိခင်စာပေကိုတော့ အတတ်နိုင်ဆုံး ထိမ်းသိမ်းစောင့်ရှောက်လျက် လက်ဆင့်ကမ်းအပ်ပေသည်။ ထို့ကြောင့် စာပေလွတ်လပ်ရေးသည် အရေးပါသော အဓိကအချက်ကြီး ဖြစ်ပေသည်။

စာရေးသူ၏ အတွေ့အကြုံတစ်ခုကို တင်ပြပါဦးမည်။ ချစ်စရာကောင်း၍ လေးစားထိုက်သော အလေ့အကျင့်ကလေးဖြစ်ပါသည်။ အခြားအကြောင်းအရာ မဟုတ်။ စာဖတ်ခြင်းအလေ့အထနှင့်သက်ဆိုင်သော အကျင့်ဖြစ်ပါသည်။ ဧပြီလ ၂၀၁၃ ကဖြစ်သည်။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အစည်းအဝေးကို ရန်ကုန်မြို့ စာပေဗိမာန်အဆောက်အအုံတွင် ကျင်းပသည်။ ထိုအစည်းအဝေးမှတဆင့် စာရေးသူနှင့် သားအမိသဖွယ် ခင်မင်ရင်းနှီးသော စာရေးဆရာကြီးတစ်ဦးက သူ့အိမ်သို့လိုက်လည်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့ဖြင့် စာရေးသူနှင့်အတူ သူငယ်ချင်းစာရေးဆရာမတစ်ဦး သူ့အိမ်သို့ လိုက်ပါသွားကြသည်။ အလွန်ပျူငှာတတ်သော သူ့အကျင့်ကို စာရေးသူလေးစားမိပါ၏။ သူတင်မဟုတ် သူ့မိသားစု အားလုံးကလည်း သူနှင့်အတူတူပင်။ သူ့အိမ်တွင် စာအုပ်ပေါင်းများစွာကို ဗီရိုဖြင့် တခမ်းတနား သပ်ရပ်လှပစွာ တွေ့ရ၏။ နိုင်ငံတကာမှ စာအုပ်မျိုးစုံလည်း ရှိ၏။ စာရေးသူသည် ထိုစာအုပ်များကို ငေးမောရင်း မိမိကိုယ်တိုင်လည်း ထိုကဲ့သို့ ဖတ်ရှုလေ့လာစုဆောင်းရမည်ကို သတိရစေမိပါသည်။ ပို၍ ချစ်စရာကောင်းနေသည်မှာ ဆရာမကြီး၏ အိမ်၏ အိမ်သာထဲ၌ပင် စာအုပ်စင်သေးသေးလေးတစ်ခုရှိနေသည်က အံ့သြစရာလည်းကောင်း ချစ်စရာလည်းကောင်းလှပေသည်။ အိမ်သာထဲက စာအုပ်စင်ပေါ်၌ စာအုပ်အနည်းငယ်မျှ ရှိသည်။ ဂျပန်လိုနိုင်ငံမျိုး စင်္ကာပူလိုနိုင်ငံမျိုးတွင် စာပေနှင့်ပတ်သက်၍ အထူးအလေးပေး မြှောက်စားကြသည်ကို သူတို့နိုင်ငံ၏ စာကြည့်တိုက်များက သက်သေအဖြစ် နမူနာပြထားကြလေသည်။ ဂျပန်၌ ဘတ်စ်ကားပေါ်တွင် စာဖတ်နိုင်စေရန် လမ်းဘေးဘတ်စ်ကားမှတ်တိုင်များ၌ စာကြည့်တိုက်အသေးစားကလေးများ ထားပေးသည်။ စင်္ကာပူရှိ စာကြည့်တိုက်တွင် အသက်အရွယ်အလိုက် စာပေလေ့လာလိုက်စားနိုင်စေရန် စည်းစံနစ်ကျနစွာဖြင့် ဖွဲ့စည်းထားပုံမှာ အတုယူအားကျဖွယ်ရာ ဖြစ်သည့်အပြင် စာကြည့်တိုက်အတွင်း၌လည်း စာပေလမ်းညွှန်ဝန်ထမ်းပုံစံမျိုးများ ထားပေးသည်မှာ မည်စာဖတ်သူများအတွက် မည်မျှအားတက်ဖွယ်ပါနည်း။

