Sunday, January 5, 2014

ဝတ်မှုံရွှေရည်တို့ကတော့ လက်လက်ကိုထလို့

Wutt Hmone Shwe Yi is a famous model girl and her nick-name is Kit Kit. She was born on 10 August 1988. She acts in several videos. She becomes famous because of she was girlfriend of famous singer Sai Sai Khem Hleng. After the video about she is sitting on the Sai Sai Khem Hleng was released people has noticed on her. But she and Sai Sai Khem Hleng are broke up their relationship because some rumor says she become has some relationship with Poe...

Sim Card T-Mobile မှ AT&T သို့ ပြောင်းသူများကို ဒေါ်လာ ၄၅၀ ထိ ပေးမည်

အမေရိကန်ရှိ T-Mobile လက်ကိုင်ဖုန်း အသုံးပြုသူများ မိမိတို့ ကုမ္ပဏီလိုင်းသို့ ကူးပြောင်းပါက လိုင်းတစ်လိုင်းလျှင် ဒေါ်လာ ၄၅၀ အထိ ပေးမည်ဟု AT&T ကုမ္ပဏီက ယနေ့ ဇန်နဝါရီ ၃ ရက်တွင် ရုတ်တရက် ကြေညာလိုက်သဖြင့် ဖုန်းလောကတွင် အုတ်အော်သောင်းနင်း ဖြစ်သွားပါသည်။AT&T ကုမ္ပဏီ၏ လက်ကိုင်ဖုန်းများကို အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုသူ သန်း ၂၇၀ ရှိသည်။AT&T ကုမ္ပဏီ၏ လက်ကိုင်ဖုန်းများကို အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုသူ သန်း ၂၇၀ ရှိသည်။အမေရိကန်နိုင်ငံတွင်...

မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် သုံးနှစ်အကြာ တူနီးရှား၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် မဲခွဲ

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တူနီးရှားနိုင်ငံမြို့တော် တူးနစ်ရှိ တိုင်းပြည်ပြုလွှတ်တော်၌ ဆွေးနွေးပွဲတက်ရောက်နေသော လွှတ်တော်အမတ်များ (Photo:AFP)တူနီးရှားတွင် မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် သုံးနှစ်အကြာနှင့် လက်ရှိအာဏာရ အစ္စလာမ္မစ်များနှင့် အတိုက်အခံတို့အကြား မကျေလည်မှုများဖြင့် လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ပြီးနောက် ငါးလအကြာ ဇန်န၀ါရီ ၃ ရက်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုတော့မည်ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ...

ကင်ဂျုံအွန်က ဦးလေးဖြစ်သူအား ဆာလောင်နေသော ခွေးအကောင် ၁၂၀ ဖြင့် ခွေးစာကျွေး ကွပ်မျက်ခဲ့ဖွယ်ရှိကြောင်း တရုတ်သတင်းစာက ဖော်ပြ

January 5, 2014 မြောက်ကိုရီးယားသတင်းအေဂျင်စီ KCNA က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ပေးခဲ့သော ဓာတ်ပုံ၌ စကိတ်အပန်းဖြေစခန်းကို စစ်ဆေးနေသော ကင်ဂျုံအွန်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးသောဦးလေး ဂျန်ဆောင်သက်အား ကွပ်မျက်မှုမှာ ကနဦးက ဖော်ပြခဲ့သည်ထက် ပိုမိုရက်စက်ကြမ်းကြုတ်သည်ဟု တရုတ်အစိုးရထိန်းချုပ်ထားသော Wen Wei Po သတင်းစာ၌ ဖော်ပြခဲ့သည်။ နံပါတ်နှစ်ခေါင်းဆောင် ဂျန်သည် အစာငတ်နေသော ခွေးများကို လှောင်ထားသည့် လှောင်အိမ်တစ်ခုအတွင်း ပစ်ထည့်ခံရပြီး...

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တည်ရှိသော မဟာဗန္ဓုလပန်းခြံအပါအ၀င် ဘုရားများနှင့် အခြားအပန်းဖြေဥယျာဉ်များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

January 5, 2014 ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်အား တွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း)ဇန်န၀ါရီလ ၄ ရက်၌ ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တည်ရှိသော မဟာဗန္ဓုလပန်းခြံအပါအ၀င် တန်ခိုးကြီးဘုရားများနှင့် အခြားအပန်းဖြေဥယျာဉ်များ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။"ကျွန်တော်က နယ်ကလာတာပါ။ ဒီနေ့က လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အဓိကကတော့ လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့...

