Sunday, January 5, 2014

Sim Card T-Mobile မှ AT&T သို့ ပြောင်းသူများကို ဒေါ်လာ ၄၅၀ ထိ ပေးမည်



အမေရိကန်ရှိ T-Mobile လက်ကိုင်ဖုန်း အသုံးပြုသူများ မိမိတို့ ကုမ္ပဏီလိုင်းသို့ ကူးပြောင်းပါက လိုင်းတစ်လိုင်းလျှင် ဒေါ်လာ ၄၅၀ အထိ ပေးမည်ဟု AT&T ကုမ္ပဏီက ယနေ့ ဇန်နဝါရီ ၃ ရက်တွင် ရုတ်တရက် ကြေညာလိုက်သဖြင့် ဖုန်းလောကတွင် အုတ်အော်သောင်းနင်း ဖြစ်သွားပါသည်။

AT&T ကုမ္ပဏီ၏ လက်ကိုင်ဖုန်းများကို အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုသူ သန်း ၂၇၀ ရှိသည်။AT&T ကုမ္ပဏီ၏ လက်ကိုင်ဖုန်းများကို အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုသူ သန်း ၂၇၀ ရှိသည်။

အမေရိကန်နိုင်ငံတွင် နာမည်ကြီး လက်ကိုင်ဖုန်း ကုမ္ပဏီများ၏ တိုက်ပွဲ ရုတ်တရက် ပေါက်ကွဲသဖြင့် အများ တုန်လှုပ်ဖွယ် ဖြစ်သွားခဲ့သည်။

T-Mobile သည် အခြားကုမ္ပဏီများ၏ လက်ကိုင်ဖုန်း သုံးနေသူများ ကန်ထရိုက် နှစ်မစေ့မီ မိမိထံ ကူးပြောင်းလျှင် ကန်ထရိုက်ဒဏ်ကြေးကို ၎င်းတို့ ပေးမည်ဟု ဆွဲဆောင်ရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်နေချိန်တွင် AT&T က လက်ဦးမှုယူကာ ရုတ်တရက် ကြေညာလိုက်ခြင်း ဖြစ်သည်။

AT&T ၏ ကမ်းလှမ်းချက်သည် အခြား လက်ကိုင်ဖုန်း ကုမ္ပဏီများနှင့် မသက်ဆိုင်ပဲ T-Mobile ကိုသာ ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်။

လက်ရှိ T-Mobile သုံးနေသူများသည် မိမိတို့၏ လက်ကိုင်ဖုန်းကို AT&T သို့ အပ်နှံလျှင် ဒေါ်လာ ၂၅၀ အထိ တန်ကြေးရှိသော ကဒ်ကို ထုတ်ပေးမည်ဖြစ်သည်။

အပ်နှံသော ဖုန်း၏ အမျိုးအစား၊ သက်တမ်းတို့အပေါ် မူတည်၍ တန်ကြေးသတ်မှတ်မည် ဖြစ်ပြီး နောက်ဆုံးပေါ် စမတ်ဖုန်းသစ် အများစုမှာ ဒေါ်လာ ၂၅၀ ရနိုင်မည်ဟု AT&T က ကြေညာသည်။

၎င်းကဒ်သည် AT&T တွင် ရောင်းချနေသော လက်ကိုင်ဖုန်း အသစ် ဝယ်ရန် အသုံးပြုရမည် ဖြစ်သည်။ နောက်ဆုံးပေါ် 4G LTE လက်ကိုင်ဖုန်းများစွာမှာ ဒေါ်လာ ၂၅၀ အောက်တွင် ဝယ်နိုင်ကြောင်း AT&T က ဖော်ပြသည်။

ထို့ပြင်၊ ကူးပြောင်းလာသူသည် AT&T Next အစီအစဉ်တွင် စာရင်းသွင်းလျှင် နောက်ထပ် ဒေါ်လာ ၂၀၀ ပေးမည်ဖြစ်ကြောင်း AT&T က တရားဝင် ကြေညာထားသည်။

ယခု ဒေါ်လာ ၄၅၀ ဆွဲဆောင်မှုအစီအစဉ်သည် အချိန်အကန့်အသတ် ရှိသော Limited Time Offer ဟု ဆိုသော်လည်း ကုန်ဆုံးမည့် နေ့ရက်ကို ဖော်ပြထားခြင်း မရှိပါ။

Posted From kabarthit.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...