Saturday, August 31, 2013

Kim တို့စုံတွဲ စစ်သုံမော်တော်ယာဉ် ၂ စီး ဝယ်





အမေရိကန် ဟစ်ပ်ဟော့အဆိုတော် Kanye West နဲ့ မင်းသမီး Kim Kardashian တို့ စုံတွဲဟာ ယခုရက်ပိုင်းအတွင်း ရုရှား Dartz Motors က ထုတ်တဲ့ စစ်သုံး မော်တော်ယာဉ် ၂ စီးကို ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

အားလုံးသိထားတဲ့ အတိုင်း Kim တို့စုံတွဲ ၂ ဦးက ကားရူးရူးနေသူတွေပါ။ ကမ္ဘာ့ဈေးအကြီးဆုံး Bugatti က အစ ကမ္ဘာပေါ်မှာ ရှိရှိသမျှ နာမည်အကြီးဆုံး ပြိုင်ကား အမျိုးအစား အများစု သူတို့ဆီမှာ ရှိပါတယ်။ ယခု လည်း Darz က ထုတ်တဲ့ ကားကိုဝယ်လိုက်ပါပြီ။ စစ်သုံးဆိုပေမယ့် ဇိမ်ခံကားအဖြစ် လူတိုင်းဝယ်စီးနိုင်အောင်လည်း ထုတ်လုပ်ရောင်းချပါတယ်။ ကျည်ကာ ဘော်ဒီတင်မဟုတ်တော့ပဲ ဗုံးပေါက်ကွဲဒဏ်ပါ ခံနိုင်တဲ့ ဘော်ဒီနဲ့ ထုတ်လုပ် ထားတဲ့ ဟဲဗီ SUV ကားကြီး ဖြစ်ပါတယ်။ အပြင်မှာ ငွေရောင်တစ်လက်လက်နဲ့လှပနေတဲ့ ၂ စီးတည်းက တစ်စီးကို ယခုလို မြင်တွေ့ ရပါတယ်။

ဈေးလည်း ကြီးပါတယ်။ ၂ စီးစလုံးပေါင်းရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်းချီ ကုန်ကျမှာပါ။ အော်ဒါမှာ တဲ့သူ ရှိမှသာ ထုတ်လုပ်ရောင်းချပေးတဲ့ SUV ကား ဖြစ်ပါတယ်။ Kim တို့ စုံတွဲဟာ ၂ စီးဝယ်ထားပေမယ့်လည်း တစ်စီးတည်းကိုသာ အတူတူ အသုံးပြု၍ သွားလာလျက် ရှိကြောင်း သိရပါတယ်။
.
Ref: celebritycars
ColayAutomobile

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...