လက်ရှိတရားစီရင်ရေးအပေါ် မေးခွန်းထုတ်မည့် မြန်မာသတင်းစာဆရာများကွန်ရက်၏ ဆန္ဒထုတ်ဖော်မှုအပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက် အားဖြည့်ပူးပေါင်းမည်

မြန်မာသတင်းစာဆရာများကွန်ရက်၏ ဆန္ဒထုတ်ဖော်မှုတွင် ကိုင်ဆောင်မည့် စာတမ်းတစ်ခုလက်ရှိတရားစီရင်ရေးအပေါ် မေးခွန်းထုတ်မည့် မြန်မာနိုင်ငံသတင်းစာဆရာများ ကွန်ရက်(Myanmar Journalist Network) ၏ ဇန်န၀ါရီ ၇ ရက်တွင် ဆန္ဒထုတ်ဖော်မှုအပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ပူးပေါင်းအားဖြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ "WAN-IFRA ကလည်း သမ္မတဦးသိန်းစိန်ကို မေတ္တာရပ်ခံစာပေးပို့ထားတယ်။ မခိုင်ဖြစ်ရပ်ကို ကြည့်ရင်လည်း တရားစီရင်ရေးအပိုင်းကို အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးထားတာ...

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပိတ်သဖြင့် လေ့လာချင်သူများ လေ့လာခွင့်မရ

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပိတ်ထားသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း)၂၀၁၄ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်လှစ်ခြင်းမရှိသောကြောင့် လာရောက် လေ့လာချင်သူများအနေဖြင့် လေ့လာခွင့် မရခဲ့ကြောင်းသိရသည်အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များတွင် ဖွင့်လှစ်ခြင်းမရှိဟုသိရပြီး...

ရန်ကုန်တိုင်းဒေသကြီး၌ ကားခိုးခံရမှု နှစ်ဆမြင့်တက်လာ

ရန်ကုန်မြို့အတွင်း လမ်းတစ်ခုတွင် ညဘက်ရပ်နားထားသော မော်တော်ယာဉ်များကိုတွေ့ရစဉ်(ဓာတ်ပုံ-၀င်းမြင့်ကျော်)ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ကားခိုးမှုဖြစ်စဉ်မှာ သုံးနှစ်တာကာလ၌ နှစ်ဆမြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်အများစုမှာ သုံးနှစ်တာကာလအတွင်း လျော့ကျခဲ့သော်လည်း ကားခိုးခံရမှုဖြစ်စဉ်၊ ဆိုင်ကယ်ခိုးခံရမှု၊ မုဒိမ်းမှုဖြစ်စဉ်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များမှာ...

၂၀၁၃ နှစ်ကုန်ပိုင်းအထိ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ရရှိ

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတင်းရရှိသည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ နယ်စပ်စခန်းများမှ ကုန်သွယ်မှုဆောင်ရွက်ရာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်...

မြန်မာ့ပေါင်းဆန်ကို ရုရှားသို့ အဓိကတင်ပို့နေပြီး အီးယူသို့ တိုးချဲ့တင်ပို့ရန် စီစဉ်ထားသော်လည်း လက်ရှိတည်ဆောက်ဆဲ ပေါင်းဆန်စက်များ လည်ပတ်နိုင်မှသာ တင်ပို့နိုင်မည်

မြောင်းမြမြို့နယ်ရှိ ဆန်စက်တစ်ခုအား တွေ့ရစဉ်မြန်မာ့ပေါင်းဆန်ကို လက်ရှိကာလ၌ ရုရှားနိုင်ငံသို့ အဓိကတင်ပို့နေပြီး အီးယူနိုင်ငံများသို့ပါ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေး စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။သို့သော် လတ်တလောတွင် ရုရှားသို့ လစဉ် ပေါင်းဆန်တန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ အကြား တင်ပို့လျက်ရှိကြောင်း၊ ထို့ပြင်ပြည်တွင်း၌လည်း ပေါင်းဆန်ထုတ်လုပ်သည့်စက်များ တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။အဆိုပါ ပေါင်းဆန်စက်များ အပြည့်အ၀လည်ပတ်နိုင်မှသာ...

Related Posts Plugin for WordPress, Blogger...