ဆရာမကြီးသည် ဧည့်ခန်းတွင် သူရေးခဲ့သော စာအုပ်များအကြောင်း၊ သူဖတ်ခဲ့သော စာပေများအကြောင်းကို တဆင့်ဝေငှ အသိမျှကာ ပြောပြ၏။ စာရေးသူတို့မှာ သူဟောသောစာပေဟောပြောပွဲတစ်ခုကို တက်ရောက်နားထောင်နေရသည်နှင့်ပင်တူနေသေး၏။ မည်မျှကြည်နူးဖွယ် ကောင်းပါသနည်း။ သူပြောပြသော အကြောင်းအရာတို့တွင် စာပေချစ်မြတ်နိုးစိတ် တိုးပွားလာစေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရှေးခောတ်စာပေဟောပြောပွဲများအကြောင်းကို မလေ့လာ နားမထောင်ဖူးပေမယ့် ယခုခောတ် စာပေဟောပြောပွဲများကို အတန်အသင့် သွားရောက်နားထောင်ဖူးပါသည်။ အချို့စာပေဟောပြောပွဲများသည် စာပေရေးရာကိစ္စများထက် နိုင်ငံရေးတရားဟောနေသကဲ့သို့လည်း ရှိနေပါ၏။ မည်သို့ပင်ဆိုစေ အကျိုးယုတ်သော ဟောပြောပွဲများ ဖြစ်မနေ၍ အားပေးသင့် လုပ်ဆောင်သင့်သော အရာများဖြစ်ပါသည်။ ယခင်က နိုင်ငံရေးကို ယခုကဲ့သို့ ပွင့်လင်းရဲတင်းစွာ မဟောပြောနိုင်။ ထို့ကြောင့် စာပေဟောပြောပွဲနှင့် ဆက်နွယ်၍ ဟောပြောသင့်သည်များကို ဟောပြောခြင်းသည်လည်း လွန်ရာမကျဟု ထင်မိ၏။ နိုင်ငံရေး စီးပွားရေးမဖက် စာအကြောင်းပေအကြောင်း သီးသန့်သာ ဟောပြောသော ပွဲများကိုတော့ လိုလားတောင့်တနေမိပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည် ယခုမှ လမ်းစလျှောက်တတ်သော လူမမည်ကလေးအရွယ်မျှသာရှိနေသေးသဖြင့် ထိုကဲ့သို့ စာပေဟာပြောပွဲများတွင် ယခုကဲ့သို့ နိုင်ငံရေးအကြောင်းများကို ထည့်သွင်းပြောကြားနေရသည်ဟုလည်း ထင်မြင်မိပေသည်။ နိုင်ငံလမ်းဖြောင့်သွားလျှင်တော့ စာပေဟောပြောပွဲရလာဒ်များတွင် စာဖတ်သူများ တိုးပွားလာမည်ဟု မျှော်လင့်ရင်း ဤဆောင်းပါးအား နိဂုံးချုပ်လိုက်ရပါ၏။

မင်းကြည်ညို

မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – မြန်မာ့အလင်း)
မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်တို့ ဆွေးနွေးကြသည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီးတို့သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ၂ နိုင်ငံ တပ်မတော် ဆက်ဆံရေး တိုးမြှင့်ရေးအပါအ၀င် အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ကြေညာသွားသည်။

“မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အရေးပါမှုများ၊ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်”ဟု MRTV က ဆိုသည်။

ယခုကဲ့သို့ အမေရိကန်သံအမတ်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုသည် မကြာသေးခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ အရှေ့တောင် အာရှဆိုင်ရာ အမေရိကန်၏ စစ်ရေး အသုံးစရိတ်မြှင့်တင်သွားမည်ဟု ကြေညာပြီး နောက် တွေ့ဆုံမှုလည်း ဖြစ်သည်။
ထို့အပြင် နေပြည်တော်၌ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ၂ ရက်ကျင်းပသော အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးဌာန(DIILS) နှင့် မြန်မာ့ တပ်မတော် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော် အရာရှိ ၂၀ တက်ရောက်ခဲ့ပြီး အမေရိကန် ရေတပ်မတော် အရာရှိ မစ္စတာ ရောဘတ် ဆန်းဒါစ်နှင့် အဖွဲ့က စစ်ဘက်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ၊ စေ့စပ်ညှိနှိုင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဌာနချုပ်၏ တာဝန်နှင့် ၀တ္တရားများ အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ၂၈ ရက်နေ့က ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသော အာဆီယံနိုင်ငံ ကာကွယ်ရေး ၀န်ကြီးများနှင့် အမေရိကန် အပါအ၀င် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ရုရှား နိုင်ငံတို့မှ ကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေး ပြင်ပတွင် အမေရိကန် ကာကွယ်ရေး ၀န်ကြီး မစ္စတာ ချာ့ခ် ဟေဂဲလ်နှင့် မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံမှုသည် ပြုပြင်ပြောင်းလဲမှု၏ လက္ခဏာတခုဖြစ်ပြီး အိုဘားမား အစိုးရကလည်း အလွန် အပေါင်းလက္ခဏာ ဆောင်သည့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုဖြစ်ကြောင်း၊ မြန်မာ့အပြောင်းအလဲနှင့် လူအခွင့်အရေး တိုးတက်မှုကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် အကြီးတန်း အရာရှိတဦး ကို ကိုးကား ၍ ဖော်ပြထားသည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် လာမည့်နှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့်အပေါ် ထောက်ခံကြောင်းနှင့် ကျင်းပရန်ရှိသည့် အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ဆွေးနွေးပွဲကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာန က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ရေးသည်လည်း အရေးကြီးကြောင်း၊ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ကို ပြောဆိုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဂျော့ လစ်တဲလ် က ပြောဆိုထားသည်။

ယခုကဲ့သို့ မြန်မာ-အမေရိကန် စစ်ဘက် ဆက်ဆံရေး သိသိသာသာ ပြောင်းလဲလာသည့်အပေါ် မြန်မာ့တပ်မတော် အနေဖြင့် လိမ္မာပါးနပ်မှု ရှိလျှင် အကျိုးများနိုင်ကြောင်း၊ တရုတ်၊ ရုရှား၊ အမေရိကန်တို့ ကြားတွင် မြန်မာက ကစားနေခြင်းကို အမေရိကန်က ကောင်းစွာ သိကြောင်း အမေရိကန် တွင် နိုင်ငံရေးခိုလှုံခဲ့သည့် မြန်မာ့ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီကို ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း “ဒီနောက်ပိုင်းမှာ သမ္မတတို့ လွှတ်တော် ဥက္ကဋ္ဌတို့က အမေရိကန်ကို သွားနေတုန်းမှာ ကာကွယ်ရေး ဦးစီးချုပ်က ရုရှား ကို သွားတယ်။ ဒါတွေဟာ သတိထားရမယ့် အခင်း အကျင်းတွေလို့ ကျနော်မြင်တယ်”ဟု ပြောသည်။

Related Posts Plugin for WordPress, Blogger...